Pages

Sunday, June 30, 2013

မစဲသောမိုး


ဝေ
စိတ်တွေ ဝေနေတယ်
အလွမ်းတွေနဲ့ နပမ်းလုံးတာ
မြူတွေမှိုင်းပြီး စိတ်တွေလှိုင်းထသွားတယ်
သံယောဇဉ် လက်ကျန်ရှင်းတမ်းထုတ်တာ
ကောင်းကင်ပါ ရောငိုလို့
စိတ်တွေထဲ စိတ်တွေ ရိုက်ခတ်ပြီး
နှလုံးသား သွေးထအန်တယ်..
အလွမ်းလက်ကျန်ရှင်းတမ်းမှာ
အခုအသက်လေးယဲ့ယဲ့ရှူနေတယ်..
ကြင်နာသူရယ်..
အချစ်မှာ အရောင်ပါပါ မပါပါ ခင်မင်မှုတိုင်းမှာ
ချစ်တတ်သူကရှုံးပါတယ်..
ထင်တာနဲ့မြင်တာနဲ့အမြဲလွဲတယ်
နှလုံးသားတွေငိုနေသမျှရှုံးတယ်တဲ့
မျက်နှာမှာအပြုံး
လမင်းမှာတိမ်တွေဖုံးနေချိန်
မြူမှုန်ဆိုင်းပြီး
မိုးအဖြစ်ရွာချတာပါ
မိုးစဲသွားခဲ့ချိန်မှာ သာယာလှပတဲ့
ကမ္ဘာလောကကြီးကို မြင်တွေရမယ်ဆိုပေမယ့်
မစဲသောမိုးနဲ့အယ့်ဒီမုန်တိုင်းထဲမှာပဲ
အသက်လေးတွေတဖြုတ်ဖြုတ်ကြွေခဲ့ရတဲ့
ဘ၀တွေကပိုများတယ်ကွယ်..
အလွမ်းတွေဟာ မပျိုးပဲရှင်သန်ပြီး
စိတ်ကိုနှောင်ဖွဲ့ထားတယ်..
ဘယ်သံသရာအထိများလည်းကွယ်..

 

Saturday, June 29, 2013

ခဏလေးနော်


ခဏလေးနော်
ဒီခဏလေးကို လူလည်းဖြစ် ဘုရားသာသနာတွင်းကြုံ ထောင်နိုင်တဲ့နားလည်းပါတယ်..
ဒီခဏလေးကို ရုပ်နဲ့နာမ်လှည့်လည်နေတာ..
ဒီခဏလေးကို ခန္ဓာသည် သေရွာလမ်းမှတစ်ပါးဘယ်မှမသွားပါ
ဒီခဏလေးကို အသေမဦးခင်ဥာဏ်ဦးဖို့ပြင်ပါ
ယ္ခုရထားသော ခဏလေးကို သောက ပရိဒေ၀တွေ မလောင်ပါစေနဲ့
ယ္ခုရထားသော ခဏလေးကိုစိုးရိမ်ကြောင့်ကြမှုနှင့် အချိန်မကုန်ပါစေနဲ့
မဂ်ဥာဏ်ရနိုင်သော ခဏလေး ယ္ခုကြုံနေချိန်
ကိုယ့်ခဏလေးကို ကိုယ်နှမျှောပါ..
ကိုယ့်အရေးကိုယ်ကြည့်ပါ ယ္ခုခဏလေးပြန်မရပါ..
ဒုက္ခုခပ်သိမ်းကင်းငြိမ်းရာကို ကိုယ်လုပ်မှကိုယ်ရနိုင်မည်..
သူများအရေးကြောင့်ရင်ထုမနေပါနဲ့
ကိုယ့်အရေး အပါယ်လေးပါးဘေး တွေး၍ ရင်ထုပါ..
ကိုယ့်အနာမပျောက်သေးပဲနှင့် သူများအနာအတွက် မျက်ရည်ကျမနေပါနဲ့
ယ္ခုခဏလေး ကိလေသာဖြစ်သော သားအတွက် သမီးအတွက် ဆွေအတွက် မျိုးအတွက် မြို့ရွာအတွက် ယ္ခုခဏလေးအချိန်မကုန်ပါစေနှင့်
ဒိဌိစင်မှ နိဗ္ဗာန်ရနိုင်မည်..

 

မိုးကုတ်ဆရာတော်ဘုရားဦးဝိမလ

Saturday, June 8, 2013

စိတ်

စိတ်
ရာသီကပူ
လူငွေ့ကပူ
စိတ်တွေကအပူအိုး
တော်တော်ဆိုး
စိတ်ထား
ယုတ်ညံကြလို့
ကပ်ချင်ရာကပ်ကြတော့
ကပ်ဆိုက်နေတာ..
ကပ်ရမှာကတရားတော်မိန့်ထားတဲ့အတိုင်း
မေတ္တာ
နှလုံးသားနားကပ်ပြီးထားရမှာ
ကပ်နေတာက
အကုသိုလ်စိတ်
အမှားများသောနေရာ
ခင်မိခင်ရာ မြင်မိမြင်ရာပါ..
အမှောင်ထဲကလူသား
ဘောင်ထဲကအယူမှား
ဘောင်ခတ် ထားတဲ့လောကကို
ဘောင်ထဲကကြည့်နေပေမယ့်
အနားသပ်က မလှပဘူး

Friday, June 7, 2013

ချစ်ခြင်း မုန်းခြင်း ကင်းမဲ့စွာဖြင့်


ချစ်ခြင်း မုန်းခြင်း အုပ်စုထား မာနတရားများ   ????????????????

ကိုဇော်ရဲ့စာပေ
http://zaw357.blogspot.com/

ကောင်းကင်ကိုရဲ့ ကဗျာဖတ်ပြီး
http://kaungkinko.blogspot.com/

ဒီအွန်လိုင်းပေါ်ရောက်လာတာပါ..
လင်ခ့်ပေးပို့သူကျေးဇူးရှင်ကတော့
ကိုဇော်သူငယ်ချင်းဖြစ်သော ကိုရင် ခေါ် ရင်လှိုင်မင်း
(ဖန်တည်းနိုင်သောအချစ်နှင့် မိုက်တီးလေးများ )

စကာင်္ပူမှ သမီးသူငယ်ချင်းလေး
ကြည်သာမှ ကောင်းကင်ကို လင်ခ်ပေးပါတယ်..

