Pages

Saturday, June 21, 2014

ကြောက်တယ်ကြောက်တယ်..

ကြောက်တယ်
ကြောက်တယ်
သီလမြဲတဲ့အမေ့မှာ ဥပုဒ်သီလမယူနိုင်ပါ
ဝါဆိုဝါခေါင် ရေဖောင်ဖောင်
အိမ်အောက်မှာ ရေတွေကြီး
မျှော့နက်မဲကြီး တွယ်တတ်တယ်
ထမင်းထုပ်တောင်မ၀သေးလို့
မျှော့ ပြုတ်စားဘို့ ဆင်းဖမ်းမယ်
ကယ်မဲ့သူရယ် ကူမဲ့သူရယ်
ဘယ်ချိန်လာမလဲ စောင့်နေရတာမောလှတယ်
ဝါတွင်း ရောက်ရင်အိမ်ပြင်မိုးဖို့
သက်ကယ်ရိတ်လေး ထွက်ကြမယ်
တောထဲမှာလေ မြွေနဂါးတဲ့သေနတ်ကြီးတွေလွယ်ထားတယ်
ကြောက်တယ်ကြောက်တယ်
NGO ရယ်အမြန်လာလို့
အိမ်မိုးလေးတွေမိုးပေးကွယ်
ရွှေသွေးရင်နှစ် မေ့သားချစ်တွေ
အပေါ်မိုးမလုံ အောက်မိုးစိုလို့ အိပ်ရတယ်
ကျန်းမာရေးတွေချို့တဲ့ကြလို့
နာဖျားကြတာများနေတယ်
ကမ္ဘာ အရပ်ရပ်ရေတွေကြီးတော့
ရေဘေးကယ်ဆယ် ကူညီစောင့်ရှောက်
အသင်းလေးတွေ ထားပေးကွယ်
ဝါဆိုဝါခေါင်ရေတွေကြီးလို့
ဝါတွင်းရောက်မှာကြောက်လှတယ်
ကြောက်တယ်
ကြောက်တယ်..

လူမိုက်ရေးတဲ့ကဗျာ

လူမိုက်ရေးတဲ့ကဗျာ
မာနကိုခေါင်းမှာပန်ပြီး
ဟန်ဆောင်မယားနဲ့ ငါလက်ထပ်ထားတယ်
ဒေါသကိုပါဆယ်ထုတ် လူကြီးမင်းအိမ်ရှေ့အရောက်ပို့မယ်
သောကကိုအိပ်ထဲလွယ် ဝေဒနာတွေရင်မှာပိုက်
လောဘနောက်ကို တကောက်ကောက်လိုက်လို့
ကဲ.....................
 
ကိလေသာတွေနဲ့ ဒီညအိပ်မယ်............

အိမ်မက်များ ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ရင်ခုန်နှုန်းတွေ ကူးခတ်ပြီး
မျှော်လင့်ခြင်းအိမ်မက်ကဗျာမြစ်တစ်စင်း
ဖြတ်သန်းစီးဆင်းရာ ရေလှိုင်းလေးတွေနဲ့အတူ
အလွမ်းလေးတွေပွေ့ဖက်ပြီး အရောက်လာခဲ့မယ်နော်..

ချိုသာလွန်းတဲ့ ပန်းဝတ်ရည်လေးကို
သောက်သုံးမိတဲ့ လိပ်ပြာလေးလိုပေါ့
နုညံ့သိမ်မွေ့လွန်းတဲ့အာရုံနောက်ကိုလိုက်ပါရင်း
မင်းအချစ်ကြောင့်
ငါဟာ ဆက်လက်ရှင်သန်လာခဲ့တယ်ချစ်သူရယ်....

မင်းသာလိုအပ်မယ်ဆိုရင်
ငါဟာ မင်းနားကို ပိုးဖလံ လိပ်ပြာလေးလို
မင်းရှိရာကို ပျံသန်းရင်းမိုက်မဲစွာ ဇွတ်တိုးဝင်ပြီး လာခဲ့မှာပါ ငါ့အချစ်ရယ်.......


