Pages

Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Friday, September 27, 2013

မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ်


မင်းတို့ကတော့ ပျော်မြူးနေကြ … ဒီမှာက ဘဝတွေ ဆုတ်ပြတ်သတ် - နာရေးကူညီမှုအသင်း(ရန်ကုန်)

ကျွန်တော်တို့ မဟာရန်ကုန်မြို့ကြီးသည်လည်း ဒေဝါမိုး၏ ထစ်ချုန်းမှုကြောင့် ရပ်ကွက်များ၊ မြို့နယ်များ၊ လမ်းမများတွင် ရေများဖုံးလွှမ်းလျှက်၊ မော်တော်ကားများသည်လည်း မော်တော်ဘုတ်များသဖွယ်မောင်းနှင်
နေဆဲ၊ မိဘပြည်သူအပေါင်းတို့သည်လည်း ရုံးသွား/ရုံးပြန်၊ အလုပ်သွား/အလုပ်ဆင်း၊ကျောင်းသွား/ကျောင်း
ပြန် ဒူးပေါ်/ပေါင်ပေါ် လျှောက်လှမ်းနေဆဲ အချိန်ကာလအတွင်း မြန်မာပြည် နယ် အရပ်ဒေသ အသီးသီးတို့ တွင်ရှိသော ပြည်သူလူထုအပေါင်းတို့မှာကား နေအိမ်များအားစွန့်ခွာ၍ ရေဘေး ဒုက္ခသည်စခန်းများသို့ ရောက်ရှိနေကြရသည်ဖြစ်သည်။ ကလေးသူငယ်၊ ကျောင်းသူလူငယ်များ အဖို့ “ရေတက်ကျောင်းပိတ်” ဆောင်ပုဒ်အား မည်သည့်အချိန်ကာလအထိ လက်ကိုင်ပြုနေတော့မည်ကိုတော့ မသိရှိနိုင်ပေ။

တိုင်းပြည်၏ အနာဂတ်ခေါင်းဆောင်ကလေးငယ်များ၏ ဘဝကား မည်သို့မျှဖြစ်လာမည် ကိုတော့ မခန့်မှန်း
နိုတော့ပေ။ ထိုကဲ့သို့ ရေဘေးသင့်အရပ်ဒေသများရှိ မိဘပြည်သူအပေါင်းတို့၏ သွားရေးလာရေး ကိစ္စရပ်
များအတွက် လှေငယ်လေးများနှင့်သာ လှော်ခတ်သွားလာရခြင်းတို့ကို မြင်တွေ့မိ တော့သည်။

သူတို့၏ဘဝများကား မော်တော်ကားဆိုသည်ကို စီးနင်းခွင့်ပင်မဆိုထားနှင့် မြင်တွေ့ဖို့ကား ဝေးလှသည်။ လူ သားများအတွက် အစာအဟာရအဖြစ်သော်၎င်း၊ လုံခြုံမှုအတွက်သော်၎င်း အသက်စွန့် ပေးဆပ်နေကြသော နွား၊ ကျွဲ၊ ဆိတ်၊ ခွေး စသည့်သတ္တဝါများပင် နေထိုင်သွားလာ၊ စားသုံးရန် အခက် အခဲပေါင်း ကြီးမားစွာတွေ့
ကြုံနေရပြီ ဖြစ်တော့သည်။ ဖွေးဖွေးဖြူနေသော ရေပြင်လွှာထဲရှိ ကုန်းကမူလေး ပေါ်တွင် စည်းလုံးညီညွတ် ပြွတ်သိပ်စွာဖြင့် နေထိုင်နေရသော လူသားတို့အတွက် အသက်စွန့်ပေးခဲ့သော ကျေးဇူးရှင် နွား၊ ကျွဲ၊ ဆိတ်၊ ခွေး သတ္တဝါများ၊ လူနေအိမ်ခေါင်မိုး မျက်နှာကြပ်ပေါ်တွင် လူများနှင့်အတူ နေထိုင်နေကြသော ခွေး၊ကြောင်
အိမ်မွေးတိရစ္ဆာန်များ၊ လှေငယ်ျားပေါ်တွင် လူများနှင့်အတူ ရောထွေး လိုက်ပါ စီးနင်းနေကြသော ကြက်၊ ခွေး၊ သတ္တဝါများ၊ ရေမြုပ်နေ သော သစ်ပင်ကြီးများ၏ အထက်ကိုင်း ခတ်များတွင် တက်ရောက်နေရာ ယူ ထားကြသော ကမ္ဘာ့ရန်သူများဟု သမုတ်ခံထားရသော မြွေ၊ ဖား သတ္တဝါများ၊ ကျောင်းများ လနှင့်ချီ၍ ပိတ်
ထားသောကြောင့် ပညာ သင်ကြားခွင့်မရသော ကလေးသူငယ် များ ဘဝရပ်တည်မှုအတွက်၎င်း၊ စားဝတ်
နေရေးအတွက်၎င်း၊ အနာဂတ်ကာလများဆီသို့ မျှော်တွေးငေး မောရင်း ကူညီမည့်သူများအား မျှော်လင့် တကြီးစောင့်မျှော်နေကြသော မိဘပြည်သူအပေါင်းနှင့် အနာဂတ် သာသနာအတွက် ရင်လေးစွာဖြင့် စိုး ရိမ်တကြီးမျှော်တွေးနေကြသော ရေမြုပ်နေသော ရွာဦးကျောင်း တော်ရှိ ဆရာတော်ကြီးများ စသည့်ဘဝ
ပေါင်းများစွာတို့သည် သဘာဝဘေး ဒဏ်ကပ်ဘေးဆိုး အမျိုးမျိုး တို့ထဲတွင် ဒုက္ခပင်လယ်ဝေနေဆဲ ဖြစ်
တော့သည်။



