Pages

Tuesday, September 17, 2013

ပြည် မသိ မင်း မသိ

တွေးချင်ရာတွေး
ရေးချင်ရာရေး

ခေါ်သင့်တာခေါ် ပျော်သင့်တာပျော်
ပြင်သင့်တာပြင် မြင်သင့်တာမြင်
ဆင်သင့်တာဆင် သင်သင့်တာသင်

ခင်ချင်မှခင် ခေါ်ချင်မှခေါ်
ထင်ချင်တာထင် မြင်ချင်တာမြင်
သင်ချင်တာသင် ဆင်ချင်တာဆင်
ဂွင်ဆင်တာဆင်

သတ်ချင်တာသတ် ဖြတ်ချင်တာဖြတ်
ကပ်ချင်တာကပ် နှပ်ချင်တာနှပ်
အပ်ချင်ရာအပ်

ဝတ်ချင်ရာဝတ် ပြစ်ချင်ရာပြစ်
ဖြစ်ချင်ရာဖြစ် လစ်ချင်ရာလစ်
နှစ်ချင်ရာနှစ် နစ်ချင်ရာနစ်
ငတ်ချင်ရာငတ် ပြတ်ချင်ရာပြတ်
ဆပ်ချင်ရာဆပ်

မြင်ချင်ရာမြင် ပေါ်ချင်ရာပေါ်
ပြချင်တာခဏ
ပျက်တာက တစ်ဘဝ
ပြစ်ချင်ရာပြစ် ဖြစ်ချင်ရာဖြစ်
မိဘမဲ့တွေဖြစ်

သင်ချင်တာသင် ရချင်ရာရ
လူတွေဟာ အ
မလောက်ငတာ
တစ်ဘဝ

ယူချင်တာယူ ငတ်ချင်ရာငတ်
ဘ၀တွေ စုတ်ပြတ်

ပြောချင်ရာပြော
ဟောချင်ရာဟော
ပြည်မသိ ဗာရာဏသီ
မင်းမသိ ဗြမ္မဒတ်

စားချင်ရာစား သွားချင်ရာသွား
ဇိမ်ခမ်းတွေတော့ လူအပြည့်သား

ရောင်းချင်ရာရောင်း
ပြောင်းချင်ရာပြောင်း
ဝမ်းမှာ အူဟောင်းလောင်း

ဖြစ်ချင်ရာဖြစ် နေချင်ရာနေ
သေချင်ရာသေ

ဘယ်သူသေသေ
ငတေတွေ
အဲ့ဒါ ဒီလူ့ပြည်


Saturday, September 7, 2013

စမ်းတ၀ါးဝါး ပုံပြင်

Options for this story

ပြည်သူတွေမှာ
လမ်းလျှောက်သင်
စမ်းတ၀ါးဝါးပေါ့ရှင်

ဟိုလူပြောတာ မှန်နိုး နိုး
ဒီလူပြောတာမှန်နိုးနိုး
နိုးနိုးဆိုတဲ့နောက်တော့ နိုး နိုး (N0)

လယ်တောပြောင်း
ယာတောပြောင်း

ခရိုနီလက်ထဲပြောင်း
သစ်ကြီးဝါးကြီး တရုတ်ပြည်ပြောင်း
အဲ့ဒီလောက်ပြောင်း လဲ နေတာ
ပြောင်းတွေ ညံ့တုန်းပါပဲ

အော်...

ပြောင်းဖူး စား
မကောင်းတာပြောတာပါ..း)

လောကပါလ ပျက်စီးခြင်း

လောကပါလ ပျက်စီးခြင်း

ကျွန်းမသိ
တောမသိ
တောင်မသိ

လယ်မသိ
ယာမသိ

ကမ်းမသိ
မြစ်မသိ

တန်ဖိုးမရှိသူ
တန်ဖိုးမသိ

စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏

တော တောင် မြေငို
ကမ်းတွေပြို

လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်

မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ ရေပျောက်
မြေရှိ ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်

အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်

သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်

သိမ်း ရောင်း လောက

သိမ်း ရောင်း လောက

မြေ ပိုင်ရှင်မရှိ မြေသိမ်း
ယာ ပိုင်ရှင်မရှိ ယာသိမ်း
မြစ် ပိုင်ရှင်မရှိ မြစ်သိမ်း
သိမ်း ရောင်း လောက
သိခြင်းတွေနဲ့
မသိခြင်းတွေ ဘောင်ခတ်
အမည်တတ် ရယူ
နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..
ငါချစ်တဲ့ဧရာဝတီ
အေးချမ်းသာယာလှပါသည်..

