Pages

Showing posts with label ပရဟိတ. Show all posts
Showing posts with label ပရဟိတ. Show all posts

Saturday, November 16, 2013

ကိုကျော်သူ နာရေးကူညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း


ကိုကျော်သူ နာရေးကူညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း
အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ ဆိုက်တည်ထောင်ခြင်း တနှစ်ပြည့် အထိမ်းအမှတ်နှင့်
အလှူငွေများပေးအပ်ပွဲ အခန်းအနားကို နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ သုခ ခန်းမဆောင်တွင်
၁၁-၁၁- ၂၀၁၃ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခန်းအနားသို့ ရွှေပါရမီ ပညာဒါန
( ကွန်ပြူတာ အင်္ဂလိပ်စာ နှင့် ထိုင်းစကားပြောသင်တန်း)
ဓမ္မရောင်ခြည် ဓမ္မဒါနလုပ်ငန်းခွဲ(၂၇၁) မှနာယက (မျိုးချစ်မြန်မာ) ဆရာတော် အရှင်သီဟဥာဏ (ထိုင်းနိုင်ငံ)  နှင့် ဆရာတော် ၏ အလှူ့ တကာ / တကာမ များကပါ
ပူးပေါင်းပါဝင်လှူဒါန်းခဲ့ ကြောင်း သိရှိရပါသည်။


အခန်းအနားတွင် အဖြူရောင်အွန်လိုင်းပရဟိတအသင်း ၏ (အထူးဘလောခ့်ဂါ ) အရှင်ပဏ္ဍိတ (ဒေါင်းဖြူ) မှ အသင်းသူ/အသင်းသားများ အတွက် သြဝါဒစကား မိန့်ကြားခဲ့ကြောင်းသိရပါသည်။

အဆိုပါအခန်းအနားတွင် အဖြူရောင် အွန်လိုင်းပရဟိတအသင်း မှ
နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ လုပ်ငန်းများ ဆောင်ရွက်ရာတွင်
အသုံးပြုရန်အတွက်

ကျပ်ငွေ (၁၀)သိန်းအား၎င်း။


(မျိုးချစ်မြန်မာ) ဆရာတော် အရှင်သီဟဥာဏ မှ ဒေါ်လာ တစ်ထောင် အား၎င်း။ (မျိုးချစ်မြန်မာ) ဆရာတော်ကို အမှူးပြု၍ ရန်ကုန်တိုင်း ဒေသကြီး အလုံမြို့နယ်နေ ဒေါ်နိုင်နိုင်အေး မှ နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏
နာရေး ကူညီမှု လုပ်ငန်းများ တွင်အသုံးပြုရန် အတွက်

ကျပ်ငွေ (၁) သိန်း အား၎င်း။

(မျိုးချစ်မြန်မာ) ဆရာတော်ကို အမှူးပြု၍ ရန်ကုန်တိုင်း ဒေသကြီး
အလုံမြို့နယ်နေ ဒေါ်မြမြမိုး မှ နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏ နာရေးကူညီမှု လုပ်ငန်းများ တွင်အသုံးပြုရန် အတွက်
ကျပ်ငွေ (၁) သိန်း အား၎င်း။

(မျိုးချစ်မြန်မာ)ကိုအမှူးး
.ပြု ၍ မယ်တော် ဖြစ်သူ ဒေါ်ရွှေရ (မန္တလေး) မှ
နာရေးကူညီမှုအသင်း ( ရန်ကုန်) ၏နာရေးကူညီမှုလုပ်ငန်း

များ တွင်အသုံးပြု ရန် အတွက် ကျပ်ငွေ (၁)သိန်း အား၎င်း။

(မျိုးဆက်သစ်အွန်လိုင်းပရဟိတ-ရန်ကုန်အကျိုး
.တော်ဆောင်) ကိုအောင်မင်း မှ
ဒေါ်လာ (၂၅၀) အား သုခအလင်း စာကြည့်တိုက်အတွက် အသုံးပြုရန်
အသီးသီးပေးအပ် လှူဒါန်းကြရာ နာရေးကူညီမှု အသင်း(ရန်ကုန်)
ဥက္ကဌ ဦးကျာ်သူ ကိုယ်တိုင် အလှူငွေ များ ကို လက်ခံပြီး  ကျေးဇူးတင် အမှာစကားပြောကြားကာ မှတ်တမ်း လွှာ များပေးအပ်ခဲ့ကြောင်း သိရှိရပါ သည်။




၎င်းနောက် အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ ဆိုက်တည်ထောင်ခြင်း
တနှစ်ပြည့် အထိမ်း အမှတ်တွင် အကောင်းဆုံး အက်မင် ဆုများအား ပေးအပ်ခဲ့ရာ
ဆုပန် နှင့် ကြယ်စင်ဖြူတို့ နှစ်ဦးမှ အမှတ်တူ ဆွတ်ခူးရရှိပြီး ဆုပန်မှာ ကိုယ်တိုင်တက်ရောက် ယူနှိုင်ခဲ့သော်လည်း ကြယ်စင်ဖြူမှာ ပြည်ပနိုင်ငံ
တွင် ရောက်ရှိနေသဖြင့်  သူမ၏ကိုယ်စား
ဆိုက်ပိုင်ရှင် မ..မမှ ကိုယ်စားတက်ယူပေးခဲ့ပါသည်။