 ♥ချစ်သူနဲ့နှစ်ယောက်အတူတူ♥

ချစ်သူရေ.........
မနက်ခင်း နေရောင်ခြည် အလင်းတန်းနဲ့ အတူ
လှပတဲ့ မိုးကောင်းကင် အပြာရောင်အောက်မှာ တိမ်တိုက်တွေလွှင့်မျှောရင်း
ငှက်လေးတွေ တေးသီကျူးတဲ့ကြည်နူးဖွယ်ရာ အသံလေးတွေနဲ့ အတူ
လိပ်ပြာလေးတွေဝဲပျံမြူးရင်း
နေရောင်ခြည်တန်းဟာ အလင်းဖြာလို့နွေးထွေးကြည်နူးဖွယ်ရာ ချစ်သူနဲ့အတူ
ပြတင်းပေါက်မှဝင်လာပြီး ငါ့ကိုနိုးထစေခဲ့တယ်
ချစ်သူရေ.............
ငါ့ရဲ့စိတ် ငါ့ပတ်ဝန်းကျင်တစ်ခုလုံး လှပသာယာနေတာဟာ ချစ်သူရှိလို့ဖြစ်လိမ့်မယ်
ချစ်သူကိုတွေ့ရှိတဲ့ အချိန်ကစပြီး ငါ့ရဲ့စိတ်နှလုံး နူးညံသိမ်မွေ့စွာနဲ့
အရာရာဟာလှပနေတယ်
ချစ်သူရေ.....
ဒါဟာငါ့စိတ်ကူး ငါ့အတွေထဲမှာ မင်းကအမြဲနေရာယူထားလို့ဖြစ်လိမ့်မယ်
 မင်း နဲ့ငါ တစ်ယောက် တစ်ကမ္ဘာဝေးကွာနေတာ
ချစ်သူကို စိတ်ကူးထဲမှာမြင်ယောင်မိနေရင်း ငါ့စိတ်ဟာ
အမြဲတန်း မင်းငါ့အနားကို တိမ်တွေနဲ့အတူမျှောပါလာသလို
အလင်းတန်းနဲ့အတူမင်းငါ့အနားရောက်ရှိလာသလို
မင်းကိုတွေ့ထိလိုက်ရသလို ခံစားမိတယ်ချစ်သူရယ်
စိတ်ကူးပုံဖော်နေမိရင်း ချစ်သူကို အနားနားမှာ တူတူရှိစေ့ချင်တယ် ချစ်သူရယ်
ချစ်သူရေ...............
နံနက်ခင်းနိုးထချိန်မှာမြင်ရတဲ့မြင်ကွင်းကို အနားနားမှာ
ချစ်သူပွေ့ဖက်ရင်း မြင်သိစေ့ချင်တယ်

ချစ်သူနဲ့နှစ်ယောက်အတူတူ
ကြည်နူးချမ်းမြေ့စွာလောက အလှအပတွေကို
မြင်တွေ့ကြည့်ရှု့စေ့ချင်တယ်ငါ့ချစ်သူရယ်.......။

Wednesday, June 18, 2014

၆၉ မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..



ပြည်သူ့အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။
တို့အား တို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ ထို သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
(မင်းသုဝဏ်)
 

.



 ၆၉မွေးနေ့မှသည်..ဒေါ်အောင်ဆန်းစုကြည် ကျန်းမာသက်ရှည်ရှိပါစေ..

စု ဘ၀တစ်လျှောက်လုံး

ဖြူစင်သောနှလုံး နန်းဆန်သောအပြုံး

ပေးဆပ်ခြင်းများစားသုံး —

Monday, June 9, 2014

သေ တမ်း ကဗျာ / သေ တမ်း စာ 53 စာပေမောင်နှမများအမှတ်တရ


သေ တမ်း ကဗျာ / သေ တမ်း စာ


နေကို ခြူပြီး
နေကို မျက်ပြင်းကတ်နေသူတွေ အတွက်ကတော့
ဘယ် သေတမ်းစာမှ ထူးမှာ မဟုတ်ဘူး ။

အနော်မာ




ဒီတံခါး
ခင်ဗျား မခေါက်လည်း ပွင့်တယ်
ဘာဆုမှတောင်းမနေနဲ့တော့
ကျွန်တော်သေရင်ခြေမ ကြိုးမချည်ဖို့ပဲလိုတယ် ။.

အမည်မဲ့




ကျမ ပြောနေကျ စကားတခွန်းက
လူဆိုတာ
မွေးလာတော့လည်းတယောက်ထဲသေသွားတော့လည်း တယောက်ထဲ
ဘယ်သူမှ လိုက်မသေပေးဘူး
ခု..တကယ်ကြုံတွေရတော့ဘယ်လိုမှ
မခံစားနိုင်ဘူး
လူးလိမ့်နေတာပေါ့
အကြောင်းကတော့...ညီမလေးဆုံးပြီ
ညီမလေးရဲ့ သေတမ်းစာကကျမအတွက် တကြောင်းထဲပါ
*လူဆိုတာ သေခြင်းတရားကို မလွန်ဆန်နိုင်ပါဘူး
ဒါပေမယ့် နင်နဲ့ငါ ပြန်ဆုံပြီး
အတူနေချင်ပါသေးတယ်*
ကျမ
သူ့ရဲ့ ဈာပန ချတဲ့နေ့မှာပဲ
သူ့အခေါင်းထဲက သူ့ ရင်ဘက်ပေါ်မှာ
ကျမဓာတ်ပုံလေး တင်ပေးပြီးအတူတူ ဂူသွင်းလိုက်ခဲ့တယ်
ကျမ ညီမလေးရဲ့ သေတမ်းစာ ကို ဘာမှမလုပ်ပေးနိုင်ခဲ့ပါဘူး ။

လတ်




ငါ၏ပျော်ရွှင်မှုများနှင့်ချစ်ခြင်းကို
ကျန်ရစ်သူများ
အညီအမျှရကြပါစေ
ငါ၏နောင်တနှင့်နာကျင်ခြင်းများကို
ငါနှင့်အတူ
မြှုပ်နှံပေးလိုက်ပါ ။

ဖိုးသားကြီး




...ဟိုး...
အဝေးကြီးမှာတွေ့လား
ကိုကို မတွေ့လိုက်ဖူး
မဟုတ်လား
အဲဒီနေရာကို
ညီမလေးရောက်သွားလို့ရှိရင်
ကိုကို
ပစ္စလက္ခတ် ငိုကြွေးလိုက်ပါကွာ ။

ချိုခတ္တာခိုင်




သက် တောင့် သက် သာ စီး နင်း

ကလစ် !

