Pages

Thursday, April 22, 2010

သား ကို ချစ်တဲ့  အမေ့ ဆန္ဒ

အမေ့လုပ်ငန်းတွေ သားကို

အမေကခဏ လွဲထားတာလေ သားကိုယ်ပိုင် သားကိုယ်တိုင် ဦးစီးပြီးလုပ်မယ် အားကိုးရမယ်ထင်ခဲ့လိုပေါ့နော် ခုတော့အရာရာ ငါအပြစ်တွေလား မင်း အမေတယောက်ရဲ့ ယုံကြည်မှု့ကို
အလွှဲသုန်းစားလုပ်တယ် သားက အမေအားကိုးလောက်တဲ့ သားဖြစ်မလာခဲ့ ဘူးပေါ့နော်

အလုပ်လုပ်ရတာ အဆင်မပြေလို့ ဆက်မလုပ်ချင်ဘူးဟုတ်လားသား ဘယ်အလုပ်မဆို အခက်အခဲရှိတတ်ကြ တာကြည့် ပဲလေနော် အလုပ်တခုလုပ်ပါတယ်ဆိုနေမှ သားရယ်

စိတ်ပင်ပမ်းရင်လူသက်သာတယ်

လူပင်ပမ်းရင်စိတ်သက်သာတယ်

လူရာစိတ်ရောသက်သာတဲ့ အလုပ် အမေတော့ မကြားမိပါဘူးသားရယ်နော်
အမေ့ တုန်းကဘယ်သူမှ အဆင်ပြေအောင်နေပါလို့  မပြောကြဘူး ကိုယ်ကိုတိုင် စိတ်ဆင်းရဲစွာနဲ့ဖြတ် သန်းခဲ့ရတာ ဘယ်သူကိုမှ ငါအဆင်မပြေဘူးလို့ မပြောခဲ့ဘူးသား
ကိုယ်တိုင် စိတ် ဆင်းရဲစွာနဲ့  ဘ၀ ကိုဖြတ်သန်းလာတာလေ အခု အမေသေချင်နေပါတယ်

ဆေးတေါ့ ထသောက်နေရတယ် အိမ်တွေဖျက်မြို့ သစ်ပြောင်းတော့လည်း ဒီလိုမျိုးဖြစ်ခဲ့ဘူးတယ်လေခုလည်း
အလုပ်ရုံတွေဟိုရွှေ့ ဒီပြောင်းနဲ့ လုပ်ငန်းတွေရပ်တန့် သွားတော့ငါမှာ စိတ်ကျ ရောဂါ ခံစားနေရတယ် စိတ်တွေ
တော်တော် နောက်နေတယ် မကူညီချင်လဲနေ  ဘယ်သူမှ မလိုဘူး ငါဘ၀ ငါတစ်ယောက်တည်း အဆင်ပြေသလို လျှောက်လှမ်း လာတာကြာလှပြီ

သူများတွေကို ငါ စိတ်ဆင်းရဲအောင် မလုပ်ဘူး အနီးကပ်က လူတွေကပဲငါ့စိတ်
ကိုဝိုင်းသတ် နေကျတာလေနော် မကူညီချင်နေပါ မနှောက်ယှက်ပါနဲ့ မဖြစ်ဘူးဆိုတာ ငါ့ဘ၀မှာမရှိဘူးမလုပ်နိုင်ဘူး ဆိုတာလည်း ငါ့ဘ၀မှာရှိဘူး မလုပ်ချင်တာပဲရှိတယ်နော်

ငါတစ်ယောက်ထဲ လုပ်ခဲ့တဲ့ အလုပ်ပါနော် မင်းမလုပ်နိုင်ရင် အမေလုပ်နိုင်တယ်သား မိန်းမလေး ဆိုပေမယ့် ငါ့ခွန်ငါ့အားနဲ့  ငါ့အသိတရားနဲ့ သမ္မာအာဇီဝနဲ့ လုပ်ကိုင် ကျွေးမွေး
စောင့်ရှောက်ခဲ့ တာလေနော် ငါမင်းတို့  မောင်နှမတွေ ကို လူတန်းစေ့
နေထိုင်နိုင်အောင် ထားနိုင်ခဲ့တယ်လေနော်

