ဤလူ့ဘုံ လူစခန်း
သံသရာမြစ် ၀ဲကန်တော့မှာဖြင့်
ဒိုက်အစုံစုံ အမှိုက်ပုံမို့
နေရခဏ လူဘ၀မှာ
စိတ်နှလုံး အပုပ်ဆောင်ကာ
ပါးစပ်မှာ ညီနံထောင်း
ဒီခန္ဓာ စိတ်ထွေတာမို့
အဖန်ဖန်သာ ပြန်ကာစစ်တော့
မြူတွေဆိုင်းလို့မှိုင်းဝေေ၀
မီးခိုးမှိုင်း ပေနေတာမို့
တရားရေအေး အမြိုက်ဆေးနဲ့
ဖြူစင်အောင် စိတ်ကိုဆေးတော့
ကြည်လှတယ်လေး
နာယူမှတ်သား ကျင့်မြတ်တရား
အသေမဦးခင် ဥာဏ်ဦးဖို့ပြင်
ယူတတ်ရင် အနှစ်တွေကြည့်
မယူတတ်ရင် အပြစ်တွေကြည့်
လာတော့လည်း ခြေဗလာ
ပြန်မဲ့ချိန်လည်း ခြေဗလာ
ဤလူ့ဘုံ လူစခန်း
ခဏလေး အလည်လာချိန်
အသိမှာ ဥာဏ်ကပ်မှ မြတ်မယ်ကွယ့်လေး။။
အမရေ .....မောင်လေးတော့
ReplyDelete၀ဲထဲကနေ့ထွက်နိုင်အောင်ကြိုးစားရမယ်။
ဟုတ်ကဲ့ မ.မ
ReplyDeleteလာတော့လည်း ခြေဗလာ
ReplyDeleteပြန်မဲ့ချိန်လည်း ခြေဗလာ
ဤလူ့ဘုံ လူစခန်း
ခဏလေး အလည်လာချိန်
အသိမှာ ဥာဏ်ကပ်မှ မြတ်မယ်ကွယ့်လေး။။
Tags: ကဗျာ အသိဥာဏ်မမေ့လျှော့အောင်သတိပေးတဲ့အတွက်ကျေးဇူးပါအမရေ..။
ဟုတ်...
ReplyDeletethank you...ma ma
ReplyDeleteချစ်မ.မရေ...ယူတတ်အောင်သင်ပေးတဲ့မမကိုကျေးဇူးနော်.။။။။။။။။။။။
ReplyDelete