Pages
Tuesday, May 29, 2018
နယုန်လပြည့် မဟာသမယနေ့
 ✏ သိကောင်းစရာ မဟာသမယအခါ ✏
နယုန်လပြည့်နေ့ကို “မဟာသမယနေ့”ဟူ၍ ပညာရှိ
ပုဂ္ဂိုလ်တို့က အတည်ပြု သတ်မှတ်ကြပါသည်။
မဟာသမယ၌ မဟာ က-တစ်ပုဒ်၊
သမယ က-တစ်ပုဒ် ဖြစ်ပါသည်။
မဟာ-ကြီးကျယ်များပြားသော+သမယ=
နတ်ဗြဟ္မာတို့၏ အစည်းအဝေး၊
မဟာသမယ- “များစွာသော နတ်ဗြဟ္မာတို့
အစည်းအဝေး” ဟူ၍ အဓိပ္ပါယ်ရပါသည်။
ထိုနတ်ဗြဟ္မာတို့ အစည်းအဝေး၌ ဟောကြားအပ်သော
သုတ္တန်များကို “မဟာသမယသုတ်”ဟု
ခေါ်ကြရပေသည်။
ထို  “မဟာသမယသုတ်”များကို ရွတ်ဆိုကြသော
လူပုဂ္ဂိုလ်တို့အား နတ်တို့က ချစ်ခင်မြတ်နိုးကြပေသည်။
ဘေးရန်အန္တရာယ်များကင်းအောင် စောင့်ရှောက်
ကြပေသည်။ ကောင်းကျိုးချမ်းသာများရရှိအောင်
ဆောင်ရွက်ပေးတတ်ကြပေသည်။ သို့ဖြစ်၍
ရှေးသူတော်ကောင်းတို့သည် အိမ်သစ်၊ နေရာသစ်၊
မြို့ရွာသစ်များ တည်ဆောက်ကြသောအခါ
ဤမဟာသမယသုတ္တန်များကိုရွတ်ဆိုကြပေသည်။
ရွတ်ဆို၍ တည်ဆောက်ကြပေသည်။
ဤမဟာသမယသုတ်များ ဖြစ်ပေါ်လာရခြင်း၏
အကြောင်းမှာ တစ်ချိန်သောအခါ မြတ်စွာဘုရားသည်
သက္ကတိုင်း ကပိလဝတ်ပြည်၏အနီး မဟာဝုန် တောကြီး
ထဲ၌ ရဟန္တာငါးရာနှင့် အတူတကွသီတင်းသုံးနေထိုင်တော်
မူ၏။ ထိုအခါ မြတ်စွာဘုရားကို လည်းကောင်း၊ ရဟန္တာငါးရာ တို့ကိုလည်းကောင်း၊ ဖူးမြင်ခြင်းငှာ တစ်သောင်းသော လောကဓာတ်မှ နတ်ဗြဟ္မာတို့
သည် စုဝေး လာရောက်ကြကုန်၏။
မဟာဝုန်တောကြီးအတွင်း၌ မြတ်စွာဘုရားနှင့်
အတူတကွ သီတင်းသုံးနေထိုင်ကြသော ရဟန္တာငါးရာ
တို့သည် တစ်နေ့တည်းမှာပင် ရဟန္တာဖြစ်ကြသော
ပုဂ္ဂိုလ်များ ဖြစ်ကြပေသည်။
အသက်အရွယ်အားဖြင့် နုပျိုကြသေးသည့် မင်းမျိုးများမှ ဖြစ်လာကြသော ရဟန္တာများ  ဖြစ်ကြပေသည်။ထိုမင်းမျိုးမင်းသားငယ်တို့၏ ရဟန္တာအဖြစ်သို့ ရောက်ရှိလာရခြင်း၏အကြောင်းမှာသိဖွယ်ရာကောင်းလှ
ပါပေသည်။ နှစ်ပြည်ထောင်မင်းတို့၏ စစ်ပြေငြိမ်းရာမှ
ဖြစ်လာကြသော ရဟန္တာများဖြစ်ကြပေသည်။
“ရန်ပြေ မာန်ပြေ ရဟန္တာများ”
•••••••••••••••••••••••••••••••••••••••
ထိုမင်းမျိုး ရဟန္တာငါးရာတို့၏ လူ့ဘဝက
နေထိုင်ခဲ့ကြသော တိုင်းပြည်တို့သည် သက္ကတိုင်း၊
ကပိလဝတ်ပြည်နှင့် ကောလိယပြည်တို့ ဖြစ်ကြပေသည်။
ရဟန္တာငါးရာတို့တွင် နှစ်ရာ့ငါးဆယ်သောရဟန္တာတို့သည်
ကပိလဝတ်ပြည်သားမင်းမျိုးရဟန္တာများ ဖြစ်ကြပေသည်။
နှစ်ရာ့ငါးဆယ်သောရဟန္တာတို့သည် ကောလိယပြည်သား
မင်းမျိုးရဟန္တာများ ဖြစ်ကြပေသည်။
သက္ကတိုင်း၊ကပိလဝတ်ပြည်နှင့် ကောလိယပြည်
