Pages

Thursday, May 22, 2014

ဆီး ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့















လူဆယ်ယောက်မှာ တစ်ယောက်ဟာ တစ်သက်မှာတစ်ခါတော့ ဆီးကျောက်တည်ကြပါလိမ့်မယ်။ ဆီးအိမ်မှာ ကျောက်တည်လာခြင်းကို ရှောင်ရှားဖို့ အနည်အနှစ်ချထားတဲ့ အသီးဖျော်ရည်မျိုးတွေကို အမြောက်အများ သောက်ပေးဖို့ ညွှန်းဆိုလေ့ရှိကြပါတယ်။

အော်စလိတ်(oxalate)မြင့်မားတဲ့ အစားအစာတွေကို ရှောင်ရပါမယ်။ သစ်ချသီး၊ မြေပဲ၊ မက်မွန်သီး၊ သီဟိုစေ့၊ ပဲပိစပ်၊ ပဲနို့၊ အခြောက်လှန်းထားတဲ့ ပဲအများစု၊ ဂျုံစေ့၊ ပီတမုန်လာ၊မုန်လာဥနီ၊ ကန်စွန်းဥ၊ ချောကလက်နဲ့လ္ဘက်တို့ဖြစ်ပါတယ်။

ပရိုတိန်းပါတဲ့ အသားနဲ့ အသားသုံးအစားအစာများကိုလည်း လျှော့ချရပါမယ်။
သင့်မှာ ကျောက်တည်နေပြီဆိုရင်တော့ သင့်ဆရာဝန်က  ဆားသုံးစွဲမှုကို လျှော့ချခိုင်းပါလိမ့်မယ်။ နေ့စဉ်အစားအစာတွေ ထဲမှာ ပါဝင်နေတဲ့ ဆား၊ ကယ်ဆီယမ်၊ ပရိုတိန်း၊ ပိုတက်ဆီယမ်နဲ့ အော်စလိတ်တို့ကို လျှော့ချပါ။

ကယ်ဆီယမ်ပါဝင်မှုမြင့်မားနေတဲ့ အစားအစာတွေကို ရှောင်ရှားတတ်အောင်၊ အစားသောက်တွေထဲမှာ ကယ်ဆီယမ်ပါဝင်နှုန်းဘယ်လောက်ရှိတယ်ဆိုတဲ့ ဖော်ပြချက်တွေ ကိုလည်း ဖတ်တတ်အောင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ကယ်ဆီယမ်ကို အချိုးကျကျစားဖို့ သင့်ဆရာဝန်ဆီက လေ့လာရပါမယ်။
နေ့စဉ်ပြုလုပ်ရမည့်အချက်- အိပ်ရာ မဝင်မီ ရေတစ်ခွက်သောက်ပါ။ ညသန်းခေါင်တွင် နိုးလာပါကလည်း ရေတစ်ခွက်သောက်ပြီးမှ ပြန်အိပ်ပါ။

ကျောက်တည်သူများအတွက် အောက်ပါသီးစုံဖျော်ရည်ကို နေ့စဉ်တစ်ခွက်မှ နှစ်ခွက်သောက်ပေးပါ။
-လိမ္မော်သီးတစ်လုံး(အခွံခွာပြီးသား)
-ပန်းသီးတစ်လုံး
-သံပုရိုသီးတစ်လုံး
-ဖရဲသီးလေးစိပ်
-ရေခဲတုံးလေးတုံး

အသီးတွေအားလုံးက အော်ဂန်နစ်ဖြစ်ပါက ပိုကောင်းပါတယ်။

သံပုရိုသီးက စစ်ထရစ်အက်ဆစ်ပါဝင်မှု မြင့်မားပါတယ်။ ကယ်ဆီယမ်အခြေခံဖြစ်လာတဲ့ ဆီးကျောက်တွေကိုလည်း ဒီအက်ဆစ်က ခြေဖျက်ပါတယ်။

ဖရဲသီးက ဆီးကျောက်တည်မှုအတွက် အကောင်းဆုံး အသီးဖြစ်ပါတယ်။ရေဓာတ်ပါဝင်မှုကမြင့်မားပြီး ဆီးကျောက်တွေကို ရေတွေ ဖြတ်သန်းစီးဆင်းသွားရာမှာ အရေးပါပါတယ်။ ဖရဲသီးက ဆီးလမ်းကြောင်းအားကောင်းစေတဲ့ အသီးလည်းဖြစ်ပါတယ်။

