Pages
Wednesday, November 14, 2012
လူတို့ဌာနေ..လူတို့ရွာတွင်..
Jan 16, '10 7:02 PM
for everyone
လူတို့ဌာနေ..လူတို့ရွာတွင်..
အချင်းချင်းနှိပ်စက်နေတော့တယ်..
လူတို့ဌာနေ..လူတို့ရွာတွင်..
လူ
အချင်းချင်းစစ်မက်တွေလည်းဖြစ်နေတယ်...
လူတို့ဌာနေ..လူတို့ရွာတွင်..
ဒေါ
သချောင်းစီး   လူတွေသေလို့နေတော့တယ်...
လူတို့ဌာနေ..လူတို့ရွာတွင်..
ဝတ်
စားဆင်ယဉ်  အမြင်မတင့်   ကာမချောင်းစီးနေတော့တယ်.....
လူတို့ဌာနေ..လူတို့ရွာတွင်..
တို
င်းပြည်..နိုင်ငံ.ကာကွယ်ဖို့တဲ့ သွေးချောင်းစီးလို့နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ငလှ
ျင်တွေ့ ကြုံလူတွေသေလို့နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ပင်
လည်သမုဒ္ဒရာရေလှိုင်းဒဏ်ကြောင့် လူတွေသေလို့နေတော့တယ်....
လူတို့ဌာနေ..လူတို့ရွာတွင်..
ြေ
မကြီးအက်ကွဲ  မြေအောက်ရောက်ပြီး
လူတွေေ သလို့နေတော့တယ်
လူတို့ဌာနေ..လူတို့ရွာတွင်..
မီး
တောင်ပေါက်ကွဲ..မီးလောင်မှု့ဖြစ်  လူတွေသေလို့ နေတော့တယ်.....
ငတ်မွတ် ခေါင်းပါးဘေးရန်များလို့
့နေတော့တယ်..
မိဘမျက်နှာမထောက်ညှာ
ဘဲဆွေမျိုးပျောက်လို့နေတော့တယ်...
မောင်နဲ့နှမ..အမိနဲ့သား..အဖနဲ့
သမီး..ရိုသေရမှန်းသိဘူးကွယ်.
.နေထိုင်ကျက်စားလူတို့ရွာကား...
တ၀မ်းဝဘို့ပင်ပမ်းတယ်..
လှုပ်ရှာ
းရုန်းကန်  လူတို့ရွာကား ပင်ပမ်းဆင်းရဲ လှပါတယ်..
နေရာမြဲအောင်ကြိုးစားနေရ..လှုပ်
ရှားရုန်းကန်ကြိုးစားနေရ 
အမှု့
အမျိုးမျိုးကြုံနေတယ်.....
ဘ၀ရပ်တည်ကျိုးစားနေရ..
ပုံစံမျို
းစုံကကြိုးစုံလင်  လှုပ်ရှားရုန်းကန်.နေရတယ်.....
မေတ္တာခေါင်းပါးလူတို့ရွာကား....
.ပျက်စီးခြင်းများကြုံနေတယ်..
တိုးတက်ထွန်းကားလူတို့၇ွာကား..
ပျက်စီးခြင်းများတွေ့ နေတယ်..
စက်မှု့ထွန်းကားလူတို့ရွာကား...
...ပျက်စီးခြင်းများကြုံနေတယ်..
အဏုမြူထွန်းကားလူတို့ ရွာကား....လူတွေသတ်လို့ .ပျက်စီးခြင်းများကြုံနေတယ်..
သံသရာအရေးမတွေးခေါ်ဘူး..လူအခြင်း
ခြင်းစောက်ရှောက်ဖို့ ရာမတွေးခေါ်ဘူး..
ကြီးနိုင် ငယ်ညှင်းလုပ်နေတယ်..
လူ
မေတ္တာခေါင်းပါး 
လူတို့ ရွာကားကပ်ဘေးတွေလည်း  သင့်နေတယ်.
....
မကြည့်တတ်လို့   မမြင်ကြဘူးဖြစ်နေတယ်..
မတွေးတတ်လို့  မသိကြဘူးဖြစ်နေတယ်.
.
မသိကြလို့ မဆင်မချင်  လုပ်ချင်ရာလုပ်  ပြောချ
င်ရာပြောဖြစ်နေတယ်...
ဆင်ချင်တုံတရား  နည်းလှတယ်..
လူတိ
ု့ ဌာနေလူတို့ ရွာကို   သာယာဝပြောစေချင်တယ်...
လူတို့ ဌာနေလူတို့ ရွာကို..
လူအခြင်းခြင်းသတ်ဖြတ်ြ
ခင်းမှကင်းဝေးစေချင်လှပါတယ်...
လူတို့ ဌာနေလူတို့ ရွာကို..
သွေးချောင်းစီးတာမကြည်
့ချင်တယ်....
လူတို့ ဌာနေလူတို့ ရွာကို..
ငတ်မွတ်ဆာလောင်..မြေေ
တွပြိုကာ.ငလျှင်တွေလှုပ်...
ရေတွေလွှမ်းနဲ့ ..မမြင်ချင်လည်းမြင်နေရတယ်..မြ
ကည့်ချင်လည်းတွေ့ နေရတယ်...
မေတ္တာခေါင်းပါးလူတို့ရွာလေး  နှိပ်စက်ခြင်းမှဝေးပါစေကြောင်း 
သတ်ဖြတ်ခြင်းမှဝေးပါစေကြာင်း...
ငတ်မွတ်ခြင်းမှဝေးပါစေကြာင်း..
ဆုတောင်းမေတ္တာပို့ လိုက်တယ်.......
လူတို့ဌာနေ..လူတို့ရွာလေး
မေတ္တာ
 လေးဘဲပို့တတ်တယ်....
○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ.........စိတ်လေးနှင့်သာကြည့်လိုက်ပါ....။○○
○○စိတ်ကူးလေးနှင့်မြင်ကြည့်ပါ.........စိတ်လေးနှင့်သာကြည့်လိုက်ပါ....။○○
သင်ခါရ အနိစ္စ အချိန်ဆိုင်းလို့မရပါ ကိုယ့်ကို့ကိုသနားပြီးကိုယ့်ကိုကယ်တင်တဲ့အလုပ်ဟာ အရေးကြီးဆုံးအလုပ်ပါ၊သေရမှာသိတယ် သေရမဲ့အချိန်မသိဘူး ဘယ်ကလာလည်းမသိဘူး ဘယ်သွားရမလည်းမသိဘူး။...
လာရာကိုမသိပေမဲ့ ဘယ်သွားရမလည်း သိအောင်လုပ်ပေါ့ လာရာမသိပေမဲ့ သွားရာတော့သိရမှာပေါ့..........................................။
ငါသည်မုချသေရမည်အချိန်ပိုင်းသာလိုတော့သည် သေမင်းစားဖတ်ဝါးဖတ်။
သေမင်းခေါင်းစင်းအပ်ရမည်။ သေမင်းဆီခန္ဓာဝန်ကိုအခွန်ဆက်ရမယ် အချိန်ပိုင်းသာလိုတော့သည်
တစ်ယောက်နှင့်တစ်ယောက် အချိန်ပိုင်းသာလိုတော့သည့်သေခါနီးများ စကားများရန်ဖြစ် မတည့်ကြပါဘူး သေခါနီးနေကြသည့် သူများသေကံဝေးများကိုငဲ့နေကြသည်
သားငဲ့ မြေးငဲ့ သမီးငဲ့ စီးပွားရေးငဲ့ အစဉ်တိုင်းသာသေကြမည်ဆိုရင် သေခါနီးက အသေလွတ်သောအလုပ်လုပ်ဖို့ရာဝေးနေကြသည် ။ ရေထဲနစ်လို့မရဏရေလွမ်းမိုးပါးစပ်နားရောက်နေသောသူများက ကုန်းပေါ်မှလူများကိုစိတ်မချပဲကုန်းပေါ်မှ သေကံဝေးကိုရေထဲကလူမှစကားပြောနေသည် ကုန်းပေါ်မှာသွားလိုရာသွားနေထိုင်နေသည့်သူများကို သေခါနီးကစိတ်မချမှာနေသည် မိုက်သည့်အပေါ် အရူးထပ်ပေါ်နေကြသည် တဏှာကရှေ့နေလိုက်နေသည် မင်းမပြုဘယ်သူပြုမလည်း ကစင့်ကလျှား ဖြစ်လိုက်မည် စိတ်မချပူပန်နေသည် ငါလိမ်မာလား ငါမိုက်တာလား နဖူးပေါ်လက်တင်စဉ်းစားပါ စိတ်မချ ဖြစ်နေသမျှ အင်မတန်မှဆိုးဝါးပါသည် သေခါနီးကိုအရူး မသာချရမည်။
မိမိနှင့်သက်ဆိုင်သော သူများကို ကိုယ်များပူလား ချောင်းများဆိုးလား အစဉ်မှပြေလား အိပ်ပျော်နေသူကို ထိတ်စွာပူပန်တတ်နေသည် သေရာ ညောင်စောင်းလျှောင်းစက်ရမှ ကိုယ်တစ်ယောက်တည်းမြင်ရသည့် ကိစ္စ ကိုယ်တိုင်တွေ့လာလိမ့်မည် သေခါနီးဇော သေရာကိစ္စ လမ်းဆိုးကြီးလား လမ်းကြမ်းကြီးလား ကိုယ်သာ မရဏဇော ကိုယ်သာမြင်ရမည် ။ကိုယ်အနေဆိုးနေခဲ့သမျှ ကိုယ်သာအသေဆိုး မရဏဇော မသေခင်ကိုယ်သာမြင်ရမည်။
ခန္ဓာအိမ်ပေါ်တွင်ဥာဏ်နှင့် သေခါနီး လူတက်တက်ကြပါ သေခါဝေး အတွက် စဉ်းစာနေသမျှ ခန္ဓာအိမ်ပေါ်ခွေးတက်တက်နေသည်....။ ခိုင်းတာလုပ်ပြီး ပြောတာနားထောင်နေသမျှ ဥာဏ်နှင့်မစဉ်းစားတတ်ပါ ကိုယ်ပိုင်အသိနှင့် ကိုယ်ပိုင်ကြည့်ပြီး ကိုယ်တိုင်သိအောင်လုပ်ပါ ဥာဏ်နှင့်စဉ်းစားပါ။ ကိုယ့်ကို ကိုယ် ကယ်တင်ပါ။ ၀ိပသနာရှုပါ ကိုယ့်ကိုယ်ကို ကိုယ်ရှုကြည့်ပါ ကိုယ်လုပ်သောအမှု့ကို ကိုယ်တိုင်သာ ဥာဏ်နှင့် ကြည့်တတ်မြင်တတ်ပါ အဆိုးပါသလား အကောင်းပါသလား ကိုယ့်အသုဘကိုယ်သာရှုမြင်ကြည့်ပါ။ရေတွက်လို့မဆုံးနိုင်သော ဘ၀များစွာကို လမ်းသိအောင်ကြည့်တတ်ပါစေ
ပြောတတ်သောဆရာသမား အမှန်တွေ့ရှိပါစေ
တရားမှန်ဥာဏ်အသိနှင့် နားထောင်တတ်သောသူဖြစ်ကြပါစေ
မိမိဝန် မိမိကိုယ်ထက် သူတပါးဝန်ကို လောဘ ဒေါသ မောဟ စိတ်ဖြင့် ထမ်းနေရသော လောဘ ဒေါသ မောဟ ၀န်ထမ်းသမားများ ခန္ဓာဝန်ထမ်းနေသော သူများအတွက်လက်ဆောင်မွန်
မိုးကုတ်ဆရာတော်ဘုရာကြီးဦးဝိမလ၏.............
