Pages

Showing posts with label ဒဿန. Show all posts
Showing posts with label ဒဿန. Show all posts

Thursday, December 15, 2016

ကိုယ်နေရာမှာ မှုးကြီးမတ်

ကိုယ့် နေရာမှာဆို မှုးကြီးမတ်
သူများထံဆို ဘူးသီးဖတ်

သူများဘဝထဲ ကိုယ်ကလိုလိုချင်ချင် ဝင်သွားချိန်ဆိုဗူးသီးဖတ်

ကိုယ့်နေရာမှန်ကို ကိုယ်မေ့နေသမျှတော့
ခံပေဦးပေါ့

ကိုယ့်အသိုင်းဝိုင်း ကိုယ့်ဝန်းကျင်နေရာဆို မှုးကြီးမတ်

 အားလုံး၏စံပြလေးစား ချစ်ခင်မြတ်နိုးခြင်းခံရသူပေါ့

နေရာမှန် လူမှန် ကြည့်တတ်မြင်တတ်ပါစေကွယ်

မှန်မျိုးစုံ မြင်ဘူးအောင်ကြည့်နော်

Friday, October 31, 2014

အကန်းများလမ်း​လျှေက်​ထွက်​ခြင်း

အကန်းများ လမ်း​လျှောက်​ထွက်​ခြင်း

ကိ​လေသာများထမ်းပိုးပြီး လမ်း​လျှောက်​ထွက်​​နေကြ၏
စား​ကောင်း​သောအပင်​မှန်းမသိ  မစား​ကောင်း​သောအပင်​မှန်းမသိ
အဆိပ်​သီးများ အဆိပ်​​ရေများ စားသုင်္း​နေမိတာကို
အကန်းများ မမြင်​မကြည့်​တတ်​ဘူး
မျက်​ကန်းများ မျိး​စေ့ချကြတာ ငရဲမျိုး​စေ့များ စိုက်​ပျိုး​နေသလိုပါပဲ
စုံလုင်္းကန်းများဟာ သံသရာကို မမြင်​မကြည့်​တတ်​ဘူး
ထင်​တစ်​လုံးရဲ့​နောက်​ကွယ်​မှာ ခန္ဓာနဲ့​ပေးဆပ်​ပြီး
ဘဝ​တွေ ဆုံးကြတာများတယ်
၃၁ ဘုံမှာခန္ဓာ​ပေါင်းစုံ ဝဲလှည့်​​နေမှာပဲ..

Tuesday, April 30, 2013

အလွမ်းကကြိုးရုပ်

 
 
သံယောဇဉ်နဲ့မိုးလင်း

သံယောဇဉ်နဲ့မိုးချုပ်

သံသရာကြိုးကခတ်ရှုတ်ရှုတ်
... ...
အလွမ်းကကြိုးရုပ်..
 

Saturday, April 27, 2013

အချစ်နဲ့အပြစ်က သူငယ်ချင်း

အချစ်နဲ့အပြစ်က သူငယ်ချင်း


အမုန်းနဲ့အရှုံးကဒွန်တွဲနေတာပါ

နောက်ဆုံးတော့ သံယောဇဉ်က
... ... သူနိုင်တယ်တဲ့

အလွမ်းနဲ့ငါဟာခွဲမရပါဘူးးးးးးးးးးးးးးးးး


Tuesday, April 23, 2013

အလကားရနေပါတယ်..ငွေပေးဝယ်စရာမလိုပါဘူး

အမွန်မြတ်ဆုံးပါ..

အလကားရနေပါတယ်..ငွေပေးဝယ်စရာမလိုပါဘူး
ဒါပေမယ့်လူတိုင်းမှာမရှိနိုင်ဘူး..

မေတ္တာဟာလောကထဲမှာ တန်ဖိုးအရှိဆုံးနဲ့
... ... အမွန်မြတ်ဆုံးပါ..


 

