..
ဘ၀ နှစ်ခုပေါင်းစည်း နေထိုင်ခြင်း
သိပ်ချစ်သော မောင်နှင့် မ...ဘဝ
မိဘဆွေမျိုးထက် ပိုချစ်လို့အားကိုးယုံကြည်စွာ တစ်ဘ၀လုံးပုံ၍ ချစ်မိလိုက်သည်
တားဆည်းပိတ်ပင်မှု့ များစွာထဲမှနေ၍ မောင် မှ မောင် သူသာကိုယ့် ဘ၀ ကိုယ့်ကမ္ဘာ သိပ်ချစ်တတ်လွန်းသည့် ချစ်သူ အမျိုးမျိုး အကိုမောင်တွေတားဆည်းပိတ်ပင် ရိုက်နှက်သည့်ကြားမှ ရအောင်ကြံဆောင် ချစ်အနွံတာခံခဲ့သည့်မောင်
အိမ်ထောင်သက်တမ်း ကြာလာလဲ သူ့လောက်ချစ်သည့်သူ ချစ်တတ်သူ လောကရှိမယ်မထင်ပေါင်ဟု ကိုယ့်ကို ကိုယ်ကျေနပ်ဂုဏ်ယူနေတတ်ခဲ့သည်
အင်္ကျီကအစ သူကိုယ်တိုင်ဝယ်ပေး အလုပ်မအားသည့်ကြားထဲမှ မိန်းမအတွက်ဆိုကာ ကိုယ်တိုင်တစ်ခါတစ်ခါ ချုပ်ပေးတတ်သေးသည်။။
စားချင်တာကိုလဲကိုယ်တိုင် ကိုယ်ကျ မအားသည့်ကြားမှ ချက်ကျွေးတတ်သေးသည်
သူကအချက်အပြုတ်လည်းတော်သည် တရုတ်စားသောက်စရာတွေ ချက်ပြုတ် သင်တန်းတက်ထားခဲ့တော့ မိသားစုကို ကောင်းကောင်းချက်ကျွေးသည်။။။
သားသမီးတွေကိုလဲချစ်တတ်လိုက်တာ လိုလေသေးမရှိစေရ ဖြည့်ဆည်းပေးနေသည့်သူ
မြန်မာထမင်းဟင်းကိုယ်စားချင်လို့ချက်လျှင်ပင် သူ့ကလေးတွေ အပုတ် အစပ်တွေကြိုက်မှာဆိုးသည့်သူ သားသမီးတွေကို စားသောက်နေထိုင်တာမှအစ
မိန်းမတစ်ယောက်လိုပူပင်နေတတ်သည် ဒီလိုမျိုး ချစ်သူ ယောက်ျားတစ်ယောက်ကို
မိဘတွေမောင်နှမတွေ သဘောမတူသည့်ကြားမှ ဇွတ်အတင်း နှစ်ဦးသဘောတူချစ်ကြည်ဖြူုပြီး ဆိုးတူကောင်းဖက် လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကြတာ ဘ၀မှာသာယာချမ်းမြေ့ သောအိမ်ထောင်ရေးပေါ့ဟုလဲ ကိုယ့်ကိုယ်ကို စိတ်ဘ၀င်ပီတိဖြစ်နေမိသည် ။။။။
ဘာသာမတူ လူမျိုးခြားပေမဲ့ သူကတရုတ် ကိုယ်ကမြန်မာ ဟုတခါမှမတွေးခဲ့ဘူး အတူတူ ဗုဓ္ဒဘာသာ ကိုးကွယ်နေထိုင်ခဲ့ကြသည် နှစ်ကူးဆိုလဲ သူ့မိသားစုနည်းတူ အိမ်မှာနှစ်ကူးပေါ့ တစ္စေကြီးပွဲဆိုလည်း ဘိုးဘွားကန်တော့ရင်း အိမ်မှာမိသားစုအတူတူ လိုက်ကူးပေါ့ ဒီလို ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည် ဘုရားကန်တော့လည်းအတူတူ ဘုံကျောင်းတက်လည်းတူတူ စာချလည်းတူတူပေါ့ လူလူခြင်း ချစ်ခင်စွာစည်းလုံးနေထိုင်ခဲ့သည်။။။။
၂ယောက်ပေါင်းမွေးထားတာလေးတွေကလဲ ချစ်ချင်စရာ ဖြူဖြူဖွေးဖွေး သမီးမိန်းမလေးတွေ မြန်မာ့အသားလိုညိုတာလေးတွေတစ်ယောက်မှမပါ
သူ့ပါးပါးလို တရုတ်ပုံစံ အသွေးအမွေးအရောင်ကအစပေါ့ ပညာဥာဏ်ကလည်းထက်ပါ့ သူများတွေကပြောတာတော့ ကပြားမို့ဥာဏ်ပိုကောင်းတာတဲ့
