Pages

Wednesday, May 22, 2013

ကျောင်းနံရံတဝိုက် ဒေါင်းအလံစိုက်လို့  အတတ်ပညာနဲ့ပညာအတတ်ကို သူပြတယ်။

ထန်းတပင် ဇီးကုန်း
NLD ပညာရေးကွန်ယက်
အောင်ဆန်းအခမဲ့ပညာဒါန
၂၃ ၅ ၂၀၁၃ ကျောင်းဖွင့်ပွဲ
ဂုဏ်ပြုခြင်း

ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်မည်
ကမ္ဘာစံမှီသည် အောင် ဆန်းဇာနည်
ဗိုလ်ချုပ်သွေးမဟာ
လောကတစ်ခွင် အလှဆင် မည်
အလင်းကို  အမှောင်ချသူနဲ့
အမှောင်ထဲမှာ ထွန်းလင်းချင်သူ
အလင်းတွေ ဆက်လက် လင်းဖို့ 
ဘဝ တွေကို ပွေ့ဖက်
စာနာမှုတွေ သူပြတယ်
အများအကျိုး ရှေ့ရှုပြီး
သူမဟာ လောကဓံကိုကြံကြံခံရင်း
မေတ္တာမီးအိမ်လေးကို ကိုင်ဆွဲပြီး
သူမ အကြင်နာတွေ ဝေမျှတယ်
သမိုင်းတစ်ခေတ် အရိုင်းမဖြစ်အောင်
အနာဂါတ်  အရေးမျှော်မြင်တွေးစ
ရင်မှပေါက်ဖွား သမီး သားသဖွယ်
ပန်းလေးတွေကို  ပွင့်ဖူးဝေစည်
ပညာအရောင် ထွန်းလင်းပြောင်ဖို့ 
လောက အလင်းကို သူပြတယ်
ကမ္ဘာစံမှီတဲ့ ဆန်းဇာနည်သွေး
မေတ္တာမီးအိမ်ကိုင် ထားတယ်
အောင်ဆန်းစုကြည် ပြည်ချစ်သမီးမို့ 
ကမ္ဘာမှလေးစား  မြန်ပြည်တလွှား
ကျောင်းနံရံတဝိုက်
ဒေါင်းအလံစိုက်လို့ 
အတတ်ပညာနဲ့ ပညာအတတ်ကို
သူပြတယ်။

Saturday, May 18, 2013

လွတ်လပ် လိပ်ပြာ



လရောင်မှာ စိတ်ဘ၀င်
အရိပ်ထင်တော့
ဝင်းလိုက်တဲ့အသား

စိတ်ဘ၀င်မှာ
 ညထင်မှတ်တော့
နက်လိုက်တဲ့အသား

ရင်ဘတ်ခြင်းကြိုးညှိလို့
ကဗျာ ဗျတ်ဆောင်းတစ်လက်နဲ့
တီးခတ်တဲ့စကား

ရှစ်ခွင်တိုင်းက မိုးရိပ်မြင်
မှိုင်းရိပ်စင် တိမ်လွှာထူး
ရင်နွမ်းဆို့ဆို့ လွမ်းလွန်းလို့..

 ဝေမလိုနဲ့ကြွေခဲ့ပြီ
မကြွေခင်ပဲချွေခဲ့ပြီ

နာကျင်လှိုက်မော
ဘ၀တောမှာ
ပန်းလေးတွေလဲမြေခပြီ..

ကိုယ့်ကိုကိုယ်ပြာချ
ဈာပနအဖြစ် ခင်းကျင်း
ဘာဆိုဘာမှ မဖမ်းဆုပ်ခဲ့ဘူး
"ရှင်"..အပါအ၀င်
အရာအားလုံးကိုပေါ့..


