Pages

Thursday, March 18, 2010

၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု

၂၀၀၉ အတွက် အကောင်းဆုံး ဝက်ဘ်ဆိုက်ဆု ----------

http://bobo.6te.net



နိုင်ငံတော်အဆင့် သတ်မှတ်၍ ဆုပေးမည်ဟု ကြေညာထားသော Myanmar ICT Awards 2009 အတွက် အကောင်းဆုံး ၀က်ဘ်ဆိုက် (Website of the Year) ဆုကို လောကနတ် စာပေ၏ ကာတွန်းဘိုဘို ၀က်ဘ်ဆိုက် ရရှိသွားသည်။

သူ့ထက် ကောင်းတဲ့ ဆိုက်တွေ အများကြီး ရှိပါတယ်၊ ၈ ခုလောက် ၀င်ပြိုင်တဲ့ အထဲကမှ ဟိုအချက် မကိုက်လို့ပယ်၊ ဒီအချက်ကိုက်မှ ပေးဆိုတော့ လွတ်လပ်မှု မရှိဘူးလို့ ထင်တယ်၊ တကယ်တော့ ဆုပေးမယ်ဆိုရင် မဲပေးစနစ်နဲ့ လုပ်ပြီးပေးရင် အဆင်ပြေမယ် လို့ထင်တယ်၊ ကျမတောင် အဲ့ဒီဆိုက်ကို ဆုရမှ ရှိမှန်းသိတယ်"ဟု မြန်မာ ပြည်တွင်းမှ အမျိုးသမီး ဘလော့ဂါ တဦးက ပြောသည်။

အဆိုပါ ကာတွန်း ဘိုဘိုဝက်ဆိုက် (http://bobo.6te.net) ၏ အားသာချက်မှာ မြန်မာစာဖြင့် ဖတ်ရှုနိုင်ပြီး ကလေးများ အကြိုက် ဂိမ်းကစား နိုင်ရန် စီစဉ်ထား သော်လည်း သူ့ထက် အစစသာလွန် ကောင်းမွန်သော တခြား ၀က်ဆိုက်များက ဆုမရရှိသည့် အတွက် ဝေဖန်ကြခြင်း ဖြစ်ကြောင်းသူက ဆက်ပြောသည်။

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ ကွန်ပျူတာလုပ်ငန်းရှင်အသင်း၊ ကွန်ပျူတာ ၀ါသနာရှင်အသင်းများ မှကြီးမှူး ကျင်းပပေးခြင်းဖြစ်ကာ နိုင်ငံတော် အဆင့်သတ်မှတ်၍ Mobile Application of the Year, Website of the Year, Educational Project of the Year ဟူ၍ ဆုအမျိုးအစားသုံးမျိုး ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိသွားမှုအပေါ် Facebook, Forum များ၊ ၀က်ဘ်ဆိုက်များ အသီးသီးမှ အမျိုးမျိုး ဝေဖန် ရေးသားထားသည်။

နည်းပညာဆိုင်ရာ နာမည်ကျော် မြန်မာဘလော့ဂါတဦးဖြစ်သော စေတန်ဂေါ့ဒ် (http://www.saturngod.net) က ယခုဆုရ ကာတွန်း ဆိုက်အပေါ် နည်းပညာဆိုင်ရာ အားနည်းချက်များအား အသေးစိတ်ဝေဖန်မှုများအပြင် ဆုရွေးချယ်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် မသုံးသပ်ဘူးလား၊ ဂျာနယ်များတွင်ကြော်ငြာပါသည့်အထဲကမှ ရွေးချယ်ခြင်းလား စသဖြင့် ယင်း ဘလော့ဂ်ပေါ် မှ ဝေဖန်ရေးသားထားကြောင်း တွေ့ရသည်။

ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ကျင်းပပြီးစီးသွားခဲ့သည့် အဆိုပါ Myanmar ICT Awards 2009 တွင် ရည်ရွယ်ချက်များ (Objective)၊ ပါဝင်သည့်အကြောင်းအရာများ (Features)၊ ဈေးကွက်ရရှိမှုအခြေအနေများ (Market Potential)၊ ထူးခြားချက်များ (Uni- queness)၊ နည်းပညာ (Technology)၊ အကျိုးကျေးဇူး (Benifits) စသည့် အချက် ၆ ချက်ကိုအခြေခံကာ ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကာတွန်းဘိုဘို ၀က်ဘ်ဆိုက်သည် ပြိုင်ပွဲဝင် ၈ ခုအနက်မှ အကောင်းဆုံးဝက်ဘ်ဆိုက်ဆုရရှိခြင်းမှာ လူတိုင်းလုပ်လေ့လုပ်ထမရှိ သော ထူးခြားချက်များ (Uni- queness)၊ ၀င်ရောက်ယှဉ်ပြိုင်သည့် ဆိုက်အများစုမှာ စာပေနှင့်သက်ဆိုင်သည့် ၀က်ဘ်ဆိုက်များ၊ သတင်းထုတ်ပြန်ချက်များအား အသားပေးထားသည့် ၀က်ဘ်ဆိုက်များထဲမှ ကလေးများအတွက် အကျိုးကျေးဇူးဖြစ်စေမည့် ၀က်ဘ်ဆိုက်ဖြစ်စေခြင်း၊ မြန်မာဘာသာဖြင့် ၀င်ရောက်ဖတ်ရှုနိုင်ခြင်း တို့မှာ အကျိုးကျေးဇူး (Benifits) စသည့် အချက်များဖြင့် ကိုက်ညီမှုရှိခြင်းတို့ကြောင့်ဟု သိရသည်။

“ကျနော်တို့က နည်းပညာကောင်းတာတခုတည်းကို ဇောင်းပေးပြီးရွေးလို့မရပါဘူး၊ နည်းပညာဘယ်လောက်ပဲကောင်းကောင်း တခြားအချက်တွေမှာအားနည်းနေရင်လည်းမရပါဘူး၊ ၀က်ဘ်ဆိုက် ဘယ်လောက်ကောင်းကောင်း ကြည့်မယ့်သူ မရှိရင်လည်း အမှတ်ပေးလို့မရပါဘူး၊ သူ့ထက်ကောင်းတဲ့ဝက်ဘ်ဆိုက်တွေရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် ပြိုင်ပွဲမှာ မတင်သွင်းနိုင်ရင်ဘယ်လိုမှ အမှတ်ပေးလို့မရပါဘူး"ဟု Myanmar ICT Awards 2009 ကျင်းပရေးဆပ်ကော်မတီမှ အဖွဲ့ဝင်တဦးဖြစ်သူ ဦးနေထွန်းသိန်းက ပြောသည်။

အဆိုပါပြိုင်ပွဲတွင် အမှတ်ပေးဒိုင်များအနေဖြင့် ကွန်ပျူတာတက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ကွန်ပျူတာလုပ်ငန်းရှင် များ၊ ကွန်ပျူတာပညာရှင်များ အသင်းတို့မှ စုစုပေါင်း ၂၀ ခန့် ပါဝင်ကြောင်းသိရသည်။

“တယောက်တည်းက အမှတ်ပေးလို့လည်း ဘယ်လိုမှ ဆုမရနိုင်ပါဘူး၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်နေတဲ့သူပဲဖြစ်ဖြစ်၊ မရှင်းလင်းတဲ့ သူပဲဖြစ်ဖြစ် ရှေ့တပတ်ထဲမှာ ဆုပေးအဖွဲ့ရဲ့ ဆိုက်ဖြစ်တဲ့ www.myanmarictawards.org ကိုဝင်ပြီးတော့ ဆုရတဲ့သူတွေ ဘာကြောင့် ရတယ်ဆိုတာ သုံးသပ် ထားတာတွေကို ပြန်ကြည့်ပေးပါလို့ ပြောချင်ပါတယ်"ဟု ဦးနေထွန်းသိန်းကဆိုသည်။

အကောင်းဆုံးဝက်ဘ်ဆိုက်ဆု ရရှိမှုနှင့်ပတ်သက်၍ လောကနတ်စာပေမှ ဦးဇော်ဝင်းဦးက"ကျနော်တို့အနေနဲ့ နိုင်ငံတကာ အဆင့်မီ နိုင်ဖို့ လိုအပ်သေးတာတော့ အမှန်ပါပဲ၊ ရှိတာလေးနဲ့ဖြစ်အောင် လှအောင်လုပ်ထားတာပါ၊ ရမယ်လို့လည်းထင်မထားပါဘူး၊ ၀င်ပြိုင် လို့ရတယ်ဆိုလို့ ၀င်ပြိုင်ဖြစ်လိုက်တာပါ"ဟု ဧရာဝတီကိုပြောသည်။

