Pages

Wednesday, April 20, 2011

♥♥ငါအိမ်မက်ကဗျာလေး မင်းသိစေ့ချင်တယ် ချစ်သူရယ်...♥♥

[   Please click me  tender   ]
Romantic.♥♥ငါအိမ်မက်ကဗျာလေး မင်းသိစေ့ချင်တယ် ချစ်သူရယ်...♥♥http://api.ning.com/files/5BH1b9Sse8B324ayHjK8qEKNCHi8Yk115Jstftar5znWg76ZY2xHJw*amsknb7wTtx273WzTZoRuMn2YdvERlppfxAdJef6r/442558caa37fde9ccbda785dc9d9d2ce.gif
ချစ်သူရေ.........
ငါမရေးတတ်တဲ့

ကဗျာလေးတွေ  ရေးတတ်အောင်ကျင့်တယ်
ငါသိချင်တဲ့သူ တွေ့ချင်တဲ့သူ  လိုက်ရှာနေတယ်
ငါ့ရဲ့နှလုံးသား မြို့ပျက်ဟောင်းကြီးကို ပြန်တူးစွကြည့်တာ
ငါ့မျက်ရည်တွေ အချစ်တွေ အကြင်နာတွေ ပေးဆပ်မှုတွေ
တွေ့လိုက်ရတယ်ချစ်သူရယ်......


ချစ်သူရေ.........
မင်းနဲ့ငါ ဒီအိမ်မက် သံသရာ မှာ ခရီးတစ်ထောက် တူတူပျော်ပြီး
တေးသီကြူးလို့ချစ်ကဗျာလေးတွေ စာလေးတွေ သံဇဉ်ဖွဲဆို တေးသီဖူးတယ် ငှက်ဖြစ်ရင်တောင် တစ်ကိုင်းထဲနားလို့တေးသီဖူးတယ်
တို့နှစ်ယောက် ချစ်ခင်ကြင်နာခဲ့ကြတာ
ချစ်သူရယ်................
ဟိုးးးးးးးးးးအရင်အတိတ်ဘ၀ ချစ်သူက ငါ့ကိုသနား
ငါ ချစ်သူ့ကိုသနား
ချစ်သူက ငါ့ကိုကြင်နာ ငါ ချစ်သူ့ကို ယုယ ဘ၀င်နှလုံးပိတိ ဂွမ်းဆီထိလို့
ကြည်နူးချမ်းမြေ့ တွယ်တွယ်တာတာ ဖေးမစောင့်ရှောက် ယုယကြင်နာ လွမ်း
စရာအတိ လွမ်းကဗျာသာ ကြည့်မိတာပေါ့  အချစ်ရယ်....။

ငါချစ်လှစွာသော ငါ့အသည်းနှလုံးနဲ့တူတဲ့  ချစ်သူရေ
ပေးဆပ်ခြင်းနဲ့တစ်ခဏ တာတွေ့ဆုံခြင်းတွေ
အကြိမ်ကြိမ် အဖန်ဖန် ထပ်တွေ့ဆုံမှုတွေ
ငါမလိုချင်တော့ဘူး ချစ်သူရယ်...................။

ငါ့ဘ၀ ငါ့ကမ္ဘာ ငါတစ်ယောက်ထဲပေါ့
မင်းကိုလွမ်းရင်း ကဗျာလေးတွေ စာလေးတွေသီကုံးပြီး
ပျော်မွေ့အောင် ငါနေထိုင်နေတယ်  ချစ်သူရယ်...............။

ချစ်သူရေ.........
အရှင်ဘုရားရှေ့မှောက်မှာ ငြိမ်သက် တိတ်ဆိတ်စွာ ငါနေထိုင်နေပါတယ်
သိပ်ချစ်ခဲ့ကြတဲ့ မင်းနဲ့ငါ ဒါမှ နောင်သံသရာမှာ
ခဏလေးတွေ့ဆုံ ကွေကွင်းတာ ခဏလေး  ချစ်ခင်တာတွေ
အကြိမ်ကြိမ် အဖန်ဖန် ငါမတွေ့ကြုံတော့မှာပေါ့  ချစ်သူရယ်............။

ချစ်သူနုတ်ဖျားကနေ ခဏလေးနော် ဆိုတဲ့စကားက ဘယ်ဘ၀ ဘယ်ကမ္ဘာထိ
နောက်ထပ် ဝေးကွာမယ်ဆိုတာ မသိနိုင်ပါဘူး  အချစ်ရယ်......
......။
အကယ်၍ ချစ်သူရယ် မင်းသာ မြင်တတ် သိတတ်ကြည့်တတ်မယ်ဆို
ငါ လွမ်းဆွတ်စွာနဲ့မင်းကြောင့် အိပ်ပျက်ညတွေ
ဘယ်ကမ္ဘာထိ ဘယ်ဘ၀ထိ ဘယ်လောက်များ
ပေးဆပ် ချစ်ခင်စောင့်မျှော် နေရမလည်း

အိမ်မက်ကဗျာလေး ချစ်သူ ဖတ်မိရင်

ငါ ခုချိန်ထိလွမ်းဆွေးနေတာ မင်းသိစေချင်တယ်ချစ်သူရယ်.....

9 comments:

  1. သိပါစေဗျာ..သိနိုင်ပါစေဗျာ....

    ReplyDelete
  2. ကိုလတ် အားပေးတာကျေးကျေးနော်.... ...........

    ReplyDelete
  3. လာဖတ်သွားတယ် မမရေ
    အလွမ်းတွေကို နှစ်သိမ့်နိုင်မှုနဲ့ ထွေးပွေနိုင်ပါစေ

    ReplyDelete
  4. ငါ ခုချိန်ထိလွမ်းဆွေးနေတာ မင်းသိစေချင်တယ်ချစ်သူရယ် .............. (အမှန်ပဲအမရေ)

    ReplyDelete


  5. Friends18.com Heart Break Scraps
    ကျွန်တော်လဲအခုချိန်ထိ သတိရနေဆဲပါ

    ReplyDelete
  6. ဟိုတစ်နေ့ က ကဗျာဖတ်ပြီးတော့တရားရသွားပြီမှတ်တာ။

    ReplyDelete
  7. ချစ်သူ သိနိုင်ပါစေ .... အားပေးသွားပါတယ် မမ ........

    ReplyDelete
  8. မ..မ
    ချစ်သူသိနိုင်ပါစေနော်..
    သူလဲသိနေပါလိမ်မယ်...
    မသိချင့်ယောင်ဆောင်နေတာလဲး
    ဒါမှမဟုက်မေ့ပြစ်ဖို့ကြိုးစားနေတာလား
    မ...မရဲ့ချစ်သူသိနိုင်ပါလိမ့်မယ်....

    ReplyDelete