ဂျိန်း

မီးခိုးထွက်

Try again !

ထက်အောင်




ငါမသေခင်ငါ့သူငယ်ချင်း
နင်ပျော်ရွင်ပါစေ
ငါသေရင်
ငါ့ကိုချစ်တဲ့
ငါ့အမေတစ်ယောက်ထဲငိုပါစေ ။

ဇလပ်နီ




ခြေတစ်ဖ၀ါးစာချခွင့်ရကတည်းက
ဘ၀ကအစီအစဉ်မကျဘူး ကမောက်ကမနဲ့
အောင်သေအောင်သားစားထားတဲ့မျက်နှာတွေကို လိုက်လိုက်ငေးနေရတာ
မှတ်ပုံတင်ပျောက်ဆုံးတော့မယ့်အချိန်ထိပဲ. . .
ငါ့ခေါင်းထဲမှာရှိတဲ့ အမှိုက်တွေကိုတော့
နောက်ပြဇာတ်တစ်ခုအတွက် သိမ်းဆည်းသွားရမယ်
ဘယ်သူမှနှုတ်ဆက်ဖို့မလိုဘူး မွေးဖွားခြင်းကိုရင်ခွင်ပိုက်လို့
ငါ့ခြေဖ၀ါးတွေကို
လာလမ်းအတိုင်းပြန်လှည့်ပေးလိုက်တယ် ။

အံ့သွန်းပျို




ရွေ့ နေတယ်
အချိန်တွေကရွှေ့ လို့ 
ဘယ်အသိဘယ်အဘိဓမ္မာနဲ့ ရွှေ့ခဲ့လဲ
ဘယ်အရာကိုဗဟိုထားပြီး
ငိုခြင်းနဲ့ သံပတ်ပေး ငိုခြင်းနဲ့ သံပတ်ကုန်
ရပ်သွားပြန်ပြီ
ဒီ
လူ့
ဘုံ။

ထစ်ချုန်းမိုး





လာတော့လည်း....တစ်ယောက်ထဲပဲ
ပြန်တော့လည်း…..တစ်ယောက်ထဲပဲ
မျက်ရည်တွေ....အခါခါစီးကျ
မပြန်ချင်သေးပါဘူးလို့ ....
နှလုံးသားကတောင်းဆိုနေလည်း
တနေ့ မှာ…
ငါ ပြန်သွားရမှာဘဲလေ ။

အိနံ့သာ


ငါချစ်တဲ့ကဗျာ
ငါချစ်တဲ့ ဗမာ
ငါချစ်တဲ့ဘာသာ
ရှင်သန်ခွင့်လေး ပေးကြပါ ။



ကိုထက်


သေသေချာချာ ငါမသိ

ငါ့အသက်ရှုသံတွေ နွမ်းပါးသွားမဲ့ ကမ္ဘာမှာ
ရန်သူရှိလား
မိတ်ဆွေရှိလားဆိုတာကိုသေသေချာချာ ငါမသိဘူး
သံသရာအစဉ်အဆက်က
အကြွေးရှင်တွေ ရှိနေမှာတော့
သေချာတယ်
ဘုရားဟောခဲ့ဖူးတယ် မဟုတ်လား
နားပူနားဆာတစ်ခုတော့ လုပ်ခဲ့မယ်
သက်ပျောက်ဆွမ်းလေးဝိုင်းကပ်ပေးကြပါ ။

မမချယ်ရီခိုင်




နေ၀င်ချိန်ရဲ့ အဆုံးသတ်မှာ
ငါ
တမ်းတစရာတွေ တနင့်တပိုးနဲ့
အမှောင်ထုရဲ့ လမ်းထက်
ခရီးဆက်ရလိမ့်ဦးမယ်
သေတ္တာလေးကိုဖွင့် နင့်အတွက်ပေမယ့်
မပေးရဲခဲ့တဲ့ ချစ်ခြင်းတွေ
...ငါ...
လေထဲလွှင့်ခဲ့မယ်
နင့်အိပ်မက်လေးတွေ ချိုမြိန်ပါစေ ။


NOLE




အဲ့ဒီဝန်ထုတ်ဝန်ပိုး
မင်းနောက်ပါမလား
မပါမှန်းသိရင် အားလုံးကို
ထားရစ်ခဲ့ဖို့လိုမယ် ။

မင်းမင်းသိုက်




Photobucket


ရောက်နေတာ သေရွာကမ္ဘာ
ငိုခြင်းနဲ့စ ငိုခြင်းနဲ့ဆုံး
ရီခြင်းခဏ လူ့ဘ၀လေး
ခဏတွေ့ကြုံ ဆုံဖြစ်ခဲ့တာ
ခုခဏလေး ဖြတ်ကနဲနော်
မျက်တောင်တဖျတ် လက်တဖြစ်တီး
ဖျတ်ခနဲကြည့်

