Pages

Thursday, April 21, 2016

နှာခေါင်းသွေးယိုသော်

နှာခေါင်းသွေးယိုသော်
မျက်နှာကိုရေခဲရေနဲ့မျက်နှာသစ်ပေးပါ
ဂျိုင်းကြားပေါင်ကြား ဒူးကြား တဒေါင်ကြား ရေခဲကပ်
 သွေးကြောတွေအေးသွားတော့သွေးမယိုတော့ဘူးပေါ့
 ရေခဲရေလောင်းချ
ရေခဲရေနဲ့ရေချိုးပေးပါ
 ဆီးဖြူသီးကိုညက်အောင်ထောင်းထိပ်ကနေအုံပေး
 နွားချေးခြောက်ရှုပေးပါ
သံပရာရည်ကိုဂျုံမှုန့်နဲရောနယ်နှာတံပေါ်လိမ်းပေး
ငှက်ပျောပင်အစေးကိုရှုပေး
 ခရမ်းကစော့မြစ်ကိုဆန်ဆေးရည်နဲ့သွေးသောက်ပါ

 တိုင်းရင်းမြန်မာဆေးနည်းများ


Monday, March 14, 2016

ရေအိပ်ဘာကြောင့်ဖြစ်တာလဲ

ရေအိတ် ဘာကြောင့်ဖြစ်တာလဲ
======================

ဖြစ်ရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ပေမယ့် နေထိုင်စားသောက်မှု ပုံစံ ပြောင်းလဲလာတာ၊ စိတ်ဖိစီးမှု များလာတာတွေနဲ့ အဓိက သက်ဆိုင်တယ်။ ဓာတု
ဆိုးဆေး မကင်းတဲ့ အစားအသောက်တွေ အစားများလာတယ်။ အဲဒီဆိုးဆေး၊ ပလပ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေထဲ မှာ xenon estrogen တွေ ပါလာတယ်။ အဲဒါတွေက အမျိုးသမီးတွေမှာ သွားပြီး ဒုက္ခပေးတာလို့ ပြောပါတယ်။ ဒီလိုရေအိတ် တည်တာက မျိုးရိုးနဲ့လည်း သက်ဆိုင်သလို ခပ်ဝဝဗိုက်ခေါက် ထူထူ အမျိုးသမီးတွေမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုတယ်။ မမျိုးဥအိမ်မှာ အဓိက
ဖြစ်တာက အလုံးအကျိတ်နှစ်မျိုး ရှိပါတယ်။ ရေအိတ်တည်တာနှင့် ကင်ဆာဖြစ်တာပါ။
မမျိုးဥအိမ်ကင်ဆာက လက္ခဏာမပြပါဘူး။ နောက်ကျမှ သိရတာများတာ
ကြောင့် မမျိုးဥအိမ်ကင်ဆာက ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။မမျိုးဥအိမ်မှာ ရေအိတ်တည်တာကလည်း လက္ခဏာမပြတတ်ဘူး။ တခြား
ရောဂါ တစ်ခုခုကြောင့် သွားပြရင်း ဓာတ်မှန်ရိုက်မှ တွေ့တတ်တာမျိုးပါ။ ရေအိတ်တည်
တာ အမျိုးမျိုးရှိပါတယ်။

