Pages

Saturday, July 20, 2024

လွမ်းခွင့်ရှိပါရဲ့လား

 “ လွမ်းခွင့်ရှိပါရဲ့လား ”

“ အလွမ်း ” တဲ့လား ...

စာလုံးလှသလောက် အရမ်းကြောက်စရာကောင်းတယ်။

“ အလွမ်း ” တဲ့လား ...

နှုတ်က ရွတ်လို့ကောင်းသလောက် ခန့်မှန်းရခက်တယ် ။

“ အလွမ်း ” ဆိုတဲ့နောက်မှာ

အယောင်ဆောင်တွေ ကိုယ်ယောင်ဖျောက်တွေနဲ့

စိတ်ရဲ့ ဒဏ်ရာတွေက ကိုယ်ထင်ပြ လမ်းသလားလို့ ။

“ အလွမ်း ” ရဲ့ရှေ့မှာတော့

ခံနိုင်ရည်နဲ့ နှစ်သိမ့်စရာ တံတိုင်းအတွက်

ဖြေဆေးတစ်မျိုးက ခုမှအရှာထွက်တုန်း ။

“ လွမ်းခွင့်ရှိပါရဲ့လား ” လို့

ခွင့်တောင်းရတဲ့အစဉ်အလာ ရှိခဲ့ရဲ့လား ...

ငိုရှိုက်သံတွေ မြေမမြှုပ်လိုက်ပါနဲ့ချစ်သူရယ် ...

လွမ်းရင်းနဲ့ မျက်ရည်မကျခဲ့ပါဘူး ၊

လွမ်းရင်းနဲ့ အော်ဟစ်မငိုခဲ့ပါဘူး ၊

အလွမ်းကို တသသနဲ့

ရင်ဘတ်ထဲမှာ သိမ်းထားရင်ပဲ လုံလောက်တယ် ...။ ။

Wednesday, July 17, 2024

ဘဝ အတွက်


 သူ့နေရာသူ မထားတတ်

မနေတတ်ရင်

ပညာ မည်မျှတတ်တတ်

စည်းစိမ် မည်မျှပြည့်စုံပြည့်စုံ

ရာထူး ဂုဏ်ထူး 

မည်မျှကြီးမားပါစေ

ဘဝဟာ သူဆင်းရဲပဲ


Friday, July 12, 2024

ဥာဏ်ပညာ

 အသိပညာ ဥာဏ်ရည်မြင့်မားသူဟာ

ဘယ်အရာကို တန်ဖိုးထားသင့်ပြီး

ဘယ်အရာကို စွန့်လွတ်သင့်လည်း

ဆုံးဖြတ်တတ်တယ်

အသိပညာ ဥာဏ်ရည်နိမ့်ပါးသူဟာ

သူတစ်ပါး အပေါ်မှီခိုရှင်သန်ပြီး

ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိဘူး

အသိဥာဏ်ပညာ ရင့်သန်သူထံက

အကြံဥာဏ်ကောင်းတွေ ရရှိနိုင်တယ်




Thursday, July 4, 2024

စိတ် အတု

 Fake minds and fake people

If you love

It hurts more. 

