Pages

Sunday, June 7, 2020

မွေး​နေ့

မွေး​နေ့ေ မွး​​နေ့💋💞
အ​မေ​ရေ နာလိုက်​တာ နာလိုက်​တာ​နော်
အ​မေ​ရေ​သမီး​တော့​သေ​တော့မယ်
နာလိုက်​တာ  ဗိုက်​ထဲခါးထဲကနာလိုက်​တာ..ညီးညူ​အော်​ဟစ်​သံ အံကျိတ်​ မာန်​တင်း ခါး​နှင့်​ဝမ်းဗိုက်​မှ​ဝေဒနာကို
မခံရပ်​နိုင်​ချိန်​ညီးညူ​သံများ နှင့်​အတူ လမ်း​လျှောက်​​နေ အဲ့တာမှမြန်​မြန်​​မွေးမှာ လမ်း​လျှောက်​​နေဆို​သော​ပြောဆိုသံများအကြား
အ​မေ အသက်​နှင့်​ရင်း၍ နာကျင်​စွာ ​ချွေးဒီးဒီကျပြီး အသားဆတ်​ဆတ်​တုန်​သည့်​အထိ လူသားတစ်​​ယောက်​​ လူ​လောကသို့​ရောက်​ဖို့ရာ ခက်​ခဲပင်​ပန်းစွာ​ မိခင်​မှ ​မွေး​ပေး​သော​နေ့ကို ​မွေး​နေ့အဖြစ်​သတ်​မှတ်​ပါတယ်​.. သားသမီး ​မွေးဖွားရ​သောခံစားမှု့အား နာကျင်​​နေသည့်​ကြားမှ
 ကြင်​နာယုယ ​မေတ္တာ အပြည့်​ဖြင့်​​ထွေး​ပွေ့​သော ချစ်​ခြင်းကို ​မေ့မရ​သောအ​နေဖြင့်​ ​မွေး​နေ့ဆိုတာ
မိခင်​ ဖခင်​ကို​ အထူးတလည် ​ကျေးဇူးဆပ်​​သော​နေ့အဖြစ်​ သတ်​မှတ်​ပြီး ​​​မွေး​နေ့​ရောက်​တိုင်း မိခင်​ဖခင်​ကို ကန်​​တော့ပါတယ်
မွေး​နေ့​ရက်​တွင်​ နီးစပ်ရာ​ကုသိုလ်​မှန်​သမျှပြု၍
 မည်​သည့်​အချိန်
ုကုသိုလ်​​ကောင်းမှု့ပြုလုပ်​လုပ်
မိခင်​ဖခင်​အား ဦးထိပ်ထား ​ရည်​မှန်းပြုဖြစ်​ပါတယ်​..
မွေး​သော​မေ​မေ ​ကျွေး​သော​ဖေ​ဖေ..
ဘဝတစ်​ပါး​ပြောင်းလည်းသွားပြီမို့
ရောက်​ရာဘုံဘဝ တဆင့်​ထက်​တဆင့်​မြင့်​၍
နိဗ္ဗာန် တက်​လှမ်းနိုင်​ပါ​စေ..
သိတတ်​သည့်​အချိန်​မှပြုသမျှ ကုသိုလ်​..
၃၁ဘုံသားအားလုံးကို​မေတ္တာပို့သ
အမျှ အမျှ အမျှ​ပေး​ဝေပါတယ်​..
ရှင်​ ခြင်းနှင့်​​ သေခြင်း တရားကြား ​နေထိုင်​ရင်း
လောကီ ​လောကုတ္တရာ အကျိုးပွားများရင်းဖြင့်
မရဏသတိအစဉ်​ရှိ၍ ဖြစ်​ ပျက်​ မဂ် ​ကြားသတိထားရင်း
အားလုံး ကိုယ် စိတ်​နှစ်ဖြာ ​​ကျန်းမာ ချမ်းသာပါ​စေ..

မွေး​မေ အသံ စမ်းမြ သာကြည်
နွေး​ထွေးရင်​ခွင်​ လူဖြစ်​တည်
မွေး​မေ ​မေ










တ္တာ တုနိုင်းမမှီဤလူပြည်
မွေး​မေ တမ်းတ ရင်​နင့်​သည်
မွေး​မေ တမ်းတ လွမ်းလှပါသည်​..

ဖခင်​အသံ ချမ်းမြ​အေးကြည်
ဘေးမခ ရန်​မသီ
ဖခင်​​ ​မေတ္တာ လိုရာ​ဖြည့်​၍ လမ်းပြညွန်​သည်
တမ်းတ ဘဝင်​ နွမ်းလို့မရွှင်
သံသရာအဆက်ဆက်က
​ေ​ပးဆပ္ခဲ့တဲ့ အနတၱ  ေမတ္တာရှင်​ ဤဖခင်
အသံတိတ်​ ချစ်​ခြင်းပြတဲ့ ​ကျေးဇူးရှင်
မိခင် ဖခင်
လက်​ဖြာမိုး၍ ကန်​​တော့ပန်းဆင်
မရွှင် စိတ်ဝမ်းတွင်
ဘ​​​​ဝင်​ စိတ်​နွမ်းသရှင်​..

မ..မ

Saturday, October 12, 2019

သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့"

"သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့"
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜

ဗုဒ္ဓဒေသနာအရ သီတင်းကျွတ်လပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့အဖြစ် ပညာရှင်တို့ သတ်မှတ်ခဲ့ကြသည်။ အကြောင်းက နတ်ပြည်၌ နတ်ပရိတ်များ အဘိဓမ္မာဒေသနာ အကျယ်ဟောကြားပြီး ဆုံးသောနေ့သည် သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ စန္ဒကူးတော၌ အရှင်သာရိပုတ္တရာအား အဘိဓမ္မာဒေသနာ အကျဉ်း ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။ အရှင်သာရိပုတ္တရာက တပည့်ငါးရာတို့အား အဘိဓမ္မာ ဒေသနာကို မကျဉ်းမကျယ် အလယ်အလတ် ဟောကြားပြီးဆုံးသော နေ့သည်လည်း သီတင်းကျွတ်လပြည့်နေ့ ဖြစ်သည်။

ဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၉) ခုနှစ်၊ ဝါဆိုလပြည့် ညနေချမ်း၌ သာဝတ္ထိပြည်အနီး ကောသလမင်း၏ ဥယျာဉ်မှူးကဏ်ဏ္ဍသည် ဘုရားရှင် မိန့်ကြားချက်အတိုင်း စိုက်ပျိုးအပ်သော ကဏ်ဏ္ဍမ္ဗသရက်ဖြူပင်အနီးတွင် တိတ္ထိတို့ကို နှိမ်နင်းတော်မူရန် ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြပွဲကြီးကို အဆန်းတကြယ် ဖန်ဆင်းပြတော်မူသည်။ ထိုပွဲအပြီးတွင် မယ်တော်ဟောင်းနတ်သားအား အဘိဓမ္မာဒေသနာဖြင့် ကျေးဇူးဆပ်ရန် ခြေလှမ်းနှစ်လှမ်းဖြင့်သာ တာသတိံသာ နတ်ပြည်သို့ ကြွသွားတော်မူသည်။ ပရိသတ်က ဘုရားရှင်ကို မမြင်တွေ့တော့၍ အရှင်အနုရုဒ္ဓါမထေရ်အား မေးမြန်းရာ မထေရ်မြတ်ရှင်းပြမှ အကြောင်းစုံသိကြရသည်။ ပရိသတ်ကြီးက ဘုရားရှင်ကို မဖူးရဘဲ မပြန်ဟု တိုင်ပင်ကြကာ ထိုနေရာမှာပဲ ယာယီတဲနန်းထိုးကာ နေကြလေသည်။

သီတင်းကျွတ် ခါနီးမှ အရှင်မဟာမောဂ္ဂလန်ထံမှ တစ်ဆင့် ဘုရားရှင် သင်္ကဿမြို့သို့ ကြွဆင်းတော်မူမည့်အကြောင်း သိရသဖြင့် သင်္ကဿမြို့ကနေ သွားရောက်ကြိုဆိုကြသည်။