Dermoid cyst ခေါ်တဲ့ ရေအိတ် တည်တာက အများဆုံး ဖြစ်တာ များပါတယ်။ ၉၅ ရာခိုင်နှုန်းက ကင်ဆာ မဟုတ်ပါဘူး။ PCOS လို့ခေါ်တဲ့ မမျိုးဥအိမ်မှာ အရေကြည်အိတ် ၁၂ လုံးအထက်ရှိတဲ့ရောဂါက အသက် ၃၀ ဝန်းကျင် အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကလေးမရနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ PCOS က ၃၀ရာခိုင်နှုန်းလောက် သက်ဆိုင်တယ်၊ မမျိုးဥအိမ်မှာ ရေအိတ်တည်တာက နောက်ဆက်တွဲ
ပြဿနာတွေအနေနဲ့ ရေရှည်မှာ ဆီးချို ၊ သွေးတိုးရောဂါ၊ သွေးတွင်းအဆီ များတာ၊
သားအိမ်ကင်ဆာ ဖြစ်နိုင်ခြေနဲ့လဲ ဆက်စပ်နေတယ်လို့ ပြောပါတယ်။ မမျိုးဥအိမ်မှာ
ရေအိတ်တည်တာက သားဥကြွေတဲ့ အချိန်မှာ အဖြစ်များပါတယ်။ တစ်ချို့သူတွေမှာ
ရေအိတ်ကြောင့် ပုံမှန်ရာသီမလာဘဲ နောက်ကျတာရှိသလို သွေးဆင်းများတာတွေ လည်း ဖြစ်လာပါတယ်။တစ်ချို့ကျတော့ ရေအိတ်ဖြစ်နေမှန်းကို မသိဘူး။ ရေအိတ်က ကြီးပြီးတင်းလာမှ နာလာမှ၊ ပေါက်ထွက်သွားတာမျိုး၊ အထဲမှာ လိမ်သွားပြီး နာလာမှ အရေးပေါ်ခွဲစိတ်ကုသရတာလဲ ရှိတယ်။

ရေအိတ်တည်သူတွေမှာ ဟော်မုန်းတွေ ပုံမမှန်ဖြစ်ပြီး ရာသီ မမှန်တာ၊ ဝက်ခြံ
ထွက်တာ၊မျက်နှာမှာ အဆီတွေထွက်လာတာ၊ အမွေး အမှင်တွေ ထူလာတာလည်း ရှိပါတယ်။ ဟော်မုန်း ပုံမမှန်ဖြစ်ရတဲ့ အကြောင်းရင်းများစွာထဲမှာ စိတ်ဝင်စားစရာ
က ဥပမာ- မွေးမြူရေး ဝက်တွေ စားသုံးတာနဲ့လည်း ဆက်စပ်နေတယ်လို့ ယူဆတယ်။
မွေုးမြူ ရေးဝက်တွေက ပုံမှန်တစ်နှစ်လောက်နဲ့ ကြီးထွားရမှာကို အခုနောက်ပိုင်း
ခြောက်လနဲ့ အမြန်ကြီးထွားအောင် ဟော်မုန်းဆေးတွေ ကျွေးလာကြတယ်လို့ ဆိုတယ်။
အဲဒီဟော်မုန်းဓာတ်တွေက အမျိုးသမီးရဲ့ မမျိုးဥအိမ်မှာ ရေအိတ်တည်ဖို့ တွန်းအားပေး
သလို ဖြစ်လာနိုင်တယ်လို့ ဆိုပါ တယ်။ ရေအိတ်တည်တဲ့အခါ အမျိုးသမီးတွေကို အာထရာ
ဆောင်း ရိုက်တာ၊ ဟော်မုန်း level စစ်တာတွေ လုပ်ပြီး လိုအပ်ရင် သောက်ဆေးပေး
တာ ပြုလုပ်ပါတယ်။ ရေအိတ်အရွယ်အစားက ၂ စင်တီမီတာလောက်ဆို စောင့်ကြည့်
တာမျိုးရှိပေမဲ့ ၅ စင်တီမီတာအထက် ရှိနေမယ်။ တဖြည်းဖြည်းနဲ့ ကြီးလာမယ်ဆိုရင် ခွဲစိတ်ပြီး ကုသရတယ်လို့ သိရတယ်။ အခုနောက်ပိုင်း ဆေးရုံဆေးခန်းတွေမှာ ဒီလိုမျိုး လူနာတွေ အတွေ့ရများလာတယ်။ အမျိုးသမီးတွေအနေနဲ့ နေထိုင်စားသောက်မှုပုံစံကို
ပြောင်းလဲရမယ်။ စိတ်ဖိစီးမှုနည်းအောင် နေရမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်တယ်။
ကိုယ့်မှာရှိတဲ့ ကိုယ်အလေးချိန်ရဲ့ ၅ ရာခိုင်နှုန်းလောက် ချဖို့လိုတယ်၊ အဝမလွန်
စေနဲ့။ ထို့ ပြင် ဓာတုဆိုးဆေး၊ ပလတ်စတစ်၊ ဟော်မုန်းဆေး၊ တာရှည်ခံဆေးတွေ
ပါတဲ့ အစားအစာတွေကို တတ်နိုင်ရင် ရှောင်ရမယ်လို့ အကြံပြုပါတယ်။


