Pages

Tuesday, August 16, 2011

♥♥နွေးထွေးမေတ္တာ♥♥

http://themeworxmedia.com/pix/images/thiha/walls_5_950x300.jpg နွေးထွေးမေတ္တာ

ကောင်းကင်ထဲမှာရှိနေတာ

ငိုချင်လဲ ပုခုံးလေးမှီပါ

မောလာရင်လဲ ရေစီးကြိုတိုက်


မောပမ်းနွမ်းနယ် လက်တွဲဖေးကူ

အကြင်နာအစစ်

ဒီကောင်းကင်ထဲ

ဖြူစင်စရိုက် ဘက်မလိုက်ပဲ

တူညီစိတ်ထားရှိပါတယ်

ပိုက်ဆံပေးလို့ဝယ်ယူမရ

ရွှေထက်ရှားပါး

သူငယ်ချင်းလေးများ 

ဒီကောင်းကင်ထဲရှိပါတယ်.....

Sunday, August 14, 2011

♥စကားမှန်ရင်ရွှေထက်အဖိုးတန်ပါတယ်♥ စကားပုံ ဒဿနပါ



♥စကားမှန်ရင်ရွှေထက် အဖိုးတန်ပါတယ်♥

သုံးလွန်းတင်မှကြိုး  ဒေါင်ဒေါင်မြည်မှအိုး

 ရောက်မိရောက်ရာ   ခေါက်မိခေါက်ရာ

အက်ရာပါလား     မီးကျက်သလား

အမြီးကျက်အမြီးစား  ခေါင်းကျက်ခေါင်းစား

မစားသင့်တာစားရင်  ဂျပိုးနင့်လို့အန်တတ်တယ်
ထွန်လည်းထက်စေ  ယာလည်းညက်စေ    

မိန်းမဖျက်ပြည်ပျက်   မဖက်လိုက်လို့  မိုက်ဖက်ပါ

အမောင်တောင်မှန်း  မြောက်မှန်းမသိပါ

ညောင်ပင်တစ္စေဝေလေလေ  နင်ဘယ်ကိုင်းမှာနေ

ကိုင်းမခုတ်ပဲ ကိုင်းမလှုတ်ပဲ  အမြစ်ဖြုတ်တော့ အပင်သေ 
 ဗိမ္မာန်မရှိတဲ့တစ္စေ နင်ဘယ်ကိုင်းနေ

တောင်ကြိုတောင်ကြား ပေါက်သည့်ဝါး အဖျားခပ်သွယ်သွယ်

အိမ်ကြိုအိမ်ကြားပေါက်သည့်သား  စကားခပ်ကြွယ်ကြွယ်

ခေါက်ချိုးပြောရင် ဇောက်ထိုးနားလည်

စကားမို့ဆို ပျားလိုချိုလေ

ပြောသူမလုပ်  လုပ်သူမပြော

 ပြုတိုင်းပြော ပြောတိုင်းပြု

အလုပ်ထက်  အပြောလွယ်   အပြောထက်

 အလုပ်နှင့်ပြပါကွယ်......

စကားမှန်ရင်ရွှေထက်အဖိုးတန်ပါတယ်......။။။။

စကားပုံ ဒဿနပါ

Saturday, August 13, 2011

စိတ်.............................ရွှေချိန်ခွင်.............................နှလုံး

  
.
စိတ်..............................................ရွှေချိန်ခွင်..................................................ကိုယ်(နှလုံး).

စိတ်နှင့်ကိုယ်ကပ်နေတော့ ညီမျှခြင်းရှိနေသော အခါမျှမျှတတ  ညီညီညာညာတစ်သမတ်ထဲပေါ့
.

.



စိတ်  .............................................................................................ကိုယ်..(နှလုံး)

                              

မိမိ စိတ်ကသွားရာများတော့ မညီမျှတော့ပဲ တစ်ဖက်ကိုစောင်းကျနေတာပေါ့
စိတ်ဘက်ကသွာတာများလေ အောက်ကိုကျလေပေါ့
ကိုယ့်စိတ်ကဘယ်လောက်များသွားသလဲဆိုတာ မိမိကိုယ်ကို
မိမိကြည့်မှသိမှာပါ....စိတ်သွားရာမှာ များလေဟိုးးးးအောက်ကျလေပေါ့တဖက်သတ်စောင်းကျနေတာအောက်နားကပ်နေပြီ
ကောင်းမှု့ မကောင်းမှု့စိတ်သွားရာကြည့်ပေါ့

