Pages

Sunday, August 7, 2011

♥♥ချစ်မိုးတွေရွာ ♥♥


Photobucket
Photobucket..

♥♥♥♥♥♥♥♥

♥♥ချစ်မိုးတွေရွာ ♥♥


 ♥ချစ်မိုးတွေရွာ ♥
ဟိုတိမ်းဒီယိမ်း လေဝေ့ တွင်
သူလာငင်တော့ မေက ယိမ်း

တစ်နွယ်ငင် တစ်စင်ယိမ်း

တိမ်လေပြေးလွား သူစိတ်ကစား

တိမ်လေ ဆော့ကစားသူ့စိတ်ထား

ကွက်ကြားမိုးရွာ ရွာရန် ရာနုန်းပြည့်

အချစ်မိုးရွာရန် ရွာရန် ရာနုန်းပြည့်

လောကတစ်ခွင် မြင်မြင်သမျှ

အချစ်ကလှပ စိမ်းစိုလန်းဆန်း

ဒီပန်းမာလာ တော်ဝင်သွေးမို့

အသစ်လေး အသစ်လေးနဲ့

ပြစ်မပြေးလောက်ပါဘူး ကတိပေးနော်

အချစ်လေး အချစ်လေးနဲ့

ပြစ်မပြေးလောက်ပါဘူး ကတိပေးနော်

အမူပိုကာနော့မြူမယ့်ဟန်

သံစဉ်ပိုကာ ချော့မြူသည့်ဟန်

ချစ်ကျော့ကွင်းမှာ ညိတွယ်သွား
အသဲမိုးတွေရွာ  ပွေ့ဖက်ကာထား
ချစ်မိုးတွေရွာ ထွေးဖက်ကာထား




အချစ်၏ ရလဒ် ။ ၁ ။။ ဘ၀ထဲမှ ဘ၀တစ်ခု ပေါက်ကွဲလွင့်စင်ခြင်း


Love Scraps and Graphics
Heart Scraps and Graphics..

ဘ၀  နှစ်ခုပေါင်းစည်း နေထိုင်ခြင်း

သိပ်ချစ်သော   မောင်နှင့်  မ...ဘဝ

မိဘဆွေမျိုးထက် ပိုချစ်လို့အားကိုးယုံကြည်စွာ တစ်ဘ၀လုံးပုံ၍ ချစ်မိလိုက်သည် 
တားဆည်းပိတ်ပင်မှု့ များစွာထဲမှနေ၍  မောင်  မှ  မောင်  သူသာကိုယ့် ဘ၀  ကိုယ့်ကမ္ဘာ   သိပ်ချစ်တတ်လွန်းသည့် ချစ်သူ  အမျိုးမျိုး  အကိုမောင်တွေတားဆည်းပိတ်ပင် ရိုက်နှက်သည့်ကြားမှ  ရအောင်ကြံဆောင် ချစ်အနွံတာခံခဲ့သည့်မောင်

အိမ်ထောင်သက်တမ်း  ကြာလာလဲ  သူ့လောက်ချစ်သည့်သူ ချစ်တတ်သူ လောကရှိမယ်မထင်ပေါင်ဟု ကိုယ့်ကို ကိုယ်ကျေနပ်ဂုဏ်ယူနေတတ်ခဲ့သည်
အင်္ကျီကအစ သူကိုယ်တိုင်ဝယ်ပေး အလုပ်မအားသည့်ကြားထဲမှ မိန်းမအတွက်ဆိုကာ ကိုယ်တိုင်တစ်ခါတစ်ခါ  ချုပ်ပေးတတ်သေးသည်။။

စားချင်တာကိုလဲကိုယ်တိုင်  ကိုယ်ကျ  မအားသည့်ကြားမှ ချက်ကျွေးတတ်သေးသည်
သူကအချက်အပြုတ်လည်းတော်သည် တရုတ်စားသောက်စရာတွေ ချက်ပြုတ် သင်တန်းတက်ထားခဲ့တော့ မိသားစုကို ကောင်းကောင်းချက်ကျွေးသည်။။။