Thursday, May 16, 2013

နှုတ်ဆက်ရပါတော့မယ် မဟာဆန်သူlမုန်တိုင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဒဿန။

နှုတ်ဆက်ရပါတော့မယ် မဟာဆန်သူl
15-5-2013
3:30 pm
(၁၆-၅-၂၀၁၃)ရက်နေ့ နေ့လည်ပိုင်းကစတင်ပြီး Mahasen ဆိုင်ကလုန်းမုန်တိုငးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို အိန္ဒိယနိုင်ငံအရှေ့ဖက်ကမ်းခြေမှတစ်ဆင့် အနောက်တောင်ဘက်အရပ်မှ ၀င်လာပါတယ်။ အသွားနှုန်းကလည်း တစ...်နာရီကို (၂၅)မိုင်နှုန်းလောက်နဲ့ ရွေ့ခဲ့လို့အလွန်မြန်ခဲ့ပါတယ်။ နေ့လည်၉၁၂)နာရီခန့်ကတည်းက စ၀င်နေခဲ့တဲ့မုန်တိုင်းဟာ ညနေ(၃)နာရီခွဲမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကုန်တွင်းပိုင်းကို ၀င်ရောက်ခဲ့ပြီးဖြစ်တာကို အတည်ပြုနိုင်ခဲ့ပါပြီ။ မကြာမီကာလ (၁၂)နာရီအတွင်းမှာ အားပျော့ ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းရပါတယ်။

ဒေါက်တာထွန်းလွင်
MCCW
See More
(2 photos)
မုန်တိုင်းနဲ့ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ဒဿန။

မဆလခေတ်တုံးက တောင်သူလယ်သမားအစည်းအရုံးက ပုဂိုလ်ကြီးတွေ မိုးလေ၀သရုံး ကို လေ့လာရေးလာကြတော့ ကျွန်တော်က အရာရှိပေါက်စပေါ့ဗျာ။ အမောနိုင် မပန်းနိုင် မိုးလေ၀သလုပ်ငန်းတွေကို ရှင်းပြအပြီး၊ မေးချင်တာရှိရင် မေ...းကြပါခင်ဗျာလို့လည်း ပြော လိုက်ရော ပုဂိုလ်ကြီးတစ်ဦးက "နေစမ်းပါဦး ဦးထွန်းလွင်ရာ၊ မသိလို့မေးစမ်းပါရစေ၊ ခင်ဗျားတို့ မိုးလေ၀သမှာ ဘာပြုလို့ မုန်တိုင်းနာမည်တွေကို မိန်းမနာမည်တွေ ပေးရတာလည်းဗျ" လို့ မေးပါတယ်ခင်ဗျ။
ရုတ်တရက်ဆိုတော့ ကျွန်တော် အကြပ်ရိုက်သွားပါတယ်။ ဘာပြုလို့လည်းဆိုတော့ ကျွန်တော်မသိလို့ဘဲဗျ။ ဒါပေမယ့်လည်း မခက်ပါဘူးဗျာ။ မိုးလေ၀သခန့်မှန်းရေးသမားဘဲ။ ခန့်မှန်းပြောဆိုရမှာပေါ့။ အတွေ့အကြုံက စကားပြောသွားပါတယ်။

ဒီတော့
ကျွန်တော်။ "မုန်တိုင်းတွေကို မိန်းမနာမည် ပေးရတာ အကြောင်းနှစ်ခု ရှိပါတယ် အန်ကယ်။ ပထမအကြောင်းကတော့ မုန်တိုင်းဆိုတာ ဟိုသွားမယ်ဆို..ဒီ၊ အဲ..ဒီသွားမယ်ဆို..ဟို ခင်ဗျ။ အလွန်ခန့်မှန်းရခက်ပါတယ်။ ဒါဟာ မန်းမတွေနဲ့ တူတယ်ထင်ပါတယ်ခင်ဗျ။

နောက်တစ်ချက်ကတော့ အန်ကယ် မုန်တိုင်းဆိုတာ ဖြစ်ပြီဆိုတာနဲ့ 24/7 ဘဲ။ မျက်စိအောက်က အပျောက်ခံလို့ မဖြစ်ဘူးခင်ဗျ။ အပျောက်ခံလိုက်တာနဲ့ ခံရပြီသာမှတ်၊ ဒါဟာလည်း မိန်းမတွေနဲ့တူတယ် ထင်ပါတယ်ခင်ဗျ။
ဆိုပြီးပြောခဲ့ဘူးပါတယ်။