မာတီမှ ကိုတိုးကြီးပြော၍ ယ္ခုဖတ်ဖြစ်နေသောစာပေ
http://www.mindin.info/

စာပေစတင်ရေးသားဖြစ်တာကတော့
ကျော်ဘိုဘိုထွဋ်ရဲ့
ဆောင်းဆန္ဒ  ကဗျာလေးတပုဒ် ဖတ်မိပြီး စာပေများရေးသားဖြစ်ခဲ့ခြင်းပါ

အင်တာနက်ပေါ်မှာ ပရဟိတကိုလုပ်ဖြစ်အောင်
ရှေ့ဆောင်လမ်းပြသူကတော့ STA မှလင်းk ဖြစ်ပါတယ်
ကူညီလက်တွဲ အားပေးဖော်များကတော့ မာတီမှကိုကြီး ယ္ခု STA


Multiply.com
 မာတီမှ ဦးဇင်းလေးဝရသာမိ နှင့် ကိုသစ်ကိုနှင့်
ကိုမင်းသူရိန် ခေါ်ကိုလင်းစေတမန်(ကွယ်လွန်)နှင့်
MMG ပရဟိတကိုလင်းအောင်ပြည့်နှင့် ညီမမေဇူးမောင်ညီမများဖြစ်ပါတယ်..

မိတ်ကောင်းဆွေမွန်များစွာကတော့နိုင်ငံတကာမှ ပြည်တွင်းပြည်ပမှ ရပ်ဝေး ရပ်နီး
ဘာသာအမျိုးစုံမှ စာဖတ်သူ ကူညီသူ လှူတန်းသူများနှင့် မင်္ဂလာဈေးမှသူငယ်ချင်းများ
ဆွေမျိုးမောင်နှမများ ဖြစ်ပါတယ်..



တတ်လို့သိလို့ရေးသားခြင်းမဟုတ်ပါဘူး

ငယ်စဉ်ကာလမှစ ညွန်ပြသွန်သင်ပေးသော ဘုန်းဘုန်းများနှင့်
နာကြားထား ဖတ်မှတ်ထားသော တရားတော်များနှင့်
ဖတ်မှတ်ခဲ့ဘူးသောစာအုပ်စာပေများနှင့် ဘဘဦးသာဂဒိုး လမ်းပြပေးသော
ကြောင့် စိတ်ကူးလေးများ ဖြတ်သန်းသွားမိသမျှကို ဝေမျှခံစားမိအောင် ရေးသားခြင်းဖြစ်ပါတယ်


စာပေလက်တွဲဖော်သူငယ်ချင်းများနဲ့စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများ
ပရဟိတ သူငယ်ချင်း မိတ်ဆွေများ အားလုံးကိုကျေးဇူးတင်နေပါတယ်..

အစစအရာရာအားပေးကူညီခဲ့သော

နိုင်းဆိုဒ်မှ စာပေမိတ်ဆွေ ပရဟိတ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်..

အုပ်စုထား မာနတရားများ ကင်းဝေးကြပါစေ..

သတိနောက်မှာ အသိလေးကပ်ထားနိုင်ကြပါစေ..

ချစ်ခြင်း မုန်းခြင်း ကင်းမဲ့စွာဖြင့်



http://www.yinminkhine.com/

Tuesday, June 4, 2013

ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း

ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း


"မောင်မောင်"နဲ့ "မမ" စတွေခဲ့တာ တစ်နှစ်ကျော် မောင် ပြောင်းလဲလာသည်

"မမ".."မောင်" ချစ်တယ်နော်တဲ့ နောက်တတ် ပြောင်တတ် စတတ်သည့်
... ´"မမ.". ကို "မောင်" စနေတယ် နောက်ပြောင်ကျီစယ်နေတာ ထင်မိသည်.. ချစ်တာများ လွယ် မှ လွယ် ပေးနင့်လက်ကို .. "မမ"
ခြစ်တာ သက်သေပြမယ်နော်…ပြောပြောဆိုဆို.. မောင့်လက်ကိုဆွဲ၍ လက်သည်းရှည်နှင့် ကုတ်ခြစ်မိသည်..
အားးးးနာလိုက်တာ…မမရာမောင့်ကိုတကယ်လုပ်ရက်တယ်နော်
အေးလေ မောင်ရယ် ဒါအစပဲရှိသေးတယ်လေ နောက်ဆို.......
.""မမ""ကို ချစ်ရင်ဒီထက်နာမှာ သိလား.. ဒါ မောင့်ကို နမူနာပြတာပါ …ဒါနောက်တာမဟုတ်ဘူးနော်.. မောင်.. မချစ်နဲ့နော် ဘယ်မိန်းမလေးမှ မချစ်နဲ့နော်သိလားနော်…

ဟောဗျာ………
"မမ.".ကို "မောင်ချစ်တာ ဒီထက်နာကျင်ရင်လည်း မောင်
အဲ့ဒီနာတာလေးပဲ ခံလိုက်တော့မယ်နော်.. မမရယ်ပြန်ချစ်ပါနော်.."
ရော့ မကြေနပ်သေးရင် နောက်လက်တစ်ဖက်
"မမ"စိတ်ချမ်းသာသလို ကုတ်ခြစ်ပေတော့နော်….."မမ" ကို မှ"မောင် "ချစ်ပဲ
မနေနိုင်တာ .တကယ်ဆို အချစ်ပဲလိုတယ်လေနော်….. "မမ" ကိုချစ်မိသွားတာ

မောင့် စိတ်ပြောင်းလဲသွားတာ."မမ"ရဲ့ ပွင်းလင်းဖော်ရွှေတာကို
ချစ်လို့ပါ မမ နော် နည်းနည်းလေးဖြစ်ဖြစ် မောင့် ကို စိတ်ချမ်းသာအောင်
ပြန်ချစ်နော်………

