Pages
Sunday, May 29, 2011
လမင်းလို အလင်းခွန်အား ဒဿန
ပြောသာပြောရမောတာ အဖတ်တင်ကျွဲပါးစောင်းတီး နွားပလာတာကျွေး
စည်းကမ်းချက်တွေ ထုတ်တာကိုဖတ်မိရင်
ဟာသတပုဒ်ကို   ဖတ်ရတာထက်  ရယ်နေရတယ်
ခင်တဲ့လူ  ရင်းနှီးတဲ့လူ
အော်............ကျန်သေးတယ်
တော်တဲ့လူတွေ  ဘယ်နား
ဘာလုပ်လုပ်   လွတ်စေ
 ဒီစည်းကမ်းချက်ကို   လုပ်ချင်သလို
လုပ်ပိုင်ခွင့်ရတယ်     ပြောရရင်တော့
အခွင့်ထူးခံ လူတန်းစားပေါ့
ကိုယ်တိုင်တောင်
အရွှဲ့တိုက်ပြီး   စိတ်ဖောက်လာရင်
 စည်းကမ်းကို  ရောင်းစားချင်တယ်
 ဘယ်သူ ၀ယ်မလည်းးးးးးးးးးးးးး
 ပြန်ကောက် မမျို တတ်တဲ့သူ
ခပ်ရှားရှား
ကိုယ်ထွေးထုတ့်လိုက်တဲ့တံထွေး
ကိုယ်မျိုနေမိမှာဆိုးပါတယ်
နည်းလမ်းမသိတော့ စည်းကမ်းမရှိတာလား
စည်းကမ်းမသိလို့နည်းလမ်းမရှိတာလား
ရွှေသမင် ဘယ်ကထွက်  မင်းကြီးတာကထွက်
စားတော့အများ  ခံရတော့ တစ်ယောက်ထဲ
ကျွဲပါး  စောင်းတီး
 နွားပလာတာ  ကျွေးသလိုဖြစ်နေတယ်
ရှင်ဘုရင်ကြီး တိုင်းခန်းလှည့်ေ
တာ့ ကောက်စိုက်တဲ့လယ်သူမ  ကို
ဘယ်သူယူမလည်းမသိဘူး ဒီလိုနဲ့ရှေ့နားရောက်တော့
စပါးရိတ်နေတဲ့လယ်သမား ကိုတွေ့တော့မှ
စပါးရိတ်နေတဲ့လယ်သမား ယူမှာပေါ့လို့တွေးမိသလိုပေါ့
ဒီကြားထဲသူခိုးက လူလာဟစ်နေသေး.ဆင်ဖြူတော်မှီပြီး ကြံစုပ်နေတော့ခက်တယ်
ဆင်စွယ်ပိုးမထိုးဘူး  ပတ္တမြားမှန်နွံ့မှာမနစ်တဲ့
ပညာရှိကိုပေါင်း  သမားကောင်းကိုဖက်  သူပျက်ကိုခွာ  ဆရာကိုကပ်
အရပ်ကိုမျှ  လုံ့လအပင် ဆင်ခြင်အမျက် 
ရန်ဘက်ကိုမြှော် သူတော်ကိုချစ်
ခင်ပွန်းပြစ်ကိုရှောင်  သူလောင်ကိုရွှေ့  ဆင်ဝှေ့ကိုချည်  ကြံစည်မပြတ်  အတတ်ရံခါ  ပညာကိုရှေ့ ဥစ္စာကို  နောက်  အလျှောက်ပေးကမ်း  ချီးမွန်းတန်သည်  လူရည်ကိုရှူ  ပေးမှုအရာကိုသိလှ၏။။။။။။
မင်းမှာသစ္စာလူမှာကတိ
ကတိသစ္စာတည်သောခါနွယ်မြက်သစ်ပင်ဆေးဘက်ဝင်
.
