Pages

Friday, December 23, 2016

ရင်ဝှက်အလွမ်း

သေသူသနားစရာလား ကျန်သူသနားစရာလား( ဖြစ်ရပ်မှန်)

ရပ်ကွက်ထဲမှာ ရှင်ပြုနားသအလှူမို့ ရပ်ကွက်ထုံးစံ ဝိုင်ဝန်းချက်ပြုတ် ကူညီလုပ်ဆောင်ပေးနေသောသူများကို အရက်တိုက်ကျတာထုံးစံပေါ့
မနက်ဖြန်ရှင်လောင်းလှည့်မည့်အိမ်မှာ ဆူညံပွက်လောရိုက်ခါ အော်ဟစ်ငိုကြွေးနေကျပြီး ရဲကားများ လူနာတင်ကားများရောက်လာပြီး
ရှင်အလှူအိမ်မှ အသုဘ အိမ်အဖြစ်ပြောင်းလဲသွားပါတယ်
ညီမ၏ယောက်ကျားကို အကို၂ယောက်နဲ့ သူမ၏ဖခင်က ခုတ်သတ်လိုက်တာပါ  မူးယစ်သောက်စားထားသောလင်ယောက်ကျားနှင့် မူးလာချိန်သွေးဆိုးတတ်သောအကိုတို့ မှ သူတို့၏ညီမအားညတိုင်း အရက်သောက်ပြီးအနိုင့်ကျင့်တာကို မကျေနပ်တာကိုညီငယ်မှပြောဆိုရာမှအကိုနှင့် အဖေပါဝင်ရောက်ပြောဆို စကားများကျရာမှ အရက်သမားတို့ထုံးစံအတိုင်း သမီးယောက်ဖစကားများရာမှ ထိုးနှက်ကျပြီး အလှူအတွက်ကျွေးမွေးရန် ချက်ပြုတ်နေသောနေရာမှ ဓားများအား ယူ၍
ထိုးနှက် ခုတ်လိုက်ကျတာဖြစ်လေသည်
ဆိုက်ကားသမား ငကျော်သေတော့ကန်စွန်းခင်းရေတိမ်တိမ်မှာ ရေနစ်သေသွားတာ
သူမိန်းမကတော့ပြောတယ် ငကျော်မသေခင် အရက်သောက်လာတိုင်း အရက်သမားမို့သေအေးတာပါပဲတဲ့
မသေခင် အရက်ကြောင်ကြောင်ပီးရူးလိုက်သေးတာ ကိုယ်တုံးလုံး အဝတ်မကပ်နဲ့ လျှောက်ပြေးနေလို့ ဆိုက်ကားသမားသူငယ်ချင်းတွေဖမ်းပြီးဆေးရုံပို့ဆေးကုပေးရသေးတာ
သူ့မိန်းမမှာ အရက်သမားလင်ဖြစ်သူကို ရောဂါရလာချိန်ပြစ်ထားမှာပြောခဲ့ပီး တကယ်ဖြစ်လာချိန်ကျတော့ ဆေးရုံနဲ့အိမ်ကူးချည်သန်းချည် အရက်သမားမယားဒုက္ခပေါ့ သေသွားတော့လည်း အရက်သမားရေသေမှာပေါ့အရက်သမားရဲ့နဲ့မျက်ရည်ကျနေရှာတယ်..
အရင်မာဆပ်လုပ်ခဲ့ဘူးသူဆိုတော့ လင်သေတော့လည်း အသိအကျွမ်းမိတ်ဆွေတွေကဖိတ်ခေါ်လျှင် အိမ်တွေလည်ပီးနှိပ်နယ်ပေးတဲ့အလုပ်လုပ်နဲ့ သူဝမ်းသူ ရှာစားနေရတယ်

သူနဲ့အတူအရက်သောက်ဖော် သောက်ဖက်ဝင်းဇော်လည်း နဂိုမူလရုပ်က လူကောင်ကပိန်သေးသေး အရက်သမားတို့ထုံးစံအတိုင်း ကိုယ်တွေဖောရောင်လိုက် မျက်လုံးဝါလိုက် ဖောလာလိုက် ဗိုက်ပူလာလိုက်နဲ့
သေရှာပြီ အရွယ်ရှိသေးတဲ့သူမိန်းမနဲ့သမီး၂ယောက်ကိုတော့ အိမ်ပိုင်ရှင်ခမျာသနားလို့ စောင်မကြည့်ရှု့ပေးထားတယ်

