Pages

Friday, October 31, 2014

ဦးချ ကန်​​တော့တတ်​​သော ​ခွေးလိမ္မာ​လေး

အကန်းများလမ်း​လျှေက်​ထွက်​ခြင်း

အကန်းများ လမ်း​လျှောက်​ထွက်​ခြင်း

ကိ​လေသာများထမ်းပိုးပြီး လမ်း​လျှောက်​ထွက်​​နေကြ၏
စား​ကောင်း​သောအပင်​မှန်းမသိ  မစား​ကောင်း​သောအပင်​မှန်းမသိ
အဆိပ်​သီးများ အဆိပ်​​ရေများ စားသုင်္း​နေမိတာကို
အကန်းများ မမြင်​မကြည့်​တတ်​ဘူး
မျက်​ကန်းများ မျိး​စေ့ချကြတာ ငရဲမျိုး​စေ့များ စိုက်​ပျိုး​နေသလိုပါပဲ
စုံလုင်္းကန်းများဟာ သံသရာကို မမြင်​မကြည့်​တတ်​ဘူး
ထင်​တစ်​လုံးရဲ့​နောက်​ကွယ်​မှာ ခန္ဓာနဲ့​ပေးဆပ်​ပြီး
ဘဝ​တွေ ဆုံးကြတာများတယ်
၃၁ ဘုံမှာခန္ဓာ​ပေါင်းစုံ ဝဲလှည့်​​နေမှာပဲ..

Sunday, September 28, 2014

လေပြေငိုချိန်

 နေညိုရီချိန် လွမ်းနင့်နင့် မလှမ်းဝံလို့
 အဝေးမှပဲမျှော်တော့မည်..
လေပြေငိုချိန် အလွမ်းဆင့်၍
 သခင်အတွက်မို့ မေတ္တာလက်ဆောင် ပါးလိုက်သည်..

Monday, August 11, 2014

ကုသိုလ်တော်ဘုရားအတွင်း မယ်ဇယ်ပင်အောက်တွင် မိတ်ဆွေများအားလုံးနှင့် ရွှေမန်းသူ ရွှေမန်းသားများအားဖိတ်ခေါ်ပါ၏

ညီညွတ်ခြင်းဖြင့်ရှေ့ဆောင်တယ် "အပ္ပမာဒ နှလုံးသား "တို့မောင်မယ်

အပ္ပမာဒ နှလုံးသားကွန်ယက်မှ
မိတ်ဆွေများအားလုံးနှင့် ရွှေမန်းသူ ရွှေမန်းသားများအားဖိတ်ခေါ်ပါ၏
ကုသိုလ်တော်ဘုရားအတွင်း မယ်ဇယ်ပင်အောက်တွင်
ဥပုဒ်နေ့တိုင်း နံက် ၇ နာရီမှ ၁၀နာရီအတွင်းကြွရောက်၍
ဗဟုသုတအဖြာဖြာ
ဆရာတော်များနှင့် ဆွေးနွေး မေးမြန်းတရားနာဖို့ဖိတ်ခေါ်ပါ၏