ကြားနာမိသောတရားကို သိသမျှ မျှဝေပါသည်။
မ..မ
Tuesday, November 13, 2012
ကထိန် အာနိသင်''ကထိန်သင်္ကန်းအကြောင်း သိကောင်းစရာ ''
အလှူရေစက်လက်နှင့်မကွာ လှူဒါန်းကြသော မြန်မာဗုဒ္ဓဘာသာတို့ နယ်ပယ်၌
“ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသော ဆိုရိုးစကားလေးကို လူတိုင်း
ကြားဘူးကြမည်ထင်ပါသည်။ ကျောင်းလှူတာခြင်း အတူတူ “သိမ်ကျောင်း” လှူတာက
ပိုမြတ်သည်ဟု ဆိုလိုရင်းဖြစ်ပေသည်၊အဘယ့်ကြောင့်ဆိုသော် သိမ် ကျောင်းသည်
ရဟန်းပြုခြင်း၊ ဥပုသ် ပြုခြင်း၊ အခြားသော သံဃာ့ကိစ္စတို့ကို ပြုလုပ်ခြင်းတို့၌
အကျိုးပြုသောကြောင့် ဖြစ်ပေသည်။ ထို့အတူ သင်္ကန်းလှူတာခြင်း အတူတူ
“ကထိန်သင်္ကန်း” လှူ ဒါန်းခွင့်ရခြင်းက ပိုမြတ်သည်ဟု ဆိုလိုခြင်း ဖြစ်ပေသည်၊
အဘယ့်ကြောင့်ဆိုသော် ကထိန် သင်္ကန်း လှူဒါန်းရာ၌ ထူးခြားချက်များစွာ (စည်းကမ်း
များစွာ)ရှိနေသောကြောင့်ဖြစ်ပေသည်။
ကထိန် သင်္ကန်းအလှူ၏ထူးခြားချက်(စည်းကမ်းတို့ )ကို အနည်း ငယ်မျှ ရှင်းပြပါဦးမည်၊
ကထိန်သည် လှူဒါန်းမှု ဖြစ်ပေါ် လာပုံအားဖြင့်လည်းကောင်း၊ အချိန်ကာလအားဖြင့်
လည်းကောင်း၊ အလှူခံအားဖြင့်လည်းကောင်း ၊ လှူဒါန်းဖွယ်ရာ
ပစ္စည်းအားဖြင့်လည်းကောင်း၊ လှူနည်းအားဖြင့်လည်းကောင်း၊ (၀ိနည်းသိက္ခာပုဒ်
ကင်းလွတ်ခွင့်ရခြင်း )အကျိုး အားဖြင့် လည်းကောင်း ၊ တစ်ခြားသော ဒါနတို့နှင့်မတူ “
မူ”များစွာ ထူးခြားနေ သည်ကို တွေ့ရှိနိုင်ပေသည်။
၁။ တခြားသော ပစ္စည်းတို့ကို လိုအပ်လျှင် မိဘကိုသော်လည်းကောင်း
၊ဆွေမျိုးကိုသော်လည်း ကောင်း ၊ဖိတ်မာန်ထားသူ (ရဟန်းဒကာ ရဟန်းအမ စသူ)
တို့ကိုသော်လည်းကောင်း နှုတ်မြွက်၍ အလှူခံ ကောင်း (တောင်းကောင်း )၏ ၊
ကထိန်သင်္ကန်းကိုကား မိဘကို သော်မှလည်း နှုတ်မြွက်၍ သိစေခြင်းငှာ (အလှူခံခြင်းငှာ) မ
အပ်ပေ၊ တစ်ခြားသူတို့ကိုကား အဘယ်မှာ ဆိုဘွယ်ရာ ရှိပါတော့အံ့နည်း၊ သူ့အလိုလို
သဒ္ဓါတရားဖြစ်ပေါ်၍ လှူသော ကထိန်သင်္ကန်းကိုသာ အလှူခံခွင့်ရှိ၏၊ အလှူ ခံကောင်း၏ ၊
 ( ကောင်းကင်မှ ကျလာသော သန့်ရှင်း ကြည်လင်သော မိုးရေမိုးပေါက်ကဲ့သို့သဒ္ဓါတရား
သန့် သန့် လေးဖြင့်လှူသော “ကထိန်သင်္ကန်း” ဖြစ်ရပေမည်။ ယင်းကဲ့သို့သော
ကထိန်သင်္ကန်းကိုပင် “မိုးကျကထိန်” ဟု ပြောဆိုကြခြင်း ဖြစ်ပေသည်။ (ကထိနံနာမ
အတိဥက္ကဋ္ဌံ ၀ဋ္ဋတိ ၊ မာတရမ္ပိဝိညာပေတုံ န၀ဋ္ဋတိ၊အာကာသတော သြတိဏ္ဏသဒိသမေ၀ ၀ဋ္ဋတိ ၊)
၂။ကထိန်သင်္ကန်းသည်တစ်ခြားသော လှူဖွယ် တို့ကဲ့သို့ လှူချင်သည့်အချိန်လှူခွင့်
မရပေ၊ သတ်မှတ် ထားသော သီတင်းကျွတ် လပြည့်ကျော်(၁) ရက်နေ့မှ
တန်ဆောင်မုန်းလပြည့်နေ့ထိ တစ်လတိတိ အချိန်ကာလ အတွင်းသာ လှူခွင့်ရှိ၏။ (
ကထိန်ခင်းခွင့် ရှိ၏ ) ကျန်သော အချိန်များ၌ကား လှူခွင့် လုံးဝ မရှိပေ၊ ထို့ပြင်
ကထိန်သင်္ကန်းသည် တစ်နှစ်မှ တစ်လ၊တစ်လမှ တစ်ရက်၊ တစ်ရက်မှ (တစ်ကျောင်း )
တစ်ကြိမ်သာ လှူခွင့် ရှိလေသည်။
၃။လှူဖွယ်ပစ္စည်းအားဖြင့် ကထိန်ခင်းရန် အတွက် သင်းပိုင်၊ ဧကသီ ၊ ဒုကုဋ် ( နှစ်ထပ် ) သင်္ကန်းတို့တွင် တစ်မျိုးမျိုး ဖြစ်ရပေမည်။ ( တခြားသော လှူဖွယ်ပစ္စည်းများကို အခြံအရံအဖြစ် လှူဒါန်းနိုင်ပါသည် )
၎။ လှူနည်းအားဖြင့်သံဃိကဒါနအဖြစ် သံဃာ အားသာ လှူဒါန်းရမည်ဖြစ်ပေသည်။
(ပုဂ္ဂိုလ်စွဲဖြင့် ပုဂ္ဂလိကဒါနအဖြစ် လုံးဝမလှူကောင်းပေ)၊ သံဃာတော်များက
ထိုသင်္ကန်းကို အလှူခံယူပြီး သိမ်အတွင်း၌ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ သင့်တော်သည့်
ရဟန်းတော် တစ်ပါးပါးအား လှူဒါန်းရ၏ ဉတ်ကမ္မ၀ါ ရွတ်ဖတ်၍ လှူဒါန်းရသောကြောင့်
ကထိန်ခင်းမည့် သင်္ကန်းကို “ ဉတ်သင်္ကန်း” ဟု ခေါ်ဆိုကြလေသည်။
၅။အလှူခံသော ရဟန်းသည်လည်း ပုရိမ၀ါ ကပ်၍ (၀ါမကျိုး မပျက်သော ) သီတင်းကျွတ်
လပြည့် နေ့၌ ၀ါမှကျွတ်သော ရဟန်းတော်များသည်သာအလှူခံ ခွင့် ရှိလေသည်။
(ထိုရဟန်းတို့တွင်လည်း ဆင်းရဲနွမ်းပါး ဆုံးဖြစ်သော ရဟန်းကို ပထမဦးစားပေး၍
လှူဒါန်းရမည်ဖြစ်ပေသည်၊ ထိုရဟန်းမရှိမှ မထေရ်ကြီးစသည့် ရဟန်း တစ်ပါးပါးအား
လှူဒါန်း ရမည် ဖြစ်ပေသည်။
၆။ အကျိုးအားဖြင့် ကထိန်အာနိသင်ရသော (ကထိန်ခံသော
ရဟန်းနှင့်အနုမောဒနာပြုသော) ရဟန်းတော်များသည် ၀ိနည်းသိက္ခာပုဒ် နှင့်သက်
ဆိုင်သည့် ကင်းလွတ်ခွင့် (၅) မျိုးကို သီတင်းကျွတ်လပြည့်ကျော် - ၁ -ရက်နေမှစ၍
တပေါင်းလပြည့် နေ့ထိ ၅ - လ တိုင်တိုင် ရရှိကြလေသည်။
ရဟန်းတော်များ ရနိုင်သောအကျိုး (၅) ပါး
၁။ မပန်မကြား ၊ လိုရာသွား ၊ ပြစ်များမသင့်ပြီ။
ဒကာ ဒကာမတို့၏အိမ်သို့( မြို့တွင်းရွာတွင်းသို့ ) သွားလို သည့်အခါ
ထင်ရှားရှိသောရဟန်းကို ခွင့်မပန်ပဲ သွားနိုင် ပါသည် ။ (အကယ်၍ ကထိန်အာနိသင်မရမူ ခွင့်မပန်ပဲ သွားလျှင် အာပတ်သင့်၏ )
၂။ သုံးထည်ထဲမှာ ၊ ထားလိုရာ ၊ ထားကာ သွားနိုင်သည်။