ရပ်ကွက်ထဲကအထည်ကြီးပျက် မိသားတစ်စုဟာအိမ်ထောင်ဦးစီးကအရက်သောက်ပီး အရက်ကြောင်ကြောင်ရူးနေလို့ ဆေးရုံခဏခဏပို့နေရပီး ဆေးရုံကနေပြန်လာချိန်ဆိုအိမ်ပြန်ရောက်တာနဲ့ သူမိန်းမကို လင်ငယ်နေတာ ဒါကြောင့်သူ့ကိုဆေးတွေတိုက် ဆေးရုံပို့နေတာဆိုပီး အော်ဟစ်ဆဲဆို နေ့မအိပ်ညမအိပ်သောင်းကျန်းဆူညံနေတော့ သူသားခမျာဖအေဖြစ်သူအရူးကိုထိမ်းထားချိန် ထိမ်းသိမ်းလို့မရဖြစ်လာချိန်တွေမှာ ပြောဆိုရိုက်နှက်မိတော့ အချိန်ကြာလာတော့အခုတော့သားဖြစ်သူပါရူးလာပီးစိတ်မူမမှန်တော့လို့ ဆေးကုနေရတာ ဖအေကို ရိုက်လို့အကုသိုလ်ခံရတာလား စိတ်မူမမှန်သူအရူးနဲ့ ကြာကြာနေရလို့ဖြစ်တာလားဆိုတာတော့ သူမိန်းမခမျာမှာ ဘာမှနားမလည်ချင်တော့ပါဘူး စိတ်မူမမှန်သူ၂ယောက်ကို
ဆေးကုလိုက်ရရာအလုပ်လုပ်ပြီးရှာဖွေလိုက်နဲ့မြင်နေရတယ်

ရွာကမောင်ထူးဆို တောင်သူဆိုတော့ စပါးကြိုပေးယူ အရက်သောက် သူလုပ်ကိုင်လို့ရလာတဲ့စပါးတွေကို
စပါးကြိုပေးဆပ်နဲ့  စပါးပေါ်တဲ့အချိန်ကျလို့သူများတွေ စပါးရိပ်သိမ်းချွေလှေ့
စပါးကျည်ထဲသိမ်းချိန် သူခမျာ ထွက်တဲ့စပါး အရက်ဖိုးပြန်ဆပ်နေရတာနဲ့
သူစပါးကျည်ဟာ ဟောင်းလောင်းဖြစ်နေတယ် မိဘတွေကစကားနည်းလို့ တောရွာဓလေ့ မသိကျိုးကျင်ပြုပေမယ့် အသက်အရွယ်ငယ်သေးပေမယ့် လောကအရက်သမားတို့ထုံးစံအတုင်း ဖောရှောဖြစ်ပြီးမသေခင်နာမကျန်းဖြစ် ယောက်ကျားတန်မဲ့ သူခမျာ ဗိုက်ပူပီးသေသွားရှာတယ်

ဦးတိုးကြီးညီဦးမိုးကတော့ အရက်သောက်တော့ သွေးတိုးပြီး လေဖြတ်လို့
ခုထိရှိသေးတယ် လမ်းလျှောက်လာချိန်ဆိုပိုလီယိုရောဂါသယ်လို သူခမျာ လိမ်ကောက်လို့ပေါ့
သူနဲ့အတူသောက်ဖော်သောက်ဖက်တစ်ယောက်ကတော့ လေဖြတ်အိပ်ရာထဲလဲပြီး ချေးပေ သေးပေနဲညစ်ပေနံစော်စွာ အချိန်တော်တော်ကြာနေရပြီးသေသွားရှာတယ်

