~~~~~~~````တွေးမိတဲ့စိတ်````~~~~~~~သူတို့တည့်ပါသည်......~~~~~~~~~~~~~~~~~~~~~~
for everyone
သူတို့တည့်ပါသည်......
ရောက်တတ်ရာရာအတွေးများ မေတ္တာဆိုတာ
လူတွေနားမလည်ဘူးတိရိစ္ဆာန်တွေနားလည်တယ် တော်တော်လေးကိုနားလည်တယ် နိုင်းယှဉ်ကြည့်တဲ့စိတ်က၀င်လာတယ်..
တွေးတာဘဲလွဲနေတာလား.ဒါပေမဲ့ အမှန်ဖြစ်နေတယ်....

မသိတဲ့လူကတော့..ဘာပြောနေတာလည်း
ထင်ကောင်းထင်မှာပေါ့နော်.
ထင်ကောင်းထင်မှာပေါ့နော်.
ရူးနေလားမေးမယ်..လူကမေတ္တာတရားကိုနားမလည်ဘူးဆိုတော့...
နာချင်လည်းနာကျလိမ့်မယ်..ကိုယ့်အတွေးကဘဲ..တဖက်စွန်းရောက်နေတာလားးး
စိတ်တွေ မွန်းကျပ်လာတော့ တွေးမိတွေးရာ ရေးမိရေးရာရေးထားမိတယ်။
ခွေးလေးတွေ သူဘာသာရောက်လာပြီး အိမ်နောက်မှာလာနေတယ်..
အလုပ်ရုံမှာလာနေကြတယ်...
ခွေးလေးတွေကို ကိုယ်ထမင်းစားနေရင်သူတို့ ကို ကျွေးဖို့တန်းသတိရတယ်
နေ့တိုင်းလည်း ကိုယ်စားသလိုဘဲ တစ်နေ့၂ခါကျွေးတယ်....
သိတ်လိမ်မာတယ် ခွေးဖြစ်နေလို့သာ...
လမ်းပေါ်က ခွေးလေးတွေ ပါ ၀ယ်ထားတဲ့ခွေးမပါဘူး အိမ်မှာလူမရှိလည်း
အိမ်ရှေ့ အိမ်နောက်လာအိပ်ပေးကျတယ် အပေါက်ဝကိုပိတ်ပြီးစောင့်အိပ်ကျတယ်.
လူထက်တောင် နားလည်တယ်လို့ခံစားရတယ် ။
ကြောင်လေးတွေလည်း သူများလာပေးထားတယ်
ကြောင်သားပေါက်လေးတွေ မွေးနေလို့  ခရီးထွက်စရာရှိလို့ လက်ခံထားပေးပါနော်ဆိုလာပေးလို့ လက်ခံထားပေးလိုက်ရတယ်...။
ကြောင်မကြီးက ရောက်ပြီးမကြာဘူး.. အလုပ်ရုံကရှေ့တံခါးပေါက်ပိတ်ထားမိတော့
သူကလေးလေးတွေ ဆီပြန်လာတဲ့ အချိန်မှာ ဘေးက
ခွေးတွေဝိုင်း ကိုက်လို့သေတယ်။
အလုပ်ရုံမှာလာနေလို့ ကျွေးမွေးထားတဲ့ ခွေးမလေးနီမက.ကြောင်ကလေး
သုံးကောင် ပေါက်စိလေးတွေအော်နေတော့.....
နို့တွေသက်လို့ ထွက်ကျလာတယ် ကုတင်ပေါ်မှာ ကြောင်လေးသုံးးကောင်အော်နေတော့ ခွေးမလေးနီမကြည့်ရင်းနို့တွေ သံမန်တလင်းပေါ်စိမ့်ကျလို့
ဒါနဲ့ ကြောင်ပေါက်စလေးတွေကို နီမ နို့တိုက်ကြည့်တော့ ကြောင်လေးတွေ
သူတို့ပါးစပ်ပေါက်က သေးသေးလေးနဲ့ မစို့တတ်ဘူးဖြစ်နေတယ်။
ခွေးမလေးနီမက.. ကြောင်လေးတွေကို နမ်းပြီး တအီအီလုပ်နေတယ်....