Monday, April 1, 2013

ရူးမှာဖြင့်လဲ ထမင်းလွတ်ဟင်းလွတ်ရူး APRIL fool

APRIL fool
ထ္မင်းလွတ်ဟင်းလွတ်ရူး

ရိုက်ပြီးရူး မိုက်ပြီးရူး APRIL fool

မြင်နေပါရဲ့နဲ့ကန်းချင်ဟန်ဆောင်ပြီးရူး APRIL fool

မဟုတ်မမှန်တာကို အဟုတ်လုပ်၍ရူး APRIL fool

အဟုတ်အမှန်ကိုအမှားလုပ်၍ရူး APRIL fool

နေရာတခုအတွက်တည်မြဲဖို့သတ်ပြီးရူးAPRIL fool

စုံလုံးကန်းတို့ရူး APRIL fool

ဝတ်လစ်စလစ်ရူး APRIL fool

အခြင်းခြင်အရူးဘုံမြှောက်၍ရူး APRIL fool

ဟိုအရူး ဒီ အရူး APRIL fool

အတိတ် ပ္ပစ္စုပန် အနာဂတ် မေ့အောင်ရူး APRIL fool

ရူးမှာဖြင့်လဲ ထမင်းလွတ်ဟင်းလွတ်ရူး APRIL fool

ပုထုဇနော ဥမ္မာတကောမို့ရူး APRIL fool*

Saturday, March 23, 2013

ဘောင်ထဲကအယူများနှင့် အမှောင်ထဲကလူများ

ဝှက်ဖဲတွေ ကစားနေမှာလား
ဘုရင်တွေအကွက်ရွှေ့နေတာလား
နေ့နဲ့ည  မှားနေတာလား
ဥတုရာသီ ပျက်နေတာ
လူကြောင့်လား   ကမ္ဘာကြောင့်လား
တောမီးလောင်တာ စစ်မီးလောင်တာ
ရှို့မီးလောင်တာ တို့မီးလောင်တာ
ကမ္ဘာကြီး စောင်းနေတာကြောင့်များလား
ဘောင်တွေခတ်ပြီး အယူဝါဒမှိုင်းမိလို့များ
လောက ပိုပူလာတာလား
စိတ်တွေ တက်လိုက်ကြလိုက်
လူတွေ သတ်လိုက် ဖြတ်လိုက်
သတ္တ၀ါတွေ သေလိုက်ကြေလိုက်
ကူးသန်း လူးလားခတ်နေတာများ
ဘောင်ခတ်ထားတဲ့ ရေပူကန်ထဲ
အမှောင်ထဲကလူများ
ပျော်မြူးနေသလိုပါပဲလားနော်..


ချစ်ခြင်းတရားနဲ့ ပြည်ထောင်စု

အခိုင်မာဆုံးသော ပြည်ထောင်စုတွေ၊ ကမ္ဘာအရပ်ရပ်မှာ ပြိုကွဲလျှက်ရှိကြသည်
အယူအဆအမျိုးမျိုး လိုရာဆွဲကာ၊ စစ်ခင်းလျှက်ရှိကြသည်
လူမမယ်ကလေးများ၊ အဘိုးဘွားနဲ့ သားသည်မိခင် ရတက်မအေး ရပြီ ...
ဒီအဖြစ်မျိုးတော့ မကြုံချင်ဘူးလေ၊ အခြေအနေအရပ်ရပ်ကို အစဉ်သုံးသပ်ကြမည်
အနာဂါတ်အကျိုးအတွက် မျှော်ရည်မှန်းကာ ချစ်ခြင်းတရားမြဲမည်
ပြည်ထောင်စုသားတွေ မကွဲမပြားပဲ နှလုံးသားနဲ့ သတိမူကြရင် ရတက်အေးရလိမ့်မည် ...
ဒို့အသက်နဲ့ ဒို့ခန္ဓာတွေ အမြဲရှိသရွေ့ရင်ထဲမှာ
ဒို့ချစ်တဲ့ပြည်ထောင်စုကို အစဉ်စောင့်ထိမ်းဖို့အဓိဌာန်ရည် ..................

Monday, March 18, 2013

"စိတ်ခွန်အားစောင့်သူ"ဘ၀ အသင်္ချေ "အမေ"


"စိတ်ခွန်အားစောင့်သူ"
အမေ့ရဲ့ စကားလေးတခွန်း
သားအတွက် အားဆေးတဇွန်းပေါ့
အမေ သေသွားတဲ့အခါ
အမေ့ရဲ့နောင်ဘဝက…သားတဲ့။
ဒဿနကြွယ်လွန်းတဲ့ စကားအဆန်း
~~~~~~~~~~ကောင်းကင်ကို~~~~~~~~~~~  


ဘ၀ အသင်္ချေ "အမေ"
အမေဆိုတာ ဘ၀ အသင်္ချေ တော်ခဲ့တယ်
မိန်းမ ဟူသရွေ့  ဘ၀ အသင်္ချေ
အမေတော်တယ်
မယုံမရှိနဲ့ မြတ်စွာဘုရား
တရားဟောလို့ ထားခဲ့တယ်
 
မိန်းမ ဟူသ၍
ဘ၀ ပေါင်းများစွာ
အမေတော်လို့ 
စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့
သံသရာ အဆက်ဆက်
အမေ့နို့ရည် သောက်သုံးခဲ့ ပြီး
"သားမောင်" အသက်ဆက်ဖူးတယ်

မြတ်စွာဘုရား ဒေသနာ
တရား ဟောကြားထားခဲ့တယ်
သံသရာမှာဆွေမျိုးဆပ်ရင် ဆွေမျိုးကြည့်ဘဲ
အမှန် တရား လက်ခံထား
ထားတဲ့သူတိုင်းသိပါတယ်

ဘ၀ အသင်္ချေ "အမေ"တော်လို့  စိတ်နဲ့တောင်မှ မညှင်းဆဲနဲ့

ဘ၀ဟောင်းကအမေမို့   ဘ၀ အသင်္ချေတော်ဘူးတယ်
~~~~~~~~~~~~မ~~မ~~~~~~~~~~~~`