သားတို့ သူငယ်ချင်းတွေဆော့နေရင် ဘေးနားမှာ ကစားရင်းထိုင်ကြည့်နေကြတဲ့
သူငယ်ချင်းတွေ ၀င် ပါ မှာ ဆိုးလို့ ရေထားတဲ့ စာလိုပေါ့နော်
ဘေး ခွေး(===)ပါနဲ့ ဆိုသလိုဖြစ်နေပြီ အမေလဲ တော်တော်စိတ် ဆင်းရဲနေပါတယ်
ငိုရတာများလို့  မျက်ရည်တောင် ကုန်နေပြီနော် ရင်ဘတ်ကြီး စုတ်ပြတ်သတ် နေပြီနော်
အမှားတွေ ရေးနေမိလား စဉ်းစားပီးရင် ထဲကို ၀င်ကြည့်ပေးပါ။

တနေ့ တနေ့  ဘုရား တရား မလုပ်ဘူး ထင်နေတာ လူတွေအိပ်ချိန်မှ ငါဘုရားတရား လုပ်တာလို့  မပြောချင်ဘူး လူတွေနိုးနေ၇င် သူတို့အပူတွေက ငါပါကူးတယ်လေ
နတ်တွေဆို ပိုပူမှာပေါ့ ငါတောင်ပူတာ ညမှ အေးချမ်းတယ်နော်

အိပ်နေတဲ့ အချိန်က  ခဏလေး လူတွေ အကုန်လုံးနီးပါး သေကုန်လို့ လေ ငါ့ကို မသေမချင်း ငွေထုပ်လုပ်တဲ့  စက်အမှတ်နဲ့ ခိုင်းစားဖို့ များ ငါ့အမေက မင်းတို့အတွက် မွေးလိုက်တယ်များ မင်းတို့ ထင်နေလား

အမေလဲ တော်တော် စိတ်ဆင်း ရဲနေပါတယ် ငို၇တာများလို့ မျက်ရည်တောင် ကုန်နေပြီ
ရင်ဘတ်ကြီး စုတ်ပြတ်သတ်နေပြီ စဉ်းစားပြီးရင် ဘတ် ထဲကိုဝင်ကြည့်ပေးပါနော်
မိန်းမတစ်ယောက်ဖြစ်ပေမယ့်   မင်းတို့ ကို မကြောင့်မကျ မတောင့်မတ  ထားနိုင်တယ် မင်းကယောင်္ကျားလေး တစ်ယောက်ဖြစ်ပြီး
ငါ အားကိုးဖို့  မင်းကို    အလုပ်တွေ   လွဲထားတော့လည်း

မင်းကသုံးဖြုန်းပြစ်တယ် ငါဘယ်လို မှ မ ယုံကြည်နိုင်တော့ဘူး နောက်တကြိမ်ဆို
အမေ အသုံးမကျ တဲ့အမေတယောက် ဖြစ်သွားနိုင်တယ် ငါ   သားသမီးယုံလို့ စုံလုံးကမ်းတော့ အဖြစ်မခံနိုင်ဘူးလေနော် ဒါကြောင့်   မင်းဘာသာ မင်းလူလောက ဘယ်လောက် ပင်ပမ်းတယ်ဆိုတာ မင်းတစ်ဝမ်း မင်းတစ်ခါး အတွက် ရုန်းကြည့်လိုက်ပါအုန်းနော်။
 