တိစီဝရိတ်ဓုတင်ဆောင် ရဟန်းတော် ဖြစ်လျှင် သင်္ကန်း သုံးထည်တို့တွင်(သင်းပိုင် ဧကသီ ဒုကုဋ် )တစ်ထည် ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားနိုင်ပါသည်။ (အကယ်၍
ကထိန်အာနိသင် မရပဲ သင်္ကန်းတစ် ထည်ထည်ကို ထားခဲ့ပြီး၍ သွားလိုရာ သွားလျှင် အာပါတ်သင့်၏ )
၃။လေးပါးတူပင် ၊ ဂိုဏ်းဘောဇဉ် ၊ စားလျှင် စားနိုင်သည်။
ပင့်ဖိတ်သူဒကာ၊ ဒကာမတို့က အပင့်အဖိတ်မတတ်၍ အရှင်ဘုရား၊ တပည့်တော်တို့အိမ် ထမင်းစားကြွပါ ဘုရား၊ မုန့်ဟန်းခါးစား ကြွပါဘုရား၊ စသည်ဖြင့် မအပ်သော အသုံးအနှုံးဖြင့် ပင့်ဖိတ်သော်လည်း ဘုဉ်းပေးခွင့် ရှိ၏၊(အကယ်၍ ကထိန်အာနိသင် မရပဲ ဘုဉ်းပေးလျှင် အာပါတ်သင့်၏)
၎။ သင်္ကန်းများစွာ ၊ ငါးလမှာ ၊ သိမ်းကာ ထားနိုင်သည်။
မိမိရရှိသောသင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ (သင်္ကန်းကာလ- ၅ -လအတွင်း ) ထားပိုင်ခွင့် ရှိသည်၊
( အကယ်၍ ကထိန်အာနိသင် မရရှိပဲမိမိ ပိုင်သင်္ကန်းကို အဓိဋ္ဌာန် ၀ိကပ္ပနာ မပြုပဲ ထားရှိပါက - ၁၀ - ရက်ကျော်လျှင် အာပါတ်သင့်၏)။
၅။သံဃာလှူငြား ၊ သင်္ကန်းများ ၊ သူအားသာ ဖြစ်သည်။
ကထိန်ခင်းသောကျောင်း၌ သင်္ကန်းဖြစ်ပေါ်လာတိုင်း ကထိန်ခင်းသော(ကထိန် အာနိသင်ရသော) ရဟန်းတို့ ပိုင်ဆိုင်ခွင့် စိတ်ကြိုက် ဝေဘန်ခွင့် ရှိသည်။
(အကယ်၍ကထိန်အာနိသင်မရပဲ ထိုကဲ့သို့စိတ်ကြိုက် ဝေဘန် လျှင် အာပါတ်သင့်နိုင်၏ )။
ကထိန်နှင့်ပါတ်သက်၍ ရဟန်းတော်များ ထူးခြားသော အကျိုးတို့ကို့ ရရှိနိုင်သကဲ့သို့ ကထိန် သင်္ကန်း လှူဒါန်းကြသော အလှူရှင်များမှာလည်း အကျိုးထူး များ ရရှိနိုင်ပါသည်။
လှူသူမှာလဲ ၊ နည်းတူပဲ ၊ ရမြဲကျိုးငါးမည် ။
၁။ တားဆီးကင်းကွာ ၊ လွတ်လပ်စွာ ၊ လိုရာသွားနိုင်သည် ။
မိမိသွားလိုရာအရပ်သို့ အဆီး အတား အပိတ်အပင် အနှောင့်အရှက်မရှိ လွတ်လွတ်လပ်လပ် သွားလာ နိုင်သည်။
၂။တာဝန်ကိစ္စ၊ မလေးရ၊ ပေါ့လှလေတော့သည် ။
မည်သည့်ကိစ္စပဲ ဆောင်ရွက်ဆောင်ရွက် တာဝန်ကြီး လေးသည်ဟု မရှိ ၊ပေါ့ပေါ့ပါးပါးဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။
၃။ စားလိုရာများ ၊ စားသော်ငြား ၊ ဘေးကား မဖြစ်ပြီ။
မည့်သည့် အစားအစာကိုပဲစားစား အစား အသောက် ကြောင့် ဘေးဖြစ်ခြင်း ၊ အစာအဆိပ် သင့်ခြင်း မဖြစ်နိုင်။ (အစာကို ကြေညက် အောင် ချေဖျက်နိုင်သော ပါစက ၀မ်းမီးနှင့် ပြည့်စုံသည် )။
၎။ ပစ္စည်းအများ ၊ သိမ်းပိုက်ထား ၊ ဘေးကား မရှိပြီ။
မိမိပိုင်ဆိုင်သောပစ္စည်းများ ပျက်စီးအောင် ဖျက်ဆီး တတ်သော ဘေးရန်များ မကျရောက်နိုင်။
၅။ ကိုယ့်ပစ္စည်းများ ၊ သူတစ်ပါး ၊ ယူသွား ကင်းပသည် ။
မိမိပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကို မိမိကမပေးပဲ မည်သူတစ်ဦးတစ်ယောက်မျှ မယူနိုင် ၊ မသိမ်းပိုက်နိုင်။ ကထိန်ဒကာ၊ ကျိုးငါးဖြာ၊ ကောင်းစွာ ရနိုင်သည်။
ထို့ပြင် ကထိန်သင်္ကန်းလှူဒါန်းသော အလှူ ရှင်များမှာ --ရွှေအဆင်းကဲ့သို့ ၀ါဝင်းသော အသား အရေရှိခြင်း၊ ခန္ဓာကိုယ်၌ ( မြူ စသော ) အညစ် အကြေး ကင်းစင်ခြင်း ၊ ( အလှဖျက် အနာအဆာ မရှိခြင်း ) ၊ ခန္ဓာကိုယ်နူးညံ့ပြေပြစ်ခြင်း ၊ ကိုယ်ရောင် ကိုယ်ဝါ တောက်ပခြင်း ၊ ညိုရွှေဖြူနီစသော ခေတ်ပေါ် အ၀တ်အထည် အမျိုးမျိုးကို ဆင်မြန်းခွင့် ၀တ်ဆင်ခွင့်ရခြင်း ၊ ကျောင်းအမကြီး ၀ိသာခါစသူတို့ကဲ့သို့ မဟလ္လတာ တန်ဆာကို ဆင်မြန်းခွင့်ရရှိ ခြင်းတို့နှင့် အရဟတ္တဖိုလ်ပေါက် နိဗ္ဗာန်မျက်မှောက် ပြုနိုင်ခြင်း ဟူသော အကျိုးတရားများစွာ တို့ကိုလည်း ရရှိနိုင် ပေသည်။
ကထိန်သင်္ကန်းဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း
သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားသည် သာသနာပြုရာ၌ ဗဟိုဌာနချုပ်သဖွယ်ဖြစ်သော သာဝတ္ထိပြည် အနာထပိဏ်သူဌေး ( သူဌေးကတော်ပုညလက္ခဏဒေ၀ီ ) ဆောက်လုပ်လှူဒါန်းအပ်သော ဇေတ၀န် ကျောင်းတော်ကြီး၌ သီတင်းသုံးနေတော်မူ၏။
ထိုစဉ်အခါ တောရကျောင်း၌ သီတင်းသုံး နေထိုင်ခြင်း အာရညက ဓုတင်၊ဆွမ်း ခံ၍ဘုဉ်းပေးခြင်း ပိဏ္ဍပါတ် ဓုတင်၊ လူတို့ကမသုံးလို၍ အမှိုက်ပုံစသည်၌ စွန့်ပစ်ထားသော မြေမှုန့်အလိမ်းလိမ်းကပ်ငြိနေသော အ၀တ်စုပ်ကို သင်္ကန်းချုပ်ဆိုးကာဝတ်ရုံသုံး ဆောင်ခြင်း ပံသူကူဓု တင်၊ သင်းပိုင် ဧကသီ ဒုကုဋ်ဟူ သောသင်္ကန်း သုံးထည် ကို အမြဲဆောင်ခြင်း တိစီဝရိက်ဓုတင်၊ ယင်းဓုတင် အကျင့်မြတ်တို့ကိုကျင့် သုံးကြသော ဘဒ္ဒ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့သည် ရှင်တော်မြတ် ဘုရားကို ဖူးမြင်ရန် သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်သို့ လာကြ ရာ ၀ါဆိုရက် နီးကပ်နေ၍ သာဝတ္ထိ ပြည်သို့လည်း ၀ါဆိုရန်မမှီတော့သည့်အတွက် လမ်းခရီးအကြား သာဝတ္တိ ပြည်နှင့် ခြောက်ယူဇနာ ဝေးသော (တစ်ယူဇနာ- ၈ -မိုင်နှုန်း ) သာကေတမြို့၌သာ ၀ါဆိုကြရရှာလေသည်။ ထိုရဟန်းတော်သုံးကျိပ်တို့ သည် ရှင်တော်မြတ်ဘုရားနှင့် “နီးလျှက်နဲ့ဝေး” ဖြစ်နေကြသောကြောင့် မပျော်ပိုက်ပဲ တစ်ဝါတွင်းလုံ၊ နေကြရလေသည်။