လောကသဘောအရပြောရရင်
မင်းမှန်တယ်ထင်
မင်းမာန်တွေတက်
မင်းသဘော
မင်းအကြိုက်
မင်းအပြော
မင်းစိတ်နဲ့
မင်းကိုယ်
သူအားပါတာသူလုပ်တာ
ကိုယ်အားသန်တာကိုယ်လုပ်တာ
လူခြင်းမတူ
ဥာဏ်ခြင်းမတူ
ဒါကနှာဘူး
ဒါကတဏှာရူး
သူမသိတာ သိအောင်ပြောလည်း
လူ့ငနွား လူစကားနားမလည်
ဘူးလုံး နားမထွင်း အိပ်ပေါက် ဖားကောက်
ဆုံလည်ကနွား ၀ှဲလှည့်နေတာ
သံသရာထဲ တ၀ဲလည်လည်
ဆန်စကာထဲ ဆန်ကွဲတစ်စလည်
ညက်ညက်ထောင်း မုန့်ပေါင်းလောက်သိတယ်
လင်းတလှည့် မှိတ်တစ်ခါ
လမ်းပျောက်သူကို လမ်းပြနေတာ
အသင်လူသား အိုလူသား
သင့်တစ်နေ့တာအချိန်များ
နှမြောလှချည်လားးးးးးးးး
လမ်းပြဖေးခေါ် တွဲကူသနော်
အသင်လူသား အိုလူသားးးးးးးးးး
တန်ဖိုးရှိရာသင်သိနော်
ဖိုးလမင်းလို အလင်းခွန်အား
ဒီမှာကြည့်ပါလားးးးးးးးးးးးးးးးးးး
နေ လို လလို ရေလို  မြေလို
သခင်စိတ်ဓါတ်ထားပါဆို
.
Friday, May 27, 2011
♥♥ချစ်သူမြို့တော်နှင့်ဖူးစာရှင်လေး အွန်လိုင်း ပရဟိတအဖွဲ့ မည်သူမဆို ကူညီပေးပါ♥♥---
 ပရဟိတအသင်းသို့
အလှူရှင်စာရင်း
မ..မ - 50000 ( ငါးသောင်းကျပ် )
naingthu2008 - 50000 ( ငါးသောင်းကျပ် )
barlarlar.bll - 50000 ( ငါးသောင်းကျပ် )
ရာမည - 50000 ( ငါးသောင်းကျပ် )  မမိုးငယ် -10000 (တစ်သောင်း)
Lohan lin -5000(ငါးထောင်)
သိမ့်-   27000  (နှစ်သောင်းခုနှစ်ထောင်)
ကဝေပျို -      10000 (တစ်သောင်း)
                                       ဆက်သွယ်ရန်လိပ်စာ
ဆက်သွယ်လှူဒါန်းနိုင်သည့် လိပ်စာ -
ရန်ကုန် - မင်းသူရိန်၊ ဖုန်း - ၅၄၁ ၃၈၆
ရာမည  စင်္ကာပူ ဖုန်း-   98587714  -81957285
မ သူ _ 82040414
မ မေ စင်္ကပူဖုန်း _ 98581733
မနေခြည် မလေးရှားဖုန်း _60129106659
             ငြိမ်းချမ်း:မလေးရှားဖုန်း +6 0122700943
မင်းမင်းဇော် မန္တလေးဖုန်း - ၀၉၂၀၃၀၂၃၁
ကိုးရီးယား ဖုန်း ဘိုဘို 821023497257
Thursday, May 26, 2011
♥လွယ်တယ်♥
♥လွယ်တယ်♥
ငွေရှိရင် လွယ်တယ်
အဖေမသိလည်း လွယ်တယ်
အမေ မသိလည်း လွယ်တယ်
ငွေရှိရင်လွယ်တယ်
ကျားဖမ်း ရတာ လွယ်တယ်
ငါးဖမ်း ရတာ လွယ်တယ်
 စားစမ်း ရတာ လွယ်တယ် 
အော်..........သွားစမ်း ရတာ လွယ်တယ်
Sunday, May 22, 2011
ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးးနော်
၁   ။။ ကိုယ့်ကို စကားပြောရင် ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးး
သူ့ရဲ့စကားထဲမှ မိမိပညာရတယ် စကားဆုံးလည်း သူ့အတွက်လား ကိုယ့်အတွက်လား အများအတွက်လား ယူစရာပါလား ကိုယ့်ကို ပြောကြားတဲ့ စကားထဲမှာ တန်ဖိုးရှိတာပါလား  ပြန်ပြီး ဝေဖန်ပိုင်းခြားတတ်ရတယ် ။
၂။။ဘုန်းကြီးရှေ့ကနေ အရင်မကြွရဘူး စနည်းနာတတ်ရတယ်။
လူမျိုးပေါင်းစုံထံက နည်းပညာမျိုးစုံ အတတ်ပညာမျိုးစုံ လေ့လာသင်ယူတတ်ရတယ်။
ဆရာလည်းမလုပ်နဲ့တပည့်လည်းမဖြစ်စေနဲ့ဒါအောင်မြင်သူတွေရဲ့အရည်အခြင်း
  ကိုယ်ရည် မသွေးရဘူး  သူ တပါးအထင် မသေးရဘူး
  ၃။။။ခေတ်မှီပါ ခေတ်ဆန်ပါ  မကလက်ပါစေနဲ့ အရှက်တရားရှိပါ
အခြင်းခြင်း စကားပြောဆိုတာ   မိုက်ရိုင်းခြင်းမှ ရှောင်ကျဉ်ပါ 
 အမျိုးသားများကလည်း  အမ  ညီမ  မရှိလည်း မိခင်လိုမြင်ပြီး နှစ်မသားခြင်းစာနာပါ ။
၎။။။ပြောချင်တယ်ဆိုပေမယ့် ပြောသင့်လား ပြောသင့်တဲ့လူ ဟုတ်လားစဉ်းစား
တိုင်ပင်တယ်ဆိုရင် လည်းတိုင်ပင်သင့်တဲ့ လူလား တိုင်ပင်သင့်တဲ့အချိန် ဟုတ်လားလေ့လာပါ။
၅။။။သူတစ်ပါးမအားတဲ့အချိန်  ဒေါသထွက်ချိန်  အိပ်ရာနိုးခါစအချိန်  အိပ်ချင်နေတဲ့အချိန်  ရှောင်ကျဉ်ပါ.။
၆။။။အရက်သောက်ချင်လည်း မူးအောင်သောက် မမှောက်စေနဲ့ ဆိုသလိုပေါ့ လူသောက်သောက်ပါ ။
ခွေးသောက် နွားသောက် မသောက်ပါနဲ့ခွေးစိတ်  နွားစိတ်ပေါက်ရင်  အမေမသိ အဖေမသိ ဆွေမသိ မျိုးမသိ ကျေးဇူးရှင်မသိ  စော်ကား  ပြစ်မှားတတ်ကြတယ်  ။
ဒါကြောင့်ဘယ်အရာမဆို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ချင့်ချိန်ပါ စဉ်းစားပါ
သူနေရာ  သူဒေသ နေထိုင်တတ်ပါစေ  ။
၇။။။။ခင်မင်မှုကို အလွဲသုံးစား မလုပ်မိပါစေနဲ့နွားရှေ့ထွန်မကျူးမိစေနဲ့
ရောမရောက် ရောမလိုကျင့်တတ်ပါစေ ။
၈။။။။ခွေးလေး အရောဝင်သလိုလည်းမလုပ်မိစေနဲ့
ပေါင်းတာကြည့်ပေါင်း ကိုယ့်အတွက်လားသူ့အတွက်လား
ယူသူလား ပေးသူလား လှုမျှဝေနေသူလား
ကြည့်ပြီး ပေါင်းသင်းတတ်ပါစေ ။
၉။။။လူတစ်ယောက်ကြောင့် ဂုဏ်တက်သလို လူတစ်ယောက်ကြောင့်
ဂုဏ်ပျက်တတ်ပါတယ် ။
၁၀။။။။။စိတ်ထားဖြူစင် သန်ရှင်းလှပအောင် မွေးမြူနိုင်ပါစေ။