       စိတ်  .............................................................................................ကိုယ့်...နှလုံး


.တစ်ဖက်ကတော့ကိုယ့်နှလုံးကတစ်ခုထဲဆိုတော့ 
အပေါ်ကိုရောက်နေတော့တာပေါ့


စိတ်ဖက်ကသွားတာများလေသူကအပေါ်ရောက်လေ
မိမိကိုယ် ကိုတော့  အပေါ်ရောက်နေတယ်ထင်တာပေါ့









စိတ်ရယ်  မိမိကိုယ်ဖြစ်တဲ့နှလုံးလေးကဒီရွှေချိန်ခွင်လို တစ် ပြေးညီတူတူရှိဖို့  တော်တော်ကိုင်တွယ်ထားသိုရခက်ပါတယ် 
စိတ်နဲ့ မိမိကိုယ်နဲ့ တူတူရှိမရှိကြည့်လိုက်ပါ ဗျာပါရ တွေများပြီး
စိတ်ကရောက်မိ ရောက်ရာငြိတွယ်  ကပ်ရောက်နေတတ်ပါတယ်

 ချိန်ခွင်လေးလို  ညီမျှအောင် မနည်းကိုပြန်ခေါ်ရတယ်နော်......................





..ကိုယ့်စိတ်ကို ကြည့်ပါ  များများစိတ်ကသွားလေ  သာသာထိုးထိုး တစ်ဖက်ကိုစောင်းကျနေသမျှ
အောက်ချေကပ်လေ   ဟိုးးးးးးးးးးးးးးးးအောက်နားရောက်သမျှ  ငရဲ ကျနေတော့တာပေါ့
ဟိုးးးးးအောက်ဇောက်ထိုး မကျအောင်  ညီမျှအောင်ကိုယ့်စိတ်သွားရာကြည့်ပြီး
 ညီမျှအောင်နေထိုင်ပါ ရှု့ပါ ကျင့်ပါ   ဒါမှတရားနည်းလမ်းကျကျ  တစ်သမတ်တည်းထားတဲ့ စိတ်   ထား နေထိုင်ကျင့်ကြံ  အားထုတ်နည်းပါ......

ပုထုဇဉ်လူသားများ  တရား  ကြည့်မြင်  တတ်ပါစေ........

အောက်အ၀ိဇိသို့
ဇောက်ထိုးးးးးမဆင်းတတ်ပါစေနှင့်

.

Thursday, August 11, 2011

Articles 文章 ဓမ္မစာပေများ - Chinese Myanmar Buddhist Association

ရှင်းသန့်တဲ့ နှလုံးသားတစ်စုံ

ချစ်သူရေ.................................................

ငါဟာ လယ်ကွင်းစိမ်းစိမ်းလေးတွေထဲမှာ  သန့်ရှင်းကြည်လင်တဲ့လေနုအေးလေးတွေရှုရှိုက်ရင်း 


မင်းကိုလဲ ငါနဲ့အတူ သန့်ရှင်းကြည်လင်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်စေရင်း.

မင်းရဲ့ စိတ်နှလုံးသားလေးကို အေးမြမှု့လေးပေးချင်ပါတယ်

ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့

မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူး


ချစ်သူရေ.........

ငါထင်တယ် မင်းရဲ့စိတ်မှာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေခဲ့တော့

ငါ့ရဲ့ မေတ္တာ အကြင်နာတွေ လိုအပ်နေတယ်

ဒါကြောင့် မင်းကို အေးမြတဲ့လေနုလေး တွေလို

သန့်ရှင်းကြည်လင်တဲ့မေတ္တာထားပြီ


ငါရင်ထဲနှလုံးသားမှာ မင်းကို ဘာနဲ့မှနိုင်းယှဉ်မပြနိုင်တဲ့

ချစ်ခြင်းတွေနဲ့ နှစ်သိမ့်ပေးပြီး ငါ့အချစ်တွေဟာ

လယ်ကွင်းစိမ်းစိမ်းလေးထဲက ဖြတ်တိုက်လာတဲ့ သန့်ရှင်းတဲ့လေနုအေးလေပေါ့

 ငါဟာ အချစ်တွေ အကြင်နာတွေ မေတ္တာတွေ နဲ့နှစ်သိမ့်ပေးပြီး မင်းရဲ့နှလုံးသားလေးကို

မင်းစိတ်လေးကို အေးမြစေမယ်ငါ့အချစ်ရယ်.......

