Pages

Friday, June 27, 2014

တိမ်လိုအချစ် အချစ်ဆုံးသူငယ်ချင်းလေးများအတွက် သီချင်းလက်ဆောင် နားထောင်ကြည့်နော်..




http://soundcloud.com/sweetwuttyi-thaung-chitpoee/acoustic-version-cover-by-1

ချစ်သူငယ်ချင်းများ,ချစ်သော
ပရိတ်သတ်များရှင့်...


Sweetရဲ့ first debut Acoustic album လေးကို***သီးစုံFM***လို့
အမည်ပေးထားပါတယ်။
အဲ့ဒီထဲမှာပါဝင် မယ့် တေးရေးကိုစံပီး ရဲ့**တိမ်လိုအချစ်***ဆိုတဲ့သီချင်း
Demo အကြမ်းလေးကိုဦးဦးဖျားဖျား
soundcloudမှာ တင်ပေးလိုက်ပါတယ်။
ပထမဆုံး albumလေးဖြစ်တဲ့အတွက် အစစအရာရာလိုအပ်ချက်များရှိခဲ့လျှင် sweetကိုနားလည်ပေးစေချင် ပါတယ်...
အ ကောင်းဆုံးကြိုးစားပြီး
သီဆိုထားပါတယ်။ဒီသီချင်းအမြည်းလေးကို လည်းတစ်ခေါက်လောက်ဖြစ်ဖြစ်
နားထောင်ပေးရင်း ........
The Sun music productionကဖြန့်ချီမယ်.့
***သီးစုံ-FM**acoustic album လေးကိုလည်းအားပေးကြပါဦးနော်။

###
My favourite cover songs+my new songs = All songs are only ACOUSTIC version
###

***Thank u for playing to my demo**
plz support to me *like* or *Share* thankz...

**တိမ်လိုအချစ်*** (acoustic demo version)
-cover by Sweetwuttyi Thaung-Chitpoee
-Oraginal by *Sone Thin Par*
-Lyrics by *San Pee*
-Music by *Sai Win Oo*

Saturday, June 21, 2014

ကြောက်တယ်ကြောက်တယ်..

ကြောက်တယ်
ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေလွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်..

လူမိုက်ရေးတဲ့ကဗျာ

လူမိုက်ရေးတဲ့ကဗျာ
မာနကိုခေါင်းမှာပန်ပြီး
ဟန်ဆောင်မယားနဲ့ ငါလက်ထပ်ထားတယ်
ဒေါသကိုပါဆယ်ထုတ် လူကြီးမင်းအိမ်ရှေ့အရောက်ပို့မယ်
သောကကိုအိပ်ထဲလွယ် ဝေဒနာတွေရင်မှာပိုက်
လောဘနောက်ကို တကောက်ကောက်လိုက်လို့
ကဲ.....................
 
ကိလေသာတွေနဲ့ ဒီညအိပ်မယ်............

အိမ်မက်များ ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ရင်ခုန်နှုန်းတွေ ကူးခတ်ပြီး
မျှော်လင့်ခြင်းအိမ်မက်ကဗျာမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းရာ ရေလှိုင်းလေးတွေနဲ့အတူ
အလွမ်းလေးတွေပွေ့ဖက်ပြီး အရောက်လာခဲ့မယ်နော်..

ချိုသာလွန်းတဲ့ ပန်းဝတ်ရည်လေးကို
သောက်သုံးမိတဲ့ လိပ်ပြာလေးလိုပေါ့
နုညံ့သိမ်မွေ့လွန်းတဲ့အာရုံနောက်ကိုလိုက်ပါရင်း
မင်းအချစ်ကြောင့်
ငါဟာ ဆက်လက်ရှင်သန်လာခဲ့တယ်ချစ်သူရယ်....

မင်းသာလိုအပ်မယ်ဆိုရင်
ငါဟာ မင်းနားကို ပိုးဖလံ လိပ်ပြာလေးလို
မင်းရှိရာကို ပျံသန်းရင်းမိုက်မဲစွာ ဇွတ်တိုးဝင်ပြီး လာခဲ့မှာပါ ငါ့အချစ်ရယ်.......


 ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ချစ်သူရေ.........
မနက်ခင်း နေရောင်ခြည် အလင်းတန်းနဲ့ အတူ
လှပတဲ့ မိုးကောင်းကင် အပြာရောင်အောက်မှာ တိမ်တိုက်တွေလွှင့်မျှောရင်း
ငှက်လေးတွေ တေးသီကျူးတဲ့ကြည်နူးဖွယ်ရာ အသံလေးတွေနဲ့ အတူ
လိပ်ပြာလေးတွေဝဲပျံမြူးရင်း
နေရောင်ခြည်တန်းဟာ အလင်းဖြာလို့နွေးထွေးကြည်နူးဖွယ်ရာ ချစ်သူနဲ့အတူ
ပြတင်းပေါက်မှဝင်လာပြီး ငါ့ကိုနိုးထစေခဲ့တယ်
ချစ်သူရေ.............
ငါ့ရဲ့စိတ် ငါ့ပတ်ဝန်းကျင်တစ်ခုလုံး လှပသာယာနေတာဟာ ချစ်သူရှိလို့ဖြစ်လိမ့်မယ်
ချစ်သူကိုတွေ့ရှိတဲ့ အချိန်ကစပြီး ငါ့ရဲ့စိတ်နှလုံး နူးညံသိမ်မွေ့စွာနဲ့
အရာရာဟာလှပနေတယ်
ချစ်သူရေ.....
ဒါဟာငါ့စိတ်ကူး ငါ့အတွေထဲမှာ မင်းကအမြဲနေရာယူထားလို့ဖြစ်လိမ့်မယ်
 မင်း နဲ့ငါ တစ်ယောက် တစ်ကမ္ဘာဝေးကွာနေတာ
ချစ်သူကို စိတ်ကူးထဲမှာမြင်ယောင်မိနေရင်း ငါ့စိတ်ဟာ
အမြဲတန်း မင်းငါ့အနားကို တိမ်တွေနဲ့အတူမျှောပါလာသလို
အလင်းတန်းနဲ့အတူမင်းငါ့အနားရောက်ရှိလာသလို
မင်းကိုတွေ့ထိလိုက်ရသလို ခံစားမိတယ်ချစ်သူရယ်
စိတ်ကူးပုံဖော်နေမိရင်း ချစ်သူကို အနားနားမှာ တူတူရှိစေ့ချင်တယ် ချစ်သူရယ်
ချစ်သူရေ...............
နံနက်ခင်းနိုးထချိန်မှာမြင်ရတဲ့မြင်ကွင်းကို အနားနားမှာ
ချစ်သူပွေ့ဖက်ရင်း မြင်သိစေ့ချင်တယ်

ချစ်သူနဲ့နှစ်ယောက်အတူတူ
ကြည်နူးချမ်းမြေ့စွာလောက အလှအပတွေကို
မြင်တွေ့ကြည့်ရှု့စေ့ချင်တယ်ငါ့ချစ်သူရယ်.......။

Wednesday, June 18, 2014

၆၉ မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..



ပြည်သူ့အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ ထို သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
(မင်းသုဝဏ်)
 

.



 ၆၉မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..

စု ဘ၀တစ်လျှောက်လုံး

ဖြူစင်သောနှလုံး နန်းဆန်သောအပြုံး

ပေးဆပ်ခြင်းများစားသုံး —

Monday, June 9, 2014

သေ တမ်း ကဗျာ / သေ တမ်း စာ 53 စာပေမောင်နှမများအမှတ်တရ


သေ တမ်း ကဗျာ / သေ တမ်း စာ


နေကို ခြူပြီး
နေကို မျက်ပြင်းကတ်နေသူတွေ အတွက်ကတော့
ဘယ် သေတမ်းစာမှ ထူးမှာ မဟုတ်ဘူး ။

အနော်မာ




ဒီတံခါး
ခင်ဗျား မခေါက်လည်း ပွင့်တယ်
ဘာဆုမှတောင်းမနေနဲ့တော့
ကျွန်တော်သေရင်ခြေမ ကြိုးမချည်ဖို့ပဲလိုတယ် ။.

အမည်မဲ့




ကျမ ပြောနေကျ စကားတခွန်းက
လူဆိုတာ
မွေးလာတော့လည်းတယောက်ထဲသေသွားတော့လည်း တယောက်ထဲ
ဘယ်သူမှ လိုက်မသေပေးဘူး
ခု..တကယ်ကြုံတွေရတော့ဘယ်လိုမှ
မခံစားနိုင်ဘူး
လူးလိမ့်နေတာပေါ့
အကြောင်းကတော့...ညီမလေးဆုံးပြီ
ညီမလေးရဲ့ သေတမ်းစာကကျမအတွက် တကြောင်းထဲပါ
*လူဆိုတာ သေခြင်းတရားကို မလွန်ဆန်နိုင်ပါဘူး
ဒါပေမယ့် နင်နဲ့ငါ ပြန်ဆုံပြီး
အတူနေချင်ပါသေးတယ်*
ကျမ
သူ့ရဲ့ ဈာပန ချတဲ့နေ့မှာပဲ
သူ့အခေါင်းထဲက သူ့ ရင်ဘက်ပေါ်မှာ
ကျမဓာတ်ပုံလေး တင်ပေးပြီးအတူတူ ဂူသွင်းလိုက်ခဲ့တယ်
ကျမ ညီမလေးရဲ့ သေတမ်းစာ ကို ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး ။