Myanmar ICT Awards ၏ အကောင်းဆုံးဝက်ဘ်ဆိုက် ရွေးချယ်ခြင်းများကို ၁၉၉၈ ခုနှစ်ခန့်ကပြုလုပ်ခဲ့သော်လည်း နောက်ပိုင်း တွင် ပုံမှန်ဆက်လက်ပြုလုပ်ခြင်းမရှိဘဲ ယခုမှ ပြန်လည်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ Mobile Application of the Year ရွေးချယ်ခြင်းမှာ ယခုအကြိမ်သည် ပထဆုံးဖြစ်ကြောင်းသိရသည်။

လိပ်ပြာလေးတွေချစ်ပါတယ်

Photo Images Free Image Hosting Funny PicsFriends18.com Orkut MySpace Hi5 Scrap Images



စိတ်ချမ်းသာလို့တင်ပါတယ်

Tuesday, March 16, 2010

မိဘမဲ့ကလေးသွေးသာရင်းလိုမေတ္တာပေးလို့စောင့်ရှောက်စေလို

http://galaxydonationgroup.ning.com/

ရွှေ မရှိ
ပေမဲ့

 အမေ ရှိလို့

ပျော်ပါသည်


အမေ မရှိ အဖေမရှိ

လောကအလည်

မျက်နှာငယ်


ဆင်းရဲတဲ့သူ အနားကပ်တော့ 

နှာခေါင်းရှုံလို့ရွံရှာတယ်


သားသမီးအရင်းဆို ကျွေးချင်တယ်
 
ကိုယ်ဆွေမျိုးရွှေရှိရင်တော့

မွေးချင်တယ်

အမျိုးကမချစ်တယ်ဆွေကပြစ်ပါယ်


မိမစုံလို့ဘမစုံ


သူများစားတော့ငေးမောကြည့်


မိဘမေတ္တာသူမသိ


မိဘမဲ့ကျောင်းရှိနေပေလို့


သူတို့ဘ၀လေးအေးချမ်းနေရ

လှုမဲ့လူရှိစားရတယ်


ဖြူစင်သည့်ကလေးစားစရာမရှိ


လူလူခြင်းမို့မေတ္တာပေးလို့

မိဘမဲ့ကလေးသွေးသာရင်းလို

မချစ်တောင်မှလှုဒါန်းဓါနပြုပေးကွယ်

နတ်လူသာဓုခေါ်ပါတယ်

မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ

မိတ်ဆွေကောင်းဘယ်လိုပေါင်းမလဲ
ရိုးသားမှု့နဲ့ပေါင်းပါဟန်မဆောင်ပါနဲ့ မာနမကြီးပါနဲ့သဘာဝကျစွာပေါင်းပါ ။
မျှော်မြင်ဆင်ခြင်နိုင်မှု့နဲ့ပေါင်းပါ။

ကိုယ်ချင်းစာစိတ်ဖြင့်ပေါင်းပါ။
မိသားစုစိတ်ဖြင့်ပေါင်းပါ။

ငယ်ပေါင်းစိတ်နဲ့ပေါင်းပါ။
သူတော်စင်စိတ်နဲ့ပေါင်းပါ။

ဝန်တိုခြင်းကင်းသောစိတ်နဲ့ပေါင်းပါ။
တဘက်သတ်မကျသောစိတ်နဲ့ပေါင်းပါ။

တစ်နပ်စားမကြံသောစိတ်နဲ့ပေါင်းပါ။
မြို့ရွာမည်မျှဝေးဝေးသွေးမအေးပဲပေါင်းပါ။

နှုတ်ကတိပြုသလိုလက်တွေ့မှာလည်းကတိ အတိုင်းပေါင်းသင်းပါ။
မှားနေလျှင်ထိုအမှားကိုပြောပေါင်းသင်းပါ။