Tuesday, March 12, 2013

အလုပ်မလုပ်သူက ဘာမှမလုပ်တော့ ဘာမှဝေဖန်စရာမရှိဘူး

Mar 8, '13 2:41 PM
for everyone
လုပ်သလိုမဖြစ်ခဲ့ရင် ဖြစ်သလိုလုပ်ကိုင်မနေထိုင်ပဲ နေထိုင် လုပ်ကိုင်ဆောင်ရွက်ချက်တိုင်းမှာ ကောင်းမွန်သော စိတ်ရင်း စေတနာအမှန်နဲ့လုပ်ကိုင်နေထိုင်ရင်းနဲ့ လုပ်ဆောင်ချက်တိုင်းမှာ
အကောင်းဆုံးတွေတော့ရှိလာမှာပါ
ဘာမှ မလုပ်ပဲနေသူထက် အများကြီးသာပါတယ်
ဘ၀မှာ  ပျော်သလိုမနေပဲ နေသလိုပျော်အောင်ကြိုးစားရင်း ပျော်နေနိုင်တာပေါ့
တော်သလိုမနေရင်း နေတဲ့နေရာမှာ တော်လာတာပါ
အားမာန်ဆိုတာ ကိုယ်ကမထည့်ရင်ဘယ်လိုရမလဲ
ဘယ်သူမှလာမပေးဘူး စိတ်ဆိုတာ ထိခိုက်တတ်တဲ့အရာ
အထိမခံဘူး အထိမခံပေမယ့် ထိခိုက်တာများလာတော့
အသာမာတက်လို့အသားမာလာသလို နှလုံးသားထဲက ပျော့ပျောင်းပေမယ့် စိတ်ကတော့
့မာကျောလာတာပေါ့ မာကျောလာတဲ့စိတ်ရဲ့အောက်ခြေမှာ နှလုံးသားကနုနယ်ပါတယ်
ထိခိုက်မိတိုင်း ဒဏ်ရာရတိုင်း မျက်ရည်ကသွေးအဖြစ်ထွက်တာပါ
အဲ့တာလေးတွေကို အမှတ်တမဲ့မနေပဲ တွန်းအားအဖြစ်ရယူလိုက်ပါ ကောင်းမွန်သော ခွန်အားဖြစ်လာပါတယ်
ခွန်အားတွေအရှိန်ရလာတော့ အောင်မြင်မှုဆိုတာရောက်ရှိလာတာပါ
လူတယောက် အောင်မြင်မှုရဲ့နောက်ကွယ်မှာ ဒဏ်ရာတွေ အမာရွတ်တွေ အနာတရတွေရှိပါတယ်
မျက်ရည်တွေကိုဖြူစင်စွာစားသုံးပြီး ကိုယ်စိတ်နဲ့ နှိုင်းလို့လူသမိုင်းမှာမရိုင်းအောင် ကောင်းမွန်သော လုပ်ဆောင်ချက်တွေနဲ့ လူသားအဖြစ်
ပေးဝေမျှလို့ နေထိုင်လုပ်ကိုင်ပြီးဆောင်ရွက် ပြောဆို နည်းပေးလမ်းပြ
ရှေ့ဆောင်နိုင်တာပါ တွေ့သိခဲ့တဲ့ လူမှန်သမျှ အကောင်းအဆိုးရောထွေးနေတာကို
သူနေရာနဲ့ သူတကန့်စီထားပြီး သူတန်ဖိုးနဲ့သူ တော့အဖိုးတန်တယ်ပဲ သတ်မှတ်လိုက်
ပါတယ်
ဆင်လဲဆင်ဈေး၊ ဆိတ်လည်းဆိတ်ဈေးပေါ့
တန်ဖိုးမသိသူကတော့ သူကိုယ်တိုင်က အဖိုးမဖြတ်တတ်လို့ ငါပြောတာအမှန် ငါလုပ်တာအမှန်
ငါမှ ငါအမှန်ယူဆကြပါတယ်
ငါထဲမှာ ငါပဲ အမှန်ထင်လို့ ငါ့နေရာ ဘယ်သူမှ အစားမထိုးချင်ကြပါဘူး
ဖေးမကူချင်ပါဘူး လက်တွဲခေါ်ဖို့ကို ၀န်လေးတတ်ကြပါတယ်
ငါပဲမြင်လို့ငါပဲထင်ပြီး ငါတလုံးနဲ့လမ်းဆုံးနေတတ်ကြပါတယ်
..
ယုံကြည်မှုအားနည်းတတ်တယ်
ခင်မင်ပြီးမှ ယုံကြည်ချင်ကြတာ လူလောက သဘာဝဖြစ်ရိုးဖြစ်စဉ်တခုပေါ့

ခင်မင်ယုံကြည်လာအောင်လုပ်ဆောင်ြ
ပီး ယုံကြည်မှုကို ရောင်းစားတတ်တာလည်း လူသဘောပါပဲ လူတယောက်ကို အစအဆုံး  သူ၏ သမိုင်းကြောင်းမသိပဲ
ထင်တလုံးနဲ့အထင်မှား ပျက်ရည်ပြုလို့ စော်ကားမှုပြုကြတာလဲ
လူတွေထဲက လူတွေရဲ့  ကျင့်ကြံတဲ့ အလေ့အကျင့်တခုပါပဲ
ဲအလုပ်မလုပ်သူက ဘာမှမလုပ်တော့ ဘာမှဝေဖန်စရာမရှိဘူး
လုပ်ဆောင်ချက်မရှိတော့ ချပြစရာအကောင်းအဆိုး အကြောင်း အကျိုး အပြစ်မရှိဘူး
အလုပ်လုပ်နေသူကို ထိုင်နေသူမှ ဝေဖန်ပြီး အပြစ်ပြောဖို့ဝန်မလေးဘူး
ဆုံးမပဲ့ပြင်သော ဘာသာတရား စာပေ ဘုရားကျောင်းကန်  ဗဟုသုတရှိသော
လူကြီးသူမထံ သွားလာမှု နည်းပါးလာတယ် ချည်းကပ်လေ့လာမှု အားနည်းတယ်
ကောင်းမွန်သော အလေ့ အကျင့် ဓလေ့စရိုက် ဘာသာ သာသနာတွေပျောက်ဖို့
ပိုမိုလွယ်ကူလာ
တဲ့ခေတ်ပေါ့..။
ငိုတတ်တဲ့ကလေး နို့စို့ရတယ်

တောင်းတတ်တဲ့လူ ရတယ်

ပြောတတ်တဲ့လူ သဘောကျကြတယ်

ပေါင်းတတ်တဲ့လူ အရာရာမှာ အမြန်အလုပ်ဖြစ်တယ်

ပေးတတ်တဲ့လူ အခြွေအရံပေါတယ်

သူတော်ခြင်းခြင်း သတင်းလွေ့လွေ့တဲ့..