 ရပ်ကွက်ထဲမှာအဝတ်လည်လျှော်ဖွတ်နေတဲ့မမြခမျာလည်းသနားစရာ
သူလင်အရက်သမားကိုစိတ်မချဘူး သူမှာသမီးကတစ်ယောက်ထဲမွေးထားပီး
သူ့ယောက်ကျားက သူမရှိတဲ့ချိန် အရက်မူးအိမ်ပြန်လာချိန်နဲ့ သူသမီးလေးကျောင်းပြန်လာချိန်ကို မူးမူးနဲ့ အရွယ်ရောက်နေတဲ့သမီးဖြစ်သူကို အင်္ဂလိပ်ဇာတ်ကားတွေထဲကလိုနမ်းနေတာ ဘေးအိမ်ကပြောပြလို့သူခမျာ
ရင်တမမနဲ့ စိတ်ပူပီးအဝတ်သာရပ်ကွက်ထဲလိုက်လျော်နေတာ အိမ်ကလင်နဲ့ သမီးကို စိတ်ကမဖြောင့်ဘူးဖြစ်နေရှာတယ်

သမီးလေးတွေကျောင်းမှာလည်း ကျောင်းသူလေးတစ်ယောက် မူးလဲလို့
ဆရာမက ဆေးခန်းလိုက်ပို့တော့ ကျောင်းသူလေးမှာ ကိုယ်ဝန်ရှိနေတာမို့ ဖြစ်ခဲ့တာ ဘယ်သူနဲ့လည်း ဆရာမခမျာ  ချော့မေးတော့ မကြားဝံ့မနာသာ သူအဖေနဲ့လို့ပြောတော့ ဆရာမထိန့်လန့် တုန်လှုပ်ပီး သူ့အမေကိုအကြောင်းကြား ကျောင်းသူအမေကိုမေးကြည့်တော့
သူယောက်ကျားကအရက်မသောက်တတ်ပါဘူး ရာထူးတက်လို့ နေရာပြောင်းရတော့ သူငယ်ချင်းတွေကိုကျွေးမွေးနုတ်ဆက်တော့ သောက်စားမိပြီး အဲ့ဒီညမှာသူအဖေကမူးမူးနဲ့ မိန်းမနဲ့သမီးလွဲ အိပ်မိတာတဲ့
သူတို့မိသားစုက သမီးလေးတစ်ယောက်ထဲရှိတာမို့ မိသားစု အတူတူအိပ်တာခွဲမအိပ်ကျဘူးတဲ့အရက်သောက်လာတော့ မကြားဘူးမဖြစ်ဘူးတာတွေ ဖြစ်ကုန်တာပေါ့ အဲ့ဒီ့အချိန်ကစလို့ မိသားစုလိုက်ပြောင်းရွေ့သွားကျတာခုထိပုံပြင်တပုဒ်ဖြစ်ကျန်ခဲ့ပါတယ်

မူးရူးသောက်စား ကားမောင်းကားတိုက် ကားပေါ်ပါသူသေကျေ မောင်းသူသေ
မူးယစ်သောက်စား အုပ်စုဖွဲ့ပြသနာရှာ ထိုးနှက် သတ်ဖြတ်
မူးယစ်သောက်စား မိသားစုချင်း ပြသနာတက် သတ်ဖြတ်
မူးရူးသောက်စား အမိသတ် အဖသတ်  ညီအကိုချင်းသတ်
မူးယစ်သောက်စား အမိကို မုဒိန်းကျင့် အရွယ်မရောက်သော ကလေးသူငယ်ကို မုဒိန်းကျင့်
မူးယစ်သောက်စား မိသားစုအား ခုတ်သတ်နဲ့ အရက်သမားမိသားစုများအား

သေသွားသူကိုသနားရမှာလား ကျန်ခဲ့သူကိုသနားရမှာလား
(ဖြစ်ရပ်မှန်)

Friday, December 16, 2016

ရင်ထဲထိစေ

ရင်မှာဆွေးနေ
လွမ်းတွေးဝေချိန်
စိတ်တေလေဟာ ချစ်သူရှိရာ
တိမ်နဲ့အတူလွင့်မျောသည်
ချစ်သူမြင်သိ ရင်ထဲထိစေ
လမင်းထံပါး အလွမ်းလေးတွေချိတ်ထားသည်
ကြယ်ရောင်ပျိုးပြက် ညနက်နက်မှာ
မျှော်ရည်မှန်းဆ အလွမ်းတေးတွေသီထားသည်..