မှန်နေတဲ့အခါ ထိုအမှန်ကို ချီးမွမ်းဝမ်းမြောက်စွာ ပြောပြီးပေါင်းသင်းပါ။
သာရေးမသွားဖြစ်တောင် နာရေးကိုဦးစားပေးသွားပါ။

သာရေးနာရေးအရေးကြုံလျှင်ပေါင်း သင်းနိုင်အောင်ပေါင်းသင်းပါ။
ဆန့်ကျင်ဘက်ကိုမပေါင်းနဲ့ မပေါင်းမဖြစ်ပေါင်းရလျှင် အပေါ်ကယှဉ်
အထဲကျဉ်၍ပေါင်းသင်းပါ။

ရန်သူဆိုလျှင် အတွင်းမ၀င်နိုင် အောင်ပေါင်းသင်းပါ။
သစ္စာမဲ့သူကို ကိုယ်က သစ္စာရှိစွာပေါင်းသင်းပါ။

ဥစ္စာငွေကြေးပျက်ပါစေ စရိတ္တမပျက်စေပဲ ပေါင်းသင်းပါ။
ဆင်းရဲသော်လည်း သီလမမွဲက ပေါင်းသင်းပါ။


မေ့လျှော့ မူးယစ်သည်ကိုစောင့်ရှောက်ခြင်း။
မေ့လျှော့သော မိတ်ဆွေ၏ ဥစ္စာကို စောင့်ရှောက်ခြင်း။

ကြောက်လန့်သော မိတ်ဆွေ၏ အားကိုးမှီခိုရာဖြစ်ခြင်း။
ဘေးရန် ဖြစ်ပေါ်လာသော်လည်းမစွန့်ခြင်း။

မိတ်ဆွေ၏ သားသမီးမြေးမြစ်တိုင်အောင်မြတ်နိုးခြင်း။

(ဆောင်ပုဒ်လင်္ကာမှတ်စရာ)

မေ့လျော့ စောင့်လာ ဥစ္စာ စောင့်ရှောက်

ဘေးရောက်ကိုးကွယ် ဘေးတွယ်မပစ်

သားမြစ်စဉ်ဆက် မပျက်ချီးပင့်

ဝတ်ငါးဆင့် ပြုကျင့်မိတ်ဆွေများ။


(ညောင်တုန်း ရွှေဟသ်ာတောရ ဆရာတော်)


သုတေသီဘုန်းမြင့်သွေး
(လူဖြစ်ရကျိုးနပ်မည့်ပေါင်းသင်းဆက်ဆံနည်းလမ်းမှန်)

မိတ်ဆွေစစ်ဆိုတာ .......

(၁) ပေးနိုင်ခဲတဲ့ပစ္စည်းကို ပေးတယ် ။

(၂) ပြုနိုင်ခဲတဲ့အမှုကိစ္စကို ပြုလုပ်ဆောင်ရွက်ပေးတယ် ။

(၃) သည်းခံနိုင်ခဲတဲ့အမှုကို သည်းခံတယ် ။

(၄) သူ့ရဲ့လျှို့ဝှက်ချက်ကို ဖွင့်ပြောတယ် တိုင်ပင်တယ် ။

(၅) မိမိလျှို့ဝှက်ချက်ကို အခြားသူအား မပြောဘဲ လျှို့ဝှက်ထားတယ် ။

(၆) ဘေးအန္တရာယ်ကြုံလာတဲ့အခါ မိမိကို မစွန့်ခွာဘူး ။

(၇) ဥစ္စာကုန်ခန်းတဲ့အခါ ဆင်းရဲတဲ့အခါ မိမိကိုမထီမဲ့မြင် မပြုဘူး ။


မိတ်ဆွေအတုအယောင် လေးယောက်

(၁) မိမိထံမှပစ္စည်းငွေကြေးကို ယူပဲ ယူတတ်သူ ၊ ပြန်မပေးတတ်သူ ။
(၂) လက်တွေ့မပါ စကားနဲ့ပဲ ပေးတတ်သူ ။
(၃) မှန်မှန် မှားမှား အကြိုက်ကိုပဲ လိုက်ပြီးပြောတတ်သူ ။
(၄) ဘ၀ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူ ။