ကျွန်တော်တို့ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော ဖ.ဆ. ပ.လ ညီလာခံမိန့်ခွန်းတွင်လည်း ဗြဟ္မစိုရ်တရား ခေါင်းပါးနေသရွေ့ ကာလပတ်လုံး ကပ်ဘေးအမျိုးမျိုး ကြုံ
တွေ့ရမည်ဟူသော မှန်ကန်လှသည့် မိန့်မှာချက်အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံတွင်လည်း ရန်သူမျိုး ငါး ပါးဖြစ်သော ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး၊ စစ်ဘေး စသည့် ဒုက္ခအမျိုးမျိုးသော ကပ်ဘေး အ မျိုးမျိုး ကြုံတွေ့ခံစားနေရပြီဖြစ်တော့သည်။ မြန်မာပြည်သူလူထုအပေါင်း ရေရှားပါးမှုဒဏ်၊ ရေလွှမ်းမိုးမှု ဒဏ် ၊ လေဘေးဒဏ်၊ ငလျင်ဘေးဒဏ်၊ စစ်ဘေးဒဏ်တို့ကြောင့် ဘဝပေါင်းမြောက်များစွာ သေကြေပျက်စီး အမိ တကွဲ၊ အဖတကွဲ၊ အိုးပစ်/အိမ်ပစ်၊ စားရမဲ့/သောက်ရမဲ့ ဘဝများ တိုင်းပြည်ကိုစွန့်ခွာ၍ ပြည်ပနိုင်ငံ များတွင် အလုပ်အကျွေးသွားပြု၍ ကျွန်ခံနေရသော အနာဂတ်လူငယ်များ၏ ဘဝပေါင်းများစွာတို့ဖြင့် ပြည့်လျှံနေ ရသော ဆိုးရွားလှသည့် အခြေအနေတရပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျွန်တော်မြင်တွေ့ ခံစားမိတော့
သည်။

သို့သော် ကျွန်တော်တို့လူမှုရေးသမားများ အရပ်ဘက် ကိုယ်ထူကိုယ်ထ လူမှုရေးအဖွဲ့အစည်းများ အနေဖြင့် ဘုရားရှင်၏ ဗြဟ္မစိုရ်တရား(၄)ပါးဖြစ်သော မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားတို့ကို လက်ကိုင်ပြု၍ လူသားချင်းစာနာစိတ်မွေးဖွားကာ အတတ်နိုင်ဆုံး ကူညီဖေးမပေးလျှက်ရှိသည်။

- မြန်မာပြည်ကြီး အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့နိုင်ငံအသီးသီးတို့သည်လည်း အမြန်ဆုံး ငြိမ်းချမ်းသာယာဝပြောစေချင်သည်။
- ကမ္ဘာ့ရွာကြီး ငြိမ်းချမ်းရေးတရားများ အမြန်ဆုံးလွှမ်းခြုံ စေချင်တော့သည်။

ထိုအတွေး၊ ထိုအာရုံခံစားမှုတို့သည် ကျွန်တော် မန္တလေး၊ စစ်ကိုင်း၊ မုံရွာ၊ ဒီပဲယင်း၊ ရွှေဘို၊ ပြည်၊ ကြို့ပင်ကောက်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မြန်မာပြည် အရပ်ဒေသအသီးသီးသို့ သွားရောက်၍ ဗြဟ္မစိုရ်ခြေလှမ်းလူမှုရေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့စဉ်က ဖြစ်ပေါ်ခဲ့သည်။ ယခု ကြို့ ပင်ကောက်၊ ရေဘေးကယ်ဆယ်ရေးသွားစဉ် ကျွန်တော်တို့ စီးနင်းလိုက်ပါလာသော ကယ်ဆယ် ကူညီရေး စက်လှေပေါ်မှ မြင်တွေ့ခဲ့ရသော သက်ရှိလူသားများ သက်ရှိကျေးဇူးရှင် ကုန်းနေတိရစ္ဆာန်များ၏ ဘဝများ ကာ ပျက်စီးယိုယွင်း ဘဝပျက်မှုများကို မြင်တွေ့ခံစားရင်း ကိုယ်ချင်းစာနာစိတ်တို့ဖြင့် မျက်ရည် လည်ခဲ့ရ သည်။

“သြော် ….. မြို့ကြီးပြကြီးများတွင် သဘာဝကြုံတွေ့ရသော်လည်း စားရေးသောက်ရေး၊ နေရေး ထိုင်ရေး ဘဝတို့သည် ခံသာသေးသည်။ ယခုကဲ့သို့ ကျေးလက်ဒေသများရှိဘဝများသည်ကား …..။” ထို အတွေး ထိုခံစားချက် ထိုသို့ ကိုယ်ချင်းစာနာစိတ် ကျွန်တော့်တွင် ဖြစ်ပေါ်နေဆဲ ကျွန်တော်တို့ ရေဘေး ကယ်ဆယ်ရေး စက်လှေပေါ်တွင် တက်ကြွစွာလိုက်ပါလာကြသော ပရဟိတလူမှုရေးသမားများ အားတက် သော တက်ကြွသော စည်းလုံးသော၊ ညီညွတ်သော စကားသံများသည် ခုတ်မောင်းနေသော စက်လှေ၏ စက်ခုတ်သံအား လွှမ်းခြုံနေတော့သည်။ ရေပြင်ဖြူဖွေးဖုံးလွှမ်းနေသော ရေပြင်ကျယ်ကြီး စက်ခုတ်သံအား လွှမ်းခြုံနေသော ပရဟိတမောင်၊ မယ်တို့၏ အသံများအား “အေး … အေး မင်းတို့ကတော့ ပျော်မြူးနေကြ၊ ဒီမှာက ဘဝတွေအားလုံး ဆုတ်ပြတ်သတ်နေကြပြီ” ဟူသော အသံနက်ကြီး ထွက်ပေါ်လာခဲ့သည်။ပတ် ဝန်း
ကျင်တစ်ခုလုံး ရေပြင်လွှာကြီးတစ်ခုလုံး စက်လှေပေါ်ရှိ ပရဟိတသမားများအားလုံး တိတ်ဆိတ်ငြိမ် သက် သွားပြီးနောက် အံ့သြတကြီးအသံထွက်ပေါ်လာသော နေရာသို့ မျက်လုံးများရွှေ့လျား ကြည့်ရှုခဲ့ တော့ သည်။ အားလုံးသော မျက်လုံးပေါင်းမြောက်များစွာတို့သည် ကျွန်တော့်ထံသို့ ဝိုင်းဝန်း ကြည့်ရှုနေကြ တော့ သည်။ ကျွန်တော်သည် လှေဦးထက်တွင် ပင်ပန်းနွမ်းနယ်စွာဖြင့် ထိုင်နေသည်။ ကျွန်တော့်၏မျက်လုံး အစုံ တို့သည် လှေဦးထက် ရေပြင်လွှာပေါ်သို့ ရောက်ရှိကြည့်ရှုနေသည်။ ကျွန်တော်မြင်ရသော ကျွန်တော် ကြည့်ရှုနေသော ကျွန်တော့်အား ဒေါသတကြီး အသံနက်ကြီးဖြစ်ပေါ်ခဲ့ရသော မြင်ကွင်းသည်ကား ရေပြင် လွှာပေါ်တွင် ကျက်စားနေထိုင်ကြသော ပျော်မြူးနေကြကာ တောင်ပံခတ်၍ ကူးခတ်နေကြသော ရေဘဲ သတ္တဝါ (၃) ကောင်ပင်ဖြစ်တော့သည်။

