.ကမ္ဘာကြီးမုန်းတီ်းသော ကမ္ဘာရွာငယ်
ဒီကမ္ဘာကြီး မှီတင်းနေထိုင် ကမ္ဘာရွာငယ် နေထိုင်ကြသူ လူ သတ္တ၀ါကြောင့်
ကမ္ဘာကြီးငို မိုးတွေပြို ကမ္ဘာငိုရှိုက် လှိုင်းတွေရိုက်
ကမ္ဘာကြီးမောပန်း သက်ပြင်းတွေချ မြေတွေပြိုလို့ လူတွေငို
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုး ဒေါသမာန်ကြီး မိုးမီးလောင်တိုက် ကမ္ဘာရွာကပ်ဆိုက်
ကမ္ဘာကြီးမုန်းချိန် လေတွေဆင်လို့ မုန်တိုင်း ချိန်တိုက်
သူချစ်ခင်သော ကမ္ဘာအိမ်တွင်
ဆန်းသစ်လက်နက် ဆန်းသစ်ဇိမ်ခံ
နည်းပညာတွေ ထွန်းကားလာသမျှ
သူမွေးဖွားသော မြေပေါ်မြေအောက်
ပေါများလှသော သယံဇာတသူ့သားသစ်ပင်
သူ့သမီးမြေပြင် သူ့မြစ်ရေပြင်
သူ့ကလေးဝေဟင် မြေး မြစ် တီတွတ်
သူချစ်ခင်သောသူ့အမျိုးတွေ
လူတွေနှောက်ယှက် ညစ်ထေးစွန်းပေ
လူတွေနှောက်ယှက် လုယူပျောက်ပျက်
လူသားသတ္တ၀ါ အတတ်ပညာ
သူနဲ့ယှဉ်ကာ ဘယ်သူပြိုင်မလည်း
လာဟဲ့လူသား .....................
ထစ်ကနဲရှိ ဆန်းသစ်တီထွင် နည်းပညာတွေ
မြေပေါ်မြေအောက် လူသားနင်တို့ တတ်သမျှကို
ငါခဏချက်ချင်း ဖျောက်ဖျက်ပြမှာ
ကမ္ဘာကြီးစိတ်ဆိုး မုန်းမာန်ငြိုးပြီ
ကမ္ဘာကြီးဝမ်းနည်း ရှိုက်ငင်ငိုကြွေး ၀ဲကယက်နဲ့ ရေလှိုင်းကြီး
ကမ္ဘာကြီးမောပမ်း သက်ပြင်းချချိန် ငလျှင်တွေလှုပ်လို့ မြေပြိုချိန်
ဒီကမ္ဘာကြီး လေပူမှုတ်ထုတ် မုန်တိုင်းဆင်ပြီ် ဒေါသစိတ်ကြီး ထိန်းမရပြီ
ဒီကမ္ဘာကြီး
ကောင်းကင်ထက်မှ နာကျည်းချက်ပြင်း လျှပ်ရောင်တ၀င်းဝင်း
ကမ္ဘာရွာကို ပြာမှုန့်အဖြစ်မီးလောင်တိုက်သွင်း
သမုဒ္ဒရာရေများ အစွယ်တွေထွက် ကောင်းကင်တက်
ကမ္ဘာရွာကို ရေလှိုင်းများ နဲ့သတ်ဖြတ်ဝါးမျို
ရင်ဘတ်မြေကြီး တုန်ခါဟည်းပြီး ငလျှင်လှုပ်၍် ခါရမ်းသတ်ဖြတ်
ကမ္ဘာရွာကို သတ်ကွင်းဆင်တော့ သူ့ရင်ဘတ်ပေါ် မှီတင်းနေထိုင်
ကမ္ဘာရွာမှ လူသားသတ္တ၀ါ
မျက်စေ့တစ်မှိတ် လျှက်တပြက်လေး
အစုလိုက်အပုံလိုက် သေကြေပျက်စီး