သားသမီးတွေကိုလဲချစ်တတ်လိုက်တာ  လိုလေသေးမရှိစေရ ဖြည့်ဆည်းပေးနေသည့်သူ
မြန်မာထမင်းဟင်းကိုယ်စားချင်လို့ချက်လျှင်ပင်  သူ့ကလေးတွေ
အပုတ် အစပ်တွေကြိုက်မှာဆိုးသည့်သူ သားသမီးတွေကို စားသောက်နေထိုင်တာမှအစ

မိန်းမတစ်ယောက်လိုပူပင်နေတတ်သည် ဒီလိုမျိုး ချစ်သူ  ယောက်ျားတစ်ယောက်ကို

မိဘတွေမောင်နှမတွေ သဘောမတူသည့်ကြားမှ  ဇွတ်အတင်း နှစ်ဦးသဘောတူချစ်ကြည်ဖြူုပြီး 
ဆိုးတူကောင်းဖက်   လက်ထပ်ပေါင်းသင်းနေထိုင်ခဲ့ကြတာ  ဘ၀မှာသာယာချမ်းမြေ့ သောအိမ်ထောင်ရေးပေါ့ဟုလဲ ကိုယ့်ကိုယ်ကို စိတ်ဘ၀င်ပီတိဖြစ်နေမိသည်  ။။။။

ဘာသာမတူ လူမျိုးခြားပေမဲ့  သူကတရုတ်  ကိုယ်ကမြန်မာ ဟုတခါမှမတွေးခဲ့ဘူး အတူတူ ဗုဓ္ဒဘာသာ ကိုးကွယ်နေထိုင်ခဲ့ကြသည်  နှစ်ကူးဆိုလဲ  သူ့မိသားစုနည်းတူ အိမ်မှာနှစ်ကူးပေါ့  တစ္စေကြီးပွဲဆိုလည်း ဘိုးဘွားကန်တော့ရင်း အိမ်မှာမိသားစုအတူတူ  လိုက်ကူးပေါ့ ဒီလို  ပျော်ရွှင်စွာနေထိုင်ခဲ့ကြသည် ဘုရားကန်တော့လည်းအတူတူ ဘုံကျောင်းတက်လည်းတူတူ  စာချလည်းတူတူပေါ့  လူလူခြင်း ချစ်ခင်စွာစည်းလုံးနေထိုင်ခဲ့သည်။။။။

၂ယောက်ပေါင်းမွေးထားတာလေးတွေကလဲ  ချစ်ချင်စရာ  ဖြူဖြူဖွေးဖွေး  သမီးမိန်းမလေးတွေ မြန်မာ့အသားလိုညိုတာလေးတွေတစ်ယောက်မှမပါ
သူ့ပါးပါးလို တရုတ်ပုံစံ အသွေးအမွေးအရောင်ကအစပေါ့  ပညာဥာဏ်ကလည်းထက်ပါ့
သူများတွေကပြောတာတော့  ကပြားမို့ဥာဏ်ပိုကောင်းတာတဲ့
မိဘ ဆွေမျိုးသာခြင်းတွေကလည်း   သဘောမတူခဲ့ပေမဲ့  ကလေးတွေမွေးလာတော့လဲချစ်လိုက်ကြတာ တုန်နေသည် ။။။

ဒီလို အိမ်ထောင်ရေး မှာ ပျော်ရွှင်ချမ်းမြေ့စွာဖြတ်သန်းနေထိုင်လာရင်း
ခုတော့  ဘယ်လိုမှမထင်မှတ်သော  ဘ၀တခု  အပြောင်းအလဲကို နဖူးတွေ့ ဒူးတွေ့
ကြုံတွေ့လိုက်ရသည်   မထင်မှတ်ထား သော သူက မလုပ်အပ်သောအလုပ်ကို လုပ်ပြလိုက်သည့်  အခါ  ကြေကွဲစို့နင့် ငိုကြွေးယုံမှတပါး  ဘာမှမတတ်နိုင်တော့