မရှိဘူးသေသွားပြီ ။

မ..မ



ငါလို ဆင်းရဲသားတစ်ယောက်ရဲ့
ရာဇ၀င်ကို ဘာလို့
နင်ခြံစည်းရိုးခတ်ချင်နေရတာလည်း
ငါ
လွတ်လွတ်လပ်လပ်
အိပ် မော ကျ ချင် တယ် ။

စည်သူဝင်းထွဋ်




မသေမရှင်ဘ၀မှ
ထပ်ခါထပ်ခါသေတယ်
သေသေချာချာသေရမဲ့
ဘ၀မှာ
ဘယ်နှစ်ခါပြန်သေရအုန်းမှာလည်း ။

( ဘူဘူလေး+ဘာဘာကြီး )





အခုထိ ငါ့အသက်ရှုသံထဲ
မငြိမ်းချမ်းသေးတဲ့ အစိုင်အခဲတစ်ခု
အဲဒီဖြစ်တည်မှုက အလေ့အကျင့်တဲ့
ကျေးဇူးပြုပြီး
ကျေးဇူးပြုပြီး
ဆောက်တည်ရာမဲ့နေတဲ့ ငါလိပ်ပြာလေးမှာ
ရှင်သန်ခြင်းက မနေ့ကထိ ။

ရွှေညီမလေး




အမေက ပြက်လုံးတစ်ခု ထုတ်ခဲ့ဖူးတယ်
ငါ သေရင် တစ်ပတ်အပြင်ပိုမလွမ်းဘူးတဲ့
ဟော....အခု
အဲ့ဒီ ပြက်လုံးတွေကိုလူရွှင်တော်တွေက..
ဟားတိုက်နေကြပြီ
ဒါပေမဲ့
အမေ့ ပါးပြင်မှာတော့ မျက်ရည်တွေနဲ့။

ထာဝရကြယ်ဖြူ




မွေးကတည်းက
လက်မှတ်ဖြတ်ထားခဲ့တာဒီလမ်းပဲလေ
ညနေဆည်းဆာကို
ကောက်သင်းကောက်နေမဲ့အစား
ရောင်နီလာချိန်မှာအသက်သွင်းပေးပါ
ခင်ဗျားနဲ့ ကျွန်တော်မိုးခါးရေသောက်ခဲ့တုန်းက
နတ်ဝိညဉ်တွေကခုန်ပြီ
အဲ့ဒီမှာ
ပန်းတစ်ခင်းပျိုးခဲ့တာ
အဲ့ဒီပန်းခင်းရေလောင်းပေါင်းသင်လုပ်ပြီးမှာ
ခင်ဗျား
ကျွန်တော့်နောက်လိုက်ခဲ့။
အဲ...ဒါပေမဲ့
ကျွန်တော့်ကို မီးရှို့ ခဲ့ပေးပါ ။ ။

တိမ်ပြာ




သိရက်နဲ့ အသိခေါက်ခက်
အ၀င်နက်တယ် ပြောပြော
သေသွားရင်ဘာမှပါမသွားဘူးပြောပေမဲ့
နင်ပေးထားတဲ့
သံယောဇဉ်လေးတော့ငါယူသွားချင်တယ်

လွမ်း




ငါသေသွားတဲ.အခါ
ငါ.ဈာပန ကို လိုက်ပို.ပြီး တော့
ဟယ်...အိပ်နေသလိုပဲနော်လို့
ဟန်ဆောင်ပန်ဆောင်လေးတောင်ပြောစရာမလိုပါဘူး
ငါ.နာရေးသတင်းကြားလိုက်တဲ့
...တခဏ...
(မျက်ရည်တောင်ကျစရာမလို)
နင့် နှုတ်ခမ်း ခပ်ဟဟလေး ဖြစ်သွားရင်
ကျေနပ်ပါပြီ ။

မိုးဇက်




ပြန် မ တူး ဖြစ် ခဲ့ တာ ကြာ ပြီ
ငါ ရေး တဲ့ သေ တမ်း စာ မှာ
မျက် ရည် အ တု တွေ ပေါ တယ်
ကောင် မ လေး ရေ.....
ဒီ လို နဲ့ ပဲ
ငါ့ ဘယ် ဖက် ရင် အုံ ထဲ
အ မှောင် တွေ ကြီး စိုး ခဲ့ တာ ပေါ့ ။

Bug




အိမ်ပြန်ဖို့အတွက် ခရီးထွက်လာသူမို့
မျက်ရည်တွေဖြုန်းတီးပြီးနှုတ်မဆက်စေချင်ဘူး
ပြန်ချိန်တန်ရင်ပြန်ရတာပဲ
ငါ့အတွက်
အဲ့ဒီအရပ်မှာထာဝရမကြွေတော့မယ့်
နှင်းပန်းတွေပွင့်လိမ့်မယ်
အိပ်မက်ဆိုးတွေကင်းစွာအိပ်မောကျခွင့်ရမယ်ဆိုတာ
ငါယုံကြည်သလိုယုံကြည်ပြီး
လက်ခုပ်လက်ဝါးတီးလိုက်ပါ။