ကမ္ဘာရွာမှာ ကပ်တွေဆိုက်လို့
လူသားသတ္တ၀ါ လများနှစ်ရှည်သူ့ထက်ငါသာ
နိုင်ငံတိုးတက် လကမ္ဘာထိတက် ဆန်းသစ်တီထွင်
အနုမြူလက်နက် ကျော်ကြားမှုတွေ အောင်မြင်ခြင်းတွေ
ကမ္ဘာကြီးမှ ဟားတိုက်ရယ်မော ကမ္ဘာရွာငယ် လူသားသတ္တ၀ါ
ကမ္ဘာကြီးက တခဏတွင်းဖျောက်ပစ်ပြီ။။။

သြော်။ မငိုပါနဲ့ ကမ္ဘာကြီးရယ်။ ငိုလိုက်ရင် 99.99% အက်ဆစ်နေတွေ၊ မိုးတွေကျလာမှာ ကြောက်ပါတယ်ဗျာ။
ReplyDeleteဟုတ်ပါ့ စိုးရိမ်မိတယ်။
ReplyDeleteဟုတ် မမ .... လွဲရှောင်လို့ မရတဲ့ အန္တရာယ်တွေက တကယ့် ကြောက်စရာတွေပါပဲ မမရယ် .....
ReplyDeleteကမ္ဘာကြီး ငိုနေပြီးပေါ့နော်...
ReplyDeleteကမ္ဘာကြီး ငိုနေပြီးပေါ့နော်...
ReplyDeleteဟုတ်တယ်စနိုးလေး ကမ္ဘာကြီး ငိုနေပြီ....
ReplyDeleteဟုတ်ပါ့မဟေလေးရယ် ကြောက်စရာမယုံနိုင်စရာတွေ
ReplyDeleteဆက်တိုက်ကိုကြုံနေတော့တာပေါ့........။
က ၊ခ၊ဂ၊ဃ၊င၊
ReplyDeleteစ၊ဆ၊ဇ။ဈ....အဲပြီးတော့ရတော့ဘူး
အမှောင်ကြီးထဲမှာ မိုက်မဲတဲ့ကျွှန်တော်.. ဒါကြောင့် ကမ္ဘာကြီးကို မျက်ရည် ပေါက်ပေါက်ကျအောင်လုပ်တာ... ကျွှန်တော်တို့အားလုံးပဲ။
ReplyDeleteကဲ။ မူလီ။ ပလက်ရာ တို့ယူပြီး ကမ္ဘာကို ထုနပ်မရိုက်ဘဲ။ ပြန်လည် အေးမျှငြိမ်းချမ်းအောင်ပြုပြင်ပါစို့။

ဒီလိုပါပဲ ၂၀၁၂ ရောက်ရင်တောင် ကံကောင်းတယ်လို့ပြောရမှာပဲ လုပ်ချင်တာလုပ်ကြတယ်လေ ။ပြီးတော့ ဖြစ်လာတော့မှ
ReplyDeleteဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သူတို့ပဲ တတ်လဲတတ်နီုင်တယ် ။ကမ္ဘာကြီးက နေထိုင်သူတွေသနားလို့ပါဗျာ ။မဟုတ်ရင် ပြိုကျသွားခဲ့တာ အခုမှမဟုတ်ပါဘူး။ ကြာလှပြီပေါ့ကမ္ဘာကြီးငိုနေခဲ့တာ နတ်ဆိုးလေးသိသလောက်တော့ တော်တော်ကိုကြာခဲ့ပါပြီ တိတ်ဆိတ်စွာနဲ့တစ်ယောက်တည်းငိုနေခဲ့တာပါဗျာ။
အေးမျှငြိမ်းချမ်းအောင်ပြုပြင်ပါစို့။
ReplyDeleteအေးမျှငြိမ်းချမ်းအောင်ပြုပြင်ပါစို့။
ReplyDelete