~~~~~~~~~~~လွမ်းလိုက်တာအမေရယ်.~~~~~~~~~~
ကျောင်းပြီးပြီ အလုပ်လုပ်ရန်အတွက် သတင်းစာကို နံနက်စောစောဝယ်ဖတ်
်အလုပ်ရရှိရန် အလုပ်တွေလိုက်လျှောက်နေမိသည် စိတ်မောနေမိသည်
အင်တာဗျူးခေါ်တိုင်း သွားတွေ့ရတာလည်း အမောကိုယ်ကိုရွေးပါစေနှင့်
ဆုတောင်းနေရတာလဲအမော
သူငယ်ချင်းတွေထဲမှာ အလုပ်ရသည့် သူကရကုန်ပြီ ကိုယ်ကခုထိအလုပ်မရသေး
အိမ်မှလည်း ပိုက်ဆံ့ထပ်မတောင်းချင်တော့ အမေ့ကိုသနားသည်
သူငယ်ချင်းတရောက်ဆို ကိုယ်ထက်ဆိုးသည် ခုထိကျောင်းသာပြီးရော
သူကိုဘယ်သူမှအင်တာဗျူးမခေါ်သေး တစ်ခါတစ်ခါ
စိတ်ဓါတ်တော်တော်ကျနေမိသည်။
အမေကပြန်လာဖို့ ခဏခဏပြောနေသည် မပြန်ချင်သေးပေ လေယာဉ်စရိတ်ကို
အမေ့ဆီမှ ထပ်မတောင်းချင်တော့
တစ်ခါတစ်ခါဆို အိမ်ကိုပြန်ချင်စိတ်နှင့် မျက်ရည်များ အလိုလိုကျလာတတ်သည်။
အမေ့စကား နားမထောင်မိတာ မှားများမှားနေလား ဟုစိတ်ထဲမှတွေးနေမိသည်။
်အမေက မြန်မာပြည်မှာပဲ နေစေချင်သည်
ကျွန်မကသူငယ်ချင်းတွေ စက်ာပူကျောင်းတက်ဖို့ လျှောက်တော့ကျွန်မလည်း
လျှောက်ကြည့်ချင်သည် အမေ့ကိုပြောပြရသည် ကျောင်းလျှောက်တိုင်းလဲ မပါတတ်ပါဘူး အမေလူတိုင်းလည်းရတာမဟုတ် သမီးကျောင်းတက်ဖို့လျှောက်မယ်
နော် အမေဟုပြောမိသည် အမေသမီးနဲ့မခွဲနိုင်ပါဘူး ။
ထမင်းတစ်လုပ်စားရတာချင်းအတူတူ မိသားစု အတူတူနေချင်တယ်
ဘယ်မှမသွားနဲ့နော်ဟုပြောသည် ကျောင်းလျှောက်ထားတာပဲပါ ပါစေအုန်းအမေရယ်
သူများတွေ ကျောင်းဝင်ခွင့် ရဖို့အတွက်ကို ဗေဒင်တွေမေး ယတြာတွေချေနဲ့နော်ဆုတွေတောင်းနဲ့အမေသမီးအတွက်
ကျောင်းဝင်ခွင့် ပါအောင်ဆုတောင်းပေးနော်ပြောတော့
အမေက သမီးရယ် နင်ကတစ်ခါလျှောက် တစ်ခါတည်းကျောင်းတက်ဖိုချက်ချင်း အရွေးခံရမယ် အမေသိတယ်ဟု ပြောသည်အမေ့ကိုလဲ မခွဲနိုင်
ကျောင်းတက်ခွင့်လဲရချင်သည်။
အမေပြောသလိုပဲကျွန်မ ကျောင်းတက်ခွင့်ရခဲ့သည် ကျောင်းတက်ဖို့ ခေါ်စာတွေထွက်လာတော့ ကျွန်မပါသည် ပျော်လိုက်တာ
ဝမ်းသာလိုက်တာဘယ်လိုပျော်မှန်းမသိ
အတိုင်းမသိပျော်နေမိသည် အမေကတော့ ငိုနေသည် ။အမေ့ကိုလျှော့ရသည် ကိုယ့်သမီးလေးတော်တယ် ဆိုပြီးရီလိုက်နော်
အမေ ကျွန်မ ကျောင်းတက်ခွင့်ရတာ ၀မ်းသာရမှာလေနော်
အမေ သမီးနဲ့မခွဲနိုင်လို့ပါတဲ့ဟုပြော၍အမေငိုပြန်သည်
ကျွန်မကတော့ သူတပါးတိုင်းပြည် ကျောင်းသွားတက်ရမှာမို့
ပျော်လိုက်သည့်ဖြစ်ခြင်း ကျောင်းခေါ်စာက ၂ခုတောင် ကျလာတာလေနော်
သူများတွေဆို တစ်ခုဘဲရတာတောင်.ပျော်ကြတာလေနော်........။