ကြောင်လေးတွေနဲ့  ခွေးတွေ ဆော့ဖော်ဆော့ဖက်ပေါ့ ဆောင်းတွင်းဆိုလည်း တစ်ခါတစ်ခါါမီးလှုံနေရင်အတူတူ သူတို့ကပ်အိပ်နေကြတယ်။
တစ်ခါတစ်ရံ ခွေးလေးတွေရှေ့သွားပြီးးပွတ်သပ်လို့ ကြောင်လေးတွေက
တညောင်ညောင်လုပ်တတ်သေးတယ်။
သူတိုချြင်းတော့ ခွေးနဲ့ကြောင်သာဆိုတယ် ချစ်ချစ်ခင်ခင်ဖြစ်နေကျတယ်...
.တစ်အိမ်ထဲနေပြီး လူတွေလိုရန်မဖြစ်ကျဘူး...
တစ်ကောင်နဲ့ တစ်ကောင်ကိုက်သတ်တာမလုပ်ဘူးးးး
တကယ်အြံသဖို့ကောင်းပါတယ်။
ကြောင်လေးတွေ တအားဆော့နေရင် သူတို့ကိုဒုတ်တစ်ချောင်းနဲ့တစ်ခုခုကို
ရိုက်ပြလိုက်ရင် သူတို့ငြိမ်ကုန်ရော သိပ်ချစ်ဖို့ကောင်းပါတယ။်
သူများတွေက ကြောင်တွေကနေ ရောဂါရတယ်တဲ့  လာပြောတယ်
အင်းးဟုတ်ကဲ့ပါ ကြောင်တွေကနေလည်း သွေးတိုးတာပျောက်တယ်
စာအုပ်ထဲလည်း ဖတ်ရဘူးတယ်လို့ပြောမိတော့ အေးပါဗျာ
စေတနာနဲ့ ပြောတာပါဆို ဆက်မပြောတော့ဘူး။
ဘယ်နှယ်လုပ်မလည်း ရောဂါရလို့ဆြို ပီး ကြောင်လေးတွေ ဘယ်သွားလွင့်ရမလည်း။
ကိုယ်ကခရီး ခဏခဏ သွားဖြစ်တော့ပြန်ရောက်တာ နဲ့တွေ့ရင်သူတို့လေးတွေ
အရင်ဆီးကြိုကျတာလေ ငေါက်လည်းမရဘူး။
ခွေးလေးတွေက အတင်းဖက်တက်တာ ခြေထောက်ငုံထားတယ်...ထိုင်လိုက်တာနဲ့
သူတို့လက်နဲ့ ခြေထောက်ကို လှမ်းတို့နေတော့တာ...
သူတို့ကိုအရင်ပြောမှ အရေးလုပ်မှငြိမ်ပြီး အေးဆေးသူတို့ နေရာသူတို့ပြန်တာကြောင်လေးတွေကလည်း ပေါင်ပေါ်လုတက် ထိုင်ကြတယ်။
အိပ်ရင် ဘေးနားလာကပ်အိပ်တယ် လက်မောင်းပေါ်မှာ
အိပ်တတ် တဲ့ကြောင်လေးလည်းရှိတယ်..ကြောင်လေးတစ်ကောင်က.
ဘုရားရှစ်ခိုးရင် ဘေးကနေစောင့်နေတတ်တယ်...
ကြောင်လေး သုံးကောင် သူတိုချစ်ဖို့ သိတ်ကောင်းတယ်...