ဘုရားရှင်သည် တာဝတိံသာပြည် မဏ်ဏ္ဍုကမ္ဗလာ မြကျောက်ဖျာ၌ မယ်တော်ဟောင်း သန္တုသိတအမှူးရှိသော နတ်ဗြဟ္မာတို့အား ဝါတွင်းသုံးလ နေ့ညမစဲ အဘိဓမ္မာတရားကို ဟောကြားတော်မူရာ သီတင်းကျွတ်လပြည့်နေ့၌ ပြီးဆုံးလေသည်။ သီတင်းကျွတ်လပြည့်နေ့၌ သိကြားမင်းအား လူ့ပြည်ပြန်တော့မည့် အကြောင်း နှုတ်ဆက်စကား မိန့်ကြားရာ သိကြားမင်းက ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ စောင်းတန်းသုံးသွယ်တို့ကို ဖန်တီးပေးသည်။ လက်ျာဘက်ရွှေစောင်းတန်းက နတ်များအဖို့ ရည်ရွယ်သည်။ လက်ဝဲဘက်ငွေစောင်းတန်းက ဗြဟ္မာများအတွက် ရည်ရွယ်သည်။ ပတ္တမြားစောင်းတန်းက ဘုရားရှင်အတွက် ရည်ရွယ်သည်။ စောင်းတန်းတို့၏ မုခ်ဦးက မြင်းမိုရ်တောင်ထိပ်မှာရှိ၍ အခြေက သင်္ကဿမြို့ တံခါးဝမှာ ရှိသည်။

ဘုရားရှင်သည် လူ့ပြည်ဆင်းခါနီး မြင်းမိုရ်တောင်ထိပ်တွင်ရပ်လျက် ရေအစုံမီးအစုံ တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ထက်ကောင်းကင်သို့ ကြည့်တော်မူသောအခါ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် အဆီးအတားမရှိ ဟင်းလင်းဖြစ်သွားတော့၏။ အောက်ကိုကြည့်သောအခါ အ၀ီစိငရဲတိုင်အောင် အပိတ်အပင်အတားအဆီးမရှိ ဟင်းလင်းပြင် ဖြစ်သွားတော့၏။ ထိုအခါ သမယတွင် ပြည်သူပြည်သားအပေါင်းတို့က မီးရှူးမီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများ၊ ပန်း၊ ရေချမ်းများဖြင့် ကပ်လှူပူဇော်ကြသည်။

တာဝတိံသာ နတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုလည်း ပူဇော်သည့် အထိမ်းအမှတ်ဖြင့် မီးပုံးများပြုလုပ်၍ ကောင်းကင်သို့ လွှတ်တင် ပူဇော်ကြသည်။ ထိုကဲ့သို့ ပူဇော်ကြသည်ကို အကြောင်းပြုကာ ယနေ့ခေတ်အခါတိုင်အောင်
မြန်မာတစ်နိုင်ငံလုံး၌ နှစ်စဉ်ကျင်းပ ပြုလုပ်မြဲ ဖြစ်သည်။

ယင်းအဘိဓမ္မာသည် ဓမ္မသင်္ဂဏီ၊ ၀ိဘင်း၊ ဓာတုကထာ၊ ပုဂ္ဂလပညတ်၊ ကထာဝတ္ထု၊ ယမိုက်၊ ပဋ္ဌာန်းဟူ၍ ခုနစ်ကျမ်းရှိသည့် ကုသိုလ်၊ အကုသိုလ် စသော တရားတို့ကို အကျဉ်းချုပ်အားဖြင့် ဟောကြားတော်မူသော ကျမ်းကို "ဓမ္မသင်္ဂဏီကျမ်း" ဟု ခေါ်သည်။ ခန္ဓာ စသော တရားတို့ကို သုတ္တန်နည်း၊ အဘိဓမ္မာနည်းတို့ဖြင့် အမေးအဖြေပြုလုပ်ကာ အကျယ် ဝေဖန်ဟောကြားသော ကျမ်းကို "၀ိဘင်း ကျမ်း" ဟု ခေါ်သည်။

ဓာတ်အမျိုးမျိုး ဟောကြားသောကျမ်းကို "ဓာတုကထာ" ဟုခေါ်သည်။ ပုဂ္ဂိုလ် အမျိုးတို့ကို ခွဲခြားသတ်မှတ် အမည်တပ်၍ ဟောကြားသောကျမ်းကို "ပုဂ္ဂလပညတ်" ဟု ခေါ်သည်။ အယူဝါဒနှင့်ဆိုင်သော စကားတို့၏ တည်ရာဖြစ်၍ အဘိဓမ္မာ အနှစ်သာရတို့နှင့် ပြည့်စုံသောကျမ်းကို "ကထာဝတ္ထု" ဟု ခေါ်သည်။ အနုလုံနှင့် ပဋိလုံ၊ ပုစ္ဆာနှင့်ဝိသဇ္ဇာနာ၊ သန္နိဋ္ဌာန်နှင့် သံသယအစုံစုံပြု၍ ဟောကြားတော်မူသော ကျမ်းကို "ယမိုက်ကျမ်း" ဟုခေါ်သည်။ အကြောင်းအမျိုးမျိုးကို ဟောတော်မူသောကျမ်း၊ ကုသိုလ် စသောတရားတို့ကို နှစ်ဆယ်လေးပစ္စည်းဖြင့် ဝေဖန်သော ကျမ်း၊ သဗ္ဗညုတဉာဏ်တော်၏ ကျက်စားရာဖြစ်သော ကျမ်းကို "ပဋ္ဌာန်းကျမ်း" ဟု ခေါ်သည်။

အဘိဓမ္မာတရားသည် အမိကျေးဇူးဆပ် တရားဖြစ်ခြင်း၊ နတ်ပြည်၌ဟောကြားခြင်း၊ သုံးလကြာမျှဟောရခြင်း၊ ပကတိဘုရားနှင့် နိမ္မိတဘုရားတို့ တစ်လှည့်စီဟောကြားခြင်း ဟု ထူးခြားချက် လေးမျိုးနှင့်ပြည့်စုံသော တရားဖြစ်သည်။ ပါဋ္ဌိ၏ နက်နဲခြင်း၊ သဘောအဓိပ္ပာယ်၏ နက်နဲခြင်း၊ ဟောကြားပုံအစီအစဉ်၏ နက်နဲခြင်း ဉာင်္ဏတော်၏ နက်နဲခြင်း စသော ဂမ်ီဘရလေးမျိုးနှင့် ပြည့်စုံသော တရားဖြစ်သည်။

အဘိဓမ္မာတရားတော်ကို သင်ယူခြင်း၊ ကြားနာခြင်း၊ ရွတ်ဖတ်ပူဇော်ခြင်းကြောင့် လင်းနို့သား ရဟန်း ငါးရာကဲ့သို့ နမရူပပရိစ္ဆေဒ ဉာဏ်ရင့်သန်ခြင်း၊ မဂ်ဖိုလ်နိဗ္ဗာန်ရရန် အကြောင်း အထောက်အပံ့ကောင်း ဖြစ်ခြင်း၊ ဘေးဥပါဒ်အန္တရယ် ကင်းဝေးခြင်း၊ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံခြင်း ဟူသော အကျိုးထူး တရားများ ရရှိနိုင်သည်။

သီတင်းကျွတ် လပြည့်နေ့တွင် ပုရိမဝါမှ ထမြောက်ကြသော သံဃာတော် အရှင်မြတ်များသည် မိမိတို့အချင်းချင်း အပြစ်ကြီးငယ်ရှိပါက သည်းခံခွင့်လွတ်ရန်၊ လမ်းမှန်ကိုညွန်ပြရန်၊ သွန်သင်ဆုံးမရန် တောင်းပန်ကြပြီး ပဝါရဏာ ပြုကြပါသည်။
ထို့ကြောင်း သီတင်းကျွတ် လပြည့်နေ့ကို ပဝါရဏာနေ့ဟုလည်း ခေါ်ကြပါသည်။

ဤသို့ ထူးခြားသော၊ ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်သော သီတင်းကျွတ်လပြည့်နေ့ ဥပုသ်နေ့မှာ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုများ အထူးပြုနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းရင်း သီတင်းကျွတ်လပြည့်နေ့ (သို့) အဘိဓမ္မာ အခါတော်နေ့ (သို့) ပဝါရဏာနေ့ အကြောင်း သိကောင်းစရာ အဖြာဖြာကို ဝေမျှရင်း ကုသိုလ်ယူပါသည်







...။

အားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍
ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ.....။

Buddhism Beams

မေတ္တာဖြင့် ပြန်လည်ကူးယူ မျှဝေ
ဓမ္မဒါနပြုပါသည်။
မှားယွင်းမှုများရှိသော် အစဉ်သနားသော
အားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန် ဦးခိုက်
လျှောက်ထားပါသည်
ဆရာတော်အရှင်သူမြတ်များ ဘုရား...