အဆိုပါ ဆုပေးခြင်းအစီအစဉ်ကို သူရအောင်(နည်းပညာ) မှဖိတ်ကြားထားသော
တက်သစ်စ လူငယ်ေ
တးသံရှင် ကိုထက်ပိုင် နှင့် ကိုသူရ တို့မှ ဆုတံဆိပ်ပေးအပ်ရာတွင်
အားဖြည့် ကူညီပေးခဲ့ကြောင်း သိရပါ သည်။


ထိုအပြင် (မျိုးချစ်မြန်မာ) ဆရာတော်  အရှင်သီဟဥာဏ သည် အခန်းအနားတက်ရောက်သူများ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် တနေ့တာ တာဝန်ထမ်းဆောင်နေကြသော
 စေတနာ့ ဝန်ထမ်းများ  နှင့် သုခ ကုသိုလ်ဖြစ် ဆေးခန်း မှ လူနာများအတွက်ပါ
ရည်စူးကာ ညနေစာ ထမင်းကြွေးမွေးရန်အတွက် ကျပ်ငွေ
တစ်သိန်းလေးသောင်းကို တာဝန်ယူလှူဒါန်းသွားခဲ့ကြောင်းသိရှိရပါသည်။


 (မျိုးချစ်မြန်မာ) ဆရာတော်  အရှင်သီဟဥာဏ သည် အဆိုပါအခန်းအနားသို့ တက်ရောက်ရန်အတွက် ထိုင်းနိုင်ငံမှ နေ့ခြင်းပြန်ခရီးအဖြစ် ကြွရောက်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။
( မှတ်တမ်း-ဓာတ်ပုံများ)



အခန်းအနားတွင် အဖြူရောင် အွန်လိုင်းပရဟိတအသင်း ၏ (အထူးဘလောခ့်ဂါ ) 
အရှင်ပဏ္ဍိတ (ဒေါင်းဖြူ) မှ အသင်းသူအသင်းသားများအတွက် သြဝါဒစကား မိန့်ကြားနေစဉ်

အခန်းအနားတွင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသော တက်သစ်စ
လူငယ်တေးသံရှင် ကိုထက်ပိုင်- ကိုသူရ နှင့် ကိုသူရအောင် (နည်းပညာ)တို့အားတွေ့ရစဉ်

အဖြူရောင် အွန်လိုင်းပရဟိတအသင်း အဖြူရောင်ဆိုက်မှ Creator ဖြစ်သူ အောင်လေး(နည်းပညာ) မှ
အဖြူရောင် အွန်လိုင်းပရဟိတအသင်းဝင်များ၏ ကိုယ်စား အလှူငွေ ကျပ် (၁၀) သိန်းအား
နာရေးကူညီမှုကအသင်း(ရန်ကုန်)သို့ ပေးအပ်လှူဒါန်းရာ ဥက္ကဌ ဦးကျော်သူမှ
လက်ခံရယူပြီး မှတ်တမ်းလွှာပြန်လည်ပေးအပ်နေစဉ်

နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူမှ အလှူရှင်များအား
ကျေးဇူးတင်စကားပြောကြားနေစဉ်
၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Admin ဆုရရှိသူ ဆုပန် အားတက်သစ်စလူငယ်အဆိုတော်
ကိုထက်ပိုင်မှ ဆုတံဆိပ် ပေးအပ်နေစဉ်

၂၀၁၃ ခုနှစ်အတွက် အကောင်းဆုံး Admin ဆုရရှိသူ ကြယ်စင်ဖြူ ၏ ကိုယ်စား
ဆိုက်ပိုင်ရှင် မ..မ အား တက်သစ်စလူငယ်အဆိုတော် ကိုသူရမှ ဆုပေးနေစဉ်


အဖြူရောင် အွန်လိုင်းပရဟိတအသင်း ဝပ်ဆိုက်မှ ဘဏ္ဍာရေးတာဝန်ခံ ခင်ဂျူးမှ 
တနှစ်တာအတွက် ရဟိတလုပ်ငန်းနှင့်ပါတ်သက်သော ငွေစာရင်းအား ဖတ်ကြားနေစဉ်
သတင်း - အာကာထက်ကျော်
အပျော်တမ်း သတင်းထောက်
ယခု သတင်းအား ဆိုက်အလှူရှင် ဘဘ စောကျော်ဦးအား လေစားသောအားဖြင့် ၄င်း
ဘဘ ခံစားနေရသော ရောဂါဝေဒနာမှ အမြန်ဆုံး သက်သာပါစေရန် ဆုတောင်းမေတ္တာ ပို့သရင်း ရေးသားပေးပို့ ဂုဏ်ပြုအပ်ပါသည်။