ရေကိုတော့ သောက်နိုင်သလောက် များများသောက်ပေးပါ။
www.phothutaw.com/2014/03/blog-post_7437.html 

ကန်စွန်းရိုးနီ(Rabbit Greens)ကပေးတဲ့ အစွမ်းများ

အပင် တစ်နှစ် သို့မဟုတ် နှစ်ကြာခံ ရေလျှောက်ပင် ဖြစ်သည်။ ပင်စည်ရိုးနီ၍ ခေါင်းပွဖြစ်၏ ။ အဆစ် များမှ အမြစ်များ ထွက်သည် ။အဆစ်နေရာတွင် အခေါင်းပိတ်ဖြစ်သည်။

အရွက်
ရွက်လွှဲထွက်သည်။ ၃-၆ လက်မရှည်သည်။ လှံစွပ်ပုံ သို့မဟုတ် သုံးထောင့် ပုံ ဖြစ်သည်။ ရွက်ထိပ် အလွန်ချွန်သည်။ ရွက်ရင်း မြားသွားပုံရှိသည် ။အမွေးမဲ့သည်။ ရွက်ညှာအလွန် ရှည်သည်။ ရွက်နားညီ သည်။ ရွက်ပြားချော၍ ပါးလွှာသည်။ ရွက်နား ခရမ်းရောင်သမ်းသည်။

အပွင့်
အပွင့်ကြီးသည်။ ခရမ်းဖျော့ရောင်ရှိ၍ ခေါင်းလောင်းပုံဖြစ်သည်။ အမွေးမဲ့သည်။ ပွင့်တည်း ဖြစ်သည်။ သီတင်းကျွတ်မှ တပို့တွဲလအတွင်း ပွင့်သည်။

အသီး
အချင်း ၁/၂ လက်မခန့် ရှိသည်။ အမွေးမဲ့သည်။ လုံးဝိုင်းသည်။ ရင်မှည့်က အက်ကွဲသည်။ အစေ့ ၄ စေ့ သို့မဟုတ် ၂ စေ့ ရှိ၍ ပိုးသားကဲ့သို့ အမွေးများ ရှိသည်။ တပို့တွဲ ၊ တပေါင်းလတွင် သီးမှည့်သည်။

အသုံးပြုနိုင်သည့်အစိတ်အပိုင်းများ
အရွက် ။

မြန်မာနိုင်ငံတွင်တွေ့နိုင်သောနေရာများ

မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။

ပေါက်ရောက်ပုံ
ရေမြောင်း ရေကန်များနှင့် လယ်ကွက်များတွင် အလေ့ကျ ပေါက်ရောက်၏ ။ စိုက်ပျိုးပင် အဖြစ်လည်း စိုက်ကြသည်။

အသုံးဝင်ပုံ -

အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ချို၍ အေး၏ ။နို့ရည်ကို ဖြစ်စေ၏ ။ ရေ၌ ဖြစ်သော ပိုးတို့ကို ပယ်တတ်၏ ။ လေ ၊ သလိပ် ကို ဖြစ်စေသည်။ အဆိပ်ကို ပြေစေ၏ ။ အရွက်ရည်သည် မီးလောင်နာ ၊ ဆီးနှင့် ပတ်သက်သော ရောဂါနှင့် ပူလောင်ခြင်းတို့ကို ပျောက်ကင်း စေ၏ ။

အသုံးပြုပုံ-

အရွက်

၁ ။ ကန်စွန်းရွက်ရည်ကို မီးလောင်နာ ၊ ရေငတ်နာ ၊ ဆီးနှင့် ပတ်သက်သည့် အဖျားရောဂါများပျောက်ရန်အတွက်လည်းကောင်း၊ အဆိပ်အတောက် ပြေစေရန်အတွက်လည်းကောင်း သုံး၏။

၂ ။ အရွက်ကို ဟင်းချက် စားသော် သွေးဝမ်းရောဂါ ပျောက်၏ ။

၃ ။ ဆီးအိမ်တွင် ဆီးရှိပါလျက် ဆီးမထွက်ခြင်းနှင့် ဓမ္မတာလွန်ခြင်း ရောဂါအတွက် ကန်စွန်းရွက်ကို ဘူးရွက် မန်ကျည်းရွက်တို့နှင့် အမျှကြိတ်၍ ဆန်မှုန့်ညက်နှင် ဖျော်ပြီး ဆီးခုံပေါ်တင်ထားပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏ ။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေ၏ ။

