Pages

Sunday, August 7, 2016

8888 လေးလုံးနာကျည်းသံ

💙👄Valentine💋💙 နေ့တဲ့လားကွယ်
ကိုယ်က လူချစ်လူခင်ပေါလွန်းတော့
ဖျာအောက်ဝင်ပုန်းအိပ်မို့ လုပ်နေတုန်းကို ဖုန်းမည်သံလေးကြားလို့
အမြန်အပြေးအလွှားလေးဖုန်းကိုင်လိုက်ချိန်မှာ
ဟလို  ဟလို  လက်ဆောင်လာပေးခိုင်းလို့ပါခင်ဗျ လင်းလက်ကွမ်းယာဆိုင်နားကစောင့်နေမယ် အခုလာယူပေးပါဗျာ
ဘယ်ကပေးခိုင်းတာလည်း ဘာပစ္စည်းလည်းဆိုတော့ ဘာမှန်းမသိဘူးခင်ဗျ
လူကြုံပေးခိုင်းလို့ ယူလာပို့ပေးတာပါတဲ့  မြန်မာသံလည်းမပီ ရှမ်းသံဝဲဝဲလေးနဲ့
ဘယ်ကမှန်းလည်းမသိ  ဘာပစ္စည်းမှန်းလည်းမသိ  ပါဆယ်ပစ္စည်းတဲ့
ဒီခတ်ကြီးလာပေးတိုင်းမယူရဲဘူး တော်ကြာ ထကွဲနေမှဒုက္ခ (ဗုံးပြောပါတယ်)
အေးအခုလာပြီ ခဏစောင့်ဆိုပြီး လမ်းထိပ်က ကွမ်းယာဆိုင် အမြန်လေးသွားတော့ ကွမ်းယာဆိုင်နဲ့ခပ်လှမ်းလှမ်းလေးရောက်ချိန်မှာ အရပ်မြင့်မြင်နဲ့ အသားဖြူဖြူ အသက်၂၈နှစ်လောက်
ကောင်လေးတစ်ယောက်က စူးစူးစိုက်စိုက်ကိုယ့်ကိုကြည့်ပြီး လက်ယပ်ခေါ်လိုက် သူ့ကိုယ်သူရင်ဘတ်လေးပုတ်ပြလိုက်နဲ့ လုပ်နေတာ သူနဲ့လည်းကိုယ်ကမသိ မင်းငါ့ကိုအစောနက ဖုန်းလှမ်းဆက်သူလား မေးလိုက်တော့
အသံဝဲဝဲလေးနဲ့ ဟုတ်ခင်ဗျာ လက်ဆောင်လေးလာပေးခိုင်းလို့ပါခင်ဗျာဆိုပြီး
ဒီချောကလက်လေးကို သူရဲ့ဆိုင်ကယ်ပုံးလေးထဲကနေယူပြီးပေးတယ်
ဘယ်သူပေးခိုင်းလည်းသိလားဆိုတော့လည်း မသိဘူးခင်ဗျတဲ့
အာ့ဖြင့် ပေးခိုင်းသူကိုရောမြင်ဘူးလားဆိုတော့လည်းမသိဘူးခင်ဗျတဲ့
ဘာမေးမေး မသိဘူးကိုတွင်တွင်သုံးနေတော့တာမို့ အေးပါပေးပို့ခိုင်းသူကိုတော့မြင်ဘူးလားဆိုတော့မှ ဟုတ်ကဲ့တဲ့
အခုတစ်ခါပဲသိဘူးတာ မြင်ဘူးတာပါခင်ဗျတဲ့
အာ့နဲ့ စိတ်ကခပ်မြန်မြန်ဆိုတော့ ချောကလက်ဗူး လေးလှမ်းယူရင်းနဲ့
ပေးခိုင်းသူက ချောလား လှလားမေးလိုက်တော့  ဖြေတာများမြန်ချက်လှတယ်ခင်ဗျ ချောတယ်ခင်ဗျတဲ့
အင်္ကျီ အနီရောင်လေးနဲ့ လှတယ်ဗျာတဲ့
အော်...
ကိုယ်နဲ့မဆိုင်ဘူးထင်ထားတဲ့နေ့လေးတစ်နေ့ဟာ ဘဝမှာ အမှတ်ထင်ထင်နေ့တစ်နေ့ဖြစ်လာတယ်
အချစ်တွေဟာ ကိုယ်မသိလိုက်တဲ့အချိန်မှာ
တိတ်တိတ်လေးရောက်လာပြီး အဝေးကိုပြန်ထွက်ပြေးလို့
ဝေးသွားပြန်တယ်ကွယ်
💙Valentine 💙တဲ့လားကွယ်
အချစ်တွေနဲ့အတူ
တူတူပုန်းလိုက်ဦးပေါ့ကွယ်
💙💝💝💝💘💘💘💖💖💖💗💗💗💙
💓ချောကလက်ဗူးလေးမြင်လိုက်ချိန်မှာ💓
💓လှပ်ကနဲတုန်💓ရင်ခုန်သွားတဲ့ နှလုံးသားလေး 💓တုန်လှုပ်သွားတာကို
သက်ဆိုင်သူကြားသိနိုင်ပါစေ💓
အမှန်တရ ချစ်လက်ဆောင်အဖြစ် ချောကလက်လေးပေးပို့
သူလေး ကျန်းမာပျော်ရွှင် ဘေးရန်ကင်းပပြီး
သူတော်ကောင်းနှင့်တွေ့ဆုံ၍ သူယုတ်မာတွေဝေးပါစေ
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပြည်စုံ၍ ကောင်းမှုတောင်းဆုပြည့်ပါစေ..
ချစ်လက်ဆောင်အဖြစ် မေတ္တာ ပို့သပေးလိုက်ပါတယ်..
မိသားစုများအားလုံး ကျန်းမာပျော်ရွှင်ပါစေ..