Thursday, December 15, 2016

ကိုယ်နေရာမှာ မှုးကြီးမတ်

ကိုယ့် နေရာမှာဆို မှုးကြီးမတ်
သူများထံဆို ဘူးသီးဖတ်

သူများဘဝထဲ ကိုယ်ကလိုလိုချင်ချင် ဝင်သွားချိန်ဆိုဗူးသီးဖတ်

ကိုယ့်နေရာမှန်ကို ကိုယ်မေ့နေသမျှတော့
ခံပေဦးပေါ့

ကိုယ့်အသိုင်းဝိုင်း ကိုယ့်ဝန်းကျင်နေရာဆို မှုးကြီးမတ်

 အားလုံး၏စံပြလေးစား ချစ်ခင်မြတ်နိုးခြင်းခံရသူပေါ့

နေရာမှန် လူမှန် ကြည့်တတ်မြင်တတ်ပါစေကွယ်

မှန်မျိုးစုံ မြင်ဘူးအောင်ကြည့်နော်

Sunday, December 11, 2016

လင်ယူမှားခြင်း

ကိုယ့် နေရာမှာဆို မှုးကြီးမတ်
သူများထံဆို ဘူးသီးဖတ်

သူများဘဝထဲ ကိုယ်ကလိုလိုချင်ချင် ဝင်သွားချိန်ဆိုဗူးသီးဖတ်

ကိုယ့်နေရာမှန်ကို ကိုယ်မေ့နေသမျှတော့
ခံပေဦးပေါ့

ကိုယ့်အသိုင်းဝိုင်း ကိုယ့်ဝန်းကျင်နေရာဆို မှုးကြီးမတ်

 အားလုံး၏စံပြလေးစား ချစ်ခင်မြတ်နိုးခြင်းခံရသူပေါ့

နေရာမှန် လူမှန် ကြည့်တတ်မြင်တတ်ပါစေကွယ်

မှန်မျိုးစုံ မြင်ဘူးအောင်ကြည့်နော်

Wednesday, November 30, 2016

ရင်ခုန်သံတိုင်း မင်းအတွက်ဖြစ်စေတယ်

ဘာအတွက်​​ကြောင့်​များငါ့ကို...
ဒဏ်​ရာ​တွေနဲ့မင်းဘဝ ဆက်​​စေသလဲ
ဒါဟာ မင်းအချစ်​ဆို... ကိုယ်​ခံယူပါမယ်​.......
ပျော်​​နေဖို့အ​ရေးကြီးတာပါ.....
နာသူအတွက်လှည့်ကြည့်ဖို့မလိုပါ လိုနေသမျှတွေ ဖြည့်စွမ်းဖို့ကြိုးစားရင်း အဝေးက ချစ်နေ ......

🎶🎶ငါ..အစွမ်းကုန်ချစ်ခဲ့တယ်....ရင်ခုန်သံတိုင်းမင်းအတွက်ဖြစ်စေတယ်...မချစ်မှန်းသိတောင်...မငြို ငြင်ခဲ့...ဘယ်လိုလူနဲ့အစားထိုးမှာလဲ...ဘယ်လိုချစ်ခြင်းမင်းအတွက်ပြည့်စုံမယ်...ချစ်​​နေမိတာ....
မှားနေလည်းလေ...မပြင်​​တော့ဘူးးချစ်သူ.................
နာကျင်စရာ..သူပြောတဲ့စကားးတွေ...မနာနိုင်အောင်...
ကိုယ်ချစ်မိနေတော့....ပြန်မလာတောင်..နောက်ဆုံးအပြုံးလေးနဲ့...
နုတ်ဆက်ပေးးးးးပါ...ကိုယ်ပျော်ချင်လို့..ငိုနေတောင်ကိုယ်ပြုံးပြပါ့မယ်..
ပျော်နေပါ..ကိုယ်ချစ်တဲ့ငှက်ကလေးးးးးးးးးအဆင်ပြေသွားအောင်...
ကိုယ်ရဲ့အသဲကို...ခွဲပေးလိုက်ပါတယ်......🎶🎶

ရေး- ကိုစု
ဆို ဆွီဝတ်ရည်သောင်း  ..ချစ်ပိုး

https://my.pcloud.com/publink/show?code=XZjbSPZ2MqgNXru607WqdncQUs94zTpfUiX https://my.pcloud.com/publink/show?code=XZjbSPZ2MqgNXru607WqdncQUs94zTpfUiX

