Pages

Wednesday, March 16, 2011

♥♥လွမ်းလိုက်တာအချစ်ရယ်♥♥


♥♥အလွမ်းတွေကြားမှာ ချမ်းနေလို့♥
ထွေးဖက်ထားမယ် အနားတိုးကွယ်♥
ချမ်းလည်းချမ်းတယ် လွမ်းလည်းလွမ်းတယ်♥
 နမ်းလည်းနမ်းမယ် ♥♥လွမ်းလိုက်တာအချစ်ရယ်♥
ဖြေမပြေနိုင် ♥ဖော်ကွာဝေးလို့♥ ငါလွမ်းနေတယ်အချစ်ရယ် ♥

 ♥♥အချစ်ကိုပုံဖော်ထုဆစ်ခြင်း♥
ငြိတွယ်တဲ့အချစ်♥
ဖျောက်ဖျက်မရတဲ့အချစ် လွမ်းမောတဲ့အချစ်♥
မျှော်လင့်တဲ့အချစ် စောင့်စားတဲ့အချစ်♥
တွေဝေသောအချစ် ♥မဟောင်းသေးတဲ့အချစ်♥ ပြောင်းလဲသွားတဲ့အချစ်♥  ♥ဝေးနေသောအချစ်♥
သတ်ပုံမှားတဲ့အချစ်♥

ညစ်နွမ်းသွားတဲ့အချစ်♥ပုံဖမ်းစားတဲ့အချစ် ♥
ယုံတမ်းကစားတဲ့အချစ် ♥♥လွမ်းလိုက်တာအချစ်ရယ်♥
လွမ်းလိုက်တာအချစ်ရယ်♥♥

ဆောင်းးးးးးးးးးဦးးးးး
အတွက်အမှတ်တရ
မ..မ

Tuesday, March 15, 2011

ကမ္ဘာကြီးငိုချိန်




.ကမ္ဘာကြီးမုန်းတီ်းသော ကမ္ဘာရွာငယ်



ဒီကမ္ဘာကြီး မှီတင်းနေထိုင် ကမ္ဘာရွာငယ် နေထိုင်ကြသူ လူ သတ္တ၀ါကြောင့်

ကမ္ဘာကြီးငို မိုးတွေပြို ကမ္ဘာငိုရှိုက် လှိုင်းတွေရိုက်
ကမ္ဘာကြီးမောပန်း သက်ပြင်းတွေချ မြေတွေပြိုလို့ လူတွေငို
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုး ဒေါသမာန်ကြီး မိုးမီးလောင်တိုက် ကမ္ဘာရွာကပ်ဆိုက်
ကမ္ဘာကြီးမုန်းချိန် လေတွေဆင်လို့ မုန်တိုင်း ချိန်တိုက်
သူချစ်ခင်သော ကမ္ဘာအိမ်တွင်
ဆန်းသစ်လက်နက် ဆန်းသစ်ဇိမ်ခံ
နည်းပညာတွေ ထွန်းကားလာသမျှ
သူမွေးဖွားသော မြေပေါ်မြေအောက်
ပေါများလှသော သယံဇာတသူ့သားသစ်ပင်
သူ့သမီးမြေပြင် သူ့မြစ်ရေပြင်
သူ့ကလေးဝေဟင် မြေး မြစ် တီတွတ်
သူချစ်ခင်သောသူ့အမျိုးတွေ
လူတွေနှောက်ယှက် ညစ်ထေးစွန်းပေ
လူတွေနှောက်ယှက် လုယူပျောက်ပျက်
လူသားသတ္တ၀ါ အတတ်ပညာ
သူနဲ့ယှဉ်ကာ ဘယ်သူပြိုင်မလည်း
လာဟဲ့လူသား .....................
ထစ်ကနဲရှိ ဆန်းသစ်တီထွင် နည်းပညာတွေ
မြေပေါ်မြေအောက် လူသားနင်တို့ တတ်သမျှကို
ငါခဏချက်ချင်း ဖျောက်ဖျက်ပြမှာ
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုးပြီ
ကမ္ဘာကြီးဝမ်းနည်း ရှိုက်ငင်ငိုကြွေး ၀ဲကယက်နဲ့ ရေလှိုင်းကြီး
ကမ္ဘာကြီးမောပမ်း သက်ပြင်းချချိန် ငလျှင်တွေလှုပ်လို့ မြေပြိုချိန်
ဒီကမ္ဘာကြီး လေပူမှုတ်ထုတ် မုန်တိုင်းဆင်ပြီ် ဒေါသစိတ်ကြီး ထိန်းမရပြီ
ဒီကမ္ဘာကြီး
ကောင်းကင်ထက်မှ နာကျည်းချက်ပြင်း လျှပ်ရောင်တ၀င်းဝင်း
ကမ္ဘာရွာကို ပြာမှုန့်အဖြစ်မီးလောင်တိုက်သွင်း