မိတ်ဆွေဆိုတာ အကျိုးလဲပြောတယ်

အပြစ်လဲပြောတယ်

ရန်သူဆိုတာလိမ်ညာပြီး

အကြိုက်လိုက်ပြီးပေါင်းသင်းတာ

အတိတ် ကံတရားဝဋ်ပါရင်

ကိုယ်မှန်နေလဲခံရတယ်

ဒါအရင်ကအတိတ်ဝဋ်ကျွေး

ဆပ်ရတာပဲ ခံရတာပဲ

ဘုရားရှင်တောင်မလွတ်ဘူးနော်..

Tuesday, November 13, 2012

♥♥တတ်သူတွေ ♥နပ်သူတွေ ♥စည်းပျက်သာတိုး♥ စည်းပျက်ရင် မင်းးး ခက်မှာဆိုး ♥

 စည်းပျက်သောတိုင်းပြည် စည်းဖျက်သောသူ
စည်းမဲ့သောလူ
စည်းမရှိတော့ဗရမ်းဗတာ
စည်းကမ်းဖောက်ရင်
ထီးနန်းတောင်ပျောက်သေးတာ
စည်းဆိုတာ ထမင်းရည်ပူစည်းတောင်ဆော့ရင်
ထိမှာကျောက်သေးတယ်
အော်................
ဒီလိုကြောက်တာမှ
မှန်တာလား

မှားတာလား
ဖောက်ချင်သလိုဖောက်
ပျောက်ချင်တာပျောက်မှာပေါ့
ဖေါ့တွေးရင်ပေါ့ပေါ့လေးပေါ့
ပေါ့ပေါ့ပါးပါးထားတော့
တစ်နေ့တစ်ခြား လုံးပါးပါးတတ်တယ်
လှူတော့အများ ပါတယ် .....
ဘယ်နယ့် ကဗျည်းထိုးတော့ ရွာသားအလှူ
သူကြီးကောင်းမှု့ ဖြစ်နေတာလည်း
ပျက်အစဉ် ပြင်ခဏ
မြင်ဖို့မတွေး ပျက်မှာပေါ့
ပြင်ဖို့မတွေး ပျက်တာပေါ့
ဒီစာသား ဒီစာစကား
ဘယ်မှာထား ဘယ်လိုနေ
ထွေးထုတ်တဲ့ တံတွေးကောက်မျိုနေ
ရေငတ်သလား ရေပြတ်သလား
အလှူရေစက်လက်နဲ့မကွာ
မေးတတ်မှ မေး ပေးတတ်မှပေး
ပေးတိုင်းရစေ
တောင်းတိုင်းပြည့်စေ
ဒီအတိုင်းဆို
သူတောင်းစားတွေ
သူဌေးဖြစ်တာကြာလှပေါ့
စည်းကမ်း ရှိပါစေ
နည်းလမ်းသိပါစေ
တွေးခေါ်တတ်ပါစေ
မျှော်မြင်တတ်ပါစေ
ချင့်ချိန်တတ်ပါစေ
တတ်သူတွေ နပ်သူတွေ စည်းပျက်သာတိုး

စည်းပျက်ရင် မင်းးး ခက်မှာဆိုး

စည်းပျက်တိုးသူ
အတွက် ခွေးတိုးပေါက်ထား
ရန်မလို ရန်ပြိုတဲ့စကား
ချစ်သူတစ်ထောင်နည်း၏
ရန်သူတစ်ယောက်များ၏
ကြိုက်သလိုယူသော်ရ၏
ယူသလိုကြိုက်သော်ရ၏
စိတ်အညစ်အကြေး စင်အောင်ဆေး
သူနေရာသူ ဆိုတာရှိ၏
ဒူးလည်းဒူးနေရာပေါ့
တော်လည်းတော်နေရာပေါ့
ဆင်သွားလမ်းဖြစ်တယ်ဆိုပေမယ့်
လမ်းတော့ဖြစ်ပါတယ်
သစ်ပင်လေးတွေမှာ
မှီခိုနေတဲ့သတ္တ၀ါတွေ
ဆင်နင်းလို့သေချာပါပေါ့လား
သတ္တ၀ါဆိုတာ အကုန်အသက်ပါတယ်
အကောင်ကြီးတာ ငယ်တာခွဲခြားမနေနဲ့
သူလမ်းသူသွားတာ သူများအသက် သေတာပေါ့
မြင်တတ်အောင်မြင်ကြည့်ပါ
တွေးတတ်အောင်တွေးကြည့်ပါ
ပေါ့ပေါ့နေ ပေါ့ပေါ့တွေး
ပေါ့ပေါ့လေးရေးမထားဘူးနော်
တောင်းတိုင်းလည်းမပေးဘူး
ယူတိုင်းလည်းမရဘူး
လူတိုင်းလည်း မသိဘူး
တွေးခေါ် မျှော်မြင်ဥာဏ်နှင့်ယှဉ်လော့
ယူတတ်ပါစေ
ပေးတတ်ပါစေ
ဒါ.......ဒဿနလေ