ကိုကျော်သူ နာရေးကုညီမှုအသင်းသို့(ရန်ကုန်) အဖြူရောင်အွန်လိုင်းပရဟိတအသင်း နှင့် (မျိုးချစ်မြန်မာ) ဆရာတော် တို့၏ အလှူဒါနပေးအပ်ခြင်း
မှတ်တမ်းဓာတ်ပုံနှင့်တကွသတင်းရယူပေးသော
ကိုအာကာထက်ကျော်ကို
အဖြူရောင်အွန်လိုင်းပရဟိတမိသားစုများမှ
ဦးစောကျော်ဦး ကိုယ်စားအထူးပင်ကျေးဇူးတင်ရှိပါသည်။


ကျေးဇူးတင်ဝမ်းမြောက်ကြောင်းမှတ်တမ်း
အဖြူရောင်အွန်လိုင်းပရဟိတ အသင်း၏ နှစ်ပတ်လည် အခန်းအနားနှင့် သုခကုသိုလ်ဖြစ်ဆေးခန်း သို့ အလှူငွေများ လှူဒါန်းပေးအပ်ပွဲ အောင်မြင်စွာ ပြီးမြောက် အောင် အစစအရာရာ ကူညီဆောင်ရွက်ပေးကြသော
မျိုးချစ် မြန်မာဆရာတော် အရှင်သီဟဥာဏ
အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)
ဦးကျော်သူ နှင့် ဇနီး
ဒေါ်နိုင်နိုင်အေး
ဒေါ်မြမြမိုး
ဒေါ်ရွှေရ
မ..မ
ဦးအောင်မင်း(မျိုးဆက်သစ်အွန်လိုင်းပရဟိတ-ရန်ကုန်)
စာရေးဆရာ မကွေး ညိုစိမ့်
စာရေးဆရာ  ကိုသစ်ကို
အဆိုတော်ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ပန်ဆုပြည့်ကျော်
ခင်ဂျူး
အောင်လေး
ဆုပန်
ဝေေ၀
ခင်ကံ့ကော်(အမုန်းမြို့သူ)
လှယမင်းဦး
ဂူးဂူး
မြတ်မင်းစိုး
အထူးဧည့်သည်တော် အဆိုတော်ထက်ပိုင်
ကိုသူရ
ဦးမိုးကျော်(ဟာသသရုပ်ဆောင်)
သူရအောင် (နည်းပညာ)
ချိုချဉ်(ခ)ကိုရဲဝင်းအောင် နှင့် သူငယ်ချင်း ၂ ယောက်
ကိုရောင်လေး
တို့အပြင် နာရေးကူညီမှု့အသင်းသူ အသင်းသားများအား
 အဖြူရောင်အွနှ်လိုင်းပရဟိတ အသင်းမှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
                                          ဆိုက်အလှူရှင် ဘဘစောကျော်ဦး(ကိုယ်စား)

Friday, November 15, 2013

“အဖြူရောင် အွန်လိုင်းပရဟိတအသင်း” တနှစ်ပြည့် အခန်းအနား နှလုံးသားချင်း ထပ်တူကျသောအလှူ - နာရေးကူညီမှု အသင်း (ရန်ကုန်)


နှလုံးသားချင်း ထပ်တူကျသောအလှူ - နာရေးကူညီမှု အသင်း (ရန်ကုန်)



     အဖွဲ့အစည်းတစ်ခု၊ အသင်းအဖွဲ့တစ်ခုဟုဆိုရာ၌ အသင်းတည်ထောင်သူ၊အသင်းအုပ်ချုပ်သူနှင့်အသင်း 

အဖွဲ့တွင် ပါဝင်လှုပ်ရှားသူတို့အားလုံး ညီညွတ်မှုရှိမှ အောင်မြင်မှုရရှိမည်ဖြစ်သည်။ 
ထိုသို့ ညီညွတ် မှုဟု ဆို ရာ၌ ထိုအသင်းအဖွဲ့တွင် ပါဝင်လှုပ်ရှားသူအားလုံး ကိုယ်စိတ်နှလုံးတက်ကြွကာ ရည်မှန်းချက်များ၊ ဦးတည်ချက်များသည် တစ်ခုတည်းသော ပန်းတိုင်ရှိရမည်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးလည်း ထိတွေ့၊ ပြောဆို၊ ဝေဖန်၊ သုံးသပ်၊ ဆက်ဆံကြကာ ရည်မှန်းချက်များအတွက် လုပ်ကိုင်ဆောင်ရွက်မှုများကို ရင်းနှီးစွာ ရင်ဖွင့်ညှိနှိုင်း မှုများ ပြုလုပ်မည်ဆိုပါက ထိုအသင်းအဖွဲ့၏ အောင်မြင်မှုခြေလှမ်းများ တက်လှမ်း နိုင်မည်ဖြစ်သည်။

      ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် အသင်းသူ/သားများ၊ ဝန်ထမ်းများ နှင့်
 အုပ်ချုပ်သူ တို့သည် နေ့စဉ်ပြင်ပတွင် ထိတွေ့ဆက်ဆံမှုများရှိသည်။
 လစဉ်လတိုင်း၌လည်း အသင်း၏ လပါတ်အစည်း အဝေးများ ကျင်းပခြင်း၊ 
အပါတ်စဉ် အုပ်ချုပ်ရေးအဖွဲ့ အမှုဆောင်အစည်းအဝေးများ ပြုလုပ် ၍ အသင်း၏ တိုးတက်ရာတိုးတက်ကြောင်း၊ အများပြည်သူတို့အား ဆထက်တန်ဘိုး ကူညီဖေးမမှုများ ပြုလုပ်ပေးနိုင်ရန်အတွက် အစီအစဉ်များရေးဆွဲခြင်း၊ ဝေဖန်သုံးသပ်မှုများ
 ပြုလုပ်ခြင်းတို့ကို မျက်နှာချင်း ဆိုင် အတ္တများကိုဖြုတ်၍ ပြုလုပ်ဆောင်ရွက်လျှက်ရှိသည်။

ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့များထက် ပိုမို၍ ကိုယ်ကျင့်တရား၊ ကိုယ်ကျင့်သီလ၊
 စိတ်ဓါတ်ခံ ယူချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ပရဟိတအဖွဲ့များလည်းရှိသည်။ ထိုအဖွဲ့ဝင်များသည် တစ်ဦးနှင့် တစ်ဦး ပြင်ပတွင် မြင်တွေ့၊ ထိတွေ့ ဆက်ဆံခြင်းများမရှိခဲ့ဘဲ စိတ်ဓါတ်ရေးရာအရ တူညီသော ခံယူချက် ၊ရည်ရွယ်ချက်၊ရည်မှန်းချက်များဖြင့် ဖွဲ့စည်းတည်ထောင်ထားသော အသင်းအဖွဲ့ရှိ အသင်းသူ၊အသင်း သား ၊ အုပ်ချုပ်တည်ထောင်သူတို့ ဖြစ်ကြသည်။ 

ထိုအသင်းအဖွဲ့များသည် အွန်လိုင်း အင်တာနက်မှ တဆင့် စကားပြောမှုများသာ ပြုလုပ်ခြင်းဖြင့် အများအကျိုး ပရဟိတလုပ်ငန်းရပ်အား အကောင်အထည် ဖော်ဆောင်ပေးနေသော အသင်းအဖွဲ့များပင်ဖြစ်သည်။

   ၁၁.၁၁.၂ဝ၁၃ ရက်နေ့ နံနက် (၁၁းဝဝ) နာရီ အချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့
“အဖြူရောင် အွန်လိုင်းပရဟိတအသင်း” အဖွဲ့မှ အဖွဲ့ဝင်များရောက်ရှိလာ၍
(၁) နှစ်ပြည့် အခမ်း အနားအား  သုခခန်းမဆောင်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့၎င်း၊ သုခကု သိုလ်ဖြစ်ဆေးခန်းသို့၎င်း၊ 
သုခအလင်းပညာရေးသို့၎င်း အလှူငွေများ ထည့်ဝင်လှူဒါန်းခြင်း၊ 
 “ငြိမ်းချမ်းပါစေ မြန်မာပြည်”
.ခေါင်းစီးဖြင့် ကဗျာပြိုင်ပွဲကျင်းပခဲ့ရာ ဆုရရှိသော ကဗျာဆရာများအား ဆုချီးမြင့်ခြင်းနှင့်
“အဖြူရောင်အွန်လိုင်းပရဟိတအသင်း”အဖွဲ့မှ အနစ်နာခံပေးဆပ်ခဲ့ကြသူတို့အား
ပရဟိတလူစွမ်းကောင်းဆု ချီးမြှင့်ခြင်းတို့အပြင် ကြွရောက်လာ ကြသော ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက်လုပ်ကိုင် ပေးဆပ်ကြသော ဝန်ထမ်းများ၊ ပရဟိတသမားများအား ထမင်းဟင်းဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။    


   အခမ်းအနားစတင်သည့်အချိန်တွင်“အဖြူရောင်အွန်လိုင်းပရဟိတ အသင်း”အား ထူထောင်ခဲ့
သူ အဝေးရောက် ဦးစောကျော်ဦး ၏ နှုတ်ခွန်းဆက်စကားအား ပရိုဂျက်တာဖြင့် ပိတ်ကားပြင်ပေါ်တွင် ပြသ ခဲ့သည်။ “အဖြူရောင် အွန်လိုင်းပရဟိတအသင်း”မှ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ငန်း များ ဆောင်ရွက်ရာတွက် အသုံးပြုရန်အတွက် (၁ဝ) သိန်းကျပ်၊
 မျိုးချစ်မြန်မာဆရာတော် အရှင်သီဟ ဉာဏမှ ဒေါ်လာ (၁ဝဝဝ)၊
 မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ်နေ ဒေါ်နိုင်နိုင်အေး မှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ (၁) သိန်းကျပ်၊ 
မျိုးချစ်မြန်မာဆရာတော်အား အမှူးပြု၍ အလုံမြို့နယ် နေ ဒေါ်မြမြမိုး မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ (၁) သိန်းကျပ်၊
မျိုးချစ်မြန်မာဆရာတော်အား အမှူး ပြု၍ မယ်တော်ဖြစ်သူ ဒေါ်ရွှေရ (မန္တလေး)မှ နာရေးကူညီမှုအသင်း (ရန်ကုန်)သို့  (၁) သိန်းကျပ်၊
မျိုးဆက် သစ် အွန်လိုင်းပရဟိတ ရန်ကုန်အကျိုးတော်ဆောင် ကိုအောင်မင်း မှ သုခအလင်း ပညာရေးအတွက်  ဒေါ်လာ (၂၅ဝ) အား အသီးသီးပေးအပ်လှူဒါန်းကြရာ
နာရေးကူညီမှုအသင်း(ရန်ကုန်)  ဥက္ကဌ ဦးကျာ်သူ မှ အလှူငွေများကို လက်ခံပြီး
.ကျေးဇူးတင်စကားပြောကြားပြီး မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