သား မင်းကိုတော့ အမေယုံကြည်ချင်ပါတယ်  စည်းစိမ်လည်းကုန် မင်း လည်းပျက်စီး ဖြစ်နေမှာ မို့ လို့ ပါနော် ကိုယ်ခွန်ကိုယ့်အားနဲ့  ဘ၀တစ်ခု တည်ဆောက်ကြည့်ပါသား မင်းကတော့   အမေ့ကိုချစ်တဲ့  သားတစ်ယောက်   မဖြစ်လာခဲ့ဘူးပေါ့နော်


အမေ့ပြောတဲ့  စကားတွေက  သားနားခါးချင်ခါးနေမယ် အထိရောက်ဆုံး သားနာတတ်အောင် အမေပြောခဲ့တာ နော်
သားဘ၀ လှပဖို့ ကို အမေ မင်း ကို

လူ့ လောက ထဲ ၀င်ကြည့်ခိုင်းလိုက်တာပါ သားဘယ်ထဲမှာ သားလေးပါလည်း စဉ်းစားပါနော်
သား ဆိုတာမိဘအတွက်တော့ ကြီးလာရင် အားတဲ့ 

သား ဆိုတာမိဘအတွက်တော့ ကြီးလာရင် ကျားတဲ့

သား ဆိုတာ မိန်းမရ တော့မင်း အဖေက အစ သူ့ မိသားစု ဘ၀တစ်ခု အတွက် မနေမနား ရှာဖွေရုန်းကန် ရတော့ တာသား သားကိုအမေ လုပ်ငန်းတွေ လွဲတယ်ဆိုတာ သားမိန်းမယူ  သားချစ်တဲ့မိသားစုနဲ့ နောင်တချိန် ဘ၀တစ်ခုထူထောင် တဲ့အချိန်အခါကြရင် လောကအလယ်မှာ  သားချစ်သူနဲ့  သားမိသားစု   သားတင့်တင့်တယ်တယ် နေနိုင်ထားနိုင်အောင် မိဘတစ်ယာက်ရဲ့ စေတနာ ဂရုနာ မေတ္တာ  သားအပေါ်ထားတဲ့ အမေတစ်ယောက်ရဲ့ ချစ်ချင်းပေါ့ သား အိမ်ယာ တည်ထောင်လူတို့ ဘောင်တဲ့ သား
ဘ၀ သားမိသားစုနဲ့ သားရဲ့သားသမီးတွေချစ်ဇနီးနဲ့  ဘ၀တခုတူတူတည်ဆောက်ကျတဲ့ အချိန်ကျ ငါ့သား  အမေ့ရဲ့  ဂရုနာဒေါသ ကို သား နားလည်မယ်နော် ။
နောင်တစ်ချိန်   အိမ်ထောင်ဦးစီးဖြစ်   လာမယ့် သား   အတွက် အမေရဲ့ သားအပေါ်ကြိုတင်   ပူပင် သောက မောဟ အတ္တကြီးနေတဲ့   အောင်မြင်တဲ့ အမေတစ်ယောက်ရဲ့  သားပေါ်ထားတဲ့    လောဘပေါ့သားရယ် သားအပေါ် အထင်ကြီးချင်နေတဲ့   အမေတစ်ယောက်ရဲ့ မျှော်လင့်ချက် အမေအားကိုးပြီးနေချင်တဲ့  တစ်ဦးတည်းသော သားတစ်ယောက်ပေါ်ထားတဲ့  အတ္တ ကြီးလွန်းတဲ့ ဆန္ဒတခုပေါ့နော် သား ခုချိန်ထိတော့   အမေ့ အမှားမဟုတ်သေးဘူးနော်  သားက ခုနေခါတော့ နားမလည်သေးဘူး   ငွေကို လွယ်လွယ်သုံး  လွယ်လွယ်ဖြုန်းနေလို့   အမေ့စေတနာ ဂရုနာ  ဒေါသောကို   နောင်တစ်ချိန်မှာ   သားနားလည်မယ်။