၎ ။ ကန်စွန်းရွက်ကို ပြုတ်သောက်ပါက ရင်ပြည့်ဝမ်းကျ ရောဂါ ပျောက်၏ ။

၅ ။ ကန်စွန်းရွက်ကို ထန်းလျက် မန်ကျည်းမှည့်နှင့် ဆားထည့်၍ ကျိုသောက်က ဆီးကျောက်တည်ခြင်းနှင်တကွ ဆီးရောဂါ ဟူသမျှ ပျောက်၏ ။

၆ ။ ငန်းမန်းရှိသောအနာကို ဘူးရွက်များနှင့် ရောစပ်၍ ရေစိမ်ပြီး အနာကို ဆွတ်လိမ်းခြင်းအားဖြင့် ငန်းမန်းကျစေနိုင်၏ ။

Myanmar News Update

ညသိပ်ရေနွေး အဆိပ်ထက်ပြင်း

ညသိပ်ရေနွေးဆိုလို့ အနော် ကြုံဖူးတဲ့ ဘ၀ပေး သင်ခန်းစာလေးတခုကိုအမှတ်၇လိုက်လို့ပါ
အနော် တောင်ကြီးမှာ နေတုန်းက အနော်တို့ လူမျိုးတွေက ရေနွေး သပ်သောက် ကြတယ်
ရေနွေးကို အခါးရည်လို့လည်းခေါ်ကြတယ်
ဒီမှာတော့ အဖန်ရေလို့ခေါ်တာပေါ့အခါးရည်ဆိုတာ ဒီမှာတော့ အရက်လို့ပြောတာပဲအဲ့ အခါးရည်ကို အိမ်လာတဲ့ လူတိုင်းကိုတိုက်တယ်အိမ်မှာနေရင်း လည်းသောက်ကြတယ်… မပါမဖြစ်… အိမတအိမ် တက်ရင် အနည်းဆုံးတော အခါးရည်လေးတော့ တိုက်ကြတာကြီးပဲ...အဲမှာ အနော့် အဒေါ်ကတော့ အသောက်နိုင်ဆုံးလူ အဖြစ်သတ်မှတ်ရမယ်
ဘာလို့လဲဆို အဒေါ်က မိုးလင်းမိုးချုပ်ထိသောက် တယ် …ရေဆာလဲသောက်တယ်… ထမင်းစား လဲသောက် တယ် … အားနေရင်းကို သောက်နေတော့တာပဲရေနွေးတအိုးကို ဘယ်လောက်မှ မရှိသေးဘူး ကုန်ပြီ တနေကုန်လဲ ရေနွေးတည်နေတယ်အဲ့မှာစတာပဲ အဒေါ်ေ၇နွေးစွဲတော့ မနက် မျက်စိနှစ်လုံးဖွင့်တာနဲ့ သောက်တော့တာပဲအဲမှာ ညသိပ်ရေနွေးတွေကိုသူက တ၀ကြီးထိုင်သောက်ပြီးမှ လုပ်စရာချိတာလုပ်တယ်

တနေ့မှာတော့ အနော့် အဒေါ်က ဗိုက်အောင့်အောင့်လာတယ်ဒါနဲ့ပဲ တောင်ကြီးက စိန် အထူးကု ဆေးခန်း မှာပြပါလေရောဆရာဝန်က သိပ်များများပြားပြားမစစ်ဘူးဗိုက်အောင့်တာနဲ့ပဲ အစာအိမ်လို့ပြောပြီး ခွဲဖို့ ပြင်တော့တယ်။

ကံကောင်းချင်တော့ တောင်ကြီးမှာ ပစ္စည်းမစုံတာကြောင့် မန္တလေးကို ပြောင်းရပါလေရောမန္တလေးက လည်း မစစ်ဘူး တောင်ကြီးက ရမ်းတုတ်ထားတဲ့အစာအိမ်ဆိုတာနဲ့ပဲ အစာအိမ်ခွဲဖို့ပြင်ရောအဲမှာ အဒေါ်က ကံကောင်းသွားတာက မန္တလေးရောက်နေတဲ့ အသည်းဆရာဝန်ကြီးတယောက်နဲ့ ခင်လိုက်တယ် ( နာမည် ကို အနော်မသိ)