ဝါကားကျွတ်လေပြီ၊ သို့သော် မိုးကား မလွတ် သေးပေ၊ မိုးလွတ်သည်ထိလည်း အချိန်ကုန်ခံ၍ စောင့် မနေနိုင်တော့ပေ၊ ထို့ကြောင့် ၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်နှင့် တပြိုင်နက် မိမိတို့ ၀ါဆိုရာ သာကေတမှ ဘုရားရှင် သီတင်းသုံးရာ သာဝတ္ထိသို့ မိုးထဲရေထဲ ရွှံထဲဗွက်ထဲ မှာပင် ဘုရားရှင်ကို ဖူးမြင်ရန် ဆန္ဒ ပြင်းပြကြသဖြင့် မိုးရေစိုရွှဲ ပင်ပမ်းဆင်းရဲစွာ ကြွတော်မူ ကြရလေသည်။
ဘုရားရှင်ထံမှောက် ရောက်ကြ၍ လက်အုပ် ချီမိုး ရှိခိုးကြပြီး သင့်တော်ရာ၌ ထိုင်နေကြသော ထိုဘဒ္ဒ ၀ဂ္ဂီ ညီနောင်သုံးကျိပ်တို့အား ဘုရားရှင်က “ရဟန်းတို့
အသို့နည်း၊ ကျန်းမာကြကုန်၏လော ၊မျှတကြကုန်၏လော၊ အညီအညွတ် ၀မ်းမြောက်ဝမ်းသာ မငြင်းခုံဘဲ ချမ်းသာစွာ ၀ါကပ်ခဲ့ကြပါကုန်၏လော၊ ဆွမ်းအတွက် မပင်ပမ်းပဲ ရှိကြပါကုန်၏လော”ဟု မေးမြန်းတော်မူရာ၊ ရဟန်းတော်များက “ ကျန်းကျန်းမာမာ မျှမျှတတ ညီညီညွတ်ညွတ် နှင့် နေခဲ့ကြရပါသည် ၊ ဆွမ်းအတွက် လည်း မပင်ပမ်းပဲ ရှိကြပါသည်။ သို့သော် သာဝတ္ထိသို့ ၀ါဆိုမှီရန် လာကြပါသော်လည်း ၀ါဆိုရက်နီးကပ်လွန်း သဖြင့် လမ်းခရီးအကြား သာကေတ၌သာ ၀ါဆို ခဲ့ကြရ ပါသည်၊၀ါကျွတ်၍ ပ၀ါရဏာပြုပြီး သည်ဆိုရင်ပဲ မိုးထဲ ရေထဲရွှဲ့ထဲဗွက်ထဲ စိုရွှဲသောသင်္ကန်း များဖြင့်ပင်ပင် ပမ်းပမ်း လာခဲ့ကြရပါသည်ဘုရားဟု” အကြောင်းစုံကို ရှင်တော်မြတ်ဘုရားအား လျှောက်ထားကြလေသည်။ ထိုပါဝေယျကတိုင်းသား ရဟန်းတော်တို့၏ နှစ်ထပ် သင်္ကန်းကိုယ်စီ ဆောင်ထားကြလျှက် မိုးထဲရေထဲ ရွှံ့ထဲ ဗွက်ထဲ၌ မိုးရေများစိုရွှဲကာ ပင်ပမ်းဆင်းရဲကြီးစွာဖြင့် -လာကြရသည်ကို အကြောင်းပြု၍ “ အနုဇာနာမိ ဘိက္ခဝေ ၀ဿံ ၀ုဋ္ဌာနံ ဘိက္ခူနံ ကထိနံ အတ္ထရိတုံ၊ ရဟန်းတို့ ၀ါကျွတ်သော ရဟန်းတို့အား ကထိန်ခင်းခြင်းငှာ ခွင့်ပြု၏” ဟု အစရှိသည်ဖြင့် ကထိန်ခင်းခြင်း (ကထိန်သင်္ကန်း) ကို ရှင်တော် မြတ်ဘုရား ခွင့်ပြုတော်မူပါသည်။
၁။ ဥစ္စာဓန၊ ပေါကြွယ်ဝလည်း၊ လောဘစုံမက်၊
မလှူရက်က၊ တသက်လျှာ လူဖြစ်နာ၏။
၂။ ဘုရားသာသနာ၊ ကြုံတွေ့ပါလည်း၊ ကောင်းစွာ
သီလ၊ မတည်ကြလျှင်၊ ဘ၀တွက်တာ လူဖြစ်နာ၏။
၃။ သူတော်တရား၊ နာရငြားလည်း၊ လေးစားကြိုး
ကုတ်၊ အားမထုတ်က၊ ဆုတ်ယုတ်သင့်မှာ လူဖြစ်နာ၏။
၎။ ဗုဒ္ဓတရား၊ ရှိနေငြားလည်း၊ အမှားနှစ်ခြိုက်
လမ်းလွဲလိုက်က၊ အမိုက်ထိပ်ဆုံး လူဖြစ်ရှုံး၏။
၅။ လက်ရှိဘ၀၊ မရှုံးရအောင်၊ ဒါနသီလာ၊ ဘာဝနာကို၊ မကွာနေ့ည၊ ကြိုးစားကြလော့…. ။
အရှင်ကိတ္တိဇယ(ညောင်ကန်အေး)
ပြီးရင် ကထိန်သင်္ကန်းကပ်လှူကြမယ်။
ပြီးရင် ပဒေသာပင်လှည့်ကြရအောင်နော်။
အိုးစည်ဒိုးပတ်ဝိုင်းလည်းပါတယ်။
♥♥တတ်သူတွေ ♥နပ်သူတွေ ♥စည်းပျက်သာတိုး♥ စည်းပျက်ရင် မင်းးး ခက်မှာဆိုး ♥
 စည်းပျက်သောတိုင်းပြည် စည်းဖျက်သောသူ
စည်းမဲ့သောလူ
စည်းမရှိတော့ဗရမ်းဗတာ
စည်းကမ်းဖောက်ရင်
ထီးနန်းတောင်ပျောက်သေးတာ
စည်းဆိုတာ ထမင်းရည်ပူစည်းတောင်ဆော့ရင်
ထိမှာကျောက်သေးတယ်
အော်................
ဒီလိုကြောက်တာမှ
မှန်တာလား
မှားတာလား
ဖောက်ချင်သလိုဖောက်
ပျောက်ချင်တာပျောက်မှာပေါ့
ဖေါ့တွေးရင်ပေါ့ပေါ့လေးပေါ့
ပေါ့ပေါ့ပါးပါးထားတော့
တစ်နေ့တစ်ခြား လုံးပါးပါးတတ်တယ်
လှူတော့အများ ပါတယ် .....
ဘယ်နယ့် ကဗျည်းထိုးတော့ ရွာသားအလှူ
သူကြီးကောင်းမှု့ ဖြစ်နေတာလည်း
ပျက်အစဉ် ပြင်ခဏ
မြင်ဖို့မတွေး ပျက်မှာပေါ့
ပြင်ဖို့မတွေး ပျက်တာပေါ့
ဒီစာသား ဒီစာစကား
ဘယ်မှာထား ဘယ်လိုနေ
ထွေးထုတ်တဲ့ တံတွေးကောက်မျိုနေ
ရေငတ်သလား ရေပြတ်သလား
အလှူရေစက်လက်နဲ့မကွာ
မေးတတ်မှ မေး ပေးတတ်မှပေး
ပေးတိုင်းရစေ
တောင်းတိုင်းပြည့်စေ
ဒီအတိုင်းဆို
သူတောင်းစားတွေ
သူဌေးဖြစ်တာကြာလှပေါ့
စည်းကမ်း ရှိပါစေ
နည်းလမ်းသိပါစေ
တွေးခေါ်တတ်ပါစေ
မျှော်မြင်တတ်ပါစေ
ချင့်ချိန်တတ်ပါစေ
တတ်သူတွေ နပ်သူတွေ စည်းပျက်သာတိုး
စည်းပျက်ရင် မင်းးး ခက်မှာဆိုး
စည်းပျက်တိုးသူ
အတွက် ခွေးတိုးပေါက်ထား
ရန်မလို ရန်ပြိုတဲ့စကား
ချစ်သူတစ်ထောင်နည်း၏
ရန်သူတစ်ယောက်များ၏
ကြိုက်သလိုယူသော်ရ၏
ယူသလိုကြိုက်သော်ရ၏
စိတ်အညစ်အကြေး စင်အောင်ဆေး
သူနေရာသူ ဆိုတာရှိ၏
ဒူးလည်းဒူးနေရာပေါ့
တော်လည်းတော်နေရာပေါ့
ဆင်သွားလမ်းဖြစ်တယ်ဆိုပေမယ့်
လမ်းတော့ဖြစ်ပါတယ်
သစ်ပင်လေးတွေမှာ
မှီခိုနေတဲ့သတ္တ၀ါတွေ
ဆင်နင်းလို့သေချာပါပေါ့လား
သတ္တ၀ါဆိုတာ အကုန်အသက်ပါတယ်
အကောင်ကြီးတာ ငယ်တာခွဲခြားမနေနဲ့
သူလမ်းသူသွားတာ သူများအသက် သေတာပေါ့
မြင်တတ်အောင်မြင်ကြည့်ပါ
တွေးတတ်အောင်တွေးကြည့်ပါ
ပေါ့ပေါ့နေ ပေါ့ပေါ့တွေး
ပေါ့ပေါ့လေးရေးမထားဘူးနော်
တောင်းတိုင်းလည်းမပေးဘူး
ယူတိုင်းလည်းမရဘူး
လူတိုင်းလည်း မသိဘူး
တွေးခေါ် မျှော်မြင်ဥာဏ်နှင့်ယှဉ်လော့
ယူတတ်ပါစေ
ပေးတတ်ပါစေ
ဒါ.......ဒဿနလေ
Sunday, November 11, 2012
စိတ်ချမ်းသာမှု့ဟာ အပြင်မှာမရှိဘူး စိတ်ချမ်းသာမှု့ဟာစိတ်ထဲမှာပဲရှိတယ်..