ရဲရဲတောက်တို့ဇာနည်တွေ သတ္တိခဲတွေ
"အပ္ပမာဒ နှလုံးသား " ညီညွတ်ပေ
တို့အမျိုးဘာသာတို့အရေးကို
တို့ကြိုးစားအစဉ်အမြဲဆောင်ရွက်မလေ
တို့တစ်တွေ တို့တစ်တွေ
မြန်မာပြည်ဟာတို့မြေ
စိတ်ဓါတ်တွေဖြူစေ
စည်းလုံးတဲ့တို့တစ်တွေ
(ညီစေနော် တို့အမြဲနော်)၂
ဆောင်ရွက်ကြစို့တူပျော်ပျော်
(ဘယ်ညာ)၂
(ဇာနည်တွေ ငါတို့တွေ)၂
လာပြီလေ ဇာနည်တွေ ဒီချိန်ခါညီညာစေ...
"အပ္ပမာဒ နှလုံးသားများ "တို့
စည်းလုံးညီညာပေ။
(ဘယ်ညာ)၂.. (ဘယ်)
အာဇာနည်ဘာမထီတို့တွေချီလာပြီ..
အမြင်မှန် အယူမှန်ဖြန့်ဖြူးရှေ့သို့ချီ..
ခိုင်မာသည် ပြိုင်လာမထီ သတ္တိဗျတ္တိညီ
အခက်အခဲတွေ့လည်း နောက်မတွန့်ရှေ့သို့ချီ
ညီညာသည် ပြည်သာမည် ငြိမ်းချမ်းဖို့ကိုရည်
အောင်ပွဲကိုမှန်း ဇွဲနဲ့ရှေ့သို့ချီ။
(ဘယ်ညာ)၂.. (ဘယ်)
သာသနာရောင်ဝါ ဇဗ္မူဒီပါလွမ်းနိုင်စေဖို့ရာ
သာသနာရောင်ဝါ ကမ္ဘာတစ်ခွင်မှာ လွမ်းနိုင်စေဖို့ရာ
ဒီချိန်ဒီခါ ဆောင်ရွှက်ကြဖို့ဝန်းရံစေချင်တာ
ကမ္ဘာအလယ်မှာ ထွန်းပေါက်ရေးအတွက်
ကြိုးစားတို့မြန်မာ
တို့အမျိုးအတွက်တန်ခိုးထက်ဖို့
သယ်ပိုးဆောင်ရွှက်မှာ။
ဂုဏ်ရောင်ထွန်းပြောင်
ပြည်သားကောင်းတွေ
ညီညာစေ..လာပြီလေ
ညီညွတ်ရေးရှေ့ဆောင်ပေ.. သာကီမျိုးဟေ့..တို့တစ်တွေ။
ညီညွတ်ခြင်းနဲ့ရှေ့ဆောင်တယ်... "အပ္ပမာဒ နှလုံးသား "တို့မောင်မယ်

အလကာင်္မင်းခေါင်နှင့် King Saye

ခင်မင်မှုများစွာဖြင့်လေးစားစွာဖြင့်ဖိတ်ခေါ်ပါ၏

 


စာပေချစ်မိတ်ဆွေများအားခင်မင်မှုများစွာဖြင့်
မ..မ

Saturday, July 12, 2014

ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်ဖောင်ဇင်း ဓါတ်တော်များ


 
ဖောင်ဇင်းဆရာတော်ဘုရား ဓါတ်တော်
ဖောင်ဇင်းဆရာတော်ဘုရား အရိုးတော်
စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..



 ဆားတောင်ဆရာတော်ဘုရား
ဆားတောင်ဆရာတော်ဘုးရား ရုပ်ကလပ်

စဉ်ကိုင် သို့ဝါဆိုလပြည့်နေ့မှာ သွားရောက်ကြည်ညိုခဲ့ခြင်းပါ။
သူငယ်ချင်းများ လေ့လာ ကြည်ညိုနိုင်စေရန် မျှဝေခြင်း..စဥ့်ကိုင်မြို့နယ်မှာ တည်ရိုကြောင်း..

Wednesday, July 9, 2014

မမအလင်္ကာ/မောင်နိုင်လင်း(ကောလင်း)

(၁)

နှင်းမိုးတို့ရေ
တိုးတိုးလေး ရွာကြပါကွယ်
ဗန်ဒါရွက်ကြွေလေးတွေပေါ်ကျတဲ့
မင်းတို့အသံ
ဟိုမှာ
ဂီတပန်ထားတဲ့ပန်းကလေး လန့်သွားမှာစိုးလို့။

ခွေးခြေခုံအဝါလေးပေါ်က
လွင့်ကျသွားတဲ့မြတ်နိုးခြင်းဟာ
ဗန်ဒါပင်ခြေရင်းမှာ လည်စင်းလို့
သူငယ်ချင်းတို့
စကားကို အဝေးပြော မပြောကြနဲ့ကွာ
ငါ
ကဗျာတစ်ပုဒ်ကို ငေးနေတယ်လေ။

