MAHASEN နဲ့ပတ်သက်လို့ နောက်ဆုံး ခန့်မှန်းထားမှုတွေ....
၁၅-၅-၂၀၁၃
ရက်
နံနက်
၀၅း၃၃ နာရီအချိန်။
(၁) 01B MAHASEN မဟာဆန်မုန်တိုင်းဟာ
(၁၅-၅-၂၀၁၂၂)ရက် နံနက် ၃း၃၀ နာရီအချိန်မှာ အိန္ဒိယနိုင်ငံ KOLKATA မြို့ရဲ့
အနောက်တောင်ဖက် 443 NM (530 MILES)
ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။
(၂) လွန်ခဲ့တဲ့(၆)နာရီ (၁၄-၅-၂၀၁၃ ၁၀း၃၀ နာရီမှ ၁၅-၅-၂၀၁၃
နံနက် ၀၃း၃၀ နာရီအတွင်း) အရှေ့မြောက်ဖက်အရပ်ကို 08 KNOTS(10
MPH) နှုန်းဖြင့် ဆက်လက် ရွေ့လျှားနေခဲ့ပါတယ်။
(၃) မုန်တိုင်းဗဟိုအနီးလက်ရှိလေတိုက်နှုန်းမှာ
45 KNOTS(55 MPH) နှုန်း ရှိနေ ပါတယ်။
(၄) မုန်တိုင်းဟာ အရှေ့မြောက်ဖက်အရပ်ကိုဘဲ
ဆက်လက်ရွေ့လျှားမယ်လို့ ခန့်မှန်းပါတယ်။
(၅) နောက်(၄၈)နာရီအကြာ
(၁၇-၅-၂၀၁၃ နံနက် ၃း၃၀ နာရီ)တွင်
မုန်တိုင်း၏ အရွယ်မှာ အကျယ်(အချင်း)မှာ 150 NM (180 miles) ရှိနိုင်ပါတယ်။
(၆) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃ ရက် ညနေ၃း၃၀ နာရီအချိန်)မှာ မုန်တိုင်းဟာ အားအကောင်းဆုံးဖြစ်လာနိုင်ပါတယ်။
အဲဒီအချိန်မှာ မုန်တိုင်းဟာ အနောက်လေစီးကြောင်းများအတွင် မျောပါရွေ့လျှားနေနိုင်ပါတယ်။
(၇) နောက်(၃၆)နာရီအကြာ(၁၆-၅-၂၀၁၃
ရက် ညနေ၃း၃၀ နာရီအချိန်)မှာ အများဆုံးလေတိုက်နှုန်း
65 KNOT 78 MPH) ခန့် နဲ့ လေပုန်း(Gust) 80 KNOT(96 mph) ခန့်အထိ
တိုက်ခတ်နိုင်ပါတယ်။
(၈) နောက်(၇၂)နာရီအကြာ(၁၇-၅-၂၀၁၃ ရက် နံနက် ၃း၃၀
နာရီအချိန်)မှာ ကုန်းပေါ်တွင် အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းပါတယ်။
(၉) မုန်တိုင်းရဲ့အရှိန်ကြောင့်
ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁၅ ပေခန့်ရှိနိုင်ပါတယ်။
(၁၀) မုန်တိုင်းဟာ
(၁၆-၅-၂၀၁၃)ရက် ညနေပိုငးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ပြီး ကုန်းတွင်းကို
ဝင်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။
ဒေါက်တာထွန်းလွင်
(MCCW)
မုန်တိုင်း
MAHASEN နဲ့ပတ်သက်လို့ အကြံပြုချက်...
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်
လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွ င်း ငါးဖမ်းရေယာဉ်တွေ၊
ကုန်သွယ်ကူးသန်း ရေယာဉ်တွေဟာ လေပြင်း နဲ့ လှိုင်းအန္တရာယ်ကို အထူးသတိထား သွားလာမောင်းနှင်
ကြဖို့လိုပါတယ်။ အရွယ်အစားငယ်တဲ့ ရေယာဉ်များဟာ ကမ်းမှဝေးရာကို သွားခြင်းမှ ရှောင်ရှားကြဖို့ အလွန်အရေးကြီးပါတယ်။ ကုန်းပေါ်ကို လေတိုက်နှုန်း တစ်နာရီ မိုင်
၈၀ မှ မိုင် ၁၀၀နှုန်းလောက် ရှိတဲ့လေဟာ မုန်တိုင်းဒီရေ ၃ ပေမှ ၅ ပေခန့်သာတက်နိုင်ပါတယ်။
တကယ်လို့ အမုန်တိုင်းအ၀င်မှာ အပြောင်းအလဲ ဖြစ်လို့ လေတိုက်နှုန်းဟာ ရုတ်တရက် တစ်နာရီ
မိုင်(၁၂၀)အထိ ဖြစ်သွားတာနဲ့ မုန်တိုင်းဒီရေအမြင့်ဟ (၁၂)ပေလောက်ဖြစ်သွားပါ့်မယ်။ အလွန်
အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် မုန်တိုင်းသတင်းကို အမြဲနားထောင်ဖို့လိုပါတယ်။
နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိုလည်း
ဒေသခံများ မမေ့ကြဖို့ လိုပါတယ်။
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။
(၁၅-၅-၂၀၁၃)
နံနက် ၅း၄၅ နာရီအချိန်
လက်ရှိအခြေအနေအရ ပင်လယ်ပြင်ဟာ အန္တရာယ်အကြီးဆုံးဖြစ်နေပါတယ်။ ဒါကြောင့် (၁၆-၅-၂၀၁၃) ရက်နေ့ကစပြီး မြန်မာ့ရေပိုငနက်ပင်လယ်ပြင်အတွ
နတ်မြစ်အတွင်းပိုင်းမှာ ရုတ်တရက်ရေကြီးနိုင်တယ်ဆိုတာကိ
ဒေါက်တာထွန်းလွင် (MCCW)
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သဘာဘေးများမှ ကင်းဝေးနိုင်ကြပါစေ။
0 comments:
Post a Comment