Pages

Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Saturday, October 12, 2019

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့"

"သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့"
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌ နတ်ပရိတ်များ အဘိဓမ္မာဒေသနာ အကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာ အကျဉ်း ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ်ဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ်ဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာ တာသတိံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးက ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။

သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿမြို့ကနေ သွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည် မဏ်ဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးက မြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေက သင်္ကဿမြို့ တံခါးဝမှာ ရှိသည်။

ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက် ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါ အ၀ီစိငရဲတိုင်အောင် အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

တာဝတိံသာ နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည်။

ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ် စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း" ဟု ခေါ်သည်။ ခန္ဓာ စသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာ အကျယ် ဝေဖန်ဟောကြားသော ကျမ်းကို "၀ိဘင်း ကျမ်း" ဟု ခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟု ခေါ်သည်။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု" ဟု ခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားတော်မူသော ကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသောတရားတို့ကို နှစ်ဆယ်လေးပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း" ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်း ဟု ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဉာင်္ဏတော်၏ နက်နဲခြင်း စသော ဂမ်ီဘရလေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစ္ဆေဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ကောင်း ဖြစ်ခြင်း၊ ဘေးဥပါဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးထူး တရားများ ရရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမဝါမှ ထမြောက်ကြသော သံဃာတော် အရှင်မြတ်များသည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာ ပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ဤသို့ ထူးခြားသော၊ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဝေမျှရင်း ကုသိုလ်ယူပါသည်







...။

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ.....။

Buddhism Beams

မေတ္တာဖြင့် ပြန်လည်ကူးယူ မျှဝေ
ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်
လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များ ဘုရား...

သတ္တဝါမှန်သမျှ တရားတွေ့ အေးမြချမ်းသာ ရှိပါ​စေဓမ္မစာပေများ တစ်ဆင့်မျှေဝခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....-

Tuesday, July 16, 2019

ဝါဆိုလပြည့်​​နေ့အ​ကြောင်း သိ​ကောင်းစရာ

🙏ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ🙏
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

      သန္ဓေ တောထွက် ဓမ္မစက်
      မိန့်မြွက်သံချို  လဝါဆို။ တဲ့

     ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
      ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
        ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
        တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
        စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
        ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
        ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
       စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ  မဟာသက္ကရာဇ်  ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။   ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏  အာသယာနုသယဥာဏ်  ဣန္ဒြိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏   ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည်  ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
 သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား  စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏  သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
 မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ ''  ဟု ယနေ့အထိ
 ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

                ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

………………………………………………………………
Credit - မူရင်းရေးသူကို လေးစားစွာဖြင့်....





Tuesday, May 29, 2018

နယုန်လပြည့် မဟာသမယနေ့

 ✏ သိကောင်းစရာ မဟာသမယအခါ ✏

နယုန်လပြည့်နေ့ကို “မဟာသမယနေ့”ဟူ၍ ပညာရှိ
ပုဂ္ဂိုလ်တို့က အတည်ပြု သတ်မှတ်ကြပါသည်။
မဟာသမယ၌ မဟာ က-တစ်ပုဒ်၊
သမယ က-တစ်ပုဒ် ဖြစ်ပါသည်။
မဟာ-ကြီးကျယ်များပြားသော+သမယ=
နတ်ဗြဟ္မာတို့၏ အစည်းအဝေး၊
မဟာသမယ- “များစွာသော နတ်ဗြဟ္မာတို့
အစည်းအဝေး” ဟူ၍ အဓိပ္ပါယ်ရပါသည်။
ထိုနတ်ဗြဟ္မာတို့ အစည်းအဝေး၌ ဟောကြားအပ်သော
သုတ္တန်များကို “မဟာသမယသုတ်”ဟု
ခေါ်ကြရပေသည်။

ထို  “မဟာသမယသုတ်”များကို ရွတ်ဆိုကြသော
လူပုဂ္ဂိုလ်တို့အား နတ်တို့က ချစ်ခင်မြတ်နိုးကြပေသည်။
ဘေးရန်အန္တရာယ်များကင်းအောင် စောင့်ရှောက်
ကြပေသည်။ ကောင်းကျိုးချမ်းသာများရရှိအောင်
ဆောင်ရွက်ပေးတတ်ကြပေသည်။ သို့ဖြစ်၍
ရှေးသူတော်ကောင်းတို့သည် အိမ်သစ်၊ နေရာသစ်၊
မြို့ရွာသစ်များ တည်ဆောက်ကြသောအခါ
ဤမဟာသမယသုတ္တန်များကိုရွတ်ဆိုကြပေသည်။
ရွတ်ဆို၍ တည်ဆောက်ကြပေသည်။

ဤမဟာသမယသုတ်များ ဖြစ်ပေါ်လာရခြင်း၏
အကြောင်းမှာ တစ်ချိန်သောအခါ မြတ်စွာဘုရားသည်
သက္ကတိုင်း ကပိလဝတ်ပြည်၏အနီး မဟာဝုန် တောကြီး
ထဲ၌ ရဟန္တာငါးရာနှင့် အတူတကွသီတင်းသုံးနေထိုင်တော်
မူ၏။ ထိုအခါ မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန္တာငါးရာ တို့ကိုလည်းကောင်း၊ ဖူးမြင်ခြင်းငှာ တစ်သောင်းသော လောကဓာတ်မှ နတ်ဗြဟ္မာတို့
သည် စုဝေး လာရောက်ကြကုန်၏။

မဟာဝုန်တောကြီးအတွင်း၌ မြတ်စွာဘုရားနှင့်
အတူတကွ သီတင်းသုံးနေထိုင်ကြသော ရဟန္တာငါးရာ
တို့သည် တစ်နေ့တည်းမှာပင် ရဟန္တာဖြစ်ကြသော
ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
အသက်အရွယ်အားဖြင့် နုပျိုကြသေးသည့် မင်းမျိုးများမှ ဖြစ်လာကြသော ရဟန္တာများ  ဖြစ်ကြပေသည်။ထိုမင်းမျိုးမင်းသားငယ်တို့၏ ရဟန္တာအဖြစ်သို့ ရောက်ရှိလာရခြင်း၏အကြောင်းမှာသိဖွယ်ရာကောင်းလှ
ပါပေသည်။ နှစ်ပြည်ထောင်မင်းတို့၏ စစ်ပြေငြိမ်းရာမှ
ဖြစ်လာကြသော ရဟန္တာများဖြစ်ကြပေသည်။

“ရန်ပြေ မာန်ပြေ ရဟန္တာများ”
•••••••••••••••••••••••••••••••••••••••
ထိုမင်းမျိုး ရဟန္တာငါးရာတို့၏ လူ့ဘဝက
နေထိုင်ခဲ့ကြသော တိုင်းပြည်တို့သည် သက္ကတိုင်း၊
ကပိလဝတ်ပြည်နှင့် ကောလိယပြည်တို့ ဖြစ်ကြပေသည်။
ရဟန္တာငါးရာတို့တွင် နှစ်ရာ့ငါးဆယ်သောရဟန္တာတို့သည်
ကပိလဝတ်ပြည်သားမင်းမျိုးရဟန္တာများ ဖြစ်ကြပေသည်။
နှစ်ရာ့ငါးဆယ်သောရဟန္တာတို့သည် ကောလိယပြည်သား
မင်းမျိုးရဟန္တာများ ဖြစ်ကြပေသည်။

သက္ကတိုင်း၊ကပိလဝတ်ပြည်နှင့် ကောလိယပြည်
နှစ်ပြည်ထောင် တို့၏အကြား၌ ရောဟိဏီမည်သော
မြစ်ငယ်တစ်ခုရှိပေသည်။ ထိုမြစ်၏ တည်ရှိပုံမှာ ငါးကြင်း
အမြီးကဲ့သို့ မြစ်၏အရင်းအစ၌ တစ်ခုတည်းသာ
ဖြစ်၏။ မြစ်၏အဖျား၌မူ လက်ဝဲ၊ လက်ယာအားဖြင့်
မြစ်နှစ်ခွ ကွဲသွားလေ၏။

မြစ်နှစ်ခွတို့၏ ကမ်းပါးတို့၌ တစ်ဖက်သောမြစ်၏
ကမ်းပါးတွင် ကပိလဝတ်ပြည်သူတို့က ရေသွင်းကာ
လယ်ယာတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၏။
တစ်ဘက်သောမြစ်၏ ကမ်းပါးတွင် ကောလိယ
ပြည်သူတို့က လယ်ယာတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၏။

နယုန်လပြည့် သို့ရောက်သောအခါ မိုးကောင်းကောင်း
မရွာသေးသည်ဖြစ်၍ ရောဟိဏီ မြစ်ရေနည်းပါးလာ၏။
ကောက်ပင်တို့သည် ရေမရကြ၍ ညှိုးနွမ်းလာကြ
ပေသည်။ ရောဟိနီမြစ်မှရေကို နှစ်ဘက်လုံး အညီအမျှ ယူကြလျှင် ရေမရနိုင်သောကြောင့် ကာလိယပြည်သူတို့
က “အကျွန်ုပ်တို့၏ ကောက်ပင်များသည် ရေတစ်ကြိမ်
သွင်းလိုက်ရလျှင် သီးနှံများ အောင်မြင်သွားမည်
ဖြစ်ပေသည်။ ကပိလဝတ်ပြည်သူတို့ဘက်မှ မြစ်ကို
ပိတ်ထား၍ အကျွန်ုပ်တို့အား ရေကိုပေးပါလော့”
တောင်းဆိုကြကုန်၏။

