Pages
Sunday, April 24, 2011
ဆောင်း
.
ဆောင်းဦးရွက်ကြွေ  ရင်မှာဝေသည်
ငါ့ရင်ဝေဒနာ   သည်ဆောင်းဒဏ်ရာ။
Saturday, April 23, 2011
ပုံလာပြောရင်ပုံပြန်ပြော
 အချစ်ဆိုတာဘာလဲ.....
ဆူးခင်းတဲ့လမ်းလား..ပန်းခင်းတဲ့လမ်းလား....
ငါအခုကြေကွဲနေရတယ်...
အချစ်ဆိုတာမမြင်ရဘူး.......
မတွေ
့ရဘူး.....မသိလိုက်ဘူး............
မထင်တဲ့အချိန်  သူ...
တိတ်
တိတ်လေးရောက်လာတာ.......
ဒါေ
ပမဲ့ရင်ထဲမှာသူရောက်လာထဲက
ပြန်ထုတ်လို့မရတော့..........
ဘ၀တစ်ခုကိုသိမ်းပိုက်တာထက်ဆိုး
တယ်.........
နှလုံးသားတစ်ခုလုံး
သူပိုင်သွားတယ်......
ဘ၀ကိုသူမပိုင်တောင်...
သူကစိတ်ကိ
ုပိုင်ဆိုင်အုပ်ဆိုးထားတယ်......
လေပြေလေးပါ လေနုအေးလေးကိုပေးတယ်....................
တခါတရံ မုန်တိုင်းလဲ
လာတတ်တယ်ဆိုတာကိုလဲ မေ့မထားပါနဲ့...........
ခက်ထန်
တဲ့အချစ်
မုန်တိုင်းဆင်သလို လာရောက်နှောက်ယှက်
ငါ့ဘ၀ကိုလည်းဖျက်နိုင်တယ်
အဲ့ဒါအချစ်တဲ့လားကွယ်.........
ယုံကြည်မှုဆိုတာ လူတိုင်းနဲ့မတန်ဘူး
ရိုးသားမှုဆိုတာ 5 နှစ်အောက်
ကလေးတွေမှာဘဲ ရှိတယ်....
ပုံလာပြောရင်ပုံပြန်ပြော
ဝတ္ထုဇာတ်လမ်းဆိုလည်း ရုပ်ရှင်ရိုက်
ဒါဆော့ကစားတာ မဟုတ်တာတော့သေချာတယ်..........
ဒါအချစ်လားကွယ် ဇာတ်ကားငါရိုက်မယ်.......
ကတုံး နဲ့ ဘီလူး ပုံး နဲ့ ဗူး ဘီလူး နဲ့ ကတုံး ဗူး နဲ့ ပုံး ပုံး နဲ့
ဘီလူး ကတုံး နဲ့ ဗူး ကတုံး နဲ့ ပုံး ဘီလူး နဲ့ ဗူး
(မြန်မြန်
နဲ့မှန်အောင်ဖတ်
)
ရွံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွေးရွံ့မလူး ရွံ့ပေါ်ရှဉ့်ပြေး
ရှဉ့်မွေးရွံ့မလူး ရွံ့ပေါ်ရှဉ့်ပြေး ရှဉ့်မွေးရွံ့မလူး
(မြန်မြန် နဲ့မှန်အောင်ဖတ် )
မ..မ
မောင်လေး  မင်းသန့်ဇင်
ီ
်
Friday, April 22, 2011
ကမ္ဘာပျက်တေး
ကမ္ဘာပျက်တေး
နိုက်တင်ဂေးလ် ငှက်ကလေး  ဆိုလိုက်ပြီ။
 ပျက်ကမ္ဘာမှာ  ခက်ကာကွယ် နေစရာရှိဘူး
ဘေးလွတ်ရာ ရှောင်ကာခြားဖို့ 
မေတ္တာ  တရားစိတ်မှာလွယ်  
စက်ကြီး တစ်ဆယ်သုံးပါး(၁၃)
ရွတ်ဖတ်  ကာကွယ် 
 စိတ်စေတနာ ဖြူစင်ကြမှ လွတ်လိမ့်မယ်
 လူပြည်ကလူသားသတ္တ၀ါ   သတိထားနေထိုင်ပါ......... ၂၀၁၃ ။
Thursday, April 21, 2011
♥လွမ်း................................♥
လွမ်း...............စကားလုံးက  တစ်လုံးတည်းပါပဲ ငါ့ရင်တွေနွမ်း
မင်းကြောင့်အရာရာတိုင်း မြင်မြင်သမျှ ငါရင်လွမ်းစေ ငါ့ရင်ကျွမ်းစေ
လွမ်း.............