Tuesday, August 2, 2016

ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)

ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့စ်ဘုတ်( Facebook)

မြန်မာစကားပျက်သွားတဲ့ ဖေ့ဘုတ်
အလှတအားတက်သွားတဲ့ ဖေ့ဘုတ်
ဘဝတအားပျက်သွားတဲ့ ဖေ့ဘုတ်
အလုပ်များပျက်သွားတဲ့ ဖေ့ဘုတ်
လူချင်းချိန်းတဲ့ ဖေ့ဘုတ်
အပူသတင်းပေးတဲ့ ဖေ့ဘုတ်
အကူအသင်းပေးတဲ့ ဖေ့ဘုတ်
ယူတာသတင်းပေးတဲ့ ဖေ့ဘုတ်
လှူတာသတင်းပေးတဲ့ ဖေ့ဘုတ်
ကွာတာ ပျာတာ ဖာဒါ သတင်းပေးတဲ့ ဖေ့ဘုတ်
ပျိုမသိ အိုမသိ ကလေးသူငယ်မသိ ကြောင်တတ်တဲ့ ဖေ့ဘုတ်
လှောင်တတ်တဲ့ ဖေ့ဘုတ်
ဆယ်ဖီ စက်စီ ဝေစီတဲ့ ဖေ့ဘုတ်
တရားဘဝနာ ဆေးဝါးဖွေရှာတဲ့ ဖေ့ဘုတ်
အတင်းရောတတ်တဲ့ ဖေ့ဘုတ်
သတင်းပြောတတ်တဲ့ ဖေ့ဘုတ်
ထမင်းစားရင်းပြောတတ်တဲ့ ဖေ့ဘုတ်
ဈေးရောင်းတဲ့ဖေ့ခ်ဘုတ် အကျွေးတောင်းတဲ့ ဖေ့ဘုတ်
ကမ္ဘာအဝေးနီးစေတဲ့ ဖေ့ဘုတ်
ပုံတွေတင်ပီး အမြည်းစေတဲ့ ဖေ့ဘုတ်
ကဗျာ စာပေ ဝေစည်တဲ့ ဖေ့ဘုတ်
အထာနဲ့ဆဲတဲ့ ဖေ့ဘုတ်
ကမ္ဘာကြီးထဲကဖေ့ဘုတ် ရွာကြီးထဲက ဖေ့ဘုတ်
ဘဝတစ်ခုလှစေတဲ့ ဖေ့ဘုတ် ပရဟိတမျှဝေတဲ့ ဖေ့ဘုတ်
ဘာသာ သာသနာကမ္ဘာဖြန့်တဲ့ ဖေ့ဘုတ်
ဖေ့ဘုတ်နဲ့အိပ်ယာဝင် ဖေ့ဘုတ်နဲ့နိုးထ
အိမ်သာထဲထိ အချိုးကျ  ဖေ့ဘုတ်ဟာ သူတို့ဘဝ

Sunday, July 31, 2016

လောကပါလပျက်စီးခြင်း

လောကပါလ ပျက်စီးခြင်း

ကျွန်းမသိ
 တောမသိ
 တောင်မသိ

လယ်မသိ
ယာမသိ

ကမ်းမသိ
 မြစ်မသိ

တန်ဖိုးမရှိသူ
တန်ဖိုးမသိ

စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏

တော တောင် မြေငို
ကမ်းတွေပြို

လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်

 မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ  ရေပျောက်
မြေရှိ  ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်

အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်

သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်။

သိမ်းရောင်းလောက

မြေ ပိုင်ရှင်မရှိ  မြေသိမ်း
ယာ ပိုင်ရှင်မရှိ  ယာသိမ်း
မြစ် ပိုင်ရှင်မရှိ  မြစ်သိမ်း
သိမ်းရောင်းလောက
သိခြင်းတွေနဲ့
မသိခြင်းတွေနဲ့ ဘောင်ခတ်
အမည်တတ် ရယူ
 နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
 ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..