မထင်မှတ်ပဲ
ကျွန်တော့်မြင်ကွင်းထဲ ဝင်လာတဲ့သံစဉ်
ပီုပြင်လွန်းတဲ့စုတ်ချက်နဲ့ပန်းချီကား
ဖြတ်သွားတဲ့ဆိုင်ကယ်မီးရောင်မှာ
သူယောင်မယ်အပြုံးနဲ့ညှို့လို့
မမ မို့ အပြုံးလေးပွင့်ရင်
ကျွန်တော့်ရင်မှာ လွင့်နေအောင်ခါရတယ်။

(၂)

ထိုင်ပါ
ထပါ
ပြုံးပါ
လမ်းလျှောက်ပါ
မမ လက်ထဲက မြေဖြူခဲလေးဟာ
ငါ့အိပ်မက်
မမ လက်ထဲက ဆွယ်တာလေးဟာ
ငါ့အနာဂတ်
ရပ်ပြီးမှ ဆက်စီးသွားတဲ့မြစ်ဆိုတာ
အချစ်မှာ မရှိဘူး။

(၃)

အင်တာနက်
E mail
ဝေးလွန်းတဲ့ဘာသာစကားတွေကို
ငါ နားမလည်ဘူး။

ရွှေဈေး
ကားဈေး
ငါ့ကို လာမမေးကြပါနဲ့
ငါရေးတဲ့ကဗျာမှာ
ငါ့အတွေးရှိတယ်
ငါ့အတွေးမှာ မမ ရှိတယ်။

ဟော့ !
ကြည့်စမ်း
မမ လမ်းလျှောက်လာပုံလေးက
ပန်းလေးတစ်ပွင့် ပွင့်လာသလိုပဲ
ဝတ်ထားတဲ့ဆွယ်တာနီညိုလေးကို ခါးဆွဲချ
ဆိုင်ရှေ့မှာ မမ ရပ်လိုက်ပြီ။

ရီချင်လည်း ရီပါ
လှောင်ချင်လည်း လှောင်ပါ
ကျွန်တော်ပြောတဲ့ အကြောင်းတွေထဲ
မမရဲ့
မျက်စောင်းလေးလည်းပါဦးမယ်။

နောက်ပြီး
နီးရက်နဲ့ ဝေးနေရတဲ့ ခရီးတော်အကြောင်း
မြင်နေရက်နဲ့မသိကြတဲ့သူစိမ်းတွေအကြောင်း
......................အကြောင်း။

(၄)

တောင်တန်းတွေ တည်ငြိမ်သလို
မမတည်ငြိမ်လွန်းလှရဲ့။
မမခြုံထားတဲ့
ခမ်းနားမှုဝတ်ရုံရဲ့အရိုက်အခတ်မှာ
ကျွန်တော့်မျှော်လင့်ခြင်းကြယ်တွေ
တဖျတ်ဖျတ်ကြွေခဲ့ရတာ တိတ်ဆိတ်လွန်းနေတယ်။

မမရေ
ကမ္ဘ္ဘာမြေကိုယ်တိုင်က
မြတ်မြတ်နိုးနိုးပန်ဆင်ထားရတဲ့
ပန်းတစ်ပွင့်လို
လှပသန့်စင်လွန်းတယ်။
မမအလှတရားရဲ့ဆံနွယ်မျှင်တွေမှာ
ငါ့သံယောဇဉ်တွေ ကသီကဝေငြိတွယ်နေရ
ဘဝက အန္ဓဆန်လွန်းတယ်။

ဘာဖြစ်ဖြစ်လေ
ဘူတာကထွက်ခွါချင်နေတဲ့ရထားဆိုတာ
ဥသြခပ်နာနာဆွဲပြရတာပဲ။

(၅)