တစ်ခါက သနပ်ခါးကျောက်ပြင်အောက်ကို ကြောင်လေးတွေဝိုင်းပြီး လက်နိုက်လိုက်
နမ်းလိုက်လုပ်နေတော့ ကြည့်လိုက်တာ မြွေသေးသေး တစ်ကောင်ခွေနေတာလေ
သူတို့တွေဝိုင်းနေတာကို ငေါက်လိုက်ပြီး မြွေလေးမောင်းထုတ်လိုက်ရတယ်.။
ခွေးလေးတွေကလည်း လိမ်မာတယ်ညဘက်ဘယ်အချိန်ထွက်ထွက်
ဘေးကနေမခွာဘူး တစ်ခါကဆိုမြွေကိုသူတို့ တွေ့တယ် ဟောင်နေလို့ ကျွန်မရဲ့ရှေ့ကနေပိတ်ထားတာ ကြည့်လိုက်တော့ မြွေဖြစ်နေတယ်....။
ဘာမှမလုပ်နဲ့ သူဘာသာသွားနေတာလာခဲ့  မကိုက်ရဘူးနော် ရိုက်မှာနော်ဆိုနားလည်တယ်။
တစ်ခါကဆို တမာပင်အောက် ကုတင်မှာ ညဘက်ထွက်အိပ်တာ
ခွေးတစ်ကောင်က ခြင်ထောင်အပြင်ကနေ နှုတ်သီးနဲ့ထိုးနေတာ ဒီခွေးတော့ ကွာဆိုပြီး
သူ့ကို ငေါက်မို့ခြင်ထောင် အပြင်လည်းထွက်လိုက်ရော
``အော်.``
အပြင်ဘက်မှာ မိုးဖွဲလေးတွေကျနေတာကိုး
ဒါကြောင့်ဒီကောင်ကလာ နိုးတာနေမှာ ဆိုပြီးသဘောကျသွားတယ်.
ကုတင် ပတ်လည်မှာသူတို့ စောင့်အိပ်ပေးနေကြတာ
သိပ်သိတတ်တယ် ဒါတောင်ကိုယ် မွေးထားတာ မဟုတ်ဘူးနော်
အလုပ်ရုံမှာ ရောက်လာလို့ ကျွေးမွေးထားတာ...။
ခွေးလေးတစ်ကောင်ဆို လူစကားနားလည်တယ် တောင်ထင်ရတယ်....
ကိုယ်ဘာသာ ဒီလူခဏခဏလာနေတာ ငါမကြိုက်ဘူး ကြည့်လို့ကိုမရဘူး
ပြောလိုက်ရင်..နောက့်တစ်နေ့ကိုက်ပြစ်ရော ခဏခဏဒီလိုကြုံတော့..

သူကခွေးသာဆိုတာသိနေတော့သူ့ရှေ့ဘာမှမပြောရဲဘူး။
သိပ်သိတတ်တယ် ကြက်တွေကို ခွေးတစ်ကောင်ကဆို အရှင်ချီချီလာတတ်တယ်..။.
ပြန်လွတ်ရတယ် တောလိုက်ခွေးကျနေတာဘဲလေ..
ဘေးနား သူများတွေက သူတို့ ကြက်ပျောက်ရင် ကိုယ်က အလျှော်ပေးလွတ်ရတယ်...
သူတို့က သေအောင်မကိုက်ဘူးဆိုတာ သိနေပေမဲ့ လူခိုးစားရင်
ဒီအလုပ်ရုံမှာနေတဲ့ခွေးချီတာ ဆိုပြီးလာပြောတော့ အလျှော်ပေးလိုက်ရတော့တာပေါ့....
ဒီခွေးတွေကိုဘယ်သွားလွင့်ရမလည်းနော်..။..
အသိညာဏ်ရှိတယ် စောင့်ရှောက်တယ်...
တစ်ခါကျွန်မ တော်တော် နေမကောင်းဖြစ်တာနဲ့ရေစီးမြောင်းထဲအင်္ကျီ

ခြေသည်းလက်သည်း ကိုယ်စားသွားစွန့်ပါဆိုတာ လွှင့်ဖို့သွားတော့
ဘဲ သေးသေးလေး တစ်ကောင်
ရေထဲ ကူးနေတာလိုချင်လိုက်တာ ရေထဲက ဘဲလေးကိုလို့ပြောမိတယ်.....