“အဖြူရောင် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား နော်ဝေနိုင်ငံရှိ ဦးစောကျော်ဦးမှ ပြည် တွင်းရှိ တိုင်းရင်းသားပေါင်းစုံတို့၏ အခက်အခဲများအား ဖြေရှင်းကူညီမှုပြုလုပ်ပေးလိုသော ဆန္ဒဖြင့် တည် ထောင်ဖွဲ့စည်း ပေးခဲ့သူတစ်ဦးဖြစ်သည်။ ဦးစောကျော်ဦးသည် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် နေထိုင်ပြီး ကျန်းမာရေး ချို့တဲ့နေမှူကြောင့် နော်ဝေအစိုးရမှ ပေးအပ်သော ဒုက္ခိတထောက်ပံ့ကြေးဖြင့် မိသားစုနှင့် အတူ ရပ်တည် နေထိုင်နေရသူတဦးဖြစ်ပါသည်။

ယခု http://www.sawkyawoo.com    Website ဖြစ်သော အိမ်တွင်းမှု အနုပညာအိမ်ဆိုက်ကို စတင် ၍ တည်ထောင်စဉ်ကသူသည် နော်ဝေနေအိမ်တွင် နေထိုင်လျှက်ရှိပြီး မြန်မာပြည်သားများအတွက်၊ ကွန်ပြူတာပိုင်းဆိုင်ရာ လုပ်ငန်းများဖြစ်သော ဓာတ်ပုံကူးခြင်း၊ ပုံကြီးချဲ့ခြင်း၊ CD/DVD အခွေများ တည်း ဖြတ်ထုတ်လုပ်ခြင်းနှင့် အခြားသော ကွန်ပြူတာပိုင်းဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်နေရလျှင် မိမိအတွက် စိတ်ပြေလက်ပြေရှိကာ ရောဂါဝေဒနာဘက်မှ စိတ်ဖြေသာအောင် ကြော်ငြာဆိုဒ်တခုအဖြစ် စတင် ဖွင့်လှစ် ခဲ့ခြင်း ဖြစ်ပါသည်။ သို့သော် သူ၏ မိတ်ဆွေများမှ သူသည်ယခင်ကလည်း သတင်းလုပ်ငန်းများတွင် လုပ် ကိုင်ခဲ့ဘူးသူဖြစ်သဖြင့် ဆိုက်တွင် နေ့စဉ်သတင်းများ တင်ပေးနိုင်မည်ဆိုပါက ပြည်တွင်း/ပမှ မြန်မာနိုင်ငံ သား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအတွက် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း သိရှိရသည့်အတွက်
“အဖြူရောင် အွန်လိုင်းပရဟိတအသင်း” အဖွဲ့အား တည်ထောင်ခဲ့သူ တစ်ဦးဖြစ်တော့သည်။

ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပြင်ပတွင် တွေ့ဆုံခြင်းမရှိခဲ့ဘဲနှင့် မြတ်စွာဘုရားရှင်၏ ဗြဟ္မစိုရ်တရား လေးပါး အား လက်ကိုင်ပြုကျင့်သုံးနေကြသော လူသားများအနေဖြင့် လူသားချင်းစာနာစိတ်အား အဓိက ထားကာ ကူညီဖေးမပေးလိုသော စိတ်ဆန္ဒတစ်ခုတည်းနှင့် ဖွဲ့စည်းတည်ထောင်ထားသော 
“အဖြူရောင် အွန်လိုင်းပရဟိတအသင်း” အား ယခုကဲ့သို့ လှူဒါန်းမှု အစုစုတို့အတွက်
 သာဓု .. သာဓု .. သာဓု ဟူ၍ ခေါ်
ဆိုလိုက်ပြီးသည့်နောက် “အဖြူရောင်အွန်လိုင်းပရဟိတအသင်း” သည်လည်း နောင် နှစ်ပေါင်း

များစွာ အများအကျိုးအတွက် ပရဟိတ စိတ်ဓါတ်တို့ဖြင့် ရပ်တည်သွားနိုင် ကြပါစေကြောင်းဆုတောင်း
မေတ္တာပို့ လိုက်ရပါတော့သည်။ 

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ရည်ရွယ်ချက်ခြင်း တူညီနေဖို့ အရေးကြီးတယ်။”

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ခံယူချက်ခြင်း ထပ်တူညီဖို့ အရေးကြီးတယ်။”

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … ဦးတည်ချက်ခြင်း မှန်ကန်နေဖို့ အရေးကြီးတယ်။”

“တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ဝေးဝေး … နှလုံးသားခြင်း ထပ်တူကျနေဖို့ အရေးကြီးတယ်။”