အနော့ အဒေါ်က ကျောင်းအုပ်ဆိုတော့ ဖောင်ကြီး သင်တန်းလို ၀န်ထမ်းရေးရာ တတ်တုန်းကခင်ခဲ့လို့ပြောပြ တယ်ဆရာဝန်ကြီးက အစောရေ ဘာဖြစ်တာလဲ မေးတော့ အဒေါ်က ဗိုက်အောင့်နေကြောင်းပြောပြတယ်
ဆရာဝန်ကြီးက အောင့်တဲ့နေရာ သေသေချာချာပြ ဆိုပြီး ဓါတ်မှန်တွေရိုက်ခိုင်းအာထှာဆောင်းတွေရိုက်ခိုင်း ပြီးမခွဲဖို့ ဆရာဝန်နဲ့ တိုင်ပင်တယ် ….
အဖြေ သိရတာကတော့ အဒေါ်က အသည်းမှာ စကာပေါက်ဖြစ်နေတယ်တဲ့မပေါက်တဲ့အပိုင်းက ခြောက်နေတယ်ဆိုပဲ...အဲမှာ ဆရာဝန်ကြိးက အဒေါ်ရဲ့ တနေ့တာ စားသောက်မှုကိုစစ်တော့ အဒေါ်က ညသိပ်နေနွေးကို နှစ်နဲ့ချီအောင် သောက်ခဲ့လို့ဖြစ်တာလို့ရှင်းပြတယ်။
လက်ဖက်ခြောက်ကို 6နာရီကျော်ကြာအောင် စိမ်ထားတာဟာ အဆိပ်ထက်တောင် ပြင်းတယ်လို့ဆိုပါတယ်
လက်ဘက်ကို စတင်သောက်သုံးကြတဲ့ ကိုကိုတရုတ်တွေကတော့ တခါသောက်လေးသာ ခတ်သောက် တာပါတဲ့ဒီမှာလို ရေနွေးအိုးထဲ ထည့်ပြီး မစိမ်ပါဘူးတဲ ဂျာရေနွေးဖြူကိုသာ ထည့်ထားပြီး ဧည့်သည် ဖြစ်ဖြစ် သူတို့သောက်မှသာ ခွက်ထဲကို လက်ဖက်ခြောက်ထည့်ုပြီး ရေနွေးအဖြူကိုရောတာပါတဲ့။
ဒီကလူတွေကတော့ ရေနွေးကို ဓါတ်ဗူးနဲ့ ထည့်တည်ပြီးသောက်ကြပါတယ်။အဲမှာ လက်ဖက်ခြောက် ရယ်ဓါတ်ဗူးက ဓါတ်သားမှာပါတဲ့ ပြသားတွေရယ်ကြောင့် အသဲကို ပျက်စီးစေတာပါတဲ့…..နောက်တခု ကတော့ပက် စီလို့ခေါ်တဲ့ ဖျော်ရည်တွေမှာပါတဲ့ Gas တွေပါအနော် Duty Free ဆိုင်မှာလုပ်တုန်းက သင်ခဲ့ရပါတယ်။
ရိုးရိုးလိမ္မော်ရည်ထဲကို Gas တမျိုးထည့်လိုက်တာနဲ့ လိမ္မော်ရည်တွေဟာ အေးမြနေတော့တာပါပဲလိမ္မော် ရည် 1ပုံမှာ Gas က 9ပုံပါပါတယ်အဲဒီ Gas က အသည်းနဲ့ အဆုတ်ကို ပျက်စီးစေတယ်လို့ဆိုပါတယ်
ဒါကြောင့် Gas မပါတဲ့ သဘာဝဖျော်ရည်လေးတွေကိုသာ သောက်သုံးသင့်ပါတယ်။

အနော်နဲ့ခင်တဲ့ စာရေးဆရာ တယောက်ချိပါတယ်သူကတော့ ညနေတိုင်း အရက်သောက်လေ့ချိပြီး သူ့တပည့်ကတော့ အဖော်အဖြစ် နေ့တိုင်းလိုက်ထိုင်ပေးပါတယ်။ ဆရာကြီးသောက်သလို တပည့်က မသောက်တတ်ပေမဲ့ ဆရာနဲ့အတူတူနေ့တိုင်း လိမ္မော်၊ ကိုလာ စတာတွေကို တခုမဟုတ် တခုသောက်ပါ တယ်6လလောက်ကြာတော့ တပည့်ကြီးဆေး၇ူံတက်ရရောအသည်းက စကာပေါက်ဖြစ်နေပြီတဲ့
နေ့တိုင်း အရက်သောက်တဲ့ ဆရာတောင် ဘာမှမဖြစ်သေးဘူးGas ပါတဲ့ဖျော်ရည်တွေ နေ့တိုင်းသောက်တဲ့ တပည့်လေးကတော့နောက် 1လ အကြာမှာပဲ သေဆုံးခဲ့ပါတယ်။
ဒါ့ကြောင့် ပူုပြင်းလှတဲ့ နွေရာသီမှာ အအေးသောက်ရင်သဘ၀ Gas မပါတဲ့ဖျော်ရည်တွေကိုသာ သောက်သုံး သင့်ပါကြောင်းနဲ့ညသိပ်ရေနွေးတွေကိုလည်း မသောက်မိစေဖို့ သတိပေး ဆန္ဒုပြုလိုက်ပါတယ်

