Pages

Saturday, September 7, 2013

လောကပါလ ပျက်စီးခြင်း

လောကပါလ ပျက်စီးခြင်း

ကျွန်းမသိ
တောမသိ
တောင်မသိ

လယ်မသိ
ယာမသိ

ကမ်းမသိ
မြစ်မသိ

တန်ဖိုးမရှိသူ
တန်ဖိုးမသိ

စုံလုံးကမ်းများ
ကျေးဇူးရှင်ကိုပြစ်မှား၏

တော တောင် မြေငို
ကမ်းတွေပြို

လယ်ယာတွေပျောက်
ကုမ္ပဏီဆောက်

မြစ်ကိုပြင်လို့မြေရေစို
ရေရှိရာ ရေပျောက်
မြေရှိ ယာ သီးနှံပျောက်
အိမ်ရှိရာ ကုပ္ပဏီဆောက်

အငတ်ဘေးနဲ့
ကပ်ဘေးရောက်
တိုင်းပြည် လူမျိုးပျောက်

သဘာဝကြီး မျက်ရည်ယို
သယံဇာတ ကျိမ်စာဆို
သမုဒ္ဒရာအောက်
လူတွေရောက်
ယူတာ မှန်သမျှပျောက်

သိမ်း ရောင်း လောက

သိမ်း ရောင်း လောက

မြေ ပိုင်ရှင်မရှိ မြေသိမ်း
ယာ ပိုင်ရှင်မရှိ ယာသိမ်း
မြစ် ပိုင်ရှင်မရှိ မြစ်သိမ်း
သိမ်း ရောင်း လောက
သိခြင်းတွေနဲ့
မသိခြင်းတွေ ဘောင်ခတ်
အမည်တတ် ရယူ
နေတွေ ပူ
လိုချင်သမျှ လောဘတွေဟာ
အဆိပ်ငွေ့အဖြစ်
ကောင်းကင်ပျံ့ တက်
အဆိပ်ရေတွေသောက်
လူတွေဂေါက်ပေါ့
သူရူးတိုင်းပြည်ဖြစ်နေတာ
အများမိုးခါးရေသောက်
လိုက်သာသောက်ကြ
ဒါမှအတူတူ အနူနူ
လူ ထူထူများဖြစ်ကြမှာ..
ငါချစ်တဲ့ဧရာဝတီ
အေးချမ်းသာယာလှပါသည်..

Friday, September 6, 2013

သတ်မိန့်


သတ်မိန့်(သို့) တစ်သက်တစ်ကျွန်း
ပြဿနာအစ မုဒိမ်းမှုက
ထိမ်းမရတာက တဏှာသမား
လောင်မီးကျတာ နေရာအများ
သတ်မိန့်ပေးပါ မှုဒိန်းမှုများ...

ယုတ်မာကောက်ကျစ်
လူ ငညစ်ကြောင့် တဏှာဘီလူး
လူ ငရူးကြောင့်

အပြစ်မဲ့ပန်းများ ရင်ဝယ်နွမ်း
သောကအပူ လှိုက်တက်ဆူသမို့

ငြိမ်းချမ်းခြင်းတွေဘယ်မှာေ
ဒုက္ခရောက်လို့ ပင်လယ်ဝေ
ဘာသာပေါင်းစုံ လူမျိုးစုမို့
အေးချမ်းပါစေ အမိမြေ..
ငြိမ်းချမ်းပါစေအမိမြေ..


   ကမ္ဘာသူ ကမ္ဘာသားအားလုံး
ဘေးရန်ကင်းဝေး :emoticons: ကျန်းမာပျော်ရွှင်ကြပါစေ
  ကမ္ဘာသူ ကမ္ဘာသား အားလုံး
 ဘေးရန်ကင်းကွာ  ချမ်းသာကြပါစေ

Thursday, September 5, 2013

ရသေ့ကြီး ဦးခန္တီရွတ်သော အလွန်တရာမှ လာဒ်ရွှင်စေသော ဂါထာ


လာဒ်တိတ်နေသူများ၊ ဈေးရောင်းမကောင်းသူများ၊အကြွေးမရသူများ၊အကြွေးမ
ဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့အဆင်မပြေသူများ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်
အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကို ...
လက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ....