သတ္တဝါမှန်သမျှ တရားတွေ့ အေးမြချမ်းသာ ရှိပါ​စေဓမ္မစာပေများ တစ်ဆင့်မျှေဝခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....-

Friday, September 13, 2019

တော်​သလင်းလပြည့်​ ကုရုဓမ္မဇာတ်​​တော်

တော်​သလင်းလပြည့်​ ကုရုဓမ္မဇာတ်
=========
(အပြည့်အစုံရေးထားသဖြင့် အနည်းငယ်ရှည်၏၊ ရဟန်းတော်များအတွက် တရားဟောရန် အဆင်ပြေနိုင်၏ အချိန်ရမှဖတ်စေချင်၏။ ရှယ်ထားပါ၊)

ရှေးအခါက သာဝတ္တိပြည်မှာ မိတ်ဆွေသူငယ်ချင်းနှစ်ယောက်ရှိခဲ့ဘူးသည်၊ တစ်နေ့ သူတို့ နှစ်ယောက် ဘာစိတ်ကူးပေါက်တယ်မသိ၊ ဒို့ သင်္ကန်းဝတ်ကြရအောင်ကွာ-ဟုဆိုကာ နှစ်ဦး စလုံး စိတ်တူ ကိုယ်တူ သာသနာ့ဘောင်ဝင်ရောက် ရဟန်းပြုသွားကြလေသည်။

သင်္ကန်းဝတ်ပြီးသောအခါမှာလည်း အတူသွား အတူလာ အတူစား အမြဲ တတွဲတွဲနေဖြစ်ခဲ့ကြ သည်၊ တစ်နေ့ သူတို့နှစ်ပါး အစိရ၀တီမြစ်ထဲ ရေသွားချိုးကြရာ ရေထဲမှာအတန်ကြာတော့ ချမ်းစိမ့်စိမ့်ဖြစ်လာတာနဲ့ သဲသောင်ပြင်ပေါ်တက် သဲပူပူပေါ်မှာ ပက်လက်လှန်ကျောခင်း ဇိမ်ကျကျ အေးအေးဆေးဆေးနေရင်း မဆုံးနိုင်သော ရှေးဟောင်းနှောင်းဖြစ်တွေ အတိတ် အကြောင်းတွေ တသီတတန်းကြီးပြောနေဖြစ်ခဲ့ကြလေသည်။

ထိုအခိုက် ဟင်္သာနှစ်ကောင်ပျံလာသည်ကိုလှန်းမြင်လိုက်ကြရာ ရဟန်းငယ်က ကပြာ ကယာ ထကာ ကျောက်ခဲတစ်လုံးကိုပြေးတဲ့ကောက်ပြီး အရှင်ဘုရား ကြည့် တပည့်တော် ဟိုဟင်္သာ တစ်ကောင်ရဲ့မျက်လုံးတည့်တည့်မှန်အောင်ပစ်ပြမယ်၊ တစ်ပါးက မမှန်နိုင်ပါဘူးကွာ ဟုဆိုလေ သည်၊ သေချာကြည့်ကိုယ်တော် ဒီဘက်မျက်လုံးတောင်မဟုတ်ဖူး ဟိုဘက်မျက်လုံးကနေ ဒီဘက်မျာက်လုံးဖေါက်ထွက်လာအောင်ကိုပစ်ပြမယ်ဟုဆိုရာ ဒါ-ပိုတောင်မဖြစ်နိုင်သေးဟု ဆိုပြန်လေ၏။

ပြောပြောဆိုဆို ကျောက်ခဲတစ်လုံးနဲ့လှန်းပစ်ရာ ရွှီခနဲ မြည်သံကြားလိုက်သဖြင့် ဟင်္သာလှည့် အကြည့် နောက်ကျောက်ခဲတစ်လုံးနှင့်ထပ်ပစ်လိုက်ရာ ဟိုဘက်မျက်လုံမှဝင်၍ဒီဘက်မျက်လုံး ဆီဖေါက်ထွက်ကာ ချာလယ်ချာလယ်အော်မြည်ရင်း သူတို့နှစ်ပါး၏ခြေရင်းသို့ ကျလာလေ သည်၊ သွေးသန်ရဲရဲနှင့်ဟင်္သာ တဖြတ်ဖြတ်လူးနေသော်လည်း ရဟန်းငယ်ကတော့ သနားရ ကောင်းမှန်းမသိ သူဘယ်လောက်လက်တည့်တယ် တွေ့တယ်မဟုတ်လားဆိုတဲ့ သဘောမျိုး နှင့် အောင်ပွဲခံ ဂုဏ်ယူလျက် ပီတိတွေဖြစ်နေလေသည်။

ထိုအဖြစ်ကိုမြင်လိုက်ကြသော အခြားရဟန်းတော်တွေက ငါ့ရှင်တို့ မင်းတို့ဟာ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ရာ မြတ်ဘုရားသာသနာတော်၌ ရဟန်းပြုနေကြပါလျက် အဘယ့်ကြောင့် ရက်ရက် စက်စက် သူတစ်ပါးအသက်ကို သတ်နေကြသနည်းဟုဆိုကာ သူတို့နှစ်ပါးကို ဘုရားရှင်ထံခေါ်သွားကြပြီး ဘုရားရှင်အား အကျိုးအကြောင်းလျှောက်ထားကြလေသည်။

ဘုရားရှင်က မေးမြန်းစီစစ်ပြီး အဘယ့်ကြောင့် ရဟန်းလုပ်နေပြီး သူများအသက်သတ်ရလေ သနည်း ဘုရားမပွင့်မီ ရှေးပညာရှိတွေတောင် လူဝတ်ကြောင်ဘ၀နှင့်နေလျက် မပြောပ လောက်တဲ့အပြစ်သေးသေးကလေးပြုမိတာကိုတောင် စိတ်မကောင်းခြင်းများစွာဖြစ်ခဲ့ကြ တယ် ငါ့ရှင်တို့က ရဟန်းလုပ်နေပြီး စိတ်မကောင်းဖြစ်ရကောင်းမှန်းတောင်မသိ လက်ရဲ ဇက်ရဲ လုပ်ဖြစ်ကြပလေတယ်၊ ရဟန်းဆိုတာ ကိုယ်ရော စိတ်ပါစောင့်စည်းရတယ်ကွဲ့-ဟုဆိုကာ အတိတ်ဇာတ်ကြောင်းတစ်ခုကို ဟောကြားတော်မူလေသည်။

ရှေးအခါက ဣန္ဒပတ္တမြို့ ဓနဉ္စယကောရဗျမင်းအုပ်ချုပ်စဉ် ဘုရားအလောင်းဟာ ဘုရင့်သား တော်အဖြစ်မွေးဖွားကြီးပြင်းလာလေသည်၊ အရွယ်ရောက်သောအခါ တက္ကသိုလ်ပြည်မှာ ပညာသင်ပြီးနောက် အိမ်ရှေ့မင်းဖြစ်ပြီး ဖခင်မင်းကြီးနတ်ရွာစံသောအခါ ထီးမွေနန်းမွေ ဆက်ခံခဲ့လေသည်၊ ထီးမွေနန်းရာဆက်ခံပြီး မင်းကျင့်တရားဆယ်ပါးနှင့်အညီ တိုင်းပြည် အုပ်ချုပ်နေခဲ့သည်၊ ကုရုဓမ္မဟုခေါ်သော ငါးပါးသီလကိုလည်း ခါးဝတ်ပုဆိုးပမာ မပျက် မကွက်စောင့်ထိမ်းခဲ့လေသည်၊ ဘုရားလောင်းနှင့်အတူ ငါးပါးသီလကို မပျက်အောင်စောင့် စည်းခဲ့သူများမှာ-

၁။ ဘုရားလောင်း
၂။ မယ်တော်
၃။ အဂ္ဂမဟေသီခေါ်မိဖုယားခေါင်ကြီး
၎။ ညီတော် အိမ်ရှေ့မင်းသား
၅။ ပုရောဟိတ်ပုဏ္ဏား
၆။ တိုင်တား အမတ်
၇။ ရထားထိန်း
၈။ သူဋ္ဌေး
၉။ တင်း တောင်းခြင်အမတ်
၁၀။ တံခါးစောင့်အမတ်ကြီး နှင့်
၁၁။ ပြည့်တန်ဆာမတို့ဖြစ်ကြသည်။