(၁) ယူပဲယူတတ်တဲ့ မိတ်ဆွေရဲ့သဘောသဘာဝမှာ ....
မိမိကိုနည်းနည်းပေးပြီး မိမိဆီက များများပြန်ရချင်တယ် ။
သူ့အတွက်ဘေးဒုက္ခရောက်မှ ကိုယ့်ကိုသတိရတတ်တယ် ။
သူ့ကိုယ်ကျိုးအတွက်ပဲ ပေါင်းသင်းတယ်။


(၂) စကားနဲ့ပဲပေးတတ်တဲ့ မိတ်ဆွေသဘာဝ ....
လွန်ပြီးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
မဖြစ်သေးတဲ့အရာနဲ့ ချီးမြှောက်တယ် ။
အချီးအနှီးဖြစ်တဲ့ လောကွတ်စကားနဲ့ ချီးမြှောက်တယ် ။
ဖြစ်ဆဲကိစ္စ၌ ပျက်ဆီးခြင်းကိုပြတယ် ။


(၃) အကြိုက်ကိုလိုက်၍ပြောတတ်တဲ့ မိတ်ဆွေသဘာဝ ....
မကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
ကောင်းမှုလုပ်တာကိုလဲ ခွင့်ပြုတယ် ။
မိမိရှေ့တွင် မိမိကို ချီးမွမ်းပြောဆိုတယ် ။
မိမိကွယ်ရာတွင် မိမိမကောင်းကြောင်းကိုပြောတယ် ။


(၄) ပျက်စီးကြောင်းတွင် အပေါင်းအသင်းဖြစ်သူမိတ်ဆွေ ....
သေရည်အရက်သောက်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
အချိန်အခါမဲ့ လည်ပတ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ် ။
ပွဲလမ်းသဘင်ကြည့်ရှုတဲ့အခါမှာ အပါင်းအသင်းဖြစ်တယ် ။
လောင်းကစားလုပ်တဲ့အခါမှာ အပေါင်းအသင်းဖြစ်တယ်။

~~~~လွမ်းလိုက်တာအမေရယ်.~~~~~~~

~~~~~~~~~~~လွမ်းလိုက်တာအမေရယ်.~~~~~~~~~~

ကျောင်းပြီးပြီ    အလုပ်လုပ်ရန်အတွက် သတင်းစာကို    နံနက်စောစောဝယ်ဖတ်
်အလုပ်ရရှိရန်     အလုပ်တွေလိုက်လျှောက်နေမိသည်     စိတ်မောနေမိသည်

အင်တာဗျူးခေါ်တိုင်း    သွားတွေ့ရတာလည်း         အမောကိုယ်ကိုရွေးပါစေနှင့်
ဆုတောင်းနေရတာလဲအမော
သူငယ်ချင်းတွေထဲမှာ  အလုပ်ရသည့်  သူကရကုန်ပြီ   ကိုယ်ကခုထိအလုပ်မရသေး

အိမ်မှလည်း     ပိုက်ဆံ့ထပ်မတောင်းချင်တော့    အမေ့ကိုသနားသည်
သူငယ်ချင်းတရောက်ဆို    ကိုယ်ထက်ဆိုးသည်     ခုထိကျောင်းသာပြီးရော 

သူကိုဘယ်သူမှအင်တာဗျူးမခေါ်သေး  တစ်ခါတစ်ခါ
စိတ်ဓါတ်တော်တော်ကျနေမိသည်။
အမေကပြန်လာဖို့  ခဏခဏပြောနေသည်    မပြန်ချင်သေးပေ လေယာဉ်စရိတ်ကို
အမေ့ဆီမှ   ထပ်မတောင်းချင်တော့

တစ်ခါတစ်ခါဆို  အိမ်ကိုပြန်ချင်စိတ်နှင့်       မျက်ရည်များ   အလိုလိုကျလာတတ်သည်။
အမေ့စကား နားမထောင်မိတာ  မှားများမှားနေလား  ဟုစိတ်ထဲမှတွေးနေမိသည်။
်အမေက  မြန်မာပြည်မှာပဲ       နေစေချင်သည်