ဘေးနားမှာလည်း ကလေးတွေက ဘဲလေးကိုကြည့်နေကြတယ်
ဟုတ်တယ် သားတို့လည်းလိုချင်တယ် မဖမ်းရဲဘူးတဲ့
အေးမဖမ်းနဲ့နော် ရေမြောင်းထဲကျရင် ရေစီးနဲ့ပါပြီး သေလိမ့်မယ်
ကိုယ်အိမ်ကိုပြန်ကျတော့လို့ပြောပြီး ကိုယ်စားပါလာတဲ့ အ၀တ်ထုပ်ကို
လွှင့်ခဲ့ပြီးပြန်လာခဲ့တယ်...။
အဲ့တော့ နောက်နေ့ကျတော့ ဘဲလေးက အလုပ်ရုံထဲ ရောက်နေတယ်
တော်တော်အံသြသင့်ရတယ်..။.
ခွေးသုံးကောင် ကြောင်သုံးကောင်ကြား အလုပ်သမားတွေကြားထဲ သူကရောက်နေတယ်။
ကုတင်အောက်ထဲဝင်နေတယ်..ဒီဘဲလေး ဘယ်လိုရာက်လာတာလည်း စဉ်းစားလို့ကိုမရဘူးဒါနဲ့ အလုပ်သမားလေးကိုခေါ်ပြီးကုတင်အောက်ဝင်ဖမ်းခိုင်းလိုက်ရတယ်....။
သူက ရေကူးနေတဲ့ကောင်ဆိုတော့ ရေဇလုံလေးချက်ချင်းလုပ်ပေးလိုက်ရတယ်.....
သိတ်သိတတ်တယ် ခွေးတွေ ကြောင်တွေကလည်း မကိုက်ဘူး..
ထမင်းကျွေးရင်လည်း ဘဲလေးက အဟောင်းဆိုမစားဘူးသူ့ပန်ကန်ထဲက
လက်ကျန်ထဲ အသစ်ရောပေးမှစားတယ်..နေ့ခင်း၁၂နာရီဆိုသူပန်ကန်ထဲ မနက်ကထမင်းရှိလည်း ဘဲလေးကထမင်းချက်တဲ့နေရာထိ ကိုဝင်လာပြီး
အစာအသစ်မထည့်မချင်း ပြန်ထွက်မသွားဘူးး။
၅နာရီဆိုတစ်ခါထပ်လာပြန်ရော. .နာရီကိုသူက မှတ်ထားတာကျနေတာပဲသူထမင်းလာတောင်းရင် အချိန်ကိုမှန်နေတာပဲ ကြောင်လေးတွေ ခွေးလေးတွေကို
ိုဆေးလာထိုးတဲ့ တိရိစ္ဆာန် ဆေးကု ဆရာဝန်မ ခွေးလေးတွေကိုဆေးလာထိုးတော့မှ...ဆရာမရယ်သူကတအားသိတတ်တယ်
ဘာ အမျိုးအစား ဘဲ လေးလည်းမသိဘူးနော် ဆိုတော့ဆရာဝန်မကကြည့်ပြီး´´ဟသာင်္လေး``လေ.အမ.ရေဆိုတော့မှသိတယ်...။
ဘဲ တော့ ဘဲ နော့ အမျိုးအစားကိုယ်က မသိဘူးလေ ဒါကြောင့်လိမ်မာတာနေမှာ

ကြီးလာရင်တော့အတောင်ပံညှပ်ပေးရတယ်နော်။
မညှပ်ပေးရင်ပျံသွားလိမ့်မယ်နော်တဲ့ဆရာဝန်မပြောခဲ့တယ်။
ဘဲလေးနာမှာ ဆိုးလို့မညှပ်ပေးပါဘူးးး ။
တစ်နေ့ ကျတော့သူပျံတာ တော်တော်ကြည့် ကောင်းတယ်..
