Thursday, October 31, 2024
Tuesday, October 1, 2024
For you my love 💓
အချစ်ရေ မင်းကိုချစ်ရတာ အိမ်မက်လိုပဲ
မင်းသိလားငါ့ချစ်
ပျော်စရာပဲဖြစ်ဖြစ်
ဝမ်းနည်းစရာပဲဖြစ်ဖြစ်
မင်းကိုပဲ ပြောပြချင်တာ
ဘယ်အချိန်မဆိုငါ့ချစ်လေး
မင်းကို ငါလိုအပ်တယ်
လောကရဲ့စမ်းသတ်မှု့မှာ ငါတို့ ပြိုလဲသွားလို့ မဖြစ်ဘူး
ကိုယ့်နှလုံးသားထဲမှာ
မင်းအမြဲရှိနေတယ် ငါ့ချစ်လေး
ငါချစ်နဲ့ စကားတွေ အများကြီး
ပြောချင်တယ်
မင်းFBလေး မီးစိမ်းတာမြင်ချင်တယ်
ရင်ခုန်စွာနဲ့ မင်းအလာကို
စောင့်မျှော်နေတယ် အချစ်ရေ
မင်းရှင်သန်ဖို့ အတွက် လှလှပပလေး
ငါမြင်နေချင်တယ်နော် ငါ့အချစ်ရေ
ဘယ်လောက်ဝေးဝေး အရာရာ အတွက် ကိုယ်တို့ ဟာ စိတ်ခြင်းနီးပါတယ်
ဝင်သက် ထွက်သက်တိုင်း
လွမ်းနေတယ်ချစ်ရေ
သတိရခြင်းမှန်သမျှ ကြင်နာခြင်းမို့
နာကျင်ရတယ် ငါ့ချစ်
မ..မ
ရှင်နှောင်း
Loving you is like a dream
You know, my love
Whether it's fun
Either sad
I just want to tell you
What a bad time, my love
i need you
We cannot fall under the temptations of the world.
In the heart
You are always there my love
I love and talk a lot.
I want to say.
I want to see your FB green light.
You come with excitement
I look forward to it, my love
Beautiful for you to survive
I want to see my love
For how far you are so close.
Every breath
I miss you dear
Remembering everything is kindness
It hurts, my love
Late Lord
Friday, September 20, 2024
My Love 💓
My Love
Your voice
binds my heart;
I miss you love.
🩵💙🩵
မင်းရဲ့အသံဟာ
ငါ့နှလုံးသားကို ချည်နှောင်တယ်၊
လွမ်းတယ် အချစ်။
🩵💙🩵
မ..မ
Late Lord
Sunday, July 28, 2024
တူညီသော အချစ်
Different religion, different place
We have different sizes
Both have the same love.
ဘာသာမတူ၊ နေရာမတူ
ကျွန်ုပ်တို့တွင် အရွယ်အစားအမျိုးမျိုးရှိသည်။
နှစ်ယောက်စလုံးမှာ တူညီတဲ့ အချစ်တွေရှိတယ်။
Thursday, July 25, 2024
စိတ် ခုနှစ်ထွေအက
♥စိတ်♥
ဒဿနတော့ ရှိတယ်
ကဗျာ မဟုတ်ဘူး
လောက ရှိတယ်အလောတကြီး
ကနေတာ မောဟ ရှိတယ်မောလာ ပါးစပ်လေး ဟ ပြီး လေရှူတာ
မေတ္တာတော့ရှိတယ်
မသိတဲ့လူက လူရွှင်တော်လားတဲ့
စျေးမရောင်းတတ် အလှုပေး
မရောင်းတတ်ဘူး အပုတ်အသိုးမခံဘူး
ဒါနဲ့ လှူပြစ်ခဲ့တယ်
ပြန်ရမယ့်လမ်းလက်ထဲဘာမှ
ဆုတ်ကိုင်မထားတော့
ပေါ့ပါး သွက်လက်နေတာပေါ့
ငါဟာတန်ခိုးတန်ခိုးရှင်
တစ်ယောက် မဟုတ်ပါဘူး
ဒါပေမဲ့...........
စိတ်ဟာ ကောင်ကင်ထက်
ဝဲပျံနေတယ်
တိမ်ညွန့်ခူးစား ပြန်ဆင်းလာတာ
လှလိုက်တဲ့ ကောင်းကင်............
ပြာတလှည့် နီတလှည့် ဝါတလှည့်
နတ်သမီး ရောင်စဉ်အလှ
ခုနှစ်ထွေ အက ကနေတယ်..
တစ်ခါတစ်ခါ သူက အိပ်ချင်လာရင်
ပုဇွန်ဆီရောင်အသွေးနဲ့
နီညိုရောင်လေးလည်း ပြေးတတ်သေးတယ်..
Sunday, July 21, 2024
ချစ်ခြင်းမေတ္တာ
ချစ်ခြင်းမေတ္တာဟာ 🩵💙
တောင်းယူစရာမလိုပါဘူး
ကိုယ်ဘယ်လိုပဲ ဖြစ်နေနေ
ချစ်တဲ့သူက ချစ်တာပါပဲ
ကိုယ်ဘာတွေလုပ်လုပ်
အရိပ်တကြည့်ကြည့်
ချစ်တဲ့သူက ချစ်နေတာပါပဲ
ကိုယ်ဘာလုပ်လုပ်
ဘယ်လိုနေနေ
စိတ် ဖြူစင်သန့်ရှင်းဖို့တော့
လိုအပ်ပါတယ်ချစ်တို့ရေ
💙🩵🥰🩵💙
























