Pages

Showing posts with label တရား. Show all posts
Showing posts with label တရား. Show all posts

Wednesday, June 29, 2016

ခဏလေးနော်

ခဏလေးနော်
ဒီခဏလေးကို လူလည်းဖြစ် ဘုရားသာသနာတွင်းကြုံ ထောင်နိုင်တဲ့နားလည်းပါတယ်..
ဒီခဏလေးကို ရုပ်နဲ့နာမ်လှည့်ပါတ်နေတာ..
ဒီခဏလေးကို ခန္ဓာသည် သေရွာလမ်းမှတစ်ပါးဘယ်မှမသွားပါ
ဒီခဏလေးကို အသေမဦးခင်ဥာဏ်ဦးဖို့ပြင်ပါ
ယ္ခုရထားသော ခဏလေးကို သောက ပရိဒေ၀တွေ မလောင်ပါစေနဲ့
ယ္ခုရထားသော ခဏလေးကိုစိုးရိမ်ကြောင့်ကြမှုနှင့် အချိန်မကုန်ပါစေနဲ့
မဂ်ဥာဏ်ရနိုင်သော ခဏလေး ယ္ခုကြုံနေချိန်
ကိုယ့်ခဏလေးကို ကိုယ်နှမျှောပါ..
ကိုယ့်အရေးကိုယ်ကြည့်ပါ ယ္ခုခဏလေးပြန်မရပါ..
ဒုက္ခုခပ်သိမ်းကင်းငြိမ်းရာကို ကိုယ်လုပ်မှကိုယ်ရနိုင်မည်..
သူများအရေးကြောင့်ရင်ထုမနေပါနဲ့
ကိုယ့်အရေး အပါယ်လေးပါးဘေး တွေး၍ ရင်ထုပါ..
ကိုယ့်အနာမပျောက်သေးပဲနှင့် သူများအနာအတွက် မျက်ရည်ကျမနေပါနဲ့
ယ္ခုခဏလေး ကိလေသာဖြစ်သော သားအတွက်
သမီးအတွက် ဆွေအတွက် မျိုးအတွက် မြို့ရွာအတွက်ယ္ခုခဏလေးအချိန်မကုန်ပါစေနှင့်
ဒိဌိစင်မှ နိဗ္ဗာန်ရနိုင်မည်..

မိုးကုတ်ဆရာတော်ဘုရားဦးဝိမလ






Saturday, July 12, 2014

ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်ဖောင်ဇင်း ဓါတ်တော်များ


 
ဖောင်ဇင်းဆရာတော်ဘုရား ဓါတ်တော်
ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်
စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..



 ဆားတောင်ဆရာတော်ဘုရား
ဆားတောင်ဆရာတော်ဘုးရား ရုပ်ကလပ်

စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..

Wednesday, October 24, 2012

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ

World Of Wisdom: ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ: " သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ " “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ” ...

ဆရာဒကာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "
“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ”
လို့ဆိုပြီး အဲဒီဗုဒ္ဓ၊ အဲဒီသံဃာတွေကို ကိုးကွယ်ရမှာပါ၊ ယခုလို အပြောင်းအလွှဲရှိနိုင်တဲ့ ပုထုဇဉ်သံဃာတွေကို ဆိုတာကတော့ နောင်ရေး၊ နောင်ဘဝရေးကို သာသနာ့ဝန်ထမ်းနေတဲ့ ပုဂ္ဂိုလ်တွေလို့ဆိုပြီးတော့ အားပေးကြရမယ်၊ ဒကာ-ဒကာမတွေက အားပေးကြရမယ်၊ အဲဒီလို အားပေးကြတဲ့အတွက် ဒကာ-ဒကာမတွေမှာ ကုသိုလ်တွေပွါးလို့၊ မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ ပြီးတော့ ဒီကသံဃာတော်တွေကလဲ စိတ်ကောင်းကောင်းထား၊ ကောင်းကောင်းနေထိုင်၊ ကောင်းကောင်းကျင့်ကြတဲ့အတွက် မဂ်ဖိုလ်နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်တွေပွါးလို့၊ အဲဒီလို ဆိုတော့ကာ ဆရာရော ဒကာပါ "ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ" ဆိုသလို အချင်းချင်းအားထား၊ ကုသိုလ်တွေပွါးပြီးတော့ ဓမ္မစကြာမှာပါတဲ့ သစွာလေးပါးကို မျက်စိနဲ့ မြင်သလို ဉာဏ်နဲ့ မြင်ကြရလိမ့်မယ်။


ဘုရားရှင် လက်ထက်တော်တုန်းက သာသနာတော်တွင်းက အရှင် သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပတို့ အမှူးရှိတဲ့ သံဃာတော်များစွာ အတွင်းလမ်းကနေပြီးတော့ သူတော်ကောင်းတရားတွေ ပြီးစီးအောင် ကြိုးစားတော်မူခဲ့ကြတယ်၊ အနာထပိဏ်သူဌေး၊ ဗိမ္မိသာရမင်းတို့၊ ဝိသာခါတို့ အဲဒီလို သူတော်ကောင်းတွေက အပြင်လမ်းကနေပြီးတော့ သာသနာတော်ကို ကူညီထောက်ပံ့ခဲ့ကြတယ်၊ အဲဒီတုန်းက ဝိသာခါတို့များ ဘယ်လောက် အမြင်ကျယ်သလဲဆိုတော့ မြတ်စွာဘုရားကို လျှောက်ထားတယ်၊

"အာဂန္တုတွေများ ကြွလာလို့ရှိရင် တပည့်တော် အမြဲဆွမ်းကပ်ပါရစေဘုရား"  တဲ့၊

"ဝိသာခါ - သင်က ဘယ်အကျိုးထူးကို မြင်လို့ အာဂန္တုက လာသမျှ ဆွမ်းကပ်ချင်သတုန်း"  လို့ မြတ်စွာဘုရားက မေးတော့

"တပည့်တော်များက နောင်ကျတော့ ဘယ်ရဟန်းဖြင့် ပရိနိဗ္ဗာန်စံသွားသတဲ့လို့ မေးပါမယ် ဘုရား၊ အဲဒီလို မေးလို့ ကြွလာဖူးပါတယ်ဆိုတာ သိရတဲ့အခါ အဲဒီ ကိုယ်တော်မြတ်ဖြင့် ငါ့ရဲ့ဆွမ်း ဘုဉ်းပေးဖူးပြီဆိုပြီး အင်မတန် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါလိမ့်မယ်ဘုရား၊ အဲဒါကြောင့် ကြွလာသမျှ အာဂန္တုရဟန်းကို တပည့်တော် ဆွမ်းကပ်ပါရစေဘုရား"  လို့ လျှောက်ပါတယ်။


ဒါကြောင့် 

"သာဂါရာစ - အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြသော ဗိမ္မိသာရမင်း၊ အနာထပိဏ်သူဌေး၊ ဝိသာခါ အစရှိတဲ့ လူဝတ်ကြောင်တို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာမထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ၊ အရှင်အာနန္ဒာ အစရှိတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်ဦးတို့သည်၊

အညောညနိဿိတာ - ကိုင်းကို ကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊ "

အကယ်၍များ ဝိသာခါတို့၊ အနာထပိဏ်တို့၊ ဗိမ္မိသာရမင်းတို့လို ခေါင်းဆောင်တွေ မရှိဘူး၊ နောက်လိုက်တွေလဲ မရှိဘူးဆိုရင် ဒီသာသနာတော်မြတ်ကြီးဟာ ကြာကြာ တည်နိုင်စရာ မရှိပါဘူး။


" သာဂါရာ အနာဂါရာ စ၊ ဥဘော အညောညနိဿိတာ၊ အာရာဓယန္တိ သဒ္ဓမ္မံ၊ ယောဂက္ခေမမ နုတ္တရံ။ "

သာဂါရာစ - ဧည့်အိမ်ရာတည်ထောင်၊ လူတို့ဘောင်၌ နေကြကုန်သော လူဝတ်ကြောင် သူတော်ကောင်းတို့သည်လည်းကောင်း၊