မင်းကြီးသည် မြို့တံခါးလေးပေါက် မြို့လယ်နှင့် နန်းတော်ရှေ့ ဤခြောက်ဌာနတို့၌ အလှူ မဏ္ဍပ်ကြီးများဆောက်လျက် နေ့စဉ် ၆-သိန်းအကုန်အကျခံလျက် (ဇမ္ဗူဒိပ်တစ်ကျွန်းလုံး လယ်ယာလုပ်ငန်းများဖြင့်လုပ်ကိုင်စားသောက်နေစရာမလိုသော) ထွန်တုံးပိတ် အလှူဒါန ကြီးပြုလုပ်လေသည်၊ ဘုရားအလောင်းတော်မင်းကြီးသည် အလှူ အတန်းအလွန်ရက်ရော သောကြောင့် ဇမ္ဗူဒိပ်တစ်ကျွန်းလုံးက ချစ်ကြည်ညိုကြလျက် သူ့စကားလိုက်နာ သူ့သြဇာ ညောင်းလျက်ရှိသည်။

ထိုအချိန် ကာလိင်္ဂတိုင်း ဒန္တပူရမြို့မှာ ကာလိင်္ဂမင်းအုပ်စိုးနေခိုက်ဖြစ်၏၊ ထိုတိုင်းပြည်မှာ မိုဃ်းခေါင် ရေရှားလျက်ရှိနေသည်၊ မိုဃ်းခေါင် ရေရှားသဖြင့် အသီးအနှံများပျက်ခါ ငတ်မွတ် ခေါင်းပါး အစာရှားလျက်ရှိသည်၊ အစာ အာဟာရမလုံလောက်သဖြင့် လူအများ ရောဂါဘယ များဖြစ်ပွားလျက်ရှိသည်၊ မိုဃ်းမရွာခြင်း ငတ်မွတ်ခေါင်းပါးခြင်း ရောဂါများခြင်းဆိုတဲ့ ဘေးကြီး သုံးမျိုး ဆိုက်ကပ်လျက်ရှိနေလေသည်။

တိုင်းသူပြည်သားတို့သည် သူတို့ပိုင် ဘာပစ္စည်းမှယူငင်မနေနိုင်တော့ဘဲ ကလေးငယ်တွေ လက်ဆွဲကာ အစာရလိုရငြား ဟိုဟို ဒီဒီလှည့်လည်သွားလာနေကြရလေသည်၊ တစ်နေ့ တိုင်းသူပြည်သားတို့် ဒန္တပူရမြို့ရှိ နန်းတော်တံခါးဝမှာ စုရုံးထိုင်နေကြလေသည်၊မင်းကြီးသည် လေသာဆောင်မှာခဏရပ်နေစဉ် လူအုပ်ရဲ့ ဆူညံသံတွေကြားလိုက်ရသဖြင့် အခြေအနေကို မေးမြန်းရာ အမတ်ကြီးများက မိုဃ်းမရွာသဖြင့် ကောက်ပဲသီးနှံတွေပျက်ခြင်း အစာရေစာငတ် ပြတ်ခြင်း ရောဂါဘယထူပြောခြင်းဆိုတဲ့ ဘေးကြီးသုံးမျိုးဆိုက်နေကြောင်း ထို့ကြောင့် သူတို့ပိုင် ဆိုင်သောပစ္စည်းများကိုထားခဲ့ပြီး ကလေးငယ်များလက်ဆွဲလျက် အစာရလိုရငြား ဟိုဟို ဒီဒီ လှည့်လည်သွားလာနေကြရကြောင်း လျှောက်တင်ကြလေသည်။

ထိုအခါ မင်းကြီးက ရှေးရှေးမင်းများ ဤကဲ့သို့ မိုဃ်းခါင် ရေရှား အစာရှားဖြစ်ခဲ့သော် ဘယ်လို များလုပ်ခဲ့ကြသလဲဟုမေးရာ ရှေးမင်းများ မိုဃ်းခေါင် ရေရှား အစာရှားခဲ့သော် အလှူ ဒါနပြုလုပ် ဥပုသ်ဆောက်တည် ဆောက်တည်ထားသောဥပုသ်ကိုဆင်ခြင်လျက် ၇-ရက်ပတ်လုံး ကျက်သရေတိုက်ခန်းအတွင်း မြက်ဖျာကြမ်းအခင်းပေါ်မှာ အိပ်နေတတ်ကြ သည် ထိုအခါ မိုဃ်းရွာပါတော့သည်ဟု လျှောက်ကြလေ၏၊ ကောင်းပြီ ဒါဆို ငါလည်း ထိုကဲ့သို့ပြုလုပ်မည်ဟုဆိုကာ ဒါနပြု ဥပုသ်စောင့်ပြီး ၇-ရက်ပတ်လုံး ဥပုသ်ကိုဆင်ခြင် လျက်နေခဲ့လေသည်၊ သို့သော်လဲ မိုဃ်းကား မရွာပေ။

ထိုအခါ မင်းကြီးက အမတ်ကြီးများကိုခေါ်လျက် ငါ ပြုသင့်ပြုထိုက်သောကိစ္စများပြုခဲ့ပြီ ဒါပေမဲ့ မိုဃ်းမရွာခဲ့၊ ဘာဆက်လုပ်ရမလဲ-ဟုမေးပြန်လေသည်၊ မင်းကြီး ဣန္ဒပတ္တမြို့က ဓနဉ္ဇယကောရဗျ မင်းကြီးမှာ အဉ္ဇန၀ဏ္ဏအမည်ရှိသော မင်္ဂလာဆင်တော်ကြီးတစ်ကောင် ရှိသည်၊ ထိုဆင်တော်ကို အကျွန်ုပ်တို့တိုင်းပြည်သို့ရောက်အောင် ဖမ်းယူခေါ်ဆောင်နိုင်မည် ဆိုပါက မိုဃ်းရွာပါလိမ့်မည်၊ သို့သော် ထိုဆင်တော်ကို ဖမ်းယူခေါ်ဆောင်နိုင်ဖို့ကား မလွယ်ကူချေ ထိုမင်းမှာ စစ်သည်အင်အားတောင့်တင်းခိုင်မာ၏ စစ်တိုက်ယူလို့ မဖြစ်နိုင်ပေ၊ ဒါဆို ထိုဆင်တော်ရအောင် ဘယ်လို လုပ်ရပါ့။

မင်းကြီး မပူပါနဲ့ စစ်တိုက်နေစရာမလိုပါ၊ ထိုမင်းကြီးသည် အလှူဒါန အလွန်ရက်ရောပါသည်၊ အလှူဒါနမှာ အလွန်ပျော်မွေ့ပါသည်၊ အလှူခံပါက ဦးခေါင်းကိုတောင်ဖြတ်လှူမည့်မင်း၊ မျက်လုံးကိုတောင် ဖေါက်လှူမည့်မင်း၊ နန်းစည်းစိမ်ကိုတောင်စွန့်လွှတ်လှူမည့်မင်းဖြစ်ပါသည် တိရစ္ဆာန်ဖြစ်တဲ့ ဆင်တော်လောက်ကတော့ အလွယ်တကူလေး လှူမည့်မင်းဖြစ်ပါသည် ဟုလျှောက်ထားကြလေသည်။

ဒါဆို အဲဒီဆင်ကို ဘယ်သူတွေသွားအလှူခံနိုင်ကြမလဲဟု ကမေးရာ၊ ပုဏ္ဏားကြီးများသွား ရောက်အလှူခံရင် ရနိုင်မည်ဖြစ်ကြောင်းလျောက်ထားကြရာ၊ ဒါဆို ပုဏ္ဏားရွာမှ ပုဏ္ဏားကြီး ရှစ်ယောက်ကိုခေါ်လိုက်ကြဟုဆိုကာ ထိုက်သင့်သလိုပေးကမ်းချီးမြင့်ပြီး ဆင်တော်အလှူခံဖို့ လွှတ်လိုက်လေသည်။

ပုဏ္ဏားကြီးတို့သည် ရိက္ခာအလုံအလောက်ယူလျက် သာမံခရီးသွားအသွင်ဖြင့် ရောက်လေရာ အရပ်မှာ တစ်ညမျှသာအိပ်ပြီး မြန်နိုင်သမျှ အမြန်သွားကြရာ နှစ်ရက် သုံးရက်ဖြင့်ရောက်၍ နန်းတော်တံခါး အလှူမဏ္ဍပ်မှာထမင်းစားပြီးအနားယူ အပန်းဖြေကြလျက် ဘယ်သောအခါ မင်းကြီး အလှူမဏ္ဍပ်သို့လာရောက်မည်နည်းဟု မေးမြန်းစုံစမ်းကြလေသည်၊ မင်းကြီးသည် လပြည့် လကွယ် လဆန်းရှစ်ရက် ဥပုသ်နေ့များတွင် လာတတ်ကြောင်း မနက်ဖြန်လပြည့်နေ့ ဖြစ်ကြောင်း ထို့ကြောင့် မနက်ဖြန် မင်းကြီးလာမည်ဖြစ်ကြောင်းပြောဆိုကြလေသည်။