 မင်းနဲ့ဝေးမှ ငါလွမ်းနေတယ်ချစ်သူရယ်......
လွမ်း ...........စကားလုံးက တစ်လုံးတည်းပါပဲ  ငါခံစားရတာတော့
ရင်ဘတ်နဲ့တောင်မဆန့်ချင်တော့ဘူး မင်းနဲ့ ပတ်သက်သမျှ အရာရာက
 တိုက်ဆိုင်မှုရှိတိုင်း ငါ့ကို အသက်ရှူ ရပ်တန့်စေတယ်......
လွမ်း............စကားလုံးက တစ်လုံးတည်းပါပဲ ငါ့နှလုးံသား နာကျင်လှိုက်မော
ထိခိုက်သမျှ စိတ်နယ်လွန်ကာ မင်းကိုချစ်ခြင်း ကြင်နာခြင်းတွေ နာကျင်မှုတွေ
ဖြစ်တည်ပြောင်းလည်း အသက်ရှုတိုင်း  ငါလွမ်းနေတယ်ချစ်သူရယ်........
လွမ်း............စကားလုံးက တစ်လုံးတည်းပါပဲ
ငါ့ဘ၀ထဲကို ဖြတ်သန်းဝင်လာတဲ့ နင့်အကြောင်းကို  သိပ်မသိဘူး...
နင်နဲ့ ပတ်သက်တဲ့ နင့်အကြောင်း ကို သိပ်မသိဘူး...
ငါ့အတွက်တော့ အချစ်ဆိုတာ ပိန်ပါးပါး  နားရွက်ကားကားနဲ့  ချစ်စရာလူတစ်ယောက်ပေါ့.....
နင့်လက်တစ်ဖက်ကို ငါလိုချင်တယ် ....
ငါလွမ်းနေတယ်မင်းကို.
လွမ်း .....................စကားလုံးက တစ်လုံးတည်းပါပဲ
 မသိခြင်းတွေ ပေါင်းစုံစည်းပြီး
ချစ်ခြင်းတရား စီးမျောပျော်ဝင်
 ငါရင်ခွင်ထက် မင်းအချစ်တွက်
ဘ၀တစ်သက်စာ ကွန်းခိုနားရာ
လက်တစ်ဖက်မက ပေးထားတယ်
ချစ်ခြင်းအတိလွမ်းနေတယ်.............
နင်နဲ့ ငါနဲ့ က တစ်ယောက်တစ်မျိုး
နင်ဘ၀တွက်နင်ရွေးချယ်တဲ့ လမ်း  ကမှန်တယ် ...
လူ့ ဘ၀ဆိုတာ...
ကိုယ်နဲ့ တော်တဲ့ ဖိနပ်ကို စီးနေကြတာ...
 ငါဘယ်လောက်ဆိုးဆိုး ..
ဘာဖြစ်လဲ ..
အဲဒိနေ့ ညနေခင်းကလှတယ်..
နင်ကနင့်စာကို ဦးစားပေးလုပ်တယ် ...
နင်စာဘယ်လောက်လုပ်လုပ်..
ဘာဖြစ်လဲ..
အဲဒီနေ့က မ္ဘာကြီး လှတယ်...
မလှတာက ..
တို့ နှစ်ယောက်ရဲ့ မြစ်ဆုံရှုခင်း
နင်ကလည်း  နင့်အင်စတော်လေးရှင်းနဲ့ နင်
ငါကလည်း ငါ့ ပါဖော့ မာန့်နဲ့ ငါ...