အနာဂါရာစ - အိမ်ရာ မထောင်၊ သာသနာ့ဘောင်၌ နေကြကုန်သော ရဟန်း သူတော်ကောင်းတို့သည်လည်းကောင်း၊

ဥဘော - ဆရာဒကာ နှစ်မျိုးတို့သည်၊

အညောညနိဿိတာ - ကိုင်းကိုကျွန်းမှီ၊ ကျွန်းကိုင်းမှီသို့၊ ပမည်မယွင်း၊ အချင်းချင်း အားထားကြကုန်လျက်၊

 ယောဂက္ခေမံကာမယောဂ၊ ဘဝယောဂ၊ ဒိဋ္ဌိရောဂ၊ အဝိဇ္ဇာယောဂဆိုတဲ့ ယောဂတို့၏ ပျောက်ပျက်ကုန်ဆုံးရာဖြစ်သော၊

အနုတ္တရံ - အတုမရှိ မြတ်သော၊

သဒ္ဓမ္မံ - သစ္စာလေးတန်၊ မဂ်ဖိုလ်နိဗ္ဗာန်ဟူသော သူတော်ကောင်းတရားကို၊

အာရာဓယန္တိ - ကိုယ်စီကိုယ်ငှ၊ ပြီးစီးနိုင်ကြစေကုန်သတည်း။
 ......................................
The eXistence မှ
အရှင်ဇနကာဘိဝံသ ဓမ္မစကြာတရားတော်နှင့် အနတ္တလက္ခဏသုတ်တရားတော် စာအုပ် (စာမျက်နှာ၂၅၃-၂၅၅) မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။