ချစ်သူရေ.........
ငါဟာ စိမ့်စမ်းရေအေးလေးတွေ တောတောင်တွေဖြတ်တိုက်လာတဲ့

သန့်ရှင်းကြည်လင်တဲ့ လေနုအေးလေးတွေကို ရှုရှိုက်ရင်း.

ငါဟာမင်းကိုသတိရတမ်းတပြီး မင်းကိုလဲ ငါနဲ့အတူ  အေးမြတဲ့လေနုလေး တွေရှုရှိုက်စေရင်း.

မင်းရဲ့ စိတ်နှလုံးသားလေးကိုအေးမြမှု့လေးပေးချင်ပါတယ်

  ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့

မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူး

ချစ်သူရေ........

ငါ့ရဲ့ရှင်းသန့်တဲ့ နှလုံးသားတစ်စုံဟာမင်းအတွက်ရှင်သန်နေတာပါ

.

ငါခန္ဓာကိုယ်မှာ လှည့်ပတ်စီးဆင်းနေတဲ့ သွေးတွေဟာ မင်းဖြစ်နေတယ် 

ငါ့နှလုံးခုံသံကိုကြားနိုင်ရင် မင်းကိုချစ်တဲ့စည်းချက်သံစဉ်တွေမင်း ကြားရမှာပါ

ငါ့အချစ်ရယ် အဲ့ဒါဟာဘာကြောင့် ဖြစ်ပေါ်လာတာလဲလို့


မင်းငါ့ကိုမေးလာရင် ငါ့မှာဖြေစရာစကားမရှိပါဘူးငါ့အချစ်ရယ်



Wednesday, August 10, 2011

i like photo ပုံတွေကြည့်ပြီး ဘဝမှာပျော်ပျော်နေရအောင်


စောင်းလုလင်
သင် မပျော်ပဲ စိတ်ညစ်နေပါသလား ..... သူတို့တွေကို ကြည့်လိုက်ပါနော် ။
complaining
လုပ်အားခတွေ၊ဝင်ငွေတွေနည်းလို့ စိတ်ညစ်နေပါသလား ... ဒီလိုကလေးကိုကြည့်လိုက်ပါ ။

complaining
အဖော်မဲ့လို့ အထီးကျန်နေပါသလား။တိရိ စ္ဆာန်တွေလည်း လူတွေအတွက် သူငယ်ချင်းတစ်မျိုးပါပဲ။
အောက်ပုံကိုကြည့်လိုက်ပါ။
complaining
ဘဝက ခက်ခဲလို့အရှုံးပေးတော့မှာလား။ ဒီဘိုးဘိုးကို မြင်ကြည့်လိုက်ပါ ။
complaining
ဘဝက ကြမ်းတမ်းလို့စိတ်ပျက်နေပါသလား။ သူ့ထက်ပိုပြီး ရုန်းကန်နေရလား ။ကြည့်လိုက်ပါ။
complaining
ကားမရှိ၊ ဆိုင်ကယ်မရှိလို့ စိတ်ညစ်နေပါသလား...... သူတို့တွေကိုကြည့်လိုက်ပါ။
complaining
သားသမီးတွေက ကောင်းကောင်းမဆက်ဆံဘူးလား ။ ဒီဖွားဖွားကိုကြည့်လိုက်ပါ ။