Healthcare.com.mm
သင့်ကျန်းမာရေး စောင့်ရှောက်ပေး

Credit :

Sunday, May 10, 2015

ဤကမ္ဘ္ဘာမှာ

အသွေးအသားထဲမှ
ချစ်လို့မဝ ရှု့လို့မညည်း
မမြင်သေးသည့် ဝမ်းကြာပိုက် ရှိ
 ရင်သွေးအတွက် စိုးစိတ် ပူပင်
 မွေးဖွားကြီးပြင်း ရင်သွေးအပေါ်
 တွယ်တာချစ်စိတ် ရစ်ပါတ်ခါနော်
 သားမြေးအထိ မေတ္တာသက်ဝင်
ကြင်နာမှုပေး မေတ္တာတေး
 ပေးဆပ်ပြီးတော့ရှင်သန်သူဟာ
ဤကမ္ဘာမှာ အမေမှလွဲ၍ ရှာမတွေ့ပါ့

Tuesday, April 14, 2015

နှစ်သစ်ကောင်းမှုတေးကဗျာ

နှစ်သစ်မှအစပြု မကောင်းမှုများပျောက်စေချင်
စိတ်ကောင်းလေးများဝင် စိတ်ယုတ်မာ သူလူဆိုး
သံသရာအထိသူကဆိုး  ဟိုတမျိုးဒီတမျိုးသူ့ရဲ့အချိုး
ပြောင်းလဲစိတ်အမျိုးမျိုး စိတ်ကိုပြင်အစဉ်လှ
ရှုတိုင်းယဉ်ပေစွ စိတ်ကောင်းရှိသူလူအများတွင်
ကြင်နာတတ်မှုပြယုဒ်ထင် နိုင် ငံခေါင်းဆောင် သူစံထား
တိုင်းပြည်အမြန်ကောင်းစား လူကို လူလို့မြင် ချိန်တွင် လူအစစ်ဖြစ်ပြီထင်
အ ပေါ်ဖား အောက်ဖိ တိရစ္ဆာန်သိ လူကိုလူလိုကြည့်
စိတ်အညစ်အကြေးဖြူအောင်ဆေး နှစ်သစ်ကောင်းစားရေး
မေတ္တာဆုတောင်းပေး ရေလိုအေးလို့ပန်းလိုမွှေး နှစ်သစ်ကောင်းမှုတေး


Friday, October 31, 2014

ဦးချ ကန်​​တော့တတ်​​သော ​ခွေးလိမ္မာ​လေး

အကန်းများလမ်း​လျှေက်​ထွက်​ခြင်း

အကန်းများ လမ်း​လျှောက်​ထွက်​ခြင်း

ကိ​လေသာများထမ်းပိုးပြီး လမ်း​လျှောက်​ထွက်​​နေကြ၏
စား​ကောင်း​သောအပင်​မှန်းမသိ  မစား​ကောင်း​သောအပင်​မှန်းမသိ
အဆိပ်​သီးများ အဆိပ်​​ရေများ စားသုင်္း​နေမိတာကို
အကန်းများ မမြင်​မကြည့်​တတ်​ဘူး
မျက်​ကန်းများ မျိး​စေ့ချကြတာ ငရဲမျိုး​စေ့များ စိုက်​ပျိုး​နေသလိုပါပဲ
စုံလုင်္းကန်းများဟာ သံသရာကို မမြင်​မကြည့်​တတ်​ဘူး
ထင်​တစ်​လုံးရဲ့​နောက်​ကွယ်​မှာ ခန္ဓာနဲ့​ပေးဆပ်​ပြီး
ဘဝ​တွေ ဆုံးကြတာများတယ်
၃၁ ဘုံမှာခန္ဓာ​ပေါင်းစုံ ဝဲလှည့်​​နေမှာပဲ..

Sunday, September 28, 2014

လေပြေငိုချိန်

 နေညိုရီချိန် လွမ်းနင့်နင့် မလှမ်းဝံလို့
 အဝေးမှပဲမျှော်တော့မည်..
လေပြေငိုချိန် အလွမ်းဆင့်၍
 သခင်အတွက်မို့ မေတ္တာလက်ဆောင် ပါးလိုက်သည်..