ကပိလဝတ်ပြည်သူတို့ကလည်း “အကျွန်ုပ်တို့၏
ကောက်ပင်များသည်လည်း ရေတစ်ကြိမ်သွင်းရလျှင်
သီးနှံများအောင်မြင်သွားနိုင်သည်။ အကျွန်ုပ်တို့အား
ထိုမြစ်ရေကိုပေးပါလော့”ဟု တောင်းဆိုကြကုန်၏။
ကောလိယပြည်သူတို့ကလည်း မပေးနိုင်ဟုဆို၍
အငြင်းပွားကာ အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။
ရိုက်နှက်ကြကုန်၏။ မင်းမျိုးတို့ကိုလည်း နာကြည်းစွာ
ထိခိုက်အောင် ဆဲရေးကြကုန်၏။

❖ ကောလိယပြည်သား လယ်သမားတို့က
“ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းတို့သည် မင်းအဖြစ်၌
မာန်တက်နေကြသည်။ တကယ်စင်စစ်တော့ သင်တို့၏
မင်းတွေဟာ ခွေး၊မြေခွေးစသော တိရစ္ဆာန်များကဲ့သို့
နှမရင်းများနှင့်ထိမ်းမြား၍ ယုတ်ရင်းသော အိမ်ထောင်မှု
ကို ပြုကြသည်”
ဟု ရေရွတ်ဆဲရေးကြကုန်၏။

❖ ကပိလဝတ်ပြည်သား လယ်သမားတို့ကလည်း
“ကောလိယတို့သည် မင်းအဖြစ်၌ မာန်တက်နေကြသည်။
တကယ်စစ်စစ်တော့ သင်တို့၏ မင်းတွေဟာ နူနာစွဲ၍
ကိုးကွယ်ရာမဲ့ ဖြစ်ကြပြီး၊ကုလောပင်၏ အခေါင်းတွင်းသို့
ဝင်ကာ ပုန်းအောင်းနေကြရသော အနူမျိုးတွေ
ဖြစ်ကြပေသည်” ဟု နာကြည်းစွာ ဆဲရေးကြကုန်၏။

ဤနှစ်ဘက်သော လယ်သမားတို့၏ ဆဲရေးပြောဆိုကြ
သော စကားတို့ကို နှစ်ဘက်သောမင်းတို့ တစ်ဆင့်ကြား
ကြသောကြောင့် စစ်တိုက်ဖို့ရာ နှစ်ပြည်ထောင်မင်းတို့
သည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် ထွက်လာကြ
ကုန်၏။

ထိုကဲ့သို့ စစ်တိုက်ကြမည့် အကြောင်းကို မြတ်စွာဘုရား
မြင်တော်မူ၍ ကောင်းကင်၌ တည်တော်မူကာ ရောင်ခြည်
တော်တို့ကို လွှတ်တော်မူလျက် သီတင်းသုံးနေတော်မူ၏။ ကပိလဝတ်ပြည်မင်းသားများနှင့် စစ်သည်တော်တို့သည် မြတ်စွာဘုရားကို ကောင်းကင်၌ မြင်သည်ရှိသော် မြတ်စွာဘုရား ရှေ့တော်မှောက်၌  သူတစ်ပါးတို့ကို ညှဉ်းဆဲသတ်ဖြတ်ရန် မသင့်တော်ပေ။
ကောလိယပြည်မင်းသားများနှင့် စစ်သည်ဗိုလ်ပါတို့က
“မိမိတို့အား အလိုရှိသည့်အတိုင်း နှိပ်စက်ကြတော့”
ဟု လက်နက်တို့ကို စွန့်ပစ်ကာ မြတ်စွာဘုရားကို
ထိုင်၍ ရှိခိုးနေကြကုန်၏။

ကောလိယပြည်သား မင်းသားများနှင့် စစ်သည်ဗိုလ်ပါ
တို့သည်လည်း ကပိလဝတ်ပြည်သားမင်းသားများ
စစ်သည်များနှင့်တူစွာ လက်နက်များကို စွန့်ပစ်ကာ
မြတ်စွာဘုရားကို ထိုင်၍ ရှိခိုးကြလေကုန်၏။

မြတ်စွာဘုရားသည် သိတော်မူလျက်နှင့်ပင် နှစ်ဘက်သော
ပြည်သား မင်းသားများကို “သင်တို့အဘယ်ကိစ္စဖြင့်
လာကြသနည်း” ဟု မေးတော်မူ၏။
“တပည့်တော်တို့သည် ပျော်ပွဲစားရန် လာကြသည်
မဟုတ်ပါ။စစ်တိုက်ဖို့ရန် လာကြခြင်းဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားကြလေသည်။ “အဘယ်ကြောင့်
စစ်တိုက်ကြမည်နည်း”ဟု မေးတော်မူရာ
“ရေရရှိရေး ပြဿနာကြောင့် ဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားကြလေ၏။

ရေထက် မြေက အဖိုးထိုက်တန်သည်။
မြေထက် မင်းမျိုးတို့က အဖိုးထိုက်တန်သည်။
ရေကိုအကြောင်းပြု၍ မင်းမျိုးတို့ကိုမပျက်စီးကြစေလင့်။
အရာမဟုတ်သည့်၌ ရန်မူခြင်းကြောင့် ပျက်စီးကြသော
ဖန္ဒနဇာတ်တော်။ပညာမဲ့တို့၏စကားကြောင့်
ပျက်စီးကြသော ပထဝီဥန္ဒြိယဇာတ်တော်။
အားသေးသော်လည်း အားကြီးသူအား ပျက်ဆီးစေသော
လဋုကိကဇာတ်တော် တို့ကို ဟောကြားတော်မူ၏။
ထို့နောက် ညီညွတ်ခြင်း၏ အကျိုးတရားတို့ကို
ပြသော “ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်ကိုလည်း
ဟောကြားတော်မူ၏။

ထိုအခါမင်းမျိုးတို့သည် ဤစစ်မြေပြင်သို့ မြတ်စွာဘုရား
မကြွလာခဲ့လျှင် ငါတို့အားလုံးသွေးချောင်းစီး၍သေကြေ
ပျက်စီး ကြကုန်လတ္တံ။ယခုအခါ အသက်သေရခြင်းဘေးမှ ချမ်းသာကြရပေပြီ။မြတ်စွာဘုရားသည် တောမထွက်ခဲ့
လျှင် စကြာဝတေးမင်းကြီးဖြစ်မည်။အခြံအရံမင်းသား
စွာနှင့် နေရမည်ဖြစ်ပေသည်။ ယခု ဘုရားဖြစ်သည့်အခါ
မှာလည်း မင်းသားအခြံအရံများနှင့် နေရမှသာ သင့်တော်
မည်ဟုဆိုကြကာ ကပိလဝတ်ပြည်မင်းမျိုးမှ မင်းသား
နှစ်ရာငါးဆယ်၊ ကောလိယပြည် မင်းမျိုးမှ မင်းသား နှစ်ရာငါးဆယ်တို့ကို မြတ်စွာဘုရားအားအပ်နှင်းကြ
လေကုန်၏။ မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ရဟန်းပြုပေးတော်မူလိုက်၏။

ထိုရဟန်းငါးရာတို့သည် သားမယားတို့ထံမှ သတင်း
စကားများကို ခဏခဏကြားရသောကြောင့် လွန်စွာ
ပျင်းရိကြကုန်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို
သိတော်မူ၍ ဟိမဝန္တာ၌ရှိသော ကုဏာလရေအိုင်၏
ပျော်မွေ့ဖွယ်ရာ ဂုဏ်ကျေးဇူးများကို ချီးမွမ်းပြောကြား
ကာ ကုဏာလအိုင်သို့ လိုက်ခဲ့ကြလော့ ဟုဆိုကာ မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ကောင်းကင်မှ ခေါ်ဆောင်သွားတော်မူလေ၏။

ကုဏာလရေအိုင်သို့ ရောက်သောအခါ
“မသိတာကို မေးကြလော့” ဟု မြတ်စွာဘုရားက မိန့်ကြား
တော်မူ၏။ ရဟန်းငါးရာတို့သည် မမြင်ဖူးကြသော ငါးတို့ကို မေးကြကုန်၏။မမြင်ဖူးကြသော တိရစ္ဆာန်
တို့ကို မေးကြကုန်၏။ မမြင်ဖူးကြသောသစ်ပင်တို့ကို
မေးကြကုန်၏။ မေးတိုင်း၊မေးတိုင်း အမည်နာမနှင့်တကွ
မြတ်စွာဘုရား ဖြေကြားတော်မူလေ၏။