သက်ရှိလူသားများ ကုန်းနေသတ္တဝါများ ယခုကဲ့သို့ ရေဘေးဒုက္ခများ အကြီးအကျယ်ခံစား နေရ ချိန်တွင် ယခုကဲ့သို့ ပျော်ရွှင်မြူးတူးစွာ ရေပြင်လွှာပေါ်တွင်သွားလာ ကျက်စားနေသော ရေဘဲလေးများ အား ကျွန်တော်ယခုကဲ့သို့ အသံနက်ကြီးဖြင့် သတိလစ် အော်ဟစ်ကြုံးဝါးလိုက်မှုသည် ဗြဟ္မစိုရ်တရား လေးပါးအား ဖောက်ဖျက်ကျူးလွန်မိတော့သည်ကား ကျွန်တော်ကိုယ်တိုင် မသိတော့ချေ။
အော် … သူတို့သည်ကား ရေနေသတ္တဝါများဖြစ်၍ ရေကြီးလေ သူတို့ကြိုက်လေ .. ပျော်လေပေါ့။
ကျွန်တော်တို့သည်ကား ……. ။


(ကမ္ဘာမြေပြင် ငြိမ်းချမ်းဖို့၊ မြန်မာပြည်ကြီး ငြိမ်းချမ်းဖို့၊ လူသားတိုင်းတွင် ဗြဟ္မစိုရ်တရား လက်ကိုင်ပြု ကျင့် သုံးကြစေချင်တော့သည်။)

ကျော်သူ


(မှတ်တမ်း-ဓာတ်ပုံများ)














သတင်း-ဆောင်းပါး နှင့် ဓာတ်ပုံများ ပေးပို့လာသော
နာရေးကူညီမှုအသင်း(ရန်ကုန်) မှ  ဥက္ကဋ္ဌ ဦးကျော်သူ နှင့် စေတနာ့ ဝန်ထမ်းများ အားလုံးကို
အထူးကျေးဇူးတင်ပါသည်။
http://www.sawkyawoo.com/2013/09/blog-post_7788.html#.UkRlc7MbaG8.facebook

Saturday, August 31, 2013

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး
------------------------------------------------
စုဖုရားလတ်ခြေရာကို တသွေမတိမ်းနင်းနိုင်သော ထက်ထက်မြတ်မြတ် ရှားရှားပါးပါးသမီးတော်ပင်။
၁၈၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရတနာဂီရိ သီပေါစံအိမ်တော်၌ မွေးဖွားခဲ့သော ရတနာဂီရိသူ စစ်စစ် ဖြစ်သည်။

ရတနာဂီရိမှ မပြန်ခင် အင်္ဂလိပ်တို့ထံ ရနိုင်သောအခွင့်အရေးမှန်သမျှကို မိခင်ကြီးနှင့် တိုင်ပင်ကာ တက်တက်ကြွကြွ နှင့် တိုက်ယူလို့ ရတာ တိုက်ယူရင်း ရသလောက်တောင်းဆိုနိုင်သော သမီးပင်၊ အင်္ဂလိပ်စာတတ်မြောက်သောကြောင့် လည်း မိခင်ရော ဖခင်ဘုရင် ကြီး ကပါ အရာရာကို အားကိုးယုံကြည်နေရသည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်သို့ပြန်ရောက်သောအခါ မိခင်ကြီး စုဖုရားလတ်၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုကိုနိုင် ဆိုသူနှင့် လက်ထပ်ခဲ့သည်။
သား( ၄ )ယောက်၊ သမီး ( ၂ ) ယောက်ထွန်းကားခဲ့သည်။

၁။ တော်ဘုရားကြီးက ၁၉၄၈ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ သည်။
၂။ တော်ဘုရားက မောင်နှမ၀မ်းကွဲ ထိပ်စုကြီးနှင့် လက်ထပ်ခဲ့သည်။
၃။ တော်ဘုရားငယ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပညာတတ် ဟုသိရ၏။
၎။ တော်ဘုရားကလေးမှာ အများပြည်သူများ သိကြပြီးသော ဦးအောင်ဇေ ဖြစ်သည်။

၁။ ထိပ်စုဖုရားကြီး မှာ အနုပညာကို ၀ါသနာပါသောကြောင့် ပန်းချီ အနုပညာရှင်အဖြစ် လူသိများခဲ့သည်။
၂။ ထိပ်စုဖုရားထွေးမှာ ရေကူးချန်ပီယံ၊ မယ်ဗမာ ချန်ယီယံဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအသင်းမှာ စည်းရုံးရေးမှုးပင် ဖြစ်ခဲ့သည် ဟု သိရသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သွေးအပြည့်ပါသော စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး သည် အမိမြန် မာပြည် ပြန်ရောက်သော်လည်း သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသော နာကျည်းချက်၊ ရတနာဂီရိဟူသော ဘာသာမတူ ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသော တနယ်တကျေး ရပ်ဝေးတွင် မျက်နှာငယ်စွာ နေခဲ့ရသော ခံပြင်းစိတ်၊ နာကျည်းစိတ်တို့ဖြင့် “ စတုတ္ထ သမီးတော်၏ အရေးတော်ပုံစာတမ်း ” ဟူသောခေါင်းစဉ်ဖြင့် ထိုခေတ်အခါက United Nation ( ယခုအခေါ် ) ကုလ သမဂ္ဂ အဖွဲ့အစည်းအထိ တက်ရောက်ကာ စာတမ်းတင်သွင်းခဲ့သောကြောင့် ဗြိတိသျှ အစိုးရက မော်လမြိုင်သို့ အကျယ်ချုပ်ဖြင့် နယ်နှင်ဒဏ် ခတ်ခံခဲ့ရသည်။

*စတုတ္ထသမီးတော်၏ သမီးကြီး ထိပ်စုဖုရားကြီး ဖြစ်ပါတယ်။သက်တော်(၉၁)နှစ်ရှိပါပြီ။





 https://www.facebook.com/photo.php?fbid=603655262990857&set=a.350174428338943.78250.100000391658385&type=1&relevant_count=1

Thursday, May 16, 2013

နှုတ်ဆက်ရပါတော့မယ် မဟာဆန်သူlမုန်တိုင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဒဿန။