နွေးသီး

ယောမြို့စားအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ နာမည်ကျော်ဥတုဘောဇန သင်္ဂဟကျမ်းမှာ ဖော်ပြထားတဲ့
ရေနွေး။ရေကျက်အေး ရေအေးတို့နဲံပတ်သက်တဲ့ သိမှတ်ဖွယ်ရာဗဟုသုတတွေဒီစာအုပ်မှာပါဝင်တယ်.

နောက်ဆုံးတင်ပြလိုတာကတော့…..
(၁) ရေနွေး ကျိုချက်တဲ့အခါမှာ ဆူပွက်ပြီးကျက်အောင်ကျိုပါ။
(၂) ကော်ဖီဖျော်ရင် ခြောက်နာရီအတွင်း ကျိုချက်ထားတဲံ ရေနွေးနဲ့ဖျော်ပါ။
(၃) ဓာတ်ဗူးထဲက ရေနွေးနဲံဖျော်ရင် ခြောက်နာရီထက်ကျော်ပြီး ဓာတ်ဗူးထဲမှာ
လှောင်ထားသော ရေနွေးကိုမသုံးသင့်ပါ။
(၄)ဓာတ်ဗူးထဲမှာ အေးပြီးသားရေနွေးကို ဓာတ်ပျက်ရေနွေးဖြစ်လို့ ပြန်နွေးပြီး
မသုံးပါနဲံ။ပြန်ကျိုချက်ပြီး မသုံးပါနဲ့။
(၅)ညသိပ်ရေနွေး ။ရေနွေးကြမ်းဟာ အဆိပ်ဖြစ်လို့ အစာအိမ်ကို
ကမောက်ကမ ဖြစ်စေနိုင်ပါတယ်။
(၆)ရေနွေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေအေးမသောက်ပါနဲ့။
ရေအေးသောက်ပြီး တစ်နာရီအတွင်းမှာ ရေနွေးမသောက်ပါနဲ့။
အထက်ပါအယူအဆတွေဟာ မလွဲနိုင်တဲံ့ တိုင်းရင်းဆေးပညာ
ဥပဒေသ အယူအဆတွေဖြစ်ကြောင်း တင်ပြအပ်ပါသည်။.
{ ဒီစာအုပ်လေးကိုကျမဖတ်နေရင်းကနေ အင်တာနက်ကကျမမိတ်ဆွေတွေသိသင့်တယ်
ယူဆမိလို့ရေးသားတင်ပြခြင်းဖြစ်ပါတယ်ရှင်..အနှောက်ယှက်ဖြစ်ခဲံ့တယ်ဆိုလည်း
ခွင့်လွတ်ပေးပါလို့မေတ္တာရပ်ခံအပ်ပါသည်ရှင့် ….

မမာလာ
 

Monday, May 19, 2014

အလွမ်းဇာတ်

အလွမ်းဇာတ်
 တစ်ခန်းရပ်အဖြစ် မင်းသားအသစ်
ညမှောင်မှောင်မှာ  အလွမ်းစောင်ခြုံ အိပ်လိုက်နော်..

အချစ်ကလေးပြစ်ကာပြေးတော့
နေမင်းဝတ်ရုံ ရင်လွမ်းခြုံလို့
ရေမထိတဲ့ကြာ အပူမိတဲ့ဝေဒနာ
လူမသိတဲ့ ဒဏ်ရာသေရာပါ..
ချစ်သူသိစေ ညွန်းလိုက်သည်.............