ကိုယ်တွေ့တစ်ခု ပြောပါရစေ... 2012.12.31 နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ.. 29.12.2012 နေ့မှာ လက်ထဲမှာ ငွေ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ.. ၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိဝံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထားကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ 31.12.2012 နေ့လည် 2း00 နာရီမှာ
ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့
၂ သိန်းရမှာတဲ့......ဟိုက်ရှားပါး.... လန်းသွားပါတယ်.....
ကတိ အတိုင်း ပေးနိုင်ခဲ့ပါတယ်....ကိုယ်တွေ့ပါဗျာ..

အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့.... ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ

ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်ကြည့်ပါလာဗျာ....ဘာ ခက်တာ မှတ်လို့ ...

ဒေါက်တာ ကုမာရ ဘိဝံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊

သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ...
အထက်ပါ ဂါထာကို သာရွတ်ပါ။)

၁။ အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ - အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ - ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၎။ အမိတံ - မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ - ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ - တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ - အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ - အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘ၀ူပ-သမံ - ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ - ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ - ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ - ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ - မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်.... ခင်ဗျာ.....။

လက်တွေ့ရွက်ကြည့်ရင်သိနိုင်ကြမှာပါ ထပ်ဆင့်မျှဝေပေးလိုက်ပါတယ် ချမ်းသာကြပါစေ..။
 https://www.facebook.com/photo.php?fbid=571092906283424&set=a.131897463536306.20989.100001481605120&type=1

ဘ၀..ပေ


ရှေးယ္ခင်အခါများ
မြေကြီးမှ ရွှေတွေသီးသတဲ့

သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည့်က ရွှေမြန်မာတွေ

နိင်ငံအတွင်း ဆင်းရဲတွင်းနက်
မိဝေး ဖဝေး တစ်နယ်တစ်ကျေးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..

တိုင်းတပါးရောက် ရွှေမြန်မာများရဲ့
ဘ၀ ..ပေ

တပါးနိုင်ငံ ချမ်းသာကြွယ်ဝ
အပေါ်စီးမှ ထိုးချက်တိုင်းမှာ
တူနဲ့ တူစွ

နိုင်ငံတိုင်းမှာနိမ့်ချဆက်ဆံ
အထင်အမြင်သေးသမို့
ရွှေမြန်မာ ဘ၀ ပေနဲ့တူလှ

ပေ ရဲ့ဘဝ
ခံဘက်မှကြည့်ဖြစ်လို့ ပေ

အဲ့ဒါ တိုင်းတပါးရောက်
ရွှေမြန်မာများရဲ့ ဘ၀ ..ပေ

မြေကြီး ရွှေသီး စောင့်ရှောက်သူမဲ့
အာဏာနဲ့ပေါင်း ငွေနဲ့လောင်း၍
အတ္တဘီလူးများ လုယှက် ယူငင်
သယံဇာတ ပေါကြွယ်ဝတဲ့
တို့တိုင်းပြည်က ရွှေမြန်မာတွေ
ဆင်းရဲတွင်းတွေ နက်လို့နေ
..
အမိ အဖရင်းပမာ စောင့်ရှောက်သူမဲ့
ကယ်မဲ့သူရယ် ကူမဲ့သူရယ်..
အားထားစရာ ဗလာနိတ္ထိ
နိုင်ငံရပ်ခြားတိုင်းတပါးမှာ
ဒုက္ခရောက်လို့ပင်လယ်ဝေ..
တိုင်းတပါးရောက်
ရွှေမြန်မာတို့
ဘ၀ .. ပေ..
Photo: ဘ၀..ပေ <br /

Saturday, August 31, 2013

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး

စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး
------------------------------------------------
စုဖုရားလတ်ခြေရာကို တသွေမတိမ်းနင်းနိုင်သော ထက်ထက်မြတ်မြတ် ရှားရှားပါးပါးသမီးတော်ပင်။
၁၈၈၇ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် ရတနာဂီရိ သီပေါစံအိမ်တော်၌ မွေးဖွားခဲ့သော ရတနာဂီရိသူ စစ်စစ် ဖြစ်သည်။