Tuesday, October 23, 2012

*ပုညကြိယာ ( ၁၀ ) ပါး*

*ပုညကြိယာ ( ၁၀ ) ပါး*

မိမိစိတ် အစဉ်ကို ဖြူစင်သန့်ရှင်း စေတက်သော တရားများ ( ပါဠိလို - “ပုည” ၊ မြန်မာလို “ ကောင်းမှု=ကောင်းသောအမှု ဟုခေါ်သော ) ပုညကြိယာဝတ္ထု (၁၀) ပါးအား တင်ပြလိုက်ပါသည်။
(၁) ဒါန
(၂) သီလ
...
(၃) ဘာဝနာ
(၄) အပစာယန
(၅) ဝေယျာဝစ္စ
(၆) ပတ္တိဒါန
(၇) ပတ္တာနုမောဒန
(၈) ဓမ္မဿဝန
(၉) ဓမ္မဒေသနာ
(၁၀) ဒိဋ္ဌိဇုကမ္မ
တို့ဖြစ်သည်။
ပုညကြိယာ (၁၀) ပါး ကိုလေ့လာပြီးနောက် မိမိသည် နေ့စဉ် ပုည ကြိယာ ဘယ်နှစ်ပါး နှင့် ပြည့်  စုံနေသလဲ ဆိုတာ ကို စစ်ဆေးရင်း မိမိကို ကိုယ် ကြည်ညို နိုင်ကြပါစေ။
(၁) ဒါန
စွန့်ကျဲပေးကမ်းလှူဒါန်း မှု ကို ဒါန ဟုခေါ်သည်။ ဒါနသည် စေတနာ ဒါန ၊ ဝတ္ထုဒါန ဟူ၍ နှစ်မျိုး ရှိသည်။ ဆွမ်း ၊ သင်္ကန်း ၊ ဆေး ၊ ကျောင်း စသည် တို့သည် စေတနာ ဒါန မည်၏။ ထိုဝတ္ထုများ လှူ ဒါန်းနေသော အခါ ကိုယ်အတွင်း ၌ စိတ်စေတနာတို့သည် ဖြစ်၏။ ထိုစေတနာ ကို စေတနာ ဒါန ဟုခေါ်သည်။ နောက်ဘဝ သံသရာ တွင် အကျိုးပေး ရာ၌ ဆွမ်း ၊ သင်္ကန်း ၊ကျောင်း စသော ဝတ္ထု များက အကျိုးပေးကြသည် မဟုတ်ဘဲ အတွင်း သန္တာန်၌ ဖြစ်ကြသော စေတနာ ဒါန ကသာ အကျိုးပေးကြသည်။ လှူဖွယ်ဝတ္ထု ဒါနစုမှာ စေတနာ ဖြစ်ဖို့ ရာ အာရုံတွေသာတည်း။ သို့ရာတွင် လှူဖွယ်ဝတ္ထု နှင့် အလှူ ခံ ပုဂ္ဂိုလ် က မွန်မြတ်လျင်လည်း စေတနာသည် မွန်မွန်မြတ်မြတ် ဖြစ်တက်သည်။
(၂) သီလ
ဒါနသည် သီလထက်မြတ် သည် ဟု ပြောကြလျင် ထိုစကားကို လက်ခံဖို့ ရာ ခဲယဉ်းကြတက်၏။ ဒါနအလုပ် နှင့် သီလ အလုပ် နှစ်မျိုးတွင် ဒါနသည် သူတပါး ချမ်းသာအောင် ပြုနိုင်သော အလုပ်ဖြစ်၍ သီလသည် သူတပါး မဆင်း ရဲအောင် စောင့်ရှောက်သော အလုပ်ဖြစ်သည်။ဤနေရာ ဝယ် သူတပါး ကတစုံတရာ ပေး၍ စိတ်ချမ်းသာနေသူတစ်ယောက်နှင့် အသက်ခံရမည့် ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာ သူတစ်ယောက်၏ စိတ်ချမ်းသာပုံခြင်း နှိုင်းယှဉ်ကြည့်လျင် အသက်ဘေးမှ လွတ်လာသူ၏ စိတ်ချမ်းသာပုံက အဆရာထောင်မက သာလွန်နေသည် မှာ စဥ်းစားတက်သူတိုင်း ဝန်ခံပါလိမ့်မည်။ ထိုကြောင့် သီလသည် ဒါနထက် လွန်စွာမြတ်ပေသည်။
(၃)ဘာဝနာ
ဘာဝနာ ဟူသည် မြန်မာလို “တိုးပွားစေခြင်း ၊ ထုံမွမ်းစေခြင်း ” ဟုအဓိပ္ပါယ်ရသည်။ မိမိ ၏ စိတ်ကို မြင့်မြတ် ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) အလုပ်တည်း။
(၄)အပစာယန
အရိုအသေ ပေးမှု ကို အပစာယန ဟုခေါ်သည်။ ထိုကြောင့် မိမိထက် အသက်ကြီးသူ ၊ သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ သိက္ခာတမျိုးမျိုးကြီး သူကို ဖြစ်စေ ၊ အမိအဘ ၊ အဘိုးအဘွား ၊ အဒေါ်ဦးလေး စသူတို့ကို ရိုသေခြင်းသည် “အပစာယန” ဖြစ်သည်။
(စိတ်မပါဘဲ ကိုယ့်ထက် အရာကြီးသူကို ကြောက်၍ လည်းကောင်း၊ တစုံတရာလာဘ်လာဘကို မျှော်မှန်း၍ လည်းကောင်း ရိုသေဟန်ဆောင်ခြင်းမှာ ကုသိုလ်မဟုတ်သည့် အပြင်လှည့်စားသော မာယာ တစ်မျိုးပင်ဖြစ်သည်။)
(၅) ဝေယျာဝစ္စ
သူတပါးတို့၏ ကုသိုလ်ကောင်းမှု ကိစ္စကို ကူညီ၍ ပြုလုပ်ခြင်းသည် “ဝေယျာဝစ္စ” မည်၏။ထိုကြောင့် သူတပါး၏ အလှူဒါန ၊ မကျန်းမာသူ အိုမင်းသူ ၊ ကျန်းမာသော်လည်း မနိုင်မနင်း သယ်ပိုးနေရသူ ၊ မိဘ ၊ မိမိထက် အသက်ကြီးသော ဆွေမျိုး မိတ်ဆွေ စသူတို့၏ အကုသိုလ် နှင့် မသက်ဆိုင်သော ကိစ္စကြီးငယ် ကို စိတ်ပါလက်ပါနှင့် ကူညီ၍ ဆောင်ရွတ်ခြင်းသည် “ဝေယျာဝစ္စ” ဟုခေါ်ပါသည်။
(၆)ပတ္ထိဒါန
မိမိ ရသော ကုသိုလ် အဖို့ ကို သူတပါး တို့အား အမျှပေးဝေခြင်းကို “ပတ္ထိဒါန” ဟုခေါ်သည်။ ဒါန ပြုရာတွင် အလှူရှင်မှာ ရသင့် ရထိုက်သော ကုသိုလ်များကို ရလေသည်။ မိမိ ရသော ကုသိုလ် အဖို့ ကို ညီတူညီမျှ သူတပါးအားလည်း ရစေလိုသောဆန္ဒသည် အလွန်ဖြူစင်မြင့်မြတ်သော စိတ်ထားပေတည်း။
(၇) ပတ္တာနုမောဒန
ကုသိုလ်ရှင်တို့ က အမျှဝေသော အခါ ဝမ်းမြောက်ဝမ်းသာ သာဓု ခေါ်မှု ကို ပတ္တာနုမောဒန ဟုခေါ်သည်။ သူတပါး တို့ ကုသိုလ်ပြုနေကြသည်ကို မိမိ က ဝမ်းမြောက်ဝမ်းသာ ဖြစ်ခြင်းသည် အတော်အတန် ကောင်းမြတ်သော စိတ်ထားပေတည်း။ သို့သော် ဝမ်းမြောက်ဝမ်းသာ မဟုတ်ဘဲ ခေါ်ရိုးခေါ်စဉ် (တွေးချင်ရာတွေး၍ ) သာဓုခေါ် ခြင်းသည် ကား ပတ္တာနုမောဒန အစစ် ဖြစ်ဖို့ရာ ခဲယဉ်းပေသည်။
(၈)ဓမ္မဿဝန
တရား နာခြင်းကို ဓမ္မဿဝန ဟုခေါ်သည်။ တရားနာရာ၌
(က) မကြားဖူးသေးသော အကြောင်းအရာများကို ကြားရခြင်း
(ခ) ကြားဖူးသော အကြောင်းအရာများကို ထပ်၍ ရှင်းလင်းစွာ နားလည်ရခြင်း
(ဂ) ယုံမှား သံသယဖြစ်နေသော အချက်များ၌ ယုံမှားကင်းရခြင်း
(ဃ) အယူမှန်သမ္မာ ဒိဋ္ဌိကို ရခြင်း
(င) သဒ္ဓါ ပညာတိုးပွား ၍ စိတ်ကြည်လင်ခြင်း
စသော အကျိုး (၅) ပါးရနိုင်သည်။
(ဆောင်ပုဒ်)
သူတော်တရား ၊ နာယူငြားက ၊ မကြားစဖူး ၊ ကြားရဖူး၏။ ကြားဖူးပြီးပြန် ၊ ထပ်မံ၍ရှင်း ၊ လွတ်ကင်းယုံမှား ၊ ဖြောင့်သားအယူ ၊ စိတ်ကြည်ဖြူသည် ၊ ငါးဆူရမြဲ အကျိုးတည်း။
(၉) ဓမ္မဒေသနာ
တရားဟောမှု ကို ဓမ္မဒေသနာ ဟုခေါ်သည်။ ရိုးသားဖြူစင်စွာ မြင့်မြတ်သော စိတ်ထားဖြင့် ဟောပြောပြသ ဆုံးမပါလျှင် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ” ဟူသော အတိုင်း အလှူ ဟူသမျှကို တရားအလှူ ကနိုင်သည် ဆိုသည့် အတွက် လွန်စွာမှပင် အကျိုးကြီးမားပေ၏။
(၁၀)ဒိဋ္ဌိဇုကမ္မ
အယူဖြောင့်မှန်ခြင်းကို ဒိဋ္ဌိဇုကမ္မ ဟုခေါ်သည်။ အယူဟူသည် အသိဉာဏ်တည်း။ ထိုအသိဉာဏ်က လမ်းမှန်ကျ နေလျင် သမ္မာဒိဋ္ဌိ (မှန်ကန်သောအယူ)ဖြစ်၏။အသိဉာဏ်က မှားယွင်းနေလျှင် မိစ္ဆာဒိဋ္ဌိ (မှားသောအယူ)ဖြစ်၏။ အောက်ပါ အချက်များ နှင့် မိမိ အသိဉာဏ် ဘယ်လိုဖြစ်နေသလဲဆိုတာကို စဉ်းစားပါ။
၁။ ကုသိုလ်ကံ ၊ အကုသိုလ်ကံ။
၂။ထိုကံ များ၏ ကောင်းကျိုး ၊ မကောင်းကျိုး။
၃။ထိုကံ များကြောင့် ရောက်ရသည့်  ဤဘဝ ၊ နောက်ဘဝ။
၎။နတ် ၊ ဗြဟ္မာ များ။
၅။ ကောင်းမွန်စွာ ကျင့်ကြံ၍ ဈာန် အဘိညာဉ်ရသူ သို့မဟုတ် ရဟန္တာ ဖြစ်သူများ။
အထက်ပါ ငါးချက် ကို စဉ်းစားသောအခါ ရှိနိုင်သည်၊ ရှိထိုက်သည်၊ ရှိရမည် ဟု အသိဉာဏ်ဖြစ်လျှင် သမ္မာဒိဋ္ဌိ ( ကမ္မဿကတာဉာဏ် သို့ ဒိဋ္ဌိဇုကမ္မ) ရပေသည်။ မည်သည့် ကုသိုလ် မဆို ဤ သမ္မာဒိဋ္ဌိ အယူမှန်ပါမှသာ သာ၍အကျိုးကြီးသည်။
ထိုအချက် ငါးချက်ကို လေးနက်စွာ စဉ်းစားသော အခါ မရှိနိုင် ၊ မရှိထိုက် ဟု ယူဆလျှင် မိစ္ဆာဒိဋ္ဌိ ဖြစ်တော့သည်။ ထိုသို့ ကံ-ကံ၏ အကျိုးမရှိဟု ယူသော မိစ္ဆာဒိဋ္ဌိကြောင့် တိရစ္ဆာန် သတ္တဝါ တွေကို ကံကြောင့်ပင် ဖြစ်ရသော သတ္တဝါ တစ်မျိုးဟု အယူမရှိဘဲ ရဲရဲဝံ့ဝံ့ သတ်ဖြတ်နိုင်ကြ၏။ ကံကြောင့်ရောက်သော ဤဘဝ ၊ နောက်ဘဝ မရှိဟု ယူဆသော ကြောင့် ကမ္ဘာလောက နှင့် သတ္တဝါ တွေကို တစ်စုံတစ်ဦးသော တန်ခိုးရှင် က ဖန်ဆင်းထားသည် ဟုအယူရှိကြသည်။လွန်စွာ ကြောက်ဖွယ်ကောင်းလှတကား။။
ထိုပြခဲ့သော ဒါန စသော ပုညကြိယာ (၁၀) ပါးကို ကိုယ်တိုင်ပြုမှသာ ကုသိုလ် ရသည် မဟုတ်။ သူတပါး တို့ကို ပြုဖို့ရန် တိုက်တွန်းခြင်း ၊ ပြုချင်လာအောင် ဂုဏ်ကျေှးဇူးအားပြောပြခြင်း၊ သူတပါး ပြုနေသည် ကိုမြင်ရ ကြားရ၍ ဝမ်းမြောက်ဝမ်းသာဖြစ်ခြင်း စသည်တို့သည်လည်း ကုသိုလ်ကိုဖြစ်စေသည်။ ထိုကြောင့် ပုညကြိယာ (၁၀) ပါးအား (၁) ကိုယ်တိုင်ပြုခြင်း (၂) ပြုဖို့ရန်စေခိုင်းခြင်း (၃) ဂုဏ်ကိုပြောပြခြင်း (၄) ဝမ်းမြောက်ခြင်း - ဤလေးပါးနှင့် မြှောက်လျှင် ပုညကြိယာ ဝတ္ထု (၄၀) ဖြစ်၏။
(ဆောင်ပုဒ်)
ကောင်းမှု ဆယ်ခိုင် ၊ အရင်းကိုင်၍ ၊ ကိုယ်တိုင်ပြုငြား ၊ သူများခိုင်းတုံ ၊ ဂုဏ်ကိုပြောပြ ၊ ဝမ်းမြောက်ကလျင် ၊ လေးဆယ်တွင် ၊ မြှောက်တင် ပုညဝတ္ထုတည်း။
ဣဒံ မေ ပုညံ အာသဝက္ခယံ ဝဟံဟောတု ၊ ဣဒံ မေ ပုညံ နိဗ္ဗာန် နဿ ပစ္စယော ဟောတု။
(ကျမ်းကိုး - မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ၏ ကိုယ်ကျင့် အဘိဓမ္မာကျမ်း)
ကိုးကား၍ အရှင်မုနိန္ဒ(ပန်းထို)M.A မာဂဓတက္ကသိုလ်…မှာပြန်လည်ပူဇော်ပါသည်။