Wednesday, November 7, 2012

♥စကားမှန်ရင်ရွှေထက် အဖိုးတန်ပါတယ်♥

 
♥စကားမှန်ရင်ရွှေထက် အဖိုးတန်ပါတယ်♥

သုံးလွန်းတင်မှကြိုး  ဒေါင်ဒေါင်မြည်မှအိုး

 ရောက်မိရောက်ရာ   ခေါက်မိခေါက်ရာ

အက်ရာပါလား     မီးကျက်သလား

အမြီးကျက်အမြီးစား  ခေါင်းကျက်ခေါင်းစား

မစားသင့်တာစားရင်  ဂျပိုးနင့်လို့အန်တတ်တယ်
ထွန်လည်းထက်စေ  ယာလည်းညက်စေ    

မိန်းမဖျက်ပြည်ပျက်   မဖက်လိုက်လို့  မိုက်ဖက်ပါ

အမောင်တောင်မှန်း  မြောက်မှန်းမသိပါ

ညောင်ပင်တစ္စေဝေလေလေ  နင်ဘယ်ကိုင်းမှာနေ

ကိုင်းမခုတ်ပဲ ကိုင်းမလှုတ်ပဲ  အမြစ်ဖြုတ်တော့ အပင်သေ 
 ဗိမ္မာန်မရှိတဲ့တစ္စေ နင်ဘယ်ကိုင်းနေ

တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်

အိမ်ကြိုအိမ်ကြားပေါက်သည့်သား  စကားခပ်ကြွယ်ကြွယ်

ခေါက်ချိုးပြောရင် ဇောက်ထိုးနားလည်

စကားမို့ဆို ပျားလိုချိုလေ

ပြောသူမလုပ်  လုပ်သူမပြော

 ပြုတိုင်းပြော ပြောတိုင်းပြု

အလုပ်ထက်  အပြောလွယ်   အပြောထက်

 အလုပ်နှင့်ပြပါကွယ်......

စကားမှန်ရင်ရွှေထက်အဖိုးတန်ပါတယ်......။။။။

စကားပုံ ဒဿနပါ

Monday, November 5, 2012

စိတ် နဲ့ ခန္ဓာ

ငါ့ခန္ဓာကိုယ်  ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား

ငါရှာဖွေနေ ငါတည်ဆောက်နေ

ငါ့တွက်မဟုတ်  လောက လူ့ရွာ

မပေးတတ်ရင်   မယူတတ်ရင်

သံသရာမှာ  ငရဲရောက်လိမ့်

ယခုခဏ  လောဘအတ္တ

အမိုက်မှောင်ဖုန်း  တဏှာရာဂ

သူခိုင်းစေလို့  စေသည့်ကျွန်လား

ထွန်သည့်နွားလား   ခန္ဓာသဘော

လိုက်လျှောပြီးတော့   ခန္ဓာခိုင်းသမျှလုပ်ရတယ်

မင်း  ရဲ့သယုဒ်   မင်း  ပြယုဒ်ကို

မင်း ကြည့်တတ်ရင် မြင်လိမ့်မယ်

လောကလူ့ရွာ မကြည့်တတ်ရင်

ငရဲပန်းကို ရွှေပန်းအမှတ်

မင်းမြင်နေတယ်

လောဘ အတ္တ တဏှာ ရာဂ ကိလေသာကို

ရွှေပန်းမှတ်လို့   ပန်ချင်တယ်

လောဘ အတ္တ သူခိုင်းစေတော့

သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက်  စိတ်တွေ   ဖောက်ပေါ့

ရင်မှအပူ မီးလိုဆူလို့

စိတ်ဝယ်  မောပန်း   မရွှင်လန်းနိုင်

ခန္ဓာနားလည်း  စိတ်ကပြေးလွား

မမောပန်းနိုင်  စိတ်ရဲ့စေရာ

အမှား  အမှန်  ရှုမြင်သုံးသတ်

ဝေဖန်စစ်ကြည့်   လောကလူရွာ

စိတ်နဲ့ခန္ဓာ   တရားသလား

အမှားများသလား    မေးချင်တယ်........။
18 CommentsChronological   Reverse   Threaded
kotoegyi wrote on Jul 25, '10
ဟုတ်
မမငွေထုတ်စက်
ဒေါ်လာနဲနဲလောက် ထုတ်ပေးပါ
မမြင်ဘူးလို့ ပါ
ဓါတ်ပုံထည်းမှာတော့မြင်ဘူးတယ်နော် အပြင်မှာပြောတာ
yinminkhine wrote on Jul 25, '10
kotoegyi said
ဟုတ်
မမငွေထုတ်စက်
ဒေါ်လာနဲနဲလောက် ထုတ်ပေးပါ
မမြင်ဘူးလို့ ပါ
ဓါတ်ပုံထည်းမှာတော့မြင်ဘူးတယ်နော် အပြင်မှာပြောတာ
လာနောက်မနေနဲ့ ...သက်မွန်မြင့်.ထံကတောင်းပါ..
nyeinsoeoo wrote on Jul 26, '10
သက်မွန်မြင့် ဘယ်မှာလည်း ဟင်...။အဲဒါ ကိုက တရားနဲ့ အမှား ဘာများသလဲ ရှင်းနေပါပြီ ...ခိုင်ရေ ...
mizzuri09clysna wrote on Jul 26, '10
ဖတ်သွားပါတယ် ယဉ်မင်းရေ