ရတနာဂီရိမှ မပြန်ခင် အင်္ဂလိပ်တို့ထံ ရနိုင်သောအခွင့်အရေးမှန်သမျှကို မိခင်ကြီးနှင့် တိုင်ပင်ကာ တက်တက်ကြွကြွ နှင့် တိုက်ယူလို့ ရတာ တိုက်ယူရင်း ရသလောက်တောင်းဆိုနိုင်သော သမီးပင်၊ အင်္ဂလိပ်စာတတ်မြောက်သောကြောင့် လည်း မိခင်ရော ဖခင်ဘုရင် ကြီး ကပါ အရာရာကို အားကိုးယုံကြည်နေရသည်။

၁၉၂၁ ခုနှစ်တွင် ရန်ကုန်သို့ပြန်ရောက်သောအခါ မိခင်ကြီး စုဖုရားလတ်၏ သဘောတူခွင့်ပြုချက်ဖြင့် ကိုကိုနိုင် ဆိုသူနှင့် လက်ထပ်ခဲ့သည်။
သား( ၄ )ယောက်၊ သမီး ( ၂ ) ယောက်ထွန်းကားခဲ့သည်။

၁။ တော်ဘုရားကြီးက ၁၉၄၈ ခုနှစ်တွင် ရောင်စုံသောင်းကျန်းသူတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့ သည်။
၂။ တော်ဘုရားက မောင်နှမ၀မ်းကွဲ ထိပ်စုကြီးနှင့် လက်ထပ်ခဲ့သည်။
၃။ တော်ဘုရားငယ်မှာ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပညာတတ် ဟုသိရ၏။
၎။ တော်ဘုရားကလေးမှာ အများပြည်သူများ သိကြပြီးသော ဦးအောင်ဇေ ဖြစ်သည်။

၁။ ထိပ်စုဖုရားကြီး မှာ အနုပညာကို ၀ါသနာပါသောကြောင့် ပန်းချီ အနုပညာရှင်အဖြစ် လူသိများခဲ့သည်။
၂။ ထိပ်စုဖုရားထွေးမှာ ရေကူးချန်ပီယံ၊ မယ်ဗမာ ချန်ယီယံဖြစ်ပြီး ကိုယ်လက်ကြံ့ခိုင်ရေးအသင်းမှာ စည်းရုံးရေးမှုးပင် ဖြစ်ခဲ့သည် ဟု သိရသည်။

သီပေါမင်းနှင့် စုဖုရားလတ်တို့၏ သွေးအပြည့်ပါသော စတုတ္ထသမီးတော် ထိပ်စုမြတ်ဖုရားကလေး သည် အမိမြန် မာပြည် ပြန်ရောက်သော်လည်း သူ့ကျွန်ဘ၀ကို ရောက်ခဲ့ရသော နာကျည်းချက်၊ ရတနာဂီရိဟူသော ဘာသာမတူ ၊ လူမျိုးမတူ၊ ကိုးကွယ်ရာမတူသော တနယ်တကျေး ရပ်ဝေးတွင် မျက်နှာငယ်စွာ နေခဲ့ရသော ခံပြင်းစိတ်၊ နာကျည်းစိတ်တို့ဖြင့် “ စတုတ္ထ သမီးတော်၏ အရေးတော်ပုံစာတမ်း ” ဟူသောခေါင်းစဉ်ဖြင့် ထိုခေတ်အခါက United Nation ( ယခုအခေါ် ) ကုလ သမဂ္ဂ အဖွဲ့အစည်းအထိ တက်ရောက်ကာ စာတမ်းတင်သွင်းခဲ့သောကြောင့် ဗြိတိသျှ အစိုးရက မော်လမြိုင်သို့ အကျယ်ချုပ်ဖြင့် နယ်နှင်ဒဏ် ခတ်ခံခဲ့ရသည်။

*စတုတ္ထသမီးတော်၏ သမီးကြီး ထိပ်စုဖုရားကြီး ဖြစ်ပါတယ်။သက်တော်(၉၁)နှစ်ရှိပါပြီ။





 https://www.facebook.com/photo.php?fbid=603655262990857&set=a.350174428338943.78250.100000391658385&type=1&relevant_count=1