Monday, March 24, 2014

သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည်

သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည် 

  မေတ္တာအကြောင်းပြောရင် လူရွှင်တော်လားမေးသောတိုင်းပြည် 

 ဒူးနှင့်ပေါင်လွှဲထားသောတိုင်းပြည်  

လယ် ယာရှိပြီး လယ်ပျောက် ယာပျောက် ငတ်နေသောတိုင်းပြည် 

 မြေပေါ်မြေအောက် ရေပေါ်ရေအောက် 

 သယံဇာတရှိပြီး ဆင်းရဲနေသောတိုင်းပြည်  

စာသင်ကျောင်းရှိပြီး စာ မတတ်သောတိုင်းပြည်

  မြင်သာမြင် မကြင်ရသောတိုင်းပြည်  

တိုင်းပြည် တိုင်းပြည် တိုင်းပြည် 

 သစ္စာအကြောင်း ပြောရင် သေတတ်တဲ့ တိုင်းပြည်

Friday, February 14, 2014

ပြည်သူအရိုးကို သူရိုက်ချိုး

ဘယ်သူသေသေ ငတေမာမျိုး
ပြည်သူအရိုးကို သူရိုက်ချိုး

လယ်သိမ်းယာသိမ်း
ပြည်မငြိမ်း
ဆန်ရေစပါးနေ့တိုင်းစားလည်း
သူ၏စိတ်တွင် ချေးနံ့ဝင်သည်
မစင်လောက်တက် စိတ်ဓါတ်တည်း

က၀ိပညာ မတတ်သောအခါ
စဉ်းစားတွေးခေါ် ဥာဏ်နည်းသနော်
ပြည်သူငိုမှ သူဝမ်းဝ၏
ပြည်သူငိုမှသူ ခါးလှ၏

ဆွေမျိုးပေါက်ဖော် လက်တွဲခေါ်ကာ
သစ်များ မြစ်များ မြေယာများကို
ကျေးဇူးဂုဏ်တင်ပေးအပ်သည်

ပြည်သူကျေးဇူးအထူးမသိဘူး
ခွေးသေလောက်တက် ခန္ဒာကိုယ်နဲ့
တိုင်းပြည်ဖျက်ဖို့ကျန်နေတယ်
မစင်လူးသော သူ၏စိတ်ဓါတ်နံစော်တယ်..

ဗိုလ်ချုပ်အောင်ဆန်း ဗိုလ်ချုပ်မွေးနေ့ပွဲ ၉၉ နှစ် အမှတ်တရ

ဗိုလ်ချုပ်စံထား ပြည်ချစ်သားများ
သူကားဥသျှောင် ပြည်ခေါင်းဆောင်
လူထုအပေါ် ငှဲ့ကွက်ခဲ့သနော်

ဗိုလ်ချုပ်လိုသား ရှာမှရှား
မတစ်ထောင်မှာ တစ်ကောင်ဖွား
မြန်မာပြည်ကို စုစည်းထား

က၀ိပညာ တတ်သောအခါ
စဉ်လာမမှား တွေးသစ်များနှင့်
ပြည်သူအတွက် ရှေ့ဆောင်ထား
ဒီမိုကရေစီ လမ်းစဉ်များ

ဗိုလ်ချုပ်ဖခင် အောင်ဆန်းမဟာ
တိုင်းပြည်အနှစ် ပြည်သူချစ်
ယနေ့ထိတိုင်လွမ်းသူမစဲ
ပြည်သူချစ်တဲ့နေ့မြတ်ပွဲ


Sunday, December 22, 2013

"သည် ဆောင်းရင်ခွင် "

"သည် ဆောင်းရင်ခွင် "
ဝဿန်မိုးနှောင်း
ရာသီပြောင်း
သည်ဆောင်း ရင်ဝယ် တိုးဝှေ့တယ် ။

ဟေမာန်ဆောင်းနှင်း
မြူ မှုန်ခင်းကျင်း
စိတ်ခြင်းယှက်သွယ်လာခဲ့မယ် ။

နှောင်တွယ်မှုများ
ချစ်ခြင်းအား
လွမ်းသည့်ရင်မှာ သိမ်းထားတယ်။




ဆောင်းနှင်းဖွေးဖွေး နှင်းအေးအေး
ကြင်သူလွမ်းလို့နေတော့သည်..
နှင်းငွေ့ဝန်းရံ နှင်းတောထဲမှာ
မျှော်သူနွမ်းလို့နေတော့သည်
ကြင်သူမြင်ကြည့် သခင်သိရင်ကျေနပ်ပြီ..