ကောင်းကင်ကြီး
အရောင်ပြောင်းလဲသလို
စိတ်တွေပြောင်းလဲပြီး
ပြောင်းလဲခံစားတဲ့ စိတ်အပေါ်ကိုလိုက်ပြီး
ခေါင်းစဉ်မျိုးစုံတပ်လို့စိတ်တွေဟာ
အရောင်ပြောင်းလဲကြတယ်
စိတ်ရောင်စုံသက်တန့်ကြီးကို
ငေးမောကြည့်နေမိပြီး
ဖြူစင်တဲ့အရောင်လေးတွေကို
ပိုမိုနှစ်သက်မိနေတယ်
ကောင်းကင်အမိုးအောက်မှာအတူရှိနေကြပေမဲ့
စိတ်ဆိုတာက အရောင်မျိုးစုံတော့
တစ်ခုတည်းသောခံစားမှုတခုမှာ
ခေါင်းစဉ်မျိုးစုံပြောင်းလဲကြတယ်
ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
ငါ့စိတ်နှလုံးသားလေးဟာ ဖြူစင်ခြင်းတွေကိုပဲ
နှစ်သက်မိတယ်ချစ်သူရယ်...
ကောင်းကင်ကြီးကိုငေးကြည့်နေမိရင်းညအမှောင်ကိုရောက်ရှိလာပြီး
ကြယ်လေးတွေဟာတဖြုတ်ဖြုတ်ကြွေတယ်
ညဟာပိုမိုနက်ရှိုင်းလာတယ်နော်
အနက်ရောင်အမှောင်ထုကို
မနှစ်သက်ပေမယ့် လောကသဘာဝအရ
ထိတွေ့လက်ခံနေခဲ့ရတဲ့အချိန်မှာ
ငါ့စိတ်နှလုံးသားဟာ စူးရှနာကျင်စွာခံစားခဲ့ရပါတယ်..
ကြယ်လေးတွေမကြွေကျဘဲ
အမှောင်ထုတွေအမြန်ကွယ်ပျောက်ပြီး
ဖြူစင်တဲ့အလင်းတန်းကိုပဲ
မြင်တွေ့ခွင့် ရရှိပါစေလို့
ကြယ်လေးတွေကြွေကျတာမြင်မိတဲ့ခဏ
ဆုတောင်းနေမိတယ်ချစ်သူရယ်....
ချစ်သူရေ...........ခေါင်းစဉ်ပြောင်းလဲခြင်းလူတွေပြောင်းလဲနိုင်တယ်
မြို့တွေ ယဉ်ကျေးမှု့တွေ
သိပ္ပံပညာတွေ အတွေးအခေါ်တွေ
ရာသီဥတုတွေ နိုင်ငံရေးတွေ
စကားလုံးတွေ ၀ိညာဉ်တွေပြောင်းလဲသွားတယ်
အချစ်တွေပြောင်းလဲသွားတယ်
ကမ္ဘာကြီးကပြောင်းလဲသွားတယ်
ငါ့ကိုကတိပေးပါ ချစ်သူရယ်..
ဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှအရောင်မပြောင်းလဲဘူးနော်..........
♥..♥
ရိုးသားတဲ့ချစ်ခြင်း
ReplyDeleteအရောင်တွေ မပြောင်းစေရဘူး
မြဲမြံတဲ့ကတိစကားတွေနဲ့..
ဘ၀ခရီးကို မညာဉ်းညူကြေး
အပြုံးလေးတွေနဲ့ ခရီးဆက်နိုင်ကြပါစေ...။
ReplyDeleteခေါင်းစဉ်မျိုးစုံတပ်လို့စိတ်တွေဟာ
အရောင်ပြောင်းလဲကြတယ်
စိတ်ရောင်စုံသက်တန့်ကြီးကို
ငေးမောကြည့်နေမိပြီး
ဖြူစင်တဲ့အရောင်လေးတွေကို
ပိုမိုနှစ်သက်မိနေတယ်
ငါ့ကိုကတိပေးပါ ချစ်သူရယ်..
ReplyDeleteဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးနော်..........
ငါ့ကိုကတိပေးပါ ချစ်သူရယ်..
ReplyDeleteဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးနော်..........
မပြောင်းလဲသောချစ်ခြင်းများနဲ့အတူ .......
ReplyDeleteခံစား အားပေးခဲ့ပါတယ် မ..မ ရေ...
ReplyDeleteကဗျာကောင်းများ စွာ ပို၍ ဖန်တီး ပုံဖော် နိုင်ပါစေ ဗျာ
ဖြူစင်တဲ့အလင်းတန်းကိုပဲ
ReplyDeleteမြင်တွေ့ခွင့် ရရှိပါစေလို့
ကြယ်လေးတွေကြွေကျတာမြင်မိတဲ့ခဏ
ဆုတောင်းနေမိတယ်ချစ်သူရယ်
ဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို
ReplyDeleteဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲဘူးနော်..........
အားပေးတာ လေးစားပါတယ်.နီယွန်
ReplyDeleteအားပေးသွားတယ် မမချစ်
ReplyDeleteဖြူစင်သော ချစ်ခြင်းတို့သည် အရောင်မပြောင်းလည်းတတ်ပါဘူးမမကြီးရေ ...။
ReplyDeleteအဝေးကြီးကလာအားပေးတဲ့
ReplyDeleteမေခလေးကို အာဘွားးနော်
ဖြူစင်တဲ့အရောင်လေးတွေကို
ReplyDeleteပိုမိုနှစ်သက်မိနေတယ်
ငါ့ကိုကတိပေးပါ ချစ်သူရယ်..
ReplyDeleteဖြူစင်တဲ့ ငါ့တို့စိတ်နှလုံးသားကို
ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မှ
အရောင်မပြောင်းလဲရဘူးနော်..........
.
ပြောင်းလဲမှုတွေများတဲ့လောကကြီးမှာ
ငါ့စိတ်နှလုံးသားလေးဟာ ဖြူစင်ခြင်းတွေကိုပဲ
နှစ်သက်မိတယ်