Pages
Tuesday, October 16, 2012
မာတည်မောင်နှမများ အသိပေး အကြောင်းကြားခြင်း
မာတည်မောင်နှမများ မာတည်ဝင်ကြည့်ပါ
ဘလောခ်ထဲပြန်သိမ်းတာ မေလ်ထဲသိမ်းတာပါတယ် ပုံတွေရော..
လင်ခ်တွေပါပြောင်းရွှေ့လို့ရပါတယ်..
လွန်ခဲ့သောနှစ် အတွင်းက မာတီဟာ အွန်လိုင်း
အီးကော်မာရှယ်အဖြစ်ရပ်တည်ခဲ့ပြီး ဆိုဒ်အား
အခဲ့မဲ့သုံးခွင့်ပြုခဲ့သော်လည်း
ဒီဇင်ဘာလ၁ရက်နေ့မှ စပြီး မာတီဆိုဒ်အား
စီးပွားရေး ကြော်ငြာ ဆိုဒ်တစ်ခုအဖြစ်
ဂျာကာတာမှာရုံးစိုက်ပြီးပြုလုပ်မှာဖြစ်ပါတယ်။
မာတီဆိုဒ်မှတာဝန်ရှိသူတွေကတော့ မိမိစာမျက်နှာမှာရှိတဲ့ ဘလော့တွေ၊ပုံတွေနဲ့
သီချင်းစတာတွေကို Google မှာ မိမိနာမည်နဲ့ ဘလော့ Platform
တစ်ခုပြုလုပ်ပြီး မာတီထဲမှာ မိမိစာများအားရွှေ့ ပါရန် အကြံပြုထားပါတယ်။
Hello.
This is Stefan Magdalinski, CEO of Multiply.
Over the past year and a half, Multiply has shifted its business focus on expanding its e-Commerce presence in Southeast Asia, concentrating primarily on the Philippine & Indonesian markets. It is for this reason that we have moved the Multiply Headquarters from Florida, USA to Jakarta, Indonesia.
You know from my last update that as part of this shift in strategic focus to online shopping & selling, we will no longer support the social networking features beyond December 1, 2012. We know this decision is an unpopular one, but rest assured it was carefully considered, and we feel that it is only through single-minded focus that we will achieve our goal to be Asia's most loved online marketplace.
For our users who utilize our social network features (blog, video, photo, etc), we realize that this is painful, and we are launching some tools to help you preserve your content or move it to another platform.
The export tools are now available below your headshot on your Multiply site and enable you to do the following:
1. Download your content to your computer
2. Export to Blogger (a blogging platform owned by Google)
There are efforts to offer ways to migrate your content to other platforms such as Tumblr and Wordpress but these are still in the works and we will keep you updated as things progress.
Using the export tool:
1. Visit your Multiply page (example: multiplyid.multiply.com)
2. Click one of the options available on your Multiply page (below your headshot):
1. Download Media: to download all media files
2. Export to Blogger: to transfer your blogs to your Blogger page
1. Choose file you would like to download
2. You will receive an email (via the email address registered to your Multiply account) containing a link to download all your Multiply files along with instructions on how to import them to Blogger.
Sample Email(Sample Email)
These tools will be available until December 1, 2012 for you to migrate your content. There are efforts underway to offer ways to migrate your content to other platforms such as Tumblr and Wordpress, and we will keep you posted as these options materialize.
For more information, please read this list of Frequently Asked Questions on this process.
Should you have any questions regarding the export tool, please let us know by dropping an email to support@multiply.com.
Thank you for your kind attention. It has been a joy to have been your trusted partner in the storage and sharing of your lives online and we look forward to remain a part of your lives as we complete our transition into SEA’s leading online marketplace.
Warm Regards,
Stefan
Note:
If you are using custom CSS the links to the export tools may not be visible under your headshot. In this case you can use the following urls to access them directly
http://(INSERT USER ID).multiply.com/download-media
http://(INSERT USER ID).multiply.com/export-to-blogger
http://(INSERT USER ID).multiply.com/export-to-tumblr
Return to Multiply
.
Saturday, October 13, 2012
ကမ်းကုန်အောင် ဆိုးတဲ့သမီး.
ကမ်းကုန်အောင် ဆိုးတဲ့သမီး......... ၂၀ရက်နေ့ ** အဖေ**များနေ့ အမှတ်တရ
for everyone
ကမ်းကုန်အောင် ဆိုးတဲ့သမီး.........