နှုတ်ဆက်ရပါတော့မယ် မဟာဆန်သူl
15-5-2013
3:30 pm
(၁၆-၅-၂၀၁၃)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး Mahasen ဆိုင်ကလုန်းမုန်တိုငးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေမှတစ်ဆင့် အနောက်တောင်ဘက်အရပ်မှ ၀င်လာပါတယ်။ အသွားနှုန်းကလည်း တစ...်နာရီကို (၂၅)မိုင်နှုန်းလောက်နဲ့ ရွေ့ခဲ့လို့အလွန်မြန်ခဲ့ပါတယ်။ နေ့လည်၉၁၂)နာရီခန့်ကတည်းက စ၀င်နေခဲ့တဲ့မုန်တိုင်းဟာ ညနေ(၃)နာရီခွဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်တွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီးဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါပြီ။ မကြာမီကာလ (၁၂)နာရီအတွင်းမှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်
MCCW
See More
(2 photos)
မုန်တိုင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဒဿန။

မဆလခေတ်တုံးက တောင်သူလယ်သမားအစည်းအရုံးက ပုဂိုလ်ကြီးတွေ မိုးလေ၀သရုံး ကို လေ့လာရေးလာကြတော့ ကျွန်တော်က အရာရှိပေါက်စပေါ့ဗျာ။ အမောနိုင် မပန်းနိုင် မိုးလေ၀သလုပ်ငန်းတွေကို ရှင်းပြအပြီး၊ မေးချင်တာရှိရင် မေ...းကြပါခင်ဗျာလို့လည်း ပြော လိုက်ရော ပုဂိုလ်ကြီးတစ်ဦးက "နေစမ်းပါဦး ဦးထွန်းလွင်ရာ၊ မသိလို့မေးစမ်းပါရစေ၊ ခင်ဗျားတို့ မိုးလေ၀သမှာ ဘာပြုလို့ မုန်တိုင်းနာမည်တွေကို မိန်းမနာမည်တွေ ပေးရတာလည်းဗျ" လို့ မေးပါတယ်ခင်ဗျ။
ရုတ်တရက်ဆိုတော့ ကျွန်တော် အကြပ်ရိုက်သွားပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော်မသိလို့ဘဲဗျ။ ဒါပေမယ့်လည်း မခက်ပါဘူးဗျာ။ မိုးလေ၀သခန့်မှန်းရေးသမားဘဲ။ ခန့်မှန်းပြောဆိုရမှာပေါ့။ အတွေ့အကြုံက စကားပြောသွားပါတယ်။

ဒီတော့
ကျွန်တော်။ "မုန်တိုင်းတွေကို မိန်းမနာမည် ပေးရတာ အကြောင်းနှစ်ခု ရှိပါတယ် အန်ကယ်။ ပထမအကြောင်းကတော့ မုန်တိုင်းဆိုတာ ဟိုသွားမယ်ဆို..ဒီ၊ အဲ..ဒီသွားမယ်ဆို..ဟို ခင်ဗျ။ အလွန်ခန့်မှန်းရခက်ပါတယ်။ ဒါဟာ မန်းမတွေနဲ့ တူတယ်ထင်ပါတယ်ခင်ဗျ။

နောက်တစ်ချက်ကတော့ အန်ကယ် မုန်တိုင်းဆိုတာ ဖြစ်ပြီဆိုတာနဲ့ 24/7 ဘဲ။ မျက်စိအောက်က အပျောက်ခံလို့ မဖြစ်ဘူးခင်ဗျ။ အပျောက်ခံလိုက်တာနဲ့ ခံရပြီသာမှတ်၊ ဒါဟာလည်း မိန်းမတွေနဲ့တူတယ် ထင်ပါတယ်ခင်ဗျ။
ဆိုပြီးပြောခဲ့ဘူးပါတယ်။

ဝန်ခံချက်။ ကျွန်တော်..တော်တော်ပင်ပန်းနေပါပြီ။ အပန်းပြေဖို့ အရွှ့န်းဖေါက်တာသာဖြစ်ပြီး ကျွန်တော့်အမေကို သက်သေထားပြီး အမျိုးသမီးများကို စော်ကားလိုစိတ် နိမ့်ချလိုစိတ် အလျင်းမရှိကြောင်းပါခင်ဗျာ။ မယုံရင် ကျွန်တေယ့်ဇနီးကို မေးကြည့်နိုင်ကြပါတယ်။ Gender Equality ကို လေးစားပါတယ်ဗျာ။

အေးချမ်းမွန် Credit & Copy From >Tun Lwin သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
See More

မုန်တိုင်းသတိပေးချက်

၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်
...
ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊

မောင်တောမြို့၏အနောက်ဘက်မိုင်(၁၂၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက်

မိုင်(၁၃၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့

ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊မောင်တောမြို့အကြားမှကမ်းခြေကို

ယနေ့မွန်းလွဲပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်

မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ

မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင်

(၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ

ခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်

နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ

ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/

မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့်

ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

မိုးဇလ

Wednesday, May 15, 2013

မုန်တိုင်းသတိပေးချက် ..

ယနေ့မြန်မာ စံတော်ချိန်(၂၁း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင်(၂၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၆၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက်မိုင်(၂၃၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှကမ်းခြေကိုနောက်(၁၈)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်

နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မုန်တိုင်းသတိပေးချက်
၂၀၁၃ခုနှစ်၊ မေလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက် မိုင် (၂၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

... အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့ လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက် နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက် ပင်လယ်သို့ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန် အကြံပြု အပ်ပါသည်။


01B MAHASEN ရဲ့ (၁၅-၅-၂၀၁၃) ည(၉)နာရီခွဲအချိန် နောက်ဆုံးအခြေအနေ။
မူလခန့်မှန်းချက်အတိုင်း ကမ်းကို မဖြတ်မီ အားလျော့သွားပြီးမှ ကမ်းကိုဖြတ်ပါလိမ့်မယ်။

(၁၅-၅-၂၀၁၃) ရက် ညနေ(၆)နာရီခွဲအချိန်တိုငးတာချက်အရ အပူပိုင်းမုန်တိုင်း 01B MAHASEN ဟာ အရှေ့ေ...မြာက်ယွန်းယွန်းဖက်(30°)ဆီကိုဘဲ တစ်နာရီ (၁၅)မိုင်နှုန်းလောက်နဲ့ ဆက်လက်ရွေ့လျှားနေပါတယ်။ မုန်တိုင်းဟာ သိသိသာသာ ပြန်လည်အားပြန်ပျိုး လာနိုင်ခြင်း မရှိဘဲ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ (၅၅)မိုင်နှုန်းလောက်နဲ့ဘဲ ဆက်လက် တည်ရှိနေပါတယ်။ ဒီကနေ့ညမှာ နည်းနည်း အားပြန်ပျိုးလာနိုင်ပေမယ့် မုန်တိုင်း ဟာ မြောက်ဖက်မှာရှိတဲ့ အိန္ဒိယကုန်းမြေကို နင်းပြီးအရှေ့မြောက်ဖက်ကိုရွေ့နေရတဲ့ အတွက် မြေကြီးနဲ့ ထိပွတ်မှုကြောင့် စွမ်းအင်ပြုန်းတီးမှု(energy dissipation) ဖြစ်ရပြီး သိသိသာသာတော့ အားကောင်းလာစရာမရှိပါဘူး။