သမုဒ္ဒရာရေများ အစွယ်တွေထွက် ကောင်းကင်တက်
ကမ္ဘာရွာကို ရေလှိုင်းများ နဲ့သတ်ဖြတ်ဝါးမျို
ရင်ဘတ်မြေကြီး တုန်ခါဟည်းပြီး ငလျှင်လှုပ်၍် ခါရမ်းသတ်ဖြတ်
ကမ္ဘာရွာကို သတ်ကွင်းဆင်တော့ သူ့ရင်ဘတ်ပေါ် မှီတင်းနေထိုင်
ကမ္ဘာရွာမှ လူသားသတ္တ၀ါ
မျက်စေ့တစ်မှိတ် လျှက်တပြက်လေး
အစုလိုက်အပုံလိုက် သေကြေပျက်စီး
ကမ္ဘာရွာမှာ ကပ်တွေဆိုက်လို့
လူသားသတ္တ၀ါ လများနှစ်ရှည်သူ့ထက်ငါသာ
နိုင်ငံတိုးတက် လကမ္ဘာထိတက် ဆန်းသစ်တီထွင်
အနုမြူလက်နက် ကျော်ကြားမှုတွေ အောင်မြင်ခြင်းတွေ
ကမ္ဘာကြီးမှ ဟားတိုက်ရယ်မော ကမ္ဘာရွာငယ် လူသားသတ္တ၀ါ
 ကမ္ဘာကြီးက တခဏတွင်းဖျောက်ပစ်ပြီ။။။

Saturday, March 12, 2011

♥ဒီကမ္ဘာမြေထုအားတိုင်တည်ခြင်း♥

သမသသသသ
.
.

.