Sunday, September 16, 2012


ဘုရားတရားဓမ္မစာအုပ်များ..ကုသိုလ်မျှဝေပါသည်
Jun 10, '10 11:43 AM
for everyone
ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ ကျွန်ဘ၀ နှစ်(၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ်(၂၄၉၈)နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။
ညောင်ရမ်းဆရာတော် ၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း(၂၅၀၀)တွင် ထေရ၀ါဒနိုင်ငံများ ဖြစ်သော မြန်မာ၊ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား ၊ သီရိလင်္ကာ နိုင်ငံ(၅)နိုင်ငံမှ ရဟန်းများပါဝင်သော သံဃာထု၊ ဖဆပလ ဦးနုအစိုးရ ဦးဆောင်သော မင်းထုနှင့် သာသနာဝင်များ ပြည်သူလူထုစသော ထု(၃)ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင်ပိဋကတ်တော်များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူဖတ်မှတ် လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော် ပိဋကတ်(၃)ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့် ရှင်းတည်တံ့ ပြန့် ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။
ဆဌမသင်္ဂါယနာတင်ပွဲကြီးတွင် ကျေးဇူးတော်ရှင် မဟာစည်ဆရာတော် ဘုရားကြီးနှင့် မင်းကွန်းတိပိဋကဓရ ဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေကြားတော်မူသော ဆဌမသင်္ဂါယနာတင် အမေးအဖြေများကို အထူးစုစည်းကာတင်ဆက်ထားပါသည်။
၁. စူဠကမ္မ၀ိဘင်္ဂသုတ္တန်
၂. ရှင်သာမဏေကျော် လေးပါးတရား
၃. မယ်ယှက၀တ္ထု
၎. သုဝဏ္ဏမိဂ ရွှေသမင်ဝတ္ထု
၅. ကံဏှဒီပ၀တ္ထု
၆. နကုလပီသုသုတ် / ယမတသုတ်
၇. တေသတုဏဇာတ် (ပထမပိုင်း)
၈. တေသတုဏဇာတ် (ဒုတိယပိုင်း)
၉. စူဠသုဘဒ္ဒါ-ရဟန်းငါးပါး စောရ၀တ္ထု
၁၀. ရေ၀တသာမဏေတရား
၁၁. ကုဏ္ဍကကုစ္ဆိသိန္ဓ၀သုတ်
၁၂. ပါရရာသိသုတ်
၁၃. ဥဒယသုတ်မှ ကတိဘာရဒွါဇသုတ်
၁၄. အာဇိဝက-ဥပါလီ
၁၅. မဟာသတိပဋ္ဌာနမှ ခန္ဒုပမသုတ်
၁၆. မူလပရိယာယ၀တ္ထု
၁၇. ရာဓမထေရ် အဿဇိပုနဗ္ဗသုတ ရဟန်းငါးရာ လက္ခဏာရေးသုံးပါး
၁၈. စေတိယဇာတ်
၁၉. ကန္ဒရကသုတ် / ပေါတတိယသုတ်
၂၀. ပုပ္ပသုတ်မှ ဂီလာနသုတ်
၂၁. မရဒွါဇသုတ်
၂၂. ကောသမ္ဘီပါသီတိဿ သာမဏေပဉ္စဥပါသကာဝတ္ထု
၂၃. မိလက္ခသုတ်မှ မရဏသတိသုတ်
၂၄. ၀ိသာခါဏ ပါသိကာဝတ္ထု
၂၅. မိဠတသုတ်တော်- အဠိကသုတ်
၂၆. ကုလမကသုတ် / သဒ္ဓမ္မပဋိရူပကသုတ်
၂၇. စူဠတဏှာ သင်္ခယသုတ / မာရကစ္စဏီသသုတ်
၂၈. ကကစူပမသုတ် / နိဝါပသုတ်
၂၉. ခေါမဒုတသုတ်
၃၀. အဗျာကတသုတ်
၃၁. ၀ဂ္ဂိလသုတ်
၃၂. သုမနသုတ္တန်
၃၃. မလ္လိကာဝိမုတ္တိ ရတနာ့သုတ်
၃၄. အနိစ္စသုတ်မှ သမ္မာဒိဋ္ဌိသုတ်
၃၅. မဟာသိဟနခံသုတ်
၃၆. မဟာပဒါနသုတ် / မဟာပရိနိဗ္ဗာနသုတ်
၃၇. မဟာသိဂီတိသုတ်
၃၈. မဘရကုမာရသုတ်
၃၉. ဂါရ၀သုတ် / ဘာရဒွါဇသုတ်
၄၀. ခန္ဓာယမိုက်သုတ်
၄၁. ပိဏ္ဍသုတ်
၄၂. ဒုတိယပတ္တသုတ် / ဒီဂါရသုတ်
၄၃. ဗာလာပဏ္ဍိတသုတ် / ဒါရုက္ခန္ဓောပမသုတ်
၄၄. ဓါတုဝိဘင်္ဂသုတ်
၄၅. အာဠာဝကသုတ် / သုပ္ပဗုဒ္ဓသုတ်
၄၆. အမ္ဗဋသုတ်မှ ရာဟုလာသံယုတ်သုတ်
၄၇. ယမကသုတ် / မဟာစုန္ဒသုတ်
၄၈. ဓမ္မသင်္ဂဏီသုတ်
၄၉. ဘိက္ခုနီဝိဘင်း
၅၀. မဟာသတိပဋ္ဌာနသုတ် / ပါရာသိရာဇသုတ်
၅၁. အတ္တိပဒေါပမသုတ် / ဒါရုက္ခန္ဓောပမသုတ်
၅၂. စူဠသစ္စကသုတ် / မဟာသစ္စကသုတ်
၅၃. စကီသုတ်
၅၄. ယမိုက်ပါဠိတော်
၅၅. မဟာပရိနိဗ္ဗာနသုတ် / မဟာပဒေသလေးပါး
၅၆. မဟာဓမ္မပါလဇာတ်
၅၇. သောနကဇာတ် (ပထမပိုင်း)
၅၈. သောနကဇာတ် (ဒုတိယပိုင်း)
၅၉. မဟာသီဟနာဒသုတ်
၆၀. အာနန္ဒသေဠိ / ပဉ္စဥပဿတာဝတ္ထု- လယ်သမားဝတ္ထု
၆၁. ၀ိသာခါဝတ္ထု သမ္မဟုသိလာဒိဘိက္ခု ၀တ္ထုများ
၆၂. ကုလူပကသဒ္ဓမ္မ ပဋိရူပကသုတ်
၆၃. မဟာသီဟနာဒသုတ် / တတိယဘဒ္ဒိယသုတ် (မလ္လိကာဒေ၀ီ ပရိတ်များ)
၆၄. ရဟန်းငါးရာ ၀တ္ထု / ပတိပူဇိကာဝတ္ထု- ထင်းခုတ်သမားဝတ္ထု
၆၅. ဓမ္မဿဝန၀တ္ထု / တိဿသာမဏေပဉ္စဥပဿကာဝတ္ထု
၆၆. ဒုက္ကဋ်အာပါတ်ဝိနည်း (ဆံပင်)
၆၇. နိသိဂ္ဂိဝိနည်းတော်
၆၈. ယမကသုတ် / ရှင်နာဂီယသုတ် / ဣနသုတ် / မဟာစုန္ဒသုတ် / ဖော်သဠိယသုတ် / စူဠမာလုကျသုတ် ပရိတ်များ
၆၉. ခေါမဒုဿသုတ် / ၀ဂီသုတ်(အကျဉ်း) / အနန္ဒသုတ် / ဣန္ဓကသုတ် ပရိတ်များ
၇၀. ဧကပုတ္တသုတ္တန် / ဧကသီသုသုတ် / ရာဟုလာသုတ် / အတ္တိသုတ် / ကုဠူပကသုတ် / ဩ၀ါဒသုတ် ပရိတ်များ
၇၁. ပါတရာသိ(၀ါ) အရိယာပရိယသန စူဠအတ္တိကသောပမာသုတ္တန်
၇၂. တတိယ ဩ၀ါဒသုတ် / ဘဒ္ဒမပတိရူပကသုတ် / မောလိင်္ကာ ဖဂ္ဂုဏရဟန်း အနုဂတူပဟသုတ်
၇၃. ၀က်မလေးဝတ္ထုနှင့် အညတရပုရိသ ၀တ္ထု
၇၄. နကုလပီတုသုတ် / အနိစ္စလက္ခဏသုတ် / အာနိသုတ် / န၀သုတ် မိဠကသုတ် ပရိတ်များ
၇၅. ရဠ၀ီနိတ္တသုတ် / နိဝါပသုတ် / ဂန္ဒရထပုဂ္ဂလစတုတ္တုသုတ် / အဋ္ဌကနဂရသေက္ခသုတ ပရိတ်များ
............................................@@@@@@@@@@@@@@.........................................................