နှစ်ပြည်ထောင် တို့၏အကြား၌ ရောဟိဏီမည်သော
မြစ်ငယ်တစ်ခုရှိပေသည်။ ထိုမြစ်၏ တည်ရှိပုံမှာ ငါးကြင်း
အမြီးကဲ့သို့ မြစ်၏အရင်းအစ၌ တစ်ခုတည်းသာ
ဖြစ်၏။ မြစ်၏အဖျား၌မူ လက်ဝဲ၊ လက်ယာအားဖြင့်
မြစ်နှစ်ခွ ကွဲသွားလေ၏။
မြစ်နှစ်ခွတို့၏ ကမ်းပါးတို့၌ တစ်ဖက်သောမြစ်၏
ကမ်းပါးတွင် ကပိလဝတ်ပြည်သူတို့က ရေသွင်းကာ
လယ်ယာတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၏။
တစ်ဘက်သောမြစ်၏ ကမ်းပါးတွင် ကောလိယ
ပြည်သူတို့က လယ်ယာတို့ကို စိုက်ပျိုးလုပ်ကိုင်ကြ၏။
နယုန်လပြည့် သို့ရောက်သောအခါ မိုးကောင်းကောင်း
မရွာသေးသည်ဖြစ်၍ ရောဟိဏီ မြစ်ရေနည်းပါးလာ၏။
ကောက်ပင်တို့သည် ရေမရကြ၍ ညှိုးနွမ်းလာကြ
ပေသည်။ ရောဟိနီမြစ်မှရေကို နှစ်ဘက်လုံး အညီအမျှ ယူကြလျှင် ရေမရနိုင်သောကြောင့် ကာလိယပြည်သူတို့
က “အကျွန်ုပ်တို့၏ ကောက်ပင်များသည် ရေတစ်ကြိမ်
သွင်းလိုက်ရလျှင် သီးနှံများ အောင်မြင်သွားမည်
ဖြစ်ပေသည်။ ကပိလဝတ်ပြည်သူတို့ဘက်မှ မြစ်ကို
ပိတ်ထား၍ အကျွန်ုပ်တို့အား ရေကိုပေးပါလော့”
တောင်းဆိုကြကုန်၏။
ကပိလဝတ်ပြည်သူတို့ကလည်း “အကျွန်ုပ်တို့၏
ကောက်ပင်များသည်လည်း ရေတစ်ကြိမ်သွင်းရလျှင်
သီးနှံများအောင်မြင်သွားနိုင်သည်။ အကျွန်ုပ်တို့အား
ထိုမြစ်ရေကိုပေးပါလော့”ဟု တောင်းဆိုကြကုန်၏။
ကောလိယပြည်သူတို့ကလည်း မပေးနိုင်ဟုဆို၍
အငြင်းပွားကာ အချင်းချင်း ခိုက်ရန်ဖြစ်ကြကုန်၏။
ရိုက်နှက်ကြကုန်၏။ မင်းမျိုးတို့ကိုလည်း နာကြည်းစွာ
ထိခိုက်အောင် ဆဲရေးကြကုန်၏။
❖ ကောလိယပြည်သား လယ်သမားတို့က
“ကပိလဝတ်ပြည့်ရှင် သာကီဝင်မင်းတို့သည် မင်းအဖြစ်၌
မာန်တက်နေကြသည်။ တကယ်စင်စစ်တော့ သင်တို့၏
မင်းတွေဟာ ခွေး၊မြေခွေးစသော တိရစ္ဆာန်များကဲ့သို့
နှမရင်းများနှင့်ထိမ်းမြား၍ ယုတ်ရင်းသော အိမ်ထောင်မှု
ကို ပြုကြသည်”
ဟု ရေရွတ်ဆဲရေးကြကုန်၏။
❖ ကပိလဝတ်ပြည်သား လယ်သမားတို့ကလည်း
“ကောလိယတို့သည် မင်းအဖြစ်၌ မာန်တက်နေကြသည်။
တကယ်စစ်စစ်တော့ သင်တို့၏ မင်းတွေဟာ နူနာစွဲ၍
ကိုးကွယ်ရာမဲ့ ဖြစ်ကြပြီး၊ကုလောပင်၏ အခေါင်းတွင်းသို့
ဝင်ကာ ပုန်းအောင်းနေကြရသော အနူမျိုးတွေ
ဖြစ်ကြပေသည်” ဟု နာကြည်းစွာ ဆဲရေးကြကုန်၏။
ဤနှစ်ဘက်သော လယ်သမားတို့၏ ဆဲရေးပြောဆိုကြ
သော စကားတို့ကို နှစ်ဘက်သောမင်းတို့ တစ်ဆင့်ကြား
ကြသောကြောင့် စစ်တိုက်ဖို့ရာ နှစ်ပြည်ထောင်မင်းတို့
သည် စစ်သည်ဗိုလ်ပါ အလုံးအရင်းဖြင့် ထွက်လာကြ
ကုန်၏။
ထိုကဲ့သို့ စစ်တိုက်ကြမည့် အကြောင်းကို မြတ်စွာဘုရား