ဒါအချစ်၏ နောက်ဆက်တွဲ  ရလဒ်ပေါ့  သူ၏  မောင်လေး အမျိုးသမီးကိုမှ
သူက တိတ်တိတ် ယူငင် ပေါင်းသင်း  ကလေးတောင်မွေးသတဲ့ အံရောရှင်
သူ့ အကျင့်က  လက်ဖျားခါလောက်သည် ဘ၀တကွေ့မှာ လမ်းဆုံးအထိ
ကိုယ်က မခွဲမခွာ မိသားစုတူတူ
လျှောက်လှမ်းဖို့ကို  သူလက်က  မြဲမြံစွာဆုတ်ကိုင်မထားနိုင်   လမ်းတ၀က်တွင် သူလက်တွဲဖြုတ်ဖို့ စကားဆိုလာလေပြီ  ခုမှတော့  ကိုယ့်ကိုယ်ကိုလဲ အပြစ်မတင်ချင်တော့  လက်မတွဲချင်ပေမဲ့လဲ  ရင်ထဲအသဲထဲ  နာကြည်းကြေကွဲစွာ
သူ့ကိုသမီးလေးတို့အဖေအဖြစ်  သူဖြုတ်ချသည့်လက်ကို  အတင်းလိုက်လံဆွဲကိုင်ထားရင်း ပေါင်းသင်းနေထိုင်ရတော့မဲ့ဘ၀  မချစ်သော်လည်းအောင့်ကာနမ်း  မနမ်းသော်လည်းပင့်သက်ရှိုက်  ဒီဘ၀ လမ်းကိုဆုံးသည့်အထိ  တူတူလျှောက်လှမ်းရမှာ  တစ်ခါတစ်ခါတွေးမိရင်း စိတ်ထဲမှာနင့်နင့်သည်းသည်း  နာကျည်းမုန်းတီးမိနေသည် ။။

 ချစ်လို့ ယူခဲ့ကြပြီးမှ
ခုတော့  ဘာသာမတူသောသူကို ယူ
ခဲ့မိလို့ဖြစ်ပေါ်လာသောနောက်ဆက်တွဲ

မိဘ သဘောမတူသူကို ယူခဲ့မိလို့ဖြစ်ပေါ်လာသောနောက်ဆက်တွဲ

တွေ့သောသူကို  သနားကြင်နာတတ်သော နီးစပ်ရာသာယာတတ်သော
ယောက်ျား တစ်ယောက်၏  အကျင့်စရိုက်ကို  ရွှံ့ရှာမုန်းတီးစက်ဆုတ်စွာဖြင့်
သားသမီးများရှေ့ရေး အတွက်  လက်တွဲထားရပေအုံးတော့မည်။။။

သိပ်ကို  တန်ဖိုး ရှိသော အချစ်

 ဘ၀နှင့် ရင်း၍

အချစ်တခု၏  နောက်ဆက်တွဲ ရလဒ် ကို  ခါးသည်းစွာ စားသုံးနေထိုင်ရင်း

ဘ၀ထဲမှ  ဘ၀တစ်ခု  ပေါက်ကွဲလွင့်စင်ခြင်း

အချစ်၏   ရလဒ်   ။       ၁    ။။

ဒါလားအချစ်  တစ်ခု   နောက်ဆက်တွဲ ဘ၀နှင့်ခံစား 

ညီမလေးများဖတ်စေ့ချင်ပါသည်။။။။။။။။။။။။။။။။။။။။


အချစ်၏   ရလဒ်   ။       ၂    ။။

ကို  စောင့်မျှော်နော်...............................

.








Thursday, August 4, 2011

5.8.2011 ဒီနေ့ မွေးနေ့ရှင်လေး ကောင်းသော မနက်ဖန်များစွားကို ပိုင်ဆိုင်ရပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ...


