Pages
Tuesday, June 13, 2023
အနမ်းတောမှာ လွမ်းမောစရာ
အနမ်းတောမှာ လွမ်းမောစရာ ဘဝတစ်သက် တစ်ယောက်တစ်ဖက် နှစ်ယောက်လက်နဲ့ ပွေ့ဖက်ထားပြီး ကိုင်ဆွဲလက်များ ဖြုတ်ချချိန်မှာ တွယ်တာတတ်သူ ကျန်ရစ်သူက နှလုံးသွေးပျက် သည်းခြေပျက်ပေါ့ မျက်ရည်မြစ်ဖျား ထိုင်ငေးရင်နဲ့ အလွမ်းမိုးတွေ ရွာနေတယ် ချစ်သူနုပ်ဖျားကတိများ အသက်ဆုံးတိုင်တည်သွားတယ် လွမ်းစိတ်နှင့်မျော် သူပျော်နေမှာလား
မြင်ရောင်တွေးပြီး ဆွေးရင်းလိုက်ရှာနေမိတယ် ဘဝတစ်သက် ဖြတ်ခနဲသာ မက်ခွင့်ရတဲ့ စိတ်ကူး အိမ်မက်ပါပဲကွယ် မ..မ ကြုံဖူးရင် နားလည်မှာပါ ထွက်ခွါသွားတဲ့ သူထက် ကျန်ရစ်ခဲ့တဲ့သူ ပိုပြီးခံစားရပါတယ်
လွမ်းစိတ်နှင့်မျော် သူ
အပြုံးချိုချိုနဲ့ အချစ်တွေပိုနေတတ်သူ လွမ်းစိတ်နှင့်မျော် သူပျော်နေမှာလား မြင်ရောင်တွေးပြီး ဆွေးရင်းလိုက်ရှာနေမိတယ် တစ်နေ့ တစ်ရက်အမေ့ခက်သည် ရင်ထဲစွဲကျန် သူ့ဟန်ပန်
ဆွေးရင်းလိုက်ရှာနေမိတယ်
မိုက်ရိုင်းလှတဲ့ ဝဋ်ကမ္ဘာ
စိမ်းလန်းဆိုပြေ မိဘအိမ်ဂေဟာ သား သမီးလုပ်စာ မိဘစားတော့ အသံမထွက်ရရှာ မိဘလုပ်စာ သားသမီးစားတော့ သားသမီးများ၏
အပေါင်းအသင်းဆုံစွာ လက်ပန်ပင်ဇရက်ကျ ဆူညံပွက်လောထတဲ့ အိမ်ရဲ့ကမ္ဘာ သူ့လုပ်စာ ကိုယ့်လုပ်စာ ခွဲခြားသော ကမ္ဘာမှာ သူ့တာဝန် ငါ့တာဝန်နှင့် ခွဲခြမ်းကာ မိဘမှာ စိတ်ညိမ်စွာရင်နင့်စေတာ မိဘလုပ်စာ စားသောအခါ မိဘမှာကြုံးရုန်းလုပ်ရတာ ကိုယ့်အမှု့ ကိုယ်သာပြု၍ မည်သူ့မှာမှ ဝန်မရှိပါ အိုသောအခါ မိဘနှစ်ဖြာ သားသမီးများ၏ ဝန်ပိစေရာ သံသရာဝဋ်၏ သုခထဲမှ ဒုက္ခကမ္ဘာ သတိထား၍ ဉာဏ်နှင့်ကြည့်ပါ မိုက်ရိုင်းလှတဲ့ ဝဋ်ကမ္ဘာ မ..မ
အလွမ်းသက်သက်
တွေးရင်းငေးရင်း ချစ်စိတ်နှောင်ဖွဲ့ သူ့ရုပ်ပုံမြင် သူ့ဟန်သွင်ဟာ ကိုယ့်ရင်ထဲရောက် ဆွေးမိတယ် အာရုံထင်မြင် သူ့ရုပ်သွင်ကို ပွေ့ပိုက်ဖက်တွယ် ကိုယ့်အလွမ်းတွေ ထည့်ထားတယ် အလွမ်းသက်သက် အနမ်းမဖက် မဆုံနိုင်အောင် ဝေးသွားတယ် မ..မ
Monday, March 27, 2023
ကြိုက်နှစ်သက်သောတရားစာ
ခန္ဓာက အမြဲ ပျက်စီးနေတယ် စိတ်ကလည်း အမြဲဖောက်ပြန် ပြောင်းလည်းနေတယ် သဘာဝတရားအတိုင်းပဲ သူ့သ ဘောသူဆောင်နေတယ် ဓာတ်ကြီးလေးပါး တစ်ခုခုပျက်စီးရင် သေနိုင်တယ် ရာသီဥတု တစ်ခုခု ဖောက်ပြန်ရင် ပျက်စီးတတ်တယ် မြတ်ဘုရားဒေသနာ
Friday, August 7, 2020