စိမ်းညို့နေတဲ့သစ်ပင်တောအုပ်လို
ကျွန်တော့်ကို အရိပ်ခိုခွင့်ပြုပါ
တိတ်ဆိတ်နေတဲ့ညတိုင်းဟာ
ကျွန်တော့်အတွက်တော့
ဆူညံနေတဲ့နှလုံးသားပါပဲ
မမျှော်လင့်ရဲပေမယ့်
နှင်းတွေထဲမှာ ခြေရာထင်မလားလို့
ကျွန်တော့်အတွေးတွေ မှိုင်းစို့နေရပြီ။

တောင်ခိုးတွေ ဘယ်လိုဝေကြသလဲနော်
အမြဲတမ်းလွမ်းဆွတ်ခွင့်တွေက
ကျွန်တော့်အပေါ် တသဲသဲရွာချလို့
ကျွန်တော့်အတွက်တော့
မမမို့ပဲ ကဗျာဆန်နေခဲ့တာလေ
စေတန်ရဲ့လက်တွေကိုရိုက်ချိုး
မမကို ထီးမိုးခွင့်ပြုပါ။

လရောင်ကကွက်တွေနဲ့
မမ ငါ့ကို အိပ်ပျက်စေခဲ့တာ ကြာပြီ
ငါကလည်း
တစ်ယောက်တည်းထိုင်ပြီး ဖူးတဲ့အချစ်နဲ့
မမ အိပ်မက်တွေကို သိမ်းပစ်ချင်မိတယ်။
အတွေးနဲ့ဆွဲတဲ့ စိတ်ကူးထဲမှာတောင်
မမရဲ့
မျက်တောင်ခတ်သံတလွင်လွင်ရာသီရှိရာ
အရောက်သွားချင်တဲ့ ငါပါ။

(၆)

ကြယ်တွေကြွေတဲ့အခါ
တစ်ခြားသူတွေ
ဘာကို ဆုတောင်းကြသလဲ။

ကျွန်တော်ကတော့
မမ ရွာချမယ့်မိုးတစ်စက်လောက်ဖြစ်ဖြစ်
ကျွန်တော့်ကို ရွှဲစိုရစ်ပါစေလို့
ဆုတောင်းတယ်။

ဝယ်ယူမရတဲ့ချစ်ခြင်းတရားကို
ကျွန်တော့်နှလုံးသားသစ္စာနဲ့ မျှားမယ်။

ကြည့်ရင်း
သီချင်းသံနားထောင်ရင်းမှာ
မမ ဆွယ်တာလေးတစ်ထည် လဲလိုက်ပြန်ပါပြီ။

မမ ခေါင်းမော့လိုက်တဲ့အခါ
ငါ့ကမ္ဘ္ဘာထဲ အလင်းတွေပြိုတယ်
မမ မျက်ဝန်းတွေ ဝေ့ဝဲလာတဲ့အခါ
ငါ့ရင်ထဲမှာ တေးသံစုံတယ်
မမ ခေါင်းငုံ့လိုက်တဲ့အခါ
နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်
ငါ့အိပ်မက်ကို ဝယ်သွားတဲ့နှုတ်ခမ်း
အလွမ်းဆိုတာလည်း
ပန်းကလေး တစ်ပွင့်ပါပဲ။

(၇)

ဒီနေ့
မမ ဖိနပ်အသစ် စီးလာတယ်
ခေါင်းစီးကြိုးအသစ် ပြောင်းလာတယ်
ဘေးတစ်စောင်းမြင်ရတဲ့ အနေအထားမှာ
မမ အလုပ်များနေတယ်
မမ
ကျွန်တော့်ရဲ့ မမ လေ
ဆိုင်ခန်းလေးရှေ့
ပလပ်စတစ်ခွေခြေထိုင်ခုံပုလေးပေါ်မှာ
ဆွယ်တာဝါဝါလေးကို ဝတ်ဆင်လို့
မမ အေးနေမလား
မမ ချမ်းနေမလား
စိုးရိမ်မှုက အဝေးပြေးကားပါပဲ။

