Pages

Monday, August 21, 2023

ချစ်ခြင်း၏ မြစ်တစ်စင်း

နီးနီးဝေးဝေး ကိုယ်ချစ်ရသူကို သတိရခြင်းဟာ နှလုံးသားထဲစီးဆင်းနေတဲ့ ချစ်ခြင်းတရားရဲ့အမြဲစီးဆင်းနေတဲ့ နွေးထွေးလှတဲ့ သွေးမြစ်တစ်စင်းပါပဲ အချစ်ရယ်

အချစ်ဆိုတာ

ကိုယ့်အတွက် သိပ်ကိုလှပတဲ့ ချစ်ခြင်းတရားတွေကို နတ်သား နတ်သမီးလေး တွေက ဖန်ဆင်းပေးထားပါတယ် အချစ်ဆိုတာဟာ တားဆီးလို့ မရပါဘူး အတင်းလုပ်ယူလို့ မရပါဘူး ချစ်သူ အတိတ်က ရှေးရေစက် ချစ်မေတ္တာတွေပါပဲ ဘေဘီလေးရယ်

Tuesday, June 13, 2023

အနမ်းတောမှာ လွမ်းမောစရာ

အနမ်းတောမှာ လွမ်းမောစရာ ဘဝတစ်သက် တစ်ယောက်တစ်ဖက် နှစ်ယောက်လက်နဲ့ ပွေ့ဖက်ထားပြီး ကိုင်ဆွဲလက်များ ဖြုတ်ချချိန်မှာ တွယ်တာတတ်သူ ကျန်ရစ်သူက နှလုံးသွေးပျက် သည်းခြေပျက်ပေါ့ မျက်ရည်မြစ်ဖျား ထိုင်ငေးရင်နဲ့ အလွမ်းမိုးတွေ ရွာနေတယ် ချစ်သူနုပ်ဖျားကတိများ အသက်ဆုံးတိုင်တည်သွားတယ် လွမ်းစိတ်နှင့်မျော် သူပျော်နေမှာလား
မြင်ရောင်တွေးပြီး ဆွေးရင်းလိုက်ရှာနေမိတယ် ဘဝတစ်သက် ဖြတ်ခနဲသာ မက်ခွင့်ရတဲ့ စိတ်ကူး အိမ်မက်ပါပဲကွယ် မ..မ ကြုံဖူးရင် နားလည်မှာပါ ထွက်ခွါသွားတဲ့ သူထက် ကျန်ရစ်ခဲ့တဲ့သူ ပိုပြီးခံစားရပါတယ်

လွမ်းစိတ်နှင့်မျော် သူ

အပြုံးချိုချိုနဲ့ အချစ်တွေပိုနေတတ်သူ လွမ်းစိတ်နှင့်မျော် သူပျော်နေမှာလား မြင်ရောင်တွေးပြီး ဆွေးရင်းလိုက်ရှာနေမိတယ် တစ်နေ့ တစ်ရက်အမေ့ခက်သည် ရင်ထဲစွဲကျန် သူ့ဟန်ပန်
ဆွေးရင်းလိုက်ရှာနေမိတယ်

မိုက်ရိုင်းလှတဲ့ ဝဋ်ကမ္ဘာ

စိမ်းလန်းဆိုပြေ မိဘအိမ်ဂေဟာ သား သမီးလုပ်စာ မိဘစားတော့ အသံမထွက်ရရှာ မိဘလုပ်စာ သားသမီးစားတော့ သားသမီးများ၏
အပေါင်းအသင်းဆုံစွာ လက်ပန်ပင်ဇရက်ကျ ဆူညံပွက်လောထတဲ့ အိမ်ရဲ့ကမ္ဘာ သူ့လုပ်စာ ကိုယ့်လုပ်စာ ခွဲခြားသော ကမ္ဘာမှာ သူ့တာဝန် ငါ့တာဝန်နှင့် ခွဲခြမ်းကာ မိဘမှာ စိတ်ညိမ်စွာရင်နင့်စေတာ မိဘလုပ်စာ စားသောအခါ မိဘမှာကြုံးရုန်းလုပ်ရတာ ကိုယ့်အမှု့ ကိုယ်သာပြု၍ မည်သူ့မှာမှ ဝန်မရှိပါ အိုသောအခါ မိဘနှစ်ဖြာ သားသမီးများ၏ ဝန်ပိစေရာ သံသရာဝဋ်၏ သုခထဲမှ ဒုက္ခကမ္ဘာ သတိထား၍ ဉာဏ်နှင့်ကြည့်ပါ မိုက်ရိုင်းလှတဲ့ ဝဋ်ကမ္ဘာ မ..မ

အလွမ်းသက်သက်

တွေးရင်းငေးရင်း ချစ်စိတ်နှောင်ဖွဲ့ သူ့ရုပ်ပုံမြင် သူ့ဟန်သွင်ဟာ ကိုယ့်ရင်ထဲရောက် ဆွေးမိတယ် အာရုံထင်မြင် သူ့ရုပ်သွင်ကို ပွေ့ပိုက်ဖက်တွယ် ကိုယ့်အလွမ်းတွေ ထည့်ထားတယ် အလွမ်းသက်သက် အနမ်းမဖက် မဆုံနိုင်အောင် ဝေးသွားတယ် မ..မ

Monday, March 27, 2023

ကြိုက်နှစ်သက်သောတရားစာ

ခန္ဓာက အမြဲ ပျက်စီးနေတယ် စိတ်ကလည်း အမြဲဖောက်ပြန် ပြောင်းလည်းနေတယ် သဘာဝတရားအတိုင်းပဲ သူ့သ ဘောသူဆောင်နေတယ် ဓာတ်ကြီးလေးပါး တစ်ခုခုပျက်စီးရင် သေနိုင်တယ် ရာသီဥတု တစ်ခုခု ဖောက်ပြန်ရင် ပျက်စီးတတ်တယ် မြတ်ဘုရားဒေသနာ