♥ဒီကမ္ဘာမြေထုအားတိုင်တည်ခြင်း♥
ဒီကမ္ဘာမြေ ဒီလှိုင်းဒီရေ

သူခေါ်ဆောင်ရာ မငြင်းသာပါ

မြင်မြင်သမျှ သိမ်းကြုံးယူငင်

အငြိုးကြီးတဲ့ ဟန်ပုံသွင်

ဒီကမ္ဘာမြေပေါ် သတ္တ၀ါတွေကိုယ်စား

ငါတောင်းပန်ချင် မေတ္တာရှေ့ထား

မြင်မြင်သမျှသနားငဲ့ညှာစာနာပါရှင်

သကြားဗြမ္မာ ကမ္ဘာစောင့်နတ်မင်း

လေးရပ်ပိုင်စား သမ္မာဒေ၀ နတ်များဒေ၀ါ

ကမ္ဘာသူ ကမ္ဘာသား သနားကြင်နာ

စောင့်ရှောက်ပေးဖို့ဆုတောင်းပန်ထွာ

ပြုတဲ့ကုသိုလ်ပေးမျှဝေတာမမေ့စေကြောင်း သတိပေးချင်တာ

ကမ္ဘာကြီးကို သင့်တန်ခိုးဖြင့်

ဘေးဘယာဝေးအောင်

စောင့်ရှောက်စေချင်တာ ။။

Tuesday, March 8, 2011

ယူတတ်ပါစေ။

ယူတတ်ပါစေ။

ဤလူ့ဘုံ လူစခန်း
သံသရာမြစ် ၀ဲကန်တော့မှာဖြင့်
ဒိုက်အစုံစုံ အမှိုက်ပုံမို့
နေရခဏ လူဘ၀မှာ
စိတ်နှလုံး အပုပ်ဆောင်ကာ
ပါးစပ်မှာ ညီနံထောင်း
ဒီခန္ဓာ စိတ်ထွေတာမို့
အဖန်ဖန်သာ ပြန်ကာစစ်တော့
မြူတွေဆိုင်းလို့မှိုင်းဝေေ၀
မီးခိုးမှိုင်း ပေနေတာမို့
တရားရေအေး အမြိုက်ဆေးနဲ့
ဖြူစင်အောင် စိတ်ကိုဆေးတော့
ကြည်လှတယ်လေး
နာယူမှတ်သား ကျင့်မြတ်တရား
အသေမဦးခင် ဥာဏ်ဦးဖို့ပြင်
ယူတတ်ရင် အနှစ်တွေကြည့်
မယူတတ်ရင် အပြစ်တွေကြည့်
လာတော့လည်း ခြေဗလာ
ပြန်မဲ့ချိန်လည်း ခြေဗလာ
ဤလူ့ဘုံ လူစခန်း
 ခဏလေး အလည်လာချိန်
အသိမှာ ဥာဏ်ကပ်မှ မြတ်မယ်ကွယ့်လေး။။

♥ခေါင်းစဉ်မရှိမျောလွှင့်ခြင်း♥

 

♥♥♥♥♥♥♥♥♥

ခေါင်းစဉ်မရှိမျောလွှင့်ခြင်း
ကာင်းကင်က တိမ်တွေ လေနှင်ရာလိုက်ပါရင်း
လမင်းကြီးခေါင်းအုံး ကြယ်လေးတွေစောင်ခြုံပြီး
စိတ်ရဲ့ ခြေရာတွေကို
အစိုင်အခဲတစ်ခုအဖြစ် သယ်ဆောင်လာရင်း
လွင့်မျောတတ်လွန်းတဲ့ .......
စိတ်.......ကဗျာစာ အစိုင်အခဲကို
မိုးတွေအဖြစ်ရွာချ တော့ နေမင်းကြီး ချောင်းကြည့်ချိန်မှာ
ငွေ့ရေဖွဲ့ပြီး ခံစားမှု့အတိုင်း မျောလွှင့်ကြတယ်...
စိတ်ရဲ့ခြေရာတွေကို စုတ်ချက်ပေးရင်း မြေဆွေး အဖြစ်နဲ့...
ကမ္ဘာကြီးပေါ် ကျန်ရစ်ခဲ့တယ်။

 ကဗျာတွေသီ စာတွေစီပြီး
ငါချစ်တာ ပြောပြရရင်
ကမ္ဘာကြီး ထိုင်ငိုနိုင်တယ်
လမင်းကြီးကို တိုင်တည်ချိန်မှာ
ကြယ်လေးတလုံး ကြွေကျတယ်
အဲ့ဒီကြယ်လေးက ငါ့အသည်းနှလုံးပေါ့။။

♥ဒီဘ၀ ဒီတသက်♥

♥ဒီဘ၀ ဒီတသက်♥
မမြင်ရလည်းငြိတွယ်မိတယ်
မင်းအသံလေး ရင်ထဲအေးတယ်
လူခြင်းဝေးလည်းစိတ်ထဲနီးတယ်
ရင်ထဲမရောက်လည်း စိတ်ထဲနွေးတယ်
ခင်မင်ငြိတွယ် ဒီကွန်ယက်က
ပင့်ကူမျှင်သဖွယ် ရစ်ပတ်ကာရယ်
တွယ်မိသည့်သံယောဇဉ်
ပေးမိသည့်မေတ္တာ ချစ်ခြင်းဝေဖြာတော့
ရုန်းထွက်ရန်ခက်
ဒီဘ၀ ဒီတသက် မင်းကိုချစ်လျှက်
အနေဝေးဝေး
ငါ့ရင်အသည်းစွဲခဲ့တာ မင်းချစ်တတ်ရင်သိမှာပါ။
သွေးအတွက်..မ..မ ♥

