.
ဖခင် ဦးဖါ..မိခင် ဒ်ါစု မီးရှုးသန့်စင် ဖွားမြင်ခဲ့ပေါ့
ဒီဇမ္ဗူမှာ ရှာမှရှား
အောင်ဆန်းဇာနည် ပြည်ချစ်သား
တိုင်းသူပြည်သား ဗိုလ်လူအများ
ရဟန်းရှင်လူ ပြည်သူအပေါင်း
အေးချမ်းသာယာ လွတ်လပ်ရေးကို ရရှိဖို့ရာ
သားကောင်း ရတနာ မွေးဖွားခဲ့တာ
ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
ပြည်သူ့ရင်ထဲ ယနေ့ထိရှိတယ်
က၀ိစာပေတတ်ကျွမ်းဘိ ဘိုးဘွားပုံပြင် သူရဲကောင်းအတိ
ဘယ်သူဖျောက်ဖျက် မပျောက်ပျက်နိုင်တယ်
သမိုင်းမှတ်တမ်း မော်ကွန်းအရှိ
လူတိုင်းရင်ထဲ စွဲမြဲတွယ်ငြိ
သူလိုလူမျိုး နောက်တစ်ယောက်မရှိ………
ဒီဇမ္ဗူမှာ နောက်ထပ်မရှိ….
ပြည်သူ့ရင်ထဲ အောင်ဆန်းဇာနည် ယနေ့ထိရှိ………..
ဖေဖော်ဝါရီ ၁၃ ရက် ပုံဖော်ဆောင်ညွန်း
နှလုံးသွေးသား မျိုးဆက်သစ်တွေ
ရင်ထဲမမေ့ သတိတရ လွမ်းဆွေးကျန်ရှိ
သေသည့်သူကို လွမ်းရသလား
မေ့ဖျောက်ချင်သူ မသိတဲ့သူ မတတ်သူကို
က၀ိပညာတတ်သည့်သူမှ ဖေဖော်ဝါရီ ၁၃ ရက်
အောင်ဆန်းဇာနည်
မွေးသည့်ရက်ကို မမေ့ဖျောက်နိုင်
စာပေအသိ ရင်ထဲရှိအောင်
ဘက်ပေါင်းစုံက စွမ်းနိုင်သရွေ့
တတ်သရွေ့ကို ကမ္ဘာအရပ်ရပ် ပြည်ချစ်သားတွေ
ပြည်ချစ်သမီးတွေ တွေ့စုံပေါင်းစည်း ချစ်ခင်ခြင်းအတိ
က၀ိစာပေ မြတ်နိုးသည့်သူ စုဝေးစေရာ တစ်နေရာ
နိုင်ငံသားကောင်း ဗဟုပညာ တိုးပွားစေရာ
တိုင်းသူပြည်သား ဗိုလ်လူအများ
ရဟန်း ရှင်လူ ပြည်သူအပေါင်း
အေးချမ်းသာယာ အမှတ်တရရှိစေ့ချင်တာ
````ဖေဖော်ဝါ၇ီ ၁၃ ၇က်နေ့´´´´“ ၉၆ ” နှစ်မြောက် ဗိုလ်ချုပ် မွေးနေ့
````ဖေဖော်ဝါရီမှတ်တမ်း´´´´ ကဗျာလေးရေးမိတာ
မှတ်မှတ်ရရ လာဖတ်သွားပါတယ်။
ReplyDeleteအမြဲတန်းအဲဒီနေ့လေးကို အမှတ်ရနေတာပါ။
ReplyDeleteဒါပေမယ့် စိတ်မကောင်းစရာက အခုနှောင်းလူတွေ ဗိုလ်ချုပ်သေတဲ့နေ့က ဘယ်နေ့လဲလို့မေးတဲ့လူတောင်ရှိနေတယ်။ အာဇာနည်နေ့ကိုတောင်မသိကြတော့ဘူးလေ။
ReplyDeleteသတိတရ အမှတ်တရလေးတွေပေါ့.......။
ReplyDeleteဟုတ်တယ်ဗျ ..... လူငယ်တော်တော်များများက 14 ရက်ကိုသာသိတာ 13 ရက်ဟာ ဗိုလ်ချုပ်မွေးနေ့ဆိုတာကို
ReplyDeleteလားလားမျှမသိသူတွေအများဗျ .... နောင်ကိုတော့ သူတို့ရဲ့ ဦးနှောက်ကို လူကြီးတွေက တတ်အားသမျှ
မီးညှိပေးရမှာပေါ့ဗျာ ......။
ဟုတ်ပါတယ် အိမ်လေး
ReplyDeleteဒါကြောင့်
ပုံလေးတွေတင်ကဗျာလေးတွေဖွဲ့
ပြည်ချစ်သားကြီး မပျောက်ပျက်အောင် တတ်နိုင်သရွှေ့ ဒို့စွမ်းဆောင်ပေါ့။
ဗိုလ်ချုပ်မသေ ဒို့ရင်ထဲမှာ ကိန်းအောင်းနေ.........။
လူငယ်တော်တော်များများက 14 ရက်ကိုသာသိတာ
ReplyDelete13 ရက်ဟာ ဗိုလ်ချုပ်မွေးနေ့ဆိုတာကမသိသူတွေအများသားပေါ့
အသိမှန်ကန် အဖိုးတန်တဲ့ လူသား ဖြစ်ပါစေ..။
တတ်သည့်ပညာဘက်ပေါင်းစုံက ထွန်းညှိကြပါ။
ကလောင် လက်ကလေး လှစေ့ချင်တာ...မ..မ...စေတနာ...........။
အမြဲတန်းအမှတ်ရနေတယ်......
ReplyDeleteထပ်တူထပ်မျှပါ .....။
ဗိုလ်ချုပ်မွေးနေ့အတွက် သတိတရနဲ့ ကဗျာလေး မျှဝေမှုအတွက် ၀မ်းသာရပါတယ် မမရေ ...
ReplyDeleteမမ မနေ့ က မင်းမင်း မအားလို့ မလာဖြစ်တာ ပါ ။ဒီလိုနေ့ လေးကို အမှတ်တရ ဖြစ်အောင် ကဗျာလေးရေးပေးတာ ကျေးဇူး အထူးတင်ပါသီ ။
ReplyDeleteဗိုလ်ချုပ်မွေးနေ့ ကိုသတိတရရှိကြတဲ့...မိတ်ဆွေများကို
ReplyDeleteအထူး အထူးးးးးးးးးး
လေးစား၏............။
ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့
ReplyDeleteရင်ထဲမှာ ထာဝရ ရှိနေမှာပါ...
ReplyDeleteဟုတ်ကဲ့ခင်ဗျာ.....လေးစားပါတယ်ဗျ..။
ReplyDeleteဒီဇမ္ဗူမှာ ရှာမှရှား
ReplyDeleteအောင်ဆန်းဇာနည် ပြည်ချစ်သား ... ဒီလို ဂုဏ်ပြုနေတာ
နိုင်ငံသားတာဝန် ထမ်းခြင်းတစ်မျိုးမို့ ၀မ်းသာရပါတယ် ...
♥♥♥♥
ReplyDelete♥♥
http://api.ning.com/files/HswlKok8307h4VncmEzQE5X4G59Tb0-t88yZzJJ3vfy59GrWjJ-cFAsm017JkHGpdVRhOJx79bRXEWuGArTzeeaV2DiVwL5p/97.swf
ReplyDelete