(၁၆-၅-၂၀၁၃)ရက်နေ့အတွက် ခန့်မှန်းချက်တွေကတော့…

(က) (၁၅-၅-၂၀၁၃)ရက် ဒီကနေ့ည(၉)နာရီခွဲ မှ(၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲအထိ နောက်(၂၄)နာရီအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကဖြတ်ကျော်ဝင်ရောက်ပါလိမ့်မယ်။
(ခ) (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ (၁၇-၅-၂၀၁၃)ရက် မနက် (၉)နာရီခွဲအတွင်း ကုန်းတွင်းပိုင်းမှာ အားပျော့ပျက်ပြယ် သွားပါလိမ့်မယ်။
(ဂ) ကမ်းကိုဖြတ်ကျော်စဉ် ဗဟိုချက်အနီးမှာ အများဆုံးလေတိုက်နှုန်း တစ်နာရီ (၅၅ မိုင်မှ ၆၀ မိုင်အထိ) တိုက်ခတ်နိုင်ပါတယ်။ မောင်တောဒေသမှာ လေတိုက်နှုန်း ဒီထက်လျော့နည်း နိုင်ပါတယ်။
(ဃ) ပင်လယ်ပြင်မှာ လှို်င်းအမြင့်(၁၂)ပေ နဲ့ မုန်တိုင်းဒီရေ (၁ ပေ မှ ၃ ပေ)ခန့်သာ တက်နိုင်ပါတယ်။
(င) ကမ်းကိုဖြတ်ကျော်ပြီးနောက် အကြွင်းအကျန်တိမ်တိုက်များဟာ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသအချို့ကို မိုးရွာစေနိုင်ပါတယ်။
(စ) မုန်တိုင်းရဲ့အချင်းဝက်ဟာ မိုင်(၈၀)ခန့်ကျယ်ဝန်းနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် 

ဒေါက်တာထွန်းလွင် (MCCW)
See More

Tuesday, May 14, 2013

MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.... ၁၅-၅-၂၀၁၃ ရက် နံနက် ၀၅း၃၃ နာရီအချိန်

MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ....
၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁)     01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM  (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀        နာရီအတွင်း) အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေခဲ့ပါတယ်။
(၃)     မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH)    နှုန်း ရှိနေ ပါတယ်။
(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုဘဲ ဆက်လက်ရွေ့လျှားမယ်လို့ ခန့်မှန်းပါတယ်။
(၅)  နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃  နံနက် ၃း၃၀ နာရီ)တွင် မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။
(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ  မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင် မျောပါရွေ့လျှားနေနိုင်ပါတယ်။
(၇)     နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ  အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။
(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။
(၉)    မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။
(၁၀) မုန်တိုင်းဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုငးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ      စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)


မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...      
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်      

လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်း ရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။ တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။

နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)           
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။

Monday, May 13, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် မေ ၁၅ ရက်၌ category 1 အဆင့်ဖြင့် ကမ်းခြေသို့ ချဉ်းကပ်လာမည် ဖြစ်သည်ဟု wunder gournd. com တွင် ထုတ်ပြန်ထားသည်။




Tropical Cyclone 01B

Friday, May 10, 2013

မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။ Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။


မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်ဟာ မေလ ၁၄ရ
Mg Yo Shin shared Lwin Thandar Soe's photo.
မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ရက်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်။
မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်...းဟာ မေလ ၁၄ရက်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်က်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်။
Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။
...
JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)




တနာရီကို လေတိုက်နှုန်း (၁၀၃) မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ ညဦးပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ရေတပ်နဲ့ လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း မေ ၁၀ ရက် ညနေပိုင်းထုတ် ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်၊ မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ်ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်းမရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲဖြစ်တယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကိုဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်၊ ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းမှန်နိုင်တယ်ဆိုပြီး ရှင်းပြပါတယ်။..


Myawady News


တနာရီကို လေတိုက်နှုန်း (၁၀၃) မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ ညဦးပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ရေတပ်နဲ့ လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း မေ ၁၀ ရက် ညနေပိုင်းထုတ် ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်၊ မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ်ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်းမရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲဖြစ်တယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကိုဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်၊ ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းမှန်နိုင်တယ်ဆိုပြီး ရှင်းပြပါတယ်။

Wednesday, April 17, 2013

မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်


မြန်မာတပြည်လုံး မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင် – ဦးထွန်းလွင်
Wednesday, April 17,2013

အခုရက်ပိုင်းအတွင်း မြန်မာတပြည်လုံးမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နိုင်ပြီး လေတိုက်ခြင်း၊ မိုးရွာခြင်းတွေ ဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေ၀သပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

... အတက်နေ့မှာ မုံရွာ၊ မန္တလေးအပါအ၀င် အထက်မြန်မာပြည် မြို့အတော်များများမှာ လေတိုက်သွားတယ်။ ဒီနေ့ ပြည်မှာဆိုရင် အနီးအနားကရွာတွေမှာ အိမ်ခြေ ၂၀၀ ကျော်လောက် ပြိုလဲတယ်ကြားတယ်။ မနေ့ကဖြစ်တဲ့ ဖြစ်စဉ်က ဘာကြောင့်ဖြစ်တဲ့ မိုးလေ၀သထူးခြားဖြစ်စဉ်ပါလဲ

“မိုးစနေ၊ လေရာဟုလေ မြန်မာစကားမှာ။ ဒါက ရာဟုထောင့်၊ အနောက်မြောက်ကလာတာ။ အိန္ဒိယအရှေ့မြောက်ကစတယ်၊ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်တယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကချင်နဲ့ မြန်မာပြည် အနောက်မြောက်ပိုင်းတပိုင်းလုံးပေါ့။ အဲဒီကမှ အလယ်ပိုင်း၊ မြေလတ်ပိုင်းတို့ထိ ကူးလာတဲ့ မိုးလေ၀သ ဖြစ်စဉ်ပါပဲ။ အဲတော့ အနောက်မြောက်ဘက်က ၀င်လာတဲ့ မိုးလေ၀သဖြစ်စဉ်ဆိုတော့ သူ့ရဲ့မူလဇစ်မြစ်ကတော့ ဟိမ၀န္တာတောင်ခြေနဲ့ ဟိမ၀န္တာအနီးမှာ တိုက်နေတဲ့ လေအေးတွေက အောက်ဘက်ကို ဆင်းလာတဲ့အခါဖြစ်တဲ့ ဖြစ်စဉ်ပါပဲ။