မြင်တော်မူ၍ ကောင်းကင်၌ တည်တော်မူကာ ရောင်ခြည်
တော်တို့ကို လွှတ်တော်မူလျက် သီတင်းသုံးနေတော်မူ၏။ ကပိလဝတ်ပြည်မင်းသားများနှင့် စစ်သည်တော်တို့သည် မြတ်စွာဘုရားကို ကောင်းကင်၌ မြင်သည်ရှိသော် မြတ်စွာဘုရား ရှေ့တော်မှောက်၌  သူတစ်ပါးတို့ကို ညှဉ်းဆဲသတ်ဖြတ်ရန် မသင့်တော်ပေ။
ကောလိယပြည်မင်းသားများနှင့် စစ်သည်ဗိုလ်ပါတို့က
“မိမိတို့အား အလိုရှိသည့်အတိုင်း နှိပ်စက်ကြတော့”
ဟု လက်နက်တို့ကို စွန့်ပစ်ကာ မြတ်စွာဘုရားကို
ထိုင်၍ ရှိခိုးနေကြကုန်၏။
ကောလိယပြည်သား မင်းသားများနှင့် စစ်သည်ဗိုလ်ပါ
တို့သည်လည်း ကပိလဝတ်ပြည်သားမင်းသားများ
စစ်သည်များနှင့်တူစွာ လက်နက်များကို စွန့်ပစ်ကာ
မြတ်စွာဘုရားကို ထိုင်၍ ရှိခိုးကြလေကုန်၏။
မြတ်စွာဘုရားသည် သိတော်မူလျက်နှင့်ပင် နှစ်ဘက်သော
ပြည်သား မင်းသားများကို “သင်တို့အဘယ်ကိစ္စဖြင့်
လာကြသနည်း” ဟု မေးတော်မူ၏။
“တပည့်တော်တို့သည် ပျော်ပွဲစားရန် လာကြသည်
မဟုတ်ပါ။စစ်တိုက်ဖို့ရန် လာကြခြင်းဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားကြလေသည်။ “အဘယ်ကြောင့်
စစ်တိုက်ကြမည်နည်း”ဟု မေးတော်မူရာ
“ရေရရှိရေး ပြဿနာကြောင့် ဖြစ်ပါသည်ဘုရား”
ဟု လျှောက်ထားကြလေ၏။
ရေထက် မြေက အဖိုးထိုက်တန်သည်။
မြေထက် မင်းမျိုးတို့က အဖိုးထိုက်တန်သည်။
ရေကိုအကြောင်းပြု၍ မင်းမျိုးတို့ကိုမပျက်စီးကြစေလင့်။
အရာမဟုတ်သည့်၌ ရန်မူခြင်းကြောင့် ပျက်စီးကြသော
ဖန္ဒနဇာတ်တော်။ပညာမဲ့တို့၏စကားကြောင့်
ပျက်စီးကြသော ပထဝီဥန္ဒြိယဇာတ်တော်။
အားသေးသော်လည်း အားကြီးသူအား ပျက်ဆီးစေသော
လဋုကိကဇာတ်တော် တို့ကို ဟောကြားတော်မူ၏။
ထို့နောက် ညီညွတ်ခြင်း၏ အကျိုးတရားတို့ကို
ပြသော “ရုက္ခဓမ္မဇာတ်၊ ၀ဋ္ဋကဇာတ်ကိုလည်း
ဟောကြားတော်မူ၏။
ထိုအခါမင်းမျိုးတို့သည် ဤစစ်မြေပြင်သို့ မြတ်စွာဘုရား
မကြွလာခဲ့လျှင် ငါတို့အားလုံးသွေးချောင်းစီး၍သေကြေ
ပျက်စီး ကြကုန်လတ္တံ။ယခုအခါ အသက်သေရခြင်းဘေးမှ ချမ်းသာကြရပေပြီ။မြတ်စွာဘုရားသည် တောမထွက်ခဲ့
လျှင် စကြာဝတေးမင်းကြီးဖြစ်မည်။အခြံအရံမင်းသား
စွာနှင့် နေရမည်ဖြစ်ပေသည်။ ယခု ဘုရားဖြစ်သည့်အခါ
မှာလည်း မင်းသားအခြံအရံများနှင့် နေရမှသာ သင့်တော်
မည်ဟုဆိုကြကာ ကပိလဝတ်ပြည်မင်းမျိုးမှ မင်းသား
နှစ်ရာငါးဆယ်၊ ကောလိယပြည် မင်းမျိုးမှ မင်းသား နှစ်ရာငါးဆယ်တို့ကို မြတ်စွာဘုရားအားအပ်နှင်းကြ
လေကုန်၏။ မြတ်စွာဘုရားသည် ထိုမင်းသားငါးရာတို့ကို ဧဟိဘိက္ခုခေါ်တော်မူ၍ရဟန်းပြုပေးတော်မူလိုက်၏။