ပုဏ္ဏားကြီးတို့သည် နောက်ရက်မနက်စောစောသွား၍ နန်းတော်အရှေ့တံခါးမှာ မင်းကြီးအလာ ကိုစောင့်ကြိုနေကြလေသည်၊ ဘုရားလောင်းမင်းကြီးသည် အလုံးစုံသောတန်ဆာများဆင်ယင်လျက် ဆင်တော်စီးပြီး များစွာသော ခြွေရံမူးမတ်ပရိသတ်နှင့်အတူ မြို့အရှေ့တံခါးမုခ်မှ အလှူ မဏ္ဍပ်သို့ရောက်လာခဲ့ပြီး အလှူခံ ၇-ယောက် ၈-ယောက်လောက်ကို သူကိုယ်တိုင်လှူဒါန်းပြီး အလှူခံတစ်ယောက် တစ်ယောက်ကို ဒီလောက် ဒီလောက်စီလှူကြဟု မှာကြားထားပြီး ဆင်တော်ပေါ်ပြန်တက်ပြီး မြို့တောင်ဖက်ရှိ အလှူမဏ္ဍပ်ဆီသို့ ခရီးဆက်လေသည်။

ပုဏ္ဏားကြီးတို့သည် နန်းအရှေ့မုခ်မှာ အစောင့်အကြပ်များအလွန်ထူထပ်သဖြင့် ဆင်တော် အလှူခံခွင့်မရသဖြင့် နန်းတော်တောင်မုခ်သို့ အပြေးအလွှားသွားရောက်ကာ မင်းကြီးအလာကို အလှူမဏ္ဍပ်နှင့် မနီးမဝေးသောနေရာမှ ရပ်လျက် စောင့်နေကြလေသည်။ မင်းကြီးဆိုက်ရောက်လာသောအခါ လက်များကိုမြှောက်လျက် မင်းကြီး အောင်ပါစေ မင်းကြီး အောင်ပါစေဟု ကြွေးကြော်ကြလေသည်၊ မင်းကြီးသည် ဆင်တော်ကိုရပ်စေလျက် ၀ရဇိန်ချွန်း ဖြင့်ဆင်တော်ကိုပြန်လှည့်စေပြီး သူတို့ထံသွားကာ အို… ပုဏ္ဏားကြီးများတို့ သင်တို့ ဘာကိုများ အလိုရှိကြပါသနည်းဟုမေးလေသည်၊ ပုဏ္ဏားကြီးတို့သည် ဘုရားလောင်းမင်းကြီးကို ဤဂါထာဖြင့်ဆိုကာ လျောက်ထားကြလေသည်။

တ၀ သဒ္ဓဉ္စ သီလဉ္စ၊ ၀ိဒိတွာန ဇနာဓိပ၊
ဝဏ္ဏံ အဉ္ဇန၀ဏ္ဏေန၊ ကာလိင်္ဂသ္မိံနိမိမှသေ။

အို အရှင်မင်းကြီး အရှင်မင်းကြီး၏ သဒ္ဓါ သီလတို့ကိုအကျွန်ုပ်ကြားသိရပါသည် အရှင်မင်းကြီး သည် အလှူခံလာပါက အသက်ကိုပင်လှူမည့်သူဖြစ်သည့်အတွက် တိရစ္ဆာန်ဖြစ်သောဆင်ကို အလှူခံလာ၏ပါက မလှူမရှိ ဧကန်လှူမည်ဟုယုံကြည်လျက်ရောက်ရှိလာကြခြင်းဖြစ်ပါသည်၊ ထို့ကြောင့် အရှင်မင်းကြီး၏ မင်္ဂလာဆင်တော်နှင့် အကျွန်ုပ်တို့၏ ကာလိင်္ဂတိုင်းမှထွက်သော ရွှေငွေကျောက်သံပတ္တမြားများ လဲလှယ်ပေးပါဟု လျှောက်ဆိုကြလေ၏။

ထိုအခါ ဘုရားလောင်းက အိုပုဏ္ဏားကြီးတို့ ဤဆင်ကိုရောင်း၍ ငွေကြေးဓနများအလိုရှိပါမူ တန်ဆာအမျိုးမျိုးဆင်ထားသည့်အတိုင်း ဤဆင်ကိုလှူပါအံ့ဟုဆိုကာ အောက်ပါဂါထာ များကို ဆိုပြန်လေသည်။

အန္နဘစ္စာစ ဘဇ္ဇာစ၊ ယောဓ ဥဒ္ဒိဿ ဂစ္ဆတိ။
သဗ္ဗေတေ အပ္ပဋိက္ခိပ္ပါ၊ ပုဗ္ဗာစရိယ ၀စော ဣဒံ။
ဒဒါမိ ဝေါ ဗြာဟ္မဏာ နာဂမေတံ၊ ရာဇာရဟံ ရာဇဘောဂ္ဂံ ယသဿီနံ၊
အလင်္ကတံ ဟေမဇာလာဘိဆန္နံ၊ သာရထိံဂစ္ဆထ ယေန ကာမံ။

ပေးဘူး ကျွေးဘူး ကျေးဇူးရှိသူဖြစ်စေ၊ ပေးဘူး ကျွေးဘူး ကျေးဇူးမရှိသူဖြစ်စေ တစုံ တခု အလိုရှိလို့ မိမိထံလာရောက်အလှူခံပါက မလှူနိုင်ပါ မပေးနိုင်ပါဟု မငြင်းပါ၊ ဤစကားကား မိဘတို့၏ အစဉ်အလာ အဆုံးအမ စကားများပဲဖြစ်ချေသည်။

သင်တို့ကို မင်း၏အသုံးအဆောင်သာဖြစ်သော၊ မင်းအားသာထိုက်သော ရွှေငွေကျောက်သံ ပတ္တမြားများဖြင့်တန်ဆာဆင်ထားသောဤဆင်ကို ဆင်ထိန်းနှင့်တကွလှူပါမည်၊ အလှူခံပြီးပါ က သင်တို့အလိုရှိရာအရပ်သို့ စိတ်တိုင်းကျသွားနိုင်ပါသည်ဟုဆိုကာ ဆင်တော်ပေါ်မှဆင်း၍ ဆင်မှာ တန်ဆာမဆင်ရသေးသောနေရာရှိပါက တန်ဆာဆင်လျက် သုံးကြိမ်တိုင်တိုင်လစ်လပ် မှုမရှိအောင် သေချာစစ်ဆေးလျက် နံ့သာရေများဖြင့် ရေစက်ချပြီးလှူလိုက်ပါသည်။

ပုဏ္ဏားကြီးတို့သည် ဆင်ပေါ်တက်စီးပြီး ဒန္တပူရမြို့ပြန်သွားကြ၍ မင်းအားဆက်သကြလေ သည်၊ ဆင်တော်ရောက်သော်လည်း ထိုနိုင်ငံ၌ မိုဃ်းမရွာပြန်ပေ။ မင်းကြီးကား အဘယ်သို့ပြုရ ပါအံ့နည်းဟု မေးမြန်းပြန်လေသည်။

ဓနဉ္ဇယကောရဗျမင်းကြီးသည် ကုရုဓမ္မကိုကျင့်၏ ထို့ကြောင့် ထိုမင်း၏တိုင်းပြည်၌ ဆယ်ရက် တစ်ကြိမ် ဆယ့်ငါးရက်တစ်ကြိမ် မိုဃ်းရွာကြောင်းလျှောက်တင်ကြပြန်လေသည်၊ ဆင်သည် မိုဃ်းရွာခြင်းငှါမစွမ်းနိုင်ပေ ထိုကြောင့်ဒီဆင်ကို ဆင်ယင်ထားသည့်အတိုင်းသော တန်ဆာများဖြင့် ပင်လျှင် မင်းကြီးအားပြန်လည်ဆက်သ၍၊ အဲဒီမင်းကြီးကျင့်သော ကုရုဓမ္မတရားများကိုသာ ရွှေပေလွှာ၌ရေး၍ယူခဲ့ကြကုန်လော့ဟု စေလွှတ်လိုက်ပြန်လေသည်။