အိမ်မှာကျွန်မ အဆိုးဆုံးတဲ့ ၊အဖေကကျွန်မကို ဘယ်လိုမှကြည့်လို့ ကိုမရဘူး
ခဏခဏရိုက်တယ် အဖေ့ကိုလည်းကျွန်မ မုန်းတယ် ကျွန်မအမုန်းဆုံးကလည်း အဖေလေ။
အဖေ့ကို သိတ်မုန်းတာလို့  ပြောတော့  အဖေက အေး ကောင်းတယ် ၊မုန်းပေါ့တဲ့
မချစ်ဖူးနင့်ကိုလည်း  ဆိုးလွန်းလို့ တဲ့   အဖေနဲ့ကျွန်မ ဘယ်လိုမှစကားပြော
အစဉ်မပြေပါဖူး   အဖေက ကျွန်မကို   နင့် အကိုတွေကို လိုက်တုပြီးနေတာ စကား
ပြောတာ ဆိုတာ မစဉ်းစား မချင့်ချိန်ဖူး၊ မိန်းခလေးနဲ့ ကိုမတူဖူး လွယ်အိတ်လွယ်တော့လည်း ၊စလွယ်သိုင်းနဲ့ ကြည့်လို့ ကိုမရဖူး နင့်မြင်တာနဲ့ ငါရိုက်ချင်တာ၊
မိန်းမလေးဆိုတာ သိမ်သိမ်မွေ့မွေ့လေးနေရတယ်။
ယဉ်ယဉ် ကျေးကျေးလေး နေရတယ် ၊အေးအေးဆေးဆေး လေးနေရတယ် အဖေပြောတာ နားသာထောင်နေရတာ ၊ကြောက်လို့ သာနားထောင်နေရတာ၊
အဖေ့ကို စကားကို မပြောချင်တာ မုန်းလိုက်တာမှ ဘယ်လိုကို မုန်းမှန်းမသိဘူး စည်းကမ်းကြီးတဲ့အဖေ အမေ့ကိုနိုင်တဲ့ အဖေ
မိန်းမပွေတဲ့ အဖေကို ကျွန်မ မုန်းမိတာ ဘာမှ မထူးဆန်းပါဘူးနော် ။
အခုသမီးအဖေ့ကိုသတိရနေတယ် ၊ တအားလွမ်းနေတယ် ၊မိုးလင်းအိပ်ရာက နိုးတာနဲ့ထမင်း မစားတတ်တဲ့ကျွန်မကို မနက်စောစော၊အဖေလ္ဘက်ရည်ဆိုင် ကို ကျွန်မနဲ့တူတူသွားပြီး ကျွန်မ ကြိုက်တဲ့
နံပြားထောပတ်သုတ်နဲ့ မလှိုင်လိုက်ကျွေးနေကျလေ၊ အခုမနက်အိပ်ရာကနိုးတာနိုးတာနဲ့
ကော်ဖီသောက်နေရင်း အဖေ့ကိုသတိရနေမိတယ်။
လက်သည်းခြေသည်း အဖေကိုယ်တိုင်ညှပ်ပေးတာ ၊ကျွန်မကို အဖေ ခြေသည်း လက်သည်း မညှပ်ပေးရင်  ဒီတိုင်းထားတာလေ ၊အဖေကဘာလို မညှပ်သေးလည်းဆို ကိုယ့် ဘာသာညှပ် မှ မညှပ်တတ်တာ၊ဒါကြောင့် ဒီတိုင်းထားတာဆို အဖေ ကျွန်မကို ခုံပေါ်ထိုင်ခိုင်းပြီး ခြေသည်း လက်သည်း ညှပ်ပေးပါတယ်။
အခုခြေသည်းရှည်လို့ ညှပ်ရင်၊ကျွန်မကောင်းကောင်း မညှပ်တတ်တော့ ၊အဖေ့ကို သတိရနေတယ်။
ရေချိုးရင်လည်း ငယ်ငယ်တည်းက အဖေ ချေးတွန်းပေးတာလေ ။ဆပ်ပြာတော့ အမြုတ်ထွက်အောင် တိုက်တတ်တယ် ၊ချေးကျမတွန်းဘူးဆိုပြီး အဖေ ဂရုစိုက်ပြီးသေချာချေးတွန်းပေးတယ်။
တော်တော်အလုပ်ရှုပ်တဲ့ အဖေလို့  စိတ်ထဲကနေပြောနေမိတယ်။
အခု ရေချိုးရင်း ချေးတွန်းဖို့ မေ့နေရင် ရေချိုးပြီးမှ ချေးတွန်းဖို့ ကို နောက်တစ်ခါ ရေပြန်ချိုးရတယ်လေ အဖေ နေရာတကာ၊ လိုက်လုပ်ပေးနေလို့ ဒီလိုဖြစ်တာဆိုပြီး အဖေ့ကို သတိရနေမိပြန်တယ် ၊ အိမ်မှာဆို ငယ်ငယ်လေးထဲက ကျွန်မတယောက်တည်း ကိုယ်ပုဂံ ၊ကိုယ့်ဇွန်းနဲ့ စားတတ်တာ၊ ကျွန်မပစ္စည်း မိသားစုယူသုံးရင် အသစ်ပြန်ဝယ်ခိုင်းတတ်တယ်၊
အလုပ်သမားယူသုံးရင် လွှင့်ပြစ်တတ်တယ် ၊ ခုတော့ကျွန်မအကျင့်က ပြင်မရဘူး လေနော် သူများတွေနဲ့ နေရတော့ သူများတွေ ယူသုံးရင် စိတ်ထဲမှာ တော်တော် ကသိ ကအောင့်ဖြစ်ရတယ် ၊
စရိုက်မတူ အကျင့်မတူ နေထိုင်နေရတာ၊ လွှင့်ပြစ်လို့လည်းမဖြစ် ပြန်ဝယ်ရင်လည်း ငွေကုန်မှာ မကြိုက်ဖူးလို့ လည်း ဘယ်လိုပြောမလည်း၊ ခွဲခြားနေတယ်ထင်မှာ အိပ်တော့လည်း ၊
ကိုယ့်စောင် ကိုယ့်ခေါင်းဦး၊ သုံးတတ်တာ
ကျွန်မ အခုသူများက ခဏနော်ဆို လာယူရင် ကြည့်နေရတော့တယ်။
စိတ်ထဲမှာ မကြိုက်တာတော့ အမှန်လေနော် ၊ အသွင်မတူ အမြင်မတူ နေထိုင်နေရတယ်၊စိတ်တိုလိုက်တာ အိမ်ကိုလည်းသတိရနေတယ် ၊ အစစအရာရာ ကိုယ့်စိတ် ကိုယ့်သဘော ထားခဲ့တဲ့ အဖေ့ကို ဘာလို့များမုန်းမိပါလိမ့်လို့ တွေးနေမိတယ် အိမ်မှာ ကျွန်မအကိုတွေနဲ့ ပြောချင်ရာပြော တတ်တဲ့၊
ကျွန်မကို အဖေဆူတော့ ရိုက်တော့ မုန်းမိတာပေါ့ နော်။
အကိုတွေ ဆေးလိပ်သောက်တာ ကြည့်ပြီး ၊ အဖေ မသိအောင် ဆေးလိပ်ခိုးသောက်ပြီး
သောက်တတ်အောင်သင်ခဲ့တယ် ၊ သိတော့ရိုက်ခံထိတာပေါ့ ၊ အဖေကိုမုန်းတာပေါ့နော်
ယောက်ျားလေး၊ မိန်းမလေး ၊ ခွဲခြားမနေဖူး အိမ်မှာ အကိုတွေကို ပြောသလို သူငယ်ချင်းတွေ သူတို့ အမျိုးသားတွေကို ကျွန်မနောက်ပြောင်ပြီး ၊အကိုတွေကို စသလို ရင်းရင်းနှီးနှီးပြောဆို စနောက်မိတော့ သူငယ်ချင်းမလေးတွေ အူပုတ်စိတ်ကောက် မျက်နှာပျက်နေမှ ကျွန်မသတိရတယ်။
ဒါကြောင့်အဖေက ကျွန်မ အကိုတွေနဲ့ စကားပြောရင်၊ ဆိုရင်