ထိုသို့ဖြေကြားနေသည့်အခိုက်အတန့်၌ပင်ငှက်နှစ်ကောင်
တို့သည် ချီ၍ အလယ်တည့်တည့်၌  ငှက်မင်းကို ထိုင်စေ
လျက် ပျံသန်းလာကြ၏။ ရှေ့နောက်ဝဲယာတို့မှလည်း ငှက်အပေါင်းတို့ခြံရံကာ ပျံသန်းလာကြ၏။ ဤကဲ့သို့ အံ့ဩဖွယ်ရာ ပျံသန်းလာကြသည်ကို ရဟန်းငါးရာတို့ မြင်ကြလေ၏။

တုတ်တံ၏အလယ်၌ ထိုင်လျက် တည်၍လိုက်ပါသော
ငှက်သည် ငှက်တို့၏မင်းဖြစ်လိမ့်မည်။ တုတ်တံကို
နှုတ်သီးဖြင့် ချီလာသော ငှက်နှစ်ကောင်နှင့် ဝဲယာမှ
ပျံသန်းလိုက်ပံကြသော ငှက်အပေါင်းတို့သည် အခြံအရံများ ဖြစ်ကြပေလိမ့်မည်ဟု ရဟန်းငါးရာတို့ ပြောဆိုကြကုန်၏။

ထို့သို့ ပြောဆိုသောအခါ မြတ်စွာဘုရားက
“ချစ်သားရဟန်းတို့၊သင်တို့မှတ်ထင်ပြောဆိုသည့်အတိုင်း
မှန်ပေသည်။ ဤငှက်အမျိုးအနွယ်တို့သည်ရှည်မြင့်စွာ
သော ဘဝသံသရာက ငါဘုရား၏ အမျိုးအနွယ်များ ဖြစ်ကြပေသည်”ဟု မိန့်ကြားတော်မူ၏။

ရဟန်းတော်များက “မြတ်စွာဘုရား၊ဤငှက်မျိုး၌
မြတ်စွာဘုရား ပါရမီနုစဉ်က ဖြစ်ခဲ့ရသည့် အတိတ်
ဇာတ်ကြောင်းကို သိလိုကြပါသည်။ ဟောကြားတော်မူပါ
ဘုရား”ဟု လျှောက်ထားကြသဖြင့်“ကုဏာလဇာတ်” ကို ဟောကြားတော်မူ၏။

ကုဏာလဇာတ်ကို နာကြားရသော ရဟန်းတော်တို့သည်
စိတ်ကြည်နူး နှစ်သက်မှုပီတိများ ဖြစ်ကြပေသည်။
ပီတိကို အမှီပြု၍ ကိုယ်စိတ်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိများ ဖြစ်ကြရပေသည်။ ပဿဒ္ဓိကိုအမှီပြု၍ စိတ်တည်ငြိမ်မှု သမာဓိများ ဖြစ်ကြရပေသည်။
သမာဓိကို အမှီပြု၍ ရုပ်နာမ် ကြောင်းကျိုး
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တတို့ကိုသိသော ဝိပဿနာဉာဏ်များ
ဖြစ်လာကြပေသည်။ ဝိပဿနာဉာဏ် အဆင့်ဆင့်
ရင့်ကျက်လာကြပြီးလျှင် အဘိဉာဏ်ရသော သောတာပန်
ပုဂ္ဂိုလ်များ ဖြစ်သွားကြလေ၏။

ထိုရဟန်းတော်တို့ အဘိညာဉ်ရသော သောတာပန်
ပုဂ္ဂိုလ်များ ဖြစ်သွားပြီးသောအခါ မြတ်စွာဘုရားသည်
ထိုရဟန်းတော်တို့ကို ကောင်းကင်ခရီးဖြင့် ခေါ်ဆောင်၍
မဟာဝုန်တောသို့ ပြန်ကြွတော်မူ၏။ လိုက်ပါသွားကြလေ
ကုန်၏၊ မဟာဝုန်တောသို့ ရောက်သောအခါ
ထို ရဟန်းတော်တို့အား အထက် မဂ်ဖိုလ် (၃)ပါးအတွက်
ကမ္မဋ္ဌာန်းတရားများကို မြတ်စွာဘုရား ဟောကြား
ပေးသနားတော်မူ၏။ ရဟန်းတော်တို့သည် ဆိတ်ငြိမ်ရာ
အရပ်သို့ ချဉ်းကပ်ကာ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို
ကြိုးစားအားထုတ်ကြသဖြင့် ရဟန္တာပုဂ္ဂိုလ်များ
ဖြစ်သွားကြလေ၏။

ထိုရဟန္တာပုဂ္ဂိုလ်တို့သည် မိမိတို့ ရရှိခဲ့ကြသော ရဟန္တာ
အဖြစ်တရားထူး၊တရားမြတ်များကို လျှောက်ထားလို၍ မြတ်စွာဘုရားထံသို့ အသီးသီး ရောက်လာကြလေ၏။ မြတ်စွာဘုရားအနီး၌ ရဟန္တာငါးရာကို ရောက်ရှိ နေသော
အချိန်သည် မြတ်စွာဘုရား (၄)ဝါရပြီးသောအခါ
မဟာသက္ကရာဇ် ၁၀၇ခုနယုန်လပြည့်နေ့လရောင်ထိန်
လင်း ရှုခင်းသာယာ ညဥ့်အချိန်အခါ ဖြစ်ပေသည်။

လရောင်ထိန်လင်း ရှုခင်းသာယာ ထိုနယုန်လပြည့်
ညဥ့်အခါ၌ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်၍
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားကို ကိလေသာအညစ်အကြေးကင်းစင်
ကြသော ရဟန္တာပုဂ္ဂိုလ်ငါးရာတို့ ခညောင်းဝန်းရံလျက် သီတင်းသုံးနေတော်မူကြ၏။ ထိုသို့ နေတော်မူကြသည်
ကို မြင်ကြသော မဟာဝုန်တောအနီးအနား၌ ရှိနေကြသော နတ်တို့သည် မြင်ကြကုန်၏။

ထို့သို့ မြင်ကြသောအခါ
“အမောင်နတ်တို့ ၊ လာကြကုန်လော့၊မြင်ခြင်း၊တရားနာခြင်း၊ သံယာဖူးမြင်ခြင်းတို့သည်
အကျိုးများလှ၏။ လာကြကုန်လော့၊ သွားကြကုန်စို့”
ဟု များစွာသော အသံတို့ဖြင့် ကြွေးကြော်ကြကာ
သွားရောက်၍ မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့ကို
ရှိခိုးကာ နေကြကုန်၏။

ထိုနတ်တို့၏ ကြွေးကြော်သံတို့ကို အဆင့်ဆင့်ကြားကြ၍
တစ်သောင်းသော စကြဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့
စုဝေး ရောက်လာကြကုန်၏၊ ဤစကြဝဠာတိုက်၌
နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်၍နေ၏။ အလွန်သိမ်မွေ့
သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။
မြတ်စွာဘုရား၏အနီးတွင် သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်)မျှသော နေရာ၌ တစ်ဆယ်၊နှစ်ဆယ်၊သုံးဆယ်သောနတ်ဗြဟ္မာတို့ နေကြရကုန်၏။ မြတ်စွာဘုရားနှင့် ဝေးသောနေရာတို့၌ သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်) မျှသောနေရာတို့၌ ခြောက်ဆယ်သော နတ်ဗြဟ္မာတို့အလွန်သိမ်မွေ့ သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။

ဤကဲ့သို့ အလွန်များပြားသော နတ်ဗြဟ္မာတို့ စည်းဝေး
ရောက်လာကြသောအခါ ရှေးဦးစွာ ထိုနတ်ဗြဟ္မာတို့၏
အမည်တို့ကို ဖော်ထုတ်၍ ဟောကြားတော်မူ၏။
ထို့နောက် နတ်ဗြဟ္မတို့၏ စရိုက်အားလျော်စွာ
မဟာသမယသုတ္တန် ခြောက်သုတ်ကို
ဟောကြားတော်မူ၏။
(၁)။ တပ်မက်ခြင်း = ရာဂစရိုက်များသော
နတ်ဗြဟ္မာတို့အား သမ္မာပရိဗ္ဗာဇနီယသုတ်၊
(၂)။ ကြမ်းတမ်း ပြစ်မှားခြင်း = ဒေါသစရိုက်များသော
နတ်တို့အား ကလဟဝိဝါဒသုတ်၊
(၃)။မသိတွေဝေခြင်း - မောဟစရိုက်များသော
နတ်ဗြဟ္မာတို့အား မဟာဗျူဟာသုတ်၊
(၄)။ ကြံစည်ခြင်း = ဝိတက်စရိုက်များသော
နတ်ဗြဟ္မာတို့အား စူဠဗျူဟာသုတ်၊
(၅)။ ယုံကြည်ခြင်း = သဒ္ဓါစရိုက်များသော
နတ်ဗြဟ္မာတို့အား တုဝဋကသုတ်၊
(၆)။ အသိဉာဏ်ရှိခြင်း - ဗုဒ္ဓိစရိုက်များသော
နတ်ဗြဟ္မာတို့အား ပုရာဘောဒသုတ်၊
ဟူသော ၆-သုတ် တို့ကို ဟောကြားပါသည်။
(မဟာဝဂ္ဂ-ဋ္ဌ၊၂၆၆)

တစ်သုတ် တစ်သုတ်တို့၏ ဟောကြားခြင်း အဆုံးအဆုံး၌ ကုဋေ တစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်ကြသည်။ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်ဖြစ်သူတို့လည်း မရေ
တွက်နိုင်အောင် များပြားကြလေသည်။နတ်ဗြဟ္မာ
တို့အတွက် အလွန်အကျိုးများသော သုတ္တန်များဖြစ်ကြ၍ ဤမဟာသမယသုတ္တန်များကို ရွတ်ဆိုသောပုဂ္ဂိုလ်တို့
အား နတ်ဗြဟ္မာတို့က အထူးစောင့်ရှောက်ကြသဖြင့်
ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာအမျိုးမျိုးတို့ကို
ရရှိနိုင်ကြပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Credit

Thursday, October 10, 2013

မမေ့နဲ့နော်

သတိ တရား လက်ကိုင်ထား ♥မ..မ ♥ပြောတာချစ်လို့နော်.....