"မောင်၏ ညူကလီးယားတိုက်စစ်ကို မမ ..အတတ်နိုင်ဆုံးဝှေ့ပတ်၍
ရှောင်တိန်းနေရသည် ရင်ထဲမှာတော့ မောင့် ကို
စတွေ့သိတည်းက ချစ်မိနေတာလေ"….
မောင်ကတော့ သိမှာမဟုတ် ခုမှ ဘာစိတ်ကူးပေါက်ပြီး ချစ်ရေး ဆိုတာလည်း နားမလည်ခဲ့ မောင်နဲ့ စကားပြောဆို ရယ်မော နောက်ပြောင်နေရတာကို "မမ".စိတ်ချမ်းသာခြင်းဖြစ်နေမိသည်။
အင်းပါမောင်ရယ်… ခဏစောင့်ကြည့်မယ်နော်…ချစ်တယ် ပြောတဲ့လူတိုင်း.. "မမ.".ပြန်မချစ်တတ်ဘူးမောင်ရဲ့နော်.. မောင်လည်းသိသားနဲ့
"မမ"အကြောင်းကိုနော်…….

အင်းပါ…..မမသဘော.. မမ စိတ်ချမ်းသာပြီးရော မောင့်ကိုတော့ပြန်ချစ်နော်….
မမရဲ့ ပုံစံက ရဲရဲတင်းတင်းနေထိုင်၍…ပြောစရာရှိ အားမနာတတ် ဆံပင်ကလည်းအတိုနဲ့ ဆံပင်ရှည်လာရင် စိတ်ရှုပ်တတ်တယ်ဆိုပြီး ဆံပင်ကိုအရှည်မထားတတ် ပုခုန်းထက် ဘယ်တော့မှ မကျော်ပေ .အလုပ်မရှိ ဒီံဆံပင်တိုတိုလေးကို ၃ရက်တစ်ခါ ခေါင်းလျှော်လာတတ်သည်…

"မမ"ရာခေါင်းခဏခဏမလျှော်ပါနဲ့ ခဏခဏ ဖျားနာနေတာ
ပြောမိလျှင် မောင်ရာ….ဒီဆံပင်က.တိုတိုလေး ရေ
ချက်ချင်းခြောက်ပါတယ်နော်.အနံအသက် ကို" မမ"မ ကြိက်ဘူး လူလူခြင်း ကပ်ထိုင်လို့ အနံ့ရရင် "မမ "အော်ဂလီဆန်တတ်တယ်
ကိုယ့် ကို ကိုယ် လည်း "မမ"သန့်ရှင်းနေမှ မွှေးနေ မှ "မမ" စိတ်ထဲ
အနံကို ထူးထူးခြားခြား အာရုံခံတတ်သလားပဲစိတ်ထဲလည်း ရွံရှာတတ်သည် "မမ" အင်္ကျီလက်ပြတ်ဝတ်တာ သဘောကျတယ်..လက်ရှည်ကစိတ်ရှုပ်တယ်
"မမ".. စိတ်ထဲမှာ တော်တော်ကသိကအောင့်နိုင်တယ်..ဟန်ဆောင်ရတာမှန်သမျှကို
ဟန်ဆောင်ပီးပြောခဲ့ တာ မှန်သမျှ ကို ပြောသာပြောခဲ့ တာ
ရင်ထဲက စိတ်က လက်မခံဘူး ..ကိုယ့် ဘာသာ ကိုယ်ပြန်ချဉ်နေတတ်တယ်
စိတ်ကအဲ့လို "မမ"ကို မြင်ရင် စကားပြောမိရင်
ပြောချင်တာ ပြောတတ်လို့  တော်တော်တန်တန် လူတွေက
သွေးပျက်တယ်… အထင်သေးတယ် ဒါပေမဲ့"မမ "ပြောတာ ဖြစ်နေတာတွေကိုပဲ ပြောတာလေ အဖြစ်မှန်တွေလေနော် "မမ"က ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်း ရှင်သန်နေထိုင်ချင်တာ

မောင်…".မမ"ကိုချစ်တာ တော်တော် သည်းခံနေရတယ်ထင်တယ်.မိန်းမပေါပါတယ်ဟာ
သွား ဘယ်သူ့ဖြစ်ဖြစ် ချစ်လိုက်နော်……
"မမ" ပြောမိတယ်…..။စိတ်ထဲကတော့ ဘယ်ပါ ပါ့မလည်း

"မမ"ကို မောင် တန်ဖိုးထားစေ့ချင်တာလေ ချစ်တယ်ဆိုတာ နီးတာ ဝေးတာ
မဆိုင်ဘူးထင်မိလို့ပြောမိတယ.်..

..
အတူတူ နေနေထိုင်နေမှ မဟုတ်ဘူးလေနော်…..တကယ်လို့အတူတူမရှိချိန်ကြရင်
မောင်.."မမ"ကို အနေဝေးလို့ သွေးအေးပြီး မချစ်ရင်ဆိုတဲ့ အတွေး
ဖြန့်ကြက်မိတော့ ချက်ချင်း အဖြေမပေးဖြစ်တာပါ။

"မမ" အဖြေ မပေးဖြစ်လိုက်တာမှန်တယ် ခု ကောင်မလေး တစ်ယောက်နဲ့ ချစ်သူဖြစ်နေတယ်ဆိုပြီး မောင်နဲ့ မမတို့ သူငယ်ချင်း စိုင်းနောင် "မမ"ကိုလာပြောတယ်
တော်တော်ကို မိန်းမပီသတယ် သိမ်မွေ့တယ် အက်ျီဝတ်တာကလည်း
လက်ရှည်လေး လက်စကလေးတွေပဲဝတ်တာ ဆံပင်အရှည် ကြီး
သနတ်ခါးပါးကွက်ကြားလေးနဲ့ ချစ်စရာလေး "မမ"ရာ "မောင်မောင်"တော့
ကံကောင်းတယ်သိလားးး

