ဆုံနေကြ: ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ...: ..လက်ပံတောင်းတောင် ကြေး နီစီမံ
ကိန်းဧရိယာအတွင်းတွင်ရှိ နေသော ရွာများရှိ ချောင်းရေ များတွင်
အဆိပ်သင့်နေသော ကြောင့်
ထိုရေများကို သောက်မိ
သည့်နွားများမှာ သေဆုံးသွား ကြောင်း၊မိုးကြိုးပြင်ကျေးရွာမှ နွား
ပိုင်ရှင်များက ပြောဆိုနေကြသည်။
““နွားတွေသောက်မိလို့ သေ သွားတာတော်သေးတယ်။ လူတွေ
များသောက်မိရင်မလွယ်၊အရင် တုန်းကတော့ အဲဒီချောင်းရေ တွေကို
ရွာသူ/ရွာသားတွေ သောက်သုံးကြသေးတယ်။
အဲဒီ နွားတွေသေပြီးနောက်ပိုင်း လူ တွေလည်း မသောက်ရဲကြတော့
ဘူး။အဲဒီချောင်းရေကို သောက်မိ လို့ မသေပဲကျန်နေတဲ့နွားတွေ တောင်
အခုဆေးကုနေရတယ်””ဟု မိုးကြိုးပြင်ကျေးရွာမှ နွားပိုင်ရှင် များက ဆိုသည်။
ထိုကဲ့သို့ ချောင်း ရေသောက်မိရင်သေဆုံးသွားသည် နွားကောင်ရေမှာ(၇)ကောင်ခန့် ရှိပြီဖြစ်ကြောင်း ရွာသူ/ရွာသား များက ထပ်မံပြောဆိုသည်။ ကြေးနီစီမံကိန်းဧရိယာ အ တွင်းတွင်ရှိနေသည့် ဆည်တဲကျေး ရွာက ရွာသူ/ရွာသားများကလည်း ယင်းချောင်းရေများကိုသောက်မိ သည့်ခွေး၊ဆိတ်စသည့် အိမ်မွေး တိရိစ္ဆာန်များလည်း မကြာခဏ သေဆုံးနေကြောင်း ယခင်က ထို ကဲ့သို့ဖြစ်ရပ်များမရှိခဲ့သော်လည်း ဦးပိုင်/၀မ်ပေါင်လက်ပံတောင်းေ တာင်ကြေးနီစီမံကိန်းလုပ်ကိုင်နေ သည်မှစ၍ ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ရွာသူ/ ရွာသားများက ပြောဆိုနေကြ သည်။
အဆိုပါ ကြေးနီစီမံကိန်းဧရိ ယာအတွင်းရှိ ဆည်တဲ၊မိုးကြိုးပြင် တုံရွာမှရွာသူ/ရွာသားများပြောဆို ချက်များအရ မြန်မာ၊၀မ်ပေါင် ကော်ပါးလီမိတက် လုပ်ငန်းခွင် အတွင်းသို့ ၀င်ရောက်လေ့လာ ကြည့်ရာတွင် ရွာသူ/ရွာသားများ ပြောဆိုနေသည့် ချောင်းများမှာ ကြေးနီစီမံကိန်းရှိ စွန့်ပစ်ရေများ စီးဝင်နေသည်ဟု ယူဆပြီး(ဓာတ် ခွဲစမ်းသပ်လျှင် အဖြေထွက်နိုင် သည်) စီမံကိန်းမှစွန့်ပစ်ပစ္စည်းနှင့် ရေများထည့်သွင်းရန်အတွက် မြေကြီးများကို တွင်းနက်ကြီးများ တူးဖော်ထားသည်ကို တွေ့ရှိခဲ့ရ ပါသည်။
Hot News Weekly

မ မ ရေ သတင်းလေးကမဆုံးသေးဘူးထင်တယ်နော်...
ReplyDeleteနောက်ထပ်ရှိနေမယ်လို့ယူဆရတာပဲ....
စပယ်ရေ
Deleteလင်ခ့်လေးပဲ တင်ထားလိုက်တာပါ
အပြည့်အစုံပြန်တင်ပေးလိုက်ပြီနော်..
စပယ်..ကျန်းမာပျော်ရွှင်ပါစေ..