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
generalzinminko wrote on Jul 26, '10
လူ့လောကကို ဝေဖန်စစ်ကြည့်ဖို့  အတွေးများစွာနဲ့  ဖတ်သွားပါတယ် မမရာ .....။
dhammaanalysis wrote on Jul 26, '10
အမှား အမှန် ရှုမြင်သုံးသတ်

ဝေဖန်စစ်ကြည့် လောကလူရွာ

စိတ်နဲ့ခန္ဓာ တရားသလား

အမှားများသလား မေးချင်တယ်........။
အမှန်ပေါ့ ဘယ်အရာမဆို အမှားလား အမှန်လား
ဝေဖန်ဆန်းစစ်တတ်ဖို့ အရေးကြီးပါတယ်
စိတ်နဲ့ ခန္ဒာ တရားသလားဆိုတာတော့ တရားသဘောနဲ့ ကြည့်ရင် တရားတွေ တွေ့မှာပေါ့
ကြည့်တတ်ဖို့ပဲ လိုတယ်တယ်လေ
ရည်ညွန်းချက်လေးများ ကောင်းမွန်ပါပေ၏။
သာဓု သာဓု သာဓု
yinminkhine wrote on Jul 26, '10
သက်မွန်မြင့် ဘယ်မှာလည်း ဟင်...။အဲဒါ ကိုက တရားနဲ့ အမှား ဘာများသလဲ ရှင်းနေပါပြီ ...ခိုင်ရေ ...
လူသဘောကိုစောကြောမိတော့........တရားနဲ့ အမှား
အမှန်တရား..ရေးမိသွားတာပါ။
wearelife wrote on Jul 26, '10
သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့

အမှားတွေထဲကအမှန်တွေပေါ့...လုပ်နေရတယ်ပဲလေ

တရားကတော့ကိုယ်ဘေးနားမှာအမြဲရှိနေတယ်လေ

ယူတက်ရင်ပေါ့
yinminkhine wrote on Jul 26, '10
ဖတ်သွားပါတယ် ယဉ်မင်းရေ

ချမ်းမြေ့ပါစေ
ကိုကြည်နိုင်(ကျုံတိုင်းရွာ)
အားပေးမှု့လေးစားပါ၏
yinminkhine wrote on Jul 26, '10
လူ့လောကကို ဝေဖန်စစ်ကြည့်ဖို့  အတွေးများစွာနဲ့  ဖတ်သွားပါတယ် မမရာ .....။
ကောင်းတယ်..တွေးတတ်မှပေါ့နော်.. ဒါမှမြတ်လားရှုံးလားသိမှာလေနော်.......

လူလောကမှာနေတာ.....အမြတ်ရမှနော်...အနေမြတ်တာနော်.........
yinminkhine wrote on Jul 26, '10
အမှန်ပေါ့ ဘယ်အရာမဆို အမှားလား အမှန်လား
ဝေဖန်ဆန်းစစ်တတ်ဖို့ အရေးကြီးပါတယ်
စိတ်နဲ့ ခန္ဒာ တရားသလားဆိုတာတော့ တရားသဘောနဲ့ ကြည့်ရင် တရားတွေ တွေ့မှာပေါ့
ကြည့်တတ်ဖို့ပဲ လိုတယ်တယ်လေ
ရည်ညွန်းချက်လေးများ ကောင်းမွန်ပါပေ၏။
သာဓု သာဓု သာဓု
တပည့်တော်..မ.

ရှိခိုးဦးတင်ကန်တော့ပါတယ်ဘုရား။

အရှင်ဘုရားကျမ်းမာပါစေ။
yinminkhine wrote on Jul 26, '10
wearelife said
သားတွက်သမီးတွက်

ဆွေတွက်မျိုးတွက်

စည်းစိမ်ဥစ္စာ တည်မြဲဖို့အရေး

နောင် သံသရာ မတွေးခေါ်ဘူး

ခန္ဓာခိုင်း သမျှလုပ်ရတယ်

ခန္ဓာသဘောမလိုက်ရောရင်

အာရုံတွေနောက် စိတ်တွေ ဖောက်ပေါ့

အမှားတွေထဲကအမှန်တွေပေါ့...လုပ်နေရတယ်ပဲလေ

တရားကတော့ကိုယ်ဘေးနားမှာအမြဲရှိနေတယ်လေ

ယူတက်ရင်ပေါ့
သေချာတယ်သီဟရေ......နောင်သံသရာမတွေးတော့ဘူးးးးးးးး

စိတ်ခိုင်းစေသမျှလုပ်နေကြတယ်....ယူတော့ယူတယ်..ပေးတော့ပေးတယ်.....လုပ်နေရတယ်...

သူများတွက်ပေါ့....ကိုသေတော့လည်းမပါဘူးနော်...

မြင်တယ်သိတယ်..မကျင့်ကြံတတ်ဘူးဖြစ်နေတယ်လေ.နော်.......
ainlay44 wrote on Jul 28, '10
ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား.....။


ဝဋ်ကြွေးရှိသမျှပေးဆပ်ခဲ့ပါတယ်...။။။။။
yinminkhine wrote on Jul 28, '10
ainlay44 said
ငါ့ခန္ဓာကိုယ် ငွေထုတ် စက်လား