"မမ "ချစ်ရဲ့သားနဲ့ အချိန်ဆွဲနေတော့ ဟိုကောင် "မောင်မောင်"
သူများနောက်ပါသွားတာပေါ့တဲ့ ခု မောင်မောင်တွဲနေတဲ့ ကောင်မလေးက
အေးဆေးတည်ညိမ်တယ် သူ့ ကို မြင်ရင် သူနဲ့  စကားပြောမိရင်
အထင်ကြီးလေးစားဖို့ကောင်းတယ် စကားပြောလည်း နူးညံတယ် ချိုသာ
ပြေပြစ်တယ် မြင်သူတိုင်းကလည်း သူ့ကိုချစ်တယ် ။
"မမ"ရေ "မောင်မောင်"တော့ ခုတွဲနေတဲ့ ကောင်မလေးနဲ့ ယူဖြစ်မယ်ကြားတယ်။

စိုင်းနောင် တစ်ယောက် မောင်မောင့် ကောင်မလေးအကြောင်း ပြောဆိုနေတာကို နားထောင်နေရင်း
"မမ" …ဟန်ဆောင်ပြုံးနေရပါတယ်
အေးပါ စိုင်းနောင်ရယ် နင့်တောင်သူ့ကို
ကြိုက်မိနေဦးမယ်ဟာနော် သတိထားနေပေါ့နော် တော်ကြာ မောင်မောင့်ရည်းစား
စိုင်းနောင်နဲ့ညားဆိုပြီး ငါ အော်ဆိုနေရမယ်နော် သူကံကောင်းတာပေါ့
ငါတို့သူငယ်ချင်း မောင်မောင်နဲ့ သူ့
ကောင်မလေးလိုက်တာပေါ့….နင်နဲ့တော့လိုက်ဘူးနော်

"မမ" ….စနောက်လိုက်တာကို စိုင်းနောင်တစ်ယောက် စိတ်ဆိုးပြီး
မျက်နှာကြီးက ဒေါသတွေထွက်လို့
"မမ" နော်… ငါ့ကို နင် ပေါက်ကရတွေ တအားပြောတာ ဒါကြောင့် ကျန်ရစ်တာတော်သေးတယ် ဟိုကောင် မောင်မောင် နင်နဲ့လွဲလို့ကံကောင်းတယ် သိလား
ပြောပြောဆိုဆို စိုင်းနောင် ဒေါသထွက်ပြီး ပြန်သွားတယ်…..


"မမ" …
ရယ်မောကျန်ခဲ့တယ် သူ့ကိုစနောက်နေပေမဲ့ မမရင်ထဲမှာ.... နင့်နင့် သည်းသည်း
တစ်စုံတခုက ရင်ဝကိုထိုးချလိုက်သလို " မမ" ရင်ဘတ်တွေအောင့်ပြီး
စူးရှနာကျင်နေတယ်..
"မမ" စိုင်းနောင်ပြန်သွားမှ နှတ်ခမ်းကိုက် ကျနေ တဲ့ မျက်ရည်ကို
မညာမတာ ပွတ်သုတ်ပြစ်တယ် နောက်ထပ် မကျနဲ့နော် ဒီမျက်ရည် ဒါနောက်ဆုံးနော်
လုံးဝထပ်မကျရဘူးဆိုပြီး ကိုယ်ကိုကိုယ် သတိပေးပြီး
စိတ်ကို ခက်ထန်အာင် မွေးမြူရင်း အံ တင်းတင်းကြိတ်လိုက်မိပါတယ်။
"မောင်မောင်"ရေ နင်က ငါ့ရင်ထဲမှာ ချစ်သူအဖြစ်ကနေ
သူငယ်ချင်းအဖြစ်ပြောင်းလိုက်ပြီနော် ငါ နင့်အတွက် နေရာလေးတစ်နေရာ
တိတ်တိတ်လေးပေးထားတာ ခုတော့ ငါ ဖျက်လိုက်ပြီ သူငယ်ချင်းရေ။

မောင်မောင်နဲ့ မတွေဖြစ်တော့တဲ့နောက်ပိုင်း အေးဆေးငြိမ်သက်နေတဲ့ "မမ"
အခု "မောင်မောင့်"အကြောင်းပြန်ကြားရပြန်တယ် စိုင်းနောင် နဲ့ တွေ့တော့
"မမ"ကိုပြောစရာ ပါလာတယ်…. ဟိုကောင်"မောင်မောင် "သူ့"မိန်းမ"
သူ့ကို အခု ပြစ်ထားခဲ့ပီ နောက် တစ်ယောက် နောက်လိုက်သွားတယ် ခုဒီကောင်
တော်တော်စိတ်ထိခိုက်နေတယ်။

"မမ".... ကြားကြားခြင်း တော်တော်စိတ်မကောင်းဖြစ်သွားတယ် ပြီးတော့မှ
ဟက်ဟက် ပက်ပက် ရယ်မော လိုက်မိတယ်.........
စိတ်မကောင်းပါဘူး သူငယ်ချင်းးးး
မိန်းမလေး တစ်ယောက်ကို
အပြောအဆို သိမ်မွေ့ နူးညံ အ၀တ်အစား လုံလုံခြုံခြုံ ၀တ်တိုင်း
အေးဆေးတည်ငြိမ်တယ် ထင်နေတဲ့ နင့်ကိုလေ ငါ မပြောဖြစ်လိုက်တဲ့ စကားလေး
ပြောပြလိုက်ချင်တာ သိလား လူတစ်ယောက်မှာ အတွင်းစိတ်ထားက အဓိကပေါ့"မောင်မောင်ရယ် "ဘယ်လိုဝတ်စား နေထိုင်နေထိုင် သူ့ရဲ့ စိတ်ထား အတွင်းဖောက်ပြန်နေရင် ဘယ်လိုလုပ်မလည်း ဆိုတာ အစထဲကနင်သိသင့်တာပေါ့ "မောင်မောင်ရယ်"…
နင် နဲ့ငါ အတူတူ အိမ်ထောင်တစ်ခုထူထောင်ဖြစ်ခဲ့ရင် ဒီလိုအဖြစ်မျိုးတွေ ငါတွေ့နေ မြင်နေကြားနေရတော့ ချက်ခြင်း ချစ်သူဆိုတဲ့ဘ၀ကို အိမ်ထောင်ဆိုတဲ့ လောကကို မပြောင်းလဲမိတာပါ

ငါကဘ၀ကို ပေါ့ပေါ့ပါးပါး ရိုးရှင်းစွာ နေထိုင်ချင်ယုံ သက်သက်ပါဟာ
ခုတစ်ကြိမ်လည်းးး ငါ စိတ်မကောင်းစွာနဲ နင့်အတွက့်  ရင်ထဲ
နင့်နင့်သည်းသည်း ခံစားရင်းမျက်ရည်တစ်ပေါက် ငါ မသိလိုက်တဲ့အချိန်မှာပဲ ငါ့မျက်ဝန်းကနေ တဆင့် ငါ့
ပါးပေါ်ကို ခုန်ဆင်းလိမ့်ကျလာတယ် ………..