"ညီမလေးတွေနဲ့ ""မမ ""အတူတူနေရသည့် ခဏတာမှာ ညီမလေးတွေမှ
ခဏခဏ သတိမေ့တတ်ကြသည်။ တစ်ယောက်က ကော်ဖီ သောက်ရင်း တစ်ဝက်နှင့် ထားသွားတတ်သည်
တစ်ခါတရံ ကော်ဖီဖျော်ပြီး လုံးဝ မသောက်ပဲ ဒီအတိုင်းထားခဲ့တတ်သည်။

အပြင်ထွက်လျှင်လည်း ဟိုပစ္စည်းကျန်ခဲ့လို့ ဒီပစ္စည်းကျန်ခဲ့လို့နှင့် အပြင်ရောက်မှ သတိရပြီး ပြန်ယူရသည်။
ခဏခဏ မေ့ကျန်ခဲ့တတ်ကြသည် တစ်ယောက်ကလည်း ""မမ ""ထံသို့လှမ်းဖုန်းဆက်ပြီး
""မမ ""ရေသော့ကျန်ခဲ့တယ် M R T ကဒ် ကျန်ခဲ့တယ်""မမ ""လာပို့ပေးပါနော် လမ်းထိပ်ကစောင့်နေမယ်နှင့် ပြော၍ လိုက်ပို့ပေးရသည် တစ်ယောက်ကဖုန်းကျန်ခဲ့နှင့် သတိမေ့တတ်လိုက်ကျတာ..

""မမ "" ညီမလေးများ သတိမေ့တတ်တာကို မည်ကဲ့သို့ပြောင်းလဲပေးရမည်လဲမသိဘဲ ဖြစ်နေတယ်
ကိုယ်ပြောလိုက်ရင်လည်း နားထောင်ရင်တော်သေးတယ် ""မမ "" ပြောဆိုဆုံးမတာကို
နားမလည်ရင်ကိုယ့် ပြောမည့်စကား အလကားအဖြစ်မခံနိုင် ""မမ "" စင်္ကာပူ ခဏ သွားလည်တာ
""မမ ""ကဧည့်သည် ချက်ချင်းပြောလျှင် စိတ်ဆိုး ကြမှာ အချိန်ယူရသည်။ သူတို့၏  ယုံကြည်လေးစားမှုလိုအပ်သည် 

""မမ ""စင်္ကာပူကို အသွားအပြန် တစ်လ နေမယ်ဆိုပြီး လေယာဉ်လက်မှတ် တစ်ခါထဲဝယ်ထားတာ
ညီမလေးများနှင့် ""မမ ""ရင်းနှီးလာတော့သူတို့ကို ""မမ ""သိထားသင့်တယ် ထင်တာလေးတွေကို
ပြောပြမိပါတယ် ညီမလေးရေ ""မမ ""ပြောမယ့်စကား သေချာနားထောင်မှာလား
သေချာစိတ်ဝင်စားစွာ နားထောင်ရင်တော့ ပြောပြမယ်နော့်....

ညီမလေးတွေက ဘာပြောမှာလဲဟင်တဲ့ ဘာပြောပြော ဂရုစိုက်နားထောင်ရမယ်နော် ညီမလေးဆိုတော့
ဟုတ်ကဲ့ ""မမ "" တဲ့
""မမ "" ပြောတာ မဟုတ်ပါဘူး ""ဗုဒ္ဓဘုရားမှ"" ဟောပြောခဲ့တဲ့တရားတော်ပါ
ညီမလေးတွေကို ချစ်လို့ခင်လို့ပြောပြမှာနော် ညီမလေးတို့ ခဏခဏ မေ့တတ်နေတယ် သတိထားမိလားဟင်.....
ဟုတ်တယ် ""မမ ""ရယ်..ဟီးးဟီးး ဆိုရယ်နေတယ် ရီ(ယ်)မနေဲ့သေချာမှတ်ထားနော်..

""ဘုရားစကားနော်""
ငှက်လေး ကြက်လေး တွေကိုကြောင်ကဘယ် အချိန်မှာ စားလဲဆိုတော့သူတို့ 
သတိလွတ် တဲ့အချိန်မှာ စားတယ် ဘယ်အချိန်မှာ
သတိလွတ်တတ်လဲဆိုရင် စားနေချိန် သွားနေချိန် မြူးထူး ပျော်ပါးချိန်
ကာမဂုဏ်ခံစားနေချိန် တွေမှာ သတိလွတ်တယ် အဲ့ဒီအချိန်မှာ စောင့်ဖမ်းပြီးစားသောက် ပြစ်လိုက်တယ်
ကျား တွေလဲဒီအတိုင်းပဲ မုဆိုးကလဲ စောင့်ဖမ်းပြီး စားသောက် သတ်ဖြတ်တယ် ။
လူတွေကိုလဲ ဒီအတိုင်းပဲ သေမင်းက သတိလွတ်တဲ့ အချိန်မှာ ခေါ်ဆောင်သွားတတ်တယ်နော်။
သွားသတိ လာသတိ စားသတိ...သတိလေးနဲ့ ကိုယ်လုပ်ကိုင် နေထိုင်တဲ့ အပေါ်မှာသတိထားလုပ်ကိုင် နေထိုင်ရတယ်။

တရားမှတ်ရာလဲရောက်တယ် မေ့မေ့ လျှော့လျှော့လည်း မနေမိတော့ဘူးပေါ့ သတိလွတ်တော့ ဖိနပ်လွဲစီးတတ်တယ်
သတိမထားတတ်ပဲမေ့မေ့လျှော့လျှော့ နေခဲ့မိတော့ ကြက်သွန်လှီးရင်တောင် ဓါးထိတယ် သတိမေ့ သွားလာနေတော့
ရထားကြိတ်တယ် ကားတိုက်တယ် သေချင်းဆိုးနဲ့သေရတာပေါ့ သစ်ပင်ပေါ်တက်လဲ
သတိတစ်ချက်လွတ်တာနဲ့ တစ်ပြိုင်ထဲ ၀ုန်းဆိုပြုတ်ကျတော့ သေရော....

သတိမေ့တတ်ရင် အသက်သာရှုနေတာ သေတဲ့လူနဲ့ ဘာမှ မထူးပါဘူး ရှင်ရင်းနဲ့ သေ နေတဲ့ လူသေနဲ့ အတူတူပဲ
သတိလွတ်နေရင် အကောင်း အဆိုး မဝေဖန်နိုင်ဘူး မခွဲခြားနိုင်ဘူး သတိလွတ်တာနဲ့ အမှားကြုံနိုင်တယ်
အမှန်နဲ့ လွဲနိုင်တယ် သတိမထားကြပဲ လုပ်ကိုင် နေထိုင် နေကြရင် ဘယ်အခါမှ မအောင်မြင်နိုင်ဘူး
အရာရာ သတိထားလုပ်ကိုင် နေထိုင် ဆောင်ရွက်ရတယ် ဒါမှ အောင်မြင်နိုင်မှာနော်
ဟင်းချက်တော့ ဆား မပါသလို ပေါ့တည်း ပေါ့ပျက် နိုင်တယ် စားသတိ သွားသတိ လာသတိ အိပ်သတိ နေသတိ ထိုင်သတိနဲ့ ဂရုစိုက်ရတယ်.....

သတိ ဆိုတာ ဘယ်တော့မှ မလွန်ဘူး။
ဝီရိယ လွန်တတ်တယ် ။
သမာဓိ လွန်တတ်တယ်
ပညာ လွန်တတ်တယ်တဲ့ ၀ီရိယလွန်တော့(ဥဒ္ဓိစ ပျံလွင့်တတ်တာ)
သမာဓိလွန်တော့(ထိနမိတ္ထငိုက်မြည်းတာ)
ပညာလွန်တော့(ကောက်ကျစ်တတ်တယ်)
 
``ဘုရား´´မှအဲ့လိုဟောတာ ဒါကြောင့်သတိထားနေထိုင်ပါ ပြောဆိုပါ လုပ်ကိုင်ပါ မအိုချင် မနာချင် မသေချင်ပဲ အဖန်ဖန်သေနေရတာ သတိပဌာန်တရား အားထုတ်မှု့နည်းနေကြလို့.....

