မျက်ရည်မုန်တိုင်း သောကလှိုင်း
ကိုယ်ပြောစကား ကိုယ်ပြန်ကြားတော့ ကိုယ့်ကိုကိုယ် တောင်ရွှံ့ရှာတယ်
ကိုယ်ကိုယ်မေ့ ထားသူအားသနား ထောက်ထားငှဲ့ငြာ
သူ့ အသွေးအရောင် ပြောင်ဝင်းဖို့အရေးတွေးခေါ်ထောက်ထား
ငါကပျောက်သွား ငါပြန်တွေ့ချိန် ငါ့ ကိုယ်မှာလေဘလာနတ္ထိ
ဘာမှမရှိဘူး အော်…….မှားလေနောင်တ
ငါရရှိသွား
ငါသာအမှန်ငါရဲ့ဟန်နဲ့ငါတွေးခေါ်သမျှ
ငါ့ကိုငါမေ့ သူ့တွက်ကြည့်ပေါ့
ခုနေချိန်ခါ အသိတရား ဥာဏ်ကစားလို့ငါပြန်ကြည့်ချိန်
ငါတယောက်တည်း အေးချမ်းတယ်
အသွေးအရောင် ပြောင် လဲ့ ၀င်းပ
လားလားမှကွယ် သူ့ဘ၀၀ယ်
ကျေးဇူးမတင် ဂုဏ်မမြင်တတ်
ဟန်တွေရယ်တက် မာန်တွေထက်ပေါ့
ဘေးမှကြည့်ကာ အံသြမိတော့ သြချနေမိ ငါဖြစ်မိပေါ့
လူထဲကလူ သူလဲလူမို့
သူလိုလူတွေ ဘေးနောက်ဝဲယာ
များလှချည်လား မထူးဆန်းဘူး လူတိုင်းသတ်ပုံမှားနေတယ်
ဘ၀တွေ သတ်ပုံမှားနေတယ်..
မြင်တတ်ကြည့်တတ် သိတတ်ပါစေ စိတ်ဝယ်ခံစား များစွာ တရားပျက်နေတယ်…
လောကီနယ်ထဲ လောကထဲမှာ မြင်ရကြားရ ရင်ထဲမချိ နာကျင်ခံခက် သွေးပွက်ပွက်ဆူ
တရားရေအေး အမြန်သောက်မှ လောကကြီးထဲ ဘာမှ မရှိဘူး
ရင်မှအပူ
ငြိမ်းတယ်ကွယ်…………။
တခုခုတော့ ၇ှိမယ်လို့ ထင်ပါတယ်
ReplyDeleteရင်မှအပူ
ReplyDeleteငြိမ်းတယ်ကွယ်…………။ ဒီစာသားလေး သိပ်လှတာပဲ..တရားသာ လူကိုကယ်နိုင်တယ်ဆိုတာ ခံစားရပါတယ် မရေ
ဘယ်အပူမှန် သမျှ . . . တရားရေအေးကြောင့် အေးမြရတာချည်းပါ ....။
ReplyDeleteတရားရေအေး အမြန်သောက်မှ လောကကြီးထဲ ဘာမှ မရှိဘူး
ReplyDeleteရင်မှအပူ
ငြိမ်းတယ်ကွယ်…………။
ကျေးဇူးတင်ပါတရ် မမရေ
ReplyDeleteတရားရေအေး အမြန်သောက်မှ
ReplyDeleteလောကကြီးထဲ ဘာမှ မရှိဘူး
ရင်မှအပူ
ငြိမ်းတယ်ကွယ်…………။ (ဟုတ်မမ ....ကဗျာကောင်းလေးပါ .... အားပေးသွားပါတယ်နော် ...)
အားပေးသွားပါ၏
ReplyDelete