Pages

Monday, December 17, 2012

ဆုံနေကြ: ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ...

ဆုံနေကြ: ကြေးနီစီမံကိန်းဧရိယာအတွင်းရှိ ရွာမှ တိရိစ္ဆာန်များ ...: ..လက်ပံတောင်းတောင် ကြေး နီစီမံ ကိန်းဧရိယာအတွင်းတွင်ရှိ နေသော ရွာများရှိ ချောင်းရေ များတွင် အဆိပ်သင့်နေသော ကြောင့် ထိုရေများကို သောက်မိ သည့်နွားများမှာ သေဆုံးသွား ကြောင်း၊မိုးကြိုးပြင်ကျေးရွာမှ နွား ပိုင်ရှင်များက ပြောဆိုနေကြသည်။ ““နွားတွေသောက်မိလို့ သေ သွားတာတော်သေးတယ်။ လူတွေ များသောက်မိရင်မလွယ်၊အရင် တုန်းကတော့ အဲဒီချောင်းရေ တွေကို ရွာသူ/ရွာသားတွေ သောက်သုံးကြသေးတယ်။ အဲဒီ နွားတွေသေပြီးနောက်ပိုင်း လူ တွေလည်း မသောက်ရဲကြတော့ ဘူး။အဲဒီချောင်းရေကို သောက်မိ လို့ မသေပဲကျန်နေတဲ့နွားတွေ တောင် အခုဆေးကုနေရတယ်””ဟု မိုးကြိုးပြင်ကျေးရွာမှ နွားပိုင်ရှင် များက ဆိုသည်။

ထိုကဲ့သို့ ချောင်း ရေသောက်မိရင်သေဆုံးသွားသည် နွားကောင်ရေမှာ(၇)ကောင်ခန့် ရှိပြီဖြစ်ကြောင်း ရွာသူ/ရွာသား များက ထပ်မံပြောဆိုသည်။ ကြေးနီစီမံကိန်းဧရိယာ အ တွင်းတွင်ရှိနေသည့် ဆည်တဲကျေး ရွာက ရွာသူ/ရွာသားများကလည်း ယင်းချောင်းရေများကိုသောက်မိ သည့်ခွေး၊ဆိတ်စသည့် အိမ်မွေး တိရိစ္ဆာန်များလည်း မကြာခဏ သေဆုံးနေကြောင်း ယခင်က ထို ကဲ့သို့ဖြစ်ရပ်များမရှိခဲ့သော်လည်း ဦးပိုင်/၀မ်ပေါင်လက်ပံတောင်းေ တာင်ကြေးနီစီမံကိန်းလုပ်ကိုင်နေ သည်မှစ၍ ထိုကဲ့သို့ဖြစ်ရပ်များ ဖြစ်ပေါ်လာခဲ့ကြောင်း ရွာသူ/ ရွာသားများက ပြောဆိုနေကြ သည်။

အဆိုပါ ကြေးနီစီမံကိန်းဧရိ ယာအတွင်းရှိ ဆည်တဲ၊မိုးကြိုးပြင် တုံရွာမှရွာသူ/ရွာသားများပြောဆို ချက်များအရ မြန်မာ၊၀မ်ပေါင် ကော်ပါးလီမိတက် လုပ်ငန်းခွင် အတွင်းသို့ ၀င်ရောက်လေ့လာ ကြည့်ရာတွင် ရွာသူ/ရွာသားများ ပြောဆိုနေသည့် ချောင်းများမှာ ကြေးနီစီမံကိန်းရှိ စွန့်ပစ်ရေများ စီးဝင်နေသည်ဟု ယူဆပြီး(ဓာတ် ခွဲစမ်းသပ်လျှင် အဖြေထွက်နိုင် သည်) စီမံကိန်းမှစွန့်ပစ်ပစ္စည်းနှင့် ရေများထည့်သွင်းရန်အတွက် မြေကြီးများကို တွင်းနက်ကြီးများ တူးဖော်ထားသည်ကို တွေ့ရှိခဲ့ရ ပါသည်။

Hot News Weekly

Sunday, December 16, 2012

အလွမ်းဆုံးဒီဇင်ဘာ...