ဘလော့ဂါဒေး အမှတ်တရ 31.8.2013

 ဘလော့ဂါဒေး အမှတ်တရ  31.8.2013

ဘလော့ ဘလော့ဂါ သူငယ်ချင်းများအတွက်

ဘလော့ဂါ စာပေ မြို့တော်ဟာ အတ္တကင်းမဲ့ဇုန်
 မေတ္တာရိပ်မြုံ ပေါ့ အလည်လာပါ သူငယ်ချင်း
ဘလော့ဂါတွေရဲ့ စာပေ.မြို.တော်ကို ဖိတ်ခေါ်ပါတယ် သူငယ်ချင်း

ငါတို.ဘလော့မြို.တော် လေးကို မင်းအိမ်လို သဘောထား
စိတ်ရင်းဖြူစင်စွာဖြင့် သန်.ရှင်း သပ်ရပ်အောင် စောင့်ရှောက်ပေးပါ သူငယ်ချင်း

သူငယ်ချင်းးးးး
သူငယ်ချင်း ဆိုတာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် မင်းပျော်ရင် ငါ ရယ်
မင်းပြုံးရင် ငါမြူး အားငယ်ချိန်အားပေး
 ၁ ယောက်ရင် ထဲရှိတာ ကို ၁ ယောက် မကွယ် မ၀ှက်
ဆိုးတိုင်ပင် ကောင်းတိုင်ပင် လက်တွဲဖော်ပေါ့ သူငယ်ချင်း

မင်းမှာ ရှိတဲ့ ဗဟုသုတ  အသိပညာ ၊ အတွေးအခေါ် ၊
ခံစားမျှဝေတဲ့ စာပေ ရပ်ဝန်းလေးပေါ့  သူငယ်ချင်း

စိတ်ပျော်ရွှင်စရာ ။ခဏအမောအပန်း ဖြေ သိပ်စရာ၊စာပေရပ်ဝန်းမှာ
မင်းလာချိန်မှာ ငါမရှိလဲ ငါလာချိန်မှာ ၊မင်းကိုမတွေ.လဲစာပေတွေကို
ဖတ်ရှုကြည့်ပြီး စိတ်ချမ်းသာမှု့ ဧည့်ဝတ်ကျေတယ် သူငယ်ချင်း

သူငယ်ချင်းး
အဖြူသက်သက်  လွတ်လပ်မှုထဲမှ သူငယ်ချင်းးးးးး

တကယ်ဆို
ငါတို့တွေဟာ  ညီအစ်ကို အရင်းမဟုတ်
 ဆွေမျိုးမတော် ငါတို့တွေဟာ  ဆရာတပည့်မဟုတ်
ငါတို့တွေဟာ မောင်နှမအရင်းမမည်  ငါ့လက်အောက်မှာ မင်းမရှိသလို
မင်းအပေါ်လည်း ငါမမှီခိုလေတော့ မင်းရဲ့တလွဲမာနတွေ ယူမလာနဲ့သူငယ်ချင်း

မင်းရဲ့သူငယ်ချင်း  ငါကလည်း  မင်း အလုပ်သမားမဟုတ်သလို
မင်းကလည်း ငါ့လုပ်ငန်းရှင်မဟုတ်ဘူး
မင်းကငါ့ရဲ့  အထက်လူကြီးမဟုတ်သလို
ငါကလည်း မင်းလခစားမဟုတ်ဘူး   သူငယ်ချင်း

ငါတို့တွေဟာ အာဏာရှင်နဲ့ ကျွန်တွေမဟုတ်
မင်းယုံကြည်ချက်နဲ့လမ်းကို မင်းသွားနေသလို 
ငါယုံကြည်ချက်နဲ့လမ်း  ငါသွားနေတာ  သူငယ်ချင်း

မင်းရဲ့အတ္တ မင်းရဲ့မာန ဘလော့ဂါဆိုတဲ့ ဒီမြို့တော်မှာ  ယူမလာနဲ့   သူငယ်ချင်း
ကိုယ့်နေရာ ကိုယ်နေထိုင်ကြတာ  သူငယ်ချင်း
ပျော်ရွှင်စရာ ဒီမြို.တော်မှာ ရာထူးဂုဏ်ထူး ဘေးဖယ်ထားလိုက်   သူငယ်ချင်း