ပိဋ္ဋကတ်သုံးပုံ(၀င်း font လိုပါမည်)
www.dhammadownload.com မှရယူသည်။

ဝိနည်းပိဋ္ဋက-မြန်မာပြန်


ဝိနည်းပိဋ္ဋက-ပါရာဇိကဏ် ပါဠိတော်မြန်မာပြည်
ဝိနည်းပိဋ္ဋက -ပါစိတ်ပါဠိတော်--ဘိက္ခုပါစိတ်
ဝိနည်းပိဋ္ဋက-ပါစိတ်ပါဠိတော်-ဘိက္ခုနီဝိဘင်း
ဝိနည်းပိဋ္ဋက-မဟာဝဂ် ပါဠိတော်မြန်မာပြန်
ဝိနည်းပိဋ္ဋက-စူဠ၀ဂ် ပါဠိတော် မြန်မာပြန်
ဝိနည်းပိဋ္ဋက-ပရိဝါပါဠိတော်မြန်မာပြန်-

ဝိနည်း(စာ၁မှ၅၇)၀ိနည်း(စာ ၅၈ မှ ၁၅၇)
ဝိနည်း(စာ၁၅ဂမှ ၂၅၇)
ဝိနည်း(စာ၂၅၈မှ ၃၅၇)
ဝိနည်း(၃၅၈ မှ ၄၅၇)
ဝိနည်း(စာ၄၅၈မှ ၅၅၇)
ဝိနည်း(စာ၅၅၈မှ ၅၉၆)

သုတ္တန်ပိဋက နိကာယ်ငါးရပ် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် သီလက္ခန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် မဟာဝဂ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ဒီဃနိကာယ် ပါထိက၀ဂ်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် မဇ္ဈိမပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဂါထာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် နိဒါန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် ခန္ဓ၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် သဠာယတန၀ဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - သံယုတ္တနိကာယ် မဟာဝဂ္ဂသံယုတ်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဧကကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒုကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် တိကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် စတုက္ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ပဉ္စကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဆက္ကနိပါတ်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် သတ္တကနိပါတ်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် အဋ္ဌကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အဂုင်္တ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် န၀ကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အဂုင်္တ္တိုရ်ပါဠိတော် မြန်မာပြန် ဒသကနိပါတ်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - အင်္ဂုတ္တရနိကာယ် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဧကာဒသကနိပါတ
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ခုဒ္ဒကပါဌပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဓမ္မပဒပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဣတိဝုတ်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် သုတ္တနိပါတ်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ၀ိမာန၀တ္ထုပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပေတ၀တ္ထုပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ပဋိသမ္ဘိဒါမဂ်ပါဠိတော် မြန်မာပြန

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရာပဒါန်ပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ထေရီအပဒါန်ပါဠိတော် မြန်မာပြန်
သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် ဗုဒ္ဓ၀ံသပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် စရိယာပိဋကပါဠိတော် မြန်မာပြန်

သုတ္တန်ပိဋက နိကာယ်ငါးရပ် - ခုဒ္ဒကနိကာယ် မိလိန္ဒပဥှာပါဠိတော် မြန်မာပြန်

အဘိဓမ္မာပိဋက မြန်မာပြန်

အဘိဓမ္မပိဋက - ဓမ္မသင်္ဂဏီပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ၀ိဘင်္ဂပါဠိတော် မြန်မာပြန်

အဘိဓမ္မပိဋက - ပုဂ္ဂလပညတ်ပါဠိတော် မြန်မာပြန်
အဘိဓမ္မပိဋက - ကထာဝတ္ထုပါဠိတော် မြန်မာပြန်

.......................................@@@@@@@@@@@@@@@@@.....................................................


ဘန္ဒန္တကိတ္တိသာရ ဓမ္မဒဿနသြ၀ါဒများ
ဘဒ္ဒန္တကိတ္တိသာရ _ ဗုဒ္ဓညွှန်ကြား မသေဆေးတရား


ဘဒ္ဒန္တဇာဂရာဘိဝံသ _ နာဂလိုဏ်ဂူ အဓိဋ္ဌာန်ကျင့်စဉ်နှင့် လယ်တီဝိပဿနာ
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၃
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၎
ဘဒ္ဒန္တဇာဂရာဘိဝံသ _ လယ်တီဝိပဿနာ အမှတ် ၅

မဟာဗောဓိမြိုင်ဆရာတော် _ ကဗျာ့နန်းတော်
မေငြိမ်း _ သတင်းသမားသတိထားစရာ မြန်မာစာနှင့်စကားသံများ


မိုးကုတ်ဆရာတော် _ သုညတ တရား ကြိုးစားပြီး ဟောရစ်ပါကွာတဲ့
မိုးကုတ်ဆရာတော် _ သစ္စာ၎ပါးတရားတော်
မိုးကုတ်ဆရာတော် _ ဇော၇ကြိမ်အကျိုးပေးပုံ.ကပ်ကျော်တရားတော်
မိုးကုတ်ဆရာတော် _ စူဠဝေဒလ္လသုတ်-၀ိသာခနှင့် ဓမ္မဒိန္နာအမေးအဖြေများ
မိုးကုတ်ဆရာတော် သောတာပန်ဖြစ်ဖို့နှစ်ချက်-ဝေဒနာဝိပဿနာရှုနည်း