ထိုရဟန်းငါးရာတို့သည် သားမယားတို့ထံမှ သတင်း
စကားများကို ခဏခဏကြားရသောကြောင့် လွန်စွာ
ပျင်းရိကြကုန်၏။ မြတ်စွာဘုရားသည် ထိုအကြောင်းကို
သိတော်မူ၍ ဟိမဝန္တာ၌ရှိသော ကုဏာလရေအိုင်၏
ပျော်မွေ့ဖွယ်ရာ ဂုဏ်ကျေးဇူးများကို ချီးမွမ်းပြောကြား
ကာ ကုဏာလအိုင်သို့ လိုက်ခဲ့ကြလော့ ဟုဆိုကာ မြတ်စွာဘုရား၏ တန်ခိုးတော်ဖြင့် ကောင်းကင်မှ ခေါ်ဆောင်သွားတော်မူလေ၏။
ကုဏာလရေအိုင်သို့ ရောက်သောအခါ
“မသိတာကို မေးကြလော့” ဟု မြတ်စွာဘုရားက မိန့်ကြား
တော်မူ၏။ ရဟန်းငါးရာတို့သည် မမြင်ဖူးကြသော ငါးတို့ကို မေးကြကုန်၏။မမြင်ဖူးကြသော တိရစ္ဆာန်
တို့ကို မေးကြကုန်၏။ မမြင်ဖူးကြသောသစ်ပင်တို့ကို
မေးကြကုန်၏။ မေးတိုင်း၊မေးတိုင်း အမည်နာမနှင့်တကွ
မြတ်စွာဘုရား ဖြေကြားတော်မူလေ၏။
ထိုသို့ဖြေကြားနေသည့်အခိုက်အတန့်၌ပင်ငှက်နှစ်ကောင်
တို့သည် ချီ၍ အလယ်တည့်တည့်၌  ငှက်မင်းကို ထိုင်စေ
လျက် ပျံသန်းလာကြ၏။ ရှေ့နောက်ဝဲယာတို့မှလည်း ငှက်အပေါင်းတို့ခြံရံကာ ပျံသန်းလာကြ၏။ ဤကဲ့သို့ အံ့ဩဖွယ်ရာ ပျံသန်းလာကြသည်ကို ရဟန်းငါးရာတို့ မြင်ကြလေ၏။
တုတ်တံ၏အလယ်၌ ထိုင်လျက် တည်၍လိုက်ပါသော
ငှက်သည် ငှက်တို့၏မင်းဖြစ်လိမ့်မည်။ တုတ်တံကို
နှုတ်သီးဖြင့် ချီလာသော ငှက်နှစ်ကောင်နှင့် ဝဲယာမှ
ပျံသန်းလိုက်ပံကြသော ငှက်အပေါင်းတို့သည် အခြံအရံများ ဖြစ်ကြပေလိမ့်မည်ဟု ရဟန်းငါးရာတို့ ပြောဆိုကြကုန်၏။
ထို့သို့ ပြောဆိုသောအခါ မြတ်စွာဘုရားက
“ချစ်သားရဟန်းတို့၊သင်တို့မှတ်ထင်ပြောဆိုသည့်အတိုင်း
မှန်ပေသည်။ ဤငှက်အမျိုးအနွယ်တို့သည်ရှည်မြင့်စွာ
သော ဘဝသံသရာက ငါဘုရား၏ အမျိုးအနွယ်များ ဖြစ်ကြပေသည်”ဟု မိန့်ကြားတော်မူ၏။
ရဟန်းတော်များက “မြတ်စွာဘုရား၊ဤငှက်မျိုး၌
မြတ်စွာဘုရား ပါရမီနုစဉ်က ဖြစ်ခဲ့ရသည့် အတိတ်
ဇာတ်ကြောင်းကို သိလိုကြပါသည်။ ဟောကြားတော်မူပါ
ဘုရား”ဟု လျှောက်ထားကြသဖြင့်“ကုဏာလဇာတ်” ကို ဟောကြားတော်မူ၏။
ကုဏာလဇာတ်ကို နာကြားရသော ရဟန်းတော်တို့သည်
စိတ်ကြည်နူး နှစ်သက်မှုပီတိများ ဖြစ်ကြပေသည်။
ပီတိကို အမှီပြု၍ ကိုယ်စိတ်တို့၏ ငြိမ်းအေးမှု ပဿဒ္ဓိများ ဖြစ်ကြရပေသည်။ ပဿဒ္ဓိကိုအမှီပြု၍ စိတ်တည်ငြိမ်မှု သမာဓိများ ဖြစ်ကြရပေသည်။
သမာဓိကို အမှီပြု၍ ရုပ်နာမ် ကြောင်းကျိုး
အနိစ္စ ၊ ဒုက္ခ ၊ အနတ္တတို့ကိုသိသော ဝိပဿနာဉာဏ်များ
ဖြစ်လာကြပေသည်။ ဝိပဿနာဉာဏ် အဆင့်ဆင့်
ရင့်ကျက်လာကြပြီးလျှင် အဘိဉာဏ်ရသော သောတာပန်
ပုဂ္ဂိုလ်များ ဖြစ်သွားကြလေ၏။
