'သားမြေးတို့တွက် ကြိုးစားစို့ '
ငါ သာလျှင် တော် ၊ သူ မတော် ဟု လူတော် ထင်ပါ ၊
တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ
ကြွားရင်းနှင့် နစ် ၊ ဝါးရင်း နစ်သည့်နစ်လျက်နေပါ ၊
တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့် အထင်လွဲပါ ၊
တို့မြန်မာကို ဘယ်ခါဆယ်၍ ရမလဲ ၊၊
သူ့ကို ငါညှိုး ၊ ငါ့ သူညှိုးနှင့် အညှိုးကြီးပါ ၊
တို့မြန်မာကို ဘယ်ခါ ဆယ်၍ ရမလဲ ၊
ညည်း၍ မပြီး ၊ ညူ မပြီးဘူး အပြီးတကာ ၊
လုပ်နိုင်ပါမှတော် ရာရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊
( မင်းသုဝဏ် )
♥♥

မှတ်သားစရာ ဖြစ်ရပါတယ် ...
ReplyDeleteမရေ မတွေ့တာကြာပြီနော်
ReplyDelete