ငါလေနင့်အတွက် စိတ်မကောင်းပါ ဘူး မောင်မောင်။

♥♥ငါ မပြောဖြစ်လိုက်တဲ့ စကားလေး တစ်ခွန်းက စိတ်အတွင်း မဖောက်ပြန်တာအဓိကပါ မောင်မောင်ရယ်. ရုပ်ရေ အ၀တ်အစား အနွဲ့အမြူ ခယာတာ အပေါ်ယံ ဟန်ဆောင်ထားမှု့ဆိုတာကို နင်သိသင့်ပါတယ်...မောင်မောင်ရယ်♥♥♥………

ချစ်သူ ရည်းစားဘ၀မှာ လူတိုင်း ချစ်သူ၏ စိတ် အတွင်းအကျင့်စရိုက်
မခန့်မှန်းနိုင်ပါဘူးနော်
ဒါကြောင့် ငါ စောင့်ကြည့်မိတာပါ မောင်မောင်…

နင်ကို ချက်ချင်း အဖြေမပေးတာကလည်း
အိမ်ထောင်ရေးဆိုတာ မမြင်ရဘူး ဘ၀မှာ ထင်သလောက် မလွယ်ဘူး
ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း သိနိုင်လား မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ် "မောင်မောင်"....………..

ငါလေနင့်အတွက် စိတ်မကောင်းပါဘူး "မောင်မောင်"

ကြင်နာခြင်း ကောင်းကင်အောက်

နာကျင်ခြင်း ကျင်နာခြင်းဟာ
ဟန်ဆောင် လက်ထပ်ပြီး
လမ်းလျှောက်ထွက်တယ်..

ဒဏ်ရာဟာ ဒဏ်ရာကို ပွေ့ဖက်လို့
ကျွေးမွေး ဧည့်ခံပြီး
ဆေးပေး မီးယူလုပ်နေတယ်..

ဘယ်ချိုး ညာကွေ့
ညာကွေ့ဘယ်ချိုး
ခေါက်တယ် လိမ်တယ်
ဆွဲတယ် စားတယ်
အသုတ်စုံ တစ်ပွဲ အစုံသုတ်ပေး

Thursday, May 30, 2013

“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”



“ဒင့် ဘဝ ၊ ခဏဘယ်သူယူပါ့မယ်”

(မင်းဒင်)

... (၁)