ဒီနေ့၊ မနက်ဖြန်ဆို လေတိုက်တာ၊ မိုးသီးကြွေတာ၊ မိုးကြိုးပစ်တာတို့က မိုးတိမ်တောင်ကြောင့်ဖြစ်တာ။ မိုးတိမ်တောင်တွေက နောက် ၃-၄ ရက်ထိ ရှိဦးမယ့်သဘောရှိတယ်။ ဧရိယာကလည်း တော်တော်များများ ဖုံးလွှမ်းသွားလိမ့်မယ်။ မနက်ဖြန်နဲ့ သန်ဘက်ခါဆိုရင် မြန်မာနိုင်ငံအလယ်ပိုင်းလောက်ကလွဲရင် တပြည်လုံးလိုလို မိုးတိမ်တောင်တွေဖြစ်မယ်။ အဲတော့ ပထမတချက်က မိုးတိမ်တောင်ကြောင့်ဖြစ်တာ

ဒုတိယတချက်က ဘာကြောင့်လဲဆိုရင် ဧပြီလ ၁၅ ရက်နေ့ကတည်းက မိုးကြိုကာလ၀င်သွားပြီ။ အကြိုနေ့ကတည်းက အောက်ဘက်မှာ မိုးတိမ်တောင်တွေဖြစ်လိုက်တာ ကျုံဒိုး၊ ကော့ကရိတ်မှာ မိုးကြိုးပစ်တာ လူ ၅ ယောက်သေတယ်။ မြန်မာပြည်မှာ ရာသီဥတုဝင်နေတာ အနောက်မြောက်တခု၊ အရှေ့တောင်တခုရှိတယ်။ အရှေ့တောင်က တောင်ပိုင်းကတက်တာ၊ အနောက်မြောက်က ဟိုးအပေါ်ဘက်ကဆင်းတာ။ ဖြစ်တတ်တဲ့ သဘာဝရှိတယ်။ သိပ်တော့ မဆန်းပါဘူး။ ဒါပေမယ့် နည်းနည်း ပိုအားကောင်းနေတယ်လို့ ပြောလို့ရတယ်။”

အခုအချိန်ကာလက မုတ်သုံဝင်မယ့် ရာသီပေါ့။ အဲဒီအချိန်ကာလမှာဖြစ်တတ်တဲ့ မိုးလေ၀သဖြစ်စဉ်တွေနဲ့ သတိပြု၊ သတိထားရမယ့် အချက်တွေ။

“အခုက မိုးကြိုခေါ်တယ်။ မိုးကြိုက မုတ်သုံမ၀င်မီကာလလေးပေါ့။ အရင်ကတော့ မိုးကြိုဆိုတာ ဧပြီ ၁၅ ကနေ မေ ၁၅ ၁ လလောက်ပဲ။ အခုက မုတ်သုံဝင်တာ နောက်ကျတော့ ဧပြီ ၁၅ ကနေ မေလကုန်လောက်ထိဆိုတော့ ၄၅ ရက်ဖြစ်သွားတယ်။ မိုးကြိုကာလဟာ တော်တော်လေး ဖောက်ပြန်ရာသီဥတုများပေးတတ်တယ်။ လွန်ကဲတဲ့ ဖြစ်ရပ်တွေဖြစ်တတ်တဲ့အထဲ ၂ ချက်ပေါ့။ တချက်က မိုးတိမ်တောင်တွေ အများအပြား ဖြစ်တတ်တယ်၊ နောက် မုန်တိုင်းဝင်တတ်တယ်၊ ဒီ ၂ ချက်က အရေးကြီးဆုံးပဲ။”

ဆရာပြောတဲ့ ၄၅ ရက်တာ ကာလအတွင်း အများပြည်သူ သတိထားဖို့တွေလည်း ပြောပြပေးပါ။

“၄ ခုလောက် သတိထားစေချင်တယ်။ တခုက မိုးတိမ်တောင်၊ မိုးတိမ်တောင်သဘာဝက မွန်းလွဲ ညနေပိုင်းတွေဖြစ်တယ်။ များသောအားဖြင့် ၃ နာရီနောက်ပိုင်း၊ ၄ နာရီ၊ ၄ နာရီခွဲ အများဆုံးဖြစ်တတ်တယ်။ မိုးတိမ်တောင်ဖြစ်ရင် လျှပ်စီးလက်တယ်၊ မိုးခြိမ်းတယ်၊ မိုးသီးကြွေတယ်၊ မိုးသက်လေပြင်းတိုက်တယ်၊ နေရာကွက် မိုးကြီးတယ်၊ လေဆင်နှာမောင်းတိုက်တယ်၊ စိုက်ဆင်းလေပြင်းတိုက်တယ်။ အားလုံးဟာ အပျက်အစီးရှိနိုင်တဲ့ ဖြစ်စဉ်တွေချည်းပဲ။ ဒုတိယက အပူချိန်တွေက ဒီအချိန်မှာ ဆက်ပြီးတက်နေတုန်းပဲ။ အပူချိန်မြင့်တက်မှုက သတိထားရမယ်။

မြန်မာပြည်တပြည်လုံး အပူချိန်တွေ ၄၀ ပတ်ဝန်းကျင်နားအကုန်ရောက်နေတယ်။ အလယ်ပိုင်းဆိုရင် ၄၂-၄၃ ထိတောင် ရောက်တယ်။ အပူချိန်မြင့်မားမှုကို ဂရုပြုဖို့လိုပါတယ်။ တတိယအချက်က မိုးကြိုကာလမှာ ဘင်္ဂလားပင်လယ်အော်ထဲကနေ မုတ်သုံရဲ့ ရှေ့ပြေးအဖြစ် လေတွေ ၀င်လာတဲ့အခါ ၀င်လာတဲ့လေထဲ ရေငွေ့ပါလာတယ်။ မြန်မာပြည်ကိုရောက်လာတဲ့ လေထဲ ရေငွေ့ ပါလာတော့ အောက်ကမြေပြင်ရဲ့ အပူနဲ့ လေထဲကရေငွေ့တွေဟာ မိုးလေ၀သဖြစ်စဉ်အရ ပူတယ်၊ ပွတယ်၊ ပေါ့တယ်။ ဒီဖြစ်စဉ်တွေနဲ့ အပေါ်တက်ပြီး အအေးဓာတ်ရပြီး အရည်ဖွဲ့တွေ တိမ်ဖြစ်တဲ့ကာလပါ။ အဲတိမ်တွေ မိုးအဖြစ်ရွာချရင် ဒါကောင်းတယ်။