စဉ်းစားရင်းပူလောင်
မျှော်တော်ယောင်ကျွန်တော့်မျက်ဝန်းလေး
ရီဝေဝေ
ဗန်ဒါရွက်တွေ ကြွေတုန်းပဲဆိုတာ
ဘယ်သူမှ လာပြောပြဖို့ မလိုပါဘူး။

(၈)

မီးပျက်နေတဲ့ညမို့
လရောင်က ပိုလို့လင်းမြ
မမ
ငါ့ မမ
ဓနအင်းအားပြကိရိယာ
mobil handsetလေးကိုင်ကာ ခေါင်းငဲ့ပြောရင်း
အမှောင်ထဲ
အလင်းတွေ ခြွေချနေလိုက်တာ
ငါ
တစ်ကိုယ်ရေ တစ်ကာယ ထိုင်ငေးရင်း
ကဗျာလေးတွေပဲ ကြွေဆင်းနေမိတယ်။

ဒီရေတက်ချိန်မှာ
မျောပါလာတဲ့အမှိုက်တစ်စလို
ကျွန်တော့်ကို သတ်မှတ်ပါ။

ဘဂ္ဂဒက်မှာ
ဘော့စနီးယားမှာ
သေနတ်သံတွေ ဆူညံနေဆဲဆိုပေမယ့်
ကျွန်တော့်ရင်ထဲမှာလောက်
ပေါက်ကွဲအား ပြင်းထန်မှာ မဟုတ်ဘူး။

ဟိုတစ်နေ့က
လမ်းမပေါ်မှာ
ကျောင်းကပြန်လာတဲ့ မမနဲ့ တွေ့တယ်။

မမအကြည့်က
ဘာသာဗေဒတစ်ခု
မိုးဥတုရှိနေရက်သားနဲ့
ဆောင်းညနက်နက်တွေကို ဘာလို့တမ်းမက်သလဲ
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ညတိုင်းထိုင်ငေးတော့
နေရတာ လေးလံမွန်းကြပ်တယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ယဉ်ကျေးတဲ့အကြည့်တွေပါဆိုတော့လည်း
မယဉ်ကျေးတဲ့ အပြုအမူပဲတဲ့
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ကမ္ဘ္ဘာကြီးမှာ
သေသူရှင်သူ မကွဲပြားသလို
ကြည့်သူ မကြည့်သူလည်း မကွဲပြားဘူး
မြင်ရခြင်း မမြင်ရခြင်း မကွဲပြားဘူး
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

ခံစားမှုဆိုတာ
သီချင်းအကျယ်ကြီး အော်ဆိုတတ်သလို
တမျှင်းမျှင်းတိတ်တဆိတ် စီးဆင်းတတ်တဲ့ မြစ်
ဖြစ်ပြီးရင်တော့ ပျက်ကြစမြဲ။

(၉)

``ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ´´
လွင့်ပျံလာတဲ့သီချင်းသံမှာလည်း
ဂမ္ဘ္ဘီရဆန်တဲ့အရောင်တွေ ကွဲအက်လို့
ကျွန်တော်တို့ဟာ သူစိမ်းတွေပါ မမရယ်။

မမ တွေးထင်ထားသလို
ကျွန်တော်ဟာ လူရှုပ်လေးတစ်ယောက်ပါ
ဆေးလိပ်မီးတဖွါးဖွါးနဲ့
စကားကြီးစကားကျယ်တွေ ပြောတတ်တဲ့ကောင်ပါ
သူတစ်ပါးရဲ့အိနြေ္ဒင်္ကို
အကြည့်တွေနဲ့ နှောင့်ယှက်တတ်သူပါ။