ဒေါက်တာမင်းတင်မွန် _ တော်ကူးဆရာတော် ဘ၀ဆည်းဆာနှင့် ကျင့်စဉ်တရား
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓဘာသာစာရိတ္တပညာနှင့်ကျင့်ဝတ်များ
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓ၀ါဒနှင့်ခေတ်သစ်ဘဝ
ဒေါက်တာမင်းတင်မွန် _ ဗုဒ္ဓအဘိဓမ္မာအနှစ်ချုပ်
ဒေါက်တာမင်းတင်မွန် _ ဘ၀ကိစ္စနှင့်ဘ၀ပန်းတိုင်
ဒေါက်တာမင်းတင်မွန် _ ဘ၀ချမ်းသာရေး
ဒေါက်တာမင်းတင်မွန် _ ဘ၀ဖန်တီးရှင် ကံတရား
ဒေါက်တာမင်းတင်မွန် _ ဘ၀လမ်းနှစ်သွယ်
ဒေါက်တာမင်းတင်မွန် _ ဘ၀ရည်မှန်းချက်နှင့်ဘ၀ပန်းတိုင်
ဒေါက်တာမင်းတင်မွန် _ ဘ၀လွတ်မြောက်ရေးနှင့်အရိယသစ္စာ
ဒေါက်တာမင်းတင်မွန် _ ဘ၀အောင်မြင်ရေးသို့ရှေးရှုကြ
ဒေါက်တာမင်းတင်မွန် _ ရှေးဘ၀နောက်ဘ၀ သိပ္ပံနည်းကျအထောက်အထားများ
ဒေါက်တာမင်းတင်မွန် _ အကောင်းဆုံးဘ၀လမ်းညွှန်မှု
ဒေါက်တာမင်းတင်မွန် _ အမြတ်ဆုံးပန်းတိုင်ဧကန်ပိုင် ဒုတိယတွဲ


ဒေါက်တာအရှင်ပညိဿရ _ တရားချစ်တဲ့သူ
ဒေါက်တာအရှင်ပညိဿရ _ လိုအင်ဆန္ဒတွေပြည့်ပါစေ


ဖျာပုံတိုက်သစ်ဆရာတော် _ သုတေသနသရုပ်ပြအဘိဓာန် ၂၀၀၇
ဗဂျီအောင်စိုး _ စာမဲ့ကဗျာ
ဗားကရာဆရာတော် _ အဘိဓမ္မတ္ထသင်္ဂဟ ပါဌ်နိဿယ
ဘခိုင် _ ဂျာမဏီအတွင်းရေး
ဘလော်ဂါနှင့် ကဗျာဆရာ/မများ _ ကောင်းကင်များ၏အတ္ထုပ္ပတ္တိ
ဘုရားသားတော် _

သာသနာ့လွတ်လပ်ရေးတိုက်ပွဲနှင့် ဝိနည်းဓိုရ်ဖန်တီးရေးဥပဒေ(မူကြမ်း)

ရွှေဘို မိမိကြီး _ အနာဂါရိကဓမ္မပါလ
လှပိုင် _ မဟာသကျသီဟဘုရားသမိုင်း , ၆.၂. ၁၉၆၄


လယ်တီဆရာတော် _ နိုင်ငံခြားပုစ္ဆာ အဖြေပေါင်းချုပ်
လယ်တီဆရာတော် _ လယ်တီဒီပနီပေါင်းချုပ် မြန်မာ-အင်္ဂလိပ် ၃ ကျမ်းတွဲ
လယ်တီဆရာတော် _ လယ်တီနိဗ္ဗာန်တရားတော်များ
လယ်တီဆရာတော် _ အဘိဓမ္မာပရမတ္ထသံခိပ်ကျမ်း သံပေါက်လင်္ကာ

ဆန်းလွင် _ ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ , ၀င်းလိုက်ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၉၉ ဇန္န၀ါရီ
ဆန်းလွင် _ ဖြစ်တည်ခြင်းပဓါန၀ါဒ နှင့် လူသားပဓါန၀ါဒ
ဆန်းလွင် _ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ်လူသူ တစ်ယောက်အကြောင်း



သပြေကန်ဆရာတော် _ ဗောဇ္ဈင်ခုနှစ်ပါးတရားမြတ်ရတနာ
သပြေကန်ဆရာတော် _ နိဗ္ဗာန်ချမ်းသာ တရားတော်များ
သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၁
သပြေကန်ဆရာတော် _ သပြေကန်တရားပေါင်းချုပ် အမှတ် ၂


သာ.ထွန်း.ပြန့် _ ဗုဒ္ဓဘာသာကောင်းတစ်ယောက်
သာဓိန _ ဗေဒနီတိကျမ်း , မဟိန္ဒစာပုံနှိပ်တိုက် , ၁၉၃၀
သာမဏအာဇာနီ _ မှန်
သီလ၀ _ ဗုဒ္ဓအံတော်သမိုင်း
သုခ _ ဂုဏ်ရည်မတူလို့လား
သုခ _ မေတ္တသုတ်
သုခ _သုခမှတ်စု
သုခ _ သည်ဆောင်းဟေမန်
သုမောင် _ မျိုးရိုးထဲမှ ဆိုးပေကြီးများ , ရန်ကုန်
သုသုက _ အစွမ်းထက်ဂါထာတော်များနှင့်ဂမ္ဘီရဖြစ်ရပ်ဆန်းများ
သင်္ဃဇာဆရာတော် _ ဥပါသကောဝါဒဋီကာကျမ်း , မြန်မာသံတော်ဆင့်ပုံနှိပ်တိုက် , ရန်ကုန် ,၁၂၄၂ ပဌမ၀ါဆိုလ
အရှင်ကောဝိဒ _ တုနိုင်းမမှီ
အရှင်ဃောသိတ _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ တစ်ဘ၀သာသနာ


အရှင်ဇနက-တိသရဏ၀ိဟာရ _ ဗုဒ္ဓဟောမြွက်တရားဦးဓမ္မစက်
အရှင်ဇနကာဘိဝံသ _ ကိုယ်ကျင့်အဘိဓမ္မာ
အရှင်ဇနကာဘိဝံသ _ ဓမ္မစကြာတရားတော်နှင့်အနတ္တလက္ခဏသုတ်တရားတော်
အရှင်ဇနကာဘိဝံသ _ ရတနာ့ဂုဏ်ရည်
အရှင်ဇနကာဘိဝံသ _ သိပ္ပံအမြင်နှင့် ဗုဒ္ဓအဘိဓမ္မာအမေးအဖြေများ
အရှင်ဇနကာဘိဝံသ _ အခြေပြုပဋ္ဌာန်း
အရှင်ဇနကာဘိဝံသ _ အနာဂတ်သာသနာရေး


အရှင်ဆန္ဒာဓိက _ နှလုံးသားမိတ္တူ
အရှင်ဆန္ဒာဓိက _ မိဘကျေးဇူးအကျေဆပ်နည်း
အရှင်ဆန္ဒာဓိက _ လောက၌အကောင်းဆုံးသောအရာ
အရှင်ဆန္ဒာဓိက _ သက်သတ်လွတ်နှင့်ကုသိုလ်စိတ်
အရှင်ဆန္ဒာဓိက _ အချစ်ကံခေပေမဲ့အနှစ်ကျန်စေရမယ်
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ကုသိုလ်
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ရဟန်း
အရှင်ဆန္ဓာဓိက _ အနိုင်းမဲ့ဘာဝနာ
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အဖေါ်
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့အလှူ
အရှင်ဆန္ဓာဓိက _ အနှိုင်းမဲ့ဥစ္စာ


အရှင်မဟာသီလ၀ံသ _ ဓမ္မပါလပျို့ 
အရှင်ရဋ္ဌသာရ _ ဂမ္ဘီသာရပျို့ စာကိုယ် , မြန်မာ့ယူနီယန်စာပုံနှိပ်တိုက် , ရန်ကုန် , ၁၂၈၉ ခုနှစ်
အရှင်ဝါသေဋ္ဌာဘိဝံသ _ ဓမ္မချမ်းသာတွေ့အောင်ရှာ
အရှင်သီဟာဘိဝံသ _ မေတ္တာဘာဝနာရှုဖွယ်ကျမ်း , ပြည်ကြီးမန်တိုင်စာပုံနှိပ်တိုက် , ရန်ကုန်
အရှင်အဂ္ဂသမာဓိ _ နေမိမ္ဃစိုးခဏ်းပျို့ , ဟံသာဝတီသတင်းစာတိုက်,ရန်ကုန်,၁၉၀၀ ခုနှစ်