အလွမ်းဆုံးဒီဇင်ဘာ...
Nov 13, '10 1:20 AM
for everyone


ဒီဇင်ဘာပေါ့

ငါစနောက်လို့ ချစ်သူပုန်းတာ

ဒီဇင်ဘာပေါ့ ငါချစ်သူလေး မြူတွေဖုန်းတာ

ဒီဇင်ဘာပေါ့ နှင်းမိုးတွေနဲ့ ငါချစ်သူလေး  ပျောက်ဆုံးခဲ့တာ

အဲဒီဇင်ဘာပေါ့ ငါအမုန်းဆုံး ငါဖြစ်ခဲ့ရတာ

ဒီဇင်ဘာပေါ့ ချစ်သူပျောက်တော့ ငါရှုးမတတ်ဖြစ်ခဲ့တာပါ။

ဒီဇင်ဘာပေါ့   မာယာများတယ်   ကဝေမလို  ငါချစ်သူကို   ယူဆောင်သွားတာ

ဒီဇင်ဘာပေါ့      ငါမုန်းလိုက်တာ   နာကျည်းလိုက်တာ  

ဒီဇင်ဘာပေါ့    ရင်ထဲလှိုက်ဆူ    ဘ၀င်ပူအောင်  သူလှည့်စားတာ
ဒီဇင်ဘာပေါ့      အချိန်တန်ရင် ငါမခေါ်လည်း   ငါ့ရှေ့ကိုလေ   သူရောက်လာတာ
    
ဒီဇင်ဘာပေါ့    ဒီနေ့ ထိတိုင်   ငါရင်ထဲမှာ  ခိုအောင်းနေတာ

ဒီဇင်ဘာပေါ့   ဘယ်လိုနှင်နှင်    နာကျည်းခြင်းနဲ့   ငါ့ရင်ထဲမှာအမြဲရှိနေတာ

အဲ့ဒီဇင်ဘာပေါ့   ဖျောက်လဲမပျောက်   မေ့လဲမရ    ငါအလွမ်းဆုံးဒီဇင်ဘာ............။
10 CommentsChronological   Reverse   Threaded

sauveur wrote on Nov 13, '10
လာဖတ်သွားပါတယ်ဗျာ..။
Comment deleted at the request of the author.

mahaythi2010 wrote on Nov 13, '10
ဒီဇင်ဘာကြောင့် .... လွမ်းနေရပြီပေါ့ .....

yinminkhine wrote on Nov 13, '10
ဒီဇင်ဘာကြောင့် .... လွမ်းနေရပြီပေါ့ .....
အင်းးးးးးးး မောင့် ဒီဇင်ဘာ နှင်းတွေတဖွဲဖွဲကျ သိတ်သတိရ။။။။။။။။။။။။။။

သီချင်းနော်...........းP

yinminkhine wrote on Nov 13, '10
sauveur said
လာဖတ်သွားပါတယ်ဗျာ..။
အားပေးတော့ အားရှိ၏

moeemyintthiha wrote on Nov 13, '10
ကျနော်က ဂျူလှိုင် ပါနော်

generalzinminko wrote on Nov 14, '10
ဟုတ် ... ခံစားခဲ့ပါတယ် မမ ။

kyawnyine wrote on Dec 1, '10
ကျွန်တော် ကတော့ ဒီဇင်ဘာကို သဘောကျတယ် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ပေါ့

kotunwinlatt wrote on Dec 1, '10
ဒီဇင်ဘာရေ နှင်းတွေနဲ့အတူ
အေးမြခြင်းတွေသယ်မလာပဲ
အလွမ်းနှင်းတွေဘာလို့ခေါ်လာရသလဲ
မြောက်ပြန်လေညှင်းနဲ့အတူ
ချစ်သူအနံ့အသက်တို့
ရလေမလားလို့
ေ၀၀ါးဝါးနှင်းမှုန်ကြားမှာ
ဘ၀ဟာခါးနေရပီပေါ့...

thanhtike45 wrote on Dec 1, '10
လွမ်းစရာလေးပါ မမ၇ယ်

အကောင်းဆိုတာ မြူစမှ မပါ

အကောင်းဆိုတာ မြူစမှ မပါ..
ဟိုဒီကူးသန်း  ၀ဲလှည့်နေတာ
ငါ့သားငါ့သမီး ငါ့စီးပွား ငါ့ဥစ္စာ
ဆုကြီးလဘ်ကြီး တစ်ခုမှ အကောင်းမပါ