်Note    ကိုယ့်ယဉ်ကျေးမူ့ အဆင့်အတန်းဟာ ကိုယ့်စိတ်အဆင့်အတန်းပေါ်မှာ မူတည်တယ် ။   
Note    သိပြီးတော့ မလုပ်သေးရင် မသိသေးလို့ပဲ ။ နဲနဲသိ နဲနဲလုပ်ပါ ။ များများသိ များများလုပ်ပါ ။   
Note    စိတ်ချမ်းသာမူ့ဟာ အပြင်မှာမရှိဘူး ။ စိတ်ချမ်းသာမူ့ဟာ စိတ်ထဲမှာပဲ ရှိတယ် ။   
Note    ဇာတ်လမ်းတွေ ရှည်နေတာ အတ္တကြောင့်ပါ ။   
Note    အမှန်တရားကို ထိုက်ထိုက်တန်တန် နေရာပေးချင်တယ် ။ ဒါကြောင့် ... လွယ်လွယ်နဲ့ လက်မခံတာပါ ။ လွယ်လွယ်နဲ့ လက်ခံရင် အမှန်တရားကို မလေးစားရာ ရောက်တယ် ။   
Note    တစ်ခါတလေမှာ တစ်ဖက်လူက ကိုယ့်ကိုယ် ဂရုမစိုက်၊ အလေးမထားတာ မဟုတ်ပါဘူး။ ကိုယ့်ဖက်က လိုချင်တာတွေ များသွားလို့ပါ။   
Note    အမှားတစ်ခုက နေရာယူပြီး လမ်းပိတ်ထားလိုက်ရင် အမှန်က နေရာ မရတော့ဘူး ။   
Note    စာမတတ်သူအား ငြင်းခုံခြင်း၌ အနိုင်မရ နိုင်ပါ ။   
Note    ယနေ့ ဆိုသည်မှာ မနေ့က သင်စိုးရိမ် ပူပန်ခဲ့သော မနက်ဖြန် ဖြစ်သည် ။   
Note    မစဉ်းစားပဲ စကားပြောခြင်းသည် ၊ မချိန်ရွယ်ပဲ သေနတ်ပစ်ခြင်းနှင့် တူ၏ ။   
Note    သင့်စိုးရိမ်ကြောင့်ကြမူ့ကို သင်သာ သိမ်းစည်းထားပြီ ၊ သင်၏ သတ္တိကိုမူ အခြားသူများအား ဝေငှပါ ။   
Note    ငါးသတ္တ၀ါပင်လျှင် ပါးစပ်ကို မည်သည့်အချိန်၌ ပိတ်ထားရမည်ကို သိလျှင် ဒုက္ခမရောက် နိုင်ပါ ။   
Note    ရှင်ဘုရင်ဖြစ်စေ လယ်သမားဖြစ်စေ မိမိအိမ်တွင်း၌ ငြိမ်းချမ်းမူ့ရှိသောသူသာ အပျော်ဆုံးလူဖြစ်၏ ။   
Note    အဆိုးတွေကို တွေးတဲ့အကျင့် ပါသွားရင် ၊ တစ်ခုခုဖြစ်တိုင်း အဆိုးတွေးကိုပဲ တွေးမိတတ်တယ် ။   
Note    သင့်သားသမီးတစ်ယောက် ကောင်းစွာအိမ်ထောင်ကြလျှင် ၊ သင်သားသမီးတစ်ယောက် ရရှိသည် ၊ .... သို့မဟုတ်လျှင် သင်သားသမီးတစ်ယောက် ဆုံးရှုံးသည် ။   
Note    သဘာဝမကျတဲ့ အယူအဆ တစ်ခုကို ယုံမိရင် ၊ နောက်ထပ် သဘာဝမကျတာတွေကို ယုံဖို့ လမ်းဖွင့်လိုက်သလို ဖြစ်သွားမယ် ။   
Note    ကိုယ့်ကျင့်သိက္ခာကို ဖြူစင်မြင့်မြတ်အောင် မထိန်းသိမ်းနိုင်မူဟာ ကံကြမ္မာဆိုးကို လက်ယပ်ခေါ်နေတာနဲ့ အတူတူပဲ ။   
Note    ပညာရေးကို ကြေးကြီးသည်ဟု ထင်လျှင် ၊ ပညာမတက်ခြင်း၏ အရသာကို ခံစားကြည့်ပါ ။   
Note    ယနေ့ဘွဲ့ရပြီး မနက်ဖြန် စာမလေ့လာသူသည် သဘက်ခါ စာမတက်သူ ဖြစ်သွားမည်။
Note    ငွေရှိကာ မိတ်ဆွေရှိခြင်းက လွယ်၏ ။ ငွေမရှိပဲ မိတ်ဆွေရှိခြင်းကား အောင်မြင်မူ့ တစ်ရပ်ပင် ။။
Note ငါ့ကို ငိုအောင် ပြောမယ်ဆိုရင် မင်းကိုယ်တိုင် အရင်ဆုံး ၀မ်းနည်းမှ ဖြစ်မယ် ။
Note အငြင်းအခုံ မလုပ်ချင်တဲ့သူကို နိုင်အောင်ငြင်းရတာ တော်တော်ခက်တယ် ။
Note ကိုယ့်ကို သူတစ်ပါးက မလေးစားတာ တော်တော်ဆိုးပါတယ် ။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို မလေး...
စားနိုင်တော့တာက ပိုဆိုးပါတယ် ။
Note အားလုံးအဆင်ပြေမှ စိတ်ချမ်းသာမယ်ဆိုရင် ၊ ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး ။ အဆင်မပြေမူ့တွေ ရှိနေပါလျှက်နဲ့ စိတ်ချမ်းသာအောင် နေတတ်မှ တကယ်စိတ်ချမ်းသာအောင် နေတတ်တဲ့သူ ဖြစ်တယ် ။
Note ကိုယ့်ရဲ့ စိတ်ချမ်းသာမူ့ဟာ သူများ သဘေ
ဒါနပြုလျက် ဆင်းရဲရခြင်းအကြောင်း ............
မြန်မာအများစု ဗုဒ္ဓဘာသာဖြစ်ပါလျက် ဒါနပြုပါလျက် ဆင်းရဲရခြင်းအကြောင်း (၁၁)ချက် -
(၁) လိုအပ်သော နေရာတွင် မလှူဘဲ ၊ မလိုအပ်သော နေရာတွင် စုပြုံ၍ လှူကြခြင်း။
...
(၂) သမ္ပဒါလေးပါး ချို့ယွင်းခြင်း။
(၃) စီးပွားရှာရာ မေတ္တာ စေတနာကို အဓိက မထားဘဲ၊ငွေကြေးကိုသာ အဓိကထားခြင်း။
(၄) ပျင်းရိခြင်းကို ရောင့်ရဲခြင်းဟု အထင်မှားခြင်း။
(၅) မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိခြင်း။
နည်းနည်းချမ်းသာလာသည်နှင့် မယားငယ်ထားခြင်း လောင်းကစားလုပ်ခြင်း သေရည်သေရက် သောက်ခြင်းတို့ဖြင့် အောက်ခြေလွတ်လာတတ်ကြသည်။ ထို့ကြောင့် ခောတ်သစ်စကားပုံတစ်ခု ပေါ်နေ၏။ (မြန်မာ ကောင်းစား တစ်မွန်းတည့်)
(၆) အချိန်တန်ဖိုး မသိခြင်း။
လူဘ၀နေရသမျှ အချိန်တိုင်းမှာ ဥစ္စာ ၊ ကုသိုလ် ၊ ပညာ ဗဟုသုတ ဤသုံးမျိုးအနက် တစ်မျိုးမျိုးကို အမြဲတမ်း ရနေရမည်။
(၇) ကိုယ့်ထက်သာလျှင် မနာလိုခြင်း။
ကိုယ့်ထက်သာသူ အပေါ် ၀မ်းသာလျှင် မုဒိတာကုသိုလ်ဖြစ်သည်။မနာလိုလျှင်ဣဿာအကုသိုလ် ဖြစ်သည်။ကုသိုလ် ယူလို့ရပါလျက် အကုသိုလ်ယူခြင်းသည် စိတ်ဓါတ် လူစဉ်မမီခြင်းပင် ဖြစ်သည်။
(၈) စာပေ ဗဟုသုတ မရှိသောကြောင့်
(၉) ဒေသန္တရ ဗဟုသုတ မရှိသောကြောင့်
(၁၀) ခေါင်းဆောင်စိတ် မရှိသောကြောင့်
(၁၁) ကိုယ့်အားကိုယ်ကိုး လိုစိတ် မရှိသောကြောင့်
မြန်မာ အများစုသည် မဆင်းရဲသင့်ဘဲ နှင့် ဆင်းရဲနေကြရခြင်း ဖြစ်သည်။
*** ဆရာတော် ဇ၀န(မေတ္တာရှင်-ရွှေပြည်သာ)၏ စိတ်ဝင်စားဖွယ်ကောင်းသော အမေးအဖြေများ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။ ***
~~~ ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်း ကျန်းမာရွှင်လန်း ငြိမ်းအေးနိုင်ပါစေ ~~~
Tanzin Moe Facebook စာမျက်နှာမှ
ာကျတာ , မကျတာအပေါ်မှာ မူမတည်ရင် ကောင်းမယ် ။
Note သူများချီးမွမ်းတိုင်း , ကဲ့ရဲ့တိုင်း ကိုယ့်စိတ်မှာ ခံစားမူ့ဖြစ်နေတယ်ဆိုရင် ကိုယ့်စိတ်ဟာ သူများပိုင်နက် ဖြစ်နေပြီပေါ့ ။
Note ချီးမွမ်းတယ် , ကဲ့ရဲ့တယ်ဆိုတာ သူတစ်ပါးအလုပ် ၊ သူတစ်ပါး လက်ထဲမှာရှိတယ် ။ ကိုယ့်အတွက်အရေးအကြီးဆုံးက ဘယ်သူဘာပြောပြော သဘောထားမှန်မှန်နဲ့ ကိုယ်လုပ်သင့်တာကို လုပ်နေဖို့ပဲ ။ အဲဒါကတော့ ကိုယ့်လက်ထဲမှာ ရှိတယ် ။
Note ကိုယ့်စိတ်က ကိုယ့်ကို မကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒိစိတ်က ကိုယ့်ရန်သူပဲ ။ ကိုယ့်စိတ်က ကိုယ့်ကို ကောင်းတာလုပ်ဖို့ တိုက်တွန်းနေတယ်ဆိုရင် အဲဒိစိတ်က ကိုယ့်မိတ်ဆွေပဲ ။
Note သူတစ်ပါးရဲ့ အမှားကိုထောက်ပြနိုင်အောင် ကိုယ့်ဘက်က အမှားအမှန်ကို ခွဲခြားသိအောင် အရင်ကြိုးစားရမယ်။
Note " ပျက်အစဉ် ပြင်ခဏတဲ့ " ဒါပေမယ့် ... ခဏနဲ့ပြင်လို့ရတယ်ဆိုပြီး အစဉ်မပျက်ပါစေနှင့်။ Mar