မိန်းမလေးဆိုတာ ထိန်းထိန်း သိမ်းသိမ်း ပြောဆို ရတယ်၊  သမီးနဲ့  ဆုံးမတာနေမှာနော်။
အဖေ့ကိုသတိရလို့   စိတ်ထဲမှာ ငိုချင်လာတယ် ၊လူတွေနဲ့ ပေါင်းသင်း ဆက်ဆံတတ်အောင်
သင်ပေးခဲ့တဲ့ အဖေ ငယ်ငယ်တည်းက စည်းကမ်းရှိအောင်နေတတ် ထိုင်တတ်အောင်
သင်ပေးတဲ့ အဖေ ကျွန်မကို ပြုစုယုယခဲ့တဲ့ အဖေ ခုတော့ သမီး သတိတွေရနေတယ်
အဖေကို ဆိုးတယ် ထင်ခဲ့တဲ့ကျွန်မ  အဖေဆို အကောင်းမမြင်ခဲ့တဲ့ကျွန်မ ၊
အဖေဆိုးတာ မဟုတ်ဖူး ၊ သမီးဆိုးတာပါ အဖေရယ်နဲ့ စိတ်ထဲမှာ ပြောနေမိတယ် ။
လူလောကမှာ  အလိုက်အထိုက် နေထိုင် ပေါင်းသင်း  ဆက်ဆံ တတ်အောင် သင်ပေးမှန်း ၊သိခဲ့ရတယ် ၊မှန်တယ်ထင်ရင် ချက်ချင်း ပြန်ပြောတတ်တဲ့ကျွန်မ၊ ပြောတာ ဆိုတာ ယောက်ျား၊ မိန်းမ၊ သိပ်ခွဲခြားမနေဘူး ပြောချင်ရာ ပြောတတ်တဲ့ ကျွန်မ ခုတော့နေရတာ ၊ပြောရတာ
ထိမ်းသိမ်းပြောဆို နေထိုင်နေရတယ် ။
စိတ်ထဲမှာလည်း မွန်းကျပ်နေတယ် ၊အဖေရယ် အောင့်အည်း သည်းခံနေရတယ်။
စိတ်လွတ်ကိုယ်လွတ် ပျော်ပျော်နေတတ် ပြောဆိုတတ်တဲ့ ကျွန်မကို အဖေ စိတ်မချဖူး အဖေမှာနေတယ်၊ကျွန်မကို သမီးပျော်အောင် ကိုယ့်ဘာသာနေနော် စိတ်ချမ်းသာအောင်လည်းကိုယ်ဘာသာလုပ်ရတာ နေရာတကာဝင်မပါနဲ့ တဲ့ 
ဝင်မပြောနဲ့ ကိုယ်ဘာသာ နေတတ်အောင်နေနော်။
ကော်ဖီတွေလည်း တအားမသောက်နဲ့  ရင်တွေတုန်နေမယ် သမီးနဲ့မတည့်ဖူးတဲ့လေနော်
ဆေးရော မှန်မှန်သောက်ရဲ့လား ကိုယ့်ကိုကိုယ် ဂရုစိုက်နော်
ထမင်း မကြိုက်တတ်မှန်းသိနေတော့၊ ထမင်း မစားဖြစ်ရင် တခုခုတော့ဗိုက်ပြည့်အောင်
အ၀စားနော် ၊ သမီးကအသီးအနှံတွေကြိုက်တယ်၊
အသီးအနှံကို ထမင်းစားသလို အ၀စားတဲ့ ၊အဖေ ကျွန်မကို စိတ်ပူနေတယ် ခဏခဏမှာနေတယ် မုန်ပုံးဝယ်ကျွေး ပန်းသီးအခွံနွာကျွေးတတ်ခဲ့တဲ့ အဖေ့ကို ကျွန်မသတိရနေတယ်၊၊
အဖေကျွန်မကို မုန်းတယ်လို့ ပြောဆိုတတ်တဲ့  အဖေ အခုတော့ ကလေးပေါက်စလေးလို
စိတ်မချပဲ အစစအရာရာ ဖုန်းဆက်မှာကြား နေတတ်တယ် ။
ကျွန်မကို အဖေ ချစ်တယ်ဆိုတာ အဖေနဲ့  အနေ ဝေးမှသိခဲ့ ရတယ်၊
ကျွန်မ အခု အဖေ့ကို သွားတိုင်း
စားတိုင်း ပြောဆိုတိုင်း သတိ ရ နေမိတာ၊ ကျွန်မ အဖေ့ကိုချစ်နေလို့ ပေါ့နော်
အဖေ့ဂရုစိုက်မှု့ကို ချုပ်ချယ်တယ် ထင်ခဲ့တယ် အခု အဖေ့ ဂရုစိုက်မှု့ကို သတိရနေတယ်။ ၊
အဖေ့ကို ဘာမှကူညီမလုပ်ပေးဖူးတဲ့၊ ကျွန်မ အဖေနဲ့ သမီးကြားမှာသတိရတိုင်း သေချာတွေးလေ သမီးဆိုးလေဖြစ်နေတယ်။
အဖေဆိုးခဲ့တာ မဟုတ်ပါဘူး သမီးဆိုးခဲ့တာပါ အဖေ ၊သမီးအပေါ် အလိုလိုက် အကြိုက်ဆောင် ၊ထိန်းသိမ်း စောင့်ရှောက်ထားတာ၊ အဖေကို သမီးမုန်းခဲ့တာ အဖေဆိုးတယ်လို့ ထင်ခဲ့မိတာ။
သမီးကမှ လူဆိုးမ အဖေ ။
အဖေ့ပြောဆိုဆုံးမတဲ့အသံတွေ ပြန်ကြားနေရင်း ၊ လူလောကထဲမှာ သမီး နေထိုင်နေရတော့ အဖေပြောခဲ့တာတွေ မှန်နေတယ်ဆိုတာသိလေ ၊ အဖေ့ကို သတိရလေဖြစ်နေတယ်၊
အဖေရယ် သမီးအဖေ့ကိုလွမ်းနေခဲ့ပါတယ်၊ အဖေနဲ့ သမီးအကြောင်းတွေးနေရင်းနဲ့ 
အဖေ့သမီး
ဒီစာရေးနေရင်း
မျက်ရည်ကျနေတယ် ၊
အဖေ့ကို သတိရနေတယ်၊
သမီး ငို နေတယ် အဖေ။................?ီ i ?ီ
Fathersdaycake.jpg Father's Day Cake image by Hokess
♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥
Jul 4, '11 3:21 AM
for everyone
♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥
အချစ်ကိုချစ်တဲ့အချစ်လေ
။။။။။။။။။။။။။။။။။။။
သံသရာ ကမ္ဘာ မိုးမြေ
။။။။။။
အရိုးတောင်လိုပုံနေ
။။။။။။။။။။
ချစ်တဲ့သူချင်း ချစ်သူချင်းကသိတယ်လေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဘဒ္ဒကမ္ဘာ ဘုရားအဆူဆူ
ဆုတောင်းဆုယူ
ပြုခဲ့လေတော့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တခဏလေးဆုံတွေ့ချိန်မှာ
မေတ္တာပေးလို့ အချစ်ဝေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်သူအစစ်မှသိတယ်လေ
တည်တဲ့အချစ် ထားခဲ့ သစ္စာ
ချစ်သူသိစေ
တောင်းဆုချွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
♥♥♥♥"အရမ်းချစ်တယ်.."♥♥♥♥
အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်..
အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်....♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥
Jun 27, '11 11:41 AM
for everyone
အင်တာနက်ပေါ်တွင်ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုများ အတွက်
''မ..မ"စေတနာစကားပါးလိုက်တယ်
ကောင်မလေးဆိုးတာ မပြောချင်ပါဘူးလိမ္မာလား ဟင့်အင်းမပြောတတ်ဘူး
သူတို့ဘ၀ သူတို့ပုံစံမျိုးစုံနဲ့လေနော်
ဘယ်သူမှမဆိုးပါဘူး
ဒါပေမဲ့မကြိုက်တာတော့ အမှန်လေနော် ရည်းစားတစ်ယောက်နဲ့vzo
ပြောတယ်ငိုပြနေတယ် မမ ဘေးကနေကြည့်ရင်း  သနားနေတယ်သူရည်းစားလေးက
ဘာပြောလဲဆိုပြီး  သူငိုနေတာ မမ  တော်တော်လေး  စိတ်မကောင်းဖြစ်နေတယ် VZO
ချက်နေရင်း သူရည်းစားကောင်လေးက ငွေပို့မယ်ပြောတော့  သူဒီဖက်လှည့်ပြီးပါလာတဲ့
သူ့သူငယ်ချင်းကိုလက်မလေး ထောင်ပြတယ်ပြီးတော့ရီယ်နေတယ်
တစ်ခါကောင်လေးဖက်လှည့်ငိုပြတယ်
အယ်တော့........မမသူကြည့်ပြီးစိတ်တိုမိတယ်
ပြီးတော့သူတို့ သူငယ်ချင်း၂ယောက်နောက်နေ့ငွေရရင် ၀ယ်မယ် သုန်းမယ်နဲ့  ပြောနေကြတယ်
  ပျော်မြူးလို့ပေါ့နော် ကောင်မလေးက   ရည်းစား၃ယောက်လောက်ကို   ထားတာ တစ်ဖက်နိုင်ငံကကောင်လေးကိုလည်း   စိတ်တိုလိုက်တာနော်
သူများတိုင်းပြည်မှာ   ရှာဖွေနေတာကို   ပင်ပမ်းလား မပင်ပမ်းလားတော့
မသိပါဘူးသူ့ကောင်မလေးကို  ယုံကြည်နေတာ ကောင်မလေးသုန်းဖို့ဖြုန်းဖို့
ငွေလွဲနေတာ သိတော့မမ တစ်ဖက်က   ကောင်လေးကို   မသိဘဲနဲ့သနားနေတယ်
ရိုက်ချင်တယ်  အဲ့ကောင်လေးကိုနော်
ကောင်မလေးက ရုပ်လေးကလဲ ချောမှချော လှမှလှလေနော် သူကောင်မလေးက လှလို့သူချစ်တာနေမှာ
မမကိုယ်ဘာသာ  စိတ်ဖြေနေရတယ်  သူတိုကိုမြင်ရတာ ကြားရတာ စိတ်တိုလိုက်သနားလိုက်နဲမမမှာနောက်နေ့ကောင်လေးတစ်ရောက်ကသူ့ကို
အင်တာနက်ဆိုင်ကနေကောင်မလေးကိုကားနဲ့လာခေါ်တယ်
ဒီကောင်လေးကလဲ  ချောလိုက်တာ ဒါလဲသူ့ရည်းစားတဲ့ လေနားကိုမလည်တော့ဘူး
မမ ကောင်မလေးကိုမေးမိတယ်   ချစ်လားသူ့ကိုဆိုတော့ အင်းချစ်တယ်
ဲ့ချောတယ်တဲ့  သူ့ကိုလိုအပ်တာ ဖြည့်ဆည်းပေးတယ်တဲ့လေ  ဟိုဖက်ကကောင်လေးကလဲ
ငွေပို့ပေးတယ်တဲ့  မမဘယ်လိုမှ  မတွေးတတ်တော့ဘူးလေနော်
မိကောင်းဖခင်သားသမီးပါ   ဒီကြားထဲဖုန်းနဲ့ ရည်းစားစကား လှမ်းပြောနေသေးတာ
မမ   ဘယ်လိုမှမတွေးတတ်တော့ဘူး         ဟော့       နောက်တစ်ယောက်ကလည်း
အသက်လေးကြည့်တော့ ၁၇နှစ်လောက်ရှိမယ်   ခုမှသိတဲ့လူကိုချိန်းနေတယ်လေ
ဟဲ့ကောင်မလေးနင်    သူတို့ချိန်းတာနဲ့ တွေ့မို့ လားဆိုတော့   အင်းဟုတ်ကဲ့တဲ့လေ
ဟာနင့်ဟာ       ချက်ခြင်းမတွေ့နဲ့လေသူတို့  အထင်သေးမယ် ဆိုတော့ရတယ်
ကိစ္စမရှိပါဘူးတဲ့  သမီးသိတယ်တဲ့       ဘာမှန်းကို  မသိတော့ဘူး  ယ္ခုအကောင့်အပ်  ခုလက္ခံ ခုချိန်းတွေ့နဲ့  မောတယ် သူတို့ကြည့်ရင်း ရင်မောတယ် ပေါသလားဟင်
အဲ့ဒီလောက်တောင် ပေါကုန်ပြီလားဟာ  ကိုယ်အပူမပါပဲနဲ့  စိတ်တွေပူလိုက်တာ
သူကတော့     ပျော်မြူးလို့လေနော်
မမ       သာစိတ်ပူနေတာ      နောက်တစ် ယောက်က စင်တင်က ညမှာ  သီချင်းဆိုတာလေ