Sunday, August 7, 2016

8888 လေးလုံးနာကျည်းသံ

💙👄Valentine💋💙 နေ့တဲ့လားကွယ်
ကိုယ်က လူချစ်လူခင်ပေါလွန်းတော့
ဖျာအောက်ဝင်ပုန်းအိပ်မို့ လုပ်နေတုန်းကို ဖုန်းမည်သံလေးကြားလို့
အမြန်အပြေးအလွှားလေးဖုန်းကိုင်လိုက်ချိန်မှာ
ဟလို  ဟလို  လက်ဆောင်လာပေးခိုင်းလို့ပါခင်ဗျ လင်းလက်ကွမ်းယာဆိုင်နားကစောင့်နေမယ် အခုလာယူပေးပါဗျာ
ဘယ်ကပေးခိုင်းတာလည်း ဘာပစ္စည်းလည်းဆိုတော့ ဘာမှန်းမသိဘူးခင်ဗျ
လူကြုံပေးခိုင်းလို့ ယူလာပို့ပေးတာပါတဲ့  မြန်မာသံလည်းမပီ ရှမ်းသံဝဲဝဲလေးနဲ့
ဘယ်ကမှန်းလည်းမသိ  ဘာပစ္စည်းမှန်းလည်းမသိ  ပါဆယ်ပစ္စည်းတဲ့
ဒီခတ်ကြီးလာပေးတိုင်းမယူရဲဘူး တော်ကြာ ထကွဲနေမှဒုက္ခ (ဗုံးပြောပါတယ်)
အေးအခုလာပြီ ခဏစောင့်ဆိုပြီး လမ်းထိပ်က ကွမ်းယာဆိုင် အမြန်လေးသွားတော့ ကွမ်းယာဆိုင်နဲ့ခပ်လှမ်းလှမ်းလေးရောက်ချိန်မှာ အရပ်မြင့်မြင်နဲ့ အသားဖြူဖြူ အသက်၂၈နှစ်လောက်
ကောင်လေးတစ်ယောက်က စူးစူးစိုက်စိုက်ကိုယ့်ကိုကြည့်ပြီး လက်ယပ်ခေါ်လိုက် သူ့ကိုယ်သူရင်ဘတ်လေးပုတ်ပြလိုက်နဲ့ လုပ်နေတာ သူနဲ့လည်းကိုယ်ကမသိ မင်းငါ့ကိုအစောနက ဖုန်းလှမ်းဆက်သူလား မေးလိုက်တော့
အသံဝဲဝဲလေးနဲ့ ဟုတ်ခင်ဗျာ လက်ဆောင်လေးလာပေးခိုင်းလို့ပါခင်ဗျာဆိုပြီး
ဒီချောကလက်လေးကို သူရဲ့ဆိုင်ကယ်ပုံးလေးထဲကနေယူပြီးပေးတယ်
ဘယ်သူပေးခိုင်းလည်းသိလားဆိုတော့လည်း မသိဘူးခင်ဗျတဲ့
အာ့ဖြင့် ပေးခိုင်းသူကိုရောမြင်ဘူးလားဆိုတော့လည်းမသိဘူးခင်ဗျတဲ့
ဘာမေးမေး မသိဘူးကိုတွင်တွင်သုံးနေတော့တာမို့ အေးပါပေးပို့ခိုင်းသူကိုတော့မြင်ဘူးလားဆိုတော့မှ ဟုတ်ကဲ့တဲ့
အခုတစ်ခါပဲသိဘူးတာ မြင်ဘူးတာပါခင်ဗျတဲ့
အာ့နဲ့ စိတ်ကခပ်မြန်မြန်ဆိုတော့ ချောကလက်ဗူး လေးလှမ်းယူရင်းနဲ့
ပေးခိုင်းသူက ချောလား လှလားမေးလိုက်တော့  ဖြေတာများမြန်ချက်လှတယ်ခင်ဗျ ချောတယ်ခင်ဗျတဲ့
အင်္ကျီ အနီရောင်လေးနဲ့ လှတယ်ဗျာတဲ့
အော်...
ကိုယ်နဲ့မဆိုင်ဘူးထင်ထားတဲ့နေ့လေးတစ်နေ့ဟာ ဘဝမှာ အမှတ်ထင်ထင်နေ့တစ်နေ့ဖြစ်လာတယ်
အချစ်တွေဟာ ကိုယ်မသိလိုက်တဲ့အချိန်မှာ
တိတ်တိတ်လေးရောက်လာပြီး အဝေးကိုပြန်ထွက်ပြေးလို့
ဝေးသွားပြန်တယ်ကွယ်
💙Valentine 💙တဲ့လားကွယ်
အချစ်တွေနဲ့အတူ
တူတူပုန်းလိုက်ဦးပေါ့ကွယ်
💙💝💝💝💘💘💘💖💖💖💗💗💗💙
💓ချောကလက်ဗူးလေးမြင်လိုက်ချိန်မှာ💓
💓လှပ်ကနဲတုန်💓ရင်ခုန်သွားတဲ့ နှလုံးသားလေး 💓တုန်လှုပ်သွားတာကို
သက်ဆိုင်သူကြားသိနိုင်ပါစေ💓
အမှန်တရ ချစ်လက်ဆောင်အဖြစ် ချောကလက်လေးပေးပို့
သူလေး ကျန်းမာပျော်ရွှင် ဘေးရန်ကင်းပပြီး
သူတော်ကောင်းနှင့်တွေ့ဆုံ၍ သူယုတ်မာတွေဝေးပါစေ
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပြည်စုံ၍ ကောင်းမှုတောင်းဆုပြည့်ပါစေ..
ချစ်လက်ဆောင်အဖြစ် မေတ္တာ ပို့သပေးလိုက်ပါတယ်..
မိသားစုများအားလုံး ကျန်းမာပျော်ရွှင်ပါစေ..