ပုဏ္ဏားကြီးတို့သည် ဆင်တော်ကိုပြန်လည်အပ်နှင်းပြီး မင်းကြီး ဤဆင်သည်အကျွန်ုပ်တို့ တိုင်းပြည်၌ မိုဃ်းရွာခြင်းငှါမတတ်နိုင်ပါ၊ အရှင်မင်းကြီးကျင့်သော ကုရုဓမ္မတရားများကိုသာ အကျွန်ုပ်တို့မင်းကြီး ကျင့်လိုပါသည် အရှင်မင်းကြီးကျင့်သော ထိုကုရုဓမ္မတရားများကိုသာ ဤရွှေပေလွှာ၌ရေး၍ ယူခဲ့ကြကုန်လော့ဟု အမိန့်တော်ပါရှိပါကြောင်း လျှောက်တင်ကြလေ သည်။

ထိုအခါ ဘုရားလောင်းက အမောင်တို့ ငါသည် ကုရုဓမ္မကိုစောင့်ရှောက်သည်ကား မှန်ပါ၏၊ သို့သော်လည်း ယခုအခါ ထိုကုရုဓမ္မ၌ ကုက္ကုစ္စ=အလို့အလို (စဉ်ကြယ်မှစဉ်ကြယ်ပါတော့ မလားဟု သံသယ) ဖြစ်နေမိပါသည်၊ ထို့ကြောင့် သင်တို့အားမပေးလိုပါ။

မင်းကြီး အဘယ့်ကြောင့်ကုက္ကုစ္စဖြစ်နေပါသနည်း၊ နက္ခတ်ပွဲသဘင်ကစားကုန်သောမင်းတို့ သည် ခပ်သိမ်းသောတန်ဆာကိုဆင်ကုန်လျက် နတ်အသွင်ယူကာ စိတ္တရာဇာနတ်မင်းထံ၌ တည်ကုန်၍ အရပ်လေးမျက်နှာတို့သို့ ပန်းတို့ဖြင့်တန်ဆာဆင်ထားသော မြားတို့ကို ပစ်လွှတ် ကြကုန်၏၊ ကောရဗျမင်းပစ်လွှတ်လိုက်သော မြားလေးစင်းအနက် မြားသုံးစင်းကိုသာမြင်၍ ရေပြင်သို့ပစ်အပ်သောမြားကိုမမြင်(မတွေ့) ငါပစ်အပ်သောမြားသည် ငါးပေါ်သို့ကျ၍ ငါးသေလေသလောဟု သံသယဖြစ်မိသောကြောင့် ငါ၏သီလကို မနှစ်သက် ထို့ကြောင့် ငါဆောက်တည်ထားသော ကုရုဓမ္မ၌ သံသယဖြစ်မိပေ၏၊ မယ်တော်ကား သီလစဉ်ကြယ်နိုင်၏ မယ်တော်၏သီလကိုသာ သွားယူကြပါကုန်လော့ဟု တိုက်တွန်းလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က အို..မင်းမြတ် အသင်မင်းမြတ်သည် သတ္တ၀ါတို့အား သေစေလိုသောစိတ်မရှိပါမူ ပါဏာတိပါတ ကံ မဖြစ်နိုင်ပါ၊ မင်းကြီး၏ ကုရုဓမ္မကိုသာ ပေးပါကုန်လော့ဟုဆိုကုန်၏၊ ဒါဆိုရွှေပြား၌ ရေးယူ ကြကုန်လော့

၁။ ပါဏော န ဟန္တဗ္ဗော၊ (သူ့အသက် မသတ်အပ်)
၂။ အဒိန္နံ နာဒါတဗ္ဗံ၊ (သူ့ဥစ္စာ မခိုးအပ်)
၃။ ကာမေသု မိစ္ဆာ န စရိတဗ္ဗံ၊ (ကာမဂုဏ်၌ မမှားအပ်)
၎။ မုသာ န ဘဏိတဗ္ဗံ၊ (လိမ်ညာ မပြောအပ်)
၅။ မဇ္ဇံ န ပါတဗ္ဗံ၊ (သေအရက် မသောက်အပ်)
ဟုရေးစေ၍ ရေးပြီးသော်လည်း မိမိသီလကိုသိပ်မနှစ်သက်လှ မယ်တော့်ထံ သွားကြကုန်လော့ဟု စေလွှတ်လိုက်လေသည်။

မယ်တော့်ထံရောက်သော်လည်း မယ်တော်က အမောင်တို့ ငါ ကုရုဓမ္မစောင့်သည်ကား မှန်ပါ ၏ ဒါပေမဲ့ ငါ့ကုရုဓမ္မ၌ ကုက္ကုစ္စ=သံသယဖြစ်မိပေ၏၊ ထို့ကြောင့်ငါ့ကုရုဓမ္မကို သင်တို့အား မပေးလို၊ မယ်တော့်မှာ သားနှစ်ယောက်ရှိ၏၊ သားကြီးကား မင်း၊ သားငယ်ကား အိမ်ရှေ့မင်း၊ တိုင်းတစ်ပါးမင်းက ဘုရားလောင်းအား တစ်သိန်းတန်သောစန္ဒကူးနံ့သာနှစ်နှင့် တစ်ထောင်တန် ရွှေပန်းကိုဆက်သလာ၏၊ ဘုရားလောင်းသည် မယ်တော်အားပူဇော်ကန်တော့လေ၏၊ မယ်တော်ကား နံ့သာလည်းမလိမ်း ပန်းလည်းမပန်လိုသဖြင့် ချွေးမတို့အားပေးဖို့စိတ်ကူး၏၊ ချွေးမကြီးကား မိဖုယားခေါင်ဖြစ်သဖြင့်ချမ်းသာသဖြင့် ရွှေပန်းကိုပေး၍ ချွေးမငယ်ကား ဆင်းရဲ သဖြင့် စန္ဒကူးနံ့သာကိုပေးဖြစ်၏၊ တကယ်ဆို ချမ်းသာဆင်းရဲရွေးမနေပဲ မြင့်မြတ်သူအားသာ မြင့်မြတ်သောအရာပေးသင့်ပါလျက် မလုပ်သင့်တာကို လုပ်မိပေ၏ ထို့ကြောင့် ငါ၏သီလ ပျက်လေပြီလောဟု သံသယဖြစ်မိပေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က မိမိကိုယ်ပိုင်ပစ္စည်း ပေးလိုသူအားပေးရာ၌ သီလမပျက်နိုင်ပါ မယ်တော့် ကုရုဓမ္မကိုပေးပါလော့ဟုဆိုကုန်၍ ရွှေပေလွှာ၌ရေးကူးကြလေ၏၊ အမောင်တို့ ဤသို့ပေးရသော်လည်း သိပ်အားမရလှ ငါ့ချွေးမ၏ ကုရုဓမ္မကား စဉ်ကြယ်၏ ငါ့ချွေးမ၏ ကုရုဓမ္မကို သွားယူကြလေကုန်ဟု စေလွှတ်လိုက်ပြန်လေသည်။

ချွေးမ (မိဖုယား)ထံ ကုရုဓမ္မကိုတောင်းသောအခါ ငါ့သီလ၌ သံသယရှိသဖြင့်မပေးလိုဟု ဆိုပြန်လေ၏၊ မိဖုယားကြီးသည် တစ်နေ့ လေသာပြုတင်း၌ရပ်နေစဉ် တိုင်းခန်းလှည့်လည် လာသော မင်းကြီး၏ ဆင်ကျောကုန်းပေါ်တွင် မင်းကြီး၏နောက်မှ အိမ်ရှေ့မင်းသားကိုမြင်မိ သောအခါ သူ့ကိုတပ်မက်မိသွားလေ၏၊ ငါအိမ်ရှေ့မင်းနှင့်ပေါင်းသင်းခဲ့သော်ကောင်းလေစွာ့ မင်းကြီးနတ်ရွာစံလျှင် ငါ့ကိုသိမ်းယူလိမ့်မည်ဟုကြံမိ၏၊ လင်ကြီးရှိပါလျက် တစ်ပါးသော ယောက်ျားကို ကိလေသာအလိုလိုက်လျက် ကြံမိပေ၏၊ ထို့ကြောင့် ငါ့သီလအပေါ်သံသယဖြစ် မိပေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က အရှင်မိဖုယားကြီး ဤသို့ စိတ်ကူးရုံသက်သက်မျှဖြင့် ပြစ်မှုမမြောက် ပါ မိဖုယားကြီး၏ ကုရုဓမ္မကိုပေးပါလော့ဟုဆိုကာရွှေပေလွှာ၌ရေးယူကြလေ၏၊ သင်တို့ရေး ယူကြသော်လည်း ငါ၏သီလ၌ သိပ်အားမရလှပေ အိမ်ရှေ့မင်းကား ကောင်းစွာစောင့်ရှောက် ၏ သူ့ထံသွား၍ ယူကြလေကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ပုဏ္ဏားကြီးတို့သည် အိမ်ရှေ့မင်းထံရောက်သော် အိမ်ရှေ့မင်းကလည်း သူ၏သီလ၌သံသယ ဖြစ်နေကြောင်း တစ်နေ့ မင်းကြီးထံအခစားဝင်စဉ် မိုဃ်းရွာသဖြင့်မင်းကြီးက နန်းတော်တွင်အိပ် စေကြောင်း နောက်ပါပရိသတ်သည် ခဏအကြာပြန်ထွက်လာမည်အထင်နှင့် မိုဃ်းရေထဲစောင့် နေကြကြောင်း နောက်ရက်မနက်စောစောထွက်သော် တစ်ညလုံးမိုဃ်းရေထဲမှာစောင့်နေကြ သောသူတို့ကိုတွေ့မိသဖြင့် များစွာစိတ်မကောင်းဖြစ်မိကြောင်း သူ့သီလညစ်နွမ်းသွားလောက် ပြီဖြစ်သဖြင့် မပေးလိုကြောင်းပြောပြန်လေသည်။