သူကိုကားနဲ့ လာပို့လာကြိုနေတာ နေ့ခင်းလာခေါ်ပေါ့   နော်အကိုကြီးလေတဲ့သူ
့မှာပိုင်ရှင်ရှိတယ်တဲ့ သမီးမိဘတွေကို သူကအကုန်လောက်ငှအောင် ထောက်ပံနေရတာတဲ့ 
အော်      အေးအေး   အကိုကြီးက သဘောကောင်းတယ်နော်လို့  အလိုက်အထိုက်ပြောရတာပေါ့နော်
ခုချက်တင်ထိုင်နေတာက     သမီးရည်းစားလေ
သူ့ကိုအချစ်ဆုံးတဲ့       ချစ်သူလေတဲ့    သမီးကချစ်တဲ့သူတဲ့       နယ်မှာကျန်ခဲ့တယ်တဲ့
အော်    အင်းအင်း     အင်းပါဆိုနားထောင်နေရတယ်လေနော်      ဒီအချိန်မှာ
၁၇နှစ်ကောင်မလေးဝင်လာတယ်   သူပါအံ့အားသင့်       သွားတယ်
်ကောင်မလေးက       ခုမှတွေ့တဲ့လူကိုခုချိန်းနေတာ မြင်တော့  ဟယ်ပေါလိုက်တာတဲ့
သူမျက်လုံးလေးပြူးနေတယ်လေ   ၁၇နှစ်ကောင်မလေးထွက်သွားတော့
ဟယ်လွယ်လိုက်တာနော်တဲ့      မမ         စိတ်တိုလာတာနဲ့  အေးဟေ့ အေးဟ
မကောင်းတာ      လုပ်စားနေတဲ့မိန်းတွေ သူတို့ကြောင့်(--ါ)     ဈေးကျတာနေမှာ
မိန်းမကောင်းလေး       တွေမြင်လဲ သူတို့ကြောင့်      အကုန်မကောင်းတဲ့ မိန်းမတွေလို့မြင်ကုန်နေပြီ   ရည်းစား၃ယောက်  ၄ယောက်တပြိုင်တည်းထားတဲ့ သူ့ကျတော့လဲ  တန်ဖိုးရှိနေလိုက်တာနော်
သူဝတ်တာ စားတာလှပနေတော့ မိဘဆွေမျိုး   ချမ်းသာနေတော့
ကောင်လေးတွေက  မသိဘဲငွေကုန်ခံနေကျတယ်  ချစ်နေတယ်
နင်တို့ကျတော့လည်း       မိဘတွေအတွက်  ရင်းနေကျတယ်ဘ၀ကို သူတို့တွေ့နဲ့စာရင်
နင်က  တန်ဖိုးရှိပါတယ် ဟာနော်
်နင်ကမြတ်ပါတယ်  မိဘကို    လုပ်ကျွေးနေရလို့လေနော်  လို့ မမပြောမိတယ် ကောင်မလေးတွေပေါမှပေါ        တောတစ်ရာ    ခြောက်ဆယ်ဖြစ်နေကုန်ပြီနော် စင်တင်က ကောင်မလေးကျတော့လဲ    သနားတယ် ချမ်းသာပြည့်စုံတဲ့ ကောင်မလေးကျတော့ရော ၁ရနှစ်ရွယ် ကောင်မလေးကျတော့ရော တူတူပါပဲမြင်ရ တွေ့ရဘ၀င်မကျနိုင်ပါဘူး  နောက်ဆိုသူတို့တွေ    ဘာပြောနေနေမမ နောက်ဆို  မသိချင်ရောင် မမစိတ်ကို  ထိမ်းပြီးနေနေရတယ်
    ကြည့်နေရတယ် ပိုက်ဆံညာယူချစ်တဲ့လူနဲ့     ပိုက်ဆံမယူချစ်တဲ့လူနဲ့   မိဘတွေကိုဘ၀နဲ့ ရင်းချစ်တဲ့လူနဲ့
မမသူတို့ကိုကြည့်ရင်း  သနားလိုက်  စိတ်တိုလိုက် စိတ်မကောင်းဖြစ်လိုက်နဲ့ဖြစ်နေတယ်နော် 
စဉ်းစားပါ    လေ့လာပါ  ကောင်မလေးတွေရေ ကိုယ်ဘာလုပ်မိနေလဲ      သတိထားပါ  ထိမ်းသိမ်းပါ     ကိုယ်ဘာသာကိုယ် အုပ်မှနိုင်မယ့် ခေတ်မှာ  မိအုပ်လို့မနိုင် ဖအုပ်လို့မနိုင်  ဖြစ်နေတာလေနော်
ဒီလိုမျိုး  မိန်းမတွေကြောင့်  မိန်းမကောင်း   ဆိုတာ။          
မိန်းမ  ကောင်းတာ။   ဆိုးတာ။       ဝေးနေလဲမသိ
နီးတော့လဲ     မမြင်မကြည့်တတ်။       အကုန်ဝါးလုံးသိမ်းရမ်းပြီး
မိန်းမတွေကို      အဆိုးမပြောရအောင်  မကောင်းကြောင်းတွေ      မပြောရအောင်
်ကောင်မလေးတွေ  ထိမ်းသိမ်း     နေထိုင်သင့်ပါတယ်နော်။
ဒါကြောင့်မမဆိုးတယ်လဲ         မပြောချင်ပါဘူးနော်  ကောင်းတယ်လဲ မပြောချင်ပါဘူး
လိမ္မာလားဆိုတော့လဲ    ဟင့်အင်း   ပြောတတ်တော့ပါဘူးနော်
သူတို့  အကုန်မှန်နေတယ်လေနော်..........။
ယ္ခုလဲ...........................