သေခြင်းတရားမှ နေခြင်းတရား ...
တစ်ခုသောဒုက္ခမှ တစ်ခုသောဒုက္ခ အရောက်ပို့နေတာ
အသေဒုက္ခမှ အနေဒုက္ခ
ဆက်စပ်ခြင်းမှ တပါးအခြားမရှိပါ

သတိ ၀ီရိယ သမာဓိ ပညာ
ထောင်တတ်တဲ့နား ကျင့်တတ်တဲ့ဥာဏ်လေးနဲ့ အသုံးချတတ်ပါ..
သံသရာအရေး ဟောတတ်သောဆရာ
မြတ်ဘုရား မြတ်တရား ဆရာတော်ဘုရား ဟောကြားထားခဲ့တာ..

Wednesday, December 12, 2012

12.12.2012.."တို့ရွာသမိုင်း"လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပုံတော်များ


" တို့ရွာသမိုင်း "
~~~~~~~~

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။

ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
...
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

~ ( ဆရာကြီမင်းသုဝဏ် )











12.12.2012.."တို့ရွာသမိုင်း"လက်ပံတောင်းတောင်အရေး ဆန္ဒထုတ်ဖော်နေကြတဲ့ ပုံတော်များ

" တို့ရွာသမိုင်း "
~~~~~~~~

သူတို့လာမှ
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းသည်
တွေးတိုင်း တက်ခေါက်မိသတည်း။

ငါတို့ရွာတွင်
မိုးခါမိုးလျောက်၊ ငါးဖားလောက်၏၊
ဆောင်းလျောက်ဆောင်းခွင်၊ သီးပွင့်ရွှင်၏။
...
နွေလျှင်စုံတော၊ ဟင်းရွက်ပေါ၏။

သူတို့လာမှ
တို့ရွာအိုင်အင်း၊ ငါးဖားကင်းခဲ့။
စိုက်ခင်းစင်အုံ၊ သီးပွင့်ကုန်ခဲ့။
တောစုံမြိုင်ကြား၊ ဟင်းရွက်ရှားခဲ့။

ငါတို့ရွာတွင်
ရှေးခါအရှက်၊ အကြောက်ဖက်၍
ကျင့်ပျက်အမှု၊ မကောင်းစုကို
ပြုခဲပြောခဲ၊ တွေးကြံခဲ၏။

သူတို့လာမှ
ချော့ကာတမျိုး၊ ခြောက်တမျိုးနှင့်
ကျင့်ရိုးပျက်အောင်၊ မျှားသွေးဆောင်၍
ယောင်ယောင်မှားမှား၊ ကျင့်ပျက်ပြားခဲ့။

တက်တခေါက်ခေါက်၊ စိတ်နောက်နောက်နှင့်
တယောက်တမျိုး၊ ထဲကြံခိုး၍
တိုးတိုးတိတ်တိတ်၊ အတွင်းကျိတ်လျက်
စိတ်ချင်းညှိကာ၊ သွေးညှိကာလျှင်
ညီညာသောလိုက်၊ အချိန်ဆိုက်သော်
ကောက်စိုက်စူးတံ၊ ကောက်ဆွလှံနှင့်
ဝါးချွန်ကိုင်စွဲ၊ ဓားကိုင်ဆွဲ၍
ရွာထဲရွာပြင်၊ တောတခွင်၌
(မြို့ထဲမြို့ပြင်၊ ပြည်တခွင်၌)
သမင်ကိုကျား၊ ချောင်းသောလားသို့
စောင့်စားထိုးခုတ်၊ ရန်မျိုးဖြုတ်က
မျိုးယုတ်လူညစ်၊ သူကောင်ပစ်လျက်
လစ်သည်လွတ်ရာ၊ လွတ်ကြောင်းရှာသော်
တို့ရွာသမိုင်း၊ အဖြစ်ရိုင်းမှ
(မြန်မာသမိုင်း၊ အဖြစ်ရိုင်းမှ)
ရှိတိုင်းအမှန်၊ ထွန်းသစ်ပြန်သည်
တော်လှန်ရေး၏ ကျေးဇူးတည်း။ ။

~ ( ဆရာကြီမင်းသုဝဏ် )