ထိုရဟန်းတော်တို့ အဘိညာဉ်ရသော သောတာပန်
ပုဂ္ဂိုလ်များ ဖြစ်သွားပြီးသောအခါ မြတ်စွာဘုရားသည်
ထိုရဟန်းတော်တို့ကို ကောင်းကင်ခရီးဖြင့် ခေါ်ဆောင်၍
မဟာဝုန်တောသို့ ပြန်ကြွတော်မူ၏။ လိုက်ပါသွားကြလေ
ကုန်၏၊ မဟာဝုန်တောသို့ ရောက်သောအခါ
ထို ရဟန်းတော်တို့အား အထက် မဂ်ဖိုလ် (၃)ပါးအတွက်
ကမ္မဋ္ဌာန်းတရားများကို မြတ်စွာဘုရား ဟောကြား
ပေးသနားတော်မူ၏။ ရဟန်းတော်တို့သည် ဆိတ်ငြိမ်ရာ
အရပ်သို့ ချဉ်းကပ်ကာ ဝိပဿနာ ကမ္မဋ္ဌာန်းတရားကို
ကြိုးစားအားထုတ်ကြသဖြင့် ရဟန္တာပုဂ္ဂိုလ်များ
ဖြစ်သွားကြလေ၏။
ထိုရဟန္တာပုဂ္ဂိုလ်တို့သည် မိမိတို့ ရရှိခဲ့ကြသော ရဟန္တာ
အဖြစ်တရားထူး၊တရားမြတ်များကို လျှောက်ထားလို၍ မြတ်စွာဘုရားထံသို့ အသီးသီး ရောက်လာကြလေ၏။ မြတ်စွာဘုရားအနီး၌ ရဟန္တာငါးရာကို ရောက်ရှိ နေသော
အချိန်သည် မြတ်စွာဘုရား (၄)ဝါရပြီးသောအခါ
မဟာသက္ကရာဇ် ၁၀၇ခုနယုန်လပြည့်နေ့လရောင်ထိန်
လင်း ရှုခင်းသာယာ ညဥ့်အချိန်အခါ ဖြစ်ပေသည်။
လရောင်ထိန်လင်း ရှုခင်းသာယာ ထိုနယုန်လပြည့်
ညဥ့်အခါ၌ ကိလေသာအညစ်အကြေးတို့မှ ကင်းစင်၍
ဘုန်းတော်ခြောက်ပါးနှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရားကို ကိလေသာအညစ်အကြေးကင်းစင်
ကြသော ရဟန္တာပုဂ္ဂိုလ်ငါးရာတို့ ခညောင်းဝန်းရံလျက် သီတင်းသုံးနေတော်မူကြ၏။ ထိုသို့ နေတော်မူကြသည်
ကို မြင်ကြသော မဟာဝုန်တောအနီးအနား၌ ရှိနေကြသော နတ်တို့သည် မြင်ကြကုန်၏။
ထို့သို့ မြင်ကြသောအခါ
“အမောင်နတ်တို့ ၊ လာကြကုန်လော့၊မြင်ခြင်း၊တရားနာခြင်း၊ သံယာဖူးမြင်ခြင်းတို့သည်
အကျိုးများလှ၏။ လာကြကုန်လော့၊ သွားကြကုန်စို့”
ဟု များစွာသော အသံတို့ဖြင့် ကြွေးကြော်ကြကာ
သွားရောက်၍ မြတ်စွာဘုရားနှင့် ရဟန္တာငါးရာတို့ကို
ရှိခိုးကာ နေကြကုန်၏။
ထိုနတ်တို့၏ ကြွေးကြော်သံတို့ကို အဆင့်ဆင့်ကြားကြ၍
တစ်သောင်းသော စကြဝဠာတိုက်တို့မှ နတ်ဗြဟ္မာတို့
စုဝေး ရောက်လာကြကုန်၏၊ ဤစကြဝဠာတိုက်၌
နတ်ဗြဟ္မာတို့ဖြင့် ပြည့်ကျပ်၍နေ၏။ အလွန်သိမ်မွေ့
သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။
မြတ်စွာဘုရား၏အနီးတွင် သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်)မျှသော နေရာ၌ တစ်ဆယ်၊နှစ်ဆယ်၊သုံးဆယ်သောနတ်ဗြဟ္မာတို့ နေကြရကုန်၏။ မြတ်စွာဘုရားနှင့် ဝေးသောနေရာတို့၌ သားမြီးတစ်မျှင် (ဆံပင်တစ်မျှင်) မျှသောနေရာတို့၌ ခြောက်ဆယ်သော နတ်ဗြဟ္မာတို့အလွန်သိမ်မွေ့ သေးငယ်သော ခန္ဓာကိုယ်ကို ဖန်ဆင်း၍ နေကြရကုန်၏။