ကျော်သူ          


(မှတ်တမ်း-ဓာတ်ပုံများ)
































သတင်း-ဆောင်းပါး နှင့် မှတ်တမ်း-ဓာတ်ပုံများ ပေးပို့လာသော နာရေးကူညီမှုအသင်း(ရန်ကုန်)
 ဥက္ကဌ  ဦးကျော်သူ နှင့် စေတနာ့ဝန်ထမ်းများ အားလုံးကို အထူးကျေးဇူးတင်ပါသည်။

http://apahuyaung.org/
 

အဖြူရောင်အွန်လိုင်းပရဟိတအသင်း

Tuesday, November 6, 2012

Save The Aged (၃)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ



Save The Aged (၃)နှစ်ပြည့် အထိမ်းအမှတ်စာမူပြိုင်ပွဲ


သက်ကြီးရွယ်အို စောင့်ရှောက်ရေးနှင့်ထောက်ပံ့ရေး ပရဟိတလူငယ်များအသင်း ( Save The Aged ) ၏ အသင်းဝင်များနှင့် စာပေချစ်မြတ်နိုးသူ အပေါင်းတို့ခင်ဗျာ -

ဇန်န၀ါရီလ ( ၃ ) ရက် ၊ ၂၀၁၃ ခုနှစ်တွင် ကျရောက်မည့် Save The Aged အသင်း၏ (၃) နှစ်ပြည့်အထိမ်းအမှတ်အဖြစ်
ဝတ္တု ၊ ဆောင်းပါး နှင့် ကဗျာအမျိုးအစားများ ပါဝင်သော စာမူပြိုင်ပွဲလေးပြုလုပ်ကျင်းပမည် ဖြစ်ပါသဖြင့် စာပေချစ်သော
မိတ်ဆွေများနှင့် ပရဟိတနယ်ပယ်အသီးသီးမှ မည်သူမဆို အားလုံးပျော်ရွှင်စွာ ပူးပေါင်းပါဝင်ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ..။


ကျင်းပရသည့် ရည်ရွယ်ချက် - ရသစာပေချစ်မြတ်နိုးသူ အဖွဲ့ဝင်များအချင်းချင်း စည်းလုံးချစ်ခင်ရင်းနှီးမှု တိုးပွားရရှိစေရန်။
- ပရဟိတအကျိုးဆောင်ရွက်လိုစိတ်များကို ရသစာပေဖြင့် နှိုးဆွပေးရင်း စာရေးစာဖတ် အကျင့်ကောင်းပါ ရရှိလာစေရန်။
- အွန်လိုင်းပရဟိတအဖွဲ့ဖြစ်သည်နှင့် လျော်ညီစွာ အွန်လိုင်းပေါ်တွင် စာပေပြိုင်ပွဲများပြုလုပ်ပေးခြင်းမှတဆင့် အဖွဲ့၏ ရည်ရွယ်ချက်၊ ခံယူချက်များ၊ လှုပ်ရှားဆောင်ရွက်မှုများကို အများပြည်သူ သိရှိလာနိုင်စေရန်။

ပြိုင်ပွဲအမျိုးအစား ၁။ ၀တ္တု
- ၀တ္တုတို (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၃ မျက်နှာထက်မရှည်ရ)
- ၀တ္တုရှည် (ဇော်ဂျီဖောင့် ၁၀, A4စာရွက် ၆ မျက်နှာထက်မရှည်ရ)

၂။ ကဗျာ
လွတ်လပ်သောပုံစံဖြင့် ရေးဖွဲ့နိုင်သည်။
A4စာရွက် ၂ မျက်နှာထက် မရှည်ရ)


၃။ အက်ဆေး/ ဆောင်းပါး
ဇော်ဂျီဖောင့်ဆိုဒ် ၁၀, A4စာမျက်နှာ ၃မျက်နှာထက်မရှည်ရ။

မှတ်ချက် စာမူများကို အဖွဲ့ဆိုက်တွင် ပြန်လည်တင်ပြပေးမည်ဖြစ်ပါ၍ စာမူရေးသား ရာတွင် ဇော်ဂျီဖောင့်ဆိုဒ်(၁၀)ဖြင့်သာရေးသား
စေလိုပါသည်။ အကယ်၍ အခြားဖောင့်များ အသုံးပြုထားပါက ၄င်းစာမူများအား ပြိုင်ပွဲအတွက် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။



စာမူစတင်လက်ခံရက်
/ စာမူနောက်ဆုံးပိတ်ရက်

နိုဝင်ဘာ (၁၅) ရက်/ ဒီဇင်ဘာ (၁၅)ရက်အထိ




ဆုရသူစာရင်းကြေညာချက်


ဒီဇင်ဘာ(၂၁)ရက်

မှတ်ချက် ။ ဆုရရှိသူများကို Save The Aged (၃)နှစ်ပြည့် အခမ်းအနားတွင် ဂုဏ်ပြုဆုများချီးမြှင့်သွားမည်ဖြစ်ပါသည်။