ဝန်ခံချက်။ ကျွန်တော်..တော်တော်ပင်ပန်းနေပါပြီ။ အပန်းပြေဖို့ အရွှ့န်းဖေါက်တာသာဖြစ်ပြီး ကျွန်တော့်အမေကို သက်သေထားပြီး အမျိုးသမီးများကို စော်ကားလိုစိတ် နိမ့်ချလိုစိတ် အလျင်းမရှိကြောင်းပါခင်ဗျာ။ မယုံရင် ကျွန်တေယ့်ဇနီးကို မေးကြည့်နိုင်ကြပါတယ်။ Gender Equality ကို လေးစားပါတယ်ဗျာ။

အေးချမ်းမွန် Credit & Copy From >Tun Lwin သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်
See More

မုန်တိုင်းသတိပေးချက်

၂၀၁၃ခုနှစ်၊ မေလ(၁၆)ရက်နေ့မြန်မာစံတော်ချိန်(၁၀း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန်(၀၉း၃၀)နာရီအချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင်
...
ဖြစ်ပေါ်နေသောဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊မြန်မာနိုင်ငံ၊

မောင်တောမြို့၏အနောက်ဘက်မိုင်(၁၂၀)ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(စစ်တကောင်းမြို့ )၏ အနောက်တောင်ဘက်

မိုင်(၁၃၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်းသည်အရှေ့မြောက်ဘက်သို့

ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊မောင်တောမြို့အကြားမှကမ်းခြေကို

ယနေ့မွန်းလွဲပိုင်းတွင် ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်

မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ

မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင်

(၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ

ခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်

နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ

ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/

မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့်

ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

မိုးဇလ

Wednesday, May 15, 2013

မုန်တိုင်းသတိပေးချက် ..

ယနေ့မြန်မာ စံတော်ချိန်(၂၁း၃၀)နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး၊ ဘင်္ဂလား ပင်လယ်အော်မြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ မောင်တောမြို့၏ အနောက်တောင်ဘက်မိုင်(၂၅၀)ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင်(၂၆၀)ခန့်၊ ကျောက်ဖြူမြို့၏ အနောက်ဘက်မိုင်(၂၈၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက်မိုင်(၂၃၀)ခန့်အကွာပင်လယ်ပြင်ကိုဗဟိုပြုနေပါသည်။

အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊စစ်တကောင်းမြို့နှင့်မြန်မာနိုင်ငံ၊ မောင်တောမြို့အကြားမှကမ်းခြေကိုနောက်(၁၈)နာရီအတွင်း ဖြတ်ကျော်ဝင်ရောက်မည်ဟုခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏လက်ရှိအခြေအနေမှာအနီရောင်အရေးပေါ်အခြေအနေသို့ရောက်ရှိပြီး၊ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံနယ်စပ်သို့ ဦးတည်ရွေ့လျားလျက်ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်းမဟာစင်(MAHASEN)သည်ကမ်းခြေသို့ဖြတ်ကျော်စဉ်လေတိုက်နှုန်းမှာတစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်ပြီး၊မုန်တိုင်းကြောင့်မြင့်တက်နိုင်သောရေလှိုင်းအမြင့်မှာမောင်တောမြို့နယ်ကမ်းခြေတွင် (၈)ပေမှ(၁၀)ပေခန့်၊ စစ်တွေခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့်ကျောက်ဖြူခရိုင်ကမ်းခြေတွင်(၄)ပေမှ(၆)ပေ ခန့် မြင့်တက်နိုင်ပါသည်။

ထို့အပြင်မုန်တိုင်းနှင့်အတူမိုးသည်းထန်စွာရွာသွန်းနိုင်ပါသဖြင့်စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊

မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ချင်းပြည်နယ်

နှင့်ရခိုင်ပြည်နယ်တို့တွင်မိုးရွာသွန်းမှုကြောင့်မြေပြိုခြင်း၊တောင်ကျရေများကြောင့်လျှပ်တစ်ပြက်ရေကြီးခြင်းအန္တရာယ်များ ကိုသတိပြုရှောင်ရှားသင့်ပါသည်။

အဆိုပါဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်မြစ်ဝကျွန်းပေါ်၊မုတ္တမကွေ့၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်