ဤကဲ့သို့ အလွန်များပြားသော နတ်ဗြဟ္မာတို့ စည်းဝေး
ရောက်လာကြသောအခါ ရှေးဦးစွာ ထိုနတ်ဗြဟ္မာတို့၏
အမည်တို့ကို ဖော်ထုတ်၍ ဟောကြားတော်မူ၏။
ထို့နောက် နတ်ဗြဟ္မတို့၏ စရိုက်အားလျော်စွာ
မဟာသမယသုတ္တန် ခြောက်သုတ်ကို
ဟောကြားတော်မူ၏။
(၁)။ တပ်မက်ခြင်း = ရာဂစရိုက်များသော
နတ်ဗြဟ္မာတို့အား သမ္မာပရိဗ္ဗာဇနီယသုတ်၊
(၂)။ ကြမ်းတမ်း ပြစ်မှားခြင်း = ဒေါသစရိုက်များသော
နတ်တို့အား ကလဟဝိဝါဒသုတ်၊
(၃)။မသိတွေဝေခြင်း - မောဟစရိုက်များသော
နတ်ဗြဟ္မာတို့အား မဟာဗျူဟာသုတ်၊
(၄)။ ကြံစည်ခြင်း = ဝိတက်စရိုက်များသော
နတ်ဗြဟ္မာတို့အား စူဠဗျူဟာသုတ်၊
(၅)။ ယုံကြည်ခြင်း = သဒ္ဓါစရိုက်များသော
နတ်ဗြဟ္မာတို့အား တုဝဋကသုတ်၊
(၆)။ အသိဉာဏ်ရှိခြင်း - ဗုဒ္ဓိစရိုက်များသော
နတ်ဗြဟ္မာတို့အား ပုရာဘောဒသုတ်၊
ဟူသော ၆-သုတ် တို့ကို ဟောကြားပါသည်။
(မဟာဝဂ္ဂ-ဋ္ဌ၊၂၆၆)
တစ်သုတ် တစ်သုတ်တို့၏ ဟောကြားခြင်း အဆုံးအဆုံး၌ ကုဋေ တစ်သိန်းသော နတ်ဗြဟ္မာတို့ ရဟန္တာဖြစ်ကြသည်။ သောတာပန်၊သကဒါဂါမ်၊အနာဂါမ်ဖြစ်သူတို့လည်း မရေ
တွက်နိုင်အောင် များပြားကြလေသည်။နတ်ဗြဟ္မာ
တို့အတွက် အလွန်အကျိုးများသော သုတ္တန်များဖြစ်ကြ၍ ဤမဟာသမယသုတ္တန်များကို ရွတ်ဆိုသောပုဂ္ဂိုလ်တို့
အား နတ်ဗြဟ္မာတို့က အထူးစောင့်ရှောက်ကြသဖြင့်
ဘေးရန်ကင်း၍ ကောင်းကျိုးချမ်းသာအမျိုးမျိုးတို့ကို
ရရှိနိုင်ကြပေသည်။ ။
-【စာရိုက်ပူဇော်သူ - Admin Team of
Young Buddhist Association】
-【မဟာစည်နာယက၊အဂ္ဂမဟာ
ကမ္မဋ္ဌာနာစရိယ၊အရှင်ကုဏ္ဍလာဘိဝံသ-
သဒ္ဓမ္မရံသီရိပ်သာဆရာတော်ဘုရားကြီး】
Credit
Monday, April 16, 2018
နှစ်သစ်အစပြုကောင်းမှု့ပြည့်ပါစေ
နှ စ်သစ်အစပြု  ၃၁ဘုံသားအားလုံး
ရွှင်လန်း ချမ်းမြေ့ အေးချမ်းသာယာရှိပါစေ
ဘေးရန် ကင်းပ ကိုယ်စိတ် နှစ်ပါး
ကျန်းမာပျော်ရွှင်ပါစေ
Monday, March 12, 2018
အမေမှာတမ်း
"အမေမှာတမ်း " (၁)
သမီး = သား
သူများဆီက မေတ္တာ နွေးထွေးမှု စောင့်ရှောက်မှုရလိုလျှင်
မိမိကအရင်ဆုံးနွေးထွေး ချစ်ခင်စောင့်ရှောက်မြတ်နိုးမှု့ပေးလိုက်ပါ
အဲ့တာမှတစ်ဖက်က မသိကျိုးကျင်ပြုမူနေတယ်ဆိုရင်တော့
အဲ့ဒီလူကို သေလူသို့ ရှင်လျှက်နဲ့ လူသေဖြစ်နေတယ်လို့သာ
ထင်မှတ် မြင်ယောင်ပေါင်းသင်း ဆက်ဆံလိုက်တာဟာအကောင်းဆုံးပါ
လူသေဆီမှ ဘာတုံပြန်မှုမှမပေးဘဲ အပုတ်နံပေးနေတာ
ဒါသဘာဝပါသမီး တို့သားတို့ဝေးဝေးနေတော့ ရွံ့ရှာစက်ဆုတ်စရာ အပုတ်နံကင်းပတာပေါ့နော်..