အီကြာကွေး _ ငုတ်တုတ်ထင်ရှားရေးဖော်များ
အေးသိန်း _ ရတနာဂီရိ မှ သီပေါမင်းအမှတ်တရ
အောင်ကောင်း _ ချစ်သူမှာတမ်း
အောင်ဝေး _ ခံစားမှုကထာ
အောင်သင်း _ မျိုးဆက်သစ်အတွက် ဂန္ဓ၀င်မိတ်ဆက်, Future Publishing House ,ရန်ကုန်,၂၀၀၂ စက်တင်ဘာ
အုတ်ဘိုဆရာတော် _ စွယ်တော်သျှောင်ရတု , ဟံသာဝတီသတင်းစာပုံနှိပ်တိုက် , ရန်ကုန်မြို့
ဦးကုလား _ ရာဇ၀င်
ဦးကံညွှန့် _ နိဗ္ဗာန်ပို့မည့်တရားတော်များ
ဦးကံညွှန့် _ မိုးကုတ်ဝိပဿနာ အခြေခံ၊တရား၊အနှစ်သာရနှင့် ရှုပွါးနည်း
ဦးကျော်ဇေယျ _ မြန်မာနိုင်ငံ မူပိုင်ခွင့်အက်ဥပဒေ
ဦးကျော်ဇေယျ _ ဥပဒေရေးရာဝေါဟာရအဘိဓါန်
ဦးကျော်ဇေယျ _ ဥပဒေသမား လက်စွဲစကား
ဦးကျော်ဇေယျ _ အစုစပ်လုပ်ငန်းအက်ဥပဒေ
ဦးကျော်ရန် _ မူလ=ဆေးအဘိဓါန်ကျမ်း
ဦးကျော်ရန် _ မူလပေါရာဏဒီပနီကျမ်း
ဦးကျော်လှ _ သံချိုညွှန့်ပေါင်းနှင့် ခဲရာခဲဆစ်အဖြေသစ်
ဦးကျော်သိန်း _ မိုးကုတ်ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိနှင့်ကျင့်စဉ်
ဦးစိုးလွင် _ အစ္စလာမ့်အတိတ်သမိုင်းမှ အယူဝါဒဆိုင်ရာအရှုပ်အထွေးများ
ဦးစက္ကိန္ဒ _ ဥာတပရိညာ
ဦးစန်းမောင် _ ရခိုင်မင်းသား , သံတော်ဆင့် , ၁၉၄၆
ဦးဇနိတာလင်္ကာရ _ ပဋိစ္စသမုပါဒ်စက်ဝိုင်းဒေသနာ အမေးနှင့်အဖြေအကျဉ်းချုပ်
ဦးဌေးလှိုင် _ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ
ဦးထွန်းကြည် _ ကောင်းမှုတော်ဘုရားသမိုင်း
ဦးထွန်းလှ _ ရွေးချယ်ရမည့်မိန်းမကောင်း. ရှာဖွေရမည့်ဇနီးလောင်း
ဦးနု _ တာတေစနေသား
ဦးနု _ အာဇာနည်
ဦးပညာ _ ကရင်ရာဇ၀င်
ဦးပုည _ မန္တေလေးဘွဲ့ မော်ကွန်း
ဦးပုည _ ရေသည်ပြဇာတ်
ဦးဖိုးကျား _ ၃၇ မင်း
ဦးဖိုးကျား _ သီပေါမင်းပါတော်မူအရေးတော်ပုံ
ဦးဘကြည် _ ဇာတ်ကြီးဆယ်ဘွဲ့
ဦးဘကြည် _ ရုပ်စုံဗုဒ္ဓသာသနာဝင်
ဦးဘဘေ _ နိုင်ငံရေးရာအဖြာဖြာ ဒုတိယတွဲ
ဦးဘသန်း _ ယောနသံဇင်ရော်
ဦးဘေ _ ၀ရုဏပျို့ 
ဦးမောင်ကြီး _ ရေငံပိုင်ဦးရှင်ကြီးနတ်ဖြစ်ပြဇာတ်သစ် ပထမတွဲ
ဦးမောင်မောင်သန်း _ ၂၁ ရာစုအင်္ဂ၀ိဇ္ဖာဆောင်းပါးများ
ဦးမောင်သိန်း _ ပဋာစာရီ- ဒုတိယပိုင်း
ဦးရ၀ိန် _ ဥဒကဒီပနီ , မြန်မာသံတော်ဆင့်မီးစက်ကြီး ပှံနှိပ်တိုက် , ရန်ကုန်မြို့  , ၁၂၄၈ ခု , ကဆုန်လ
ဦးရဿက _ စတုသစ္စပကာသနီကျမ်း
ဦးရေ၀တ _ သာသနာ့အမွေကိုခံယူခြင်းနှင့်ငါလုပ်ချင်တာ
ဦးရေ၀တ _ နားလည်နိုင်ခြင်း၏စွမ်းအား


ဦးရွှေအောင် _ ကုသိုလ်နှင့် အကုသိုလ်
ဦးရွှေအောင် _ ဗုဒ္ဓ သို့မဟုတ် အနှိုင်းမဲ့
ဦးရွှေအောင် _ ဓမ္မပဒ
ဦးရွှေအောင် _ ဗုဒ္ဓ၀ါဒ ပေါ်ထွန်းခြင်း
ဦးရွှေအောင် _ ဘ၀အကျဉ်းသား
ဦးရွှေအောင် _ ဘ၀အမြင်သစ်
ဦးရွှေအောင် _ အမြင်များပြောင်းလဲခြင်းနှင့်အတွေးအမြင်စာစုများ


ဦးလှ _ ဗမာ့အရေးတော်ပုံ-ပတွဲ , မြန်မာ့သိပ္ပံစာပုံနှိပ်တိုက် , ရန်ကုန် , ၁၅.၁၀.၁၉၃၈
ဦးလွှား _ ဓါတ်စာကျမ်း
ဦးဝိမလ _ ကင်္ခါမေးခွန်းနှင့်အဖြေ
ဦးသက်စိန် _ ဗုဒ္ဓသာသနာ့အခြေခံ
ဦးသက်ထွန်း _ အနောက်တိုင်းမှ နုတ်သီးကောင်းလျှာပါးတို့၏အဆိုများ
ဦးသိန်းဟန် _ ပြည်ထောင်စုသမိုင်းပုံပြင်များ , စာပေဗိမာန် ပုံနှိပ်တိုက် , ရန်ကုန် , ၁၉၆၈ မတ်လ


ဦးဣန္ဒောဘာသ _ ၀ါကျသွားအချိုးအဖြေကျမ်း+၆စောင်တွဲ, ပြည်ကြီးမဏ္ဍိုင်ပိဋကတ်ပုံနှိပ်တိုက်,ရန်ကုန် ၁၂၉၀ ကဆုန်လ
Dhamma Dhuta Dr Ashin Pannissara _ How to Practice Meditation

ကိုစံ _ ခန္ဓာငါးပါးပျောက်ဆုံးခြင်းတရား
ကိုတာ _ တွေးသူများ
ကိုတာ + _ လူငယ်တို့ရဲ့ အနာဂါတ်စကားဝိုင်း
ကိုဘတင် _ နက္ခတ္တ ဒီပနီကျမ်း
ကင်းဝန်မင်းကြီး _ နေမိ ရကန်
ကျီးသဲလေးထပ်ဆရာတော် _ စွယ်စုံကျော်ထင်ကျမ်း
ကြည်ကြည်မာ _ ဟယ်ရီပေါ်တာနှင့် အက်ဇခါဘန်အကျဉ်းသား
ကျွန်းပြန်ရဲဘော်တစ်ချို့ _ အမြင့်ပျံလင်းယုန်အားဂုဏ်ပြုခြင်း
ခင်ဆွေဦး _ စစ်ကိုင်းသမီး ဒိုင်ယာရီ
ခင်မောင်အေး _ ရောင်စုံရုပ်ပြပဋ္ဌာန်း၂၄ပစ္စည်းနှင့်ရှင်ချက်များ
ချစ်စိန်လွင် _ ဆောင်ကြာမြိုင်မှတ်တမ်း
ချစ်နိုင် _ အနှစ် ၃၀
ချစ်ဦးညို _ စက္ကရုနှင့်ဘဒ္ဒါ
ချစ်ဦးညို _ ရုက္ခစိုးမယားနဲ့အခြားပြိတ္တာများ
ဂျာနယ်ကျော် မမလေး _ သွေး
ဂျာနယ်ကျော် ဦးချစ်မောင် _ သူ
ငွေကြည် _ ကြွကြွရွရွ ဟာသ
ငွေကြည် _ တိုတိုထွာထွာ ဟာသ
ငွေကြည် _ ပြည့်ပြည့်၀၀ ဟာသ
ငွေကြည် _ မက်မပြေဟာသ
ငွေကြည် _ လူတိုင်းကြိုက်တဲ့ဟာသ
ငွေကြည် _ အူလှိုက်သည်းလှိုက်ဟာသ
စံဇာဏီဘို _ အချစ်ဗေဒင်
စံဇာဏီဘို _ အချစ်လက္ခဏာ
စိုးနေလင်း _ ဒေါက်တာစင်သီယာမောင် သို့မဟုတ် အရိပ်ကောင်းသောသစ်တစ်ပင်
စိန်စိန် _ ရွှေရောင်ညနှင့်အခြားဝတ္ထုတိုများ
ဆရာဘေ _ ဇမ္ဗုပတိမင်းချွတ်ခန်းဝတ္ထု