ကိုကြိုက်တာ ရွေးတက်ရုံပေါ့နော်။
လေယာဉ်ပေါ် တက်ခါနီးအထိ အမေငိုလို့ ကောင်းနေတုန်း ကျောင်တက်ဖို့
့ကျောင်းမှခေါ်စာကို ဆွဲဖြဲပြစ်မည် လုပ်နေ၍ပြန်လုနေရသည်။
အမေ့ကိုဖြောင်ဖျနေရသည် ကိုယ့်ဘ၀အတွက် ကိုယ်လမ်းကိုယ်ဖောက်တာ
ကိုယ်ဘာသာရွေးချယ်တာကို
လေယာဉ်ပေါ်တက်ခါနီး စိတ်မကောင်းဖြစ်အောင်လုပ်နေတယ်ဟု အမေ့ကို
ဝိုင်းဝန်းနားချနေကြသည။်
ကျွန်မလည်းငိုနေမိရင်း အမေ့ကိုကြည့်၍ ငါမှားသွားပြီလားမသိဘူး
မှားသွားပြီထင်တယ် မသွားတောင် မသွားချင်တော့ဘူး။
အမေ တော်ယုံဆိုငိုတာမဟုတ်ဘူး စိတ်ထဲလည်းဘယ်လိုမှ စိတ်မကောင်းနိုင်တော့
ကိုယ်ရည်ရွယ်ချက် ပန်းတိုင်အပျောက်မခံနိုင် ရောက်အောင်တော့ သွားရတော့မည် ခရီးဆုံးထိပေါ့ဟုစိတ်တင်း၍ လေယာဉ်ပေါ်တက်ခဲ့ရသည် လေယာဉ်ပေါ်တွင်လည်း ငိုနေမိသည် လွမ်းလိုက်တာ အမေလည်းငိုနေမှာပဲ
တွေးလေ မျက်ရည်ကျလေ ဖြစ်နေသည်။
စက်ာပူ ရောက်တော့လည်း အိမ်ကိုပြန်ပြေး ချင်စိတ်ကို ခဏခဏထိန်းနေရသည် အခန်းထည်းမှာလည်း တစ်ရောက်တည်း တိတ်တိတ် ငိုနေမိသည် လွမ်းလိုက်တာအမေရယ်။
်သမီးလွမ်းနေတယ် အမေ့ကို ဟုတိုးတိုးလေး ပြောနေမိသည် အော်ကိုယ်စိတ်နဲ့
ကိုယ့် ဆုံးဖြတ်ချက်နဲ့ ကိုယ်ထွက်လာရတာ ကိုယ့်ကိုကိုယ် အားပေးနေရသည်။
ခုတော့ကျောင်းပြီးပြီ အချိန်ပိုင်းအလုပ်ဆင်းရင်း သတင်းစာထဲက အလုပ်ခေါ်တာတွေ လိုက်ကြည့် လိုက်လျှောက်နှင့် အမေ့ဆီကိုလည်းပြန်ချင်မိသည်။
အလုပ် လျှောက်ထားတာက အင်တာဗျူး ခေါ်ရင်လည်း
ကျွန်မသွားတွေရမည် အမေ့ဆီပြန်ချင်စိတ်ကို ထိမ်းနေရသည်။
အမေကပြန်လာခဲ့သမီးလေး မြန်မာပြည်မှာ ထ္မင်း ဟင်းပေါတယ်
အမေကျွေးထားနိုင်တယ် ပြန်လာနော် သမီးလေးနှင့် ခဏခဏ ခေါ်နေသည်
တပါတ်တစ်ခါ ဖုန်းဆက်တိုင်းလည်း သူများနိုင်ငံမှာ ဆွေမတော် မျိုးမစပ် သွေးမတော်သားမစပ် တူတူနေနေရတာ ကိုယ့် နိုင်ငံမှာလို မေတ္တာတရား ဂရုနာတရားထားပြီး ရိုင်းပင်း ကူညီကြတာ မဟုတ်ဘူး
လူမှု့ရေးစိတ်ဓါတ်လဲရှိမှာ မဟုတ်ဘူး ဘာသာရေးလည်း နားမလည်
ကိုယ့် တိုင်းပြည်မှာ အားချိန် နားချိန်သူငယ်ချင်းတွေနဲ့ ဘုရားသွား ကျောင်းသွား ပျော်စရာကောင်းပါတယ် သမီးရယ်နော် သူများတိုင်းပြည်မှာ
တာဝန်ကိုယ်စီနဲ့ မအားကြတော့ဘူးလေနော် ကိုယ့်ကိုကိုယ် စောင့်ရှောက်ပြီးနေနော် ဘုရား တရားလဲမမေ့နဲ့ ကျမ္မာရေး ဂရုစိုက်ပါပြန်လာနော်။
်သမီးလေးနှင့် အမြဲမှာသည် ဖုန်းဆက်တိုင်းလည်း အမေငိုလိုက် သမီးငိုလိုက်နှင့်