ဘယ်သူ့ကို မှအပြစ်ယူလို့ မရပါဘူး ..
အခုလိုဖြစ်နေတာဟာ
ကဗျာတစ်ပုဒ်တော့ မဟုတ်လောက်တော့ ဘူး...
ဒီလိုလုပ် ...
ကံမကုန်ရင်တော့ ပြန်ဆုံကြရအောင်...
ပြန်မဆုံရင်တော့  ကံကုန်လို့ ပေါ့...
 ဖူးစာပါရင်တော့ ထွက်ပြေးလို့ မလွတ်ပါဘူး..
 ဖူးစာမပါရင်တော့  ..........................
လိုက်ဖမ်းနေလဲအပိုပဲ ။။။။
လွမ်း..............စကားတစ်လုံးကို ရင်မှာပွေ့ပိုက်
ငါသေတဲ့ထိ
 မင်းကိုချစ်လည်း ငါပုန်းတော့မယ်ငါ့အချစ်ရယ်..
ဒီ
ကဗျာကငါအသက်တစ်ဝက်
မင်းကငါ့နှလုံးသား ယုံကြည်ချက်မတူ ခံယူချက်ခြင်းစည်းတားထားလည်းး
ကဗျာမြစ်တစ်စင်းကို ပုံဖော်ထုဆစ် ငါလွမ်းသလို
မင်းလွမ်းစေအောင်ပုံဖော်ဆောင်လိ
ု့  အလွမ်းမြစ်တစ်စင်းခင်းပြမယ်
ငါ......လွမ်းနေတယ်ချစ်သူရယ်...
......
နီးစပ်မှုက မိုးနဲ့မြေကြီးဝေးကွာခြားပြီ
ဟိုးးးးးးဝေးဝေးမှနေ
ငါလွမ်းနေတယ်.....မေ့လိုမရ လွမ်းလက်စ အလွမ်း ရင်ထဲမှာတော့
အဝေးကနေလွမ်းသောင်ကမ်းမှာ ငါမျက်ရည်တွေအလွမ်းမြစ်ထဲကျေ
နတယ်
ငါလွမ်းလို့ပါချစ်သူရယ်........
.....
သွေးထဲ အသားထဲ မခံနိုင်စိတ်က အနိုင်ယူ လွမ်းနေရတာအလွမ်းခါးခါး
အနမ်းခါးတောင် ပါးပေါ်မရောက်ခင်
ငါလွမ်းသွားတယ်......
လွမ်း...................ဆိုတာ
စိတ်နဲ့ခန္ဓာ
လွမ်းတာနဲ့တင်သေနိုင်တာမို့
လွမ်းလို့လေ ငါလွမ်းနေလို့
ငါလွမ်းနေတယ်ချစ်သူရယ်..........။။။။။။။
မ..မ
မောင်လေး
ZM
Wednesday, April 20, 2011
♥♥ငါအိမ်မက်ကဗျာလေး မင်းသိစေ့ချင်တယ် ချစ်သူရယ်...♥♥
[   Please click me  tender   ]
Romantic.♥♥ငါအိမ်မက်ကဗျာလေး မင်းသိစေ့ချင်တယ် ချစ်သူရယ်...♥♥http://api.ning.com/files/5BH1b9Sse8B324ayHjK8qEKNCHi8Yk115Jstftar5znWg76ZY2xHJw*amsknb7wTtx273WzTZoRuMn2YdvERlppfxAdJef6r/442558caa37fde9ccbda785dc9d9d2ce.gif
ချစ်သူရေ.........
ငါမရေးတတ်တဲ့
ကဗျာလေးတွေ  ရေးတတ်အောင်ကျင့်တယ်
ငါသိချင်တဲ့သူ တွေ့ချင်တဲ့သူ  လိုက်ရှာနေတယ်
ငါ့ရဲ့နှလုံးသား မြို့ပျက်ဟောင်းကြီးကို ပြန်တူးစွကြည့်တာ
ငါ့မျက်ရည်တွေ အချစ်တွေ အကြင်နာတွေ ပေးဆပ်မှုတွေ
တွေ့လိုက်ရတယ်ချစ်သူရယ်......