စိတ်ထားမွန်မြတ်အောင်  ကျင့်ကြံနိုင်ပါစေ။
အရောင်စွန်းလာရင်လည်း  မြန်မြန်လျှော်ဖွတ်ဆေးကြောနိုင်ပါစေ။
၁၁။။။။။ လောကတွင်းမှလူသားများ  အေးချမ်းသာယာရှိစေလို
 မိမိတို့စိတ်ကလေး ဖြူဖြူဖွေး စင်ကြယ်နိုင်ပါစေ။
  ညစ်လာသမျှ ဟစ်ကာသာ ပြရရင် ငါလည်းညစ်မယ်ထင်
  အော်နေမယ့်စား ဖြူအောင်ထား
ဟင်းးးးချကာလေ စေတနာထား
သူလမ်းသူသာသွားပါစေ ။
သူနောက်ကိုယ့်စိတ်လိုက်မိရင် ကိုယ်ပါညစ်မယ်ထင် ဘယ်သူလာလာ ကြည်ဖြူတရားမေတ္တာထားမှပြည့်မည်ထင် ဘောင်ဘင်ခတ်ထားရေအိုးများ
ဘေးချထားမှ တော်မည်ထင် ရေအိုးလေးလိုပြည့်စေလို
မေတ္တာဘ၀နာပွားများကာ စိတ်ထားနဲ့သာနေလိုက်ပါ
အောင်မြင်သည်များသင့်ရှေ့မှာ  ပွားများလာမှာ အမှန်ပါ................။
Thursday, May 19, 2011
ခက်တယ်............
ခက်တယ်............
ဟိုလိုလည်းမလုပ်နဲ့ ဒီလိုလည်းမဟုတ်ဘူး
ခက်တယ် ပြောပြန်ရင်လည်း
မောင်  မင်းးးးးးးးးး
လွန်ရာကြမယ်
မပြောမပြီး မတီးမမြည်
ကိုယ်လည်းမလုပ်နိုင် သူများလည်းမလုပ်နဲ့
ခက်တယ် တော်တော် ခက်နေတယ်............။
Wednesday, May 18, 2011
good night.. မောနင်း........ချစ်သူ
♥♥good night...........<3 မောနင်း........♥♥
good night...........<3
ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ
ကြယ်ရောင်လင်းလက် ညလေးမှောင်မိုက် ချစ်သူ အိပ်စက်နားနေချိန်
မောနင်း........♥
ကမ္ဘာတဖက်က
ကမ္ဘာတဖက်ကို
နုတ်ဆက်နေတာ
ရောင်ခြည်နုလေး ဖြာဝေတောက်ပ
ငါ့ အခန်းတံခါး တွေ့ထိချိန်က ချစ်သူခဏပျောက်ချိန်ပါ
ကမ္ဘာမျက်လုံးပြုံးပြုံးလေးနဲ့ ချစ်သူတွေကို
ပီတိဝေဖြာချောင်း ကြည့်နေတာ
ကမ္ဘာကလေ ရွာလေးအလား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူနှစ်ယောက် တွေဆုံဖို့ကို
ပြန်တွေ့ဖို့ကို သူဖန်တီးတယ်
နှလုံးသားလေးတွေ ကောင်းကင်ယံထက် အသဲပုံရိပ်တိမ်ဝယ်ယှက်နွယ်
ငှက်လေးအလား စိတ်ကူးလေးတွေ ၀ဲပျံမြူးကာ
တိမ်ဝယ် ဆော့ကစား
မိုင်ပေါင်းထောင်ချီ ဝေးကွာနေလည်း
ချစ်သူရှိရာ
စိတ်စေရာကို ခရီးနှင်လို့ချစ်သူထံပါးရောက်နေတယ်
အိမ်မက်ထဲထိလာခဲ့မယ်......
ချစ်သူကြိုလို့စောင့်တော့ကွယ်.......။.