အပူချိန်မမြင့်ပေမယ့် ရေငွေ့များ၊ တိမ်တွေဖြစ်၊ မိုးမရွာရင် လူတွေအပေါ်ခံစားရတဲ့ အပူချိန်တွေ အလွန်မြင့်သွားတတ်တယ်။ အဲဒါကို Heat Index လို့လည်းခေါ်တယ်။ မနှစ်ကဆိုရင် ရန်ကုန်မြို့မှာ အပူချိန်က ၃၆-၃၈ လောက်ပဲရှိတယ်။ ၃၈ ဒီဂရီစင်တီဂရိတ်က သိပ်ပူတယ်လို့တော့ ပြောလို့မရဘူး။ ဒါပေမယ့် ရေငွေ့က ၈၀ ရာနှုန်းရှိတယ်၊ တိမ်ရှိတယ်။ မိုးမရွာဘူး။

အဲနေ့ရဲ့ field temperature ကို တွက်ကြည့်တယ်။ သူက တိုင်းလို့မရဘူး၊ တွက်ကြည့်ရတယ်။ တွက်တဲ့အခါ နေ့ရဲ့အပူချိန်ရယ်၊ ရေငွေ့အပူချိန်ရယ် ၂ ရပ်ပေါင်းလိုက်တော့ လူမှာခံစားရတဲ့ အပူချိန်က၊ မနှစ်က ဧပြီလ ၆ ရက်နေ့ကဆိုရင် freld temperature က ၆၂ ဒီဂရီ စင်တီဂရိတ်ရှိတယ်။ အဲဒါဆိုရင် Heat Stroke ရတာပါပဲ။ Heat Stroke ရရင် လေဖြတ်တယ်၊ ဦးနှောက်သွေးကြောပြတ်တယ်၊ အသက်အန္တရာယ်ရှိနိုင်တဲ့ အနေအထား။ အဲဒါတခုလည်း မုတ်သုံရာသီဥတုပြောင်းလဲမှုကြောင့် တွေ့ရတယ် ဆိုတဲ့ ၄၅ ရက်တာ ကာလအတွင်း မိုးတိမ်တောင်ရယ်၊ အပူချိန်မြင့်တက်မှုရယ်နဲ့ heat stroke ရယ်၊ မုတ်သုံမိုးကလည်းမရ၊ ခြောက်သွေ့တဲ့အချိန်အခါမှာရတဲ့ ဟိမ၀န္တာတောင်ခြေက လာတာ။

ရေခဲမြစ်တွေကလည်း ဟိမ၀န္တာတောင်ခြေ အလယ်နဲ့အရှေ့ပိုင်းမှာမရှိတော့ဘူး။ အဲတော့ ရေရှိရမှုအရင်းအမြစ်တွေ များတဲ့အတွက် ရေနည်းတဲ့အန္တရာယ်လည်း ဆိုးပါတယ်။ တခါတလေ မိုးရွာလိုက်တာလည်း အထောက်အကူတခုတော့ ရမယ်လို့ထင်တယ်။ မဟုတ်ရင် ရေပြဿနာက တော်တော်ဆိုးပါတယ်။ အပူရယ်၊ ရေရယ်၊ မိုးတိမ်တောင်ရယ် ဒီ ၄ ခုပေါ့။”

