Pages

Sunday, July 31, 2016

လောကပါလပျက်စီးခြင်း

လောကပါလ ပျက်စီးခြင်း

ကျွန်းမသိ
 တောမသိ
 တောင်မသိ

လယ်မသိ
ယာမသိ

ကမ်းမသိ
 မြစ်မသိ

တန်ဖိုးမရှိသူ
တန်ဖိုးမသိ

စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏

တော တောင် မြေငို
ကမ်းတွေပြို

လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်

 မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ  ရေပျောက်
မြေရှိ  ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်

အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်

သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်။

သိမ်းရောင်းလောက

မြေ ပိုင်ရှင်မရှိ  မြေသိမ်း
ယာ ပိုင်ရှင်မရှိ  ယာသိမ်း
မြစ် ပိုင်ရှင်မရှိ  မြစ်သိမ်း
သိမ်းရောင်းလောက
သိခြင်းတွေနဲ့
မသိခြင်းတွေနဲ့ ဘောင်ခတ်
အမည်တတ် ရယူ
 နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
 ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..

Wednesday, June 29, 2016

ခဏလေးနော်

ခဏလေးနော်
ဒီခဏလေးကို လူလည်းဖြစ် ဘုရားသာသနာတွင်းကြုံ ထောင်နိုင်တဲ့နားလည်းပါတယ်..
ဒီခဏလေးကို ရုပ်နဲ့နာမ်လှည့်ပါတ်နေတာ..
ဒီခဏလေးကို ခန္ဓာသည် သေရွာလမ်းမှတစ်ပါးဘယ်မှမသွားပါ
ဒီခဏလေးကို အသေမဦးခင်ဥာဏ်ဦးဖို့ပြင်ပါ
ယ္ခုရထားသော ခဏလေးကို သောက ပရိဒေ၀တွေ မလောင်ပါစေနဲ့
ယ္ခုရထားသော ခဏလေးကိုစိုးရိမ်ကြောင့်ကြမှုနှင့် အချိန်မကုန်ပါစေနဲ့
မဂ်ဥာဏ်ရနိုင်သော ခဏလေး ယ္ခုကြုံနေချိန်
ကိုယ့်ခဏလေးကို ကိုယ်နှမျှောပါ..
ကိုယ့်အရေးကိုယ်ကြည့်ပါ ယ္ခုခဏလေးပြန်မရပါ..
ဒုက္ခုခပ်သိမ်းကင်းငြိမ်းရာကို ကိုယ်လုပ်မှကိုယ်ရနိုင်မည်..
သူများအရေးကြောင့်ရင်ထုမနေပါနဲ့
ကိုယ့်အရေး အပါယ်လေးပါးဘေး တွေး၍ ရင်ထုပါ..
ကိုယ့်အနာမပျောက်သေးပဲနှင့် သူများအနာအတွက် မျက်ရည်ကျမနေပါနဲ့
ယ္ခုခဏလေး ကိလေသာဖြစ်သော သားအတွက်
သမီးအတွက် ဆွေအတွက် မျိုးအတွက် မြို့ရွာအတွက်ယ္ခုခဏလေးအချိန်မကုန်ပါစေနှင့်
ဒိဌိစင်မှ နိဗ္ဗာန်ရနိုင်မည်..

မိုးကုတ်ဆရာတော်ဘုရားဦးဝိမလ






စိတ်

စိတ်
ရာသီကပူ
လူငွေ့ကပူ
စိတ်တွေကအပူအိုး
တော်တော်ဆိုး
စိတ်ထား
ယုတ်ညံကြလို့
ကပ်ချင်ရာကပ်ကြတော့
ကပ်ဆိုက်နေတာ..
ကပ်ရမှာကတရားတော်မိန့်ထားတဲ့အတိုင်း
မေတ္တာ
နှလုံးသားနားကပ်ပြီးထားရမှာ
ကပ်နေတာက
အကုသိုလ်စိတ်
အမှားများသောနေရာ
ခင်မိခင်ရာ မြင်မိမြင်ရာပါ..
အမှောင်ထဲကလူသား
ဘောင်ထဲကအယူမှား
ဘောင်ခတ် ထားတဲ့လောကကို
ဘောင်ထဲကကြည့်နေပေမယ့်
အနားသပ်က မလှပဘူး

Monday, June 27, 2016

နှောင်ဖွဲ့ခြင်း

အလွမ်းတွေဟာ မပျိုးပဲရှင်သန်ပြီး 

စိတ်ကိုနှောင်ဖွဲ့ထားတယ်



ချစ်သူလက်ဆောင်
အလွမ်းတစ်ခြင်း ပန်းတစ်ခြင်းနဲ့
ချစ်သူရှိရာ အရောက်လှမ်းလို့
လွမ်းအိပ်မက်တွေ ယူလာတယ်
ရင်ခုန်သံတွေ ထည့်ထားတယ်
ပျော်ရွှင်ခြင်းတွေ ထည့်ထားတယ်
ကြည်နူးခြင်းတွေ ထည့်ထားတယ်
ချစ်သူလက်ဆောင် ပန်းလက်ဆောင်နော်
ချစ်ခြင်းအပြည့်ပါလာတယ်

multiply သတိရခြင်းအမှတ်တရ


Sunday, June 19, 2016

အဖေများနေ့ အမှတ်တရ

အဖေများနေ့အမှတ်တရ
အဖေဆိုတာ သားသမီးတို့၏တန်ခိုးရှင်
အားလုံးကို လမ်းပြ အလင်းမျှဝေသူ
အဖေအားလုံး ကျန်းမာပျော်ရွှင်ပါစေ..





Saturday, June 18, 2016

ဒေါ်အောင်ဆန်းစုကြည် ၇၁ မွေးနေ့ မေတ္တာဆုတောင်း

ဒေါ်အောင်ဆန်းစုကြည်အတွက်
အမှတ်တရမွေးနေ့မှာ
စုမေတ္တာ စုသစ္စာ စုအကြင်နာ
ဖြိုးဝေလျှံ၍ ပေးဆပ်ခြင်းကြောင့်
အမြင့်မြတ်ဆုံးဖြစ်သော
ခန္ဓာ အေးငြိမ်းရာ
နိဗ္ဗာန်ပန်းတိုင်ထိတိုင်  တက်လှမ်းနိုင်စေ
ဆုမွန်ချွေသည်
လိုရာဆုတောင်းပြည့်စေသော်








Thursday, April 21, 2016

နှာခေါင်းသွေးယိုသော်

နှာခေါင်းသွေးယိုသော်
မျက်နှာကိုရေခဲရေနဲ့မျက်နှာသစ်ပေးပါ
ဂျိုင်းကြားပေါင်ကြား ဒူးကြား တဒေါင်ကြား ရေခဲကပ်
 သွေးကြောတွေအေးသွားတော့သွေးမယိုတော့ဘူးပေါ့
 ရေခဲရေလောင်းချ
ရေခဲရေနဲ့ရေချိုးပေးပါ
 ဆီးဖြူသီးကိုညက်အောင်ထောင်းထိပ်ကနေအုံပေး
 နွားချေးခြောက်ရှုပေးပါ
သံပရာရည်ကိုဂျုံမှုန့်နဲရောနယ်နှာတံပေါ်လိမ်းပေး
ငှက်ပျောပင်အစေးကိုရှုပေး
 ခရမ်းကစော့မြစ်ကိုဆန်ဆေးရည်နဲ့သွေးသောက်ပါ

 တိုင်းရင်းမြန်မာဆေးနည်းများ