နောင်မှ နောင်တ ပြင်လို့  မရတဲ့သာလေးရေ အချိန် ရရင်တော်သေးတယ်
အချိန်မှီပါစေ  အမေ ဆုတောင်း ပေးမယ်နော် သား
သား တစ်ယောက်လောက အလည် မျက်နှာမငယ်အောင် အမေ့စေတနာပါသား။

သား ကိုချစ်တဲ့ အမေ

" သားရေကြိုးလေးတစ်ပင် "

တစ်ယောက်တစ်ဖက် ၊ နှစ်ယောက်လက်နဲ့ 

ဆွဲဆန့် ဘူးလား

သံယောဇဉ်ကြိုး ဒီလိုမျိုးပေါ့ ။

ဆွဲ နေတုံးတော့  ရှည်တာပေါ့ 

တစ်ဖက်တစ်စ လွတ်ချလိုက်ရင်

တွယ်တာတတ်သူ ၊ မလွတ်သူမှာ

ထူပူသွားအောင် နာတတ်တယ် ။

အဲဒီထဲမှာ နင်ပါ ဘူးလား

ငါပါဘူးတယ် ၊ နာဘူးတယ်။

တက္ကသိုလ်ဘုန်းနိုင်

Wednesday, April 21, 2010

ဆဲရော ဟားဟားးးးးး ဆဲခံ့ ရတော့မျက်ရည်ကျတာပေါ့နော့ ဒါပေမဲ့ မမရီ(ယ်)နေလိုက်ပါတယ်။


~~~~~~~~~မောင်လေးတော်တယ်~~~~~~~~~~~
အားပေးတယ်သိလား
နိုင်းဆိုဒ် ထဲမယ်ချောကလက်အကောင်းဆုံး လိုချင်တဲ့စာအကုန်ရတယ်
ရေးတဲ့သူလည်းစုံတယ်

မိန်းမတွေတောင်အဆဲခံရတာ ဘာထူးဆန်းလည်း
ဆဲပေ့စေ့သူအမေသူ့အဖေစရိုက်ပေါ့သူအကျင့်ဒီလိုပဲမှတ်လိုက်တယ်
အမိယုတ်နှပ်ကြမ်း အဖယုတ်လက်ကြမ်းပေါ့ မမတောင်အဆဲခံရသေးတယ်လေ
သိလည်းမသိမြင်လည်းမမြင်ဘူးပဲနဲ့ ကိုဆဲတာ
အကောင့်အပ်တော့လက်ခံမိတယ် ဘာမှမပြောပဲနဲ့ဆဲတာတန်းကနည်းနော်
အဆဲခံစာရေးနေလို့ 
တစ်ခါတစ်ခါ ငိုတောင်ငိုနေရတယ် ၀ါသနာ ပေါ့
မေတ္တာပဲပို့ လိုက်ပါတယ် ၀ဋ်ကျွေးခံယူနေတယ်ဆိုပြီး


ဆက်လုပ် အားပေးနေမယ် စိတ်ဓါတ်ခိုင်မာပါ ကိုယ်ပျော်လို့  လုပ်နေတာလို မခံယူဖူးနော်ကုသိုလ်ရအောင် လုပ်နေတယ် ခံယူစိတ်ထားလိုက်ပါ ချောကလက်ဆိုဒ် ကိုကုသိုလ်ဝယ်တာနော်။
ယူတတ်ရင်မြတ်ကုသိုလ် မယူတတ်ရင်  အကုသိုလ် မောင်လေး  တရားသဘောသိပါတယ်။

တရားမကျင့်လည်းမကျင့် မသိလည်းမသိတဲ့ လူတွေထဲမှာ မောင်လေးမပါဖူး သိတယ်နော်
မြတ်စွာဘုရားတောင် ဒေ၀ဒတ်  ရှိသေးတယ်

အဘတောင် အဇာတသတ်လိုသား ရှိသေးတယ်