8888 ၀ိဥာဉ်တွေအသိပါကွယ်.. 8.8.88 လေးလုံး နာကျည်းသံ အာဏာရူး ဘနဖူး သိုက်တူး မိုက်ရူးရဲဟန် တစောက်ကမ်းနဲ့ လက်​ဗလာနဲ့ ရဟန်းရှင် လူ ကျောင်းသားပြည်သူ အသေသတ်လို့ မသေမရှင် မြေမှာချလို့ ရေမှာချသမို့ မိုး​မြေအနှံ့သက်​​သေ တိုင်​တည်​ ၀ိဥာဉ်တွေအသိပါကွယ်.. သွေးမြေတွေပေါ် ထုံးဖြူသုတ် ကတ္တရာတွေ အထပ်ထပ်အုပ်လဲ ၀ိဥာဉ်​တွေရဲ့ဟစ်ကျွေးသံ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. 8.8.88 ​နေ့ရှိပါတယ်​ သူခိုး သူဝှက် မိုက်ရူးရဲတို့ ခေါင်းဖြတ် လူသတ် လုယက် ယူငင် တိုင်းပြည်အသက် လက်မတင်လေးကယ်တင်ပြီ.. 8.8.88 ..​​လေးလုံး ရဲ့ရင်နင့်ဖွယ်ရာ သားပျောက် လင်သေ သမီးသေ အဖေပျောက် သေကွဲ ရှင်ကွဲ ၀က်ဝက်ကွဲမို့ ခိုလှုံ့စရာ တပြည်ပြေးလို့ မိဝေးဖဝေး ကမ္ဘာအဝေးမှာ နာကျည်းသံတွေ ငိုညည်းသံတွေ ပေတရာဆီ လက်ညိုးညွန်လို့ ဒီမိုကရေစီ ချက်ချင်းပေးဖို့ မိုးနဲ့မြေအနှံ့ သက်သေတိုင်တယ်.. ၀ိဥာဉ်တွေအသိပါကွယ်.. သမိုင်းအစဉ်​ရှိ တိုင်းပြည်​အသိမို့ ၀ိညာဉ်တွေနိုးထ ရှင်သန်လာမှ 8.8.88 လေးလုံးနေ့ ကြိုဆိုမယ်.. အရိုင်းခေတ်ဆီ ..တိုင်းသစ်တည်.. တိုင်းပြည်အထိနာပါတယ်.. 8.8.88. လေးလုံးရဲ့ နာကျည်းသံ သမိုင်းဆိုတာရှိလို့ ၀ိဥာဉ်တွေအသိပါကွယ်.. မ..မ
Sunday, June 21, 2020
ရှင်​သန်​ခြင်းအနုပညာ
 ရှင်သန်ခြင်း အနုပညာ💋💙💘💋
စကားလုံး​ပေါင်းများစွာဟာ သူမရှိရာကို ရှု့ဒေါင့်​မျိုးစုံကလာတယ်​ ..
မျက်​လုံး​ပေါင်းများစွာဟာ  သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံကကြည့်​တယ်​ ..
အသံ​ပေါင်းများစွာဟာ မတူကွဲပြား သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ လာတယ်​..
မျက်​နှာများစွာဟာ သူမရှိရာကို ပုံစံမတူ ရှု့​​ဒေါင့်​မျိုးစုံက ​တွေ့တယ်​..  
လက်​များစွာဟာ သူမထံကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ပြတယ်​..
ကိုယ်​များစွာဟာ သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ​တွေ့ထိတယ်​..
စိတ်​များစွာဟာ သူမရှိရာကို ရှု့​ဒေါင့်​မျိုးစုံနဲ့ ကိုင်းညွတ်​ရတယ်​..
အရာရာဟာ သူမကိုမ​ပြောင်းလဲ​စေခဲ့ပါဘူး
သူမက​တော့ ​မြေကြီးလို ​ရေလို ​နေလို လမင်းလိုမျိုး
အများအတွက်​ ​ပေးဆပ်​ရင်း
ယ​နေ့အထိ  ရှင်​သန်​ ​နေပါတယ်​..
အ​မေစု ၇၅နှစ်​ပြည့်​ ​မွေး​နေ့မှစ၍ 
အသက်​ရာ​ကျော်​ရှည်​ပါ​စေ.. 💙
💋💋💘
ချစ်​တယ်​💙💞 အ​မေစု💙💞
မ..မ