အွန်လိုင်းပေါ်တွေ့တာကို  အပြင်မှာ ဘယ်နေရာမှသုံးတာပါ  ဘယ်ဆိုင်မှာသုံးနေတာပါဆိုပြီး ပြောတော့ ကောင်လေးကရောက်ရှိလာပြီးလ္ဘက်ရည်သောက်  မုန့်စားဆိုခေါ်ဆောင်ရင်းအဖျက်စီးခံလိုက်ရတဲ့အကြောင်းလေးဖတ်မိရင်း
ဒီစာကိုပြန်တင်လိုက်ရခြင်းဖြစ်ပါတယ်နော်....................။
ကမ္ဘာပျက်မပျက်မသိပါ။
လူတွေပျက်တာအမှန်ပါ။
ဗိုလ်ချုပ်ပြောတဲ့(--ါ)နိုင်ငံတကယ်ဖြစ်နေလား။
လျှပ်ပေါ်လော်လီမ၀တ်တာ။
အထင်ကြီးစရာမလိုပါ။
ရုပ်ရည်လေးကလှပနေအထင်ကြီးစရာမလိုပေ။
နုနုငယ်ငယ်ကလေးလဲကြောက်ခမန်းလိလိပဲ။
ဘ၀များစွာ့အမေတော်။မိန်းမတိုင်းကနော်။
သံသရာမှာတော်ဘူးလို့ထိမ်းသိမ်းကြနော်
အမျိုးကာင်းသားတို့။
ထိမ်းသိမ်းကြနော်အမျိုးကောင်းသမီးတို့
အင်တာနက်ပေါ်တွင်
စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--)တော့ဖြစ်ပြီထင်.....???????????
ကိုသက်
အွန်လိုင်းပေါ်၌ ခင်မင်သူက သွေးဆောင်ဖျားယောင်း၍
အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်လိုက်သော
ဖြစ်ရပ်တစ်ခု ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့
http://www.fusarshinlay.com/forum/topics/6384739:Topic:729517
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်.ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ
Jun 26, '11 5:11 PM
for everyone
၁ ။ http://www.freebookspot.in
အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …
၂ ။ http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..
၃ ။ http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် ..
၎ ။ http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..
၅ ။ http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.. ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များမျာ
း ကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၆ ။ http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..
၇ ။ http://www.scribd.com
ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့ Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …
၈ ။ http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။
၉ ။ http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာတွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။
၁၀ ။ http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။
၁၁ ။ http://www.zillr.org
ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၂ ။ http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..
၁၃ ။ http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)
၁၄ ။ http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..
၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …
၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ် ရှာဖွေတွေ့ရှိနိုင်ပါတယ် ..
၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …
၁၈ ။ http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..
မေလ်ကနေသူငယ်ချင်းလေးပို့ပေးတာပါ
Prev: ♥♥ချစ်သူ့... ခေါ်သံ ♥♥
Next: အင်တာနက်ပေါ်တွင် စိတ်မဆိုးရင်ပြောလိုက်ချင်.....(--ါ--တော့)ဖြစ်ပြီထင်....♥အွန်လိုင်းပေါ်၌ ခင်မင်သူ♥
မုန်းတယ်..စစ်ကို မုန်းတယ်♥♥ငါချစ်တဲ့ ကမ္ဘာမြေငြိမ်းချမ်းပါစေ♥♥
မုန်းတယ်........
လွတ်လပ်ရေးတဲ့   တော်လှန်ရေးတဲ့
ယမ်းငွေ့ဝေပြီ
သေနတ်သံ ကျည်သံ ဗုံးသံတွေကြား
အနုမြူလက်နက် တိုးတက်ထွန်းကား
လူတွေသေကြေ
မိကွဲ ဖကွဲ  တစ်ကွဲတပြား
စိတ်ချောက်ခြား ကျီးလန့်စာစား
သွေးမြေကြနေ
စစ်ကို  မုန်းတယ်လေ 
လက်နက်ကိုင်ဆွဲ တိုက်ပွဲဝင်နေ
ကမ္ဘာမျက်လုံးတစ်လုံး ဘယ်သူမှမပြုံးနိုင်တာသေချာနေ
အသက်များစွာ သေကြေနေ၍ စစ်ပွဲတွေကို မုန်းတယ်လေ
နိုင်သူလည်းသွေးမြေခ ရှုံးသူမှာလည်းသွေးမြေကျ
လူနှင့် လူခြင်း ရက်စက်လှတဲ့ သတ်ဖြတ်ခြင်းမို့
ကမ္ဘာရေ မြေ  နေထိုင်စားသောက်
အေးချမ်းရာအရပ် စစ်ဆိုတဲ့အသံမကြားရာ
ဝေး ကမ္ဘာတစ်နေရာ ရှိရင်ပြောပါ  ကမ္ဘာရေ
နှစ်ဦး နှစ်ဖက် သားကောင်းမိခင်
သားများဆုံးရှုံး အရူမီးဝိုင်း
ကမ္ဘာကြီးပေါ်မှာ စစ်မီးတွေတောက် သွေးတွေစွန်းထင်းနေပြီလေ
ကမ္ဘာလောက ဒီမိုးမြေကြား ကောင်းကင်အောက်မှာ တူတူနေထိုင် ငြိမ်းချမ်းစေချင်လှတယ်လေ။။။။
♥♥ငါချစ်တဲ့  ကမ္ဘာကြီး♥♥
.
.