စာမူပေးပို့ရမည့် အီးမေးလ်လိပ်စာ

savetheaged.editor2012@gmail.com



အကဲဖြတ်ဒိုင်များ

ချစ်ကြည်အေး
အစိမ်းရောင်လွင်ပြင်
မြသွေးနီ



အမှတ်ပေးစည်းမျဉ်းများ


၁။ အဖွဲ့၏ ဆောင်ရွက်မှုများ၊ အဖွဲ့၏ပုံရိပ်များကို ထင်ဟပ်စေအောင် ပီပီပြင်ပြင် ရေးဖွဲ့နိုင်ရမည်။
၂။ စာမူတွင် ခေါင်းစဉ်၊ ရေးသားသူများ၏ကလောင်အမည်နှင့်တကွ၊ ကိုယ်တိုင်ရေးဖြစ်ကြောင်းကို ရှင်းလင်းထင်ရှားစွာရေးသား
ဖော်ပြရမည်။

၃။ စာလုံးပေါင်းသတ်ပုံသတ်ညွှန်းမှန်ကန်မှုကို အမှတ်ပေးစည်းမျဉ်းတွင် ထည့်သွင်းစဉ်းစားမည်။
၎။ သတ်မှတ်ရက် နောက်ပိုင်းမှ ရောက်ရှိလာသည့် စာမူများကို ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစား မည်မဟုတ်ပါ။
၅။ သတ်မှတ်ထားသည့် စာမျက်နှာကျော်လွန်နေသူများ၊ ဇော်ဂျီဖောင့်အစား တခြားစာလုံးဖောင့် အသုံးပြုထားသည့် စာမူများအား ပြိုင်ပွဲတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။


သို့ဖြင့်၍ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် သတ်မှတ်ချက်များအတိုင်း ပျော်ရွှင်စွာဖြင့် ပူးပေါင်းပါဝင် ယှဉ်ပြိုင်စေလိုပါသည်။ သမာသမတ်ကျကျ စီစစ်ရွေးချယ်မည်ဖြစ်၍ စာမူပြိုင်ပွဲနှင့် ပတ်သက်၍ သိရှိလိုပါက အကဲဖြတ်အဖွဲ့၏အီးမေးလ် savetheaged.editor2012@gmail.com သို့ တိုက်ရိုက်မေးလ်ပို့ မေးမြန်းနိုင်ပါသည်။ ပုဂ္ဂိုလ်ရေးဆက်သွယ် မေးမြန်းခြင်းများအား လက်ခံဖြေကြားမည်မဟုတ်ပါ။ ဆုံးဖြတ်ချက်များသည် အကဲဖြတ်အဖွဲ့၏ ဆုံးဖြတ်ချက်သာ ဖြစ်ပါသည်။


Save The Aged တွင် ရသစာပေဖွံ့ဖြိုးရှင်သန်စေ၍ ပရဟိတတွဲလက်များဖြင့် ကမ္ဘာမြေကို အလှဆင်နိုင်ကြပါစေ။




စာမူအကဲဖြတ်အဖွဲ့
Save The Aged (၃)နှစ်ပြည့်
အမှတ်တရစာမူပြိုင်ပွဲ



Wednesday, October 31, 2012

ဖူးစာရှင်လေးပရဟိတ စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း လှုဒါန်းပေးအပ်ပြီးပါကြောင်း


ဖူးစာရှင်လေး ပရဟိတအဖွဲ့မှ လက်ကျန်ငွေ ကို

Save The Aged


ဘိုးဘွားရိပ်သာဆောက်လုပ်ရန် အတွက်


အလှူငွေ (၁၆၀၀၀၀)တစ်သိန်းခြောက်သောင်းကျပ် တိတိ လှူဒါန်းပါတယ်..

http://savetheaged.ning.com/

ချောင်ဦးမြို့နယ်
ဧရိပ်မွန်(၂) မိဘမဲ့ မိန်းကလေးကျောင်း ပရဟိတသို့
လက်ကျန်ငွေ ၇၀၀၀၀ ခုနှစ်သောင်းကျပ်တိတိကို
ချစ်မိုးဆွေအား ပေးအပ် လှုဒါန်းပါသည်။
၁၆၀၀၀၀+၇၀၀၀၀=၂၃၀၀၀၀ကျပ်တိတိ
 ဖူးစာရှင်လေးပရဟိတ
စုစုပေါင်းကျန်ရှိငွေ လက်ကျန်ငွေ ၂သိန်း ၃သောင်း
လှုဒါန်းပေးအပ်ပြီးပါကြောင်း
ပရဟိတ အလှုရှင်များအား အကြောင်းကြား အပ်ပါသည်
ဖူးစာရှင်လေး ပရဟိတနှင့် မ..မ
နောက်နောင်မည်သို့မှ မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေးအကြောင်းကြားအပ်ပါသည်..
မ..မမှ နောက်ဆက်လက် ပရဟိတ လှုဒါန်းခြင်းသည်လည်း
ဖူးစာရှင်လေးပရဟိတဖြင့် မသက်ဆိုင်ပါကြောင်း
စာပေချစ်မိတ်ဆွေများအား အသိပေး
အကြောင်းကြားအပ်ပါသည်..
မ..မ
09 43091050