လတ်




ငါ၏ပျော်ရွှင်မှုများနှင့်ချစ်ခြင်းကို
ကျန်ရစ်သူများ
အညီအမျှရကြပါစေ
ငါ၏နောင်တနှင့်နာကျင်ခြင်းများကို
ငါနှင့်အတူ
မြှုပ်နှံပေးလိုက်ပါ ။

ဖိုးသားကြီး




...ဟိုး...
အဝေးကြီးမှာတွေ့လား
ကိုကို မတွေ့လိုက်ဖူး
မဟုတ်လား
အဲဒီနေရာကို
ညီမလေးရောက်သွားလို့ရှိရင်
ကိုကို
ပစ္စလက္ခတ် ငိုကြွေးလိုက်ပါကွာ ။

ချိုခတ္တာခိုင်




သက် တောင့် သက် သာ စီး နင်း

ကလစ် !

ဂျိန်း

မီးခိုးထွက်

Try again !

ထက်အောင်




ငါမသေခင်ငါ့သူငယ်ချင်း
နင်ပျော်ရွင်ပါစေ
ငါသေရင်
ငါ့ကိုချစ်တဲ့
ငါ့အမေတစ်ယောက်ထဲငိုပါစေ ။

ဇလပ်နီ




ခြေတစ်ဖ၀ါးစာချခွင့်ရကတည်းက
ဘ၀ကအစီအစဉ်မကျဘူး ကမောက်ကမနဲ့
အောင်သေအောင်သားစားထားတဲ့မျက်နှာတွေကို လိုက်လိုက်ငေးနေရတာ
မှတ်ပုံတင်ပျောက်ဆုံးတော့မယ့်အချိန်ထိပဲ. . .
ငါ့ခေါင်းထဲမှာရှိတဲ့ အမှိုက်တွေကိုတော့
နောက်ပြဇာတ်တစ်ခုအတွက် သိမ်းဆည်းသွားရမယ်
ဘယ်သူမှနှုတ်ဆက်ဖို့မလိုဘူး မွေးဖွားခြင်းကိုရင်ခွင်ပိုက်လို့
ငါ့ခြေဖ၀ါးတွေကို
လာလမ်းအတိုင်းပြန်လှည့်ပေးလိုက်တယ် ။

အံ့သွန်းပျို




ရွေ့ နေတယ်
အချိန်တွေကရွှေ့ လို့ 
ဘယ်အသိဘယ်အဘိဓမ္မာနဲ့ ရွှေ့ခဲ့လဲ
ဘယ်အရာကိုဗဟိုထားပြီး
ငိုခြင်းနဲ့ သံပတ်ပေး ငိုခြင်းနဲ့ သံပတ်ကုန်
ရပ်သွားပြန်ပြီ
ဒီ
လူ့
ဘုံ။

ထစ်ချုန်းမိုး





လာတော့လည်း....တစ်ယောက်ထဲပဲ
ပြန်တော့လည်း…..တစ်ယောက်ထဲပဲ
မျက်ရည်တွေ....အခါခါစီးကျ
မပြန်ချင်သေးပါဘူးလို့ ....
နှလုံးသားကတောင်းဆိုနေလည်း
တနေ့ မှာ…
ငါ ပြန်သွားရမှာဘဲလေ ။

အိနံ့သာ


ငါချစ်တဲ့ကဗျာ
ငါချစ်တဲ့ ဗမာ
ငါချစ်တဲ့ဘာသာ
ရှင်သန်ခွင့်လေး ပေးကြပါ ။



ကိုထက်


သေသေချာချာ ငါမသိ

ငါ့အသက်ရှုသံတွေ နွမ်းပါးသွားမဲ့ ကမ္ဘာမှာ
ရန်သူရှိလား
မိတ်ဆွေရှိလားဆိုတာကိုသေသေချာချာ ငါမသိဘူး
သံသရာအစဉ်အဆက်က
အကြွေးရှင်တွေ ရှိနေမှာတော့
သေချာတယ်
ဘုရားဟောခဲ့ဖူးတယ် မဟုတ်လား
နားပူနားဆာတစ်ခုတော့ လုပ်ခဲ့မယ်
သက်ပျောက်ဆွမ်းလေးဝိုင်းကပ်ပေးကြပါ ။