ကျွန်မကသူငယ်ချင်းတွေ  စက်ာပူကျောင်းတက်ဖို့  လျှောက်တော့ကျွန်မလည်း
လျှောက်ကြည့်ချင်သည်  အမေ့ကိုပြောပြရသည် ကျောင်းလျှောက်တိုင်းလဲ  မပါတတ်ပါဘူး  အမေလူတိုင်းလည်းရတာမဟုတ်  သမီးကျောင်းတက်ဖို့လျှောက်မယ်
နော်  အမေဟုပြောမိသည်  အမေသမီးနဲ့မခွဲနိုင်ပါဘူး ။

ထမင်းတစ်လုပ်စားရတာချင်းအတူတူ မိသားစု    အတူတူနေချင်တယ်
ဘယ်မှမသွားနဲ့နော်ဟုပြောသည်  ကျောင်းလျှောက်ထားတာပဲပါ   ပါစေအုန်းအမေရယ်
သူများတွေ  ကျောင်းဝင်ခွင့်  ရဖို့အတွက်ကို ဗေဒင်တွေမေး ယတြာတွေချေနဲ့နော်ဆုတွေတောင်းနဲ့အမေသမီးအတွက်

ကျောင်းဝင်ခွင့်  ပါအောင်ဆုတောင်းပေးနော်ပြောတော့
အမေက  သမီးရယ် နင်ကတစ်ခါလျှောက် တစ်ခါတည်းကျောင်းတက်ဖိုချက်ချင်း အရွေးခံရမယ်  အမေသိတယ်ဟု  ပြောသည်အမေ့ကိုလဲ   မခွဲနိုင်
ကျောင်းတက်ခွင့်လဲရချင်သည်။

အမေပြောသလိုပဲကျွန်မ   ကျောင်းတက်ခွင့်ရခဲ့သည် ကျောင်းတက်ဖို့ ခေါ်စာတွေထွက်လာတော့  ကျွန်မပါသည်  ပျော်လိုက်တာ
ဝမ်းသာလိုက်တာဘယ်လိုပျော်မှန်းမသိ

အတိုင်းမသိပျော်နေမိသည်   အမေကတော့  ငိုနေသည် ။အမေ့ကိုလျှော့ရသည် ကိုယ့်သမီးလေးတော်တယ်  ဆိုပြီးရီလိုက်နော်
အမေ  ကျွန်မ  ကျောင်းတက်ခွင့်ရတာ  ၀မ်းသာရမှာလေနော် 
အမေ သမီးနဲ့မခွဲနိုင်လို့ပါတဲ့ဟုပြော၍အမေငိုပြန်သည်
ကျွန်မကတော့  သူတပါးတိုင်းပြည်   ကျောင်းသွားတက်ရမှာမို့

ပျော်လိုက်သည့်ဖြစ်ခြင်း   ကျောင်းခေါ်စာက  ၂ခုတောင်  ကျလာတာလေနော်
သူများတွေဆို   တစ်ခုဘဲရတာတောင်.ပျော်ကြတာလေနော်........။
ကိုကြိုက်တာ   ရွေးတက်ရုံပေါ့နော်။

လေယာဉ်ပေါ်  တက်ခါနီးအထိ   အမေငိုလို့  ကောင်းနေတုန်း  ကျောင်တက်ဖို့
့ကျောင်းမှခေါ်စာကို   ဆွဲဖြဲပြစ်မည်  လုပ်နေ၍ပြန်လုနေရသည်။

အမေ့ကိုဖြောင်ဖျနေရသည်  ကိုယ့်ဘ၀အတွက်  ကိုယ်လမ်းကိုယ်ဖောက်တာ
ကိုယ်ဘာသာရွေးချယ်တာကို

လေယာဉ်ပေါ်တက်ခါနီး  စိတ်မကောင်းဖြစ်အောင်လုပ်နေတယ်ဟု  အမေ့ကို
ဝိုင်းဝန်းနားချနေကြသည။်
ကျွန်မလည်းငိုနေမိရင်း  အမေ့ကိုကြည့်၍   ငါမှားသွားပြီလားမသိဘူး
မှားသွားပြီထင်တယ်  မသွားတောင်  မသွားချင်တော့ဘူး။