မွေးနေ့ရှင်လေး ကောင်းသော မနက်ဖန်များစွားကို








ပိုင်ဆိုင်ရပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ...
Happy Birthday Scraps and Graphics.


zinyaw17zinyaw17.
Happy Birthday Scraps and Graphics

.

.
...
.


.

..


http://img121.imageshack.us/img121/4469/6b58ae25b4378e9e2176b12.gif
.http://friends18.com/img/happy-birthday/0319.gif
.

ပမာနိုင်းဆို မပြောလိုဘူး မေ့မေ့မေတ္တာ လွမ်းသောကြောင့်

..

.
.

.
916030.










ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ အေးချမ်းနေပါစေ မွေးနေ့ မှာ
♥ အမိ ♥အဖ♥ ဦးထိပ်ထားကျေးဇူးဆပ်၍
ပျော်ရွှင်စေကြောင်း ဆုမွန်တောင်းလိုက်ပါတယ်။
 ဘုရားလဲလှုနော် လက်ဆောင်ပေးတာနော် အဆင်ပြေပြီး
ကိုယ်စိတ်နှလုံးကျန်းမာရွှင်လမ်းချမ်းမြေ့ပါစေဇောတိကလိုဝိသာခါလို
ပေါကြွယ်ဝလို့ ပြည့်စုံ၍လောကီ၊ လောကုတ်
နှစ်ဖြာတိုးတက်ချမ်းသာကာရည်မှန်းချက်ပန်းတိုင်သို့ခလုတ်မထိ
ဆူးမငြိဘဲ ပျော်ရွှင်စွာလျှောက်လှမ်းနိုင်ပါစေ
ဆုတောင်းမေတ္တာပို့သပေးပါတယ်။ဒီနေ့ မှစ၍
မွေးနေ့ပိုင်ရှင် လေးအနာဂတ်ရဲ့ အလင်းရောင်လေးတွေ ထာဝရ
တောက်ပနေပါစေ ဆုတောင်းပေးပါတယ်နော်ဝေဆာလှပ
မွှေးကြိုင်တဲ့ ကောင်းမွန်သော ရနံ့ရှိသောသူ ဖြစ်နိုင်ပါစေနေ့ရက်တိုင်းမှာ
ပျော်ရွှင်ခြင်းတွေသာဖြစ်တည်ပါစေ........။
မွေးနေ့ရှင်လေး ကျန်းမာပျော်ရွှင်ပါစေ..........
.အဝေးးးးးးးးးတစ်နေရာက..ဆုတောင်းပေးလိုက်ပါတယ်....။Happy Birthday Scraps and Graphics.Friends18.com Orkut MySpace Hi5 Scrap Images.
5.8.2011 ဒီနေ့ မွေးနေ့ရှင်လေး ကောင်းသော မနက်ဖန်များစွားကို ပိုင်ဆိုင်ရပြီး ပျော်ရွှင်ချမ်းမြေ့ပါစေ...
ဒီနေ့  မွေးနေ့ ပိုင်ရှင်လေး ကိုယ်စိတ်နှစ်ဖြာချမ်းသာပါစေ

သူငယ်ချင်းလေး   ကစားဖော်လေး

ဒီ မွးနေ့ ရက်မြတ် ကျန်းမာချမ်းသာ အသက်ရှည်ပါစေ
ဘေးကင်းရန်ရှင်း  စည်းစိမ်ရတနာပြည့်စုံစွာနှင့်