တစ်ခါခါတော့လည်း
ကျွန်တော်က
မမအတွက် ဟာသလေးတစ်ခု ဖြစ်နေမယ်
အပျင်းပြေပြောစရာအကြောင်းလေးဖြစ်နေမယ်
စိတ်ပြေလက်ပျောက်
ပတ်ဝန်းကျင်ကို မမ လျှောက်ကြည့်တဲ့အခါ
လှောင်ရီစရာ သတ္တဝါလေးဖြစ်နေမယ်
ကျွန်တော် ဒီလိုပဲ ခံစားရတယ်။

အားငယ်မှုဆိုတာ
ဖိတ်စာမလိုပဲ ရောက်လာတတ်တဲ့ဧည့်သည်
သံသရာ လည်သရွေ့
အခုလို အဝေးက ငေးနေရဦးမယ့်ဘဝ
မမ ရေ....။

(၁၀)

ငါ့အတွက် မဖြူတဲ့နှင်းတို့ရေ
ဒိုင်ယာရီထဲမှာ အကြည့်တွေ သေလို့
လွမ်းဖို့ လူဖြစ်လာခဲ့ရတဲ့ကောင်
မမ အိမ်ပြန်ချိန်တွေဆို
တစ်မိုးလုံး မှောင်တယ်။

၁ယ/.....
ဆိုင်ကယ်နောက်က မီးနီလေး
ဝေးသွားပါပြီ။

ထားခဲ့ပါတော့
ထားခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ထားခဲ့ပါတော့။

ချန်ခဲ့ပါတော့
ချန်ခဲ့ပြီဆိုတဲ့အတွေး မရှိပါပဲ
ငါ့ကို ချန်ခဲ့ပါတော့။

တကယ်တမ်းတော့
ငါဟာ
မမရဲ့အတွေးထဲမှာတောင်
အရိပ်အယောင်လေးမျှ ပါခွင့်မရတဲ့ကောင်ပါ။

အခုတော့
အင်ဂျင်နီယာဘာသာရပ်များ
ခေတ်ပေါ် ဂန္တဝင် အငြင်းအခုန်များ
လစဉ်ထုတ်မဂ္ဂဇင်းများ
အတိတ်များ
အနာဂတ်များ
အားလုံးဟာ မှုန်ဝါးသွားတဲ့ လိပ်စာတွေပေါ့။

(၁၁)

မြင်တွေ့နေကျ
မမရဲ့မျက်နှာတည်တည်လေး
အခု ဝေးနေတယ်။

အတားအဆီးက
ပဉ္စလက်ပြနေတဲ့ပုဝါ
အကာအကွယ်က
ဝယ်ယူမှုရဲ့အပြုံးများ
စကားမဲ့စွာတိတ်ဆိတ်လွမ်းဆွတ်
ဒီဝဋ်ကြွေးကို
ဘယ်သူမှ ချွတ်မပေးနိုင်ဘူး။

စိမ်းကားပွင့်ဝေမှုအတတ်တွေနဲ့
လတ်ဆတ်လင်းမြနေတဲ့ ည
ရင်ထဲမှာ
မီးတောင်ဝတ်လွှာတွေ ဖြာချနေသလိုမျိုး
ငါ့မျက်ရည်တာရိုးလေးကျိုးခဲ့
အတွေးထဲမှာ
အိမ်ရာအတည်တကျမရှိသူလို
လွင့်ပါခဲ့။

စိတ်ထဲမှိုင်းဝေညိုဖျ
ငါ့မျက်ဝန်းက
ငါ့ကို တစ်ကျွန်းချတဲ့ ပြစ်ဒဏ်
ငါ့အကြည့်က
ငါ့ကို တညီးညီးတောက်လောင်နေတဲ့မီး
အမျှော်ခရီးမှာ
အလွမ်းစီးကြောင်းက ရှည်လွန်းတယ်။

(၁၂)