Note အမှားဆိုတာ အဆိုးဘတ်ကကြည့်လျှင် အပြစ်တစ်ခုဖြစ်ပေမယ့် အကောင်းဘတ်က ကြည့်ရင်တော့ သင်္ခန်းစာပါ ။
Note မှားမှန်းသိလျှက်နဲ့ အဲဒီအမှားကို ကျူးလွန်တာဟာ မိုက်မဲမှု့ပဲ ။
Note အလှပဲပိုင်ပိုင် ဓနပဲပိုင်ပိုင် အနိစ္စဆိုတာကို မမေ့ပါနဲ့။
Note အသိပညာ ကြွယ်လိုလျှင် စာများများဖတ်ပါ ၊ အတတ်ပညာ ကြွယ်လိုလျှင် အလုပ်များများလုပ်ပါ ။
Note တန်ဖိုးမဲ့အရာတွေကို တွယ်တာနေရင် တန်ဖိုးကြီးအရာတွေ လက်လွှတ်ဆုံးရှုံး သွားတတ်တယ်။
Note လောကကြီးမှာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ရင့်ရင့်ကျက်ကျက်နဲ့ နေသွားတဲ့ လူတွေလိုတယ် ။ ဘ၀ကို ဒီလိုနေပါလို့ နေပြသွားတဲ့ လူတွေလိုတယ် ။
Note ကိုယ့်ကိုယ်ကို ဘယ်လိုလူဆိုတာ အပြောနဲ့ သက်သေပြလို့ မရဘူး ။ အလုပ်က သက်သေပြနေတယ် ။
Note ကိုယ့်ကိုကိုယ်ကို တကယ်သတ္တိရှိတယ် ထင်ရင် ကိုယ့်အမှားကို ရဲရဲကြီး ပြင်လိုက်ပါ ။
Note အတွေးအခေါ် ဥာဏ်ပညာကြီးမားတဲ့ သူတွေရဲ့ဘ၀ဟာ ဓလေ့ထုံးစံဆိုတဲ့ ဘောင်ရဲ့အပြင်ဘက်မှာ တစ်ခါတစ်ခါ ရောက်နေတတ်ကြတယ် ။ သူတို့ဟာ ဓလေ့ထုံးစံဆိုတဲ့ ဘောင်အတွင်းမှာအမြဲတမ်း မနေပဲ အမှန်တရားဆိုတဲ့ ဘောင်အတွင်းမှာ နေနေကြလို့ပဲ ။
Note ဥာဏ်နဲတဲ့သူဟာ ရုပ်ပိုင်းကို ဦးစားပေးတယ
ဥာဏ်ပညာ ရင်ကျက်တဲ့သူဟာ စိတ်ပိုင်းကို ဦးစားပေးတယ် ။
http://thihathu340.multiply.com/
Saturday, November 10, 2012
ငလျင် ပျက်စီးမှု ဆုံးရှုံးမှု
ရွှေဘိုငလျင် ပျက်စီးမှု နောက်ဆက်တွဲ အချက်အလက်များ
နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၀ အချိန်ခန့်တွင် ရွှေဘို အရှေ့ မြောက်ဘက်ကို ဗဟိုပြုပြီး အင်အား ရစ်ချက်တာစကေး ၆.၈ ခန့်ရှိသည့် ငလျင် လှုပ်ခဲ့ရာ အဆိုပါ ငလျင်ကြောင့် ပျက်စီး ဆုံးရှုံးခဲ့ ရသည်အနက် ယနေ့ မွန်းတည့်ချိန် အထိ သိရှိရသော အချက် အလက်များမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ အဆိုပါ ပျက်စီးဆုံးရှုံးမှု အချက် အလက်များကို ရဲမှတ်တမ်းများမှ တစ်ဆင့် သိရရခြင်း ဖြ...
စ်ပါသည်။
၁) မန္တလေးတိုင်း ဒေသကြီး နယ်မြေ အတွင်း ရှိ စဥ့်ကူးမြို့နယ်တွင် ရွှေဂူကြီးဘုရား မုခ်ဦးတစ်ခြမ်း ပြိုကျ။
၂) ရွှေဂူကြီး အခြေခံ မူလတန်းကျောင်း ရှိ ကျောင်းဆောင်တစ်ဆောင် ပြိုကျပြီး အုတ်တံ တိုင်းပေ ၃၀၀ ခန့် ပြိုကျ။
၃) ရွှေယက်တောင်ဘုရားရှိ တံခွန်တိုင်နှင့် မုခ်ဦးပြိုကျ။
၎) တောရကျောင်းတိုက်ရှိ အုတ်တံတိုင်း ၅ ခန်းပြိုကျ။
၅) ပရိယတ္တိသတ္တမ၀ံသနန္ဒာကျောင်းတိုက်ရှိ အုတ်တံတိုင်းပေ ၆၀၀ ခန့်ပြိုကျ။
၆) အမှတ်(၂) ရပ်ကွက်ရှိ နေအိမ် တစ်လုံးပြိုကျပြီး လူ ၃ ဦးဒဏ်ရာရရှိ။
၇) အမရပူရမြို့ပေါ်ရှိ ပုထိုးတော်ကြီးစေတီ၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အမှတ်(၃၈) ရှိ လေးမျက်နှာ/စေတီနှင့် အမရဌာနနီ အရှေ့ ရပ်ကွက်၊ အကွက် (၃၁) ရှိ အရိပ်မထွက်ဘုရားတို့မှ စိန်ဖူးတော်များ မြေခ။
၈) ကျောက်မြောင်း မြို့နယ်ခွဲ၊ အမှတ် (၂) ရပ်ကွက်ရှိ ဦးမျိုးဇော်(အသက်၊ အဘအမည်၊ အလုပ်အကိုင်) စိစစ်ဆဲ၏ နေအိမ်ရှေ့တွင် ကာရံထားသည့် အမြင့် (၆)ပေ၊ အလျှား(၁၀)ပေခန့်ရှိ အုတ်တံတိုင်း (၃)ခန်း ပြိုကျရာ အနီးရှိ အမျိုးသမီး (၁) ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲမှာ အုတ်တံတိုင်းပိကာ သေဆုံးခဲ့ပြီး၊ (၁၀)ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဒဏ်ရာရသူ (၁၀)ဦး၏ အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာတို့အား စိစစ်နေ။
၉) ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ဧရာဝတီမြစ်ကူးတံတား (ရတနာသိင်္ဃ)လုပ်ငန်းခွင်မှ အလုပ်သမား (၅)ဦး (အမည်၊ အသက်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ)စိစစ်ဆဲ တို့မှာ ရေထဲသို့ပြုတ်ကျပျောက်ဆုံးနေကြောင်းနှင့် တံတားတိုင်အမှတ် RF(1)မှ သံဘောင်ပြုတ်ကျခဲ့ရာ တံတားအောက်ရှိ ကရိန်းရေယာဉ်ပေါ်သို့ ပြုတ်ကျခဲ့သဖြင့် ရေယာဉ်နစ်မြုပ်ခဲ့။
၁၀) ခင်ဦးမြို့နယ် ကဘွက်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် (၂)ထပ် ဘုန်းတော်ကြီးသင် စာသင်ကျောင်း ပြိုကျခဲ့ရာ ကျောင်းထိုင်ဘုန်းကြီး (ဘွဲ့၊ သက်တော်၊ ၀ါတော်၊)စိစစ်ဆဲမှာ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့။
၁၁) မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ စွယ်တော်မြတ် စေတီ(မန္တလေး) စိန်ဖူးတော်သည် အလယ်ပစ္စယံပေါ်သို့ ပြုတ်ကျခဲ့။
၁၂) အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်ရှိ စန္ဒာမုနိဘုရားနှင့် ကျောက်ဆည်မြို့နယ်၊ ဘနွဲ့ရွာ ဝေဇယန္တာကျောင်းရှိ အောင်တော်မူဘုရားမှ စိန်ဖူးတော် များမြေခခဲ့။
၁၃) နွယ်ရုံရွာရှိ ဒို့ညီနောင် စားသောက်ဆိုင် အုတ်တံတိုင်းပြိုကျသဖြင့် အောင်ကျော်ဦး (၂၀)နှစ်၊ (ဘ)ဦးကြည် (စိစစ်ဆဲ)သေဆုံးခဲ့။
၁၄) သပိတ်ကျင်းမြို့နယ်၊ သပိတ်ကျင်းရဲစခန်း၊ ဗဟိုကင်းနှင့် အချုပ်ခန်း အနောက်ဘက်အုတ်နံရံ ပြိုကျ၊ ၁၃) ကြာညှပ်ရဲစခန်းရိပ်သာကျောဘက်နှင့် စခန်းရုံးကျောဘက် နံရံ ပြိုကျ၊
၁၅) စဉ်ကူးမြို့နယ်၊ နွယ်ရုံရဲကင်းရုံး မျက်နှာကျက်ပြိုကျ ၁၅) စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှေ့တွင် ကာရံထားသည့် (၈)ပေ အမြင့်ရှိ အုတ်တံတိုင်း(၁၀)ခန်းပြိုကျ၊
ငလျင် ဒုတိယအကြိမ် လှုပ်နိုင်သည်ဟူသော သတင်းများကြောင့်
ရွှေဘို စည်ပင် သာယာဈေးကို နေ့လည် ၁၁နာရီကျော်မှ စတင်ကာ
ပိတ်သိမ်း ခိုင်းခဲ့ကြောင်းနှင့် စည်ပင် သာယာမှ ဆိုင်ခန်းများ
ပိတ်သိမ်း ထားရန် တစ်ဆိုင်ဝင် တစ်ဆိုင် ထွက် လိုက်လံ
ပိတ်ခိုင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါသည်။
ငလျင်နောက်ဆက်တွဲသတင်း-၆
ငလျင်ထပ်မံလှုပ်မည်ဆိုသော သတင်းများကြောင့် စစ်ကိုင်းမြို့မဈေးကြီးကို ပိတ်ထားကြောင်း သတင်းရရှိသည်။ ဈေးရုံ ၂ ထပ်စလုံးကို ပိတ်ထားပြီး မြို့ခံလူထုမှာ နေအိမ်များထဲတွင်သာ နေထိုင်လျက်ရှိကြောင်း ဒေသခံတစ်ဦးဖြစ်သော မငယ်ကပြောသည်။
.