မမချယ်ရီခိုင်




နေ၀င်ချိန်ရဲ့ အဆုံးသတ်မှာ
ငါ
တမ်းတစရာတွေ တနင့်တပိုးနဲ့
အမှောင်ထုရဲ့ လမ်းထက်
ခရီးဆက်ရလိမ့်ဦးမယ်
သေတ္တာလေးကိုဖွင့် နင့်အတွက်ပေမယ့်
မပေးရဲခဲ့တဲ့ ချစ်ခြင်းတွေ
...ငါ...
လေထဲလွှင့်ခဲ့မယ်
နင့်အိပ်မက်လေးတွေ ချိုမြိန်ပါစေ ။


NOLE




အဲ့ဒီဝန်ထုတ်ဝန်ပိုး
မင်းနောက်ပါမလား
မပါမှန်းသိရင် အားလုံးကို
ထားရစ်ခဲ့ဖို့လိုမယ် ။

မင်းမင်းသိုက်




Photobucket


ရောက်နေတာ သေရွာကမ္ဘာ
ငိုခြင်းနဲ့စ ငိုခြင်းနဲ့ဆုံး
ရီခြင်းခဏ လူ့ဘ၀လေး
ခဏတွေ့ကြုံ ဆုံဖြစ်ခဲ့တာ
ခုခဏလေး ဖြတ်ကနဲနော်
မျက်တောင်တဖျတ် လက်တဖြစ်တီး
ဖျတ်ခနဲကြည့်

မရှိဘူးသေသွားပြီ ။

မ..မ



ငါလို ဆင်းရဲသားတစ်ယောက်ရဲ့
ရာဇ၀င်ကို ဘာလို့
နင်ခြံစည်းရိုးခတ်ချင်နေရတာလည်း
ငါ
လွတ်လွတ်လပ်လပ်
အိပ် မော ကျ ချင် တယ် ။

စည်သူဝင်းထွဋ်




မသေမရှင်ဘ၀မှ
ထပ်ခါထပ်ခါသေတယ်
သေသေချာချာသေရမဲ့
ဘ၀မှာ
ဘယ်နှစ်ခါပြန်သေရအုန်းမှာလည်း ။

( ဘူဘူလေး+ဘာဘာကြီး )





အခုထိ ငါ့အသက်ရှုသံထဲ
မငြိမ်းချမ်းသေးတဲ့ အစိုင်အခဲတစ်ခု
အဲဒီဖြစ်တည်မှုက အလေ့အကျင့်တဲ့
ကျေးဇူးပြုပြီး
ကျေးဇူးပြုပြီး
ဆောက်တည်ရာမဲ့နေတဲ့ ငါလိပ်ပြာလေးမှာ
ရှင်သန်ခြင်းက မနေ့ကထိ ။

ရွှေညီမလေး




အမေက ပြက်လုံးတစ်ခု ထုတ်ခဲ့ဖူးတယ်
ငါ သေရင် တစ်ပတ်အပြင်ပိုမလွမ်းဘူးတဲ့
ဟော....အခု
အဲ့ဒီ ပြက်လုံးတွေကိုလူရွှင်တော်တွေက..
ဟားတိုက်နေကြပြီ
ဒါပေမဲ့
အမေ့ ပါးပြင်မှာတော့ မျက်ရည်တွေနဲ့။

ထာဝရကြယ်ဖြူ




မွေးကတည်းက
လက်မှတ်ဖြတ်ထားခဲ့တာဒီလမ်းပဲလေ
ညနေဆည်းဆာကို
ကောက်သင်းကောက်နေမဲ့အစား
ရောင်နီလာချိန်မှာအသက်သွင်းပေးပါ
ခင်ဗျားနဲ့ ကျွန်တော်မိုးခါးရေသောက်ခဲ့တုန်းက
နတ်ဝိညဉ်တွေကခုန်ပြီ
အဲ့ဒီမှာ
ပန်းတစ်ခင်းပျိုးခဲ့တာ
အဲ့ဒီပန်းခင်းရေလောင်းပေါင်းသင်လုပ်ပြီးမှာ
ခင်ဗျား
ကျွန်တော့်နောက်လိုက်ခဲ့။
အဲ...ဒါပေမဲ့
ကျွန်တော့်ကို မီးရှို့ ခဲ့ပေးပါ ။ ။

တိမ်ပြာ




သိရက်နဲ့ အသိခေါက်ခက်
အ၀င်နက်တယ် ပြောပြော
သေသွားရင်ဘာမှပါမသွားဘူးပြောပေမဲ့
နင်ပေးထားတဲ့
သံယောဇဉ်လေးတော့ငါယူသွားချင်တယ်

