♥စကားမှန်ရင်ရွှေထက် အဖိုးတန်ပါတယ်♥
သုံးလွန်းတင်မှကြိုး ဒေါင်ဒေါင်မြည်မှအိုး
ရောက်မိရောက်ရာ ခေါက်မိခေါက်ရာ
အက်ရာပါလား မီးကျက်သလား
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား
မစားသင့်တာစားရင် ဂျပိုးနင့်လို့အန်တတ်တယ်ထွန်လည်းထက်စေ ယာလည်းညက်စေ
မိန်းမဖျက်ပြည်ပျက် မဖက်လိုက်လို့ မိုက်ဖက်ပါ
အမောင်တောင်မှန်း မြောက်မှန်းမသိပါ
ညောင်ပင်တစ္စေဝေလေလေ နင်ဘယ်ကိုင်းမှာနေ
ကိုင်းမခုတ်ပဲ ကိုင်းမလှုတ်ပဲ အမြစ်ဖြုတ်တော့ အပင်သေ
ဗိမ္မာန်မရှိတဲ့တစ္စေ နင်ဘယ်ကိုင်းနေ
တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်
အိမ်ကြိုအိမ်ကြားပေါက်သည့်သား စကားခပ်ကြွယ်ကြွယ်
ခေါက်ချိုးပြောရင် ဇောက်ထိုးနားလည်
စကားမို့ဆို ပျားလိုချိုလေ
ပြောသူမလုပ် လုပ်သူမပြော
ပြုတိုင်းပြော ပြောတိုင်းပြု
အလုပ်ထက် အပြောလွယ် အပြောထက်
အလုပ်နှင့်ပြပါကွယ်......
စကားမှန်ရင်ရွှေထက်အဖိုးတန်ပါတယ်......။။။။
စကားပုံ ဒဿနပါ
စကားမှန်ရင် ရွှေထက်အဖိုးတန်ပါတယ် .... ဟုတ်ကဲ့ပါ မမ .... မှတ်သားသွားပါတယ်နော် မမ .....
ReplyDeleteရွှေထက် အဖိုးတန်တဲ့ စကားအမှန်လေးတွေပေါ့.....
ReplyDeleteဟုတ်ပါ့...မမရေ...
ReplyDeleteစကားမှန်ရင်..ရွှေထက်မကဘူးးဗျ
စိန်ထက်ပါ အဖိုးတန်တာ...
ဖတ်သွားပါတယ်
ReplyDeleteဟုတ်ဗျာ အမှန်တွေပါ၊
ReplyDeleteကောင်းပါ တယ် မမရေ....။
ReplyDeleteကကြီး။
အဖိုးတန်တဲ့စကားတွေကို နာကြားသွားပါတယ် ...
ReplyDelete