ငါ့ကိုခိုင်းစေ မနေမနား

ငါပေးဆပ်နေ နေ့မအား ညမနား.....။


ဝဋ်ကြွေးရှိသမျှပေးဆပ်ခဲ့ပါတယ်...။။။။။
ယခုခဏ လောဘအတ္တ

အမိုက်မှောင်ဖုန်း တဏှာရာဂ

သူခိုင်းစေလို့ စေသည့်ကျွန်လား

ထွန်သည့်နွားလား ခန္ဓာသဘော

လိုက်လျှောပြီးတော့ ခန္ဓာခိုင်းသမျှလုပ်ရတယ်..............။
kovida wrote on Jul 28, '10
ဦးဇင်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ပါတယ်။
yinminkhine wrote on Jul 28, '10
kovida said
ဦးဇင်းဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုခဲ့ပါတယ်။
တင်ပါ့ဘုရား.............တပည့်တော်.....မ.....ရှင်ခိုးဦးတင်ပါတယ်.ကန်တော့ပါတယ်ဘုရား..........
mahaythi2010 wrote on Jul 30, '10
အားပေးသွားပါတယ် ... မယဉ်မင်းရေ .....
yinminkhine wrote on Jul 30, '10
အားပေးသွားပါတယ် ... မယဉ်မင်းရေ .....
အားပေးမှု့လေးစား၏
Add a Comment
 

အမှန်တရားကတော့ သေဆုံးသလား ပျောက်ဆုံးသလား လားးးးပေါင်းများစွာ..အမှန်တရား သေဆုံးခြင်း

အမှန်တရား သေဆုံးခြင်း
အမှန်တရားကတော့ သေဆုံးသလား
ပျောက်ဆုံးသလား လားးးးပေါင်းများစွာ....

သူဟာသင့်အတွက်.....?? သင်ဟာသူအတွက်......??
...

သစ္စာတရားကခရီးထွက်ဖို့.....ဘိနပ်စီးပြင်ဆင်နေတုန်းမှာ

မုသာဝါဒ ကမ္ဘာကိုပတ်ပြီးသွားပြီ...

အမှန်တရားကို...နားမလည်တော့ဘူး.....

အမုန်းတွေဘဲရှိနေတယ်.....

မေတ္တာတရားမရှိကျလို့လေ..............

သိက္ခာ၊အချစ်၊စေတနာ၊မေတ္တာ သစ္စာ။အကြင်နာဆိုတဲ့
စကားလုံး တွေနဲ့ သာမာန်မိန်းမ..သာမာန်ယောင်္ကျားတွေနဲ့ မထိုက်တန်ဘူး။

သူတို့နဲ့ထိုက်တန် တာ ဥပက္ခာ၊အမုန်း၊လောဘ၊

မောဟ နဲ့မာန်မာနတွေပဲထိုက်တန်တယ်...

အောင်မြင်တဲ့လူတယောက်မှာ..

ထူးခြားတဲ့ခံယူချက်..ရည်မှန်းချက်တွေရှိတယ်

အတွေးအခေါ်တွေရှိတယ်......ထူးခြားတဲ့စိတ်ဓါတ်ခံယူချက်တွေရှိတယ်...

သာမန်လူတယောက်မဟုတ်ဘူး.....အချိန်တိုင်းဟာသူအတွက်တန်ဘိုးရှိတယ်

သူလုပ်တဲ့အလုပ် သူပြောတဲ့စကားဟာ..တန်ဘိုးရှိတယ်

တန်ဘိုးသိတဲ့လူတွေအတွက်တော့အသိတရားတစ်ခုရလိမ့်မယ်..

သူနဲ့ခဏတွေ့ ရလဲသင့်အတွက်အကျိုးတစ်ခုတော့ရမှာပါ.....

သေသေချာချာစဉ်းစားပြီးမှပြောပါ....

သင်တွေ့ တဲ့လူတွေထဲမှာသာမာန်လူလား.....

ထူးခြားတဲ့လူလားဆိုတာ..

သူဟာသင့်အတွက်.....??

သင်ဟာသူအတွက်......??

ကျန်းမာပျော်ရွှင်ပါစေ မိတ်ဆွေမတည်မြဲတဲ့ လောကမှာ
အားလုံးကို ပျော်စေချင်သူပါ။။။။။။

Monday, August 13, 2012

လမင်းလို အလင်းခွန်အား ဒဿန



   

ပြောသာပြောရမောတာ အဖတ်တင်
ကျွဲပါးစောင်းတီး နွားပလာတာကျွေး 
စည်းကမ်းချက်တွေ ထုတ်တာကိုဖတ်မိင်
ဟာသတပုဒ်ကို  ဖတ်ရတာထက် ရယ်နေရတယ်
ခင်တဲ့လူ ရင်းနှီးတဲ့လူ
အော်............ကျန်သေးတယ်
တော်တဲ့လူတွေ ဘယ်နား
ဘာလုပ်လုပ်  လွတ်စေ
ဒီစည်းကမ်းချက်ကို လုပ်ချင်သလို
လုပ်ပိုင်ခွင့်ရတယ်  ပြောရရင်တော့
အခွင့်ထူးခံ လူတန်းစားပေါ့
ကိုယ်တိုင်တောင်
အရွှဲ့တိုက်ပြီး  စိတ်ဖောက်လာရင်
စည်းကမ်းကို ရောင်းစားချင်တယ်
ဘယ်သူ ၀ယ်မလည်းးးးးးးးးးးးးး
တကယ်စည်းကမ်းသိတဲ့လူ ကိုယ်ထွေးတဲ့တံတွေး
ပြန်ကောက် မမျို တတ်တဲ့သူ
ခပ်ရှားရှား
ကိုယ်ထွေးထုတ့်လိုက်တဲ့တံထွေး
ကိုယ်မျိုနေမိမှာဆိုးပါတယ်
နည်းလမ်းမသိတော့ စည်းကမ်းမရှိတာလား