စိတ်အတုနဲ့

လူအတုတွေ

ချစ်ရင်

ပိုနာကျင်ရတယ်။



မငိုနဲ့တဲ့



 မငိုနဲ့တဲ့ ပြီးတော့လည်း 

ထားသွားခဲ့တယ်အချစ်ရယ်

နွေးထွေးတဲ့လက်တစ်စုံရယ်

ကြင်နာတတ်တဲ့ မျက်ဝန်းတစ်စုံရယ် 

မွေးဖွားခါစ ကလေးတစ်ယောက်လို 

ကိုယ့်ကိုအစစ အရာရာဂရုစိုက်

စောင့်ရှောက် ဖေးမပေးတတ်တဲ့ စိတ်နဲ့

 အမြဲတန်းမခွဲမခွါ အနားနားကပ်နေတဲ့

အရိပ်တခု ပျောက်ဆုံးသွားတာ

သေမတတ်နာကျင်ပြီး 

မပဋာလက်သစ်ဖြစ်နေလို့ 

ကိုယ့်မှာ 

တရားနဲ့ဖြေနေရတယ်ကွယ်

အလွမ်းတွေဟာ မပျိုးပဲ ရှင်သန်ပြီး

စိတ်ကို နှောင်ဖွဲ့ထားတယ်

လွမ်းလိုက်တာကွယ်


သတိရခြင်းစိတ်ဟာ

အလွမ်းတွေကိုထွေးပွေ့ 

ချစ်ခြင်းတရားရဲ့ သက်သေပါပဲ

လွမ်းလိုက်တာကွယ်

အချစ်အတွက်

လွမ်းဆွတ်ခြင်းကို

မျက်ရည်က 
အဖော်ပြု ပေးနေတယ် 
ငါ့အချစ်ရယ် 
လွမ်းလိုက်တာကွယ်

မ..မ

၃.၈..၂၁
၃.၇.၂၃
၃.၇.၂၄

 

Tuesday, June 4, 2024

ဘဝများစွာအလွမ်း

 အချစ်ရေ 

စိတ်တွေဟာ အရိပ်တွေထဲ 

လိုက်ရှာနေပါတယ်

အတူတူရောက်ခဲ့တဲ့ နေရာလေးတွေ 

ရောက်တိုင်း ငါ့မှာမျက်ရည်တွေဝဲ

အတူတူလျှောက်ခဲ့တဲ့ လမ်းမထက်မှာ 

စိတ်တွေကျေကွဲ

အရင်လိုနေရက်များစွာ  အနမ်းတွေ 

မျှော်လည်း မင်းမရှိတဲ့ဘဝမှာ 

ငါ့မှာကြေကွဲ ငါ့မှာအဖော်မဲ့ 

အချစ်ရယ် ငါလွမ်းနေပါတယ်

သေအတူရှင်မခွဲ စကားလေးတွေဆိုလည်းအခုတော့ ထားရစ်ခဲ့ကာ ဘဝတစ်သက်

 ပြန်မတွေ့နိုင်ပြီပဲ

စိတ်အသေတွေနဲ့ ငါ့မှာ မျက်ရည်တွေဝဲ 


မင်းကိုပဲ ငါလွမ်းနေပါတယ်

နောင်ဘဝအထိ ငါအနမ်းတွေချွေမယ် 

သံသရာအဆက်ဆက် ချစ်ချင်ပါတယ် အချစ်ရယ်ငါလွမ်းနေပါတယ်

ဘဝများစွာနင်တွေ့အောင်ရှာခဲ့ 

သံသရာ အဆက်ဆက် စောင့်မျှော်သူပါပဲဘဝတစ်ကွေ့ တွေ့ခွင့် ခဏတာမမေ့နိုင်သူပဲ ကြင်နာတတ်တဲ့ မျက်ဝန်းနက်တစ်စုံနဲ့ 

နွေးထွေးစွာ နင်ပွေ့ဖက် 

သာယာနုညံ့တဲ့ စကားလေးတွေဆိုမြဲ ညင်သာလွန်းလှတဲ့ နှုပ်ခမ်းလေးတွေနဲ့ အချစ်ရယ် အနမ်းတွေ ချွေလှည့် 

လှမ်းမျှော်နေမြဲ ခေါ်သံလေးများကို 

လွမ်းနေပါတယ် 

နောက်ဆုံးထွက်သက်အထိ 

နှလုံးသားမှာခိုနား အရိပ်တဇ္ဇေဟာ 

ငါ့ကို မအိပ်စေပါ

စိတ်တွေဟာ အရိပ်တွေထဲ 

လိုက်ရှာနေပါတယ် ငါ့အချစ်ရယ်..