စိတ်ဆိုတာဟာ မျှော်လင့်သလို ဖြစ်မလာလျှင်
ခံစားနာကျင်တတ်သည့်သဘောရှိ၏
အရာဝတ္ထုတစ်ခုအားကြည့်လျှင်
 အနီးအဝေးအမြင်ချင်း  မတူတတ်သကဲ့သို့သာမှတ်ယူပါ
''အမေမှာတမ်း "(၂)
သား=သမီး
သေချာ စစ် ကြည့်ပါ
တစ်ယောက်နဲ့တစ်ယောက်
အတ္တတွေ နဲ့မြင်နေသမျှ
စကားလုံးတွေနဲ့ပစ်ပေါက်
စိတ်စိတ်ခြင်း သတ်ဖြတ်၍
ကိလေသာ အမှောင်ထဲမှာ မျက်ကန်းများကဲ့သို့
စီးချင်းထိုးနေရမှာပါ ..
အမေ
မှာတမ်း (၃)
သား=သမီး
အမှန်တရားကို မျက်ကွယ်ပြုနေသမျှ
တရားအမှန်ကို မရရှိနိုင်ပါ
မိမိ၏ လုပ်ဆောင်ချက်တိုင်းကို မိမိကိုယ်တိုင်သိရှိ၍
အမှန် အမှား  ဝေဖန်ပိုင်းခြား၍
 မိမိကိုယ်ကို အမှန် မြင်နိုင်ပါစေ
မိမိကိုယ်ကို ဟန်ဆောင်နေသ၍
ကန်းနေသူဖြစ်သည် အမှန်ကို မမြင်နိုင်ပါ
အမှန်မြင်၍အကန်းဘဝမှ လွတ်မြောက်အောင်ကြိုးစားနိုင်ပါစေ
သား=သမီးတို့
မိမိ၏ကိုယ်နှင့် မိမိ၏စိတ် အာရုံထိရှမှု့ မှန်သမျှကို
 တရားအမှန် အမှန်တရားအတိုင်း သိနိုင်ပါစေ..
အမှန်ကိုသိရှိ၍ အမှန်ကိုလက်ခံနိုင်ပါစေ..
အမေမှာတမ်း (၄)
သား=သမီး
လူဘဝဆိုတာဟာ
မီးပုံကြီးထဲသို့  မီးငြိမ်းမှာစိုး၍
စဉ်ဆက်မပြတ် မီးတောက်အောင်
လောင်စာများစွာ ယူထည့်နေသော ဒုက္ခဘုံဖြစ်တယ်
သား=သမီး
မိမိကိုယ် နှင့် မိမိစိတ်ထိရှမှု့မှန်သမျှဟာ
 မီးပုံကြီးတောက်လောင်ကြီးမားလာအောင်
လောင်စာများယူ၍
ထည့်နေသူများသာဖြစ်တယ်
ခန္ဓာ၏ဒုက္ခ ငြိမ်းအေးသော
ဘဝပိုင်ရှင်များဖြစ်အောင်ကျိုးစားနိုင်ကျပါစေ..
Thursday, February 22, 2018
ဥပဒေကိုမုဒိန်းကျင့်ခံရခြင်း
နိုင်ငံတော်အတိုင်ပင်ခံနှင့် လွတ်တော် လူကြီးမင်းများသိစေရန်
😢ဥပဒေကို မုဒိန်းကျင့်ခံရခြင်း😭
မုဒိန်းမှု့ ကို မကိုင်တွယ်နိုင်ဘူးလား ဥပဒေ
 ဥပဒေ ကို ဘယ်သူပိုင်သလဲ
ယိုသူမရှက် မြင်သူရှက်မို့
မုဒိန်းမှုကင်းဝေးရေး သေဒဏ်ပေးဖို့ ဝန်လေးနေလားဥပဒေ
မုဒိန်းကောင်များက ဥပဒေကို မုဒိန်းကျင့်နေပြီဥပဒေ
မုဒိန်းကျင့်ခံရ ဥပဒေဟာ စုတ်ဖြဲကားယား သွေးထွက်သံယို
အပိုင်းပိုင်းအတစ်တစ် သေသွားပြီလားဥပဒေ
ဆွံ့အ နားမကြား………
တာဝန်ရှိပုဂ္ဂိုလ်များ မုဒိန်းကောင်ကိုကြောက်နေလား
ကလေး လူမမယ် ငယ်ရွယ်ကြီးလတ် ပျိုပျို အိုအိုပြည်သူအများ
ဥပဒေ နဲ့အတူ မုဒိန်းကျင့်ခံနေရတယ် ဥပဒေရယ်
မုဒိန်းမှု့ကင်းဝေးရေး သေဒဏ်ပေးမှ
ပြည်သူအများ ရင်အေးမှာပါ ဥပဒေရယ်
Friday, December 29, 2017
ဒီဇင်ဘာ ထွက်သက်
* ဒီဇင်ဘာ ထွက်သက် *
စနိုးပွင့်လေး တွေနဲ့အတူ အလွမ်းတွေပျိုးလို့
မျှော်လင့်ခြင်းကောင်းကင် ဟန်ဆောင်ခြင်း တိမ်တိုက်တွေကြား
မုန်တိုင်းထန် နေတဲ့ နာကျည်းခြင်းပင်လယ်ဟာ
ငွေ့ရည်ဖွဲ့ပြီး ဒီဇင်ဘာ ထွက်သက်အဖြစ်
ဒဏ်ရာတွေအဖော်ပြုလို့ နှင်းမိုးတွေရွာချတယ်..