လွမ်း




ငါသေသွားတဲ.အခါ
ငါ.ဈာပန ကို လိုက်ပို.ပြီး တော့
ဟယ်...အိပ်နေသလိုပဲနော်လို့
ဟန်ဆောင်ပန်ဆောင်လေးတောင်ပြောစရာမလိုပါဘူး
ငါ.နာရေးသတင်းကြားလိုက်တဲ့
...တခဏ...
(မျက်ရည်တောင်ကျစရာမလို)
နင့် နှုတ်ခမ်း ခပ်ဟဟလေး ဖြစ်သွားရင်
ကျေနပ်ပါပြီ ။

မိုးဇက်




ပြန် မ တူး ဖြစ် ခဲ့ တာ ကြာ ပြီ
ငါ ရေး တဲ့ သေ တမ်း စာ မှာ
မျက် ရည် အ တု တွေ ပေါ တယ်
ကောင် မ လေး ရေ.....
ဒီ လို နဲ့ ပဲ
ငါ့ ဘယ် ဖက် ရင် အုံ ထဲ
အ မှောင် တွေ ကြီး စိုး ခဲ့ တာ ပေါ့ ။

Bug




အိမ်ပြန်ဖို့အတွက် ခရီးထွက်လာသူမို့
မျက်ရည်တွေဖြုန်းတီးပြီးနှုတ်မဆက်စေချင်ဘူး
ပြန်ချိန်တန်ရင်ပြန်ရတာပဲ
ငါ့အတွက်
အဲ့ဒီအရပ်မှာထာဝရမကြွေတော့မယ့်
နှင်းပန်းတွေပွင့်လိမ့်မယ်
အိပ်မက်ဆိုးတွေကင်းစွာအိပ်မောကျခွင့်ရမယ်ဆိုတာ
ငါယုံကြည်သလိုယုံကြည်ပြီး
လက်ခုပ်လက်ဝါးတီးလိုက်ပါ။

မိုင်လီလီနိုဝင်ဘာ







အမည်မဖော်ပြပါရစေနဲ့ ၊ အရိုးအက်ကြောင်းတွေထိအပူရောင်ငွေ့တွေစီးဆင်းနေ
ဟိုတစ်နေ့က
သစ်သီးတစ်လုံးနဲ့
တွဲ - ဖြာ - ရှ - အက်
ငွေစက္ကူကောင်တွေကလဲ လက်နှစ်ဖက်ကို
လက်ထိပ်လိုက်ခတ်နေတာဘဲ
လက်ခုပ်သံတွေက သစ်ရုပ်ကိုဇယ်ဆက် နှိက်တယ်
(တော်တယ် က . . . က . .
.တော်ဟတော်ဟ )
လူကြီးလူကောင်းမျက်ဖုံးစွတ်တပ် အပြုံး အရီ မိတ်ကပ်
ငါမိုက်လိုက်တယ်
အပြင်ထွက်ရပ် ရင်ပက်လက်နဲ့
အိမ်ဆွေးအိုမှာတောင်လေးဆိုင်းတွေ ဒုံးဇွတ်တိုက်ခတ်
အင်း . . . ငါထပ်မိုက်တယ်ပေါ့
မျက်ပိတ်ခွံမှာ ကြယ်ပြာစင်လင်း တစ်နေ့တော့ရေဆာလာမယ်
ခပ်ငင်ငင်တစ်ချက်
ပြတ်တောက်ရင်းနဲ့

" ဟေ့ကောင် . . . အရိပ်
မင်းရှင်တော်ဗုဒ္ဓုလမ်းစဉ်နဲ့သွား
ငါ အပျော်မယား ' အတ္တ ' နဲ့ ဒီတစ်ည ထပ်အိပ်မယ် "


မြူခိုး

53 စာပေမောင်နှမများအမှတ်တရ
http://www.fivethreeworld.net/

Saturday, May 24, 2014

အဆိပ်သင့်ခြင်း

အလွမ်းတွေပါဆယ်ထုတ်ပြီး 
  ပြန်နေကြလမ်းလေးအတိုင်း
ဝင်သက် ထွက်သက်နဲ့အတူ
  နာကျင်မှုတွေသိမ်းထားမိပြန်ပြီ..
ဝေဒနာ လမ်းမထက်
စိတ်တွေ အဆိပ်သင့်လို့
အပြန်တစ်ရာအဖန်ဖန် လွမ်းနေအုန်းမှာပါ.....