ဆွေမင်း. ဓနုဖြူ _ ဘ၀တစ်ခုအမှတ်ရ
ဇ၀န _ ကားထဲကမိန်းကလေး
ဇ၀န _ ကျွန်တော့်လင်
ဇ၀န _ ဆိုးပေ ၁ , မယာမီဒီယာပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၀ မေလ
ဇ၀န _ ဆိုးပေ ၂
ဇ၀န _ ဆိုးပေ ၃
ဇ၀န _ သူပုန်ကြီး
ဇေယျ _ ဇေယျ စာတန်း , ညွှန့်ဋ္ဌေးစာပေတိုက် , ရန်ကုန် , ၁၉၆၅
ဇေယျ _ မြန်မာမျက်ပွင့်
ဇော်ဂျီ _ ညီသစ်ဆင်းကဗျာစု , အင်ကြင်းဦးပုံနှိပ်တိုက် , ရန်ကုန် , ၂၀၀၃ ဧပြီ
ဇင်သန့် _ စာဖတ်ခြင်း ၁
ဇင်သန့် _ စာဖတ်ခြင်း ၂
ဇင်သန့် _ စာဖတ်ခြင်း ၃
ညာဏ၀ံသ _ ဂဗ္ဒလီလာကြဏ်း , ဟံသာဝတီသတင်းစာတိုက် , ရန်ကုန် , ၁၈၉၉
တိုးထက် _ မြန်မာပြည်အရပ်ရပ်မှလူဝင်စားမျာ
တက္ကသိုလ်ဘုန်းနိုင် _ ညီမလေးရယ်စိုးရိမ်မိတယ်
တက္ကသိုလ်ဘုန်းနိုင် _ ပညာရဲ့သဘော
တင်မိုး _ ဖလ်မီးအိမ်
တင်မောင် _ တိုင်းပြည်ကနုနု မုန်တိုင်းက ထန်ထန်
တိုက်စိုး _ ပညာသိုက်
ထူးဆွေအောင် _ ဗြောစည်တီး၍လှူလိုက်သည်
ထူးဆွေအောင် _ မကြောက်ဖူးလို့ဆို
ထူးဆွေအောင် _ မပျော်ရင်ကော
ထူးဆွေအောင် _ မန်ကျည်းပင်တန်းရဲ့မီဒီယာ
ထူးဆွေအောင် _ မြင်းမိုရ်တောင်ထိပ်မှသဲပွင့်ကလေးများ


ဒဂုန်ရွှေမျှား _ ကမ္ဘာမြေအောက်ခရီး
ဒဂုန်ရွှေမျှား _ ငယ်ကချစ်အနှစ်တစ်ရာနှင့်လက်ရွေးစင်ဝတ္ထုများ
ဒဂုန်ရွှေမျှား _ စောရသက်ပြင်းနှင့်အခြားဝတ္ထုတိုများ
ဒဂုန်ရွှေမျှား _ နီနီလေး
ဒဂုန်ရွှေမျှား _ မေ၀ါ၏ကလဲ့စား
ဒဂုန်ရွှေမျှား _ ရုပ်ထုကျိန်စာ
ဒဂုန်ရွှေမျှား _ ရွှေစင်နတ်ဘုရား

မောင်စိန် _ ဘဏ်ငွေစက္ကူတန်ဖိုး
မောင်ထင် _ ဗမာ့နိုင်ငံရေးသုခမိန်
မောင်ထွန်းသူ _ အိုဟင်နရီ၏၀တ္ထုတိုများ
မောင်ဒီ _ အင်္ဂလိပ်အသံထွက်ကိစ္စ
မောင်ထင် _ ယောမင်းကြီးဦးဖိုးလှိုင်နဲ့ ရာဇဓမ္မသင်္ဂဟကျမ်း
မောင်ပေါ်ထွန်း _ သေပြေးရှင်ပြေး
မောင်ဗိုလ်မွှေး _ မြန်မာ့ပုံတိုပတ်စများ
မောင်ဘိုသစ် _ ကဗျာရေးနည်း နိသျည်း
မောင်သာရ _ ကျဉ်တုတ်ခံဝံ့ မခံဝံ့
မျိုးသူရ _ နေ့စဉ်သုံးအင်တာနက်. Everyday Internet
မြသန်းတင့် _ နှစ် ၁၀၀ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ ၂
မြတ်သူ _ ကိုရမ်အဘိဓါန် ၁
မြတ်သူ _ ကိုရမ်အဘိဓါန် ၂
မြန်န်မာသမားတော်ကြီးများ _ နှစ်ပေါင်း၂၀၀ မြန်မာ့ဆေးပညာ , သုဓမ္မာပုံနှိပ်တိုက် , ရန်ကုန် , ၂၈.၈.၁၉၇၁
ရဝေနွယ် _ ရုပ်လှချင်ရင်
ရဲကောင်းထက် _ ကမ္ဘာကို ကိုင်လှုပ်သူများ
ရဲစတိုင်း _ ပြုံးပြီးမှရယ်
ရန်ကုန်ဘဆွေ _ ရွှေဝါပြည်
ရန်အောင် _ အိမ်ထောင်ရေးအဘိဓမ္မာ
ရန်အောင်မောင်မောင် _ ထောင်တစ်သက်အတွေ့အကြုံ ,သီရိမေရောင်စုံပုံနှိပ်တိုက်, ရန်ကုန် , ၂၀၀၄ ဧပြီ

ရွှေစကြာ _ ကုန်းဘောင်ပြင်သစ်

ဒေါက်တာတိုးလှ _ ကုန်းဘောင်ရွှေပြည်
ဒေါက်တာဘမော် _ ဗမာ့လက်ငင်း-လွတ်လပ်ရေး

ဦးအောင်ခင် _ ငါနဲ့မတူ ငါ့ရန်သူ
ဦးအောင်ခင် _ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ


ဒေါ်အောင်ဆန်းစုကြည် _ ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး
ဒေါ်အောင်ဆန်းစုကြည် _ မြန်မာပြည်ကလာတဲ့စာ



Image Hosting by imagefra.me
http://www.sbay-student.org/

www.dhammaanalysis.multiply.com/



4 CommentsChronological   Reverse   Threaded

soenla wrote on Jun 18, '10
တော်တော်များများကို ဒေါင်းသွားပါတယ်။ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။

yinminkhine wrote on Jun 18, '10
soenla said
တော်တော်များများကို ဒေါင်းသွားပါတယ်။ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။
ယူပါဘယ်သူယူယူ တရား စာပေ အလှုပါ။

စိတ်ချမ်းသာသလို ယူနိုင်ပါတယ်

soenla wrote on Jun 20, '10
သာဓုဗျာ သာဓု သာဓု။

perseveranceman wrote on Dec 1, '11
ဓမ္မစာပေတွေစုဆောင်းရတာတော်တော်လေးခက်ခဲမှာပဲနော်။လွယ်လွယ်ကူကူဒေါင်းလုပ်ဆွဲလို့ ရတာကျေးဇူးပါပဲဗျာ။
Add a Comment