ထိုအခါ ပုဏ္ဏားကြီးတို့က အိုအိမ်ရှေ့မင်း သင့်မှာ ပရိတ်သတ်မိုဃ်းစို၍ ဒုက္ခရောက်ကြပါစေ ဟူသောစိတ်ထားမရှိလျှင် အပြစ်မရှိပါကြောင်းဆိုကာ သူ၏ကုရုဓမ္မကိုရေးယူကြလေ၏၊ သို့သော်လည်း အိမ်ရှေ့မင်းက ပုရောဟိတ်ကြီ်း၏ သီလကိုသွားယူကြကုန်လော့ဟု ညွှန်လိုက် ပြန်လေသည်။

ပုရောဟိတ်ကြီးသည်လည်း ငါ၏သလအပေါ်သံသယဖြစ်နေမိ၏ကြောင်း၊ ငါသည် မင်းနန်းတော်သို့အခစားဝင်စဉ် တိုင်းတစ်ပါးမင်းတို့ လာရောက်ဆက်သမည့် အပြင်၌ ရပ်ထားသော ရထားအသစ်တစ်စင်းတွေ့မိ၏၊ ငါသည် အသက်ကြီးပြီး မင်းကြီးက ဤရထားအသစ် ငါ့ကိုလှူလျှင်ကောင်းမှာပဲဟု စိတ်အကြံဖြစ်မိ၏၊ မင်းကြီးက ငါ့ကိုတွေ့ သောအခါ ရထားအသစ်ကိုလှူ၏ မလှူပါနဲ့ငြင်းလို့မရ၊ ငါသည် ကုရုဓမ္မဆောက်တည်ထားသူ ဖြစ်ပါလျက် သူတစ်ပါးပစ္စည်းကိုလောဘဖြင့်ကြံမိပေ၏၊ ငါ၏သီလစဉ်ကြယ်တော့အံ့မထင် ထို့ကြောင့် ငါ့ကုရုဓမ္မကို မပေးလိုဟုဆို၏။

ထိုအခါပုဏ္ဏားကြီးတို့က လောဘဖြစ်ရုံမျှဖြင့် သီလမပျက်နိုင်ပေဟုဆိုကာ ပုရောဟိတ်ကြီး၏ ကုရုဓမ္မကိုရေးကူးသွားကြလေ၏၊ ပုရောဟိတ်ကြီးကလည်း ကြိုးတိုင်း အမတ်ထံသွားကြလေ ကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ကြိုးတိုင်းအမတ်ကလည်း ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်နေ့ ကြိုးတိုင်း အမတ်သည် လယ်ကိုတိုင်းသည်ရှိသော် ကြိုးချည်ထားသောဒုက်တစ်ချောင်းကို လယ်ရှင်အားကိုင်စေ၍ ဒုက်တစ်ချောင်းကိုမိမိက ကိုင်လေသည် မိမိကိုင်သောဒုက်ကို မြေ၌ငုတ်ရိုက်မည်ပြုရာ ပုဇွန်တွင်းတည့်တည့်ဖြစ်နေသဖြင့် ပုဇွန်သေမှားစိုးမိလေသည်၊ ဟိုဘက်ကိုနဲနဲရွှေ့ရိုက်ပါက မင်းနစ်နာမည်၊ ဒီဘက်ကိုနဲနဲရွှေ့ရိုက်ပါက လယ်သမားနစ်နာမည် ပုဇွန်လှုပ်ရှားတာလဲ မတွေ့သဖြင့် ပုဇွန်းတွင်းအလယ်တည့်တည့် ငုတ်ရိုက်လိုက်လေသည် ထိုအခါ ပုဇွန်မြည်သံကြားလိုက်ရ၏ ပုဇွန်သေများသေလေသလောဟု သံသယဖြစ်မိ၏ ထို့ကြောင့် ငါ၏ကုရုဓမ္မအပေါ်သံသယဖြစ်မိသဖြင့် မပေးလိုဟုဆို၏။

ထိုအခါ ပုဏ္ဏားကြီးတို့က ပုဇွန်သေစေလိုသောစိတ်စေတနာမရှိပါက အပြစ်မဖြစ်နိုင်ပါ ဟုဆိုကာ ပုရောဟိတ်ထံမှကုရုဓမ္မကိုရေးကူးသွားကြလေ၏၊ ပုရောဟိတ်ကြီးကလည်း ရထားထိန်းထံသွားကြပါဟု ညွှန်လိုက်ပြန်လေသည်။

ရထားထိန်းကလည်း ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်နေ့ မင်းကြီးဥယျာဉ်မှအပြန် နေ၀င်လုဆဲဆဲ မိုဃ်းသားတိမ်လိပ်များတက်လာသဖြင့် မင်းကြီးမိုဃ်းမစိုစေရန် သိန္ဓောမြင်းအား နှင်တံပြလေ၏ သိန္ဓောမြင်းသည် လျှင်မြန်စွာပြေသွားလေ၏ နောက်နောင် ဥယျာဉ်သို့သွား သော်လည်းကောင်း ပြန်သော်လည်းကောင်း ထိုနေရာရောက်သောအခါ အန္တရာယ်တစုံ တရာ ရှိသည်အထင်နှင့် သိန္ဓောမြင်းသည်အလျှင်အမြန်ပြေးလေ၏၊ သူ၏နှင်တံပြခဲ့မှုကြောင့် မြင်းမှာ များစွာပင်ပန်းရလေ၏၊ ထို့ကြောင့် သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း ဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က သင့်မှာ မြင်းပင်ပန်းစေလိုသော စိတ်စေတနာမရှိပါက အပြစ်မရှိပါဟုဆိုကာ သူ၏ ကုရုဓမ္မကိုကူးယူသွားကြလေ၏ သို့သော်လည်း သူဌေးထံ သွာကြပါအုန်းဟု ညွှန်လိုက် ပြန်လေသည်။

သူဌေးထံရောက်သောအခါမှာလည်း သူဌေးက သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း၊ တစ်နေ့ စပါးခင်းသို့သွားသောအခါ စပါးနှံတစ်ဆုပ်ကို ပန်းအဖြစ် ပန်ရန် ဖြတ်ယူခဲ့၏၊ ယူပြီးနောက်ငါသည် မင်းအတွက် အခွန်အခမပေးရသေး အခွန်မပေးရသေးသောစပါး တစ်ဆုပ်ကို ဖြတ်ယူမိခဲ့၏ ထို့ကြောင့် ငါ၏သီလအပေါ်သံသယဖြစ်မိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က သူဌေးကြီးမှာ အခွန်အခခိုးလိုစိတ်မရှိပဲဖြတ်ယူမိသည်ဖြစ်ပါက အဒိန္နဒါန်မဖြစ်ကြောင်းဆိုကာ သူဌေးထံမှ ကုရုဓမ္မကိုကူးယူခဲ့ကြလေ၏ သို့သော်လည်း သူဌေးက တင်းတောင်းခြင်အမတ်ထံ သွားကြရန် ညွှန်လိုက်ပြန်လေသည်။