တို့ ကလူလေဟာ ဒီလောက်ကတော့ပါးပါးလေး ပေါ့ပေါ့လေးလို့ စိတ်ကိုပြင်လိုက်နော်
အေးဆေးဖြစ်သွားတာပေါ့ဟာ မမကိုလည်းစာတွေဘာလို့ ရေးလည်းတဲ့ ပိုက်ဆံလိုချင်လို့ ရေးတာလားတဲ့

စာရေးပေး ထုတ်ပေးမယ်တဲ့ ရီ(ယ်)ချင်တယ် ရီ(ယ်)နေလိုက်တယ် ပြန်ဖြေလိုက်ပါတယ် ပျင်းလို
့ရေးနေတာလို့ 

ဆဲရော ဟားဟားးးးးး ဆဲခံ့ ရတော့မျက်ရည်ကျတာပေါ့နော့ ဒါပေမဲ့ မမရီ(ယ်)နေလိုက်ပါတယ်။

သူလည်းကိုယ် မသိ ကိုယ်လည်း သူမသိ သနားပါဘိ

ပါးစပ်ပါလို့ ပြောတယ် မှတ်လိုက်ပေါ့နော် ပြောတဲ့လူကပါးစပ်ရော လက်ရော  ကောင်းသေးလို့  ပြောတာ  သူချမ်းသာ  ပျော်ရွှင်ပါစေ ဆုတောင်းပေးလိုက်တယ် နော်
ချောကလက်မြို့ တော်လေးထဲမှာ အဖွဲ့သားတွေ ပျော်ရွှင်နေကျတာ ကုသိုလ်ရတယ်။
ကူညီတယ် ရိုင်းပင်းတယ် နော်မသိကျဖူး  မမြင်ကျဖူး
ခင်ကျတယ်လေနော်။
ချောကလက်ဆိုဒ် လေးကို တည်ထောင်ထားတဲ့မောင်လေး ကုသိုလ်ရပါတယ် ကုသိုလ်ဝယ်တာနော်
အားပေး နေတယ် ဆက်လုပ်ပါ။


မ.မ

သင့်သွေးဖြင့် အသက်တချောင်းကိုကယ်တင်လိုက်နိုင်မယ်ဆိုရင် သိပ်ကိုမွန်မြတ်တဲ့ အလှူတခုပါပဲဗျာ။
အဝေးရောက်နေတဲ့အတွက် မလှူနိုင်တာကိုတော့ နှမြောမိပါတယ်။ မြို့ စားလေး

ဆိုဒ်ထဲမယ်ဖြန့်ဝေနေခွင့်ရတာက မြို့ စားလေးအလှုပါ ဒါလည်းကုသိုလ်ရပါတယ်နော် ။မ.


သွေးလှုရှင်ဘယ်သူလည်းးးးးးးးးးးးးး

သွေးလိုနေတယ်  သွေးလိုအပ်နေပါတယ်နော်  ဒီဖုန်းနံပါတ်ကိုဆက်သွယ်လှုဒါန်းနိုင်ပါတယ်

၀၉ ၅၁၇၉၇၀၇......၀၉၅၁၇၃၆၇၃....

သွေးလှုတာ  အကြိမ် ``  ၄၁  ``  မြောက်လှုသွေးလှုဒါန်းတဲ့အလှုရှ
င်

မိမိရဲ့သွေးကိုလှုဒါန်းတာ   မမြင်ဖူး မသိဖူး ပဲနဲ့ လှုတာ
မွန်မြတ်လှတဲ့အလှုပေါ့နော်

သိလည်းမသိပဲ  ခင်လည်းမခင်ပဲ  အဝေးရပ်  ကအပြေးရောက်လာ  ငါ့အသက်ကယ်တဲ့သွေးလှုရှင်ပဲ
သွေးလှုရှင်ဘယ်သူလည်း  စေတနာသွေးလှုရှင် မြင်ဖူးချင်တယ်   ဂရုနာသွေးလှု