မန်းလေးမြို့ က ငလျှင်ဒဏ်ကြောင့်  ပျက်စီးသွားခဲ့ တွေကိုကျွနိတော်သိသလောက် တင်ပြပေးလိုက်ပါတယ်
မန်းမြန်မာဈေးချို ပလာဇာ အနောက်ဖတ် အက်ကွဲကြောင်း
မန်းမြန်မာဈေးချို ပလာဇာ ပလာဇာ အနောက် အက်ကြောင်း
မဟာမုနိ ဘုရားအတွင်း နာရီစင် ထီးတော် ယိုင်သွားခြင်း
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ညီညီဇော်
စစ်ကိုင်းမြို့ဘက်ခြမ်းရှိ ဧရာဝတီမြစ်ကူးတံတား ထိပ်ရှိ စစ်ကိုင်းမြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်မှ ခြင်္သေ့ရုပ်တစ်ခု ငလျင်ဒဏ်ကြောင့် ပြုတ်ကျနေသည်ကိုတွေ့ရစဉ်။
မန်းမြန်မာဈေးချို ပလာဇာပလာဇာ တောင်ဘက် အက်ကြောင်း
မန်းမြန်မာဈေးချို ပလာဇာပလာဇာ တောင်ဘက် အက်ကြောင်း
11-11-2012နေ့ 11နာရီမှာ အဝေးကနေလှမ်းမြင်ရတဲ့ မန်းမြန်မာ ပလာဇာ
‎11-11-2012နေ့
11နာရီမှာ အဝေးကနေလှမ်းမြင်ရတဲ့ မန်းမြန်မာ ပလာဇာ
မန်းမြန်မာ ပလာဇာစောင်း၍ဈေးသည်များထွက်ပြေးကြသည်
မန်းမြန်မာ ပလာဇာစောင်း၍ဈေးသည်များထွက်ပြေးကြသည်
ရွှေဘိုမြို့ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး (၆ .၈)ရှိ အင်အားပြင်းငလျင်လှုပ်ခတ်၊စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီးတစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ Sunday, 11 November 2012 ရွှေဘိုမြို့၏ အရှေ့မြောက်ဘက်ကို ဗဟိုပြုကာ ရစ်ခ်ျတာစကေး(၆ .၈)ရှိ အင်အားပြင်းငလျင်တစ်ခု ယနေ့(၁၁-၁၁-၂၀၁၂)နံနက် (၇း၄၂)မိနစ်ခန့်တွင် လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ပြောကြားချက်အရ သိရသည်။ အဆိုပါ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ မိတ္ထီလာနှင့် ရွှေဘိုမြို့အနီး တစ်ဝိုက်တွင် ငလျင်သက်ရောက်မှုရှိခဲ့ပြီး ဒေသအချို့တွင် ထိခိုက်ပျက်စီးမှု အချို့ရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 'ရွှေဘိုမြို့ရဲ့ အရှေ့မြောက်ဘက် မိုင်(၃၀)၀န်းကျင်လောက်ကို ဗဟိုပြု တယ်လို့သိရပါတယ်။ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့အကြား ပတ်ဝန်းကျင်ကို လေ့လာကြည့်တဲ့အခါ ၁၉၅၆မှာ စစ်ကိုင်းငလျင်က အင်အား(၇)ရှိတယ်။ ၁၉၉၁ တကောင်းမှာလည်း အင်အား(၇)ငလျင် ထပ်လှုပ်တယ်။ အဲဒီ ငလျင်တွေနောက်ပိုင်း ဒီငလျင်က အင်အားအပြင်းဆုံးလို့ပြောလို့ရတယ်။ အင်အားအသင့်တင့် ငလျင်တွေ လှုပ်ခတ်ခဲ့တာရှိပေမယ့် ၁၉၉၁ ခုနှစ်နောက်ပိုင်းမှာ ဒီငလျင်က အမြင့်ဆုံး ပမာဏဖြစ်နိုင်တယ်။ စစ်ကိုင်းပြတ်ရွေ့မှာ အပိုင်းလိုက်ငလျင်ကြီးတွေ လှုပ်သွားတာရှိတယ်။ အခုလှုပ်ခတ်မှုက ရှေ့ပြေး လှုပ်ခတ်မှုလို့ပြောလို့ရတယ်။ သမိုင်းအထောက် အထားအရတော့ ကြီးမားတဲ့ ငလျင်တွေမလာခင် ဒီလိုငလျင်မျိုးတွေ လှုပ်တတ်တဲ့အတွက် သတိပြုဖို့ တော့လိုတယ်'ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီအတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားခဲ့သည်။ လတ်တလောရရှိသောသတင်းများအရ ငလျင်ကြောင့်ထိခိုက်ပျက်စီး မှုဖြစ်ပွားမှုသည် ရွှေဘိုဝန်းကျင်တွင် ပိုမိုများပြားကြောင်း သိရှိရပါသည်။ ငလျင်ကြောင့် ရွှေဘိုမြို့၊ ကျောက်မြောင်းမြို့နယ်ခွဲရှိ ဆောက်လုပ်ဆဲ ရတနာသိင်္ဃတံတား(ဧရာဝတီမြစ်ကူးတံတား)ပြိုကျခဲ့ရာ အလုပ်သမား (၄)ဦး သေဆုံးပြီး (၂၅)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Eleven Media Group ရွှေဘိုသတင်းထောက်၏ သတင်းပေးပို့မှုအရ သိရှိရပါသည်။ ထို့အပြင် ကျောက်မြောင်းမြို့နယ်ခွဲရှိ ဘုန်းကြီးကျောင်းနှစ်ကျောင်း ပြိုကျမှုဖြစ်ပွားခဲ့ပြီး (၂)ဦးသေဆုံးကာ နွယ်ငြိမ်းမြို့နယ်ရှိ အိုးဖုတ်ဖို အချို့လည်း ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။ ရွှေဘိုမြို့ရှိ ရွှေချက်သိုဘုရားမှ ကြာမောက်ကြာလန်များ ငလျင်ဒဏ်ကြောင့် ကွာကျခဲ့သည်။ ယခုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် တောင်ပြင်ထီးလင်းတိုက် မြတ်ညီနောင်တိုက်ဦးစေတီမှ စိန်ဖူးတော် မြေခခဲ့ကြောင်း သိရှိရပါသည်။ မဟာမုနိဘုရားကြီးရှိ နာရီစင်ထီးတော် တိမ်းစောင်းသွားခဲ့ပြီး ရှင်မာလဲဘုရားဓမ္မာရုံရှိ အင်္ဂတေပန်းချပ်အချို့ ပျက်စီးခဲ့ကြောင်းသိရသည်။ 'မီးချောင်းတွေ၊ ပန်ကာတွေ၊ ဗီဒိုတွေလှုပ် ခဲ့တယ်။ မတ်တပ်ရပ်တဲ့အခါမှာ ရပ်လို့မရအောင်လှုပ်တာကို ခံစားရတယ်။ မြို့ထဲမှာရှိတဲ့ အတော်များများကတော့ အိမ်အပြင်ပြေးထွက်ကြတယ်။ အခုတော့ နောက်ဆက်တွဲလှုပ်မယ်ဆိုပြီး ပြောနေလို့ စိုးရိမ်နေရတယ်'ဟု မန္တလေး မြို့ခံတစ်ဦးက ပြောပြပါသည်။ စစ်ကိုင်းမြို့တွင်လည်း ငလျင်ကြောင့် အိမ်နံရံကွဲအက်မှု၊ အုတ်အချပ်လိုက် ကွာကျမှုအချို့ဖြစ်ပေါ်ခဲ့ပြီး ဆင်များရှင်ဘုရား စိန်ဖူးတော်နှင့် အရန် စိန်ဖူးတော်(၄)လုံး မြေခခဲ့ကြောင်း သိရသည်။ 'ဒီမနက်ငလျင်ကြောင့် ဆင်များရှင်ဘုရားမှာရှိတဲ့ (၈)လက်မအရွယ် စိန်ဖူးတော်နဲ့ (၃)လက်မ အရွယ် အရန်စိန်ဖူးတော်တွေ မြေခခဲ့ပါတယ်'ဟု ဆင်များရှင်ဘုရား ဂေါပက အဖွဲ့ဝင်တစ်ဦးက ပြောပါသည်။ မိတ္ထီလာမြို့တွင် စက္ကန့်အနည်းငယ်ကြာ ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုများမရှိကြောင်း သိရသည်။ 'ကျွန်တော်တို့ မိတ္ထီလာ၊ မလှိုင်၊ ၀မ်းတွင်း၊ သာစည် (၄)မြို့နယ်လုံးမှာ ငလျင်လှုပ်ပါတယ်။ သိသာရုံပါပဲ။ အခုထိ ထိခိုက်သေဆုံးမှုမရှိပါဘူး။ မြို့နယ်စခန်းအားလုံးကို မေးပြီးပါ ပြီ'ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက ပြောပြပါ သည်။ 'မနက်က ငလျင်လှုပ်တာကိုသိလိုက်တယ်။ အိမ်ကမှန်တွေ မီးချောင်းတွေ ရမ်းနေတယ်။ စက္ကန့်ပိုင်းလောက်ပါပဲ'ဟု မိတ္ထီလာမြို့မှ မသီသီအောင်ကပြောပါသည်။ ထပ်မံသိရှိရသော သတင်းများအရ ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု များသော စဥ့်ကူးမြို့သို့ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနနှင့် မန္တလေးမြို့ရှိ လူမှုရေးအသင်းအဖွဲ့အချို့မှ သွားရောက်ကူညီမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ယနေ့လှုပ်ခတ်ခဲ့သော ငလျင်သည် ၂၀၁၂ခုနှစ်အတွင်း (၁၄)ကြိမ်မြောက် လှုပ်ခတ်ခဲ့သည့် ငလျင်ဖြစ်ပြီး အင်အား(၅ အထက်) ငလျင်(၃)ကြိမ် လှုပ်ခတ်ထားကာ ၂၀၁၂ခုနှစ် ဇူလိုင်လ(၂၇)ရက်နေ့က ဟားခါးမြို့၏ အရှေ့တောင်ဘက်(၁၄)မိုင်ခန့်အကွာတွင် အင်အားရစ်ခ်ျတာစကေး (၅ .၈) ဖြင့် လှုပ်ခတ်ထားသည်။ အသေးစိတ်အချက်အလက်များ သိရှိရပါက ဆက်လက်ဖော်ပြပေး သွားပါမည်။ eleven media group
ဆောက်လုပ်ဆဲ..ရတနာသင်္ဃတံတား ပြိုကြ ပျတ်စီးသွားခြင်း
မန္တလေးတိုင်း မိုးကုတ်မြို့တွင် ငလျင်ဒဏ်ကြောင့် ပေါ်လာသော ဌာပနာ ဘုရားများ NOM
ငလျှင်ကြေင့် ပေါ်ထွက်လာသော စေတီပုထိုး ဌာပနာများ
Friday, November 9, 2012
♥အချစ်မှတ်စုများ♥(1)(2)(3)(4)♥♥
Jan 6, '12 2:24 PM
Love's notes part (1)
My darling ...