အိုဘေး နာဘေး သေဘေးမှ အကြိမ်ကြိမ် လွတ်မြှောက်ချင်ကြရင် တရားရှုမှတ်တဲ့ ၀ိပါသနာရှုမှတ်ပါတဲ့
သတိ ထားလုပ်ပါတဲ့ ဘာလုပ်လုပ်ပေါ့ ခွေးလေးတွေ ပုရွက်ဆိတ်ကလေးတွေ  ခြကလေးတွေ ငါးကလေးတွေဟာ လူဘ၀မှ သေတော့ ဘ၀ပြောင်းပြီး ရောက်နေကြတာ
""မမ ""တို့ ဒီခန္ဓာကြီးက စားချင်ကြတယ် လာချင်တယ် အိပ်ချင်တယ် သွားချင်တယ်
လိုအပ်နေတာတွေကြည့်ပဲလေနော်  ပြီးပြည့်စုံတယ်လို့ကို မရှိကြဘူး....

ဒီခန္ဓာကြီးက ဒုက္ခအသး ဒုက္ခအလတ် ဒုက္ခအကြီး အမြဲတန်း တောက်လောင်နေကြတာ
""ရဟန်းငယ်တစ်ပါးမှ"" တောမီးလောင်နေတာကြည့်နေရင်းနဲ့ မြက်ပင်အသေးမြက်ပင်အလတ် မြက်ပင်အကြီး
သစ်ပင်အသေး သစ်ပင်အလတ် သစ်ပင်အကြီးအကုန်လုံး တောမီးလောင်မြှိက်နေတာ ကိုမြင်မိတော့ကြည့်နေရင်းနဲ့
ပျောက်ပျက်ကုန် တာ မီးလောင်မြိုက်ရင်းနဲ့ မီးဝါးမျို ကုန်နေတာတွေ့တော့ အဲ့ဒီအချိန်မှာ တောမီးလောင်တဲ့ဘက်ကို မျက်နှာမူပြီး ""ရဟန်းငယ်မှ"" သူ့ ခန္ဓာကိုယ်မှ လောဘ အသေး အလတ် အကြီးဝေဒနာ အသေး အလတ် အကြီးကိလေသာ အသေး အလတ် အကြီးတွေကို ဥာဏ်နဲ့ရှု့နေတာပေါ့ အဲ့ဒါကို ""ဘုရားမှ"" သိတော့   ကျောင်းတော်ရာမှနေပြီး အသံတော်နဲ့အားပေးနေတယ်.......

"" ရဟန်းတော်ကလည်း ""ဥာဏ်နဲ့ ရှု့နေရင်း ရှု့နေရင်းမှ
မဂ်ဥာဏ်မှ ဝေဒနာကြီး ငယ် လတ် အကုန်လောင်နေတာကြည့်ပြီး
သံယောဇဉ် ကြီး လတ် ငယ် အကုန်လောင်သလို သတိရှေ့ထားပြီး ရှု့မှတ်လိုက်တာ""ဘုရားရှင်""  ကျောင်းတော်ကနေ သတိနဲ့ရှု့ဖို့  သတိမလွတ်ဖို့ အသံတော်နဲ့ ဟောကြားနေတယ်""ရဟန်းတော် ""ကိလေသာကြီး ကိလေသာ လတ် ကိလေသာငယ်ပြတ်လို့ ""ရဟန္တာ"" ဖြစ်သွားတယ်နော်...

အဲ့ဒါကြောင့် ညီမလေးတို့ ဘာလုပ်လုပ် ဘယ်အရာမဆို သတိတရားလေး လက်ကိုင်ထားပြီး သတိလေးနဲ့လုပ်ပါ
သတိ ကတော့ဘယ်တော့မှ မမေ့သင့်တဲ့အရာပေါ့ ဆိုပြီး ""မမ ""နာကြားဘူးတဲ့ တရားလေးကိုပြောပြဖြစ်ပါတယ်။

သူတို့ကိုဒီ တရားတော် ပြောပြတဲ့ အချိန်ကစပြီးညီမလေးတွေက မေ့တတ်တာ ကျန်တတ်တာ မဖြစ်တော့ပါဘူး
မေ့သွားလို့နော်ဆိုတဲ့ စကားလည်း မကြားရတော့ပါဘူးအရာရာ သတိထားလုပ်ကိုင်တတ်သွားကြပါတယ်။

တစ်လနေမည့် ""မ..မ "" ညီမလေးတွေနဲ့ စင်္ကာပူမှာ နှစ်လကြာ နေဖြစ်ခဲ့ပါတယ်။
သူတို့အလုပ်အားလပ်ခဲ့ရင်လဲ ""မမ "" ညီမလေးတို့နဲ့အတူတူတိုပိုင်းရိုး)ဘုန်းကြီးကျောင်း ကိုသွားဖြစ်ပါတယ်။

စကာင်္ပူမှ ခင်မင်ခဲ့သော ညီမလေးများသို့ အမှတ်တရ
(မ..မလွမ်းနေပါတယ်)

Saturday, August 31, 2013

ဘလော့ဂါဒေး အမှတ်တရ 31.8.2013

 ဘလော့ဂါဒေး အမှတ်တရ  31.8.2013

ဘလော့ ဘလော့ဂါ သူငယ်ချင်းများအတွက်

ဘလော့ဂါ စာပေ မြို့တော်ဟာ အတ္တကင်းမဲ့ဇုန်
 မေတ္တာရိပ်မြုံ ပေါ့ အလည်လာပါ သူငယ်ချင်း
ဘလော့ဂါတွေရဲ့ စာပေ.မြို.တော်ကို ဖိတ်ခေါ်ပါတယ် သူငယ်ချင်း

ငါတို.ဘလော့မြို.တော် လေးကို မင်းအိမ်လို သဘောထား
စိတ်ရင်းဖြူစင်စွာဖြင့် သန်.ရှင်း သပ်ရပ်အောင် စောင့်ရှောက်ပေးပါ သူငယ်ချင်း

သူငယ်ချင်းးးးး
သူငယ်ချင်း ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် မင်းပျော်ရင် ငါ ရယ်
မင်းပြုံးရင် ငါမြူး အားငယ်ချိန်အားပေး
 ၁ ယောက်ရင် ထဲရှိတာ ကို ၁ ယောက် မကွယ် မ၀ှက်
ဆိုးတိုင်ပင် ကောင်းတိုင်ပင် လက်တွဲဖော်ပေါ့ သူငယ်ချင်း

မင်းမှာ ရှိတဲ့ ဗဟုသုတ  အသိပညာ ၊ အတွေးအခေါ် ၊
ခံစားမျှဝေတဲ့ စာပေ ရပ်ဝန်းလေးပေါ့  သူငယ်ချင်း

စိတ်ပျော်ရွှင်စရာ ။ခဏအမောအပန်း ဖြေ သိပ်စရာ၊စာပေရပ်ဝန်းမှာ
မင်းလာချိန်မှာ ငါမရှိလဲ ငါလာချိန်မှာ ၊မင်းကိုမတွေ.လဲစာပေတွေကို
ဖတ်ရှုကြည့်ပြီး စိတ်ချမ်းသာမှု့ ဧည့်ဝတ်ကျေတယ် သူငယ်ချင်း

သူငယ်ချင်းး
အဖြူသက်သက်  လွတ်လပ်မှုထဲမှ သူငယ်ချင်းးးးးး

တကယ်ဆို
ငါတို့တွေဟာ  ညီအစ်ကို အရင်းမဟုတ်
 ဆွေမျိုးမတော် ငါတို့တွေဟာ  ဆရာတပည့်မဟုတ်
ငါတို့တွေဟာ မောင်နှမအရင်းမမည်  ငါ့လက်အောက်မှာ မင်းမရှိသလို
မင်းအပေါ်လည်း ငါမမှီခိုလေတော့ မင်းရဲ့တလွဲမာနတွေ ယူမလာနဲ့သူငယ်ချင်း

မင်းရဲ့သူငယ်ချင်း  ငါကလည်း  မင်း အလုပ်သမားမဟုတ်သလို
မင်းကလည်း ငါ့လုပ်ငန်းရှင်မဟုတ်ဘူး
မင်းကငါ့ရဲ့  အထက်လူကြီးမဟုတ်သလို
ငါကလည်း မင်းလခစားမဟုတ်ဘူး   သူငယ်ချင်း

ငါတို့တွေဟာ အာဏာရှင်နဲ့ ကျွန်တွေမဟုတ်
မင်းယုံကြည်ချက်နဲ့လမ်းကို မင်းသွားနေသလို 
ငါယုံကြည်ချက်နဲ့လမ်း  ငါသွားနေတာ  သူငယ်ချင်း

မင်းရဲ့အတ္တ မင်းရဲ့မာန ဘလော့ဂါဆိုတဲ့ ဒီမြို့တော်မှာ  ယူမလာနဲ့   သူငယ်ချင်း
ကိုယ့်နေရာ ကိုယ်နေထိုင်ကြတာ  သူငယ်ချင်း
ပျော်ရွှင်စရာ ဒီမြို.တော်မှာ ရာထူးဂုဏ်ထူး ဘေးဖယ်ထားလိုက်   သူငယ်ချင်း