Friday, March 4, 2011

အွန်လိုင်းသူငယ်ချင်းများသို့

တယောက်တယောက်
မသိမမြင် စာပေချစ်ခင်
မငြိုငြင်ဖူး တူတူတွဲလို့ပျော်ဖူးတယ်
သူငို ငါချော့ ဖေးဖေးမမ
ဝေးနေသော်ငြား ရင်မှစေတနာ
မေတ္တာဝေဖြာ စာပေချစ်သူ
နှီးနှောကျွမ်းဝင် အားပေးဖော်ပေါ့ သူငယ်ချင်းရယ်
တနေ့တရက် ပျက်ကွက်ခဲ့ချိန်
စာကဗျာမတင် နေမှကောင်းလား
စိတ်ဝယ်ပူပင် စိုးရိမ်တတ်သူ
သူငယ်ချင်းရယ်

မင်းမတွေ့ငါမျှော် ငါ့မတွေ့မင်းမျှော်
ဖြူဖြူစင်စင် ခင်ခင်မင်မင် ရင်းနှီးနောက်ပြောင်
 ဟာသတွေနှော အားပေးဖော်လေး သူငယ်ချင်းရယ်
တစ်ယောက်တစ်လက် နှစ်ယောက်လက်နဲ့ တွဲဆက်ပြီးတော့
ဒီအွန်လိုင်းပေါ် ကဗျာတွေ စာတွေ သီဘူးတယ်
 သိပ်ခင်မင်တဲ့ ဒီလိုသူငယ်ချင်း ဘယ်လိုပုံဟန်
 မသိမမြင်မတွေ့သော်ငြား ခင်မင်မှုမပျက်
သူငယ်ချင်းကောင်းပေါ့ သူငယ်ချင်းရယ်........


သူငယ်ချင်းချစ်သူ
ချစ်သူငယ်ချင်းလေး ဘယ်လိုဝေးဝေး
မကွဲစိတ်ထား စာပေနယ်မှာရှိပါတယ်။

စာတွေသီကုံး ကဗျာဆိုအချစ်ဆုံး
ရေးသမျှစာ ကွန်မန့်တွေပေး
အတွေးခက်လို့ အရေးပျက်ချိန်
စာကဗျာရေး ဂျစ်တိုက်တတ်တဲ့ သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်

ပြောဆိုသမျှ ပြန်မပြောငြား စိတ်ရှည်သည်းခံ စောင့်ဆိုင်းဟန်နဲ့
တိတ်တိတ်လေးပဲ   နေတော့မယ်နော်
ထမင်းစား ဆေးသောက် နေမှကောင်းလားစိတ်ဝယ်ပူပင်
စိုးရိမ်တတ်သူ ဒီလိုသူငယ်ချင်း
ဒီအွန်လိုင်းပေါ်ရှိပါတယ်


ပညာ ရာထူး ဂုဏ်တုဂုဏ်ပြိုင် မာနမရှိ
အသက် မကြည့် ကြီးသည် ငယ်သည် အမှုမထား
 ဝေးဝေးနီးနီး တွယ်ငြိ ရင်မှာ ဖြူစင်မှုထား
 ခင်မင်မှုနဲ့ ချစ်သူငယ်ချင်းတွေ ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းတွေ မမြင်မသိ ဖေးမစောင့်ရှောက် ချစ်ခင်တွယ်တာ
 မေတ္တာသရုပ် ဒီပြယုဂ်က ဒီအွန်လိုင်းပေါ်ရှိပါတယ်။

သူငယ်ချင်းလေးချစ်သူရယ် မင်းတို့အတွက် အမှတ်တရ
စာတွေသီကုံး ကဗျာတွေသီကုံး ချစ်ခင်လွန်းလို့ အမှတ်တရရေးလိုက်တယ်


သူငယ်ချင်းကောင်းပေါ့
ဝမ်းနည်းအားငယ်ချိန်
တိုင်ပင်ဖော်လိုအပ်တဲ့ အချိန်
နာကျည်းကြေကွဲချိန်
ဒုက္ခပင်လယ်ဝေတဲ့အချိန်
ပျော်စရာရှိလည်းမျှဝေ
ငိုစရာရှိလည်းပုခုံးလေးငှား
မျှဝေခံစားပေးနိုင်တာ
ကျေးဇူးတင်ပါတယ်သူငယ်ချင်းရယ်။