အမေ  တော်ယုံဆိုငိုတာမဟုတ်ဘူး  စိတ်ထဲလည်းဘယ်လိုမှ  စိတ်မကောင်းနိုင်တော့
ကိုယ်ရည်ရွယ်ချက်  ပန်းတိုင်အပျောက်မခံနိုင်  ရောက်အောင်တော့       သွားရတော့မည် ခရီးဆုံးထိပေါ့ဟုစိတ်တင်း၍   လေယာဉ်ပေါ်တက်ခဲ့ရသည်  လေယာဉ်ပေါ်တွင်လည်း ငိုနေမိသည်  လွမ်းလိုက်တာ    အမေလည်းငိုနေမှာပဲ
တွေးလေ     မျက်ရည်ကျလေ ဖြစ်နေသည်။
စက်ာပူ    ရောက်တော့လည်း  အိမ်ကိုပြန်ပြေး  ချင်စိတ်ကို   ခဏခဏထိန်းနေရသည်  အခန်းထည်းမှာလည်း တစ်ရောက်တည်း  တိတ်တိတ်  ငိုနေမိသည်  လွမ်းလိုက်တာအမေရယ်။
်သမီးလွမ်းနေတယ်    အမေ့ကို      ဟုတိုးတိုးလေး      ပြောနေမိသည် အော်ကိုယ်စိတ်နဲ့

ကိုယ့်  ဆုံးဖြတ်ချက်နဲ့  ကိုယ်ထွက်လာရတာ   ကိုယ့်ကိုကိုယ်   အားပေးနေရသည်။
ခုတော့ကျောင်းပြီးပြီ     အချိန်ပိုင်းအလုပ်ဆင်းရင်း သတင်းစာထဲက   အလုပ်ခေါ်တာတွေ  လိုက်ကြည့်   လိုက်လျှောက်နှင့်        အမေ့ဆီကိုလည်းပြန်ချင်မိသည်။
  
အလုပ် လျှောက်ထားတာက  အင်တာဗျူး  ခေါ်ရင်လည်း
ကျွန်မသွားတွေရမည်   အမေ့ဆီပြန်ချင်စိတ်ကို   ထိမ်းနေရသည်။
အမေကပြန်လာခဲ့သမီးလေး   မြန်မာပြည်မှာ    ထ္မင်း   ဟင်းပေါတယ်  

အမေကျွေးထားနိုင်တယ်  ပြန်လာနော်  သမီးလေးနှင့်  ခဏခဏ     ခေါ်နေသည်
တပါတ်တစ်ခါ ဖုန်းဆက်တိုင်းလည်း သူများနိုင်ငံမှာ ဆွေမတော် မျိုးမစပ် သွေးမတော်သားမစပ် တူတူနေနေရတာ        ကိုယ့် နိုင်ငံမှာလို မေတ္တာတရား ဂရုနာတရားထားပြီး  ရိုင်းပင်း  ကူညီကြတာ   မဟုတ်ဘူး
 
လူမှု့ရေးစိတ်ဓါတ်လဲရှိမှာ  မဟုတ်ဘူး  ဘာသာရေးလည်း  နားမလည်
ကိုယ့်  တိုင်းပြည်မှာ  အားချိန်   နားချိန်သူငယ်ချင်းတွေနဲ့   ဘုရားသွား  ကျောင်းသွား ပျော်စရာကောင်းပါတယ်   သမီးရယ်နော်   သူများတိုင်းပြည်မှာ
တာဝန်ကိုယ်စီနဲ့  မအားကြတော့ဘူးလေနော်  ကိုယ့်ကိုကိုယ်   စောင့်ရှောက်ပြီးနေနော်    ဘုရား  တရားလဲမမေ့နဲ့  ကျမ္မာရေး  ဂရုစိုက်ပါပြန်လာနော်။

်သမီးလေးနှင့်  အမြဲမှာသည် ဖုန်းဆက်တိုင်းလည်း  အမေငိုလိုက်  သမီးငိုလိုက်နှင့်
ကျွန်မကပြန်လာမယ်  အမေစိတ်မပူပါနဲ့ ပြန်လာမယ်နော် သမီးမအားလို့
ကျောင်းပိတ်ရက်  ဆိုသူငယ်ချင်းတွေနဲ့   တိုပိုင်းရိုးဖုန်းကြီးကျောင်းသွားတယ်   ခုလဲတစ်ပါတ်တစ်ခါ  သွားတယ်သိလား    ဒီမှာလည်းရိပ်သာရှိတယ်။