မိုင်လီလီနိုဝင်ဘာ







အမည်မဖော်ပြပါရစေနဲ့ ၊ အရိုးအက်ကြောင်းတွေထိအပူရောင်ငွေ့တွေစီးဆင်းနေ
ဟိုတစ်နေ့က
သစ်သီးတစ်လုံးနဲ့
တွဲ - ဖြာ - ရှ - အက်
ငွေစက္ကူကောင်တွေကလဲ လက်နှစ်ဖက်ကို
လက်ထိပ်လိုက်ခတ်နေတာဘဲ
လက်ခုပ်သံတွေက သစ်ရုပ်ကိုဇယ်ဆက် နှိက်တယ်
(တော်တယ် က . . . က . .
.တော်ဟတော်ဟ )
လူကြီးလူကောင်းမျက်ဖုံးစွတ်တပ် အပြုံး အရီ မိတ်ကပ်
ငါမိုက်လိုက်တယ်
အပြင်ထွက်ရပ် ရင်ပက်လက်နဲ့
အိမ်ဆွေးအိုမှာတောင်လေးဆိုင်းတွေ ဒုံးဇွတ်တိုက်ခတ်
အင်း . . . ငါထပ်မိုက်တယ်ပေါ့
မျက်ပိတ်ခွံမှာ ကြယ်ပြာစင်လင်း တစ်နေ့တော့ရေဆာလာမယ်
ခပ်ငင်ငင်တစ်ချက်
ပြတ်တောက်ရင်းနဲ့

" ဟေ့ကောင် . . . အရိပ်
မင်းရှင်တော်ဗုဒ္ဓုလမ်းစဉ်နဲ့သွား
ငါ အပျော်မယား ' အတ္တ ' နဲ့ ဒီတစ်ည ထပ်အိပ်မယ် "


မြူခိုး

53 စာပေမောင်နှမများအမှတ်တရ
http://www.fivethreeworld.net/

Saturday, May 24, 2014

အဆိပ်သင့်ခြင်း

အလွမ်းတွေပါဆယ်ထုတ်ပြီး 
  ပြန်နေကြလမ်းလေးအတိုင်း
ဝင်သက် ထွက်သက်နဲ့အတူ
  နာကျင်မှုတွေသိမ်းထားမိပြန်ပြီ..
ဝေဒနာ လမ်းမထက်
စိတ်တွေ အဆိပ်သင့်လို့
အပြန်တစ်ရာအဖန်ဖန် လွမ်းနေအုန်းမှာပါ.....

Thursday, May 22, 2014

သိကောင်းစရာဆီးကျောက်တည်ရောဂါ

သိကောင်းစရာဆီးကျောက်တည်ရောဂါ

သိကောင်းစရာဆီးကျောက်တည်ရောဂါ



ဆီးလမ်းကြောင်းမှာ ကျောက်တည်တဲ့ရောဂါ ဟာ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း ၅ဝဝဝ ကျော်BC ၃ဝဝဝ လောက်ကတည်းက ရှိနေပြီးဖြစ်ပါတယ်။ အီဂျစ်မှာရှိတဲ့ Mummy ရုပ်အလောင်းအချို့ကို တူးဖော်လေ့လာကြည့်တဲ့အခါ သူတို့ရဲ့ ကျောက် ကပ်နဲ့ ဆီးလမ်းကြောင်းတွေမှာ ဆီးကျောက် လေးတွေ တွေ့ရခြင်းအားဖြင့် အဲဒီခေတ်က တည်းက ရှိနေပြီးဖြစ်တယ်လို့ သိရပါတယ်။ ဒါပေ မဲ့ အခုနောက်ပိုင်း ရောဂါဖြစ်ပွားမှုနှုန်းဟာ တစ်နေ့တခြား ပိုမိုများပြားလာပါတယ်။ Western diet လို့ခေါ်တဲ့ အနောက်တိုင်းဆန်ဆန် စား သောက်နေထိုင်တဲ့လူနေမှုစနစ်ကြောင့်လို့ ယူဆ ကြပါတယ်။
ရောဂါဖြစ်ပွားတဲ့နှုန်း တဖြည်းဖြည်းများလာ ခြင်းဟာ နိုင်ငံတကာ လေ့လာချက်များအရ နေရာဒေသနဲ့ နေထိုင်စားသောက်ပုံ စရိုက်ပေါ် မူတည်ပြီး ကွာခြားမှုရှိပါတယ်။ အမေရိကန်နိုင်ငံ မှာဆိုရင် ဆေးရုံတက်သူ လူတစ်ထောင်မှာ တစ် ယောက်နှုန်းရှိပါတယ်။ တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြီး ကြည့်ရင် နှစ်စဉ်ကမ္ဘာ့လူဦးရေရဲ့ အနည်း ဆုံး ဝ.၁ ရာခိုင်နှုန်းကနေ ၆ ရာခိုင်နှုန်းအထိ အများ ဆုံးဖြစ်တာတွေ့ရပါတယ်။ အထူးသဖြင့် အမျိုး သားအားလုံးရဲ့ ၁ဝ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဘဝ သက်တမ်းတစ်လျှောက်မှာ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဆီးကျောက်တည်တာ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကျွန်တော်တို့ တိုင်းပြည်မှာလည်း လွန်စွာ များပြားပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ ရှိတဲ့ ဆေးရုံတွေရဲ့ ခွဲစိတ်ကုသဆောင်ကို တက်ရောက် ကုသနေတဲ့ လူနာတွေရဲ့ ၂ဝ ရာခိုင်နှုန်း ခန့်ဟာ ဆီးကျောက်တည်မှုနဲ့ ဆက်စပ်နေပါတယ်။ အချို့လည်း ရောဂါရှိလို့ ရှိမှန်းမသိဘဲ နေနေကြတဲ့ သူတွေအတော်များများရှိမယ်လို့ ခန့်မှန်းရပါ တယ်။
ဆီးကျောက်တည်ရောဂါဖြစ်တဲ့အခါ ကျောက်အမျိုးအစားက တစ်ဦးနဲ့တစ်ဦးတူချင်မှ တူမှာပါ။ ဆီးကျောက်အမျိုးအစားကို ခွဲခြားရာမှာ ပါဝင်ဖွဲ့စည်းထားတဲ့ ဓာတုေ ဗဒပစ္စည်းပေါ် မူတည်ပြီး ခွဲခြားကြည့်နိုင်ပါတယ်။