မိဘ ဆွေမျိုးသာခြင်းတွေကလည်း သဘောမတူခဲ့ပေမဲ့ ကလေးတွေမွေးလာတော့လဲချစ်လိုက်ကြတာ တုန်နေသည် ။။။
ဒီလို အိမ်ထောင်ရေး မှာ ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနေထိုင်လာရင်း
ခုတော့ ဘယ်လိုမှမထင်မှတ်သော ဘ၀တခု အပြောင်းအလဲကို နဖူးတွေ့ ဒူးတွေ့
ကြုံတွေ့လိုက်ရသည် မထင်မှတ်ထား သော သူက မလုပ်အပ်သောအလုပ်ကို လုပ်ပြလိုက်သည့် အခါ ကြေကွဲစို့နင့် ငိုကြွေးယုံမှတပါး ဘာမှမတတ်နိုင်တော့
ဒါအချစ်၏ နောက်ဆက်တွဲ ရလဒ်ပေါ့ သူ၏ မောင်လေး အမျိုးသမီးကိုမှ
သူက တိတ်တိတ် ယူငင် ပေါင်းသင်း ကလေးတောင်မွေးသတဲ့ အံရောရှင်သူ့ အကျင့်က လက်ဖျားခါလောက်သည် ဘ၀တကွေ့မှာ လမ်းဆုံးအထိ
ကိုယ်က မခွဲမခွာ မိသားစုတူတူ
လျှောက်လှမ်းဖို့ကို သူလက်က မြဲမြံစွာဆုတ်ကိုင်မထားနိုင် လမ်းတ၀က်တွင် သူလက်တွဲဖြုတ်ဖို့ စကားဆိုလာလေပြီ ခုမှတော့ ကိုယ့်ကိုယ်ကိုလဲ အပြစ်မတင်ချင်တော့ လက်မတွဲချင်ပေမဲ့လဲ ရင်ထဲအသဲထဲ နာကြည်းကြေကွဲစွာ
သူ့ကိုသမီးလေးတို့အဖေအဖြစ် သူဖြုတ်ချသည့်လက်ကို အတင်းလိုက်လံဆွဲကိုင်ထားရင်း ပေါင်းသင်းနေထိုင်ရတော့မဲ့ဘ၀ မချစ်သော်လည်းအောင့်ကာနမ်း မနမ်းသော်လည်းပင့်သက်ရှိုက် ဒီဘ၀ လမ်းကိုဆုံးသည့်အထိ တူတူလျှောက်လှမ်းရမှာ တစ်ခါတစ်ခါတွေးမိရင်း စိတ်ထဲမှာနင့်နင့်သည်းသည်း နာကျည်းမုန်းတီးမိနေသည် ။။
ချစ်လို့ ယူခဲ့ကြပြီးမှ
ခုတော့ ဘာသာမတူသောသူကို ယူခဲ့မိလို့ဖြစ်ပေါ်လာသောနောက်ဆက်တွဲ
မိဘ သဘောမတူသူကို ယူခဲ့မိလို့ဖြစ်ပေါ်လာသောနောက်ဆက်တွဲ
တွေ့သောသူကို သနားကြင်နာတတ်သော နီးစပ်ရာသာယာတတ်သော
ယောက်ျား တစ်ယောက်၏ အကျင့်စရိုက်ကို ရွှံ့ရှာမုန်းတီးစက်ဆုတ်စွာဖြင့်
သားသမီးများရှေ့ရေး အတွက် လက်တွဲထားရပေအုံးတော့မည်။။။
သိပ်ကို တန်ဖိုး ရှိသော အချစ်
ဘ၀နှင့် ရင်း၍
အချစ်တခု၏ နောက်ဆက်တွဲ ရလဒ် ကို ခါးသည်းစွာ စားသုံးနေထိုင်ရင်း
ဘ၀ထဲမှ ဘ၀တစ်ခု ပေါက်ကွဲလွင့်စင်ခြင်း
အချစ်၏ ရလဒ် ။ ၁ ။။
ဒါလားအချစ် တစ်ခု နောက်ဆက်တွဲ ဘ၀နှင့်ခံစား
ညီမလေးများဖတ်စေ့ချင်ပါသည်။။။။။။။။။။။။။။။။။။။။
အချစ်၏ ရလဒ် ။ ၂ ။။
ကို စောင့်မျှော်နော်...............................
.
ကောင်းလှချည်းလား...မမရဲ့...။
ReplyDeleteကကြီး။
ဒါလား
ReplyDeleteအချစ် လေ ...........:P
အားပေးသွားပါတယ်ဗျာ
ReplyDeleteလေးစားပါတယ်
ReplyDeleteတမာန်တော်
အစ်မ ဘဝမှာ မုန်းတာ အိမ်ထောင်ပြိုကွဲအောင်လုပ်တဲ့သူပဲ ဘာကြောင့် သစ္စာမရှိကြတာလဲ
ReplyDeleteခဏတာ အတွက် ဘာကြောင့် အပျော်ရှာကြတာလဲ ဥာဏ်မရှိတာလား............