ဒီလိုပျံနေတာကို.. အတောင်ပံမညှပ်ပဲ လွတ်လပ်စွာ ထားလိုက်တယ်......ဘဲလေးအစာစားချိန် ပျောက်နေတယ် ညကလည်းမတွေ့ဘူး.......
ဟိုရှာဒီရှာလုပ်ရတော့တာပေါ့....ရင်ထဲလည်း တစ်ခုခု..ခံစားနေရတယ်...။
ဒါနဲ့၃ရက်လောက်ကြာတော့သူများ အိမ်အောက်ထဲက ဘဲတွေနဲ့သွားနေ နေတာလေ..အိမ်ရှင်ကသူ ဘဲမဟုတ်တော့ သူ့အိမ်အောက်မှာ ဘဲခြံထဲလည်းထည့်ထားတယ်..ခြေထောက်ကြိုးတုတ်ထားတယ်..။
လာပြောတဲ့ သူကလည်း အရင်သူတို့အိမ်မှာဘဲလေး၅ကောင်ဘဲရှိတာတဲ့ 
ဒီတစ်ကောင်ကိုကြိုး ချီထားတာ ၂ရက်လောက်ရှိပြီပြောတယ်....
ဘယ်ရမလည်း ချက်ချင်းသွားခေါ်တာပေါ့..။
အိမ်ရှင်တွေလည်းမရှိဘူး..ဘဲခြံထဲမှာလည်းကြိုးချည်ထားတာ တစ်ကောင်တွေ့တယ်..
.ကြိုးဖြုတ်ပြီးပြန်ခေါ်ခဲ့.လိုက်တယ်..ဘေးအိမ်ကိုတော့ မှာခဲ့တယ်...
ဒါကျွန်မဟင်္သာလေးလို့ သူကိုပြန်ခေါ်သွားပြီနော်..။
.
အိမ်ရှင်လာလို့ရှိရင်သူတို့ဘဲလေးဆိုလာပြန်ယူဖို့ပြောပေးနော်..မမခေါ်သွားပြီဆိုပွေ့ခေါ်လာရတယ်...
အတောင်ပံတွေလည်း ညှပ်ခံထားရတယ်လေ....
ကျွန်မ...........ဘဲလေးကို ရင်ထဲပွေ့ခေါ်လာရင်း ပြောမိတယ် ကောင်းတယ်.
နင်လည်ချင်တာကိုး ကိုယ်ဘာသာ ပျံမလာတတ်ဘူးလား.နဲ့စကားတွေဆိုနေမိတယ်..ဘဲဟင်္သာလေးကလည်း..
မမ..လက်မောင်းကိုသူ့နှုတ်သီးနဲ့မနာအောင်ဆိတ်ပြီး
သူသတိရကြောင်းပြောနေသလိုခံစားနေရတယ်..။.
တရိစ္ဆာန်ဆေးကုလာတဲ့ ဆရာဝန်မကပြောတယ်...သူဥချင်လို့ဝပ်ကျင်းရှာတာနေမှာ

ဒါနဲ့သူဥလေးတွေ မြေပေါ်ဥချတော့ ကောက်ပေးပြီးဝတ်ကျင်းလေး လုပ်ပေးရတယ်...
ဟင်္သာဘဲပေါက်စလေးတွေ ပေါက်လာတော့လည်း..ရေဇလုံတန်းထားပေးရတယ်..။.

သူကလေး ဟင်္သာဘဲပေါက်စလေးတွေက ဥက ပေါက်ပေါက်ခြင်းခဏပဲ
သူအမေရင်ခွင်အောက်နေတာ။
တအောင့်လောက်ကြာတော့ ရေဇလားထဲကူးခပ်နေကြတာ..တော်တော်ချစ်စရာကြည်နူးစရာမြင်ကွင်းပါ.......။
တစ်ခါအလုပ်ရုံရှေ့သစ်ပင်ပေါ်မှာမနက်တိုင်း လာလာသာတဲ့ ရွှေကျီးလေးတစ်ကောင်ရှိတယ်....တစ်နေ့ရွှေကျီးလေး နေမကောင်းဖြစ်တယ်...