လောကအလယ်မှာ တန်ခိုး ထက်လို့
ကျက်သရေမင်္ဂလာနဲ့ပြည့်စုံသော
သူလေး ဖြစ်ပါစေ ချမ်းသာသုခ အဖြာဖြာ ရရှိနိုင်ပါစေ
လောကအလယ်တင့်တယ်စွာ
ဘုန်းကျက်သရေပြည့်စုံသော
အမျိုးကောင်း ရတနာလေးဖြစ်ထင်ပေါ်ကျော်ကြားနိုင်ပါစေ
လောကအကျိုး
လောကီအကျိုး
သာသနာ့အကျိုး
သယ်ပိုးထမ်းရွက်နိုင်ပါစေ
ဘေးကင်းရန်ကွာ
လိုတာပြည့်စုံပါစေ
ဝိသာခကျောင်းအမလို
ဇောတိကသူဌေးမင်းလို
မရှိ မရှားလိုအင်ဆန္ဒ မှန်သမျှ ပြည့်စုံပါစေ
ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေ
သာသနာ့အကျိုး  လောကီအကျိုး. လောကုတ္တရာအကျိုး သယ်ပိုးနိုင်ပါစေ
သူငယ်ချင်းလို  ညီအမလို ဆွေမျိုးလို
နေထိုင် ချစ်ခင်ပေးသောမွေးနေ့ရှင်အတွက်ဝေးတစ်နေရာမှ                               ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်..............
Happy Birthday Scraps and Graphics.


More

Friends18.com Birthday Flash

Wednesday, August 3, 2011

ပန်း ပိတောက်မင်းးးးး




ပန်း ပိတောက်မင်းးးးး
 

 လက်ကမ်း လင့်ချီ ယနေ့ပွင့်သည်
အသစ် အဖြစ်  သူ့ တစ်ရာသီ  ထပ်ဖူးခဲ့ပြီ
နောက် အသစ်တဖန်  ရှင်သန်ရအောင်
စိုက်ပျိုးသည့်သူ  တန်ဖိုး သိသူ
အပင်အိုမှ   ခုတ်ယူ စိုက်ပျိုး
တန်ဖိုးမြတ်လှ  ပိတောက်မင်း  ပျိုလေး
သူအစွမ်းနှင့်  သူခွန်အားပေါ့   ဖူးတံဝင့်လို့  လှပလေပြီ
ထို့အတူပင်  အပင်အိုမှ  အပင်သစ်စီ  လက်ကမ်း လင့်ချီ
ဖူးတံလေးတွေ ပွင့်ဖတ်ဝေသီ လှသွေးကြွယ်မည်
ငယ်နုသွေး  တဲ့ 
လောကအတွက်  လှပနေသည်
  ပိတောက်မင်း  ဆိုသည့်  ပန်းမြတ်ပုံသွင် ရှိစေချင်သည်
  လှပတင့်ဆန်း လောကလမ်းဝယ် 
မြင့်မြတ်စေ့ချင့်စမ်းပါတယ်..................။




 

(ငါ့)ချစ်သူသာဖြစ်ပါ၏။ ။






ချစ်သူ



 ~~~~
မျက်စိကိုမှိတ်ထားပါလျက်
 ကောင်းကင်ကို သတိရသည့်အခါ
 တိမ်များကို မြင်နေရပါသည်။

 အလွန်ဝေးကွာသည့် အရပ်ကိုရောက်နေပါလျက်
 ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
 လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

 အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
 ဥယျာဉ်ထဲသို့ စိတ်ရောက်သွားသည့်အခါ
 နှင်းဆီရံနံ့ကိုခံစားရရှိနေတတ်ြ
ပန်ပါသည်။

 သေဆုံးသည်အထိ
 မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှ

 (ငါ့)ချစ်သူသာဖြစ်ပါ၏။ ။


 မောင်စိန်ဝင်း (ပုတီးကုန်း)


လွမ်း


တမ်းတမ်းတတ နွမ်းလျကြေကွဲ..........

ရင်ထဲအမြဲလွမ်းပါတယ်.....
.

လွမ်း


တမ်းတမ်းတတ......

နွမ်းလျကြေကွဲ......

လွမ်းနေမိတာသူသိခဲ့ ရင်ကျေနပ်တယ်....

မ..မ

.
.
.