ဘလော့ဆိုတဲ့ စာပေမြိုံ့တော်ဟာ
ဆင်းရဲ  ချမ်းသာ ဘေးဖယ်ထားလိုက်   သူငယ်ချင်း
အသက်အရွယ်   ဘေးဖယ်ထားလိုက်   သူငယ်ချင်း
ကျား မ  မဟူ လိင်တူ လိင်ကွဲ မခွဲခြားဘူး သူငယ်ချင်း

ဗဟုသုတရှာမှီးစရာ ရသ၊ သုတ ၊ ကဗျာ ၊လင်္ကာ၊ တရားတော်နဲ.
တိုင်းပြည်ရေးရာ သိမှတ်စရာ
နိုင်ငံရေးအကြောင်း ၁စေ.၁စောင်း
မှတ်သားနာယူ အဖြာဖြာပေါ့ ယူတတ်သူက ရနိုင်ပါတယ် သူငယ်ချင်း

၁ ယောက် ၁ကမ္ဘာ ဖော်ဝေးသူတွေ မေတ္တာ မျှရာ ခိုလှုံရာပေါ့
အေးချမ်းပါတယ်     သူငယ်ချင်း
မသိလဲခင် သိလည်းမင်ပေါ့   နွေးထွေးလှတယ် သူငယ်ချင်း
မမြင်လဲခင် မြင်လဲခင် ၊ မသိလဲလွမ်း သိလဲလွမ်း ။
စာဖတ်သူတွေ စာရေးသူတွေ သွားလာလည်ပတ် နားခိုရာပေါ့ သူငယ်ချင်း။

ကမ္ဘာအရပ်အရပ်ရပ်နေထိုင်သူတွေ ကျန်းမာပါစေ
နေကောင်းရဲ.လား ။ လက်ဆောင်ပေးရင်း လှည့်လည်
လည်ပတ် နားခိုရာပါ  သူငယ်ချင်း

ဘလော့ဂါဆိုတဲ့ စာပေမြိုံ့တော်ဟာ
 တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖဲ့ပေးရင်းနဲ့
ပရဟိတတွေ လက်ချင်းချိတ်ဆက် အများအကျိုးသယ်ပိုးပျော်ရာ
အတ္တကင်းမဲ့ဇုံ   စိတ်အပန်းဖြေစရာ   မေတ္တာရိပ်မြုံပေါ့   သူငယ်ချင်း

မင်းအားလပ်ချိန် စိတ်ညစ်ညူးချိန်
 မောပန်းလာချိန်မှာ  အနားယူပါ သူငယ်ချင်းးးးးးး

သူငယ်ချင်းဆိုသော  သူငယ်ချင်း 
မေတ္တာရိပ်မြုံ ဘလော့ဟုဆိုသော စာပေ မြို့တော်ကို
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်  သူငယ်ချင်း




ကမ္ဘာမြေရဲ့ အဝေးတစ်နေရာမှ
မေတ္တာပေးဝေနေတဲ့
သူငယ်ချင်း ရဲ့ သူငယ်ချင်းးးး

အားလုံးဘေးရန်ကင်းဝေး :emoticons:ကျန်းမာပျှော်ရွှင်ကြပါစေ..

စာဖတ်သူ၏ အားပေးမှုသည် စာရေးသူ၏ အင်အားတစ်ရပ်ဖြစ်ပေါ်စေပါသည်..
အကြောင်းအမျိုးမျိုးကြောင့်
လိုင်းမကောင်းလို့ အိမ်လေးတွေမလည်နိုင် စာမတင်နိုင် မမန့်နိုင်ခဲ့ရင်လည်း

စာပေလောကထဲမှ မန်ဘာများနဲ့ စာရေးသားသူများမှ သည်းခံပြီး နားလည်ပေးပါနော်..





Thursday, July 18, 2013

အာဇာနည်ခေါင်းဆောင်ကြီးများကို ပို့ဆောင် သင်္ဂြုလ်ခဲ့သော ရုပ်သံ


    



၁၉၄၈ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့ ဂျူဗလီဟော မှ အာဇာနည်ကုန်း သို့ပို့ဆောင် သင်္ဂြုလ်ခဲ့ကြသော မော်ကွန်းရုပ်ရှင် ရုပ်သံမှတ်တမ်း

အာဇာနည်နေ့ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းဘ၀ဖြစ်စဉ်နင့် မိန့်ခွန်း...


အာဇာနည်နေ့ အမှတ်တရ ဗိုလ်ချုပ်အောင်ဆန်းဘ၀ဖြစ်စဉ်နင့် မိန့်ခွန်း...




    



အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်၊ တပ်မတော်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ ဘ၀ဖြစ်စဉ်နင့် မိန့်ခွန်းများအား အာဇာနည်နေ့အမှတ်တရ ဖြစ် Google မှ ရှာဖွေတင်ဆက်ပေးခြင်းဖြစ်ပါသည်

Friday, June 7, 2013

ချစ်ခြင်း မုန်းခြင်း ကင်းမဲ့စွာဖြင့်


ချစ်ခြင်း မုန်းခြင်း အုပ်စုထား မာနတရားများ   ????????????????

ကိုဇော်ရဲ့စာပေ
http://zaw357.blogspot.com/

ကောင်းကင်ကိုရဲ့ ကဗျာဖတ်ပြီး
http://kaungkinko.blogspot.com/

ဒီအွန်လိုင်းပေါ်ရောက်လာတာပါ..
လင်ခ့်ပေးပို့သူကျေးဇူးရှင်ကတော့
ကိုဇော်သူငယ်ချင်းဖြစ်သော ကိုရင် ခေါ် ရင်လှိုင်မင်း
(ဖန်တည်းနိုင်သောအချစ်နှင့် မိုက်တီးလေးများ )

စကာင်္ပူမှ သမီးသူငယ်ချင်းလေး
ကြည်သာမှ ကောင်းကင်ကို လင်ခ်ပေးပါတယ်..

မာတီမှ ကိုတိုးကြီးပြော၍ ယ္ခုဖတ်ဖြစ်နေသောစာပေ
http://www.mindin.info/

စာပေစတင်ရေးသားဖြစ်တာကတော့
ကျော်ဘိုဘိုထွဋ်ရဲ့
ဆောင်းဆန္ဒ  ကဗျာလေးတပုဒ် ဖတ်မိပြီး စာပေများရေးသားဖြစ်ခဲ့ခြင်းပါ

အင်တာနက်ပေါ်မှာ ပရဟိတကိုလုပ်ဖြစ်အောင်
ရှေ့ဆောင်လမ်းပြသူကတော့ STA မှလင်းk ဖြစ်ပါတယ်
ကူညီလက်တွဲ အားပေးဖော်များကတော့ မာတီမှကိုကြီး ယ္ခု STA


Multiply.com
 မာတီမှ ဦးဇင်းလေးဝရသာမိ နှင့် ကိုသစ်ကိုနှင့်
ကိုမင်းသူရိန် ခေါ်ကိုလင်းစေတမန်(ကွယ်လွန်)နှင့်
MMG ပရဟိတကိုလင်းအောင်ပြည့်နှင့် ညီမမေဇူးမောင်ညီမများဖြစ်ပါတယ်..

မိတ်ကောင်းဆွေမွန်များစွာကတော့နိုင်ငံတကာမှ ပြည်တွင်းပြည်ပမှ ရပ်ဝေး ရပ်နီး
ဘာသာအမျိုးစုံမှ စာဖတ်သူ ကူညီသူ လှူတန်းသူများနှင့် မင်္ဂလာဈေးမှသူငယ်ချင်းများ
ဆွေမျိုးမောင်နှမများ ဖြစ်ပါတယ်..



တတ်လို့သိလို့ရေးသားခြင်းမဟုတ်ပါဘူး

ငယ်စဉ်ကာလမှစ ညွန်ပြသွန်သင်ပေးသော ဘုန်းဘုန်းများနှင့်
နာကြားထား ဖတ်မှတ်ထားသော တရားတော်များနှင့်
ဖတ်မှတ်ခဲ့ဘူးသောစာအုပ်စာပေများနှင့် ဘဘဦးသာဂဒိုး လမ်းပြပေးသော
ကြောင့် စိတ်ကူးလေးများ ဖြတ်သန်းသွားမိသမျှကို ဝေမျှခံစားမိအောင် ရေးသားခြင်းဖြစ်ပါတယ်


စာပေလက်တွဲဖော်သူငယ်ချင်းများနဲ့စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများ
ပရဟိတ သူငယ်ချင်း မိတ်ဆွေများ အားလုံးကိုကျေးဇူးတင်နေပါတယ်..

အစစအရာရာအားပေးကူညီခဲ့သော

နိုင်းဆိုဒ်မှ စာပေမိတ်ဆွေ ပရဟိတ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်..

အုပ်စုထား မာနတရားများ ကင်းဝေးကြပါစေ..

သတိနောက်မှာ အသိလေးကပ်ထားနိုင်ကြပါစေ..