ပင်လယ်ပြင်တို့တွင်မကြာခဏမိုးသက်လေပြင်းများကျရောက်ပြီး၊လှိုင်းကြီးမည်။မိုးသက်လေပြင်းကျစဉ်ရေပြင်/ မြေပြင်လေသည်တစ်နာရီလျှင်မိုင်(၆၀)မှ မိုင်(၇၀)အထိတိုက်ခတ်နိုင်သည့်အတွက်ပင်လယ်မှငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊သင်္ဘောများ၊မုန်တိုင်းအန္တရာယ်ကို ကြိုတင်ရှောင်ရှားကြပါရန် အကြံပြုအပ်ပါသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

မုန်တိုင်းသတိပေးချက်
၂၀၁၃ခုနှစ်၊ မေလ (၁၅)ရက်နေ့ မြန်မာစံတော်ချိန်(၁၉း၀၀)နာရီ အချိန်ထုတ်ပြန်ချက်

ယနေ့မြန်မာစံတော်ချိန် (၁၈း၃၀) နာရီ အချိန် တိုင်းထွာချက်များ အရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်း မုန်တိုင်း မဟာစင် (MAHASEN) သည် မြန်မာနိုင်ငံ၊ မောင်တောမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၇၀)ခန့်၊ စစ်တွေမြို့ ၏ အနောက်တောင်ဘက် မိုင်(၂၈၀)ခန့်၊ ကျောက်ဖြူမြို့ ၏ အနောက်တောင်ဘက် မိုင်(၃၀၀)ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့ ၏ တောင်ဘက် မိုင် (၂၆၀) ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြု နေပါသည်။

... အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့ လျားပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ နှင့် မြန်မာနိုင်ငံ မောင်တောမြို့ အကြားမှ ကမ်းခြေကို နောက် (၁၈) နာရီအတွင်း ဖြတ်ကျော် ဝင်ရောက်မည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်း မုန်တိုင်း၏ လက်ရှိ အခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေသို့ ရောက်ရှိပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည် ရွေ့ လျားလျက် ရှိသည့် အခြေအနေ ဖြစ်ပါသည်။

ဆိုင်ကလုန်း မုန်တိုင်း မဟာစင်(MAHASEN)သည် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်ပြီး၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေလှိုင်း အမြင့်မှာ မောင်တောမြို့ နယ်ကမ်းခြေတွင် (၈)ပေမှ (၁၀)ပေခန့်၊ စစ်တွေ ခရိုင်ကမ်းခြေတွင် (၆)ပေမှ (၈)ပေခန့်နှင့် ကျောက်ဖြူခရိုင် ကမ်းခြေတွင် (၄)ပေမှ (၆)ပေခန့် မြင့်တက် နိုင်ပါသည်။

ထို့အပြင် မုန်တိုင်းနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းနိုင်ပါသဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် မိုးရွာသွန်းမှုကြောင့် မြေပြိုခြင်း၊ တောင်ကျရေများကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်း အန္တရာယ်များကို သတိပြု ရှောင်ရှားသင့်ပါသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် မကြာခဏ မိုးသက်လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၆၀)မှ မိုင် (၇၀) အထိ တိုက်ခတ်နိုင်သည့် အတွက် ပင်လယ်သို့ ငါးဖမ်းထွက်သည့် ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ၊ မုန်တိုင်းအန္တရာယ်ကို ကြိုတင် ရှောင်ရှားကြပါရန် အကြံပြု အပ်ပါသည်။


01B MAHASEN ရဲ့ (၁၅-၅-၂၀၁၃) ည(၉)နာရီခွဲအချိန် နောက်ဆုံးအခြေအနေ။
မူလခန့်မှန်းချက်အတိုင်း ကမ်းကို မဖြတ်မီ အားလျော့သွားပြီးမှ ကမ်းကိုဖြတ်ပါလိမ့်မယ်။