ဘ၀ ဘ၀ ပေါင်းဆုံ ခြင်းတွေက
ReplyDeleteမမြင် မတွေ့ မသိနိုင်ဘူး
ပြောရခက်တယ် ခန့်မှန်းရခက်တယ်
ဒါဘ၀ပဲလေနော်
မိသားစု ဆိုတဲ့ ဘဝကို မချစ်တဲ့သူက ဒီလိုလုပ်တာပါ။
ReplyDeleteနောက်ထပ်ယူ နောက်မိသားစုပေါ့............
ReplyDeleteတွေ့တာ မသာယာတတ်ဖို့
အလွယ် မမှားသင့်တာတို့
သတိ ထားသင့် တယ်ပေါ့.....
ဒါလေးချပြတာပါ...စာဖတ်သူကို
နောက်ထပ်ယူ နောက်မိသားစုပေါ့............
ReplyDeleteတွေ့တာ မသာယာတတ်ဖို့
အလွယ် မမှားသင့်တာတို့
သတိ ထားသင့် တယ်ပေါ့.....
ဒါလေးချပြတာပါ...စာဖတ်သူကို
ဟုတ်မမ သတိထားသင့်တဲ့အချက်ပါ
ဟုတ်၏
ReplyDeleteချစ်မိရင် ဘာသာတွေ လူမျိုးတွေ
ကြည့်မိတော့ဘူးလေ
နောက်ဆက်တွဲ ဘ၀လေးတွေပေါ့
ဘာသာမတူတာတော့မဆိုင်ပါဘူး
ReplyDeleteအရေးကြီးတာ အချစ်ရလဒ်ခိုင်မြဲဖို့ပါပဲ
(အားပေးပါတယ် နောက်လည်းများများရေးနိုင်ပါစေ)
အင်းးး
ReplyDeleteမဆိုင်တာတွေက ဆိုင်လာရောလေ
အမျိုး အဆွေ ဇယားတွေလေ
ဟုတ်မမ .... အချစ်ကို ခဏ ခဏ မွေးနိုင်သူတွေပေါ့ မမရယ် .... ယုံနိုင်စရာကို မရှိတော့ပါ ....
ReplyDeleteဒါအချစ်လားကွယ်
ReplyDeleteရင်မှာခံစားးးးးးးးးးး ရသမျှ အချစ် တွေပေါ့
အိမ်ထောင်ပြုဖို့ ဆို အတော်စဉ်းစားရတာပဲ မမရေ..
ReplyDeleteဟုတ်၏
ReplyDeleteဘ၀တွေ ရဲ့နောက်ဆက်တွဲ မမြင်မသိရဘူးလေနော်.............
တကယ်တမ်းမှာအချစ်က...ဘ၀အခက်အခဲတွေကြုံလာတဲ့အခါ..ပြတင်းပေါက်ကနေတိတ်တိတ်ကလေးထွက်ပြေးတတ်တယ်တဲ့....
ReplyDeleteအချစ်ထက်အရေးကြီးတာနားလည်မှုပါ...
အပြန်လှန်နားလည်မှုလေးနဲ့....အချစ်မပါတဲ့အိမ်ထောင်ရေးတွေခိုင်မြဲကြသလို...
အချစ်ပါပြီးနားလည်မှု...မပါတဲ့အိမ်ထောင်ရေးတွေပြိုကွဲကြတာတွေအများကြီးပါ....
အဓိကအရေးကြီးတာကတော့...နားလည်မှုလေးမှာ..လေးစားမှုပေါင်းနိုင်ခဲ့ရင်...
သာယာတဲ့ဘ၀တစ်ခုကို..ကိုယ်စီလျှောက်လှမ်းနိုင်ကြမှာပါ...
နားလည်မှု...လေးစားမှုထဲမှာ..အချစ်ကိုပါပေါင်းနိုင်ခဲ့ရင်တော့......
သတိတရလာလည်ရင်းအားပေးသွားတယ်မမရေ.....
နောက်ထပ်လည်းဒီလိုမျိုးလေးတွေတင်ပေးပါဦး...
လာမန့်ခဲ့တာ..မှန်ပါတယ်.....
ReplyDeleteတစ်ယောက်တစ်ယောက် စိတ်ချယုံကြည်စွာ
လေးစားချစ်ခင်ပြီးနားလည်မှု့တွေနဲ့ဘ၀ကို တည်ဆောက်နိုင်ကြပါစေ....................
အချစ်၏ ရလဒ် ။ ၂ ။။
ReplyDeleteကို စောင့်မျှော်နော်...............................
စောင့်မျှော်လျှက်ပါ.........ကိုနိုင်
ဟုတ်လာဖတ်တာ
ReplyDeleteလေးစား၏
ဘာကြီးလည်း အချစ်က
ReplyDeleteဘာမှန်းမသိတာကောင်းတယ်...
ReplyDeleteခလေး ကလေးလိုနေအဲ့ဒါအေးဆေးတယ်.....
မမရေ....မမကိုယ်ပိုင်ဘလော.လေးပေါ့နော်။ခုမှရောက်လာတော.တယ်။နောက်လည်းလာအားပေးပါ့မယ်။
ReplyDeleteကြိုးစားပါမမရေမောင်လေးအားပေးပါတယ်။