အဓိက အဖြစ်အများဆုံး ဆီးကျောက် လေးမျိုးရှိပါတယ်။
1. Oxalate Stone 30 -35 ရာခိုင်နှုန်း
2.Phosphate Stone 15-20 ရာခိုင်နှုန်း
3. Uric acid Stone 6- 10 ရာခိုင်နှုန်း
4. Cystine Stone 2-3 ရာခိုင်နှုန်း

အချို့လည်း ဒီအမျိုးအစားတွေတစ်မျိုးနဲ့ တစ်မျိုးပေါင်းစပ်ပြီး နေလေ့ရှိပါတယ်။ ဒါကို တော့ Mixed Stone လို့ခေါ်ပါတယ်။ ဆီးကျောက်အားလုံးထဲမှာ အများဆုံးပါဝ င်နေ တာကတော့ Calcium လို့ခေါ်တဲ့ ထုံးဓာတ်ဖြတ် ပြီး Stone အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းကနေ ၈၅ ရာခိုင်နှုန်းအထိ ပါဝင်နေလေ့ရှိပါတယ်။
ဆီးကျောက်အမျိုးအစားလေးမျိုးရဲ့ ထူးခြား ချက်တွေက-
Oxalate Stone မှာအဓိကပါဝင်တာ ကတော့ Calcium နဲ့ Oxalate ဖြစ်ပါတယ်။ နှစ်ခုပေါင်းပြီးCalcium Oxalate Stone လို့ လည်း ခေါ်လေ့ရှိပါတယ်။အစား အသောက်ထဲမှာCalcium ချို့တဲ့ လာရင် Oxalate Crystal တွေဟာ အထိန်းမရှိ တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာ အနည်ကျလေ့ ရှိပါတယ်။ ဆီးကျောက်ရဲ့ သဘာဝကိုကြည့်ရင် အနားတွေမှာ အချွန်အတက်တွေထွက်ပြီး အလွန် မာကျောတဲ့အတွက် ဆီးလမ်းကြောင်း တစ် လျှောက်မှာ သွေးယိုစီးစေပြီး ဆီးထဲမှာ သွေးတွေ ပါ တတ်ပါတယ်။ အင်မတန်မှ နာကျင်မှုကို ပေး ပါတယ်။ ခွဲစိတ်ပြီး ထုတ်ကြည့်ရင် အပြင်ပိုင်းမှာ သွေးတွေနဲ့ ဖုံးနေလို့ မည်းနေတတ်ပါတယ်။