စည်းကမ်းမသိလို့နည်းလမ်းမရှိတာလား
ရွှေသမင် ဘယ်ကထွက်  မင်းကြီးတာကထွက်
စားတော့အများ  ခံရတော့ တစ်ယောက်ထဲ
ကျွဲပါး  စောင်းတီး
 နွားပလာတာ  ကျွေးသလိုဖြစ်နေတယ်
ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်ေ
တာ့ ကောက်စိုက်တဲ့လယ်သူမ  ကို
ဘယ်သူယူမလည်းမသိဘူး ဒီလိုနဲ့ရှေ့နားရောက်တော့
စပါးရိတ်နေတဲ့လယ်သမား ကိုတွေ့တော့မှ
စပါးရိတ်နေတဲ့လယ်သမား ယူမှာပေါ့လို့တွေးမိသလိုပေါ့
ဒီကြားထဲသူခိုးက လူလာဟစ်နေသေး.ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတော့ခက်တယ်
ဆင်စွယ်ပိုးမထိုးဘူး  ပတ္တမြားမှန်နွံ့မှာမနစ်တဲ့
ပညာရှိကိုပေါင်း  သမားကောင်းကိုဖက်  သူပျက်ကိုခွာ  ဆရာကိုကပ်
အရပ်ကိုမျှ  လုံ့လအပင် ဆင်ခြင်အမျက်  ရန်ဘက်ကိုမြှော် သူတော်ကိုချစ်
ခင်ပွန်းပြစ်ကိုရှောင်  သူလောင်ကိုရွှေ့  ဆင်ဝှေ့ကိုချည် 

 ကြံစည်မပြတ်  အတတ်ရံခါ  ပညာကိုရှေ့ ဥစ္စာကို  နောက် 
 အလျှောက်ပေးကမ်း  ချီးမွန်းတန်သည်  လူရည်ကိုရှူ  ပေးမှုအရာကိုသိလှ၏။။။။။။
မင်းမှာသစ္စာလူမှာကတိ
ကတိသစ္စာတည်သောခါနွယ်မြက်သစ်ပင်ဆေးဘက်ဝင်
.
လောကသဘောအရပြောရရင်
မင်းမှန်တယ်ထင်
မင်းမာန်တွေတက်
မင်းသဘော
မင်းအကြိုက်
မင်းအပြော
မင်းစိတ်နဲ့
မင်းကိုယ်
သူအားပါတာသူလုပ်တာ
ကိုယ်အားသန်တာကိုယ်လုပ်တာ
လူခြင်းမတူ
ဥာဏ်ခြင်းမတူ
ဒါကနှာဘူး
ဒါကတဏှာရူး
သူမသိတာ သိအောင်ပြောလည်း
လူ့ငနွား လူစကားနားမလည်
ဘူးလုံး နားမထွင်း အိပ်ပေါက် ဖားကောက်
ဆုံလည်ကနွား ၀ှဲလှည့်နေတာ
သံသရာထဲ တ၀ဲလည်လည်
ဆန်စကာထဲ ဆန်ကွဲတစ်စလည်
ညက်ညက်ထောင်း မုန့်ပေါင်းလောက်သိတယ်
လင်းတလှည့် မှိတ်တစ်ခါ
လမ်းပျောက်သူကို လမ်းပြနေတာ
အသင်လူသား အိုလူသား
သင့်တစ်နေ့တာအချိန်များ
နှမြောလှချည်လားးးးးးးးး
လမ်းပြဖေးခေါ် တွဲကူသနော်

အသင်လူသား အိုလူသားးးးးးးးးး
တန်ဖိုးရှိရာသင်သိနော်
ဖိုးလမင်းလို အလင်းခွန်အား
ဒီမှာကြည့်ပါလားးးးးးးးးးးးးးးးးးး
နေ လို လလို ရေလို  မြေလို
သခင်စိတ်ဓါတ်ထားပါဆို
 


.

Sunday, June 3, 2012

စိတ် နှလုံးခွန်အား ကောင်းကင်ယံထိတက်ပြစ်မယ်

(((( တွေ့....ဆုံ..ကြုံ..ကွဲ.. )))))
ဖြစ်မြဲ ဓမ္မတာ
ခဏလေးလာ ဒီလူ့ဘဝ
ယူတတ်မှလေ မြတ်လှတာ
ပလိုင်းပေါက်နဲ့ ဖားကောက်သလို
စိတ်ထွေခြောက်ခြား အတိတ်တွေမှောက်မှား
အရိပ်တွေ တစ္ဇေအလား
 ဖြစ်ပြန် ပျက်ပြန် လောကဓံတရား
ကြံကြံခံပြီး မလွဲမသွေ မဖောက်မပြား
ဘာလာလာလေ ရင်ဆိုင်ဖို့ရာ
စိတ် နှလုံးခွန်အား ကောင်းကင်ယံထိတက်ပြစ်မယ်
ဘ၀ သမိုင်းမရိုင်းအောင်ပေါ့ တိမ်လွှာညွန့်ကိုခူးစားတယ်

ငါ့ကောင်းကင်မှာ မေတ္တာ လက်နက်ချိတ်ထားတယ်.............
စိတ်ခွန်အားကိုစားသုံးပြီးတော့ ပထ၀ီမြေထု သက်သေပြုလို့
ငါ့ ကိုယ်ကောင်ဟာ
အနိစ္စ ဒုက္ခ အနတ္တ အမှတ်ထားတယ်.........။