ကြယ်ကြွေတွေရဲ့ ငိုရှိုက်သံနဲ့အတူ သက္ကရာဇ်တွေ
တစ်နှစ်ပြီးတစ်နှစ်ချွေချွေချတယ်
ရက်စက်တတ်တဲ့ ဒီဇင်ဘာရယ်
မျှော်လင့်ခြင်း အိမ်မက်ကမ္ဘာမှာ
မင်းပေးတဲ့လက်ဆောင်တွေကို
စနိုးပွင့်လေးတွေ နှင်းမြူတွေနဲ့သီကုံး
ငါရဲ့အကြင်နာ မေတ္တာ  ငါ့ရဲ့အချစ်ဖြစ်ြေ့ပာင်းလဲပြီး
ငါရဲ့နှလုံးသားပြတိုက်မှာ ကမ္မည်းထိုး ချိတ်ဆွဲထားလိုက်တယ်..
သက္ကရာဇ်အသစ်မှာ ချယ်ရီပန်းတွေနဲ့အတူ
ငါ့ကောင်းကင်အပြာရာင်မှာ ကြည်နူးခြင်းတွေ ဖြစ်တည်
အေးမြငြိမ်းချမ်းပြီး သာယာလှပလို့
အရောင်အသွေးစုံလင် လှပတဲ့ ပန်းခင်း
ငါ့နှလုံးသား ခရမ်းရောင်အလွမ်းတောမှာ
အဖြူရောင်ဝတ်စုံလေးဝတ်ပြီး  သက္ကရာဇ်အသစ်ကို
လိပ်ပြာလေးတွေ ငြိမ်းချမ်းရေးငှက်လေးတွေနဲ့အတူ ကြိုဆိုလိုက်ပါတယ်..
ဟန်ဆောင်လောကမှာ အမှားတွေကိုချိုမြိန်စွာစားသုံး
အမှန်တရားဟာ သတ်ပုံမှားလို့ ခါးတတ်လွန်းတာကြောင့်
သက္ကရာဇ်အသစ်မှာ မာယာများတဲ့ အတ္တတွေကို ယူဆောင်မလာနဲ့နော်
ငါအမုန်းဆုံးဒီဇင်ဘာ ငါအချစ်ဆုံးဒီဇင်ဘာရယ်..
နာကျဉ်ခြင်း အလွမ်းတွေခင်းကျင်းပြီး ထပ်တူမရှိတဲ့အချစ်တွေနဲ့အတူ
ဒီဇင်ဘာရဲ့ ထွက်သက်ကို နုတ်ဆက်လိုက်ပါတယ်..
Tuesday, December 26, 2017
သည်ဆောင်းရင်ခွင်
ရာသီပြောင်း
သည်ဆောင်း ရင်ဝယ် တိုးဝှေ့တယ် ။
ဟေမာန်ဆောင်းနှင်း
မြူ မှုန်ခင်းကျင်း
စိတ်ခြင်းယှက်သွယ်လာခဲ့မယ် ။
နှောင်တွယ်မှုများ
ချစ်ခြင်းအား
လွမ်းသည့်ရင်မှာ သိမ်းထားတယ်။
Tuesday, May 2, 2017
လွမ်းမိသမျှ
 💘💔ချစ်ချင်းရယ်ဆုံ💜💔
ကံရယ်မကြုံ ရေစက်ကုန်
ချစ်ခဲ့သူတိုင်း ဝေးကွာမှုမှာ
နှလုံးသားချင်းက ချိတ်ဆက်မခွာ
စိတ်ချင်းရိုက်ခတ် သိနေတာ
လွမ်းမိသမျှ အက္ခရာစာချ
ချစ်ချင်းပန်းပွင့် ပွင့်နေတာ
အတိတ်ကံ လှည့်ဖျား
သစ္စာထား
မုန်းသွား မမေ့ပါ
စိတ်လွင့်သမျှ တသသပေါ့
ချစ်ရသူမို့ လွမ်းနေမှာ
ရည်းစားဦးမို့  ကြားဖူးသမျှ
အဖိုးအဖွားထိ မမေ့နိုင်တာ
ချစ်သူသိရန် စာစီညွန်းဖွဲ့
"စိတ်"ထိရှရ
အက္ခရာတင်ထား သက်သေပါ
အဝေးမှ" မေ "လွမ်းနေတာ..💔💜💝