Phosphate Stone မှာလည်း Calcium phosphate တို့ Magnesium Phosphate တို့ Ammonium Phosphate တို့ စသည်ဖြင့် အမျိုးမျိုးထပ်ခွဲနိုင် ပါတယ်။ Phosphate Stone ရှိရင် ဆီးလမ်းကြောင်းမှာ မကြာခဏဆိုသလို ပိုးဝင်တတ်ပါတယ်။ သူ့ရဲ့ အနားတွေဟာ ချော မွတ်နေတဲ့အတွက် သွေးထွက်တာကို မဖြစ်စေ တတ်ပါဘူး။ နာကျင်မှုမပေးတဲ့အတွက် မသိဘဲ နေတတ်ပါတယ်။ အရွယ်အစားလည်း ကြီးတတ် ပြီး ကျောက်ကပ်တစ်ခု လုံးပြည့်တဲ့အထိ ဖြစ်တတ် ပါတယ်။
Uric Acid Stone ကတော့ အလွန်မာကျော ပါတယ်။ မျက်နှာပြင်ကတော့ အချွန်အတက်တွေ ရှိလေ့မရှိပါဘူး။ များသောအားဖြင့် တစ်ခုတည်း မဟုတ်ဘဲ အများ အပြားဖြစ်လေ့ရှိပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ရိုးရိုးဓာတ်မှန်မှာ တွေ့ရလေ့မရှိပါဘူး။ဂေါက်ရောဂါရှိတဲ့သူတွေ မှာ အများဆုံး တွေ့ရပါတယ်။ သူ့ကိုကုရင် ရောဂါကို ကုမှပျောက်မှာဖြစ်ပါတယ်။Cystine Stone ကတော့ အားလုံးထဲမှာ အဖြစ် အနည်းဆုံးဖြစ်ပါတယ်။ များသောအားဖြင့် မျိုးရိုးလိုက်လို့ဖြစ် တတ်ပါတယ်။ တစ်ခုတည်း နေလေ့မရှိဘဲ အများအပြားရှိလေ့ရှိပါတယ်။ တဖြည်းဖြည်းကြီးလာပြီး Phosphate Stone လိုပဲ ကျောက်ကပ် တစ်ခုလုံး ပြည့်သွားတဲ့အထိ ကြီးလာ တတ်ပါတယ်။ Cystine မှာ Sulphate ပါတဲ့အတွက်ကြောင့်ရော အရွယ်အစားကြီးတဲ့ အတွက်ကြောင့်ရော တစ်ခုတည်းမနေဘဲ များများ ပူးကပ်နေ တဲ့အတွက် ကြောင့်ရော ဓာတ်မှန်ရိုက် ရင် အလွယ်တကူ တွေ့နိုင်ပါတယ်။
ဆီးကျောက်တည်ရင် ပြသလေ့ရှိတဲ့ ရောဂါ လက္ခဏာများ
ဆီးကျောက်တည်ရောဂါဖြစ်ပေမယ့်လည်း အချို့လူတွေမှာ ဘယ်လိုလက္ခဏာမှ မပြဘဲ နေနိုင်ပါတယ်။ ကျောက်ကပ်ဆိုတာက နှစ်ခုရှိ တော့ တစ်ခုနဲ့ပဲ အသက်ရှင်နို င်တဲ့အတွက် ကျောက်ကပ်တစ်ခုလုံး ပျက်စီးတဲ့အထိ ကျောက် တည်နေတာတောင် သိချင်မှသိမှာဖြစ်ပါတယ်။ဒါပေမဲ့ များသောအားဖြင့် ကျောက်တည် ရင် ရောဂါလ က္ခဏာတွေ ပြသလေ့ရှိပါတယ်။ ဖြစ်တဲ့ ကျောက်အမျိုးအစားရယ်၊ ဖြစ်တဲ့နေရာ ရယ်၊ အရေအတွက်အနည်းအများ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပူးတွဲဖြစ်ပေါ်လေ့ ရှိတဲ့ နောက် ဆက်တွဲ ပြဿနာတွေပေါ် မူတည်ပြီး
ရောဂါ လက္ခဏာများလည်း ကွဲပြားနိုင်ပါတယ်။များသော အားဖြင့်
- နောက်ကျောဘက်မှာ မခံမရပ်နိုင်အောင် နာကျင်လာမယ်
- ဆီးသွားရင် အနည်တွေပါလာမယ်
- အချို့လည်း ပြည်လိုလို အဖတ်တွေပါလာ မယ်
- ဆီးအရောင်အသွေးနီရဲလာမယ်ဆိုရင်

ဆီးကျောက်တည် ရောဂါဖြစ်နိုင်ဖို့ အလား အလာ များပါတယ်။ ဒါဆိုရင် နီးစပ်ရာ ဆေးပညာ ရှင်နဲ့ပြသပြီးရောဂါအမှန်ကို ရှာဖွေဖို့လိုပါ တယ်။ရောဂါရှာဖွေစမ်းသပ် ဖို့ စစ်ဆေးကြည့်မယ် ဆိုရင်ဆီးကျောက်အများစုကို ရိုးရိုးဓာတ်မှန်မှာ တွေ့နိုင်ပေမယ့် Uric Acid Stone လို ဆီး ကျောက်ကိုတော့ ရိုးရိုးဓာတ်မှန်မှာ မတွေ့နိုင်ပါ ဘူး။ အဲလိုအခါမျိုးမှာ ဆေးသွင်းပြီး ရိုက်တဲ့ ဓာတ်မှန်မှာမှ တွေ့နိုင်ပါတယ်။ ဒါ့အပြင် အခုခေတ်စားလာတဲ့ Ultra Sound ရိုက်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ ဆီးကျော က်ဝေဒနာရှင်တိုင်းဟာ မိမိရဲ့ဆီး ကျောက်ကို သေသေချာချာ တိတိကျကျသိနိုင်ဖို့ အတွက် အဲဒီ စမ်းသပ်မှုတွေကိုတော့ ဖြစ်နိုင်ရင် လုပ်သင့်ပါတယ်။ ဒါမှကုသတဲ့ အခါမှာ ပိုမို လွယ်ကူမှာဖြစ်ပါတယ်။
ဆီးကျောက်တည်ရောဂါ၏ နောက်ဆက်တွဲ ပြဿနာများ Complications
ဆီးလမ်းကြောင်းမှာ ကျောက်တည် နေတာ ကို စနစ်တကျမကုဘဲထားရင်
၁။ ဆီးလမ်းကြောင်းထဲကို ရောဂါပိုးမကြာခဏ ဝင်ပြီး မကြာခဏဖျားနာခြင်း ဖြစ်တတ်ပါတယ်။ ဒီထက်ပိုဆိုးတာက ဒီပိုးတွေဟာ သွေးထဲကို ရောက်ပြီး အသက်ဆုံး ရှုံးတဲ့အထိ ဖြစ်နိုင်ပါ တယ်။
၂။ ကျောက်တဖြည်းဖြည်းကြီးလာပြီး ကျောက် ကပ်မှာရှိတဲ့ တစ်သျှူး(Tissue) တွေကို ဖျက်ဆီး ပစ်နိုင်ပါတယ်။ ကြာရင် ကျောက်ကပ်တစ်ခုလုံး ပျက်စီးသွားနိုင်ပါတယ်။
၃။ ဆီးလမ်းကြောင်းကနေ မကြာခဏဆိုသလို သွေးတွေထွက်ပြီး ဆီးနဲ့အတူဆုံးရှုံးလေ့ရှိတဲ့ အတွက် နာတာရှည်သွေးအားနည်းရောဂါဖြစ် နိုင်တယ်။
၎။ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာကို ထိခိုက်လာတဲ့အတွက် သွေးတိုးရောဂါဖြစ်တတ် ပါတယ်။