ကျွန်မကော်ဖီသောက် ဘီစကွတ်မှုန့်စားနေတဲ့ကွပ်ပြစ်ရှေ့ထိရောက်လာတယ်....
ခွေးကလည်း ရွှေကျီးကန်းလေးကိုကိုက်ဖို့လုပ်နေတယ်
ကြောင်ကလည်းခုပ်ဖို့လုပ်နေတယ်....
ကျွန်မကော်ဖီ သောက်ချိန်ဆို ခွေးတွေကြောင်တွေက ဘေးနားကနေအစာစားပြီးရင်
သူတို့ကိုကျွေးတာ ထိုင်စောင့်နေကျ သူတို့လည်းဘီစကွတ်မှုန့်..
တို့အီကြာကွေးတို့ကြိုက်တယ်လေ...။
ဒီကြားထဲ ကိုရွှေကျီးကန်းလေးက ခုန်စွခုန်စွနဲ့ ရောက်လာတယ်..
ခွေးတွေ ကြောင်တွေကို မကြောက်ဘူးဒါနဲ့
ခွေးတွေကြောင်တွေ မောင်းထုတ်ပြီးသူ့ကိုဖမ်းရတော့တာပေါ့..
ဘီစကွတ်ချကျွေးတော့နဲနဲပဲစားတယ်..အင်းဒီကောင် နေမကောင်းတာနေလိမ့်မယ်
ဆိုပြီးဆေးတိုက်ထားလိုက်ရတယ်....။
ရွှေကျီးကန်းလေး သက်သာတော့ ခုန်စွခုန်စွနဲ့ သူကျွန်မနားပျံလိုက်
မီးဖိုထဲနားလိုက် ကွပ်ပြစ်အောက်နေလိုက်...အိမ်ထဲဝင်လိုက်နဲ့ပေါ့တစ်နေကုန်လာနေတယ်...
ညနေစောင်းတော့မှမောင်းထုတ်ရတယ်....
ရွှေကျီးရေ သစ်ပင်ပေါ်မှာနေ..ညဆိုငါက အိပ်ပျော်နေရင်ခွေးက နင့်ကိုစားလိမ့်မယ်နော်
ကြောင်ကခုပ်မယ်ဆိုပြီးမောင်းတော့...သစ်ပင်ပေါ်ပျံတက်နေတယ်....။
ဘေးနား ပတ်ဝန်းကျင်က ခင်ဗျားအလုပ်ရုံကလည်း တိရိစ္ဆာန်ရုံကျနေတာဘဲတဲ့..
တိရိစ္ဆာန်ချင်း မျိုးမတူဘဲနဲ့ ရန်ဖြစ်တာကိုက်တာ
မရှိဘူးတူတူ နေကျတာနော်အံ့သြသင့်ဖို့လည်းကောင်းတယ်..
ထူးထူး ဆန်းဆန်း လည်းဖြစ်တယ်.. သူများတွေကလာပြောကြတယ်
ကျွန်မတို့အိမ်မှာကလေးတွေ ရန်ဖြစ်ရင်တောင်မှ..
ဟဲ့ ခွေးတွေ ကြောင်တွေ ဘဲတွေကတည့်တယ်
မင်းးးတို့ကလူဖြစ်ပြီးဘာလို့ မတည့်လည်း မေးရတယ်..
မမ..ရေတဲ့..
အပင်ပေါ်မှာလည်း ပျားအုံရှိတယ် မတုတ်ပါဘူး..
သစ်ပင်မှာလည်း မြွေဖြူလေးရှိတယ် မပေါက်ပါဘူး...
ခုကျွန်မထိုင်နေတဲ့ တမာပင် အပေါ်လက်တကမ်းမှာပဲ..
သစ်ကိုင်းလေးပေါ်မှာ ငှက်ကလေး အသိုက်လုပ်ထားတယ်..