ငါချစ်တဲ့နိုင်ငံလေး  မေတ္တာနိုင်ငံလေးပါ
ဘာသာမရွေး လူမျိုးမရွေး
အဲ့ဒီနိုင်ငံမှာ
မေတ္တာလက်နက်  ကိုင်ဆွဲထားရင်
ငါချစ်တဲ့  ကမ္ဘာကြီး  အေးချမ်းတယ်။
ငါချစ်တဲ့ ကမ္ဘာမြေအေးမြပါစေ
ငါချစ်တဲ့ကမ္ဘာမြေငြိမ်းချမ်းပါစေ
အဖေများနေ့အမှတ်တရJun 19 နောက်ထပ်မရရှိနိုင်တော့မယ့်ကျွန်မ အဖေ
♥♥အဖေများနေ့အမှတ်တရ♥♥ နောက်ထပ်မရရှိနိုင်တော့မယ့်ကျွန်မ အဖေ
Jun 19, '11 2:44 PM
for everyone
Go to fullsize image..
yinminkhine
ကောင်းကင်တစ်ခုလုံးမှောင်မဲနေသည် လျှပ်ပန်းလျှပ်နွယ်များဝင်းကနဲ လက် ကနဲ  မိုးရွာတော့မည့် နိမိတ်များဖန်ဆင်းနေသည် ကောင်းကင်ကိုမော့ ကြည့်ရင်း  ရင်ထဲတွင်တင်းကြပ်ဆို့နစ်နေသည်၊ အသက်ရှုမ၀တော့ သလို တကိုယ်လုံးထုံကျင်ပြီး  ခြေဖျုားလက်ဖျားများ အေးစက်လာသည်
ပျော့ခွေယိုင် လဲသွားတော့မည့်  ခန္ဓာကိုယ်ကိုသတိနှင့်ထိန်းချုပ်ထားရင်း  ၀င်သက်ထွက်သက်ကိုဖြေးဖြေးခြင်းရှူရှိုက်နေရတယ် ပင့်သက်ကို မှုတ်ထုတ်ခေါင်းခါရမ်း  လိုက်ပြီး ကောင်းကင်ကိုမော့ကြည့်မိလိုက်သည် ။
မိုးတွေရွာကျလာတာနှင့် အတူ  ကျမ၏မျက်ရည်များ မိုးနှုင့် အတူစီးမျောသွားသည်။
ဒါဘ၀ရဲ့နောက်ဆုံး ရင်ထဲမှ  ပျောက်ဆုံးသွားတော့မည့် နမိတ်ဘယ်လိုမှ အစားပြန်မရနိုင်တော့တဲ့  နောက်ထပ်မရရှိနိုင်တော့မယ့်ကျွန်မအဖေရဲ့နောက်ဆုံးခရီး
မောင်လေးနဲ့အတူ
အဖေရှိရာကိုခရီးနှင်လို့  သမီးလေးလို့မခေါ်နိုင်တဲ့အဖေ့ရဲ့ရုပ်ခန္ဓာတည်ရှိရာ နယ်ဒေသလေးကိုမောင်လေးမောင်းနှင်နေသော ကားပေါ် စီးနင်းလိုက်ပါရင်း မျက်ရည်မိုးနှင့်အတူ  အပြိုင်ကျနေမိပါတယ် ငယ်ဘ၀အဖေနှင့်အတူ  နေထိုင်နေသည့်ပုံရိပ်များကိုပြန်မြင်ရောင်နေမိရင်း ထိန်းထားသည့်ကြားမှ စီးကြလာသည့်  မျက်ရည်ကိုခပ်ကြမ်းကြမ်းပွတ်သုတ်နေမိရင်း  အဖေကိုသတိရနေမိသည်
သေဆုံးသွားပြီဖြစ်သော အမေနှင့်အဖေ... အစားပြန်မရနိုင်သည့်  အမေနှင့် အဖေ လွမ်းလိုက်တာ စစ်သားကြီးအဖေ စည်းကမ်းရှိသောအဖေ ပျင်းလာလျှင်  ဂစ်တာတီးပြ သီချင်းဆိုပြသည့်အဖေ ကဗျာလေးတွေစပ်ပြသည့်အဖေ အလိုလိုက်အကြိုက်ဆောင်တာ  သမီးကို ဖျက်နေတာနင့်အမေပေါ့ဟုပြောတတ်သည့်အဖေ
ဟိုနေရာစပ်စပ်ဒီနေရာစပ်စပ်  ပါတတ်လွန်းသည့်သမီးကိုနောက်နားမှ  နေ၍လိုက်ချောင်းနေတတ်သည့်အဖေ
ကျောင်းရောက်သည့်အထိချောင်းကြည့်တတ်သည့်အဖေ  အိမ်ရှေ့ကောင်လေးတွေဖြတ်သွားလျှင် သမီးဖြစ်သူကိုလှည့်ကြည့်တတ်သည့်အဖေ  သမီးကိုဘာလို့ကြည့်တာလဲမေးတော့ မျက်စေ့ကစားလားမကစားဘူးလား  မျက်လုံးတည်ငြိမ်မှုရှိလားကြည့်တာတဲ့ ကောင်လေးတွေအိမ်ရှေ့ မှ အနီးနားကဖြတ်သွားရင်  မိန်းမလေးဆိုတာ တည်ငြိမ်မှုရှိရတယ်တဲ့ လိုက်မကြည့်ရဘူးဟုပြောဆိုဆုံးမတတ်သည့်အဖေ  ညအိပ်မပျော်လို့ သမီးကို သီချင်းဆိုပြပါ အဖေရာနားထောင်ချင်တယ်ဟုပြောလျှင်  မှုန်ရွှေရည်ခိုင်မာလာနှင်းဆီ ဟုစတင်၍ဂစ်တာနှင့်တီးဆိုတော့ တစ်ခြားသီချင်းပြောင်းပါ  အဖေရာဟုဆိုလျှင်
ကင်ဆာဝေဒနာရှင်အဖေနှင့်  ဆေးခန်းကိုတူတူသွားပြပြီး ပြန်လာတော့ သမီးရေအဖေ့ကို  ဆရာဝန်ကဘာပြောသေးလဲဟုမေးသည့်အခါမှာ လှည့်ပတ်ပြောနေလျှင် အဖေ စိတ်နှလုံးသား  မထားတတ်မှာစိုးသောကြောင့် အဖေရယ်ဆရာဝန်ကတော့ သက်သာလာတယ်ပြောတာပေါ့ မသက်သာဘူး  သက်သာတယ်ဆိုတာ အဖေကိုယ့်ဘာသာအဖေသိရဲ့သားနဲ့ သူသေချင်တဲ့အချိန်သေမှာပေါ့  သေတတ်အောင်သာ အဖေအိပ်ရာထဲမှာ အားတဲ့အချိန် တရားလေးမှတ်နေ ၀င်သတိ ထွက်သတိလေးကြည့်ပေါ့  အဖေရယ်ဟုပြောနေရပေမဲ့ စိတ်ထဲမှာဘယ်လိုမှမကောင်း အဖေရှေ့သာဟန်လုပ်နေမိရတယ်  သမီးလေအဖေ့ ကွယ်ရာမှာ ဘယ်လိုမှ စိတ်မကောင်းနိုင်ခုတော့အဖေ့ရဲ့ဝင်သက်ထွက်သက်ချုပ်ငြိမ်းသွားပြီဖြစ်သော
နောက်ဆုံးခရီးကို  လိုက်ပါပို့ဆောင်ခဲ့ရင်း ပြန်လာခဲ့ရပါတယ်................