(၁၅-၅-၂၀၁၃) ရက် ညနေ(၆)နာရီခွဲအချိန်တိုငးတာချက်အရ အပူပိုင်းမုန်တိုင်း 01B MAHASEN ဟာ အရှေ့ေ...မြာက်ယွန်းယွန်းဖက်(30°)ဆီကိုဘဲ တစ်နာရီ (၁၅)မိုင်နှုန်းလောက်နဲ့ ဆက်လက်ရွေ့လျှားနေပါတယ်။ မုန်တိုင်းဟာ သိသိသာသာ ပြန်လည်အားပြန်ပျိုး လာနိုင်ခြင်း မရှိဘဲ ဗဟိုချက်အနီးမှာ လေတိုက်နှုန်း တစ်နာရီ (၅၅)မိုင်နှုန်းလောက်နဲ့ဘဲ ဆက်လက် တည်ရှိနေပါတယ်။ ဒီကနေ့ညမှာ နည်းနည်း အားပြန်ပျိုးလာနိုင်ပေမယ့် မုန်တိုင်း ဟာ မြောက်ဖက်မှာရှိတဲ့ အိန္ဒိယကုန်းမြေကို နင်းပြီးအရှေ့မြောက်ဖက်ကိုရွေ့နေရတဲ့ အတွက် မြေကြီးနဲ့ ထိပွတ်မှုကြောင့် စွမ်းအင်ပြုန်းတီးမှု(energy dissipation) ဖြစ်ရပြီး သိသိသာသာတော့ အားကောင်းလာစရာမရှိပါဘူး။

(၁၆-၅-၂၀၁၃)ရက်နေ့အတွက် ခန့်မှန်းချက်တွေကတော့…

(က) (၁၅-၅-၂၀၁၃)ရက် ဒီကနေ့ည(၉)နာရီခွဲ မှ(၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲအထိ နောက်(၂၄)နာရီအတွင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးကဖြတ်ကျော်ဝင်ရောက်ပါလိမ့်မယ်။
(ခ) (၁၆-၅-၂၀၁၃)ရက် ည(၉)နာရီခွဲမှ (၁၇-၅-၂၀၁၃)ရက် မနက် (၉)နာရီခွဲအတွင်း ကုန်းတွင်းပိုင်းမှာ အားပျော့ပျက်ပြယ် သွားပါလိမ့်မယ်။
(ဂ) ကမ်းကိုဖြတ်ကျော်စဉ် ဗဟိုချက်အနီးမှာ အများဆုံးလေတိုက်နှုန်း တစ်နာရီ (၅၅ မိုင်မှ ၆၀ မိုင်အထိ) တိုက်ခတ်နိုင်ပါတယ်။ မောင်တောဒေသမှာ လေတိုက်နှုန်း ဒီထက်လျော့နည်း နိုင်ပါတယ်။
(ဃ) ပင်လယ်ပြင်မှာ လှို်င်းအမြင့်(၁၂)ပေ နဲ့ မုန်တိုင်းဒီရေ (၁ ပေ မှ ၃ ပေ)ခန့်သာ တက်နိုင်ပါတယ်။
(င) ကမ်းကိုဖြတ်ကျော်ပြီးနောက် အကြွင်းအကျန်တိမ်တိုက်များဟာ ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသအချို့ကို မိုးရွာစေနိုင်ပါတယ်။
(စ) မုန်တိုင်းရဲ့အချင်းဝက်ဟာ မိုင်(၈၀)ခန့်ကျယ်ဝန်းနိုင်ပါတယ်။

ဒေါက်တာထွန်းလွင် 

ဒေါက်တာထွန်းလွင် (MCCW)
See More

Tuesday, May 14, 2013

MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ.... ၁၅-၅-၂၀၁၃ ရက် နံနက် ၀၅း၃၃ နာရီအချိန်

MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ....
၁၅-၅-၂၀၁၃ ရက်
နံနက် ၀၅း၃၃ နာရီအချိန်။

(၁)     01B MAHASEN မဟာဆန်မုန်တိုင်းဟာ (၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့ အနောက်တောင်ဖက် 443 NM  (530 MILES) ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃ နံနက် ၀၃း၃၀        နာရီအတွင်း) အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10 MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေခဲ့ပါတယ်။
(၃)     မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ 45 KNOTS(55 MPH)    နှုန်း ရှိနေ ပါတယ်။
(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုဘဲ ဆက်လက်ရွေ့လျှားမယ်လို့ ခန့်မှန်းပါတယ်။
(၅)  နောက်(၄၈)နာရီအကြာ (၁၇-၅-၂၀၁၃  နံနက် ၃း၃၀ နာရီ)တွင် မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။
(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ  မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။ အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင် မျောပါရွေ့လျှားနေနိုင်ပါတယ်။
(၇)     နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ  အများဆုံးလေတိုက်နှုန်း 65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ တိုက်ခတ်နိုင်ပါတယ်။
(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀ နာရီအချိန်)မှာ ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။
(၉)    မုန်တိုင်းရဲ့အရှိန်ကြောင့် ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။
(၁၀) မုန်တိုင်းဟာ (၁၆-၅-၂၀၁၃)ရက် ညနေပိုငးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ      စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို ၀င်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)