မြူနှင်းတို့ဝေသောကာလ၊ ချမ်းမြမြဆောင်းတစ်ညတွင်၊ယိုးဒယားနိုင်ငံ၊ဖူးခက်မြို့အန်မခမ်အရပ်ရှိ အိမ်အိုကြီး၏အပေါ်ထပ် ၌ ကျွန်ုပ် ဆြာဒင်တစ်ယောက် ဇီးကင်းခန့်ရှိသော ချွေးစေးများပြန်လျက် တတိယတန်းဒေါင်းဖတ်စာတစ်အုပ်ကိုဖွင့်ရင်း ခုနှစ်သံချီ အော်ဟစ်ကာ စာအံလျက်ရှိလေသည်။
“တောင်ရှိန်ပြင်းဟုန် ၊ ငှက်ဂဠုန် ၊သုန်သုန်ကိုလည်း နသတ်မည် ။”“မလည်မသုန် ၊ ရေကြောင်းစုန် ၊ဒဂုန်ကိုလည်း နသတ် မည် ။”“ကမ္ပည်းတံဆိပ် ၊ ရွှေပေလိပ် ၊သိပ်သိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်မာရ်နှိပ် ၊ ပလ္လင်ထိပ် ၊ညောင်ရိပ်ကိုလည်း ပသတ်မည် ။”“ငါးမည်ရွှေကြာ ၊ ခက်ညွန့်ဖြာ ၊စိမ်းပြာကိုလည်း ရစ်ရမည် ။”
ခုနှစ်အိမ်ကြား၊ရှစ်အိမ်ကြား စာရွတ်သံကြောင့် ကာလနဂါးကဲ့သို့ ကုလားသေကုလားမော အိပ်မောကျတတ်သော တူတော် မောင် ရဲအောင်ပင်လျှင် စက်တော်ခေါ်ရာမှ လန့်နိုးလျက် ဝူးဝူးဝါးဝါးနှင့် ဦးရီးတော်ရှိရာ အပေါ်ထပ်သို့ တက်လာကာ ..
“ဦးကြီးဒင် ၊အဘယ်သတ္တဝါက လာရစ်ပါသဖြင့် သတ်ရန်ဖြတ်ရန် အချိန်မတော် ကြိမ်းမောင်းလေသနည်း”
တူတော်မောင်၏ ဇာတ်ဟန်ပါသော အပြောကို ယခင်ယခင့် အခါများက ရယ်တပြုံးပြုံး သွားဖုံးပေါ်အောင် သဘောကျ ခဲ့သော်ငြား ဤတစ်ကြိမ်တွင်မူ ငယ်ထိပ်သို့ရောက်နေသော ဒေါသသည် အမြှောင်းလိုက်ထွက်လာလေ၏။
“သောက်လိုက်ကန်းဆိုးမသိချက်ကတော့ကွာ၊ ကြိမ်းမောင်းနေတာ မဟုတ်ဘူးဟ၊ စာရွတ်စာအံနေတာ၊မြန်မာသတ်ပုံ သံပေါက်လို့ခေါ်တယ်၊ အိပ်မှာ အိပ်စမ်းကွာ၊ ထရိုက်မိမယ်”
“ကောင်းလှပေပြီ ဦးကြီးဒင်၊ပြန်အိပ်ပါအံ့ ၊ စိတ်ကိုလျှော့ပါလေ”
ထွက်ခတ်ခတ်ရင်း အောက်ထပ်သို့ ပြန်ဆင်းသွားသော တူတော်မောင်၏ သွန်သင်ဆုံးမစကားကြောင့် ကျွန်ုပ်၏ စိတ်ကို ပညာတည်းဟူသော ချွန်းဖြင့် ဘရိတ်အုပ်လိုက်ရပေ၏။ သို့သော် နှလုံးအိမ်ထဲတွင်ကား “မြန်မာစာမှာ သတ်ပုံဟာ အသက်ဝိညာဉ်ပဲ” ဟူသော ငယ်ဆရာ၏ စကားသံကို ပြန်လည် ကြားယောင်ကာ အံလက်စစာကို ဆက်ရွတ်မိပြန် သည်။
“ယာဉ်ပျံစကြာ ၊ ရွှေလိပ်ပြာ ၊ကြိုးကြာကိုလည်း ရစ်ရမည် ။”“ဇမ္ဗူ့သပြေ ၊ အသီးကြွေ ၊မိုးမြေကိုလည်း ရစ်ရမည်။ ”
“စည်းစိမ်မကြေ ၊ ကြိုးနှင့်ဖြေ ၊လက်ခြေကိုလည်း ရစ်ရမည် ။”“ရတနာစိန် ၊ ၀င်းလျှံထိန် ၊ရောင်ရှိန်ကိုလည်း နသတ်မည် ။”
“အသက်ဇီဝိန် ၊ စုတေချိန် ၊ညှိုးပိန်ကိုလည်း နသတ်မည် ။”“ပဉ္စအာလိန် ၊ တာဝတိန် ၊ဒေ၀ိန်ကိုလည်း နသတ်မည် ။”“မိုဃ်းကြိုးပုဆိန် ၊ တာဝတိန် ။ပစ်ချိန်ကိုလည်း နသတ်မည် ။”
………………………………
(၂)
အမှန်စင်စစ် ဤဒုက္ခ၊အနှီဒုက္ခကား ဆြာဒင့်ထံသို့ မိုးနတ်မင်း၏ပယောဂကြောင့်၊အထက်ဘဝဂ်၊အောက်အဝီစိမှ ကံဆိုး မိုးမှောင်ကျကာ ရောက်လာခြင်းမဟုတ်။ ဒုက္ခနှင့် ပြဿနာကို မီးခွက်ထွန်းရှာတတ်သော၊ ကိုယ့်အပူ ကိုယ်ရှာ ၊ကိုယ့်မီး ကိုယ်မွှေးလိုသော ကျွန်ုပ်၏ဓလေ့၊ စရိုက်ဝသီကြောင့် ကြုံရခြင်းသာတည်း။ ဖြစ်ပုံပျက်ပုံ အလုံးစုံကို အစလှန်ရသော် ဤသို့ ဖြစ်၏။
အမိမြေရွှေနိုင်ငံတော်သည် ဒီမိုကရေစီဇမ္ဗူရစ်၊ခေတ်ကြီးဆီသို့ ပြောင်းလဲခဲ့လေပြီဟု ဆိုကြလေသောကြောင့် ဆြာဒင် တစ်ယောက် အကယ်တန္တု ပြည်တော်ဝင်ခဲ့သော် အလုပ်လက်မဲ့ တရာ့ကိုးတရာ့တဆယ်စာရင်း မဝင်စိမ့်သောငှာ စာပေ တိုက်တခုကို ထင်ရာစိုင်းထူထောင်မိခဲ့လေ၏။