ရှင်  မြင်ဖူးချင်တယ်
 အဝေးအရပ်က အပြေးရောက်လာ  ငါ့အသက်ကယ်တဲ့  သွေးလှုရှင်ပဲ
ဒီသီချင်းလေးကို ကျွန်မကြာခဏ
ဆိုဖြစ်ပါတယ်  လေးစားပါတယ်ဂုဏ်ယူပါတယ်  မိမိသွေးကိုပေးလှုတာ
တကယ်ကိုမွန်မြတ်လှပါတယ်ရှင်
ဒေါ်ခင်ဝင်းဆွေ  ကလေးမြို့   ````၄၁´`´`ကြိမ်မြောက်  သွေးလှုရှင်ပေါ့ 
ကလေးမြို့ ညောင်ပင်သာရပ်ကွက်
နေသာကျောင်း   သစ္စာသွေးလှုရှင်မှာ  ၃၉  ကြိမ်  ရန်ကုန် စံပြ ဆေးရုံမှာ ၁ ကြိမ်   နှစ်ဆန်း ၁ ရက်နေ့ နှစ်ဦး လှုဒါန်း ခြင်းပေါ့နော်
 ၁ ကြိမ်စုစုပေါင်း    ၄၁ ကြိမ်မြောက်ပေါ့နော်  ခုလည်းဒေါ်ခင်ဝင်းဆွေကို
သူသွေးလှုတာလေးကိုမေးကြည့်တော့
စိတ်ဝင်စားဖို့ ကောင်းပါတယ်  မိဘတွေတောင်သူလုပ်တယ် ကလေးမြို့မှာ သူငယ်ဘ၀အရွယ်မှာ
ဖြူဖြူသေးသေးလေးမို့   ရပ်ရွာက  ဘိန်းဆွဲနေတာ  စွပ်ဆွဲပြောဆိုတာ ခံနေရတယ်လေ တနေ့မှာ ဒေါက်တာ မောင်မောင် ကလေးမြို့ ကိုပြောင်းလာတော့  သူရင်ထဲမှာသူ့ ကိုစွတ်ဆွဲနေတာမခံနိုင်ဖူး
ဒေါက်တာ ကျွန်မ သွေးလှုမယ်  ကူညီပါဆိုတော့  ဆရာဝန်က  လိုအပ်တာစစ်ဆေး စမ်းသပ်ပေးပါတယ်   လှုဒါန်းပါရပါတယ် ဆေးစစ်ချက်ကလှု  ရပါတယ်ပြောတာနဲ့ ပထမ
အကြိမ်လှုဒါန်းခဲ့ ပြီးနောက်ပိုင်းမှာဆက်တိုက် လှုဒါန်းဖြစ်ပါတယ် လိုအပ်တဲ့ သွေးလှုရှင် တွေ လာခေါ်တာနဲ့ တပြိုင်တည်း
ချက်ခြင်းလှုဒါန်းတယ်လို့ပြောပါ
တယ်

မခင်ဝင်းဆွေ  မခံရပ်နိုင်အောင် စိတ်နာကျင်ခြင်းတွေနဲ့ စိတ်ကိုအရှုံးမပေး ပဲလှု ဒါန်း ခဲ့ခြင်းပါ  မွန်မြတ်တဲ့ အလှုပေါ့နော်  သိပ်ကိုဖြူစင်တဲ့အလှုပေါ့
မခင်ဝင်းဆွေလို  သွေးလှုရှင်တွေ လိုအပ်နေပါတယ်။

့ကူညီကြပါနော်  ထိခိုက်ဒဏ်ရာ  ရသူတွေအတွက်   လိုအပ်နေပါတယ်


သွေးလိုနေတယ်  သွေးလိုအပ် နေပါတယ်နော်  ဒီဖုန်းနံပါတ်ကိုဆက်သွယ်လှုဒါန်
း  နိုင်ပါတယ်

၀၉ ၅၁၇၉၇၀၇......၀၉၅၁၇၃၆၇၃....