complaining
အဆင့်မြင့်နည်းပညာနဲ့သင်ယူရတာ ပျင်းရိနေလား ။
မြေပြင်ပေါ်မှာ သင်ယူနေရတဲ့လူတွေကတော့ မပျင်းလောက်ဘူးထင်တယ်။
complaining
အစားစားရင် အသားပါမှစားတာလား ။
အသားမပြောနဲ့ ထမင်းနပ်မမှန်တဲ့လူတွေအများကြီး ရှိပါ၏ ။
complaining
မိဘရဲ့နွေးထွေးမှု မလုံလောက်ဘူးလို့ ခံစားနေရပါသလား ......။
မိဘမဲ့တဲ့ မသန်မစွမ်းကလေးတွေအများကြိး ရှိပါ၏ ။
complaining
ကစားစရာတစ်မျိုးပဲရှိလို့ ငြီးငွေ့နေပြီလား ..... ။
စက်ပစ္စည်းမပြောနဲ့... သံမှိုလေးတောင် မကိုင်ဖူးတဲ့ကလေးတွေအများကြီးရှိပါ၏ ။
complaining
ကမ္ဘာကျော်နာမည်ကြီး Adidas တံဆိပ်ပါတဲ့ ဖိနပ်မကြိုက်လို့ Nike တံဆိပ် ထပ်ဝယ်မလို့လား ။
တံဆိပ်တစ်ခုပဲရှိတဲ့ ရေသန့်ဗူးခွံဖိနပ်သာ စီးနေရတဲ့လူတွေ အများကြီးရှိပါ၏ ။
complaining
အိပ်ယာခင်း၊ ခေါင်းအုံးနှင့်စောင် အပြည့်အစုံပါတဲ့ အိပ်ယာပေါ်မှာတောင် မအိပ်ချင်သေးဘူးလား ။
ကြမ်းပြင်၊ မြေပြင်ပေါ်မှာအိပ်ကာ ဘယ်တော့မှပြန်မထတော့ပဲ ထာဝရအိပ်စက်သွားပါရစေ လို့ ဆုတောင်းပြီး အိပ်နေရတဲ့လူတွေလည်း အများကြီးရှိပါ၏ ။
complaining
ကဲ.... သူငယ်ချင်းတို့ရေ...
ပုံတွေကိုကြည့်ပြီးတော့ ဘာအသိတွေရသွားပါသလဲ။
ကျနော်ကတော့ လက်ရှိနေထိုင်နေတဲ့ဘဝကိုသာ တန်ဖိုးထားသင့်တယ်လို့ထင်ပါတယ်။
အဆင်မပြေမှုတွေကြုံတိုင်းလည်း ကိုယ့်ထက်ပိုပြီး အဆင်မပြေ
တဲ့လူတွေကိုကြည့်ပြီးတော့ အော်.. ငါ့ထက် အခြေအနေပိုဆိုးတဲ့လူတွေရှိသေးတာပဲ.. ငါ့ဘဝက အဲ့လောက်လည်းမဆိုးသေးပါဘူးလို့ ကိုယ့်ကိုယ်ကို အားပေးသင့်တယ်။
 လက်ရှိ ရရှိနေတဲ့ဘဝသာ ကံကောင်းလွန်းလှပါပြီ ။
ဘယ်အရာကိုမှ မစွဲလမ်း၊မမက်မောပဲ ပျော်ပျော်သာနေထိုင်သင့်တယ်လို့
ထင်ပါတယ်... သူငယ်ချင်းတို့ကရော..... ဘယ်လိုလဲ။။။။

http://www.shwemyotaw.com/profiles/blogs/5442636:BlogPost:1953790#comments






ဘ၀မှာ ရောက်တဲ့နေရာ

အစဉ်ပြေအောင်နေတတ်ပါစေ

ရှုမြင်သုံးသတ်ချက်မှန်ကန်ပါစေသူငယ်ချင်း





ပေါတဲ့လူပေါပါ့
ရှားပါးသည့်သူကုန်းကောက်စရာမရှိပါ

Monday, August 8, 2011

i like photo ကလေးမြို့


ဒီပုံလေးက မြို့ဝင်ဝင်ချင်းမှာမြင်တွေ့ရမယ့်ပုံလေးပါ
ကလေးမြို့အ၀င်ဆိုင်းဘုတ်ကိုလည်း ဒီလိုလှလှပပလေးမြင်တွေ့ရမှာပါ
မြို့ပြင်မှာရှိတဲ့ လယ်ကွင်းတွေကလည်းစိမ်းစိုနေပါတယ်
တန်ခိုးအရမ်းကြီးတဲ့ ရေဆန်ကျွန်းဘုရားပုံပါ
ချင်းတောင်တန်းပုံကြီးပါ




ကလေးတက္ကသိုလ်ပါ(မိန်းလမ်းကြီးကရှည်ကြီးပဲ)
ဒါကတော့ ဖလမ်းမြို့မှာရှိတဲ့ အသည်းနှလုံးပုံရိရေကန်ပါ(အရမ်းလှတယ်နော် စိမ်းစိုနေတာပဲ)

ချင်းဝတ်စုံလေးနဲ့ ရိုက်ထားတဲ့ အမေစုရဲ့ပုံပါ