သစ်ကိုင်လေး ခဏဆွဲကြည့်လိုက် ဥလေးတွေ့လိမ့်မယ်နော်...
လူနဲ့နီးနီးလေး လာနေကျတာလေ...သူတို့ကနားလည်တယ်..
မေတ္တာတရားကို ခံစားတတ်တယ် နားလည်တယ်....
လူတွေကတော့...ဒီလိုမဟုတ်ဘူးလေနော်..
ဘာလို့မတည့်လည်း မေတ္တာ.တရားကိုဘာလို့သူတို့ ယူရမှန်းမသိ
ပေးရမှန်းမသိ လူဖြစ်ပြီးဘာလို့ နားမလည်သလည်းးးးး...
စဉ်းစားနေမိတယ်.............။
တစ်ယောက်နဲ့ တစ်ယောက်ဘာလို့မစောင့်ရှောက်သလဲ လူသားခြင်း
ဘာလို့မတည့်လည်း။
တစ်ကောင်နဲ့တစ်ကောင် တိရိစ္ဆာန် လေးတွေကမျိုးမတူပဲ တည့်တယ်နော်.......
မခေါ်ဘဲနဲ့ရောက်လာတယ်...တိရိစ္ဆာန်လို့သာပြောရတာ....
အမျိုးမတူပဲတည့်ကျတယ်..ချစ်ခင်ကျတယ်...
.
~~~~~~~~~~~~.လူတွေကတော့~~~~~~~~~~~~.u ~
~~~~~~~~? ? ? ? ? ? ? ///.. ///. >>>> x x x x + + + + + %%%%% - - -
- - `
stoneinstomach wrote on Aug 2, '10
မမရေ
ဖတ်လို့ကောင်းလိုက်တာဗျာ။ မမကစိတ်ကြီးသလို မေတ္တာတရားလည်းကြီးတယ်နော့။ |
yinminkhine wrote on Aug 2, '10
သေချာတာပေါ့.....
ဒါတကယ်ဘေးနားမှာရှိတဲ့ တိရိစ္ဆာန်လေးတွေပါ။ ငယ်ငယ်တုန်းကဆိုဘုရားစင်မှာ လိပ်ပြာလေးတွေအများကြီးနေတာ ဥတွေလည်းဥပေါ့..အရောင်လေးတွေမျိုးစုံ...နေတာပဲ.. ဒါကြောင့်လိပ်ပြာလေးတွေကိုလည်းချစ်တယ်... |
sayarkyaung wrote on Aug 2, '10
အတော်ဖတ်လို့ ကောင်းတယ်ဗျာ .....ဂွတ်ထ
ချမ်းမြေ့ပါစေ ကိုကြည်နိုင်(ကျုံတိုင်းရွာ) |
yinminkhine wrote on Aug 2, '10
သတိရလို့ညကအိပ်မပျော်ဘူးးးးးး
သူတို့အကြောင်းလေးတွေ ခေါင်းထဲရောက်လာတာလေ.. ဒါနဲ့ရေးထားလိုက်တာပါ။..ကျွန်မအလွမ်းပြေပေါ့။ |
mahaythi2010 wrote on Jun 10, '11
ဟုတ်မမ .... ဖတ်သွားပါတယ်နော် .... မေတ္တာတရားဆိုတာ ... တန်ဖိုးဖြတ်လို့ မရတဲ့ အရာပဲနော် .....
|
yinminkhine wrote on Jun 10, '11, edited on Jun 10, '11
mahaythi2010 said
ဟုတ်မမ .... ဖတ်သွားပါတယ်နော် .... မေတ္တာတရားဆိုတာ ... တန်ဖိုးဖြတ်လို့ မရတဲ့ အရာပဲနော် .....
မှန်လိုက်တာ
ဘာသာမရွေး လူမျိုးမရွေး မေတ္တာသာကိုင်ဆောင်ထား ကမ္ဘာကြီးအေးချမ်းတာပေါ့ |
0 comments:
Post a Comment