Friday, September 6, 2013

သတ်မိန့်


သတ်မိန့်(သို့) တစ်သက်တစ်ကျွန်း
ပြဿနာအစ မုဒိမ်းမှုက
ထိမ်းမရတာက တဏှာသမား
လောင်မီးကျတာ နေရာအများ
သတ်မိန့်ပေးပါ မှုဒိန်းမှုများ...

ယုတ်မာကောက်ကျစ်
လူ ငညစ်ကြောင့် တဏှာဘီလူး
လူ ငရူးကြောင့်

အပြစ်မဲ့ပန်းများ ရင်ဝယ်နွမ်း
သောကအပူ လှိုက်တက်ဆူသမို့

ငြိမ်းချမ်းခြင်းတွေဘယ်မှာေ
ဒုက္ခရောက်လို့ ပင်လယ်ဝေ
ဘာသာပေါင်းစုံ လူမျိုးစုမို့
အေးချမ်းပါစေ အမိမြေ..
ငြိမ်းချမ်းပါစေအမိမြေ..


   ကမ္ဘာသူ ကမ္ဘာသားအားလုံး
ဘေးရန်ကင်းဝေး :emoticons: ကျန်းမာပျော်ရွှင်ကြပါစေ
  ကမ္ဘာသူ ကမ္ဘာသား အားလုံး
 ဘေးရန်ကင်းကွာ  ချမ်းသာကြပါစေ

Thursday, September 5, 2013

ရသေ့ကြီး ဦးခန္တီရွတ်သော အလွန်တရာမှ လာဒ်ရွှင်စေသော ဂါထာ


လာဒ်တိတ်နေသူများ၊ ဈေးရောင်းမကောင်းသူများ၊အကြွေးမရသူများ၊အကြွေးမ
ဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့အဆင်မပြေသူများ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်
အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကို ...
လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ....

ကိုယ်တွေ့တစ်ခု ပြောပါရစေ... 2012.12.31 နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ.. 29.12.2012 နေ့မှာ လက်ထဲမှာ ငွေ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထားကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ
ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့
၂ သိန်းရမှာတဲ့......ဟိုက်ရှားပါး.... လန်းသွားပါတယ်.....
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်....ကိုယ်တွေ့ပါဗျာ..

အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့.... ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ

ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့်ပါလာဗျာ....ဘာ ခက်တာ မှတ်လို့ ...

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊

သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ...
အထက်ပါ ဂါထာကို သာရွတ်ပါ။)

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘ၀ူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်.... ခင်ဗျာ.....။

လက်တွေ့ရွက်ကြည့်ရင်သိနိုင်ကြမှာပါ ထပ်ဆင့်မျှဝေပေးလိုက်ပါတယ် ချမ်းသာကြပါစေ..။
 https://www.facebook.com/photo.php?fbid=571092906283424&set=a.131897463536306.20989.100001481605120&type=1

ဘ၀..ပေ


ရှေးယ္ခင်အခါများ
မြေကြီးမှ ရွှေတွေသီးသတဲ့

သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည့်က ရွှေမြန်မာတွေ

နိင်ငံအတွင်း ဆင်းရဲတွင်းနက်
မိဝေး ဖဝေး တစ်နယ်တစ်ကျေးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..

တိုင်းတပါးရောက် ရွှေမြန်မာများရဲ့
ဘ၀ ..ပေ

တပါးနိုင်ငံ ချမ်းသာကြွယ်ဝ
အပေါ်စီးမှ ထိုးချက်တိုင်းမှာ
တူနဲ့ တူစွ

နိုင်ငံတိုင်းမှာနိမ့်ချဆက်ဆံ
အထင်အမြင်သေးသမို့
ရွှေမြန်မာ ဘ၀ ပေနဲ့တူလှ

ပေ ရဲ့ဘဝ
ခံဘက်မှကြည့်ဖြစ်လို့ ပေ

အဲ့ဒါ တိုင်းတပါးရောက်
ရွှေမြန်မာများရဲ့ ဘ၀ ..ပေ

မြေကြီး ရွှေသီး စောင့်ရှောက်သူမဲ့
အာဏာနဲ့ပေါင်း ငွေနဲ့လောင်း၍
အတ္တဘီလူးများ လုယှက် ယူငင်
သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည်က ရွှေမြန်မာတွေ
ဆင်းရဲတွင်းတွေ နက်လို့နေ
..
အမိ အဖရင်းပမာ စောင့်ရှောက်သူမဲ့
ကယ်မဲ့သူရယ် ကူမဲ့သူရယ်..
အားထားစရာ ဗလာနိတ္ထိ
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..
တိုင်းတပါးရောက်
ရွှေမြန်မာတို့
ဘ၀ .. ပေ..
Photo: ဘ၀..ပေ <br /