Pages

Sunday, May 13, 2012

" အရမ်းချစ်တယ် ♥မေမေ ♥"





တူတူကစားခဲ့ဘူးတယ်
 ဒါပေမယ့် သူငယ်ချင်းတော့မဟုတ်ပါဘူး
ပညာတွေလည်းသင်ပေးတယ်
 ကျောင်းဆရာလည်းမဟုတ်ပြန်ဘူး
လှပအောင်လည်းပြင်ဆင်ပေးဘူးတယ် အလှဖန်တီးရှင်လည်းမဟုတ်ပါဘူး
တရား ဓမ္မတွေလည်းသင်ပေးတယ်
တရားဟောဆရာလည်းမဟုတ်ပါဘူး
ဝေဒနာတွေလည်း ကုသပေးခဲ့တယ်

ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး

လိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ်

မှော်ဆရာတော့လည်းမဟုတ်ပါဘူး


အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပေးခဲ့တယ် နာမည်ကျော်သူရဲကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး

ဒီလိုကြီးမားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်တဲ့သူကို
“ မေမေ”

လို့ ခေါ်ပါတယ်

ကိုယ်ပြန်ပေးခဲ့တာတွေက ပြန်ပြော နားမထောင်

မှန်တယ်ထင် ဇွတ်လုပ်
ဒီအကျင့်ဆိုးတွေပါ ၊

ဒါပေမယ့် မေမေ

သေချာခိုင်မာတဲ့စကားလေးတစ်ခွန်းတော့ပြောပါရစေ



“ အရမ်းချစ်တယ် ♥မေမေ♥”
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

သမီးရဲ့အသဲထဲမှာ

အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်


 



♥♥

♥♥
To my adorable mom
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
Chit tha mee lay hanmay ,hanthu
♥♥

8 comments:

  1. မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်

    ReplyDelete
  2. ဝေးးးးးးးးးးးးးးးကွာနေသော
    မိသားစုများ♥ချစ်ခြင်းဖွဲ့♥သံစဉ်လေးပါ......................

    ReplyDelete
  3. ဘယ်တော့မှ အရောင်မပြောင်းလည်းတတ်တာ ၅၂၈ သွယ်သော မေတ္တာများပါပဲ မမကြီးရယ် ...။

    ReplyDelete
  4. သံသရာအဆက်ဆက်က ယှဉ်ပြိုင်တုနိုင်းလို့မရတဲ့
    အဖြူရောင် သံယောဇဉ် ၅၂၈မေတ္တာ အစစ်ပေါ့................

    ReplyDelete
  5. “ အရမ်းချစ်တယ် ♥မေမေ♥”
    မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ

    သမီးရဲ့အသဲထဲမှာ

    အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
    


    ReplyDelete
  6. ဖြတ်လို့မရ.သတ်လို့မသေ.........မေမေ မေတ္တာရေ......
    မည်သူမျှမပေးနိုင်သော
    ချစ်ခြင်းမေတ္တာတရားတွေပေးဝေနေတာ♥မေမေ♥ပါ

    ReplyDelete
  7. congratulation for mother day.

    ReplyDelete
  8. မိခင်မေတ္တာကို ပုံဖော်ထုဆစ်ထားတာ အရမ်းသေသပ်လို့ ရေးသူရဲ့ ခံစားချက်က ဖတ်နေသူရဲ့ ရင်ထဲကို လာဟပ်တယ် မ.မရယ် မင်းရဲ့ ကဗျာလေး တန်ဖိုးရှိတယ် ယုံ ။

    ReplyDelete