မုန်တိုင်း MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...      
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်      

လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်တွေ၊ ကုန်သွယ်ကူးသန်း ရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင် ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင် ၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။ တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန် အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။

နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။

ဒေါက်တာထွန်းလွင် (MCCW)           
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။

Monday, May 13, 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင် မေ ၁၅ ရက်၌ category 1 အဆင့်ဖြင့် ကမ်းခြေသို့ ချဉ်းကပ်လာမည် ဖြစ်သည်ဟု wunder gournd. com တွင် ထုတ်ပြန်ထားသည်။




Tropical Cyclone 01B

Friday, May 10, 2013

မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။ Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။


မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ရ
Mg Yo Shin shared Lwin Thandar Soe's photo.
မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မေလ ၁၄ရက်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်။
မြန်မာပြည်ကို မေ ၁၄မှာ "ဝမ်း"အမည်ရ မုန်းတိုင်းဝင်နိုင်

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းကနေ ဝမ်းလို့အမည်ရတဲ့ ဆိုင်ကလုန်းမုန်တိုင်...းဟာ မေလ ၁၄ရက်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်က်နေ့ ည ၇နာရီ (အင်္ဂါနေ့)မှာ မြန်မာပြည်ကို ဝင်ရောက်ဖို့များတယ်လို့ အမေရိကန်ရေတပ်နဲ့ လေတပ်တိုင်ဖွန်းစောင့်ကြည့်ရေး ပူးပေါင်းအဖွဲ့က ပြောဆိုလိုက်တယ်လို့ ရိုက်တာသတင်းက ရေးသားလိုက်ပါတယ်။
ရေပြင်ကနေ မြေပြင်ကို "ဝမ်း"လို့အမည်ပေးထားတဲ့ မုန်တိုင်းက Category 2 အဆင့်၂ အဖြစ်နဲ့ ဝင်ရောက်ဖို့ဖြစ်နိုင်ခြေများနေပြီး ရေကြီးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ရှိနိုင်တယ်လို့ ခန့်မှန်းနေပါတယ်။
ကုန်းမြေပြင်ကို ဝင်ရောက်တဲ့အခါ လေတိုက်ခတ်မှုနှုန်းက တစ်နာရီကို ၁ဝ၃မိုင် ရှိမယ်လို့ဆိုပါတယ်။
Tropical Cyclone 01B ကို ALERT hအဆင့်တင်လိုက်ပါပြီ။

၂၀၁၃ ခုနှစ်၊ မေလ(၁၀)ရက် သောကြာနေ့ နံနက် ၀၉း၂၄ နာရီအချိန်နေ့စွဲနဲ့ Tropical Storm Risk (TSR) , sponsored by Aon Benfield, Crawford & Company and University College London (UCL) က သတင်းတစ်ရပ်ကို ထုတ်ပြန်လာပါတယ်။ ဘင်္ဂလား ပင်လယ်အော် မှာဖြစ်နေတဲ့ အပူပိုင်းမုန်တိုင်း(01B)နဲ့ပတ်သက်လို့ ဒီမုန်တိုင်းဟာ အားကောင်းတဲ့ဆိုင်ကလုန်း မုန်တိုင်း (severe Cyclonic Storm)အဆင့်နဲ့ မြန်မာနိုင်ငံကမ်းခြေကို မေလ(၁၄)ရက် 19:00 GMT (မြန်မာစံတော်ချိန် နံနက် ၁း၃၀ နာရီအခိန်)မှာ ဖြတ်ကျော် ၀င်ရောက်မယ်လို့ ခန့်မှန်းချက် ထုတ်ထားပါတယ်။