အလှတရားကို
ဘဝခြားတဲ့အထိ ပိုင်ဆိုင်သွားဖို့
မောင်းလက်စ ကားကို ရပ်လိုက်ပြီ။

မမရေ
ဆံနွယ်ရှည်တွေ အသာချ
ဒီထက်ပိုလှပါ။

မမျှော်သင့်တဲ့အိပ်မက်
အဖြေမထွက်မယ့် မင်နီရဲရဲပုစ္ဆာ
ကျွန်တော်ဆုတ်ခွါရာလမ်းမှာလည်း
ဘရားအဆူဆူနဲ့ လွဲခဲ့ပြီးသား ဘဝဟာ
သောကတွေ ထူထပ်နေပါလိမ့်မယ်။

အလှတည်ရှိရာခန္ဓာ
ကျွန်တော် မလိုပါဘူး
အစကတည်းက
အလှသက်သက်ကိုသာ ချစ်မက်ညွှတ်တိမ်း
ဒီရနံ့ကိုပဲ ကျွန်တော် သိမ်းထားပါ့မယ်။

တပင်တိုင်ကောင်းကင်စိမ်းရဲ့
အပြုံးတွေ လိမ်းကျံထားတဲ့ ပုံလွှာ
ဘဒ္ဒကမ္ဘ္ဘာအဆုံးတည်စေတော့။

အသိတရားကိုမြှင့်တင်ရင်း
ည မရင့်ခင်ကတည်းက
အလွမ်းနင့်နေရတဲ့ နှင်း
ဟိုး အရှေ့မှာ အလင်းရောင် လာပြီ။

(၁၃)

မမရေ
မမရေ
မမရေ
ငါ့ခေါ်သံတွေရင်ထဲလွင့်ပျံ
လောကဓံကို ပြန်စိန်ခေါ်ဖို့
မှုန်ပြာလဲ့ဝေနေတဲ့ညမှာ
ငါ ကဗျာတစ်ပုဒ်ကို ရေးခဲ့တယ်။

ပျံ့မွှေးပါလာတဲ့မျက်ရည်ရနံ့တွေ
ဘယ်သူတွေသိနိုင်မှာလဲ။
လရောင်မှာပြိုတဲ့နှင်းတွေ
မမ မျက်နှာလေးကို တိုးသက်တဲ့အခါ
အထီးကျန်တောအုပ်မှာ
မိုးကုတ်စက်ဝိုင်းကို နမ်းမရတဲ့ကောင်လေး
အလွမ်းအဆွေးနဲ့ ငေးနေပါလိမ့်မယ်။

ချစ်သူကို မြတ်နိုးရုံသက်သက်
အဖြူရောင်အိပ်မက်တွေ မက်မိတဲ့ လူငယ်
ဘယ်သူမှ မသိပဲ ရှင်သန်ခဲ့ပြီး
ဘယ်သူမှ မသိပဲ သေဆုံးသွားပါလိမ့်မယ်။

မြို့ကလေးရဲ့ရာဇဝင်မှာ
ဘယ်သူမှ အက္ခရာမတင်ခဲ့တဲ့အကြောင်းတစ်ခု
ဆောင်းဥတုရဲ့ညများထဲမှာ ဝင်းပြက်ကြွေလွင့်
လူငယ်တစ်ယောက်ရဲ့မျက်ဝန်းတွေ အဆိပ်သင့်ခဲ့ပြီ။

(၁၄)

မြောက်ဝင်ရိုးစွန်းညများထဲ
ပတ္တမြားလိုစူးရဲတောက်ပနေတဲ့
မမ
ပတ္တမြားလို အဖိုးထိုက်တန်လွန်းတဲ့
မမ
ထာဝစဉ်ငြိမ်းချမ်းအေးမြပါစေသား။

မိုးလင်းစနံနက်ခင်းတွေတိုင်း
အပျော်လှိုင်းတို့ဖြင့် ဆင့်ဆင့်ဝေစီ
ထာဝစဉ်ရီမော ရွှင်ပြပါစေသား။