ဘလော့ဆိုတဲ့ စာပေမြိုံ့တော်ဟာ
ဆင်းရဲ  ချမ်းသာ ဘေးဖယ်ထားလိုက်   သူငယ်ချင်း
အသက်အရွယ်   ဘေးဖယ်ထားလိုက်   သူငယ်ချင်း
ကျား မ  မဟူ လိင်တူ လိင်ကွဲ မခွဲခြားဘူး သူငယ်ချင်း

ဗဟုသုတရှာမှီးစရာ ရသ၊ သုတ ၊ ကဗျာ ၊လင်္ကာ၊ တရားတော်နဲ.
တိုင်းပြည်ရေးရာ သိမှတ်စရာ
နိုင်ငံရေးအကြောင်း ၁စေ.၁စောင်း
မှတ်သားနာယူ အဖြာဖြာပေါ့ ယူတတ်သူက ရနိုင်ပါတယ် သူငယ်ချင်း

၁ ယောက် ၁ကမ္ဘာ ဖော်ဝေးသူတွေ မေတ္တာ မျှရာ ခိုလှုံရာပေါ့
အေးချမ်းပါတယ်     သူငယ်ချင်း
မသိလဲခင် သိလည်းမင်ပေါ့   နွေးထွေးလှတယ် သူငယ်ချင်း
မမြင်လဲခင် မြင်လဲခင် ၊ မသိလဲလွမ်း သိလဲလွမ်း ။
စာဖတ်သူတွေ စာရေးသူတွေ သွားလာလည်ပတ် နားခိုရာပေါ့ သူငယ်ချင်း။

ကမ္ဘာအရပ်အရပ်ရပ်နေထိုင်သူတွေ ကျန်းမာပါစေ
နေကောင်းရဲ.လား ။ လက်ဆောင်ပေးရင်း လှည့်လည်
လည်ပတ် နားခိုရာပါ  သူငယ်ချင်း

ဘလော့ဂါဆိုတဲ့ စာပေမြိုံ့တော်ဟာ
 တန်ဖိုးရှိတဲ့အချိန်လေးတွေ ဖဲ့ပေးရင်းနဲ့
ပရဟိတတွေ လက်ချင်းချိတ်ဆက် အများအကျိုးသယ်ပိုးပျော်ရာ
အတ္တကင်းမဲ့ဇုံ   စိတ်အပန်းဖြေစရာ   မေတ္တာရိပ်မြုံပေါ့   သူငယ်ချင်း

မင်းအားလပ်ချိန် စိတ်ညစ်ညူးချိန်
 မောပန်းလာချိန်မှာ  အနားယူပါ သူငယ်ချင်းးးးးးး

သူငယ်ချင်းဆိုသော  သူငယ်ချင်း 
မေတ္တာရိပ်မြုံ ဘလော့ဟုဆိုသော စာပေ မြို့တော်ကို
လာလည်ဖို့ ဖိတ်ခေါ်ပါတယ်  သူငယ်ချင်း




ကမ္ဘာမြေရဲ့ အဝေးတစ်နေရာမှ
မေတ္တာပေးဝေနေတဲ့
သူငယ်ချင်း ရဲ့ သူငယ်ချင်းးးး

အားလုံးဘေးရန်ကင်းဝေး :emoticons:ကျန်းမာပျှော်ရွှင်ကြပါစေ..

စာဖတ်သူ၏ အားပေးမှုသည် စာရေးသူ၏ အင်အားတစ်ရပ်ဖြစ်ပေါ်စေပါသည်..
အကြောင်းအမျိုးမျိုးကြောင့်
လိုင်းမကောင်းလို့ အိမ်လေးတွေမလည်နိုင် စာမတင်နိုင် မမန့်နိုင်ခဲ့ရင်လည်း

စာပေလောကထဲမှ မန်ဘာများနဲ့ စာရေးသားသူများမှ သည်းခံပြီး နားလည်ပေးပါနော်..