ကျွန်မကပြန်လာမယ် အမေစိတ်မပူပါနဲ့ ပြန်လာမယ်နော် သမီးမအားလို့
ကျောင်းပိတ်ရက် ဆိုသူငယ်ချင်းတွေနဲ့ တိုပိုင်းရိုးဖုန်းကြီးကျောင်းသွားတယ် ခုလဲတစ်ပါတ်တစ်ခါ သွားတယ်သိလား ဒီမှာလည်းရိပ်သာရှိတယ်။
ဘုန်းကြီးကျောင်းတွေရှိတယ် သမီးတို့သူငယ်ချင်းတွေအကုန်
ဘုရား တရား လုပ်တယ် နေ့တိုင်း မမေ့ပါဘူးစိတ်မပူနဲ့နာ်
အမေ သမီးပြန်လာမယ်နော် ဟုအမေကိုပြောပြီး အလုပ်တွေဆက်တိုက်
လျှောက်နေမိသည်။
ခုတော့ကျွန်မအလုပ်ရပြီ အမေ သမီး အလုပ်ဝင်ရတော့မှာနော်ပြောတော့
အမေ ကျွန်မ ထက်ပိုပျော်နေသည် တော်သေးတယ် သမီးလေး အလုပ်ရသွားလို့
့အမေပျော်လိုက်တာ စိတ်ချမ်းသာလိုက်တာ သမီးအချိန်ပိုင်း အလုပ်ဆင်းနေတာ
သိရတော့ အမေငိုနေတာတဲ့
အမေ့အသံကြားရတာ ကျွန်မထက်ပင် အမေပိုပျော်နေတာ ကျွန်မသိလိုက်ရသည။်
ကျွန်မနှင့်ခွဲနေရတည်းက အမေ၏ပျော်ရွင် ရည်မောသံကို မကြားရတာကြာပြီဖြစ်သည်။
ခုတော့အမေ၏ ပျော်ရွင်နေသော အသံကို
ကျွန်မပြန်ကြားရသည် ကျွန်မအတွက် စိတ်ပူနေသော အမေကျွန်မနဲ့ခွဲနေရ၍ ငိုကြွေးနေသောအမေ ခုအမေပျော်နေသည်တဲ့ ကျွန်မကရော
ကျွန်မလည်း အမေပျော်နေသည့် အသံကို နားထောင်ရင်း ပါးပေါ် မျက်ရည်တွေ ကျနေမိသည်။
အမေပျော်ရွှင်ပါစေ အမေချစ်ပါတယ် အမေရယ် သမီးပြန်လာမှာပါ
သူတပါး တိုင်းပြည်မှာ အပြီးမနေပါဘူး
သမီး အမေကို ချစ်ပါတယ် မခွဲနိုင်ပါဘူးဟု စိတ်ထဲမှ အခါခါဆိုရင်း
မျက်ရည်းများ ပါးပေါ်စီးဆင်းနေသည်.။
...................လွမ်းလိုက်တာအမေရယ်........................

ReplyDeleteမိန်းမသားဆိုတော့ မိဘနဲ့ခွဲရတော့ အားငယ်နေမိမှာ အမှန်ပါပဲဗျာ၊ စိတ်တော့မညစ်ပါနဲ့ မယဉ်မင်းခိုင် ကြာလာတော့လည်း အဆင်ပြေသွားမှာပါ၊ မယဉ်မင်းခိုင် လွမ်းနေတာကို မယဉ်မင်းခိုင်ရဲ့ အမေက သိနေမှာပါ....
ပျော်ရွှင်အဆင်ပြေပါစေဗျာ....
လွမ်းနေတာပေါ့ကိုဇောင်းရယ် အမေနဲ့သမီး
ReplyDeleteကမ္ဘာ တဖက်စီ
ကိုယ်ချင်းစာမိပါတယ်ဗျာ...ကျွန်တော်တို့ ဘယ်လောက်လူနေမှုအဆင့်အတန်းတွေမြင့်မားတဲ့ နေ၇ာေ၇ာက်နေနေ..
ReplyDelete၇င်ထဲမှာ လိုအပ်ချက်တစ်ခုက မိဘမေတ္တာ .မိဘ၇င်ခွင်..မိဘနဲ့ အတူနေခွင့်......
၇ည်မှန်းချက်တွေ..တိုးတက်မှုတွေ..၇ုပ်ဝတ္တု တွေဘယ်လောက်တိုးပွားလာလာ...မိဘ၇ိပ်ကိုလွမ်းတယ်ဗျာ
ဟုတ်တယ်....ပျော်ရွင်မှု့တွေနောက်လိုက်
ReplyDeleteမြန်မာနဲ့မိဘ မေ့နေကြတဲ့လူတွေခွဲခွါစလွမ်းတယ်နောက်တော့မြန်မာပြည့်မမေ့အောင်လို့ပါ