ငါတို့ နိုင်ငံ ၊ ငါတို့ လူမျိုး
ရေတော့ရှိရဲ့ရေပျောက်နေတယ်
ငွေတော့ရှိရဲ့ငွေပျောက်နေတယ်
နေပူပူမှာ ရေလှုမယ့် သူစောင့်နေတယ်
သေနတ်သံ ဗုံးဒဏ် နေပူဒဏ်
နာဂစ် ကလည်းသိပ်ချစ်နေလို့ ခေါ်ဆောင်တယ်
ဒါငါတို့  ပြည်ရွှေနိုင်ငံတဲ့
မကြုံစဖူးကြားရတယ်
မယုံနိုင်ဘူးတွေ့နေတယ်
ပြောချင်တော့ဘူးငါမောတယ်
အတ္တကြီးတော့ ဒီလိုအဖြစ်မျိုးဖြစ်နေတယ်
မေတ္တာရားလွန်ခေါင်းပါးတော့
လူနဲ့လူချင်းမကြည့်တတ်ဘူးဖြစ်နေတယ်
အတ္တကင်းစင်ဤတိုင်းပြည်တွင်
တတ်နိုင်သမျှကူညီဖို့ ကို
လူအစစ် မှကျင့်နိုင်တယ်
ကိုယ့်ဘာသာကိုယ် ``လူ``လို့ ခေါ်မလား
သေချာစမ်းစစ်ကြည့်ပေါ့ဟယ် .....................
ရေတော့ရှိရဲ့ရေပျောက်နေတယ်
ငွေတော့ရှိရဲ့ငွေပျောက်နေတယ်
နေပူပူမှာ ရေလှုမယ့် သူစောင့်နေတယ်
သေနတ်သံ ဗုံးဒဏ် နေပူဒဏ်
နာဂစ် ကလည်းသိပ်ချစ်နေလို့ ခေါ်ဆောင်တယ်
ဒါငါတို့  ပြည်ရွှေနိုင်ငံတဲ့
မကြုံစဖူးကြားရတယ်
မယုံနိုင်ဘူးတွေ့နေတယ်
ပြောချင်တော့ဘူးငါမောတယ်
အတ္တကြီးတော့ ဒီလိုအဖြစ်မျိုးဖြစ်နေတယ်
မေတ္တာရားလွန်ခေါင်းပါးတော့
လူနဲ့လူချင်းမကြည့်တတ်ဘူးဖြစ်နေတယ်
အတ္တကင်းစင်ဤတိုင်းပြည်တွင်
တတ်နိုင်သမျှကူညီဖို့ ကို
လူအစစ် မှကျင့်နိုင်တယ်
ကိုယ့်ဘာသာကိုယ် ``လူ``လို့ ခေါ်မလား
သေချာစမ်းစစ်ကြည့်ပေါ့ဟယ် .....................
အမရေ....... အရမ်းကောင်းတယ်ဗျာ မ၀ံ့မရဲနဲ့ပဲထောက်ခံလိုက်တယ်နော်.......ဟဲဟဲ
ReplyDelete` လူ ´ ပါ မမခိုင်၊ ဒါပေမယ့် သောကမီး၊ အပူမီး နဲ့ ထိတ်လန့်မီးတွေနဲ့ ၀ိုင်းရံနေတဲ့ လူတွေပေါ့ ။
ReplyDeleteခပ်ပြင်းပြင်းကဗျာလေး။ အရမ်းနှစ်သက်မိတယ် မ ရေ။
ReplyDeleteလူထဲကလူပေမယ့် လူစိတ်ပျောက်နေကြတယ်လို့ ခံစားရတယ် မမရေ။
ReplyDelete