သတင်းကြေငြာတဲ့ အဖွဲ့အစည်းဟာ မိုးလေ၀သသတင်းများ ကြေငြာနေတဲ့ တရားဝင် အဖွဲ့အစည်း မဟုတ်တာကြောင့် သေသေချာချာ စစ်ဆေးတဲ့အခါ US Navy JTWC က သတင်းအချက်အလက်များ ယူထားတယ်လို့ဖေါ်ပြထားပါတယ်။ JTWC ဆိုရင်တော့ ကမ္ဘာ့ထိပ်တန်းတိုင်းဖွန်းခန့်မှန်းရေး ဗဟိုဌာနဖြစ်လို့ လေးစားရပါ့မယ်။
...
JTWC ရဲ့ Website မှာတော့ အဲဒီအတိုင်း မြန်မာနိုင်ငံဖြတ်မယ်လို့ ထုတ်ပြန်မထားသေး ပေမယ့်
(၁) လွန်ခဲ့တဲ့ ၆ နာရီအတွင်း အရှေ့မြောက်ဖက်ကို တစ်နာရီ ရေမိုင်(၄)မိုင် (ကုန်းမိုင် တစ်နာရီ လျင် ၅ မိုင်ခန့်) နှုန်းနဲ့ရွေ့လာခဲ့တယ်လို့ ဖေါ်ပြထားတာရယ်၊
(၂) ၁၀ရက်နေ့(၁၂)နာရီခွဲအချိန်မှာ မုန်တိုင်းဗဟိုချက်ဟာ 4.8N 93.6E, လို့ေ ဖ်ါပြထားလို့ မြန်မာပြည်ဖက်နီးလာတာရယ် နောက်ပြီး
(၃) မုန်တိုင်းဗဟိုချက်အကွာအဝေးတွေကို အိန္ဒိယနိုင်ငံမြို့များမှ မတိုင်းဘဲ ဘင်္ဂလားဒေ့ရှင်္နိုင်ငံ စစ်တကောင်းမြို့မှအကွာဝေးနဲ့ ပြောင်းလဲ ပြထားတာရယ်
ဒါတွေကြောင့် မြန်မာနိုင်ငံဖက်ကို ဦးတည်လာဖို့ အလားအလာများနေပါတယ်။

ဒါကြောင့် မုန်တိုင်းသတင်းတွေကို Close Watch အဆင့်ကနေ ALERT အဆင့်ကိုတင်လိုက်ပါပြီ။

ဒေါက်တာထွန်းလွင် (MCCW)




တနာရီကို လေတိုက်နှုန်း (၁၀၃) မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ ညဦးပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ရေတပ်နဲ့ လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း မေ ၁၀ ရက် ညနေပိုင်းထုတ် ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်၊ မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ်ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်းမရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲဖြစ်တယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကိုဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်၊ ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းမှန်နိုင်တယ်ဆိုပြီး ရှင်းပြပါတယ်။..


Myawady News


တနာရီကို လေတိုက်နှုန်း (၁၀၃) မိုင်နှုန်းထိ ရှိတဲ့ ဆိုင်ကလုန်းမုန်းတိုင်းတခုဟာ လာမယ့် မေလ ၁၄ ရက်နေ့ ညဦးပိုင်းမှာ မြန်မာနိုင်ငံဘက်ကို ဦးတည်တိုက်ခတ်နိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ရေတပ်နဲ့ လေတပ် ပူးတွဲ သတိပေးစင်တာက ထုတ်ပြန်လိုက်ကြောင်း မေ ၁၀ ရက် ညနေပိုင်းထုတ် ရိုက်တာသတင်းတရပ်မှာ ရေးသားထားပါတယ်၊ မိုးလေ၀သနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဦးချစ်ကျော်ကတော့ မုန်တိုင်းငယ်အဖြစ်ကြေညာထားပြီး မြန်မာနိုင်ငံဘက်ကို ဦတည်လာခြင်းမရှိသေးကြောင်းနဲ့ စောင့်ကြည့်နေဆဲဖြစ်တယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်ကိုဦးတည်လာခဲ့ရင် သုံးရက်ကြိုတင် သတင်းထုတ်ပြန်မယ်လို့ ပြောပါတယ်၊ ဒီသတင်းနဲ့ပတ်သက်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်နဲ့ ဆက်သွယ်မေးမြန်းရာမှာ ဒီသတင်းမှန်နိုင်တယ်ဆိုပြီး ရှင်းပြပါတယ်။