Monday, May 16, 2011
ကဗျာသစ်ပင် ♥♥
Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
tree-readingby-HikingArtist.jpg
Tree reading about trees - Free environmental illustration about climate change, pollution and global awareness, from Frits Ahlefeldt. Both print and web use
Tags: pollution ecology green planet biodiversity climate change environment environmental free download powerpoint clipart creative commons Frits Ahlefeldt Hikingartist.com HikingArtist cartoon drawing illustration color humor funny free downloads print Size challenge open source large size tree reading book
Free climate and environmental drawings Free print and web size illustrations for download and use, all about green planet issues
A Poet`s Tree
ကဗျာသစ်ပင်
ချစ်သူရေ ....
ငါတွေ့ခဲ့တယ်
သစ်ပင်တစ်ပင်ဟာ တစ်ပင်တည်းရပ်တည်နေတယ်
ငါ မသိဘူး အဲ့ဒီအပင်ရဲ့ နာမည်ကိုပေါ့
ဒါပေမယ့် .... ကြည့်ရတာ အရမ်းလှပတယ်
အံ့သြစရာကောင်းလောက်အောင် သန်မာတယ်
လေတိုက်တဲ့ နေ့မှာပေါ့
လေနဲ့အတူ သစ်ရွက်လေးတွေက လှုပ်ခါနေတယ်
သူဟာ ... နှင်းပွင့်လေးထဲမှာ သန်မာနေတယ်
သူဟာ ... နေရောင်အောက်မှာလည်း သန်မာနေတယ်
သူဟာ ... မိုးရေထဲမှာလည်း သန်မာနေတယ်
ငါလေ .... အဲ့ဒီအပင်လေးကို စောင့်ကြည့်နေမိတယ်
ငါ့ရဲ့အချစ် ကျောက်တိုင်လေးလိုပါပဲ
အချစ်ဆိုတဲ့စကားလုံးတွေက ကဗျည်းထိုးထားတာ
သူ့ရဲ့လှုပ်ခါနေတဲ့ သစ်ရွက်လေးတွေလိုပဲ
ငါလေ .... ဒီသစ်ပင်လေးကို စကားပြောဖြစ်တယ်
မင်းနဲ့ငါ့ရဲ့ အကြောင်းကို
နေ့တိုင်းပေါ့ .....
ဒါ့တွေကို ဒီသစ်ပင်လေးက အမြဲနားထောင်ပေးခဲ့တယ်
ငါတို့ရဲ့ချစ်ပုံပြင်လေးကိုပေါ့
တစ်နေ့မှာ ... သစ်ပင်လေး ငိုကြွေးနေခဲ့တယ်
ဘာ့ကြောင့်လဲဆိုတော့ မင်းဆီက သတင်းစကားကို ရရှိခဲ့လို့ပေါ့
လေနဲ့မိုးတွေကလည်း ပြောင်းလဲစွာနဲ့ပေါ့
သစ်ပင်လေးက ငါ့ကိုပြောတယ် ....
"မင်းနဲ့ငါ ထပ်တွေ့ဆုံမှုဟာ မဖြစ်နိုင်ဘူး"တဲ့
ဒါ့ကြောင့် ... မင်းဟာ ငါ့လိုပဲသန်မာရမယ်နော်
အကယ်၍ မင်း စဉ်းစားကြည့် !!
အချစ်စစ်ဟာ ရှင်သန်နေတယ်
ဒါကြောင့် .... မင်းပိုပြီး သန်မာရမယ်
ပို ကြီးမားရမယ်
ငါ့လိုပဲ သန့်ရှင်းတဲ့သစ်ရွက်တွေနဲ့ပေါ့
မင်း ... အိုမင်းလာတဲ့အခါမှာ
မင်း ... ပိုပြီး သန်မာလာရမယ်နော်
မင်းရဲ့ အနာဂတ်မှာ မင်းရဲ့အချစ်ကို တစ်ခါပြန်ရလိမ့်မယ်
ဒါ့ကြောင့် မင်းရဲ့နှလုံးသားမှာ သစ်ပင်တစ်ပင်လိုအချစ်ကို
စိုက်ပျိုးထားလှည့်ပါ ....
ငါ့ရဲ့ ... ချစ်လှစွာသော ချစ်သူရယ် ။။  ♥ချစ်သူပေးသောကဗျာတပုဒ်♥