ဒါတွေကတော့ အဖြစ်များတဲ့ နောက်ဆက် တွဲ ပြဿနာတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဆီးကျောက်တည်ရောဂါ ဖြစ်ရပါ သလဲ။
ဆီးကျောက်တည်ရောဂါ ဖြစ်ရတဲ့အကြောင်း များစွာရှိပါတယ်။ အဓိကအားဖြင့် လွယ်ကူအောင် အုပ်စုကြီး နှစ်ခုခွဲနိုင်ပါတယ်။ပထမအုပ်စုကတော့ သူ့ မှာ နဂို ရောဂါ အခံရှိလို့ ဆီးကျောက်တည်ခြင်း ဖြစ်ပါ တယ်။ ဥပမာ- ဆီးလမ်းကြောင်းထဲကို ကျောက် တည်စေ နိုင်တဲ့Calcium တွေ Oxalate တွေ Uric Acid တွေ Cystine တွေများများ စွန့်ထုတ်ပေးတဲ့ ရောဂါတွေ ဖြစ်ပါတယ်။ ဒါကိုတော့ သက်ဆိုင်ရာ ဆေးပညာရှင်များကသာ ရှာဖွေကုသပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယအုပ်စုကတော့ မိမိမှာ ဘာရောဂါမှ အခံမရှိဘဲနဲ့ အနေအထိုင်အစားအသောက် မှားယွင်းနေတဲ့အတွက် ဆီးကျောက်တည်ခြင်း ဖြစ်ပါတယ်။ဒါကိုတော့ မိမိဘာ သာ သိရှိနားလည်ပြီး ပြုပြင်နေထိုင်စားသောက်ခြင်းအားဖြင့် ဆီး ကျောက်တည်ရောဂါကနေ ကာကွယ်နိုင်ပါတယ်။ ဖြစ်ပြီးရင်လည်း သက်သာပျောက်ကင်းေ အာင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
ဆီးကျောက်တည်ရောဂါကို ကြိုတင်ကာကွယ် ခြင်း။
ဆီးကျောက်တည်ရောဂါမဖြစ်အောင် ကြိုတင် ကာကွယ်ဖို့ဆိုရင် အဓိကအားဖြင့် ခြုံပြီး ပြောရရင်-
၁။ ရေများများသောက်ပါ၊ ရေကို ကျိုချက်ပြီး မှ သောက်ပါ။
၂။ ဟင်းသီးဟင်းရွက်များများစားပေးပါ။ အဝါ ရောင်ရှိတဲ့ အသီးအနှံတွေကို ပိုစားပါ။
၃။ အသားငါးကို ပုံမှန်သင့်တင့်စွာစားပါ။ အသားငါးစားတိုင်း အသီးအရွက်နဲ့ တွဲဖက်စား ပါ။
၎။ အငန်လျှော့စားပါ။
၅။ အချိုဓာတ်များတဲ့ အချိုရည်၊ ဂလူးကို့စ် သကြားစတာတွေကို ရှောင်ကြဉ်ပါ။
၆။ ကော်ဖီ၊ လက်ဖက်ရည်ကို အလွန်အကျွံ မသောက်ပါနှင့်။
၇။ ကွမ်းယာစားတဲ့ အကျင့်ကို ရှောင်ကြဉ်ပါ။ စသည်တို့ပဲ ဖြစ်ပါတယ်။
အချုပ်အားဖြင့် မိမိရဲ့ အနေအထိုင် အစား အသောက်စတဲ့ ဘဝနေဟန်အပြုအမူတွေ မှား ယွင်းနေတယ်ဆိုရင် ပြောင်းလဲပြုပြင်ခြင်းဖြင့် ဆီး ကျောက်တည်ရော ဂါမဖြ စ်အောင် မိမိဘက်မှ တတ်စွမ်းသလောက် ကြိုတင်ကာကွယ်ထားနိုင် ကြောင်း ရေးသားဖော်ပြလိုက်ပါတယ်။

ဒေါက်တာအောင်ဆန်းဝင်း
http://yatimagazine.com/archives/7991