စာပေလောက အမှတ်တရ မ..မ
သဒ္ဓါလွန်ကဲ၊ ပညာနည်း၊
တလွဲယုံတတ်သည်။
ပညာလွန်ကဲ၊ သဒ္ဓါနည်း၊
စဉ်းလဲကောက်ကျစ်သည်။
သတိတရား၊ ထိုနှစ်ပါး၊
စွမ်းအားညှိပေးသည်။
လှုဒါန်းခဲ့သောပစ္စည်းငွေကြေးများနှင့်
ဖူးစာရှင်လေးအမည်နှင့် ပရဟိတအလှုပုံများ
လေ့လာနိုင်ရန်တင်ပြလိုက်ပါတယ်..
အောက်ပါလင့်ခ်များမှာ သွားရောက်ကြည့်ရှု့
သာဓုခေါ်ပါရန်  ပြုပြုသမျှကုသိုလ်အားလုံး
အမျှ..အမျှ..အမျှ ပေးဝေပါတယ်..
အမျှပေးဝေပါတယ်..၃၁ဘုံသားအများကောင်းမှု
နတ်လူသာဓုခေါ်စေသော်...........

http://www.yinminkhine.com/

zinyaw17zinyaw17

မမြင် မသိ စာနာတတ်၏

တွဲလက်ခိုင်မာ ပေးဆပ်ခြင်းဖြင့် ကုသိုလ်ဝေဖြာ

မေတ္တာ စေတနာ အကြင်နာ

လက်ခြင်း ချိတ်ဆက်ထားကြတာ



လက်ခြင်းချိတ်ဆက် ပရဟိတလက်...


လက်တွဲညီမျှ ပရဟိတ

Monday, September 10, 2012

♥♥ ဖူးစာရှင်လေးပရဟိတ ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသသို့ ပရဟိတလှူဒါန်းခြင်း


ပဉ္စမအကြိမ်မြောက် မြန်မာနိုင်ငံဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသသို့ ပရဟိတလှူဒါန်းခြင်း


လှုဒါန်းငွေများပရဟိတ အလှုရှင်များ လှုဒါန်းငွေ
ရင်သွေးငယ် (ကိုမျှားနတ်မောင် ခလေး) ၁သိန်း၂သောင်း USA
ဒေါ်တင်တင်ပြုံး ၄၀၀၀၀ USA
ကိုထွန်းအောင် ၄၀၀၀၀ USA
ဟေမာန်ကို ၈၀၀၀၀ USA
ငယ်ငယ် ၄၀၀၀၀ USA
ဝေမိုး ၁၀၀၀၀
ချစ်မိုးဆွေ ၁၀၀၀၀
စုစုပေါင်း၃သိန်း၎သောင်း
ယခင်လက်ကျန် ၂သိန်း
..........
စုစုပေါင်း ၅သိန်း၎သောင်းကျပ်
♥♥
မြန်မာနိုင်ငံဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသသို့ လှူဒါန်းငွေများစာရင်း

ငါးခြောက်ကျော် တစ်သိန်းကျပ်(၁၀၀၀၀၀)
ခေါက်ဆွဲခြောက် တစ်သိန်းကျပ်(၁၀၀၀၀၀)
လှုဒါန်းငွေ တစ်သိန်းငါးသောင်းကျပ်(၁၅၀၀၀၀)

ဖူးစာရှင်လေး ပရဟိတ အသင်းမှ ပူးပေါင်း လှူတန်းငွေ - တစ်သိန်းကျပ် (၁၀၀၀၀၀)
21.8.2012 ( အဂါင်္နေ့ )ခဲတံပေတံ သုံးသောင်းကျပ်(၃၀၀၀၀)
ရေဘေးသင့်ဒေသသို့ စုစုပေါင်းလှုဒါန်းသည့်ငွေ ၄၈၀၀၀

စုစုပေါင်း                              ၅၄၀၀၀၀ကျပ်(ငါးသိန်းလေးသောင်း)
လှုဒါန်းသည့်ငွေ                     ၄၈၀၀၀၀ကျပ်(လေးသိန်းရှစ်သောင်း)
                     လက်ကျန် ငွေ ၆၀၀၀၀(ခြောက်သောင်းကျပ်  )
မြစ်မဟုတ်ပါ လယ်ကွင်းပါ။


ပစ္စည်းဝေသည့်နေ၇ာ
ဒုက္ခသည်များအတွက် ပစ္စည်းဝေသည့် နေရာသည် ရေပေါ်တွင်
ဆောက်ထားသည့် အမြင့် ၉ ပေရှိ အဆောင်
ပစ္စည်းသယ်ချိန်
လှည်းဆိပ်တွင် စက်လှေပေါ်သို့ ပစ္စည်းများတင်နေသည့်ပုံ.

429964_428709493832517_1495664791_n.jpg
ပစ္စည်းဝေနေပုံ
MMG အဖွဲ့၏ Admin ကိုလင်းအောင်ပြည့်မှ ပစ္စည်းများ ဝေပေးနေစဉ်

ကိုဘလမှကလေးငယ်များအားခဲတံပေတံများ ပစ္စည်းများပေးအပ်ပြီးပုံ