Wednesday, June 29, 2016

ခဏလေးနော်

ခဏလေးနော်
ဒီခဏလေးကို လူလည်းဖြစ် ဘုရားသာသနာတွင်းကြုံ ထောင်နိုင်တဲ့နားလည်းပါတယ်..
ဒီခဏလေးကို ရုပ်နဲ့နာမ်လှည့်ပါတ်နေတာ..
ဒီခဏလေးကို ခန္ဓာသည် သေရွာလမ်းမှတစ်ပါးဘယ်မှမသွားပါ
ဒီခဏလေးကို အသေမဦးခင်ဥာဏ်ဦးဖို့ပြင်ပါ
ယ္ခုရထားသော ခဏလေးကို သောက ပရိဒေ၀တွေ မလောင်ပါစေနဲ့
ယ္ခုရထားသော ခဏလေးကိုစိုးရိမ်ကြောင့်ကြမှုနှင့် အချိန်မကုန်ပါစေနဲ့
မဂ်ဥာဏ်ရနိုင်သော ခဏလေး ယ္ခုကြုံနေချိန်
ကိုယ့်ခဏလေးကို ကိုယ်နှမျှောပါ..
ကိုယ့်အရေးကိုယ်ကြည့်ပါ ယ္ခုခဏလေးပြန်မရပါ..
ဒုက္ခုခပ်သိမ်းကင်းငြိမ်းရာကို ကိုယ်လုပ်မှကိုယ်ရနိုင်မည်..
သူများအရေးကြောင့်ရင်ထုမနေပါနဲ့
ကိုယ့်အရေး အပါယ်လေးပါးဘေး တွေး၍ ရင်ထုပါ..
ကိုယ့်အနာမပျောက်သေးပဲနှင့် သူများအနာအတွက် မျက်ရည်ကျမနေပါနဲ့
ယ္ခုခဏလေး ကိလေသာဖြစ်သော သားအတွက်
သမီးအတွက် ဆွေအတွက် မျိုးအတွက် မြို့ရွာအတွက်ယ္ခုခဏလေးအချိန်မကုန်ပါစေနှင့်
ဒိဌိစင်မှ နိဗ္ဗာန်ရနိုင်မည်..

မိုးကုတ်ဆရာတော်ဘုရားဦးဝိမလ






စိတ်

စိတ်
ရာသီကပူ
လူငွေ့ကပူ
စိတ်တွေကအပူအိုး
တော်တော်ဆိုး
စိတ်ထား
ယုတ်ညံကြလို့
ကပ်ချင်ရာကပ်ကြတော့
ကပ်ဆိုက်နေတာ..
ကပ်ရမှာကတရားတော်မိန့်ထားတဲ့အတိုင်း
မေတ္တာ
နှလုံးသားနားကပ်ပြီးထားရမှာ
ကပ်နေတာက
အကုသိုလ်စိတ်
အမှားများသောနေရာ
ခင်မိခင်ရာ မြင်မိမြင်ရာပါ..
အမှောင်ထဲကလူသား
ဘောင်ထဲကအယူမှား
ဘောင်ခတ် ထားတဲ့လောကကို
ဘောင်ထဲကကြည့်နေပေမယ့်
အနားသပ်က မလှပဘူး

Monday, June 27, 2016

နှောင်ဖွဲ့ခြင်း

အလွမ်းတွေဟာ မပျိုးပဲရှင်သန်ပြီး 

စိတ်ကိုနှောင်ဖွဲ့ထားတယ်



ချစ်သူလက်ဆောင်
အလွမ်းတစ်ခြင်း ပန်းတစ်ခြင်းနဲ့
ချစ်သူရှိရာ အရောက်လှမ်းလို့
လွမ်းအိပ်မက်တွေ ယူလာတယ်
ရင်ခုန်သံတွေ ထည့်ထားတယ်
ပျော်ရွှင်ခြင်းတွေ ထည့်ထားတယ်
ကြည်နူးခြင်းတွေ ထည့်ထားတယ်
ချစ်သူလက်ဆောင် ပန်းလက်ဆောင်နော်
ချစ်ခြင်းအပြည့်ပါလာတယ်

multiply သတိရခြင်းအမှတ်တရ


Sunday, June 19, 2016

အဖေများနေ့ အမှတ်တရ

အဖေများနေ့အမှတ်တရ
အဖေဆိုတာ သားသမီးတို့၏တန်ခိုးရှင်
အားလုံးကို လမ်းပြ အလင်းမျှဝေသူ
အဖေအားလုံး ကျန်းမာပျော်ရွှင်ပါစေ..