ချစ်ခြင်း မုန်းခြင်း ကင်းမဲ့စွာဖြင့်



http://www.yinminkhine.com/

Sunday, April 21, 2013

ကမ္ဘာ့အရှားပါဆုံး သဘာဝဖြစ်ရပ်တစ်ခုဖြစ်တဲ့ ဩစတြေးလျနိုင်ငံ မီးဆင်နှာမောင်း




    






ကမ္ဘာ့အရှားပါဆုံး သဘာဝဖြစ်ရပ်တစ်ခုဖြစ်တဲ့ မီးဆင်နှာမောင်းကို ဩစတြေးလျနိုင်ငံ အလယ်ပိုင်းဒေသမှာ စက်တင်ဘာ ၁၁ရက်နေ့က တွေ့ရပုံ။ ၁နာရီ ၃၅ကီလိုမီတာနှုန်းလောက်နဲ့ မိနစ်၄၀ကြာ မွှေ့ရမ်းတိုက်ခတ်တတ်တယ်လို့ ခန့်မှန်း။ ၁၉၂၃ခုနှစ်တုန်းက ဂျပန်နိုင်ငံ ကန်တိုမြို့မှာ တိုက်ခတ်သွားဖူးတဲ့ မီးဆင်နှာမောင်းဟာ လူ၃သောင်း၈ထောင်လောက်ကို ၁၅မိနစ်ခန့်အချိန်အတွင်း သေဆုံးစေခဲ့ဖူး။
By ရွှေမြန်မာများ Myanmar The Golden Land


..

ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူခြင်း


ယ္ခု နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ပိုပြီး ပူပြင်းလာတယ်
တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ်
ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့
ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမ္ဘာမြေကို ဆေးကြော
ပေးနေတယ်
ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ
မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်..
အမြတ်ကြီးစား ၀ိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ
မျှော့တွေ သန်းတွေ သွေးစုပ်သတ္တ၀ါတွေပေါများလာတယ်..
ဣဿာ မစ္ဆာရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ
ကောက်ကျစ်မှုတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ်
ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ
တစ်ဘို့တည်းသော သတ္တ၀ါတွေ ပေါများလာတယ်..
အညီအဟောက် စားသောက် ကြည့်ရှုတာ များလာတော့ မှုဒိန်းမှုတွေ ပေါများလာတယ်
ယင်များ မှက်များ ပေါများလာတယ် ကြီးနိုင် ငယ်ညှင်း ကမ္ဘာကြီးမှာ သတ္တ၀ါတွေ
အကုသိုလ်ပေါများလာတော့ ကမ္ဘာကြီးပိုပူလာတယ် (တရားဒေသနာမှာ ငရဲပြည်ပူတာ ကြားဘူးတယ်)(နာကြားတဲ့ တရားတော်မှာ အိမ်သာထဲမှ လောက်က ဘ၀ ဘ၀ တွေက လာတာတဲ့နော်)
မြတ်ဘုရားရဲ့ တရားတော်နှင့်အညီ ကျိုးကြောင်း ပြညွန် ပြောဆို သွန်သင်
ဆုံးမခြင်းတွေကို လိုက်နာကျင့်ကြံသူတွေ နည်းပါးလာတော့ အသိပညာမဲ့သူတွေ
ပေါများလာတယ်..
ကမ္ဘာမြေပေါ်မှာ မတရားအနိုင်ကျင့် ရယူ သိမ်းပိုက်မှုတွေ ပေါများလာတော့
ဆူနာမီ ရေကြီး ငလျှင် မြေပြို မီးတောင်ပေါက်ကွဲပြီး ပူပြင်းစွာနဲ့
ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး
ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူပြီး မဆိုစလောက်လေး ပျောက်သွားမှာ..




Friday, April 5, 2013

ဝ, လုံးကိုကြည့်ရင်း အဝေမျှလို့ .အမျှဝေကြပါ..

ဝ, လုံးကိုကြည့်ရင်း
သုညက အယောင်ဆောင်ထားတာလား ... ?
O ..ဇီးရိုးလား မသေချာတဲ့လောကမှာ
သင်ခန်းစာအတိုင်း ဖတ်နေကြတာများတယ်..

မသူတော်တွေနိုးထလို့ သူတော်တွေ အိပ်ပျော်နေချိန်မှာ
အမှန်တရားနဲ့ တရားအမှန်ဟာ ကောင်းကင်ပေါ် ခရီးခဏထွက်တယ်..

က ကြီး .. ယ ပလက် ..င် ငသတ်.. ဒ ဒွေး တွေးကြည့်ပါ

သင်ခန်းစာက..
လိုတာယူလို့ ယူတာရနေတာ မတူတာ ပြနေတာ
စိမ့်ကြီးမြိုင်ကြီး ဂနိုင်ကြီးမှာ အထာကျနေရှာ
မြင်သလောက်ငင် ထင်သလောက်ဝင်
မြေပေါ်မြေအောက် နေရာချနေတာ..
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးလို့ လိုတာရနေတာ..
လိပ် ပက်လက်လှန် ပြည်သူခမျာ ယက်ကန် ယက်ကန်
သွေးရူးသွေးတန်း ဆန့်တငင် ငင် လုံးချာလည်လိုက်
ဝိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့ အမျှဝေနေရှာ..

ဆည်မြောင်း တာတမံ ဆောက်လုပ်ပြီးတော့
ရေထဲမျှောသေ ဆင်းရဲမွဲတေ ပပျောက်ရေးပေါ့
မပေါ်သမျှတော့ ဖော်လံဖားများ ကြည့်လို့လှနေမှာ
ရေထဲငုတ်တုတ်ထိုင် ယိုသမျှဟာ
မစင်အပေါ်တက်.. အရှက်ရစေတာ ..

ဓါးမဦးချ တောင်ယာလယ်ကွက်
ပြည်ပတိုင်းပြည် ချမ်းသာကြဖို့ ၀င်လာ.. မျှယူတာ
တောကြီးမြက်မဲ စိမ့်စမ်းရေအိုင် မြိုင်ကြီးဂနိုင်ကြီး ရှာလို့မတွေ့နိုင်ပါ
သစ်ဝါးပေါလို့ ပြည်ပနိုင်ငံအလည်ထွက်နေရှာ
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးပြီး ယူတာရနေတာ ..

မြေပေါ်မြေအောက်
စိန် ရွှေ ရတနာ သံယာဇာတ ကျောက်သံပတ္တမြား
ဇယ်တောက်ကစားဖို့ ပြည်ပနိုင်ငံ ရရှိသွားပေါ့
ဒို့တိုင်းပြည်ကို ဂုတ်ခွစီးနေတာ ..
အဝေမျှလို့ .အမျှဝေကြပါ..

Sunday, March 31, 2013

ကိန္နရီ ကိန္နရာ သိကောင်းစရာ ....


..... ကိန္နရီ ကိန္နရာ သိကောင်းစရာ ....


ကိန္နရာ ( ကိံ + နရာ ) နရာ - ထိုလူသည်၊ ကိံ - ဘယ်လိုပုံပန်းသဏ္ဍာန်ကြီးလဲ ?
ကိန္နရီ ( ကိံ + နရီ ) နရီ - နာရီ - ထိုအမျိုးသမီးသည်၊ ကိံ - ဘယ်လို ပုံပန်းသဏ္ဍာန်လဲ ?
...
ဒါကတော့ သက္ကဋ ဘာသာက ဆင်းသက်လာတဲ့ စကားလုံးတစ်ခုကို စာရေးသူရဲ့ တတ်သလောက် မှတ်သလောက် ဥာဏ်လေးနဲ့ definition အဓိပ္ပါယ် ဖွင့်ကြည့်တာပါ။ များပြားလှတဲ့ ဇာတ်တော်တွေ သမိုင်းတွေ ရှိခဲ့တာမို့ ခေတ်တိုင်း ခေတ်တိုင်းမှာ ရှိနေတယ်လို့ အတိအကျ သတ်မှတ်ဖို့ ခဲယဉ်းပေမယ့် ဟို ရှေးအတိတ်ဆီကတော့ ကိန္နရီ ကိန္နရာ တွေ ရှိခဲ့တယ် ဆိုတာ လက်ခံရမှာပါ၊

ကိန္နရာသည် လူတစ်ပိုင်း ငှက်တစ်ပိုင်း တိရစ္ဆာန်မျိုးဖြစ်သည်။ ကိန္နရာများ၏ ပုံသဏ္ဍာန်မှာ ခေါင်း ကိုယ် လက်တို့သည် လူကဲ့သို့ ခက်မငါးဖြာရှိသည်။ မျက်နှာသဏ္ဍာန်၊ ခြေလက်သဏ္ဍာန်တို့သည် လူနှင့်မတူ။ ကိန္နရာ၏ ခံတွင်းမှ လည်ပင်းအထိ မြင်းနှင့် တူ၍ လည်ပင်းမှ အောက်ခြေဖျားအထိ နှုတ်သီး၊ လက်ခြေတို့သည် ငှက်နှင့်တူသည်။

ရွှေရောင်အဆင်း ရှိသည်။ ကိန္နရာသည် အထီးဖြစ်၍ ကိန္နရီသည် အမဖြစ်သည်။ ကိန္နရာကိန္နရီ
များသည် ဟိမ၀န္တာတောတောင်ကြီးများတွင် နေထိုင်ကြသည်။ မြန်မာနိုင်ငံ ကယားပြည် ငွေတောင်ပေါ်တွင်လည်း နေခဲ့ဟန်တူသည်။ ကယားလူမျိုးများသည် ကိန္နရာ ကိန္နရီများမှ ဆင်းသက်ပေါက်ဖွား လာသည်ဟု ယူဆကြ၏။ ၎င်းတို့၏ အလံ၌ အလယ်ဗဟိုတွင် ကိန္နရာရုပ်ကို ဂုဏ်ပြုသည့်သဘော ထည့်သွင်းထားသည်။