ဒဏ်ရာတွေကို ဖွက်ထားတဲ့ နှလုံးသားနဲ့
ကျွန်တော် ဆုတောင်းပေးထားခဲ့မယ်။

အပြစ်ရှိလျှင် ခွင့်လွှတ်ပါ
ဒါမှမဟုတ်
ခွင့်ပြုပါ။

သိပ်သည်းပြာမှိုင်းနေတဲ့ ကဝေနှင်းထုထဲမှာ
ဥတုမှားပြီး ပွင့်ခဲ့တဲ့ ပန်းတစ်ပွင့်
မြောက်ပြန်လေအပင့်မှာပဲ
လွင့်ကြွေစဲခဲ့ပါပြီ။

ဘာမျှော်ကိုးမှုမှ မပါတဲ့
မြတ်နိုးခြင်းဂီတတွေလည်း
လောကဓမ္မနဲ့အတူ
အလံထူခွင့် ရုပ်သိမ်းခံလိုက်ရပါပြီ။

(၁၅)

မမရေ
စိတ်လက်ကြည်သာ
သွားလာလှုပ်ရှားနေပါတော့
လွတ်လပ်ပေါ့ပါးစွာ
နားနေရွှင်ပျပါစေတော့။

နတ်ဆိုးတစ်ကောင်ရဲ့
အလိုက်မသိ မယဉ်ကျေးမှုတွေဟာ
ပတ္တမြားတစ်ပွင့်ရဲ့
အဖိုးထိုက်ကြီးမြင့်သန့်စင်မှုတွေအတွက်
တည်ငြိမ်အိနြေ္ဒရင့်ကျက်မှုတွေအတွက်
ကိုယ့်အိပ်မက်ကို
ကိုယ်တိုင်ပြန်ရက်စက်လိုက်ပါပြီ။

ချစ်သော မမ ရေ
ကျွန်တော့်မျက်ဝန်းစကားတွေလည်း
ကြားခံနယ် လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားစေတော့
လေထုထဲမှာပဲ
လွင့်ဝဲပျောက်ကွယ်သွားကြပါစေတော့။ ။


မောင်နိုင်လင်း(ကောလင်း)



၁၈။၁။၂၀၀၄
ကောလင်းမြို့

Friday, June 27, 2014

တိမ်လိုအချစ် အချစ်ဆုံးသူငယ်ချင်းလေးများအတွက် သီချင်းလက်ဆောင် နားထောင်ကြည့်နော်..




http://soundcloud.com/sweetwuttyi-thaung-chitpoee/acoustic-version-cover-by-1

ချစ်သူငယ်ချင်းများ,ချစ်သော
ပရိတ်သတ်များရှင့်...


Sweetရဲ့ first debut Acoustic album လေးကို***သီးစုံFM***လို့
အမည်ပေးထားပါတယ်။
အဲ့ဒီထဲမှာပါဝင် မယ့် တေးရေးကိုစံပီး ရဲ့**တိမ်လိုအချစ်***ဆိုတဲ့သီချင်း
Demo အကြမ်းလေးကိုဦးဦးဖျားဖျား
soundcloudမှာ တင်ပေးလိုက်ပါတယ်။
ပထမဆုံး albumလေးဖြစ်တဲ့အတွက် အစစအရာရာလိုအပ်ချက်များရှိခဲ့လျှင် sweetကိုနားလည်ပေးစေချင် ပါတယ်...
အ ကောင်းဆုံးကြိုးစားပြီး
သီဆိုထားပါတယ်။ဒီသီချင်းအမြည်းလေးကို လည်းတစ်ခေါက်လောက်ဖြစ်ဖြစ်
နားထောင်ပေးရင်း ........
The Sun music productionကဖြန့်ချီမယ်.့
***သီးစုံ-FM**acoustic album လေးကိုလည်းအားပေးကြပါဦးနော်။

###
My favourite cover songs+my new songs = All songs are only ACOUSTIC version
###

***Thank u for playing to my demo**
plz support to me *like* or *Share* thankz...

**တိမ်လိုအချစ်*** (acoustic demo version)
-cover by Sweetwuttyi Thaung-Chitpoee
-Oraginal by *Sone Thin Par*
-Lyrics by *San Pee*
-Music by *Sai Win Oo*