တူတူကစားခဲ့ဘူးတယ်
ဒါပေမယ့် သူငယ်ချင်းတော့မဟုတ်ပါဘူး
ပညာတွေလည်းသင်ပေးတယ် ကျောင်းဆရာလည်းမဟုတ်ပြန်ဘူး
လှပအောင်လည်းပြင်ဆင်ပေးဘူးတယ် အလှဖန်တီးရှင်လည်းမဟုတ်ပါဘူး
တရား ဓမ္မတွေလည်းသင်ပေးတယ် တရားဟောဆရာလည်းမဟုတ်ပါဘူး
ဝေဒနာတွေလည်း ကုသပေးခဲ့တယ် ဆရာဝန်တစ်ယောက်လည်းမဟုတ်ပါဘူး
လိုချင်တာမှန်သမျှဖြည့်ဆည်းပေးတယ် မှော်ဆရာတော့လည်းမဟုတ်ပါဘူး
အခက်အခဲတွေကိုရင်ဆိုင်ဖြေရှင်းပေးခဲ့တယ် နာမည်ကျော်သူရဲကောင်းတစ်ယောက်လည်းမဟုတ်ခဲ့ပါဘူး
ဒီလိုကြီးမားတဲ့စွမ်းအားတွေကိုပိုင်ဆိုင်တဲ့သူကို “ မေမေ” လို့ ခေါ်ပါတယ်
ကိုယ်ပြန်ပေးခဲ့တာတွေက ပြန်ပြော နားမထောင်
မှန်တယ်ထင် ဇွတ်လုပ် ဒီအကျင့်ဆိုးတွေပါ ၊
ဒါပေမယ့် မေမေ
သေချာခိုင်မာတဲ့စကားလေးတစ်ခွန်းတော့ပြောပါရစေ
“ အရမ်းချစ်တယ် ♥မေမေ♥”

မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ
သမီးရဲ့အသဲထဲမှာ
အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
သမီးရဲ့အသဲထဲမှာ
အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
♥♥
To my adorable mom
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
Chit tha mee lay hanmay ,hanthu
မိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ သမီးရဲ့အသဲထဲမှာ အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
ReplyDeleteဝေးးးးးးးးးးးးးးးကွာနေသော
ReplyDeleteမိသားစုများ♥ချစ်ခြင်းဖွဲ့♥သံစဉ်လေးပါ......................
ဘယ်တော့မှ အရောင်မပြောင်းလည်းတတ်တာ ၅၂၈ သွယ်သော မေတ္တာများပါပဲ မမကြီးရယ် ...။
ReplyDeleteသံသရာအဆက်ဆက်က ယှဉ်ပြိုင်တုနိုင်းလို့မရတဲ့
ReplyDeleteအဖြူရောင် သံယောဇဉ် ၅၂၈မေတ္တာ အစစ်ပေါ့................
“ အရမ်းချစ်တယ် ♥မေမေ♥”
ReplyDeleteမိုင်တွေဘယ်လောက်ပဲ ဝေးဝေး အတွေးထဲမှာနီးနီးလေးပါ
သမီးရဲ့အသဲထဲမှာ
အမေကအမြဲတမ်းသမီးနဲ့ရှိနေပါတယ်
ဖြတ်လို့မရ.သတ်လို့မသေ.........မေမေ မေတ္တာရေ......
ReplyDeleteမည်သူမျှမပေးနိုင်သော
ချစ်ခြင်းမေတ္တာတရားတွေပေးဝေနေတာ♥မေမေ♥ပါ
congratulation for mother day.
ReplyDeleteမိခင်မေတ္တာကို ပုံဖော်ထုဆစ်ထားတာ အရမ်းသေသပ်လို့ ရေးသူရဲ့ ခံစားချက်က ဖတ်နေသူရဲ့ ရင်ထဲကို လာဟပ်တယ် မ.မရယ် မင်းရဲ့ ကဗျာလေး တန်ဖိုးရှိတယ် ယုံ ။
ReplyDelete