ကိန္နရာများသည် အတီးအမှုတ်၊ အကအခုန် တတ်သည်။ ကိန္နရာများသည် ရေကိုကြောက်တတ်သည်။ ချောင်းမြောင်းများတွေ ရေပြည့်လျှံလျင် မကူးဝံ့ပေ။ ရေကျသည်အထိ စောင့်ဆိုင်းတတ်သည်။

ကိန္နရာ နှင့် လူ့စကား

ကိန္နရာတို့သည် လူ့စကားကို မပြောဆိုကြကြောင်း မြတ်ဘုရား ဟောစကားတွင် မှတ်သားရ၏။

(၁) လိမ်ညာ မုသားစကား မပြောလိုပါ၊
(၂) သူတပါးကိုလည်း ( လူသားများကဲ့သို့ ) မမှတ်မမှန် မုသားများနှင့် မစွပ်စွဲလိုပါ၊

ထို့ကြောင့်ပင် ကိန္နရာများသည် လူ့စကားကို ပြောတတ်သော်လည်း မပြောဆိုကြဟု သိရ၏။



မာန်လည်ဆရာတော်၏ မဃဒေ၀လင်္ကာသစ် တွင်မူ

`ဟေမာလယ၊ တောမြိုင် ၀က၊ ဒေ၀ စန္ဒ၊ သကုဏနှင့်၊ ဒုမ ကောန္တ၊ ထိုပြီ အပ၊ ကဏ္ဏ ပါဝု၊ အစ ပြုသား၊ လူ့ကိုယ် လူ့လက်၊ လူ့မျက်ခွက်နှင့်၊ တချက် ရုပ်ဆောင်း၊ မြင်းခေါင်းတူလှည့်၊ ငှက်၏ ကိုယ်မှာ၊ လူမျက်နှာက၊ လူဝါ လူသွင်၊ ဆံပင် နောက်လန်၊ ယမံ ငယ်သွေး၊ ငှက်မွေး တောင်ပေါက်၊ ရွယ်မဖောက်ဘဲ´ စပ်ဆိုထားသည်။

ကိန္နရာ အမျိုးအစားများ

• ၁။ ဒေ၀ ကိန္နရာ
• ၂။ စန္ဒ ကိန္နရာ
• ၃။ ဒုမ ကိန္နရာ
• ၄။ ဒဏ္ဍမာန ကိန္နရာ
• ၅။ ကောန္တ ကိန္နရာ
• ၆။ သကုဏ ကိန္နရာ
• ၇။ ကဏ္ဏပါဝုရဏ ကိန္နရာ တို့အပြင်
ဝေဿ၀ဏ္ဏ ( ကုဝေရ ) နတ်မင်းကြီးစံရာ အာဠကမန္ဒာဝီသာဏမြို့၊ ဓရဏီရေကန်တွင်လည်း လှံတံ တောင်ဝှေး စွဲကိုင်သည့် ဒဏ္ဍမာဏ၀ိက ကိန္နရာမျိုး တို့ရှိကြသည်။

သာရတ္ထသင်္ဂဟ ကျမ်းလာ ကိန္နရီ များအကြောင်း

ကိန္နရီမနှင့် လူသားမုဆိုးတစ်ဦး အကြောင်းပါကာ တိဿ နှင့် သုမန မည်သော သားနှစ်ဦးကို ဖွားမြင်ခဲ့သည်။ ထိုသားနှစ်ဦးသည် ၀ရုဏရဟန္တာ ထံတွင် တပည့်ခံ၍ ရဟန်းပြုသည်။ တိဿရဟန္တာ နှင့် သုမိတ္တာရဟန္တာ ဖြစ်လာသည်။
တိဿရဟန္တာ ( ကောန္တပုတ္တတိဿထေရ် )သည် သိရိဓမ္မာသောကမင်းကြီး လက်ထက်တွင် ပရိနိဗ္ဗာန်စံ သည်။ ပရိနိဗ္ဗာန်စံသည့်အခါ လောင်တိုက် တလား အဆောက်အဦများမှာ လက်ဝဲလင်္ကျာ ကိန္နရီမရုပ်များ ဆင်ယင်ထားကြသည် ဟူ၏။ ထို့ကြောင့် နောက်ပိုင်း ဘုန်းကြီးပျံများတွင် လောင်တိုက် တလား တို့၌ ကောန္တကိန္နရီရုပ်များကို ထုလုပ်ကြသည်။

ဟံသာဝတီရောက် မင်းတရားစာတမ်းတွင်လည်း ငါးထပ်ကြီးဒါယကာမင်း လက်ထက် အနောက်သလ္လာဝတီမြစ်မှာ ကိန္နရာတစ်ကောင် မျောလာ၍ ဆယ်ယူရဘူးသည်။

ဝိနိစ္ဆယပကာသနီ ဓမ္မသတ်လင်္ကာ ၌

`နတ်ကိန္နရာ၊ ဟေ၀န္တာက၊ ချိန်ခါ ရေဦး၊ မျောလာ ဘူးဟု၊ ချီးကျူး ကျေညာ၊ ထင်ရှား စွာသား၊ သလ္လာ ၀တီ၊ ရေသီတာလျှမ်း၊ ထိုမြစ် ကမ်းမှ၊´
စသည်ဖြင့် ရေးစပ်ထားသည်ကို တွေ့နိုင်ပေသည်။

• ကိန္နရာများသည် ကိုယ် နှုတ် စိတ် သုံးပါးလုံး နူးညံ့သည့် အမူအရာရှိခြင်း၊
• အာဟာရ အဖြစ် ပန်းဝတ်ဆံကိုသာ စားသုံးခြင်း၊
• ငါးပါးသော အဆင်းအင်္ဂါနှင့် ပြည့်စုံခြင်း၊
• ဘုရားပွင့်တော်မူသည့်နေ့တွင် ၀မ်းမြောက်ဝမ်းသာ ကခုန်မြူးတူးခြင်း စသော မင်္ဂလာများကြောင့်
မြန်မာမင်းများ၏ ရာဇပလ္လင် ဥကင်လက်ဝဲ၊ လက်ျာတွင် ကိန္နရာကနေသည့်အသွင် ထုလုပ်ကြသည်။
မြန်မာဗေဒင်ကျမ်း ၁၂-ရာသီတွင် မေထုန်ရာသီအိမ်၌ ကိန္နရာ ဖိုမအရုပ်နှင့် အမှတ်အသားပြုထားသည်။

ကိန္နရာ အက

ရှမ်းတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိ၏။
ကယားတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်များ၌ ကိန္နရာ အက ကလေ့ရှိသည်။

ကိန္နရာ ချစ်ပုံပြင်

ကိန္နရီ ကိန္နရာ မောင်နှံတို့သည် တစ်ယောက်နှင့်တစ်ယောက် အလွင်ချစ်ခင်ကြပြီး ကွဲကွာနေသောအခါ ငိုယိုရခြင်းကြောင့် သံလွင်မြစ် ဖြစ်လာသည်ဟု ပင်ဆိုသည်။တစ်ညတာ ဝေးရရင်ဖြင့် နှစ်ပေါင်း ၇၀၀ ဝေးရသလိုပင် - စသည်ဖြင့် ဂီတ ၀ါသနာရှင်များ စပ်ဆိုထားသည်ကို နားထောင်မိဖူးသည်။ သူတို့သက်တမ်းသည်လည်း နှစ်ပေါင်း ထောင်ချီ နေရသည့် သတ္တ၀ါမျိုးမို့ ထိုအ ဆို မှန်ကောင်း မှန်နိုင်ပေမည်၊ သို့မဟုတ် သိင်္ဂါရရသ ပေါ်လွင်အောင်ပဲ အတိဝုတ္တဒေါသ( စကားကို မဖြစ်နိုင်ပဲ အလွန်အကျွံ ပြောဆိုမှု့ ) သင့်အောင် ဖွဲ့နွဲ့ ကြသလား မပြောတတ်ပေ။ ထို့ကြောင့်ပင် အချစ်ကြီးသူတို့ကို ကိန္နရီ ကိန္နရာ မောင်နှံ အဖြစ် တင်စားလေ့ရှိကြပါသည်။

ကျမ်းကိုး

အဂုင်္တ္တိုရ် ပါဠိတော် ဒုကနိပါတ်
မဟာဝင်
အာဋာနာဋိယသုတ်
အဘိဓာန်ဋီကာ
ဘလ္လာတိယဇာတ် အဌကထာ
သာရတ္ထသင်္ဂဟ ကျမ်း
https://www.facebook.com/pages/%E1%80%B1%E1%80%91%E1%80%9B%E1%80%9D%E1%80%AB%E1%80%92%E1%80%97%E1%80%AF%E1%80%92%E1%81%B6%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%80%8A%E1%80%B9/335471433162716
.