။
ချစ်သူရေ.........
မင်းနဲ့ငါ ဒီအိမ်မက် သံသရာ မှာ ခရီးတစ်ထောက် တူတူပျော်ပြီး
တေးသီကြူးလို့ချစ်ကဗျာလေးတွေ စာလေးတွေ သံဇဉ်ဖွဲဆို တေးသီဖူးတယ် ငှက်ဖြစ်ရင်တောင် တစ်ကိုင်းထဲနားလို့တေးသီဖူးတယ်
တို့နှစ်ယောက် ချစ်ခင်ကြင်နာခဲ့ကြတာ
ချစ်သူရယ်................
ဟိုးးးးးးးးးးအရင်အတိတ်ဘ၀ ချစ်သူက ငါ့ကိုသနား
ငါ ချစ်သူ့ကိုသနား
ချစ်သူက ငါ့ကိုကြင်နာ ငါ ချစ်သူ့ကို ယုယ ဘ၀င်နှလုံးပိတိ ဂွမ်းဆီထိလို့
ကြည်နူးချမ်းမြေ့ တွယ်တွယ်တာတာ ဖေးမစောင့်ရှောက် ယုယကြင်နာ လွမ်း
စရာအတိ လွမ်းကဗျာသာ ကြည့်မိတာပေါ့  အချစ်ရယ်....။
ငါချစ်လှစွာသော ငါ့အသည်းနှလုံးနဲ့တူတဲ့  ချစ်သူရေ
ပေးဆပ်ခြင်းနဲ့တစ်ခဏ တာတွေ့ဆုံခြင်းတွေ
အကြိမ်ကြိမ် အဖန်ဖန် ထပ်တွေ့ဆုံမှုတွေ
ငါမလိုချင်တော့ဘူး ချစ်သူရယ်...................။
ငါ့ဘ၀ ငါ့ကမ္ဘာ ငါတစ်ယောက်ထဲပေါ့
မင်းကိုလွမ်းရင်း ကဗျာလေးတွေ စာလေးတွေသီကုံးပြီး
ပျော်မွေ့အောင် ငါနေထိုင်နေတယ်  ချစ်သူရယ်...............။
ချစ်သူရေ.........
အရှင်ဘုရားရှေ့မှောက်မှာ ငြိမ်သက် တိတ်ဆိတ်စွာ ငါနေထိုင်နေပါတယ်
သိပ်ချစ်ခဲ့ကြတဲ့ မင်းနဲ့ငါ ဒါမှ နောင်သံသရာမှာ
ခဏလေးတွေ့ဆုံ ကွေကွင်းတာ ခဏလေး  ချစ်ခင်တာတွေ
အကြိမ်ကြိမ် အဖန်ဖန် ငါမတွေ့ကြုံတော့မှာပေါ့  ချစ်သူရယ်............။
ချစ်သူနုတ်ဖျားကနေ ခဏလေးနော် ဆိုတဲ့စကားက ဘယ်ဘ၀ ဘယ်ကမ္ဘာထိ
နောက်ထပ် ဝေးကွာမယ်ဆိုတာ မသိနိုင်ပါဘူး  အချစ်ရယ်......
......။
အကယ်၍ ချစ်သူရယ် မင်းသာ မြင်တတ် သိတတ်ကြည့်တတ်မယ်ဆို
ငါ လွမ်းဆွတ်စွာနဲ့မင်းကြောင့် အိပ်ပျက်ညတွေ
ဘယ်ကမ္ဘာထိ ဘယ်ဘ၀ထိ ဘယ်လောက်များ
ပေးဆပ် ချစ်ခင်စောင့်မျှော် နေရမလည်း
အိမ်မက်ကဗျာလေး ချစ်သူ ဖတ်မိရင်
ငါ ခုချိန်ထိလွမ်းဆွေးနေတာ မင်းသိစေချင်တယ်ချစ်သူရယ်.....
Sunday, April 17, 2011
♥ဒီတန်ခူး ဒီနှစ်ဦးမှာ ဝေးရပ်မြေမှ ကောင်းမှုဝေဖြာ♥
.