Tuesday, August 2, 2016

ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)

ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)

မြန်မာစကားပျက်သွားတဲ့ ဖေ့ဘုတ်
အလှတအားတက်သွားတဲ့ ဖေ့ဘုတ်
ဘဝတအားပျက်သွားတဲ့ ဖေ့ဘုတ်
အလုပ်များပျက်သွားတဲ့ ဖေ့ဘုတ်
လူချင်းချိန်းတဲ့ ဖေ့ဘုတ်
အပူသတင်းပေးတဲ့ ဖေ့ဘုတ်
အကူအသင်းပေးတဲ့ ဖေ့ဘုတ်
ယူတာသတင်းပေးတဲ့ ဖေ့ဘုတ်
လှူတာသတင်းပေးတဲ့ ဖေ့ဘုတ်
ကွာတာ ပျာတာ ဖာဒါ သတင်းပေးတဲ့ ဖေ့ဘုတ်
ပျိုမသိ အိုမသိ ကလေးသူငယ်မသိ ကြောင်တတ်တဲ့ ဖေ့ဘုတ်
လှောင်တတ်တဲ့ ဖေ့ဘုတ်
ဆယ်ဖီ စက်စီ ဝေစီတဲ့ ဖေ့ဘုတ်
တရားဘဝနာ ဆေးဝါးဖွေရှာတဲ့ ဖေ့ဘုတ်
အတင်းရောတတ်တဲ့ ဖေ့ဘုတ်
သတင်းပြောတတ်တဲ့ ဖေ့ဘုတ်
ထမင်းစားရင်းပြောတတ်တဲ့ ဖေ့ဘုတ်
ဈေးရောင်းတဲ့ဖေ့ခ်ဘုတ် အကျွေးတောင်းတဲ့ ဖေ့ဘုတ်
ကမ္ဘာအဝေးနီးစေတဲ့ ဖေ့ဘုတ်
ပုံတွေတင်ပီး အမြည်းစေတဲ့ ဖေ့ဘုတ်
ကဗျာ စာပေ ဝေစည်တဲ့ ဖေ့ဘုတ်
အထာနဲ့ဆဲတဲ့ ဖေ့ဘုတ်
ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့ဘုတ်
ဘဝတစ်ခုလှစေတဲ့ ဖေ့ဘုတ် ပရဟိတမျှဝေတဲ့ ဖေ့ဘုတ်
ဘာသာ သာသနာကမ္ဘာဖြန့်တဲ့ ဖေ့ဘုတ်
ဖေ့ဘုတ်နဲ့အိပ်ယာဝင် ဖေ့ဘုတ်နဲ့နိုးထ
အိမ်သာထဲထိ အချိုးကျ  ဖေ့ဘုတ်ဟာ သူတို့ဘဝ