တင်းတောင်းခြင်အမတ်ကလည်း မိမိသီလအပေါ်သံသယဖြစ်မိကြောင်း၊ တစ်ခါက မင်းအခွန်အခ အတွက်စပါးခြင်နေစဉ် မခြင်အပ်သေးသောကောက်နှံများကို မင်းအတွက်ခြင်ယူထား၏ ထိုစဉ်မိုဃ်းရွာချသဖြင့် နေရာပြောင်းရင်း အမှတ်မသေချာဖြစ်နေ၏ မင်းအတွက်မခြင်အပ်သေးသည်ကိုခြင်ယူထားလျက် ယူပြီးလေသလော မယူရသေးလေသလော ဇဝေဇ၀ါဖြင့် စာရင်းသွင်းမိသော် မင်းမြတ်၍ လယ်သမားနစ်နာ၏၊၊ သူ၏မသေမချာလုပ်မိမှုအတွက် သူ့သီလကို သံသယဖြစ်နေမိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏာကြီးတို့က ခိုးလိုစိတ်မရှိခဲ့သော် အဒိန္နဒါန်မဖြစ်ပါဟုဆို ကာ သူ၏ကုရုဓမ္မတို့ကိုကူးယူသွားကြလေ၏ သို့သော်လည်း တင်းတောင်းခြင်အမတ်က တံခါးစောင့်ထံသွားကြပါလေဟု ညွှန်လိုက်ပြန်လေသည်။

တံခါးစောင့်ထံရောက်သောအခါမှာလည်း သူ၏သီလအပေါ်သံသယဖြစ်နေမိကြောင်း၊ တစ်နေ့ ဆင်းရဲသားတစ်ယောက်သည် နှမနှင့်အတူထင်းခွေသွားရာ မြို့တံခါးပိတ်ချိန်မှပြန်ရောက်လာ သဖြင့် တံခါးစောင့်က ဖွင့်မပေးနိုင်တော့ကြောင်း တစ်နေကုန်တောထဲမှာ မိမိမယားနှင့်ကာမ ဂုဏ်ပျော်မွေ့အချိန်ဖြုန်းနေခဲ့လေသလောဟု အပြစ်တင်လေ၏၊ ထိုအခါ သူဆင်းရဲက သူသည် မယားမဟုတ် နှမဖြစ်သည်ဟုဆိုလေသည်၊ ထိုအခါ ငါသည် ကုရုဓမ္မစောင့်လျက် စွပ်စွဲမိလေ၏ ဟုဆိုကာ သူ့သီလအပေါ် သံသယဖြစ် မိကြောင်းဆိုလေ၏။

ထိုအခါ ပုဏ္ဏားကြီးတို့က မယားထင်မိ၍ ဆိုရာ၌ မုသာဝါဒမထိုက်ကြောင်းပြောဆို၍ သူ၏ ကုရုဓမ္မကိုကူးယူသွားကြလေ၏ သို့သော်လည်း တံခါးစောင့်က ပြည့်တန်ဆာမထံ သွားကြပါ ကုန်ဟု ညွှန်လိုက်ပြန်လေသည်။

ပြည့်တန်ဆာမကလည်း သူ၏သီလအပေါ် သံသယဖြစ်နေမိကြောင်း၊ သိကြားမင်းသည် ပြည့်တန်ဆာမ၏သီလကိုစုံစမ်းလိုသဖြင့် လူငယ်တစ်ယောက်အသွင်ဖြင့် ပျော်ပါးရန် စရံပေးထားလျက် သုံးနှစ်တိုင် ပြန်မလာချေ၊ ပြည့်တန်ဆာမသည် သီလပျက်မည်စိုသဖြင့် လူသစ်ကိုလက်မခံချေ၊ သုံးနှစ်ပြည့်သော် ဘ၀ရပ်တည်ရန် ငွေမရှိတော့သဖြင့် လူသစ် လက်ခံလို့ ရ မရ တရားအဆုံးအဖြတ်ခံလေ၏၊ သုံးနှစ်ပြည်၍မလာသော် လူသစ် လက်ခံနိုင် ကြောင်း အဆုံးအဖြတ်ပေးရာ လူသစ်၏ငွေကို လက်ခံမည်အပြု ရုတ်တရက်သိကြားမင်းက လုလင်အသွင်ဖြင့်ရောက်လာ၏။

ထိုအခါ လူသစ်ထံမှ ငွေလက်ခံမည်လက်ကို ချက်ချင်းရုပ်လိုက်ပြီး လူဟောင်းရောက်လာပြီဖြစ် သောကြောင့် သင့်ငွေ လက်မခံတောပါဟု ငြင်းဆိုလိုက်လေသည်၊ ထိုအခါ သိကြားမင်းက ကိုယ်ထင်ရှားပြကာ မြို့သူမြို့သားအပေါင်းကိုစုရုံးစေလျက် သူသည် ပြည့်တန်ဆာမ၏သီလ ကိုစုံစမ်းလိုသည်ဖြစ်၍ ဤကဲ့သို့ပြုလုပ်ခဲ့ကြောင်း သူသည် သီလမပျက်ပေ သင်တို့လည်း သူကဲ့သို့ သီလမပျက်အောင်စောင့်စည်းကြပါလေဟုဆိုရင်း ပြည့်တန်ဆာမကို ရတနာ (၇)နှင့် ပြည့်စုံအောင်ပေးခဲ့ပြီး နတ်ပြည်သို့ပြန်သွားလေသည်။ ပြည့်တန်ဆာမသည် စရံပေးထားသူနှင့် မပျော်ရသေးမှီမှာ လူသစ်တစ်ယောက်၏ငွေကို ခံယူရန် လက်လှန်းမိခဲ့သောကြောင့် သူ့သီလအပေါ်သံသယဖြစ်မိကြောင်းဆိုလေ၏၊ ထိုအခါပုဏ္ဏားကြီးတို့က လက်ဖြန့်ကာမျှဖြင့် သီလမပျက်ကြောင်းဆိုကာ သူ၏ကုရုဓမ္မကိုကူးယူသွားကြလေသည်။

ပုဏ္ဏားကြီးတို့သည် ထို (၁၁) ယောက်သောသူတို့၏ သီလကို ရွှေပြား၌ကူးယူခဲ့ကြ၍ ကာလိင်္ဂ မင်းအား ဆက်သကြလေသည်၊ ကာလိင်္ဂမင်းသည် ကုရုဓမ္မ၌တည်၍ ငါးပါးသီလကိုလုံခြုံစွာ စောင့်ထိန်းလေ၏ ထိုအခါ ကာလိင်္ဂတိုင်းမှာ မိုဃ်းရွာ၍ ဘေးကြီးသုံးပါးမှလွတ်ကာ သာယာ ၀ပြောသွားလေတော့သည်။ ဘုရားအလောင်းတော်သည် အသက်ထက်ဆုံး ဒါနစသော ကောင်းမှုများပြုလုပ်လျက် ပရိသတ်နှင့်တကွ နတ်ပြည်ရောက်သွားကြလေသတည်း။
ဇာ၊ဋ္ဌ၊၂၊၃၃၀။

ဦးနန္ဒာစာရ မုံရွာ
credit

Tuesday, July 16, 2019

ဝါဆိုလပြည့်​​နေ့အ​ကြောင်း သိ​ကောင်းစရာ

🙏ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ🙏
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

      သန္ဓေ တောထွက် ဓမ္မစက်
      မိန့်မြွက်သံချို  လဝါဆို။ တဲ့

     ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
      ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
        ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
        တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
        စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
        ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
        ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
       စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ  မဟာသက္ကရာဇ်  ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။   ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏  အာသယာနုသယဥာဏ်  ဣန္ဒြိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏   ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည်  ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
 သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား  စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏  သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
 မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ ''  ဟု ယနေ့အထိ
 ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

                ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု

………………………………………………………………
Credit - မူရင်းရေးသူကို လေးစားစွာဖြင့်....





Wednesday, June 19, 2019

နိုင်​ငံမိခင်​ကြီး​ဒေါ်​အောင်ဆန်းစုကြည် အ​​​တွက်​​မွေး​နေ့ဆု​တောင်း

နိုင်ငံမိခင်ကြီး ​​ဒေါ်အောင်ဆန်းစုကြည်
အမှတ်တရမွေးနေ့မှာ
စုမေတ္တာ စုသစ္စာ စုအကြင်နာ
ဖြိုးဝေလျှံ၍ ပေးဆပ်ခြင်းကြောင့်
အမြင့်မြတ်ဆုံးဖြစ်သော
ခန္ဓာ အေးငြိမ်းရာ
နိဗ္ဗာန်ပန်းတိုင်ထိတိုင်  တက်လှမ်းနိုင်စေ







ဆုမွန်ချွေသည်
လိုရာဆုတောင်းပြည့်စေသော်..
၇၄နှစ်​ မွေးနေ့မှစ၍
ကျန်းမာပျော်ရွှင် ဘေးရန်ကင်းပါစေ..