အဆိုပါစာပေသို့ အဦးအစ စတင်မိတ်ဆက်လာသူမှာ ရတနာပုံ နေပြည်တော်မှ မန္တလာဒကာသင့်ဖြစ်၏။ဒကာသင့်မှာ မန်းဆေးကျောင်းတော်ကြီးမှ ကဝိတဆူဖြစ်ရကား သူ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်ကြီးတစ်ဦး၏ စာမူကို စက်တင်ပုံနှိပ်ပါရန် စပ်ဟပ်ကမ်းလှမ်းလာသော တခဏ၌ပင် ရေငတ်တုန်းရေတွင်းထဲကျသူကဲ့သို့ ဆြာဒင့်ခမျာ ဝမ်းသာအားရ ချက်ချင်းပင် ခေါင်းငြိမ့် လက်ခံလိုက်လေ၏။ စာရေးသူ၏ ကလောင်နာမည်မှာ ဇာတ်ဟန်ပါသော်ငြား သူသည် ဖေ့စ်ဘွတ်ခေါ် ဆွေသဟာစာမျက်နှာ၌ ဆယ်လီဗရစ်တီဖြစ်နေသည်ကတကြောင်း၊သူ့စာရေးဟန်မှာ မြူးကြွသွက်လက်သည်က တကြောင်း တို့သည်လည်း ကျွန်ုပ်လက်ခံခဲ့ခြင်းအကြောင်းရင်းတစ်ရပ်ဖြစ်၏။(ဤကားစကားချပ်)
(၃)
အဆိုပါစာမူသည် ကွန်ပြူတာစာစီသူထံမှတဆင့် ကျွန်ုပ်၏လက်ဝယ်သို့ ရောက်လတ်သော် ကျွန်ုပ်သည် အခြားတပါးသော သူ မကြံစီဝံ့သော မဟာအကြံအစည်ကြီးတခုကို အကောင်အထည်ဖော်ရန် စိတ်အားထက်သန်လေ၏။ ဆင်ခေါင်းကို ခွေးချီမည့် ဧရာမအကြံအစည်ကား ငါ၏စာပေတိုက်မှ ထုတ်ဝေလတ္တံ့သော စာမူသည် သတ်ပုံအမှားကင်းစေရမည် ဟူသော အကြံပေတည်း။ ဤကာလမင်္ဂလာအခါသမယမှ စတင်လျက် ကျွန်ုပ်သည် ဒုက္ခတည်းဟူသော လှလှနှင့် ဖူးစာ ဖက်ရချေတော့ သည်။
အနှီစာမူကို ဖတ်ရှုနေရင်းဖြင့် သနားစရာ အတို့ကျွန် ငဒင်ငယ်မှာ ဖြိုးကနဲ ဝမ်းသာခြင်း၊ ဖျတ်ကနဲ ဝမ်းနည်းခြင်း၊ လှပ်ကနဲ ရင်တုန်ခြင်း၊ ဇာတ်ကနဲ အကြောဆွဲခြင်း၊ ဖျတ်ကနဲ လက်ပန်းပေါင်းခတ်ခြင်း အမှုတို့ကို ပြုမိလေရာ ကျွန်ုပ်ကို ဘေးဘီမှ စောင့်ကြည့်အကဲခတ်သူတို့ပင် ရူးမတတ်ရှိကြလေ၏။
မြန်မာစာပေခေတ်ကြီးကား ဂငယ်ကွေ့ကွေ့လျက်ရှိပြီး ထွက်ရှိသမျှသော ဝတ္ထု၊သတင်းစာ၊ဂျာနယ်ဟူသမျှ သတ်ပုံမမှန်၊ တို့ထုံးစံခေတ်သို့ ရောက်နေခဲ့သော အဖြစ်ကို ကျွန်ုပ် မသိမဟုတ်။ သိပါ၏။လွန်ခဲ့သော နှစ်နှစ်ခန့်က မြန်မာစာတွင် သတ်ပုံမှန်သင့်ကြောင်း အချေအတင်စကားစစ်ထိုးကြရာ၌ အချေရှင် ညီတော်မောင်၊နာမည်ကျော်ဘလော့ဂါ နဗနက “အကိုကြီးရာ၊ ဖတ်တဲ့သူ နားလည်ရင် ပြီးတာပါပဲ။ဥပမာဗျာ အကိုကြီးကို ပြန်ပေးဆွဲပြီး အကိုကြီးမိန်းမဆီကို ပြန်ပေး ဓားပြတွေက စာတစောင် ပို့တယ်ဆိုပါစို့၊ အမဂျီး၊ ခင်ဗျားယောက်ကျားအူးမင်ဒင် အသက်မသေခြင်ရင် ငွေတယာ လာပို့ပါ ၊လို့စာရေးတာကို နားလည်ရင်ပြီးတာပဲ” ဟူသော ပွဲသိမ်းလက်သီးကြောင့် ဆြာဒင်ခမျာ၊ ဖင်ထိုင်ကာ ဒိုင်ပွဲရပ် အရှုံးပေး ခဲ့ရဖူးချေသည်တမုံ့။
(၄)
ဘယ်အရာမဆို လွယ်လွယ်နှင့် လက်မလျှော့လိုသော၊ ခေတ်တည်းဟူသော ရေစီးကို အဆန်ကူးလိုသော ကျွန်ုပ်ကား သတ်ပုံစိစစ်ရေးစီမံချက်ကြီးကို ပီပြင်စွာအကောင်အထည်ဖော်အံ့သောငှာ ရှေးစာဟောင်းတို့ကို လှန်၏။ သတ်ပုံကျမ်းတို့ ကို မွှေ၏။ ဒေသန္တရ၊ဘာသန္တရစကားတို့ပါ မကျန်စေရ။အကြိမ်ကြိမ်အဖန်ဖန် အာဂုံပြန်ဆောင်၏။ထို့နောက်တွင်ကား..
“တရုပ်ဟူသောအမှားကို တရုတ်ဟုပြင်သည်”
“တွေ့ဘူးလား ကို တွေ့ဖူးလား ဟု ပြင်၏”
“ပွဲသိမ်းပလိုက်မယ် ကို ပွဲသိမ်းပစ်လိုက်မယ် ဟု တည့်မတ်၏”
“ပဏ္ဍာပစ္စည်း ကို ပဏ္ဏာပစ္စည်းဟု အမှန်ဖြစ်စေ၏”
“ဘိက်သိက် ကို ဘိသိက် ဟု ပြောင်းလဲ၏။”
“ မူးမတ်ကို မှူးမတ် သို့ ပြန်ဖြစ်စေ၏”
“ ငြိုးငယ်ခြင်းကို ညှိုးငယ်ခြင်းဟု ပြင်ပြန်၏။”
ထို့မူတဝ ဆင်ကြီးဂဠုန်ချီသည့် အရေးအသားဖြစ်သော “သေခမူနာတရော်၌တည်း” ဟူသော စာအလွဲကို ပျူ၊ပါဠိ၊ မွန်၊မြန်မာလေးဘာသာဖြင့်ရေးထိုးအပ်သည့် ရာဇကုမာရ ကျောက်စာ(မြစေတီကျောက်စာ)ကို လှန်လျက် “သေခမူနာ သရော၌တည်း” ဟု အမှန်ဖြစ်အောင်အားထုတ်မိပြန်၏။