DVB

Thursday, April 4, 2013

မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ


မြောက်ကိုရီးယားက အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် တိုက်ခိုက်ရန် အတည်ပြုပြီးဖြစ်ကြောင်း ကြေညာ
...................................................................................................................
မြောက်ကိုရီးယား စစ်တပ်သည် အမေရိကန်နှင့် တောင်ကိုရီးယားကို အဆင့်အမြင့်ဆုံး နျူကလီးယား လက်နက်များဖြင့် အညှာအတာ ကင်းမဲ့စွာ တိုက်ခိုက်ရန် နောက်ဆုံးအတည်ပြုချက်ကို လက်ခံရရှိပြီးဖြစ်ကြောင်း ဧပြီလ ၃ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ယင်းသည် မြောက်ကိုရီးယား နိုင်ငံတော် သတင်းဌာနဖြစ်သော KCNA မှတစ်ဆင့် ထုတ်ပြန်ခဲ့သည့် ကြေညာချက်ကို အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ယင်းကြေညာချက်တွင် အမေရိကန်၏ ခြိမ်းခြောက်မှုများကို ပိုမိုသေးငယ်၊ ပိုမိုပေါ့ပါးပြီး မျိုးကွဲ အမျိုးမျိုးရှိသည့် အဆင့်အမြင့်ဆုံး နျူကလီးယား တိုက်ခိုက်မှုများဖြင့် ဖယ်ရှားသွားမည်ဟု ပါရှိသည်။
မြောက်ကိုရီးယား စစ်တပ်၏ ကြေညာချက်တွင် ယခုကိစ္စနှင့် ပတ်သက်၍ တော်လှန်ရေး လက်နက်ကိုင် တပ်မတော်၏ အညှာမဲ့ စစ်ဆင်ရေးနှင့် ပတ်သက်၍ နောက်ဆုံးစစ်ဆေးမှုများ ပြုလုပ်ပြီးစီးပြီးနောက် နောက်ဆုံး အတည်ပြုချက် ချမှတ်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယင်း၌ပေါက်ကွဲမှုကြီး ဖြစ်ပွားမည့် အချိန်သို့ အလျင်အမြန် ချည်းကပ်လာနေပြီဖြစ်ကြောင်း၊ ယင်းသည် ယနေ့ဖြစ်စေ၊ မနက်ဖြန်ဖြစ်စေ အချိန်မရွေး ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြထားသည်။
အမေရိကန်နှင့် တောင်ကိုရီးယားတို့ရှိ ထောက်လှမ်းရေး ဌာနများမှ ထွက်ပေါ်လာသော အတွင်းသတင်းများကို ကိုးကားလျက် တောင်ကိုရီးယားနိုင်ငံမှ Yonhap သတင်းဌာနက မြောက်ကိုရီးယားသည် တာလက်ပစ် Musudan ဒုံးကျည်ဟု ယူဆရသော အရာကို ၎င်း၏ အရှေ့ကမ်းရိုးတန်းသို့ ရွှေ့ပြောင်းခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ ဒုံးကျည်သည် ၁၈၇၅ မိုင် အကွာအဝေးသို့ ရောက်နိုင်ပြီး တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ပစ်မှတ်များ အားလုံးအတွက် လုံလောက်သည်ဟု ဆိုသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က မြောက်ကိုရီးယားသည် အမေရိကန်နှင့် မဟာမိတ်များအတွက် သိသာထင်ရှားသော အန္တရာယ်တစ်ရပ်အဖြစ် တည်ရှိနေကြောင်း ပြောကြားခဲ့ပြီးနောက် မြောက်ကိုရီးယား စစ်တပ်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။ တောင်ကိုရီးယားရှိ အမေရိကန် တပ်များကို အဆင့်အမြင့်ဆုံး သတိပေးချက်အရ နေရာချထားပြီး ချက်ချင်း တုံ့ပြန်နိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်သည် ယင်းဒေသအတွင်းရှိ ချထားနှင့်ပြီးဖြစ်သော စစ်အင်အားကို B2 လျှို့ဝှက်ဗုံးကြဲ လေယာဉ်များ၊ F22 လျှို့ဝှက် တိုက်လေယာဉ်များနှင့် B 52 ဗုံးကြဲလေယာဉ်များဖြင့် အားဖြည့်ထားပြီး ဂူအမ်သို့လည်း အဆင့်မြင့်ဒုံးကျည် ဘက်ထရီတစ်ခု ပို့ထားကြောင်း သိရသည်။
မြောက်ကိုရီးယားက အသုံးပြုနိုင်ဖွယ်ရှိသည့် တာလက်ပစ် ဒုံးကျည်သည် ဟာဝိုင်အီနှင့် ဂူအမ်သို့ ရောက်ရှိနိုင်ဖွယ် မရှိသော်လည်း တောင်ကိုရီးယားနှင့် ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက် စခန်းများမှာ တိုက်ခိုက်ခံရနိုင်ဖွယ် ရှိနေသည်။ မြောက်ကိုရီးယားသည် ဒီဇင်ဘာလအတွင်းက တာဝေးပစ်ဒုံးပျံကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း တိုက်ကြီးများအကြား ဖြတ်ကျော်ပစ်နိုင်သည့် ဒုံးကျည်များ ဖွံ့ဖြိုးလာနိုင်ရန် နှစ်အတန်ကြာ လိုသေးကြောင်း အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတာဝေးပစ် ဒုံးကျည်သည်သာ အမေရိကန်ပြည်ထောင်စု (ပြည်မ) သို့ ရောက်ရှိနိုင်သည်ဟု ဆိုသည်။
တရုတ်နိုင်ငံကလည်း ၎င်းတို့၏ တပ်များကို မြောက်ကိုရီးယားနှင့် နယ်စပ်တစ်လျှောက် ချထားကာ အမြင့်ဆုံး သတိပေးချက်များ ထုတ်ပြန်ထားကြောင်း သိရသည်။
ဧပြီလ ၃ ရက်တွင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် စီးပွားရေး ပူးပေါင်းလုပ်ဆောင်ရာ နေရာဖြစ်သော နယ်စပ်ရှိ ကေဆောင်စက်မှုဇုန်အတွင်းသို့ တောင်ကိုရီးယား အလုပ်သမားများ ၀င်ရောက်မှုကို ပိတ်ဆို့ထားခဲ့သည်။ တောင်ကိုရီးယား သက်ဆိုင်ရာ အာဏာပိုင်များက အလုပ်သမားများကို ကေဆောင်မှနေ၍ အလုပ်သမားများကို နေရပ်သို့ ပြန်ခွင့်ပြုထားကြောင်း ပြောကြားခဲ့သည်။ သို့သော် ဧပြီလ ၃ ရက်တွင် ကေဆောင်သို့ ၀င်ရောက်မည့် လူပေါင်း ၄၈၀ ကို မြောက်ကိုရီးယားက ၀င်ခွင့်မပြုခဲ့ဟု ဆိုသည်။
Ref:AFP/Daily Mail,Reuters
Eleven Media Group\PHOTO ZTM
..
ဂူအမ်ကျွန်းမှာ အမေရိကန်က မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်မယ်

မြောက်ကိုရီးယား တို့က နျူကလီးယားနဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် အမေရိကန်ကနေ ပစိဖိတ်ပင်လယ်မှာရှိတဲ့ ဂူအမ် ကျွန်းမှာ မစ်ဇိုင်းဒုံး ကာကွယ်ရေး စနစ်ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

အဲဒီမှာ သီတင်းပတ် အနည်းငယ် အတွင်း ဒုံးကာကွယ်ရေး အပြီး တပ်ဆင်မှာ ဖြစ်ပြီး၊ စစ်သင်္ဘောတွေကို တော့ ခပ်စောစော စေလွှတ်ထားမှာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန် က ပြောပါတယ်။

အမေရိကန် ပြည်မ၊ ဟာဝိုင်ဟီကျွန်းနဲ့ ဂူအမ် ကျွန်းနေရာတွေဟာ ပစ်မှတ် ဖြစ်နိုင်တယ်လို့ မြောက်ကိုရီးယားက ကြေညာထားတာ ဖြစ်ပါတယ်။
ဂူအမ်ကျွန်းမှာ အမေရိကန်က မစ်ဇိုင်းဒုံး ကာကွယ်ရေးစနစ် တပ်ဆင်မယ်

မြောက်ကိုရီးယား တို့က နျူကလီးယားနဲ့ တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် အမေရိကန်ကနေ ပစိဖိတ်ပင်လယ်မှာရှိတဲ့ ဂူအမ် ကျွန်းမှာ မစ်ဇိုင်းဒုံး ကာကွယ်ရေး စနစ်ကို တပ်ဆင်တော့မှာ ဖြစ်ပါတယ်။

အဲဒီမှာ သီတင်းပတ် အနည်းငယ် အတွင်း ဒုံးကာကွယ်ရေး အပြီး တပ်ဆင်မှာ ဖြစ်ပြီး၊ စစ်သင်္ဘောတွေကို တော့ ခပ်စောစော စေလွှတ်ထားမှာ ဖြစ်တယ်လို့ အမေရိကန် စစ်ဌာနချုပ် ပန်တဂွန် က ပြောပါတယ်။

အမေရိကန် ပြည်မ၊ ဟာဝိုင်ဟီကျွန်းနဲ့  ဂူအမ် ကျွန်းနေရာတွေဟာ ပစ်မှတ် ဖြစ်နိုင်တယ်လို့  မြောက်ကိုရီးယားက ကြေညာထားတာ ဖြစ်ပါတယ်။
.

Sunday, March 24, 2013

နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ


နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူ...း ဖေါ်ရရှိခဲ့သည်။ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။ ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။ ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။ ၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။ MTHN(UNIM) ref; by Share Arakan NewsSee More Photo: နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလားဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင်း လက်ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။ ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။ ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။ ၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ Atish Dipankar နေထိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။
 MTHN(UNIM) ref; by Share Arakan News