ဘုန်းကြီးကျောင်းတွေရှိတယ်  သမီးတို့သူငယ်ချင်းတွေအကုန်
ဘုရား  တရား  လုပ်တယ် နေ့တိုင်း မမေ့ပါဘူးစိတ်မပူနဲ့နာ်
အမေ  သမီးပြန်လာမယ်နော်  ဟုအမေကိုပြောပြီး  အလုပ်တွေဆက်တိုက်
လျှောက်နေမိသည်။

ခုတော့ကျွန်မအလုပ်ရပြီ     အမေ သမီး    အလုပ်ဝင်ရတော့မှာနော်ပြောတော့
အမေ  ကျွန်မ  ထက်ပိုပျော်နေသည်    တော်သေးတယ်     သမီးလေး အလုပ်ရသွားလို့
့အမေပျော်လိုက်တာ  စိတ်ချမ်းသာလိုက်တာ  သမီးအချိန်ပိုင်း  အလုပ်ဆင်းနေတာ
သိရတော့ အမေငိုနေတာတဲ့
အမေ့အသံကြားရတာ  ကျွန်မထက်ပင်  အမေပိုပျော်နေတာ  ကျွန်မသိလိုက်ရသည။်
ကျွန်မနှင့်ခွဲနေရတည်းက  အမေ၏ပျော်ရွင်  ရည်မောသံကို  မကြားရတာကြာပြီဖြစ်သည်။
ခုတော့အမေ၏  ပျော်ရွင်နေသော  အသံကို

ကျွန်မပြန်ကြားရသည်    ကျွန်မအတွက်  စိတ်ပူနေသော  အမေကျွန်မနဲ့ခွဲနေရ၍ ငိုကြွေးနေသောအမေ   ခုအမေပျော်နေသည်တဲ့   ကျွန်မကရော

ကျွန်မလည်း    အမေပျော်နေသည့်  အသံကို   နားထောင်ရင်း  ပါးပေါ် မျက်ရည်တွေ ကျနေမိသည်။

အမေပျော်ရွှင်ပါစေ   အမေချစ်ပါတယ်  အမေရယ်   သမီးပြန်လာမှာပါ
သူတပါး      တိုင်းပြည်မှာ   အပြီးမနေပါဘူး
သမီး     အမေကို      ချစ်ပါတယ်    မခွဲနိုင်ပါဘူးဟု  စိတ်ထဲမှ  အခါခါဆိုရင်း
မျက်ရည်းများ       ပါးပေါ်စီးဆင်းနေသည်.။
...................လွမ်းလိုက်တာအမေရယ်........................

အဲ့ဒါလေ ဘ ၀ ..ဘီယာ ၀ီစကီမဟုတ်ပါ။

အဲ့ဒါလေ ဘ ၀ မ.မ ရေးထားတာ

ဘ ၀ လေနော်

ပင်ပန်းလိုက်တဲ့ဖြစ်ခြင်း

မောပမ်းလိုက်တဲ့ဖြစ်ခြင်း

ပျော်ရွင်လိုက်တဲ့ဖြစ်ခြင်း

ကြည်နူးလိုက်တဲံဖြစ်ခြင်း

ရီနေလိုက်တဲ့ဖြစ်ခြင်း

ငိုကျွေးလိုက်တဲ့ဖြစ်ခြင်း

ကြေကွဲလိုက်တဲ့ဖြစ်ခြင်း

ရှာဖွေလိုက်တဲ့ဖြစ်ခြင်း

စားနေရတဲ့ဖြစ်ခြင်း

လုနေလိုက်တဲ့ဖြစ်ခြင်း

သတ်နေလိုက်တဲ့ဖြစ်ခြင်း

မွေးနေလိုက်တဲ့ဖြစ်ခြင်း

သေနေလိုက်တဲ့ဖြစ်ခြင်း


ဘ၀ရဲ့ဖြစ်တည်ခြင်းပေါ့နော်

ရုန်းကန်ရှာဖွေလုယှက်စားသောက်

တနေရာလေး တည်မြဲရေးတွက်

တ၀မ်းတခါး စာဝတ်ရေးတွက်

လှုပ်တိုင်းမြုတ်နေ နောင်သံသရာမတွေးခေါ်

လူပီသဖို့လိုနေတယ်နော်