ထိုထိုဤဤသော စာလုံးရေထောင်ချီသည့် စာအကျအပေါက်တို့ကို ဖင်ကြားမှချွေးယိုအောင် ပြင်ရသော်ငြား ကျွန်ုပ်ပင်ပန်း သည် မထင်မိသေး၊ဒုက္ခဟု မသတ်မှတ်။စာစီဆရာ၏ အားနည်းချက်ဟုသာမြင်၏။ ငယ်နုစဉ်အရွယ်က သတ်ပုံမှားသဖြင့် ဆရာမ၏ လက်စွဲတော်ပေတံနှင့် လက်ဆစ်တို့အား ကြိမ်ဖန် များစွာ အခေါက်ခံခဲ့ရသည်ကို ပြန်လည်သတိရခြင်းဖြင့် အားတင်း၏။သို့သော် ၊ သို့သော် …. ။
ဤသို့သော်ကား တကိုယ်လုံးယားယံလာသယောင်ခံစားရရုံမက ၊မန္တလာဒကာသင့်ကိုပါ ပလီစိချောက်ချက်၊ ကြမ်းပိုးကို မီးရထားစက်ခေါင်းဖြစ်အောင် ၊ဤအခြေဆိုက်အောင် အယုံသွင်းလေခြင်းဟူသောအတွေးပင် ဝင်လာကာ ကြီးစွာသော စိတ်ဒုက္ခကို ခံစားရလေသည်။ ဆက်၍ ရှုပါလော့။
(၅)
အဆိုပါ စာမူ၏ တခုသောနေရာ၌ “ခက်ထှာ” ဟူသော စကားလုံးကို တွေ့ရ၏။ ထူးဆန်းသော စကားလုံးပေတကားဟု သတ်ပုံကျမ်းကို လှန်၏။မတွေ့၊ပေါရာဏဖြစ်တန်ရာသည်ဟူသော အတွေးကြောင့် ကျမ်းအဆူဆူကိုလှန်သည်။ မရှိ။ မတတ်နိုင် ။ စာရေးဆရာသို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းသမှု ပြုရတော့သည်။
“အော် ဒါလား ဆရာ၊ (ခက်လိုက်တာ)ကို အခုခေတ်မှာ “ခက်ထှာ”လို့သုံးနေပြီလေ၊ ဂျီတော့ ချပ်တင်စကားအသုံး ဆိုပါ တော့”
ကျွန်ုပ် ရုတ်ခြည်းလဲ၍သာ သေချင်တော့၏။ ရှိစေတော့။ ဆက်၍လှန်ပါအံ့။
စာမူ၏ အခြားတပါးသော နေရာတွင်လည်း .. ..“ပိတ်သတ်ကြီး”ဟူသော ထူးဆန်းလှသည့် စကားလုံးကို တွေ့ပြန်ရာ ဤကား ပရိသတ်ကြီးကို ဆိုလိုဟန်ရှိသောကြောင့် အမှားပြင်ပြီးသည်၏တခဏ၌ စာရေးသူထံ အသိပေးပြန်ရာ .. “ပိတ်သတ်ကြီးဆိုတာ အမှန်ဗျ။ မော်ဒန်အသုံးအနှုံး ဆိုပါတော့” ဟူသတည်း။နီးရာတိုင်ကို ခေါင်းနှင့်ပြေးဆောင့်ချင်စိတ် ကို အတော်ထိန်းရ၏။ ဆက်၍လှန်ပြန်သော် ..
“သမီးမှာ ကိုဝင်းကြည်ရှိနေပြီ” ဟူသော စာသားကို တွေ့ပြန်၏။ “ဘယ်က ကိုဝင်းကြည်ပါလိမ့်။ ဇာတ်ကောင်ကလေးမရဲ့ မိတ်ဆွေထင်ပါရဲ့။ ငါ့အသိကိုဝင်းကြည်များလား ”ဟု၊ဇဝေဇဝါ ဖြစ်ရသည်၏ အဆုံးတွင် ပြုမြဲအတိုင်း စာရေးသူထံ မေးရ ပြန်ရာ …။
“အော် ၊ဒါလား၊ ကိုယ်ဝန်ရှိတာကိုပြောတာလေဗျာ”ဟူ၏။“ဗျာ” ဟုသာ အော်နိုင်တော့သည်။ တခါမှ မရှိခဲ့ဖူးသော သွေးတိုးရောဂါကို ရုတ်ခြည်းခံစားရသယောင်ရှိလာလေသည်။ဆက်ဦးအံ့။ တခုသောနေရာတွင် ….
“အသည်းနာနွန်းနွန်းလို့” ဟု ပါရှိပြန်၏။ “အသည်းနာလွန်လွန်းလို့” ဖြစ်အံ့ထင်လျက် ပြင်မည်ကြံသော ခဏတွင်ပင် စာရေးသူကို မေးမိပြန်ရာ ….
“ အဲဒါ အမှန်လေဆရာ၊ မိုးဒီကြီးရဲ့ လက်သုံးစကားဗျ” ဟူသတည်း။
“ဖုသွားပြီ” ဟူသောစကားကိုလည်းတွေ့ရပြန်၏။“စိတ်ဆိုး၊စိတ်ခု၊စိတ်ကောက်သွားပြီ” ဟုဆိုသတည်း။
ထိုထိုသော စကားဆန်းတို့ကို နာခံပြင်ဆင်ပြီးသည်တွင် ဇာတ်လမ်းဆုံးခါနီးတနေရာ၌“ ဥထုဇဉ်”ဟူသော စကားကို တွေ့ရပြန်သဖြင့် ဒီတကြိမ်ဖြင့် အမှားသေချာပြီဟု အရဲကိုးကာ “ပုထုဇဉ်”ဟု ပြင်ဆင်လျက် စစ်ဆေးပြီးဆုံးသည့် စာမူဖိုင်ကို စာရေးသူ ပြန်ပို့ပြီးသည်နှင့် မကြာမတင် ပြန်စာရောက်လာသည်ကား ….
“ ကျနော်ရေးထားတဲ့ “ဥထုဇဉ်” ဆိုတာ အမှန်ပါ၊ကျနော်ဖော်ပြထားတဲ့ ဇာတ်ကောင်ဟာ သူ့လဥသူ ထုပြီး သေဖို့ကောင်း တဲ့ သူမို့ “ဥထုဇဉ်”လို့ သုံးတာပါ” ဆိုလေသတည်း။ကျွန်တော်မျိုးကြီးငဒင်ကား အမှန်ပင်သေသင့်ခဲ့ပြီ။
(၆)
အကျွန်ုပ်ကိုယ်တိုင်သာ သူ့ဇာတ်ကောင်နေရာကိုဝင်ကာ ကိုယ့်ဟာကိုယ်ထုလျက် ပျော်ပျော်ကြီး အဆုံးစီရင်ချင် စိတ်ပေါက်မိတော့ သည်။ မန္တလာ ဒကာသင့်ကို ဆုံမှာထည့်ထောင်းကာ အမှုန့်ကြိတ်ချင်စိတ်ပေါက်မိတော့သည်။အို၊ မန္တလာဒကာသင့်၊ ကိုယ်ချင်းစာ၊နာနိုင်ခြင်းငှာ …အသင့်အား ဆုံတွင် ထည့်မထောင်းမိခင်၊ ဒင့်ဘဝ ခဏယူပါခလှဲ့။
……………………………..
See More
Like