ကောင်းကင်က မေတ္တာရှင်

အတ္တကင်းကြောင်း အတ္တကို ပြသဖို့ 
ငါ့ဆီကနေငါလွတ်မြောက်သွားတဲ့ ကာလ
ခဏလောက်ပြန်ရချင်လိုက်တာ။


ကောင်းကင်က မေတ္တာရှင်


ငါဆိုတဲ့အတ္တတွေ ရှိနေသမျှတော့

လောဘတွေ မာနတွေ နဲ့ လိုခြင်မှုတွေ

အတောမသတ်နိုင် ဘူးလေ

ကောင်းကင် ကဖန်ဆင်းရှင် မဟုတ်တော့လည်း
လိုအပ်တာမဖြည့် ဆည်းပေးနိုင်ဘူးပေါ့
ကောင်းကင်က တန်ခိုးရှင်ဆိုလည်း
အကောင်းသားပေါ့ နော်
ကောင်းကင်ထက်ကဒေါင်းသခင်ရယ်

Monday, April 19, 2010

.နင့်တစ်ယောက်ပဲငါချစ်တယ်...

ချစ်သူအစစ်..တကယ်ချစ်လို့

အလွမ်းပြေအောင်ခဏကြည့်တာပါ..

စာနာတတ်ရင်နင်သိမှာ ..

လွမ်းလို့လေ..

လွမ်းဆွတ်နေလို့ လွမ်းတိုင်းသာသေရင် ငါအရင်ပါ. ..

နင်မုန်းနေပေါ့..

ငါပုန်းမှာ...


နင့်အချစ်နင့်အသဲဘယ်သူ့ အတွက်လည်း..

နင်တောင့်တတာငါမဟုတ်ဖူး...

နင်လိုအပ်တာငါမဟုတ်လို
 သေအောင်ချစ်လည်း
ပုန်းနေမှာ..


အသက်ရှုတိုင်းလည်းချစ်နေတယ်

လေတိုက်တိုင်းလည်းချစ်နေတယ်....

နင့်တစ်ယောက်ပဲငါချစ်တယ်...

သေရှာစစ်ကြည့်

နင့်ရင်တည်းမှာငါမရှိဖူးဖြစ်နေတယ်......

Sunday, April 18, 2010

ဒို့ ဘိုး ဒို့ ဘွား သျှောင်တစောင်းနဲ့  ပုံပြင် ဆန်ဆန် ပြောပါတယ်

မကြားဖူးတာကြားရမယ် မကြုံဖူးတာကြုံရမယ်

ဒို့ ဘိုး ဒို့ ဘွား သျှောင်တစောင်းနဲ့ 

ပုံပြင် ဆန်ဆန် ပြောပါတယ်

ဘဘုန်းကြီး ကချစ်လွန်းလို့ တဲ့

ဘုရားစကား

တရားစကား


ပုံပြင်လိုလည်း ဟောပါတယ်

တရား
အစစ် တကယ်ချစ်လို့ 


မှတ်သားနာ ယူခဲ့ပါတယ်

မသိတာတွေ သိအောင်ပြောဖို့ 

မ.မ ပြောမယ်မှတ်ထားကွယ်

ကျွဲနှစ်ကောင် ခတ်ပြီ

ခြံတိုင် တွေပြုတ်

အိမ်တွေ လှုပ်ပြီ

ရှောင်နိုင် မှနော် လွတ် လိမ့်မယ်

ကျွဲနှစ်ကောင်ခတ်ရင်

မြေဇာပင် စိစိညက်ညက်ကျေသတဲ့

လူတွေလဲ သေတယ်တဲ့

ရှောင်နိုင်မှ လေလွတ်လိမ့်မယ်။