ကမ္ဘာ့အရှားပါဆုံး သဘာဝဖြစ်ရပ်တစ်ခုဖြစ်တဲ့ မီးဆင်နှာမောင်းကို ဩစတြေးလျနိုင်ငံ အလယ်ပိုင်းဒေသမှာ စက်တင်ဘာ ၁၁ရက်နေ့က တွေ့ရပုံ။ ၁နာရီ ၃၅ကီလိုမီတာနှုန်းလောက်နဲ့ မိနစ်၄၀ကြာ မွှေ့ရမ်းတိုက်ခတ်တတ်တယ်လို့ By ရွှေမြန်မာများ Myanmar The Golden Land .. ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူခြင်း
ယ္ခု နေထိုင်နေတဲ့ ကမ္ဘာကြီးဟာ ပိုပြီး ပူပြင်းလာတယ်
တောမီးတွေလောင်၍ မီးလောင်မှု့တွေ ပိုပြီး ပေါများလာတယ် ကောက်ကျစ်စဉ်းလဲ မှု့တွေ ပေါများလာတော့ စိတ်ဓါတ် ညစ်ပတ်နံစော်နေလို့ ကောင်းကင်ပေါ်မှ မိုးနတ်မင်းနဲ့ရေနတ်သားကလဲ ခဏခဏ ကမ္ဘာမြေကို ဆေးကြော ပေးနေတယ် ဘက်လိုက်မှုတွေ ပေါများလာတော့ တစ်ဖက်စောင်းနင်း ဖြစ်လိုက်ပုံများ မြေငလျှင်တွေ လှုတ်လို့ မြေတွေပြိုတယ်.. အမြတ်ကြီးစား ၀ိသမ လောဘသားတွေ ပေါများလာတော့ မွှားတွေ ခြင်တွေ ဖြုတ်တွေ မျှော့တွေ သန်းတွေ သွေးစုပ်သတ္တ၀ါတွေပေါများလာတယ်.. ဣဿာ မစ္ဆာရိယ စိတ်တွေပေါများလာတော့ မနာလိုဝန်တို စဉ်းလဲ ကောက်ကျစ်မှုတွေကြောင့် ဟိုခုတ် ဒီဖြတ်နဲ့အစာ ရေစာငတ်မွှတ် ခေါင်းပါးလာတယ် ဟိုဖားရ ဒီဖားရနဲ့ ကိုယ်ဘက်ကိုယ် ယက်တာ များလာတော့ ဖားလေးတွေ လိပ်လေးတွေ တစ်ဘို့တည်းသော သတ္တ၀ါတွေ ပေါများလာတယ်.. အညီအဟောက် စားသောက် ကြည့်ရှုတာ များလာတော့ မှုဒိန်းမှုတွေ ပေါများလာတယ် ယင်များ မှက်များ ပေါများလာတယ် ကြီးနိုင် ငယ်ညှင်း ကမ္ဘာကြီးမှာ သတ္တ၀ါတွေ အကုသိုလ်ပေါများလာတော့ ကမ္ဘာကြီးပိုပူလာတယ် (တရားဒေသနာမှာ ငရဲပြည်ပူတာ ကြားဘူးတယ်)(နာကြားတဲ့ တရားတော်မှာ အိမ်သာထဲမှ လောက်က ဘ၀ ဘ၀ တွေက လာတာတဲ့နော်) မြတ်ဘုရားရဲ့ တရားတော်နှင့်အညီ ကျိုးကြောင်း ပြညွန် ပြောဆို သွန်သင် ဆုံးမခြင်းတွေကို လိုက်နာကျင့်ကြံသူတွေ နည်းပါးလာတော့ အသိပညာမဲ့သူတွေ ပေါများလာတယ်.. ကမ္ဘာမြေပေါ်မှာ မတရားအနိုင်ကျင့် ရယူ သိမ်းပိုက်မှုတွေ ပေါများလာတော့ ဆူနာမီ ရေကြီး ငလျှင် မြေပြို မီးတောင်ပေါက်ကွဲပြီး ပူပြင်းစွာနဲ့ ကမ္ဘာဟာ ကမ္ဘာကိုလောင်မြိုက်ပြီး ကမ္ဘာမြေကြီးဟာ ကမ္ဘာမြေကို ပြန်သိမ်းယူပြီး မဆိုစလောက်လေး ပျောက်သွားမှာ.. |
မင်းကွန်းဆရာတော်ကြီးဦးဝိစိတ္တ
8 years ago
0 comments:
Post a Comment