ခုတော့ မ..မ  တစ်ချိန်တစ်ခါက ဘယ်လိုမှပြန်မရနိုင်တော့သည့် အဖေနှင့်  တူတူနေထိုင်ချိန်မှာသူငယ်ချင်းလို တစ်မျိုး အဖေလို တစ်မျိုး  သမီးကိုဆုံးမခဲ့သည့်
အဖေကို လွမ်းနေမိပါတယ်............
အဖေကိုသတိရတိုင်း  အဖေဆိုပြနေကြ သီချင်းလေးတွေကို ဆိုညည်းနေမိရင်း ၀ဲတက်လာတဲ့ မျက်ရည်စကို  တားစီးထားရတာ ငိုချလိုက်တာထက်ကို ပိုပင်ပန်းပါတယ် အဖေရယ်  သမီးသတိရနေပါတယ်.............
အဖေကို သတိရ တမ်းတလွမ်းဆွတ်စွာနှင့်  ထိန်းထားသည့်ကြားမှ ကျဆင်းနေသည့် မျက်ရည်များနှင့်အတူ အဖေများနေ့ကို အဖေ့ကို  အမှတ်တရ ရေးခဲ့မိတာပါ  အဖေကိုချစ်တဲ့သမီး..........................
♥♥ဒို့ရဲ့ဗိုလ်ချုပ်♥♥
က၀ိပညာ ရှိသောခါဝယ်
ဘယ်သောခါမှ စဉ်လာမမှား
တွေးသစ်များနှင့် ကိုယ်ကျိုးမဖက်
တိုင်းပြည်အတွက်
မလွဲမလျော် လမ်းကြောင်းမှန်စွာ
ဖြောင့်ဖြောင့်သွားသည်
ဒို့ရဲ့ဗိုလ်ချုပ်
စွမ်းရည်တကား။.......
ဖေဖေနဲ့မ..မ
ဖေဖေကိုအမှတ်တရဖြစ်အောင်တူတူရေးထားတာပါ။
♥♥အဆုံးမဲ့ပေးဆပ်ခြင်း(ဖေဖေ)အမှတ်တရ♥♥
ဖေဖေဆုံးသွားပြီ........
ရှေ့ကသွားတော့..
နောက်ကလိုက်ရမှာ  သေရွာကမ္ဘာ..
ငါရောက်နေတာ..
အဆုံးမဲ့ပေးဆပ်ခြင်းနဲ့  ချစ်ကြင်နာတာ..
မေမေ..ဖေ.ဖေ..
မရှိတော့ပါ..
မမကမ္ဘာ....ကမ္ဘာမပြိုငါငိုနေတယ်....
မိဘမေတ္တာ  ဖြေစရာမရှိ...
ရင်ထဲမှာ  ဝေဒနာအတိ..
မေမေ..ဖေဖေ..
ပျောက်ကွယ်ချိန်မှာ..
ရင်ထဲမှာငရဲမီးလောင်တာ..
ဖေဖေသေဆုံး..
တိမ်တွေဖုံးပေါ့.....
တိမ်တိုက်မပြို...မိုးတွေငိုတယ်..
ကြယ်လပျောက်တော့
မိုးမင်းညိုရိပ်ဆင်နေတယ်
ကောင်းကင်မှောင်တွင်း
လျှပ်ရောင်ဝင်း
ရင်ထဲတိုက်ပွဲဝင်နေတယ်။
စိတ်သဏ္ဍန်မှောက်မှား
အာရုံနောက်သွား
သိကြားမင်းနောက်ပြောင်စနေတယ်။
လမင်းအမိ
ကြယ်တာရာတွေခြံရံလှပ
နေမင်းအဖ
နွေးထွေးခြင်းတွေနဲ့
ပေးဆပ်
ကောင်းကင်ထက်မှာရှိနေတယ်။
♥♥ငါ့ကောင်းကင်♥♥
ညနက်နက်..
သန်းခေါင်ယံအချိန်
တိမ်ဖြူတိမ်မည်း  မင်းမူနေတယ်
စိမ့်အေးနေတဲ့လေ ဝေ့၀ှိုက်ပွတ်တိုက်
တစ်ကိုယ်လုံး  အေးစက်နေချိန်
နှလုံးသား လှိုင်းထန်နေတယ်
ဦးနှောက်ကို  ခဏဖွင့်ကြည့်တာ
ဗြောင်ကျကျ  စက္ကူတရွက်ကို
မြင်နေတယ်
ငါ့ကောင်းကင်
ကြယ် နဲ့ လ  ပျောက်ချိန်
ဟော..............
တိမ်တွေ  ငိုနေပြီ
~~~~~~~~~~~မ..မ.~~~~~~~~~~~~
အဖေ့ကို သတိရနေတယ်၊
သမီး ငို နေတယ် အဖေ။................?ီ i  ?ီ
ကမ်းကုန်အောင် ဆိုးတဲ့သမီး