♥ဒီတန်ခူး ဒီနှစ်ဦးမှာ ဝေးရပ်မြေမှ
ကောင်းမှုဝေဖြာ♥
လှပတဲ့နှစ်ကူး အတာ
တန်ခူး
ကြည်ကြည်နူးနူး အေးချမ်းသာယာ
ဂုဏ်တင့်ဝေဖြာ ရွှင်လန်းစေတာ
ကောင်းမှု့စေတနာ ဝေဖြာကာလှုဒါန်း
ဒို့တိုင်းဌာနီ မြန်မာတွေစေတနာအံမခန်းပ
ဝေးမြေရောက်နေ ချစ်သူဆွေသဟာ
ဒို့တိုင်းဌာနေ ချစ်ခင်ကြင်နာ
ဝေးမြေရောက်လည်း သူ့စေတနာ ဝေဖြာ
လှမ်းကာသာလေ ကမ္ဘာတစ်ဖက်က လှုဒါန်းနေတာ
သူစွမ်းသလောက် လှုဒါန်းစေတနာ
မြန်မာပြည်ကိုလွမ်းလို့နေတာ
ဒီတန်ခူး ဒီနှစ်ဦးမှာ
ဝေးကမ္ဘာတနေရာမှ  ဝေးရပ်မြေကို
ကောင်းမှုဝေဖြာ နိဗ္မာန်ရွှေပြည် လှမ်းဖို့ရည်ကာ
ကောင်းမှုပြုစေ အမျှဝေတာ
နှစ်သစ်ကူးတဲ့ ဒီချိန်မဟာ
ဝေးရပ်နေ
သားကောင်း သမီးကောင်း
လှုဒါန်း စေတနာ
ကမ္ဘာသိအောင်ပြောပြချင်တာ.
.ကြားကြားသမျှ  အမျှဝေမှာ
သာဓုခေါ်ပါ.......။
.
Tuesday, April 12, 2011
♥♥အချစ်လား သူရူးနေတယ်♥♥
အချစ်လား သူဖျားနေတယ်
အချစ်လား သူကမ္ဘာပတ်နေတယ်
အချစ်လား သူလမ်းလျှောက်နေတယ်
အချစ်လား သူအိမ်ခြေရာခြေမဲ့နေတယ်
အချစ်လား သူနေရာ သူပုံမှန်မတွေ့သေးဘူး
ဒါကြောင့်.................
အချစ်လား လေနဲ့အတူလွင့်နေတယ်
အချစ်လားထိခိုက်မိရင် ဖျားနာတတ်တယ်
အချစ်လား ခဏခဏခလုတ်တိုက်တာများရင်
ဒဏ်ရာ
အနာပေါ် တုတ်ကျသလိုပေါ့
အချစ်လား သူပိုနာတတ်တယ်
အချစ်လားဒါဆို ကျားနာတစ်ကောင်ထက်ပိုဆိုးတတ်တယ်
အချစ်လား သူအခန့်မသင့် နှလုံးရောဂါရလို့ သေဆုံးတတ်တယ်
အချစ်လား တစ်ခါတစ်ခါ အခန့်မသင့်ရင်
သူကိုယ်သူလည်း သေကြာင်းကြံစည်တတ်တယ်
အချစ်လား ခုတော့ မီးသဂြိုလ်လိုက်ပါပြီကွယ်.........။
အချစ်လား ပြာမှုန့်လေးဘ၀ ရောက်တာတောင် သူအမှတ်မရှိဘူး
ချစ်သူရဲ့
ရင်ဘတ်နှလုံးသားလေးနဲ့ ပါးလေးပေါ်
လေနဲ့အတူ လွင့်ပြီးကပ်နေသေးတယ်
အချစ်လား
သူ ..
သူ.....သူ.........သူ........................
အချစ်လား  သူ့နှလုံးသားလေး တိတ်တိတ်လေး ကျိတ်ငိုနေတယ်
အချစ်လားးးးးးးးးးးးးးးးး
သူ..................သူဘ၀ သူ သတ်နေတယ်ကွယ်..............