How lonely shall I be in this world ?
I am without you
Last a few years ago,
I wrote this sentence
in my golden old diary
" At the gate of my love garden "
" No entrance "
After that ...
Love came in suddenly
Laughing at me
Declared " I can enter every where "
Now ...
How lonely shall I be in this world ?
I am without you
You are without me
I dare not to think about it
My darling sweet heart
With love, Michael Ko <3
Love's notes part (2)
Patient is a flower of love
My darling ...
Patient is a flower of love
That can not grow in every garden
May blossom is your heart
as a sincere love
I shall pour with all my words
as the rain drops upon you
Beauty and pride are so near
like closed friends to each other
May I see your beauty
without pride on you
My darling sweet heart
Written by Michael Ko <3
အချစ်မှတ်စုများ(1)
အချစ်ရေ ...
ဒီကမ္ဘာကြီးမှာ ဘယ်လောက်ထိ ငါ အထီးကျန်နေရမှာလဲ
ငါ့ဘေးနားမှာမင်းမရှိဘူး
လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းကပေါ့
ရွှေရောင်ဒိုင်ယာရီစာအုပ်ဟောင်းလေးထဲမှာ
ဒီစာကြောင်းလေးကို ငါရေးခဲ့တယ်
''အချစ်ဥယာဉ်တံခါးပေါက်"
''မည်သူမှ ၀င်ရောက်ခြင်းမပြုရ"
အဲ့ဒီနောက်တော့
အချစ်ကရုတ်တရက်ဝင်ရောက်လာခဲ့တယ်
လှောင်ပြောင်ပြီးပြောသွားသေးတယ်
ဘယ်နေရာမဆိုငါ ၀င်ရောက်သွားလာနိုင်တယ်တဲ့
ဒီကမ္ဘာကြီမှာ ငါ ဘယ်လောက်အထိ အထီးကျန်နေရမှာလဲ...?
ငါမှာ မင်းမရှိဘူး
မင်းမှာ ငါမရှိဘူး
ငါ အဲ့ဒီအကြောင်းကို တွေးတောင်မတွေးရဲပါဘူး
ချစ်သူရယ် ...
♥♥ translated by ♥Ma..ma♥
------------------------------------------ <3 ------------------------------------------
အချစ်မှတ်စု(2)
စိတ်ရှည်သည်းခံခြင်းသည် အချစ်၏ ပန်းတစ်ပွင့်
ချစ်သူရေ ...
သည်းခံခြင်းကအချစ်၏ပန်းတစ်ပွင့်
ဘယ်ဥယာဉ်ထဲမှာမှ မစိုက်ပျိုးနိုင်တဲ့ ပန်းတစ်ပွင့်ပေါ့
မင်းနှလုံးသားထဲမှာ ပွင့်ဖူးတဲ့
ရိုးသားဖြူစင်တဲ့ အချစ်လိုပေါ့
ငါ့ရဲ့စကားလုံးတွေကိုမင်းအပေါ်မှာ
မိုးစက်မိုးပေါက်တွေရွာချလိုက်သလို
သွန်းလောင်းလိုက်ချင်တယ်
အလှတရားနဲ့ မာနက အရမ်းနီးစပ်တယ်
ရင်းနှီးတဲ့သူငယ်ချင်းနှစ်ဦးလိုပေါ့
မင်းရဲ့အလှတရားတွေကို ငါမြင်တွေ့ပါရစေ
မာနတရားကင်းကင်းနဲ့ပေါ့
ချစ်သူရယ် ..
♥♥ translated by ♥Ma..ma♥.
 Love's notes part (3)
The true love is ...
My darling ...
What do you want from me ?
Tell me all in your mind
The love words,
between you and me
I could write on a golden template
If you want me
I could live as a cloud in your sky
What is your real problem ?
Tell me all in your mind
The love words,
between you and me
I could record on a stone monument
If you want me
I could give my blood as a living stream
My darling ...
I always wish to see your love smiles in your face
Do you know it ?
Do not listen what the people say
Do listen me as your heart beats
But, do remember that
the true love is ...
could not be destroyed by anyone
Even though,
Some people might want to destroy our love
Some people might want to interrupt our love
I will solve all of love puzzles between us
But, do remember that
the true love is ...
could not be destroyed by anyone
My darling sweet heart
Written by Michael Ko <3
အချစ်မှတ်စု( ၃ )
အချစ်စစ်ဆိုတာ.........
ချစ်သူရေ...
မင်းငါ့ဆီကဘာလိုချင်သလဲ?
မင်းစိတ်ထဲမှာရှိတဲ့ အတိုင်းအားလုံးပြောနော်
အချစ်စကားတွေ
မင်းနဲ့ငါကြားက
ရွှေပေလွှာပေါ်မှာ ငါရေးနိုင်ပါ။
မင်းငါ့ကို အလိုရှိရင်
မင်းရဲ့ကောင်းကင်ပေါ်မှာ မိုးတိမ်အဖြစ်
ငါ ရှင်သန်နိုင်ပါတယ်
မင်းရဲအဓိက အခက်အခဲက ဘာလဲ?
ငါ့ကိုအားလုံးပြောပြပါ မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်းပေါ့
အချစ်စကားတွေလေ
မင်းနဲ့ငါ ကြားထဲက
အထိမ်းအမှတ်ကျောက်တိုင်အဖြစ်
ငါမှတ်တမ်းတင်ထားမယ်
မင်းသာလိုချင်ရင်
ငါ့ သွေးတွေကို ရှင်သန်နေတဲ့
စမ်းချောင်းအဖြစ် စီးဆင်းစေမယ်
အချစ်ရေ....
ငါ မင်းမျက်နှာပေါ်က အချစ်ပြုံးတွေကို အမြဲမြင်ချင်တယ်
မင်းသိရဲ့လား?
လူတွေပြောတာကို နားမယောင်ပါနဲ့
ငါပြောတာကို မင်းနှလုံးခုန်သံအနေနဲ့ နားထောင်ပေးပါ
ဒါပေမယ့် အမြဲသတိရပါ
အချစ်စစ်ဆိုတာ
ဘယ်သူမှ ဖျက်ဆီးလို့မရဘူး
လူတွေ တို့နှစ်ယောက်အချစ်ကို ဖျက်ဆီးနှောက်ယှက်ရင်တောင်
အချစ်ရဲ့ ပဟေဌိတွေကို ငါဖြေရှင်းနိုင်ပါတယ်
ဒါပေမယ့် အမြဲသတိရပါ
အချစ်စစ်ဆိုတာ ဘယ်သူမှ ဖျက်ဆီးလို့ မရပါဘူး
ချစ်သူရယ်......
♥♥ translated by ♥Ma..ma♥.
Love's notes part (4)
I'll give you one of mine
My darling ...
The secret of love is that
which keeps it alive
joyous and bliss
consists in its being
loving with its soul
I have read a sentence ...
If you do not have a smile
I'll give you one of mine
How is it so beautiful words ?
My darling sweet heart
Written by Michael Ko <3
အချစ်မှတ်စု(၄)
မင်းကိုတစ်ခုပေးချင်တယ်
ချစ်သူရေ အချစ်ရဲ့လျှိုဝှက်ချက်ဆိုတာ
အသက်ရှင်သန်နေစဉ်
အချစ်ကို နေစဉ်ထိန်းသိမ်းထားခြင်းပဲ
စိတ်ထဲမှာပျော်ရွှင်ခြင်းတွေနဲ့အတူပေါ့
စာတစ်ကြောင်းကိုငါ ဖတ်ဖူးတယ်
မင်းမှာ အပြုံးမရှိရင်
ငါ့အပြုံး မင်းကိုပေးမယ်
အပြုံးဆိုတာ အရမ်းလှပါတယ်
ချစ်သူရေ..
♥♥ translated by ♥Ma..ma♥.